← Chapters

အခန်း (၁၂၀)

Vol. 12 Ch. 120

အခန်း (၁၂၀)

Vol. 12 Ch. 120

120

​ရွာလူကြီးအံ့သြထိတ်လန့်သွားရသည်။

"တစ်ကယ်လား သူတို့ကံကြမ္မာကိုပြောင်းလဲဖို့ဆိုရင် သူတို့နာမည်တွေကိုပြောင်းရမယ်ပေါ့"

​ရွာလူကြီးသည်လည်း ယင်းမျိုးဆက် ဖြစ်သည်။ သူ့နာမည်မှာ ကျိုးယင်းဖူဖြစ်ပြီး အသက်ငါးဆယ်ရှိပြီဖြစ်ရာ အသက်ရှည်သည်ဟုပင် ယူဆနိုင်သည်။ အကယ်၍ ကျိုးထောင်ဟွားပြောသည့်အတိုင်းဆို သူသည်ရှန့်မျိုးဆက်ဖြစ်သင့်ပြီး သူ့နာမည်ကိုကျိုးရှန့်ဖူဟုခေါ်သင့်ပေ၏။ ​ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်သည်။ ​ရွာလူကြီး၏မျက်နှာမှာ လေးနက်သွားရ၏။ သူနှင့်ရွာသားများ၏ ကံကြမ္မာအတွက် ဤကိစ္စကိုမျိုးနွယ်စုခေါင်းဆောင်နှင့်အကြီးအကဲများအားပြောပြ၍ အလေးအနက်ထားဆွေးနွေးရပေမည်။

​ရွာထဲတွင် ရှန့် နှင့်ယင်းမျိုးနွယ်ဝင်လူဦးရေနှစ်ရာ သုံးရာခန့်ရှိသည်။ တူးထင်းသို့သွားပြီး နာမည်ပြောင်းရသည်မှာအလုပ်ရှုပ်လှသော်လည်း ​အသက်ဆုံးရှုံးရသည်ထက်တော့ ပိုကောင်းပါသေး၏။ ​ရွာလူကြီးနှင့်စကားပြောပြီးနောက် ကျိုးထောင်ဟွားသည် ပန်းထိုးဆက်သင်ရန် ပန်းထိုးအလုပ်ရုံသို့သွားလိုက်သည်။

​သူမသည် ရှန်းမင်ပြန်လာမည့် ညဘက်ကိုသာစောင့်မျှော်နေမိ၏။ ဝိညာဉ်စွမ်းအင်ပြန်ဖြည့်ဖို့အတွက် သူ့ကိုပွေ့ဖက်ပြီးနမ်းပစ်ရပေမည်။ ​နောက်တစ်နေ့ ကျိုးထောင်ဟွား အလုပ်ရုံ၌ပန်းထိုးသင်နေစဉ် သူမခေါင်းထက်မှနေ ဆူပူကြိမ်းမောင်းသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာလေသည်။

​"ထောင်ဟွား မနေ့ကဘိုးဘေးခန်းမကိုရောက်လာတာ ဒါကြောင့်ကိုး၊ မင်းဘာတွေကြံစည်နေတယ်ဆိုတာကို အခုမှပဲသိတော့တယ်၊ ရှန့်မျိုးဆက်ကို ယင်းမျိုးဆက်ပြောင်းမယ်၊ ပြီးရင် ယင်းမျိုးဆက်ကိုကျ ရှန့်မျိုးဆက်ပြန်ပြောင်းမယ်ဟုတ်လား အကုန်ရှုပ်ကုန်မှာပေါ့"

​ကျိုးထောင်ဟွားမော့ကြည့်လိုက်ရာ အဘိုးယွဲ့ကျန်းမှ သူမထံစူးစူးရဲရဲဖြင့်စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရ၏။ သူ့မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် အပြစ်တင်မှုများဖြင့်ပြည့်နှက်နေလေသည်။ အဘိုးယွဲ့ကျန်းမှာ မျက်မှောင်တင်းတင်းကြုံ့ကာ ဒေါသကြောင့်နှုတ်ခမ်းများတုန်ရီနေရာ နှုတ်ခမ်းမွှေးများလည်း ယိမ်းခါနေတော့၏။

​အလုပ်ရုံထဲတွင် ပန်းထိုးသမား၄၂၀ရှိသည်။ တောင်စောင်းကာကွယ်ရေးစီမံကိန်းတွင် ပါဝင်နေသူများမှလွဲ၍ ရွာသားအများစုမှာ ဤနေရာ၌ရှိနေကြသည်ဟု ပြောနိုင်၏။ ​မျိုးဆက်နာမည်ပြောင်းလဲမည့်ကိစ္စအား အဘိုးယွဲ့ကျန်းမှပြောလိုက်သည်နှင့် လူတိုင်းနားစွင့်လိုက်ကြသည်။ ​ရွာထဲတွင် အဘိုးယွဲ့ကျန်း၏မိသားစုတစ်ခုတည်းသာ မျိုးဆက်ငါးဆက်တိုင် တစ်အိမ်တည်း အတူနေထိုင်ကြခြင်းဖြစ်ပြီး ထိုအချိန်တွင် အလုပ်ရုံ၌သူ့သားသမီးအချို့လည်း ရှိနေကြ၏။ ​သူ့သားကျိုးရှန့်ပေါင်နှင့် ချွေးမဖန်ရှီတို့သည် သူ့ကိုတွဲကူရန်အမြန် ရှေ့တိုးလာကြပြီး နှစ်သိမ့်ပေးလိုက်သည်။

"အဖေ အရမ်းစိတ်မဆိုးပါနဲ့"

​ကျိုးရှန့်ပေါင်သည် ဒီနှစ်၅၆နှစ်ရှိပြီဖြစ်ပြီး ရွာထဲတွင်အဘေးတစ်ယောက်ဖြစ်နေပြီပင်။ ခုံပုလေးပေါ်မှ ရုတ်တရက်သူထရပ်လိုက်ရာ မူးဝေသွားလေ၏။ ​သူနှင့်ဖန်ရှီတို့သည် ကျိုးယွဲ့ကျန်းကိုနှစ်သိမ့်ရန်ကြိုးစားလိုက်သော်လည်း သူ့ဒေါသကိုမူမလျှော့ချနိုင်ခဲ့ပေ။ ​ရုတ်တရက် ကျိုးရှန့်ပေါင်ယိမ်းယိုင်သွားပြီး မျက်လုံးများပြာဝေကာ မြေကြီးပေါ်သို့လဲကျသွားလေသည်။

​"!!!"

​ခုနကမှဒေါသထွက်နေသော ကျိုးယွဲ့ကျန်း လုံးဝကြောင်အသွားသည်။

​"ရှန့်ပေါင် ရှန့်ပေါင်"

​ဖန်ရှီအပြင် ကျိုးရှန့်ပေါင်၏သားနှင့်ချွေးမ၊ မြေးနှင့်မြေးချွေးမတို့အားလုံး စိုးရိမ်တကြီးဖြစ်သွားကြသည်။ ​ကျိုးရှန့်ဖျင်မှာ အနားတွင်ရှိနေသဖြင့် ချက်ချင်းရှေ့တိုးလာပြီး သူ့နှာခေါင်းအောက်ကို အသာဆွဲညှစ်လိုက်သည်။ ​ကျိုးယွဲ့ကျန်းစိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ရှန့်ဖျင် ငါ့ရဲ့ရှန့်ပေါင်ဘာဖြစ်တာလဲ"

​သူသည် ၇၂နှစ်ရှိနေပြီဖြစ်သော်လည်း အသက်ရှင်နေဆဲဖြစ်ရာ သားဖြစ်သူမှသူ့ထက်အရင် သေဆုံးခြင်းမျိုးကိုမဖြစ်ချင်ပေ။

​"သွေးနဲ့ ချီဓာတ် မလုံလောက်တာပါ၊ အသည်းနဲ့ ကျောက်ကပ်အားနည်းလို့ ဦးနှောက်ဆီသွေးမရောက်ဘဲ မူးလဲသွားတာ"

​ကျိုးရှန့်ဖျင် သွေးခုန်နှုန်းစမ်းသပ်ပြီးနောက် ရှင်းပြလိုက်သည်။ ​ကျိုးယွဲ့ကျန်း ယုံရခက်နေ၏။ ကျိုးရှန့်ပေါင်မှာ အမြဲတစေတက်ကြွလန်းဆန်းနေတတ်သူဖြစ်သော်လည်း အဘယ်ကြောင့်ရုတ်တရက်ကြီး ဦးနှောက်ဆီသွေးမရောက်ဘဲမူးလဲသွားရပါသနည်း။ ​ရုတ်တရက်လူအုပ်ထဲရှိ ကျိုးရှန့်ဖန်းမှာ တစ်စုံတစ်ခုကိုသတိပြန်ရသွားသည်။

"ကျွန်မအဖေလဲ ရုတ်တရက်မူးပြီးမြစ်ထဲ ပြုတ်ကျသွားတာလေ၊ပြီးတော့ ဆုံးသွားတာပဲ"

​ထိုစကားကိုကြားလိုက်ရသောအခါ ချောင်ချွင်းရှန်လည်း ရှန့်သဲ၏ဖခင် သေဆုံးခါနီးတွင် မူးဝေခဲ့ကြောင်းချက်ချင်းသတိပြန်ရသွားသည်။ ​ကျိုးထောင်ဟွားက ရှင်းပြလိုက်၏။

"မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာမကျန်းဖြစ်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ သဘာဝတရားဆိုပေမယ့် ကျွန်မတို့ရွာရဲ့မျိုးဆက်နာမည်ပေးစနစ်က ပျက်ယွင်းသွားပြီး မင်္ဂလာရှိတဲ့အဓိပ္ပာယ်တွေ ပျောက်ဆုံးသွားတဲ့အတွက် ရွာသားတွေရဲ့မွေး၊ အို၊ နာ၊ သေဖြစ်စဉ်တွေက ပိုမြန်ဆန်လာတာပါ၊ ရောဂါဘယကြောင့် သေဆုံးနိုင်ချေတွေမြင့်တက်လာပြီး အဓိပ္ပာယ်မရှိဖြစ်လာတာပေါ့၊ ကျိုးမျိုးနွယ်စုထဲက ဘယ်သူမဆိုသေဆုံးသွားနိုင်ပါတယ်"

​ကျိုးယွဲ့ကျန်းမျက်နှာတွင် ထိတ်လန့်မှုများပေါ်လာလေသည်။

​ဒါဆို သူအသက်ရှည်နေတာက ကံကောင်းလို့ပေါ့။

​ဒါပေမယ့် သူ့သားသမီးမြေးမြစ်တွေလည်း ဒီလိုကံကောင်းမယ်လို့ မဆိုလိုဘူးလေ။

အကယ်၍သာ ရှန့်ပေါင်မှတစ်နေ့နေ့ကျ တစ်ခုခုထပ်ဖြစ်ပြီး ဘေးနား၌လည်းမည်သူမှရှိမနေလျှင် ဘယ်လိုလုပ်ရပါမည်နည်း။ ​တစ်ကယ်လို့ ထင်းခုတ်ရင်းမူးလဲပြီး တောင်ပေါ်ကနေပြုတ်ကျတာတို့ မြစ်ထဲခြေချော်ကျရင်တို့ဆို ဘယ်လိုလုပ်မလဲ။ ​ကျိုးယွဲ့ကျန်းအမြန်မေးလိုက်၏။

"ထောင်ဟွား မျိုးနွယ်နာမည်စဉ်ပြောင်းလိုက်တာနဲ့ ငါတို့ရွာကလူတိုင်းရဲ့ ကံကြမ္မာကို တစ်ကယ်ပြောင်းလဲနိုင်မှာလား"

​တစ်ကယ်တမ်းတွင် ကျိုးယွဲ့ကျန်းသည် ကျိုးထောင်ဟွားကို အတော်လေး ယုံကြည်နေပြီဖြစ်သော်လည်း ထပ်မံအတည်ပြုချင်နေခြင်းပင်။ ​ကျိုးထောင်ဟွား ခေါင်းငြိမ့်ပြလိုက်ပြီး ‌ပြန်ဖြေလိုက်၏။

"အဘိုးယွဲ့ကျန်း ဒီလိုလုပ်မှကျွန်မတို့ကျိုးမိသားစုနာမည်ရဲ့ မင်္ဂလာရှိတဲ့အဓိပ္ပာယ်တွေပြန်ရောက်လာမှာပါ၊ တစ်ကယ်တော့ တူးထင်းမှာပဲ နာမည်ရင်းကိုပြောင်းလိုက်လို့ရပါတယ်၊ အချင်းချင်းခေါ်ဝေါ်တဲ့အခါကျရင်တော့ အရင်အတိုင်းပဲဆက်ခေါ်ကြတာပေါ့၊ ကျွန်မတို့ရွာရဲ့မျိုးဆက်နာမည်တွေက စာလုံးငါးလုံးနဲ့လည်ပတ်နေတာလေ၊ နောင်မွေးလာမယ့်ကလေးတွေနာမည်ပေးတဲ့အခါ မမှားအောင် ဂရုစိုက်ရင်ရပါပြီ"

​ကျိုးယွဲ့ကျန်း သူမ၏အကြံပြုချက်ကို ခေါင်းတဆတ်ဆတ်ငြိမ့်၍ သဘောတူလိုက်သည်။ ​

တစ်သက်လုံးသုံးလာတဲ့နာမည်ကို ရုတ်တရက်ပြောင်းလိုက်ရတာထက်စာရင် ဒါကပိုအဆင်ပြေပါတယ်လေ။

တူးထင်းတွင် နာမည်သစ်ကိုအသုံးပြုမည်ဖြစ်ပြီး ရွာထဲတွင်မူ ယခင်အတိုင်း ဆက်ခေါ်ကြမည်ဖြစ်သည်။ ​ရွာလူကြီး၊ မျိုးနွယ်စုခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး သဘောတူလိုက်ကြပြီး ထိုအတိုင်း ဆက်လုပ်ရန်ဆုံးဖြတ်လိုက်ကြ၏။ ​ထို့ကြောင့် နောက်ပိုင်းရက်များတွင် ရွာလူကြီးသည် မြို့ထဲသို့မကြာခဏသွားရောက်ကာ ရွာသားနှစ်ရာကျော်၏နာမည်ပြောင်းလဲရေးကိစ္စများကို အလုပ်ရှုပ်ခံဆောင်ရွက်ပေးလေသည်။

​........

​အချိန်များမှာ လျင်မြန်စွာပင်ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း စတုတ္ထလ ၉ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီပင်။ ​ထိုနေ့မတိုင်မီကပင် ကျိုးရှန်းရှန့်သည် စတုတ္ထလ ၉ရက်နေ့တွင် ညစာလာစားရန် ကျိုးထောင်ဟွားအား သူမအိမ်သို့ ဖိတ်ကြားထားခဲ့သည်။ ​ယန်ဖုန်းရှို့နှင့် သူမ၏မင်္ဂလာကိစ္စသည် ကျိုးထောင်ဟွားအကူအညီကြောင့်သာ အဓိကဖြစ်မြောက်ခဲ့ခြင်းပင်။

​အကယ်၍ ထောင်ဟွားသာ သူမခန္ဓာကိုယ်ထဲရှိ ဒူးရင်းသီးနတ်ဆိုးကို ဖယ်ရှားမပေးခဲ့လျှင် ဤမျှကောင်းမွန်သည့်အိမ်ထောင်ရေးကို ရရန်မဆိုနှင့် တစ်သက်လုံး နံစော်ပြီးနေရနိုင်လောက်သည်။ ​စတုတ္ထလ ၉ရက်နေ့သည် ကျိုးရှန်းရှန့်အတွက် ခန်းဝင်ပစ္စည်းများဖြည့်ပေးရမည့်နေ့လည်းဖြစ်၏။ ​ကျိုးရှန်းရှန့်၏ အဒေါ်များ၊ ဦးလေးများ၊ ဝမ်းကွဲများနှင့် အခြားဆွေမျိုးများအားလုံး ရောက်ရှိလာကြသည်။

​စားပွဲပေါ်တွင် ဂွမ်းနှင့်ပိတ်သား အဝတ်အစားများ၊ ပန်းထိုးဖိနပ်များ၊ စောင်များ၊ ခေါင်းအုံးများ၊ ကြေးမုံပြင်များ၊ ကြေးဆံထိုးများ၊ အပ်နှင့်အပ်ချည်များ အစရှိသဖြင့် ကျိုးရှန်းရှန့်၏ခန်းဝင်ပစ္စည်းများအဖြစ် သူတို့ဖြည့်ပေးထားသောပစ္စည်းများနှင့် ပြည့်နှက်နေလေ၏။ ​ကျိုးထောင်ဟွားရောက်လာသောအခါ ကျန်းရှီသည် သူမကို ကျိုးရှန်းရှန့်အခန်းသို့ ချက်ချင်းခေါ်သွားပေးလေသည်။

​"ရှန့်ရှန့် ထောင်ဟွားရောက်ပြီ"

​ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးရှန်းရှန့် ဝမ်းသာအားရဖြင့်ထရပ်လိုက်သည်။

"ညီမထောင်ဟွား တွေ့ရတာဝမ်းသာလိုက်တာ၊ အစ်မက ညီမလေးကို အရမ်းလွမ်းနေတာ"

​ဤရက်ပိုင်းတွင် သူမမှာမင်္ဂလာပွဲအတွက် ပြင်ဆင်နေရသဖြင့် အလုပ်ရှုပ်နေခဲ့သလို ကျိုးထောင်ဟွား၏ပန်းထိုးအလုပ်ရုံသည်လည်း အသစ်ဖွင့်ထားသည်ဖြစ်ရာ အင်မတန်အလုပ်များနေခဲ့သည်။ ​ပုံမှန်အားဖြင့် ဧည့်သည်များသည် မင်္ဂလာဆောင်သည့်နေ့မှသာ လာရောက်လေ့ရှိပြီး ရင်းနှီးသောဆွေမျိုးများသာ တစ်ရက်ကြို၍ ညစာစားရန်ဖိတ်ကြားခံရလေ့ရှိ၏။ ​ကျိုးရှန်းရှန့်အဒေါ်မှမေးလိုက်သည်။

"ဩော် ဒါကထောင်ဟွားဆိုတာကိုး၊ ရှန့်ရှန့်ပြောတာကိုတော့ ခဏခဏကြားဖူးတယ်၊ ညည်းကအရမ်းတော်ပြီး ပိုက်ဆံရှာတာလဲကောင်းတယ်တဲ့၊ နွားလှည်းဝယ်ပြီး ပန်းထိုးရုံတောင်ဖွင့်ထားတယ်ဆို၊ ဒီနေ့ရှန့်ရှန့်ရဲ့ခန်းဝင်ပစ္စည်းအတွက် လာဖြည့်ပေးတာလား"

​ကျိုးရှန်းရှန့် သူမထံမျက်စောင်းထိုးကြည့်လိုက်သည်။

"အဒေါ် ညီမထောင်ဟွားလာတာနဲ့တင် သမီးက ဝမ်းသာနေပါပြီ၊ ပြီးတော့ သူကသမီးထက် တစ်နှစ်တောင်ငယ်သေးတာကို ဘယ်လိုလုပ် ခန်းဝင်ပစ္စည်းဖြည့်ပေးဖို့တောင်းဆိုရမှာလဲ"

​"ငယ်တော့ ဘာဖြစ်လဲအေ၊ သူကဖြင့်ညည်းထက် ပိုက်ဆံပိုရှာနိုင်တာပဲဟာ၊ ဒီနေ့ညစာလာစားတာ လက်ဗလာနဲ့တော့မလာလောက်ပါဘူး ဟုတ်တယ်မလား"

​ကျိုးရှန်းရှန့်အဒေါ်သည် ကျိုးထောင်ဟွားကို ခေါင်းအစခြေအဆုံးအကဲခတ်ကြည့်လိုက်သည်။ ​

အရွယ်တောင်မရောက်သေးတဲ့ ကောင်မလေးတစ်ယောက်က ဒီလောက်ပိုက်ဆံရှာနိုင်တယ်ဆိုတာ ကံကောင်းလို့ပဲဖြစ်ရမယ်။​ သူမရဲ့ပန်းထိုးအလုပ်ရုံက အခုမှဖွင့်တာဆိုပေမယ့် ပေငါးဆယ်လောက်ကျယ်တယ်တဲ့၊ ပိုက်ဆံမြတ်မမြတ်တောင်မသေချာသေးဘူး၊

​ရှုံးသွားရင်တော့ နွားလှည်းတောင်ပြန်ပါသွားနိုင်သေးတယ်။

​ကျိုးထောင်ဟွားသည် ကျိုးရှန်းရှန့်ထံပြုံးပြပြီး ပြောလိုက်သည်။

"အစ်မရှန့်ရှန့် အစ်မကမနက်ဖြန် မင်္ဂလာဆောင်တော့မှာဆိုတော့ ညီမကခန်းဝင်ပစ္စည်းတွေ ဖြည့်ပေးပြီးဆုတောင်းပေးရမှာသဘာကျပါတယ်"

​ကျိုးထောင်ဟွားသည် သူမအင်္ကျီရင်ဘတ်ထဲမှ သေသပ်လှပသောသစ်သားသေတ္တာလေးတစ်ခုကိုထုတ်လိုက်သည်။ ​လူတိုင်းမှာ လည်ပင်းအားဆန့်၍ အတွင်းထဲတွင်ဘာပါလာသည်အား သိချင်စိတ်ဖြင့်လှမ်းကြည့်လာကြ၏။

All Chapters