← Chapters

အခန်း (၁၀၅)

Vol. 11 Ch. 105

အခန်း (၁၀၅)

Vol. 11 Ch. 105

105

​ရာသီသွေးမိစ္ဆာ : "သခင်မလေး ဒါဆိုကျွန်မတို့ဘာလုပ်ကြမလဲ၊စောစောစီးစီး နေရာပြောင်းလိုက်ကြမလား"

​ဒူးရင်းသီးနတ်ဆိုးလေး : "ဒါဆိုကျွန်မတို့အုတ်အိမ်နဲ့ဆေးပင်ခင်းတွေကရော ဘယ်လိုလုပ်မလဲ"

​ခရုနတ်ဆိုး : "ဆေးပင်ခင်းထဲက ဆေးပင်တွေကနေ ပိုက်ဆံအများကြီးရမှာနော်"

​ကျိုးထောင်ဟွား အပြင်သို့လျှောက်သွားရင်း

"ငါရွာလူကြီးနဲ့သွားပြောလိုက်ဦးမယ်၊မြေပြိုတာနဲ့ရွှံ့ခဲပြိုတာတွေက ရောက်မလာသေးပါဘူး၊နွေရာသီရောက်ဖို့သုံးလတောင် လိုသေးတယ်၊ကြိုတင်ကာကွယ်မှုတွေလုပ်လို့ရတယ်လေ"

​"အား ကျွန်မအသက်မရှင်ချင်တော့ဘူး သေပါရစေတော့"

​ကျိုးထောင်ဟွား ကျိုးရှန့်ကျူးအိမ်တံခါးဝသို့ရောက်သည်နှင့် ဆူညံသံများကိုကြားလိုက်ရ၏။​ကျိုးရှန့်ကျူးနှင့်သူ့ဇနီးတို့သည် ညီမဖြစ်သူကျိုးရှန့်ဖန်းကို အသည်းအသန်ဆွဲထားကြသည်။သူမသည် နံရံနှင့်ခေါင်းဆောင့်၍သတ်သေရန် ကြိုးစားနေခြင်းပင်။

"ဖန်းဇီ စိတ်ကိုအေးအေးထားစမ်းပါကွာ"

​ကျိုးရှန့်ကျူးမိဘများမှာ စောစောစီးစီးဆုံးပါးသွားခဲ့ကြပြီး သူထံတွင်ဤညီမလေးတစ်ယောက်သာရှိသည်။သူမသတ်သေတော့မည့်အဖြစ်ကို သူဘယ်လိုလုပ်လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။

​"ဘာကို စိတ်အေးအေးထားရမှာလဲ၊ကျွန်မက ခင်ပွန်းသည်မိသားစုကနေကန်ထုတ်ခံလိုက်ရတဲ့မုဆိုးမပဲလေ၊အာ့နျိုက ကျွန်မရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ပဲ၊အခုအာ့နျိုက သေတော့မယ်၊ကျွန်မမှာ အသက်ဆက်ရှင်နေဖို့ဘာအကြောင်းပြချက်ရှိတော့လို့လဲ"

​ကျိုးရှန့်ဖန်းသည် ငိုယိုပြောဆိုရင်းနံရံနှင့်ခေါင်းဆောင့်ရန် ပြင်းပြင်းထန်ထန်ရုန်းကန်နေလေသည်။​ပိုင်ရှီသူမခန္ဓာကိုယ်ဖြင့် အမြန်ကာပေးလိုက်ပြီး ကျိုးရှန့်ဖန်းနံရံနှင့်ခေါင်းဆောင့်မမိစေရန်တားလိုက်၏။

​"အာနျိုအသက်ရှူနေသေးသ၍ မျှော်လင့်ချက်ရှိပါသေးတယ်၊ငါ အဘိုးရှန်ဖျင်ကို သွားခေါ်လိုက်မယ်၊စိတ်လိုက်မာန်ပါတွေလျှောက်လုပ်မနေနဲ့"

​ပိုင်ရှီမှာ ကျိုးရှန်ဖျင်အားသွားခေါ်ရန်ပြင်လိုက်သော်လည်း အပြင်ထွက်ရန်တွန့်ဆုတ်နေလေသည်။ကျိုးရှန့်ကျူးတစ်ယောက်တည်းဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားနေသော ကျိုးရှန့်ဖန်းအား မတားဆီးနိုင်မည်ကိုစိုးရိမ်နေမိ၏။

​"ယောင်းမလီကျွမ်း ညီမပဲအဘိုးရှန်ဖျင်ကိုသွားခေါ်ပေးပါ့မယ်"

​ကျိုးထောင်ဟွား ချက်ချင်းဝင်ပြောလိုက်သည်။

​"တော်သေးတာပေါ့ ထောင်ဟွားရယ်၊အဘိုးရှန်ဖျင်ကို အမြန်သွားခေါ်ပေးပါဦး"

​ပိုင်ရှီစိတ်သက်သာရာရသွားသည်။ထောင်ဟွားအကူအညီကြောင့် သူမဤနေရာတွင်သာဆက်နေပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေရန်ကြိုးစားနေသော ကျိုးရှန့်ဖန်းကို စောင့်ကြည့်ပေးနိုင်ပြီပင်။ကျိုးရှန်ဖျင်မှာ ခဏလေးအတွင်းရောက်ရှိလာသည်။ကိုယ့်ကိုယ်ကိုယ်သတ်သေရန်လုပ်နေသော ကျိုးရှန့်ဖန်းကိုမြင်လိုက်ရသောအခါ စိတ်ဆိုးမာန်ဆိုးဖြင့်ဆူပူကြိမ်းမောင်းတော့၏။

​"အမေဖြစ်တဲ့သူက ဒီလိုလုပ်စရာလား၊ဘာစကားတွေ လျှောက်ပြောနေတာလဲ သေချင်တယ်ဟုတ်လား၊အခုဆို ကျိုးကျားရွာမှာနေရတဲ့ဘဝက အရမ်းကောင်းနေပြီလေ၊တစ်ကယ်လို့သာ သေသွားခဲ့ရင်နှမြောစရာမကောင်းဘူးလား၊ကျိုးရှန့်ဖန်း မင်းယောက္ခမတွေကမင်းကိုကန်ထုတ်လိုက်လို့ အခုဆို ကျိုးကျားရွာကသမီးပျိုတွေ အဲ့ဘက်ကို သွားဖို့စိတ်ကူးတောင်မရှိကြတော့ဘူး"

​ကျိုးရှန်ဖျင်အသံကိုကြားလိုက်ရသောအခါ ကျိုးရှန့်ဖန်းသည် သူ့ရှေ့တွင်ချက်ချင်းဒူးထောက်ချလိုက်ပြီး ငိုယိုတောင်းဆိုလေတော့သည်။

​"အဘိုးရှန်ဖျင် အာ့နျိုကိုကယ်ပေးပါဦး၊သူသေတော့မယ် သူ့ကိုယ်လုံးကရေခဲတုံးလိုအေးစက်နေတာပဲ ခေါ်လို့လဲမရတော့ဘူး၊သူ့ကိုကြည့်ရတာ....."

​သူမသည် သေသွားသလိုပဲဟူသော နောက်ဆုံးစကားလုံးများကို ပြောထွက်ရန်အားမရှိတော့ပေ။​အကယ်၍ သူမပြောလိုက်မိ၍ အမှန်တစ်ကယ်ဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။​ထိုစကားကြားလိုက်ရသောအခါ ကျိုးရှန်ဖျင်ချက်ချင်းပြောလိုက်၏။

"အာ့နျိုဆီ ငါ့ကိုခေါ်သွားစမ်း"

​အဲ့ကလေးက လေးနှစ်ပဲရှိသေးတာလေ။​သူ့အဖေမှာ စောစောစီးစီးဆုံးပါးသွားခဲ့သည့်အပြင် သူ့အဘွားမှာလည်းမိန်းကလေးဖြစ်နေ၍မလိုချင်ဟုဆိုကာ အာ့နျိုနှင့်ကျိုးရှန့်ဖန်းအား အိမ်ပေါ်မှနေနှင်ချခဲ့၏။

​ကံကောင်းသည်မှာ ထိုအချိန်၌ဆေးပင်စိုက်ခင်းများမှတစ်ဆင့် ကျိုးကျားရွာ၏စီးပွားရေးမှာ အဆင်ပြေနေကြဖြစ်သလို ကျိုးရှန့်ကျူးမိသားစုသည်လည်း ထိုမှတဆင့်ငွေအများအပြားရှာဖွေနိုင်ခဲ့၍ သားအမိနှစ်ယောက်ကိုထောက်ပံ့ရန်မှာ လုံးဝပြဿနာမရှိခဲ့ပေ။

​ကျိုးရှန်ဖျင်အနောက်ဘက်အခန်းသို့ရောက်သောအခါ ရွှေ့အာ့နျိုတစ်ယောက်ကုတင်ပေါ်တွင် မလှုပ်မယှက်လဲလျောင်းနေသည်ကိုတွေ့လိုက်ရသည်။​ရွှေ့အာ့နျိုလက်ကောက်ဝတ်ပေါ် သူ့လက်တင်လိုက်သည်နှင့် ရေခဲတုံးအလားအေးစက်သော အထိအတွေ့ကြောင့် ထိတ်လန့်သွားရ၏။

​ဒီကလေးက ဘာလို့အေးခဲနေတဲ့အတိုင်းဖြစ်နေရတာလဲ။​မဟုတ်သေးဘူး ရေခဲတုံးထဲကနေ ခုလေးတင်ဆွဲထုတ်လာသလိုပဲလို့ပြောရင် ပိုမှန်လိမ့်မယ်။

​သူရွှေ့အာနျိုသွေးခုန်နှုန်းကို သေချာစမ်းသပ်ကြည့်ပြီးသည်နှင့် သူ့အမူအယာမှာပိုမိုဆိုးဝါးလာသည်ကို ကျိုးရှန့်ဖန်းသတိထားမိလိုက်သည်။​သူမအမြန်မေးလိုက်၏။

"အဘိုးရှန်ဖျင် ကျွန်မရဲ့အာ့နျိုဘာဖြစ်တာလဲဟင်၊သူ သူတစ်ကယ်....."

​သူမ ဆက်မပြောနိုင်တော့ပေ။​သူမရင်ထဲတွင် အဖြေကိုသိနေပြီးပြီဖြစ်သော်လည်း ယခုအဘိုးရှန်ဖျင်အမူအယာကိုမြင်လိုက်ရသောအခါ သေချာသလောက်ဖြစ်သွားခဲ့ပြီပင်။​ကျိုးရှန့်ဖန်း ဘုတ်ကနဲအသံမြည်ထိဒူးထောက်ကျသွားလေသည်။

"အဘိုးရှန်ဖျင် အာ့နျိုကိုကယ်ပေးပါနော်၊သူက လေးနှစ်ပဲရှိပါသေးတယ်"

​ကျိုးရှန့်ဖန်းပြောရင်းပင် မူးလဲလုနီးပါးဖြစ်သွားရသည်။​ဘေးနားရှိ ကျိုးရှန့်ကျူးနှင့်သူ့ဇနီးတို့လည်း ဝင်ပြီးတောင်းဆိုလာကြ၏။ကျိုးရှန်ဖျင်အနေဖြင့် အာ့နျိုကိုကယ်တင်နိုင်လိမ့်မည်ဟုသာ မျှော်လင့်နေကြသည်။​ကျိုးရှန်ဖျင်မှာ စိတ်မကောင်းဟန်ဖြင့်

"ဒါပေမယ့် ငါလဲဘာမှမတတ်နိုင်တော့ဘူး၊အာ့နျိုက သေလုနီးပါးဖြစ်နေပြီ၊သူ့အတွက် နာရေးသာပြင်ဆင်ထားလိုက်ကြတော့"

​ထိုစကားကိုကြားလိုက်သည်နှင့် ကျိုးရှန့်ဖန်းမူးလဲသွားတော့သည်။ကျိုးရှန့်ကျူး သူမနှာခေါင်းအောက်ကို ချက်ချင်းဆွဲညှစ်လိုက်ကာမှ သတိပြန်လည်လာတော့၏။

​"ငါသေသာသေလိုက်ချင်တော့တယ်၊ငါ့သမီးနဲ့ ငါ့အတွက်ခေါင်းတလားတစ်လုံးတည်း အတူတူသုံးလို့ရတာပေါ့၊နောက်ထပ်ခေါင်းတလားဖိုး ပိုက်ဆံကုန်မှာအတွက်လဲ သက်သာသွားမှာပဲ"

​ကျိုးရှန့်ဖန်း ရင်ကွဲမတတ်ငိုကြွေးလေတော့သည်။​ကျိုးရှန့်ကျူးဆူပူလိုက်၏။

"မင်းဘာတွေပေါက်ကရလျှောက်ပြောနေတာလဲ၊ကောင်းကောင်းမွန်မွန် ကျန်းကျန်းမာမာနေ,နေရတာကို ဘာလို့သေချင်နေရတာလဲ"

​"အစ်မဖန်းဇီ ညီမကြည့်ပေးလို့ရမလား၊အာ့နျိုက နတ်ဆိုးဝိညာဉ်ပူးကပ်ခံထားရလို့ အခုလိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလို့ ညီမခံစားမိတယ်"

​ရွှေ့အာ့နျို အိပ်နေသောကုတင်အောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျိုးထောင်ဟွားပြောလိုက်သည်။​ကျိုးထောင်ဟွား၌ နည်းလမ်းရှိကြောင်းကြားလိုက်ရသောအခါ ကျိုးရှန့်ဖန်းမျက်လုံးများ ချက်ချင်းအရောင်တောက်လာလေ၏။

အဘိုး​ရှန်ဖျင်ကတောင် နာရေးပြင်ဆင်ထားဖို့ ပြောနေပြီလေ။သူမကိုအသက်ပြန်သွင်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက နတ်ဆိုးဝိညာဉ်ပူးကပ်ခံထားရတယ်ဆိုတဲ့စကားပဲ။

​"ထောင်ဟွား အာ့နျိုကိုညီမလက်ထဲအပ်လိုက်ပါပြီ၊ဘယ်လိုနတ်ဆိုးဝိညာဉ်ရှိနေတာလဲဆိုတာရှာပြီး ဖယ်ရှားပေးပါနော်"

​ကျိုးရှန့်ဖန်း တောင်းပန်တိုးလျှိုးဟန်ဖြင့်ပြောလိုက်သည်။​ရွှေ့အာ့နျို ပြန်နိုးလာပြီးကျန်းကျန်းမာမာနှင့်ကြီးပြင်းလာဖို့ကိုသာ သူမ မျှော်လင့်ပါ၏။သို့မှသာ သူမအတွက် ဆက်လက်ရပ်တည်ဖို့ အားအင်ရှိလာပေမည်။​ကျိုးထောင်ဟွားမေးလိုက်၏။

"ဒီကုတင်က အသစ်ဝယ်ထားတာလား"

​"ဟုတ်တယ် အရင်နေ့ကမှ မြို့ထဲမှာသွားဝယ်လာတာ၊အဟောင်းကကျိုးနေပြီမလို့ အသစ်လဲလိုက်တာလေ"

​ကျိုးထောင်ဟွားမှ ကုတင်အကြောင်းကို အဘယ်ကြောင့်ထမေးလာရသည်အား ကျိုးရှန့်ဖန်းနားမလည်သော်လည်း အမှန်အတိုင်းပြောပြလိုက်သည်။သူမအစ်ကိုဖြစ်သူမှာ သူမနှင့်သူမသမီးကုတင်အဟောင်းပေါ်တွင် ဆက်အိပ်နေကြလျှင် အန္တရာယ်ရှိမည်ကိုစိုးရိမ်သဖြင့် မြို့သို့သပ်သပ်သွားကာ ကုတင်အသစ်ဝယ်ပေးခဲ့ခြင်းပင်။​ကျိုးထောင်ဟွား ကုတင်အစွန်းကို လက်ညှိုးဖြင့်ဖွဖွထိလိုက်ပြီးပြောလိုက်၏။

"ဒီကုတင်က အသစ်မဟုတ်ဘူး၊တစ်ယောက်ယောက်က အသစ်လိုဖြစ်အောင် ပြန်လုပ်ထားတာ၊ဒီကုတင်ကအနည်းဆုံး နှစ်ငါးဆယ်နီးပါးသက်တမ်းရှိလောက်တယ်၊ပိုင်ရှင်တွေ မရေမတွက်နိုင်အောင်အိပ်ခဲ့ကြလို့ ကုတင်ကနေဖြစ်တည်လာတဲ့ ကုတင်မိစ္ဆာတောင်ကြီးထွားနေပြီ"

​"ဘယ်လို ကုတင်မိစ္ဆာဟုတ်လား"

ကျိုးရှန့်ဖန်း ထိတ်လန့်သွားခဲ့သည်။

"ဒါပေမယ့် အစ်မလဲဒီကုတင်ပေါ်မှာအိပ်တာပဲလေ၊ဘာလို့ အစ်မကိုကျကုတင်မိစ္ဆာက မပူးကပ်တာလဲ"

​ကျိုးရှန့်ဖန်း အလွန်တရာစိုးရိမ်ပူပန်နေလေသည်။​သူမသည် ထိုသောက်ကျိုးနည်းကုတင်မိစ္ဆာမှ အာ့နျိုကိုဒုက္ခမပေးဘဲ သူမထံသာပူးကပ်ပါစေဟုပင် အသည်းအသန် ဆုတောင်းနေမိသည်။​အာ့နျိုမှာ လေးနှစ်သာရှိသေးသလို ခန္ဓာကိုယ်လည်း အားနည်းလှသူဖြစ်၏။ကုတင်မိစ္ဆာ၏နှိပ်စက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။​ကျိုးထောင်ဟွား ရှင်းပြလိုက်သည်။

"အာ့နျိုကငယ်သေးတော့ သူ့ကိုပဲပစ်မှတ်ထားလိုက်တာပေါ့၊အစ်မကကျ လူကြီးလေ၊အစ်မကို သူ့အိပ်မက်ထဲဝင်ပြီး ပြန်မထွက်နိုင်အောင်ချုပ်ထားဖို့က အာ့နျိုထက်စာရင်ပိုခက်ခဲတာပေါ့"

​ကုတင်မိစ္ဆာ၏ပုံစံသည် အမြဲတစေပြောင်းလဲနေတတ်သည်။၎င်းသည် လူတစ်ယောက်မှ အသည်းအသန်လွမ်းဆွတ်တမ်းတနေသော သူအဖြစ်ပြောင်းလဲနိုင်ပြီး ထိုလူကိုသူ့အိပ်မက်ထဲမှ ထွက်ခွာမသွားနိုင်အောင် ပြုလုပ်ထား၍ အသက်စွမ်းအင်များကုန်ခမ်းချိန်မှသာ ပြန်ထွက်ခွင့်ပေးတတ်ကြ၏။

​ကျိုးရှန့်ဖန်း ထိတ်လန့်တကြားဖြင့် သူမပါးစပ်ကိုအုပ်လိုက်မိသည်။​အာ့နျို၏ခန္ဓာကိုယ်အေးစက်နေမှုကို ပြန်သတိရသွားကာ မေးလိုက်၏။

"သူက အာ့နျိုရဲ့အသက်စွမ်းအင်တွေကို စုပ်ယူတော့မှာလား၊အာနျိုဘာမှမဖြစ်နိုင်လောက်ပါဘူးနော်"

All Chapters