← Chapters

အခန်း (၄၉၅၁-၄၉၅၅)

Vol. 251 Ch. 4951-4955

အခန်း (၄၉၅၁-၄၉၅၅)

Vol. 251 Ch. 4951-4955

Chapter 4951

"ငါ မင်းကိုမယုံဘူး... ဒါက မင်း လှည့်စားနေတာပဲဖြစ်မယ်..."

ရှကွေ့ကျုံး၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။

သူ၏ စိတ်တည်ငြိမ်ခြင်းနည်းလမ်းများ မည်မျှထိ ကောင်းမွန်နေပါစေ ရှကွေ့ကျုံးကို စိတ်တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ချေ။

သူသည် မြင့်မြတ်သောမင်းသားတစ်ပါးသည် သာမန်ပြည်သူများအကြားသို့ ရောက်လာပြီး သူ့၏မျက်လုံးရှေ့တွင် သာမန်ပြည်သူတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရသလိုပင်။ ဤသည်မှာ သူ့ကို ဒေါသထွက်စေခဲ့သည်။

"ဗုဒ္ဓရဲ့တရားလမ်းစဉ်က ကြိုတင်မှန်းဆလို့မရဘူး... ငါက စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်တယ်..."

ရှကွေ့ကျုံးက ဒေါသတကြီးဟိန်းဟောက်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ သူ၏လက်ဝါးအတွင်းတွင် လောကကြီး နေနှင့်လတို့၏ ပြောင်းလဲမှုများကို မြင်တွေ့နိုင်ပေ၏။ ဤသည်မှာ မိုးကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် မဟာဗုဒ္ဓအရှင်၏ နတ်ဘုရားလက်ဝါးအလားပင်။

သူသည် ဗုဒ္ဓတစ်ပါးဖြစ်ပြီး ဗုဒ္ဓ၏အမျက်ဒေါသသည် ကောင်းကင်ကို ဖျက်ဆီးပြီး မြေကြီးကို ပြိုလဲစေနိုင်သည်။ မဟာတာအိုလမ်းစဉ်ကြီးပင်လျှင် ပြိုလဲသွားပေလိမ့်မည်။

သူ၏လက်ဝါးပေါ်တွင် ပြင်းထန်သောမီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ ဗုဒ္ဓအမျက်ဒေါသမီးတောက်ပင်။ သူ၏အမျက်ဒေါသဖြင့် လောကရှိ အမှောင်ထုအားလုံးကို လောင်ကျွမ်းစေပြီး လောကကြီးကို ပြန်လည်ကောင်းမွန်စေလိုသည်။

"ဒီလောက်နဲ့ဒေါသထွက်သွားပြီလား....သန်းနဲ့ချီတဲ့သက်ရှိတွေရဲ့ သက်ဝင်ယုံကြည်မှုနဲ့ အမွှေးနံ့သာစွမ်းအားတွေကို မင်း ရထားပေမယ့် အဲ့ဒါကို မစုပ်ယူနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး..... မင်းက အနာဂတ်က မှားယွင်းတဲ့ဗုဒ္ဓတစ်ပါးပဲ....မင်းက ရှေးဟောင်းဗုဒ္ဓကျမ်းစာတွေကို ကျင့်ကြံခဲ့ပေမယ့် ဗုဒ္ဓဂိုဏ်းရဲ့ စစ်မှန်တဲ့ကရုဏာတရားကိုတော့ မင်း မသင်ယူခဲ့ရသေးဘူး..."

လုယွီသည် နတ်ဘုရားဘုရင်ပလ္လင်ပေါ်တွင် ထိုင်နေလေ၏။ သူ့၏မျက်လုံးအကြည့်သည် တည်ငြိမ်နေပြီး သူသည် ရှကွေ့ကျုံးကို ရင်ဆိုင်ရန် သူ၏လက်ညှိုးတစ်ချောင်းကိုပင် မြှောက်လိုက်သည်။

ထိုလက်ညှိုးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အလင်းတန်းတစ်တန်း တဖျတ်ဖျတ်လင်းလက်နေပြီး ငရဲနယ်မြေတစ်ခု၏ပုံရိပ်ယောင်ပင် ပါဝင်နေသည်။ မရေမတွက်နိုင်သော ယင်စိတ်ဝိညာဉ်များသည် မြေအောက်လောကနတ်ဘုရား၏ အမည်နာမကို ရွတ်ဆိုနေကြပြီး ချီးမွမ်းဂုဏ်ပြုနေကြသည်။

ဘုန်း....

ရှကွေ့ကျုံး၏လှည့်စားမှုကို လုယွီက လက်ညှိုးတစ်ချက်လှုပ်ခတ်ရုံဖြင့် ချိုးဖျက်နိုင်ခဲ့သည်။ ပြင်းထန်သောစွမ်းအားတစ်ရပ်သည် ရှကွေ့ကျုံး၏ခန္ဓာကိုယ်ကို ထိမှန်ပြီး သူ့ကို လွင့်ထွက်သွားစေခဲ့သည်။

ဘုန်း....ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မျက်စိကျိန်းလောက်အောင်တောက်ပသော ဗုဒ္ဓအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ဘုံခုနစ်ဆင့်စေတီသည် ချက်ချင်းအစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

ပြင်ပတွင် စိုးရိမ်တကြီးစောင့်ဆိုင်းနေသူများသည် ကျယ်လောင်သောအသံတစ်သံကိုသာ ကြားလိုက်ရသည်။ ရှကွေ့ကျုံးသည် ထက်ရှသောမြှားတစ်စင်းအလား စေတီကို တိုက်မိပြီး လွင့်ထွက်သွားလေ၏။

နောက်ထပ်အချိန်တခဏတွင် လုယွီသည် နတ်ဘုရားဘုရင်ပလ္လင်မှ ထွက်ခွာလာခဲ့သည်။ သူသည် ရှကွေ့ကျုံး၏ရှေ့သို့ ရောက်သွားပြီး ပြင်းထန်သောလက်သီးတစ်ချက်ဖြင့် သူ့ကို ထိုးနှက်လိုက်သည်။

ဖူး..

ရှကွေ့ကျုံးသည် ပြင်းထန်စွာထုရိုက်ခံရသော ဂုံနီအိတ်အဟောင်းတစ်ခုအလားပင်။ သူ၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရပြီး သူ့၏မျက်လုံးများအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"လုယွီ... ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းပစ်မယ်"

ရှကွေ့ကျုံးက အော်ဟစ်ပြီး ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်၏။

ထိုဓားရှည်သည် သုံးပေရှည်ပြီး ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ဓား၏မျက်နှာပြင်တွင် ထူးခြားသောအရာမရှိသော်လည်း ဓားလက်ကိုင်တွင် ရွှေရောင်နဂါးတစ်ကောင်၏ပုံစံကို ထွင်းထုထားသည်။ နဂါး၏ပါးစပ်မှ ဓားကိုထုတ်ပေးနေသည့်ပုံစံသည် ထူးခြားပြီး လျှို့ဝှက်ဆန်းကြယ်ပေ၏။

"နဂါးသတ်မြင့်မြတ်ဓားလား... ဒါက ရှမိသားစုရဲ့ အန္တိမမှော်ရတနာပဲ...ပြီးတော့ ဒီဓားက မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပဲ"

တချို့လူများသည် ဤဓား၏မူလအစကို မှတ်မိနေကြလေပြီ။

နဂါးသတ်မြင့်မြတ်ဓားသည် ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးတစ်ကောင်၏ဟိန်းဟောက်သံများနှင့်အတူ လုယွီထံသို့ ချက်ချင်းတိုးဝင်တိုက်ခိုက်ခဲ့သည်။

မသေမျိုးအဆင့်မှော်လက်နက်၏ အားဖြည့်မှုဖြင့် ရှကွေ့ကျုံး၏စွမ်းအားသည် အနည်းငယ်မြင့်တက်လာပေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ ဖောင်းကြွလာပြီး သူ၏သွေးကြောများကို ရှင်းလင်းစွာမြင်နေရသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်သင်္ကေတအက္ခရာများပင် ထွက်ပေါ်လာပြီး သူ့ကိုကြည့်ရသည်မှာ လူဘီလူးကြီးတစ်ကောင်နှင့်တူညီနေသည်။ သူသည် နဂါးသတ်မြင့်မြတ်ဓားကို ကိုင်ဆောင်ထားချိန်၌ ထိုက်တောင်ကြီးကိုပင် ခုတ်ပိုင်းနိုင်သောစွမ်းအားမျိုး ရှိနေပေ၏။

ရှကွေ့ကျုံးသည် အလွန်ရက်စက်ကြမ်းတမ်းသော်လည်း လုယွီက သူ့ထက်ပင် ပို၍ရက်စက်ကြမ်းတမ်းသည်။

"ဘာမဟုတ်တဲ့ ဓားစုတ်နဲ့များ...ဒီနေ့ မင်းရဲ့ဓားနဲ့အတူ မင်း သေသွားအောင် ငါ လုပ်ပြမယ်.."

လုယွီ၏မျက်လုံးများအတွင်းတွင် အနီရောင်အလင်းတန်းတစ်တန်း လင်းလက်သွားသည်။ သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားနှင့်သွေးချီစွမ်းအားများအားလုံးကို လှည့်ပတ်ကာ နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ဤစွမ်းအားသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများအားလုံးကို ကုန်ဆုံးသွားစေခဲ့သည်။

ဘုန်း.....

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ကျင့်ကြံဆင့်သည် ရွှယ်အင်မော်တယ်နယ်ပယ် ကဏဦးအဆင့်သို့ ပြန်ကျသွားသည်။

ဤအချိန်တွင် လုယွီ၏ခန္ဓာကိုယ်မှ သွေးချီစွမ်းအားများလည်း အလွန်အမင်းကုန်ဆုံးသွားသည်။ သူသည် သိုင်းအင်မော်တယ်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကျဆင်းမသွားခဲ့သော်လည်း စွမ်းအားကုန်ဆုံးမှုသည် ကြီးမားပေ၏။

သူ၏ မှော်စွမ်းအားနှင့် သွေးချီစွမ်းအားများအားလုံး မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားကာ နတ်ဘုရားစွမ်းအားများအဖြစ်သို့ ပြောင်းလဲပြီးနောက် လုယွီသည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချက်ချင်းခြေချနိုင်ခဲ့သည်။

နတ်ဘုရားဘုရင်တစ်ပါးသည် သက်ရှည်မီးအိမ်ကို ထွန်းညှိရန်မလိုအပ်သည့်အပြင် မဟာတာအိုတံခါးကိုလည်း ဖွင့်လှစ်ရန်မလိုအပ်ပေ။ သူ့ထံတွင် နတ်ဘုရားစွမ်းအားရှိနေသရွေ့ အရာအားလုံးသည် အလိုလို ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ ယာယီသာ ရရှိနိုင်သော စွမ်းအားဖြစ်သော်လည်း ရှကွေ့ကျုံးကို ဖယ်ရှားရန် လုံလောက်နေလေပြီ။

ဘုန်း....

လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး သက်ရှိအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အလားပင်။

နဂါးသတ်မြင့်မြတ်ဓားကိုင်ထားသော ရှကွေ့ကျုံးသည် ဤလက်သီးချက်ဖြင့် လွင့်ထွက်သွားခဲ့သည်။

Chapter 4952

လုယွီ၏ လှုပ်ရှားမှုသည် မမျှော်လင့်ဘဲ ဖြစ်ပျက်သွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် သူသည် နတ်ဘုရားဘုရင်တစ်ပါး၏စွမ်းအားကို ပိုင်ဆိုင်သွားခဲ့လေ၏။

ဥပမာအားဖြင့် ရှေးခေတ်က တစ္ဆေဧကရာဇ်နှင့် မယ်တော်ဧကရီတို့သည် ထူးကဲသောခွန်အားကို ပိုင်ဆိုင်ကာ ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားရှိသူများ ဖြစ်ကြသည်။

ထိုလက်သီးချက်၏စွမ်းအားသည် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်၏စွမ်းအားနှင့် အလွန်နီးစပ်နေသည်။

ခရက်...ခရက်....

ရှကွေ့ကျုံး၏လက်အတွင်းမှ နဂါးသတ်ဓားသည် လုယွီ၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် ပြင်းထန်သောစွမ်းအားကြောင့် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။

ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။

သို့ရာတွင် နတ်ဘုရားဘုရင်တစ်ပါး၏ရှေ့တွင် ဤအဆင့်ရှိသော မှော်လက်နက်တစ်ခုသည် တစ်ချက်တည်းသောတိုက်ခိုက်မှုကိုပင် မခံနိုင်ချေ။

"ဝေါင်း...."

နဂါးသတ်မြင့်မြတ်ဓားမှ အစစ်အမှန်နဂါးတစ်ကောင်၏ငိုညည်းသံ ထွက်ပေါ်လာသည်။ ဤသည်မှာ နဂါးသတ်မြင့်မြတ်ဓား၏ လက်နက်စိတ်ဝိညာဉ်ပင်။ သူသည် ပျက်စီးလုဆဲဆဲအချိန်တွင် မျှော်လင့်ချက်မဲ့စွာ ငိုညည်းလိုက်ခြင်းဖြစ်ပေ၏။

မသေမျိုးအဆင့် မှော်လက်နက်သည် ဤအခြေအနေသို့ ရောက်နေသော်လည်း ရှကွေ့ကျုံးသည် ဤတိုက်ခိုက်မှုကို အဓိကခံလိုက်ရသူပင်။ သူ၏ခန္ဓာကိုယ်ပေါ်သို့ လုယွီ၏လက်သီးချက် ပြင်းပြင်းထန်ထန် ကျရောက်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်သည် အက်ကွဲသွားသော မှန်တစ်ချပ်အလား ချက်ချင်းပင် ကြေမွှပျက်စီးသွားသည်။ သူ၏ခန္ဓာကိုယ်အပိုင်းအစများ နေရာအနှံ့အပြားသို့ လွင့်ထွက်သွားသည်။

သူသည် အံ့အားသင့်ချိန်မရခဲ့သည့်အပြင် အော်ဟစ်ချိန်လည်း မရလိုက်ချေ။

အချိန်တခဏအတွင်းမှာပင် ရှကွေ့ကျုံး၏ခန္ဓာကိုယ်တစ်ခုလုံး ကြေမွှပျက်စီးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းပြီး နက်နဲသိမ်မွေ့သော စွမ်းအားတစ်ရပ်သည် ရှကွေ့ကျုံးထံသို့ ရုတ်တရက်ကျရောက်လာပြီး သူ၏မောက်မာထောင်လွှားမှုနှင့် နည်းလမ်းများအားလုံးကို အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်၏။

"ရှကွေ့ကျုံး...ဒီနေ့ ဒီလိုရလဒ်မျိုးဖြစ်လာမယ်လို့ မင်း တစ်ခါတောင် တွေးဖူးရဲ့လား..."

လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ရှကွေ့ကျုံးကိုသတ်ပြီး ကလဲ့စားချေနိုင်ရန်အတွက် အရေးကြီးသောအချိန်တွင် သူ ကျင့်ကြံထားသော ကျင့်ကြံဆင့်နယ်ပယ်ကို ဖျက်ဆီးရန်ပင် ဝန်မလေးခဲ့ချေ။ သူသည် ကျင့်ကြံဆင့်စွမ်းအားကို အတင်းအကြပ်အသုံးပြုကာ နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းလဲပြီး ရှကွေ့ကျုံးကို ဖျက်ဆီးလိုခဲ့သည်။

"အရင်က မင်းက မြင့်မြတ်ပြီး အောက်ဘုံကလူတွေရဲ့ အသက်ကို ဆန္ဒရှိသလို ယူဆောင်ခဲ့တယ်...အခု သေဆုံးရတော့မယ့် ခံစားချက်ကို မင်း မြည်းစမ်းကြည့်ရအောင် ငါ လုပ်ပေးမယ်"

လုယွီ၏မျက်လုံးများအတွင်းတွင် စိတ်ခံစားချက် တစိုးတစိမျှမရှိဘဲ နေရာအနှံ့အပြား၌ ပြန့်ကျဲနေသော ရှကွေ့ကျုံး၏ ခန္ဓာကိုယ်အပိုင်းအစများကို ကြည့်နေသည်။

ရှကွေ့ကျုံး၏ခန္ဓာကိုယ်သည် ကြေမွှပျက်စီးသွားလေပြီ။ သူ၏ရုပ်ခန္ဓာကိုယ်သာမက သူ့၏စိတ်ဝိညာဉ်ပင်လျှင် ပျက်စီးလုနီးပါး ဖြစ်နေလေပြီ။

သူ့နေရာတွင် သာမာန်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ဤကဲ့သို့ ဒဏ်ရာများကြောင့် သေဆုံးသွားပြီးဖြစ်ကာ အသက်ရှင်နိုင်မည့်နည်းလမ်း မရှိတော့ချေ။

သို့ရာတွင် ရှကွေ့ကျုံးကမူ မတူကွဲပြားပြီး သူသည် ဗုဒ္ဓတစ်ပါးပင်။

ဗုဒ္ဓနှင့် နတ်ဘုရားသည် တူညီကြပေ၏။ သူတို့သည် သက်ရှိအားလုံး၏ ယုံကြည်မှုကြောင့် အသက်ရှင်ပြီး သူတို့၏အမွှေးတိုင်နံ့သာစွမ်းအားများ ပျက်ပြယ်သွားမှသာ ပျက်စီးသွားပေမည်။ သူတို့သည် ထာဝရတည်မြဲသည်ဟု ဆိုနိုင်ပေ၏။

ဤမျှပြင်းထန်သော ဒဏ်ရာများရရှိထားသော်လည်း ရှကွေ့ကျုံးတွင် ပြန်လည်အသက်ရှင်နိုင်မည့် နည်းလမ်းရှိနေသေးသည်။

ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများက ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။ ကြယ်တာရာကောင်းကင်ယံတစ်နေရာတွင် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းတစ်တန်း ရုတ်တရက် ဖြာထွက်လာသည်။ ထိုတောက်ပသော ဗုဒ္ဓအလင်းတန်းများ၏အလယ်တွင် မြင့်မားသည့် ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာပေ၏။

အမွှေးနံ့သာစွမ်းအားများသည် ဗုဒ္ဓပုံရိပ်ယောင်၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ထိုအရာကို ပို၍ခန့်ညားထည်ဝါစေသည်။

ထိုဗုဒ္ဓပုံရိပ်ယောင်သည် ပလ္လင်ခွေထိုင်ကာ ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေသည်။ သူ လောကကြီးအတွင်းရှိ ကောင်းကင်နှင့်မြေပြင်အကြားတွင် အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သည့်အလားပင်။

"လုယွီ...ငါက မသေနိုင် မပျက်စီးနိုင်ဘူး...မင်း ငါ့ကို ဘာနဲ့တိုက်ခိုက်မှာလဲ..."

ဗုဒ္ဓပုံရိပ်ယောင်ကြီး၏ ပါးစပ်ဖွင့်ဟလာပြီး ရှကွေ့ကျုံး၏ ရက်စက်ကြမ်းကြုတ်သော အသံကို ကြားလိုက်ရသည်။

ရှကွေ့ကျုံး ပြောသွားသကဲ့သို့ပင် သူ ဗုဒ္ဓတစ်ပါးဖြစ်နေသရွေ့ သူ့ကိုသတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။

လုယွီသည် ထျန်းဝမ်ဗုဒ္ဓကို ဖယ်ရှားနိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူ၏ မာနကြီးသော စိတ်နေစိတ်ထားကြောင့်ပင်။ သူသည် သူတို့ကို အရေးမစိုက်ခဲ့သည် ဗုဒ္ဓလောကနှင့်လည်း ဆက်သွယ်ခြင်းမရှိခဲ့ချေ။ နောက်ဆုံးတွင် သူသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာအတွင်းတွင် ပိတ်မိသွားပြီး ပြင်ပလောကနှင့် အဆက်အသွယ်အားလုံး ပြတ်တောက်သွားကာ အသတ်ခံခဲ့ရသည်။

ယခုအချိန်၌ ရှကွေ့ကျုံး ပိုင်ဆိုင်သော စွမ်းအားသည် ထျန်းဝမ်ဗုဒ္ဓထက်ပင် ပို၍ကြီးမားနေသည်။

သူသည် ရှေးဟောင်းဗုဒ္ဓကျမ်းစာကို အမွေဆက်ခံထားပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ စစ်မှန်သော မန္တန်များနှင့်နည်းစနစ်များကို ကျွမ်းကျင်သည်။ ဤသည်မှာ လက်ရှိဗုဒ္ဓဂိုဏ်းထက် မည်မျှထိ ပို၍အစွမ်းထက်သည်ကို မည်သူမျှ မသိနိုင်ကြချေ။

အကယ်၍ သူ့ထံတွင် အတွေးတစ်ချက်သာ ကျန်ရှိနေလျှင်ပင် အဆုံးမရှိ ပြန်လည်မွေးဖွားနိုင်သည်။

ရှကွေ့ကျုံးသည် သူ၏ရုပ်ခန္ဓာကိုယ် ရုတ်တရက် ဖျက်ဆီးခံရချိန်၌ ချွေးစေးများပြန်လာသည်။ သူသည် ပြန်လည်အသက်ရှင်လာသည်နှင့် တပြိုင်နက်တည်း ချက်ချင်းဆိုသလိုပင် သူ၏အစွမ်းထက်ဆုံးပုံစံသို့ ပြောင်းလဲကာ လုယွီကို သူ၏ဗုဒ္ဓခန္ဓာကိုယ်ဖြင့် ရင်ဆိုင်လိုက်သည်။ ထို့နောက် သူသည် လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

ထိုလက်ဝါးရိုက်ချက်နှင့်အတူ သူ၏သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကိုလည်း ထုတ်လွှတ်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ထိုစိတ်ဆန္ဒအတွင်းတွင် အဆုံးမရှိသော ဗုဒ္ဓစွမ်းအားများ ပါဝင်နေခြင်းပင်။ ထိုအရာများအားလုံး ရောယှက်ကာ ပေါက်ကွဲသွားပြီး ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာပေ၏။

Chapter 4953

လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းတွင် အမွှေးနံ့သာစွမ်းအားများအားလုံးကို စုပ်ယူနိုင်သော အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုရှိနေသည့်အလား ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော မည်သည့်အမွှေးနံ့သာစွမ်းအားကိုမဆို သူ စုပ်ယူလိုက်သည်။

ရှကွေ့ကျုံး၏ခန္ဓာကိုယ်ကို ဖျက်ဆီးကာ များပြားသော အမွှေးနံ့သာစွမ်းအားများကို စုပ်ယူပြီးနောက် လုယွီ၏ကျင့်ကြံဆင့်သည် ကျဆင်းမသွားသည့်အပြင် ပို၍တိုးတက်လာခဲ့သည်။

ယခုချိန်၌ လုယွီအတွက် အလျင်မြန်ဆုံးတိုးတက်စေသည့် နည်းလမ်းမှာ သူ၏နတ်ဘုရားစွမ်းအားပင်။

လုယွီ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် သက်တံရောင်ဝတ်ရုံတစ်ခု ဝိုးတဝါးထွက်ပေါ်လာပြီး သူ၏နဖူးပေါ်တွင် ထာဝရစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသော နဂါးကိုးကောင်သရဖူတစ်ခု ရှိနေသည်။

ဤသည်မှာ နတ်ဘုရားဘုရင်သရဖူပင်။ ဤသရဖူကို အပြည့်အဝမဖွဲ့စည်းရသေးသော်လည်း ဝိုးတဝါးပုံရိပ်ယောင်သည်ပင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေလေပြီ။

နတ်ဘုရားဘုရင်သရဖူနှင့်အတူ သူ၏ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်နည်းစနစ်ပါဝင်သော နတ်ဘုရားလက်နက်တစ်ခု ထွက်ပေါ်လာသည့်အလားပင်။ အကယ်၍ ယခင်က ယန်ကျန့် ပြန်လည်ထွက်ပေါ်လာလျှင်ပင် လုယွီကို သတ်ဖြတ်လိုပါက ကြီးမားသောပေးဆပ်မှုတစ်ခုကို ပြုလုပ်ရပေမည်။

"ရှကွေ့ကျုံး... ဒီဗုဒ္ဓကျမ်းစာ မင်းရဲ့လက်ထဲကိုရောက်သွားတာက တကယ့်ကို ဖုန်တက်နေတဲ့ပုလဲတစ်လုံးပဲ.... မင်း ကျမ်းစာရွတ်တာကို ငါ ခုဏက ကြားတယ်...မင်းမှာ အမှားတွေ ရာနဲ့ချီပြီး ရှိနေတဲ့အပြင် မင်းက ဒီကျမ်းစာရဲ့အဓိပ္ပါယ်ကို နားလည်မှုလွဲနေတယ်...."

လုယွီက သူ၏လက်ကိုမြှောက်ကာ ရှကွေ့ကျုံး၏ ဗုဒ္ဓပုံရိပ်ယောင်မှ ကျမ်းစာတစ်စောင်ကို ဆွဲယူလိုက်သည်။

ထိုကျမ်းစာသည် ရွှေရောင်စာအုပ်တစ်အုပ်နှင့်တူညီပေ၏။ ထိုအရာပေါ်တွင် ရေးသားထားသော စာလုံးတိုင်းသည် ရှေးဟောင်းအက္ခရာစာလုံးများဖြစ်သည်။ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သည်။ ထိုစာလုံးများသည် ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေပြီး မမြင်နိုင်သောဖိအားတစ်ရပ် ဝိုးတဝါးထွက်ပေါ်နေသည်။

ထိုစာအုပ်၏မျက်နှာဖုံးပေါ်တွင် ရှေးဟောင်းဘာသာဖြင့် ဖြင့် စာလုံးသုံးလုံးရေးထားသည်။ 'လန်ကန်းယန်...'

လုယွီက လန်ကန်းယန်ကျမ်းစာကို သူ၏လက်အတွင်းတွင်ကိုင်ထားလေ၏။ အတွေးတစ်ချက်ဖြင့် သူ၏နတ်ဘုရားစိတ်အာရုံ အမျှင်တန်းထောင်ပေါင်းများစွာသည် ကျမ်းစာပေါ်သို့ ဖုံးလွှမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူ လုံးလုံးလျားလျား နားလည်သဘောပေါက်သွားသည်။

သူ၏ကျင့်ကြံခြင်းသည် မဟာတာအိုအပေါ်တွင် အာရုံစူးစိုက်ထားသည်။ ယခုအချိန်တွင် သူသည် ဗုဒ္ဓကျမ်းစာကို သင်ယူခဲ့သော်လည်း ဗုဒ္ဓဂိုဏ်းဝင်တစ်ယောက် မဟုတ်ချေ။

"နတ်ဆိုးတွေကို ချိုးဖျက်ခြင်းက အစပြုပြီးတော့ နတ်ဆိုးတွေကို ချိုးဖျက်ခြင်းမှာ အဆုံးသတ်တယ်... ဒီကျမ်းစာက အစကနေအဆုံးထိ နတ်ဆိုးကို ချိုးဖျက်တာ နတ်ဆိုးကို အနိုင်ယူတာနဲ့ ပတ်သက်ပြီးတော့ တာအိုကို ချိုးဖျက်ဝင်ရောက်နိုင်မယ့် နည်းလမ်းတွေကို ပြသထားတာပဲ...ဒါပေမယ့် ငါ့အထင်တော့ မင်း... ဗုဒ္ဓဖြစ်အောင် ကျင့်ကြံခဲ့တဲ့ပုံမပေါ်ဘဲ နတ်ဆိုး ဖြစ်သွားတဲ့ပုံပဲ"

လုယွီက ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ သူ့၏အသံတွင် အစစ်အမှန်ဗုဒ္ဓတစ်ပါး၏ ဖိအားအရှိန်အဝါ ရောယှက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် အသိပညာမရှိသော ဘုန်းတော်ကြီးတစ်ပါးကို တရားဟောနေသည့် ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးတစ်ပါးနှင့်တူညီနေသည်။

"ငါက ငယ်ငယ်ကတည်းက ကျင့်ကြံလာတာ... မင်း ငါ့ကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ.... မင်းက လှည့်စားတဲ့နည်းလမ်းတွေကို သင်ယူထားပြီးတော့ ငါ့ရဲ့ အမွှေးနံ့သာစွမ်းအားတွေကို အတင်းအကြပ် လုယူသွားခဲ့တယ်... မင်းက ငါ့ရှေ့မှာ ဗုဒ္ဓမန္တန်တွေကိုတောင် ထုတ်ဖော်ပြောဆိုရဲသေးတယ်... မင်းက ဘာသိလို့လဲ...."

ရှကွေ့ကျုံးက အံ့ကြိတ်လိုက်ပြီး သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။

သူ၏ တာအိုနှလုံးသား ပျက်စီးသွားလေပြီ။

ကျင့်ကြံသူတစ်ယောက်သည် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခံရပြီးနောက် ပြန်လည်ကျင့်ကြံနိုင်သည့်တိုင် သူ၏ တာအိုနှလုံးသား ပျက်စီးသွားပါက အဆုံးမရှိသော ချောက်နက်ကြီးအတွင်းသို့ ကျသွားပေလိမ့်မည်။

လူတစ်ယောက်သည် သူ၏တာအိုနှလုံးသား ပျက်စီးသွားချိန်၌ သူ၏စိတ်ဓာတ် ကျဆင်းသွားပေလိမ့်မည်။ အနာဂတ်တွင် သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အလွဲလွဲအချော်ချော်ဖြစ်ပြီး နောက်ဆုံး၌ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ရှကွေ့ကျုံးသည် လုယွီ၏ စကားများကို ခုခံနေပြီး သူ၏တာအိုနှလုံးသားကို သက်ရောက်မှုမရှိစေရန် အဆက်မပြတ် အားဖြည့်နေသည်။

"မင်းက ငယ်ငယ်ကတည်းကနေ အခုအချိန်ထိ ကျင့်ကြံလာပေမယ့် ဒီအဆင့်ထိပဲရောက်ခဲ့မှာတော့ မင်းမှာ အသိပညာမရှိ အရည်အချင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...မင်းက မှားယွင်းတဲ့လမ်းကြောင်းကို လျှောက်ခဲ့တယ်... အတုအယောင်ဗုဒ္ဓတွေက ဆိုးသွမ်းတဲ့လူတွေပဲ... မင်းက လူလိမ် လူယုတ်မာတစ်ယောက်ပဲ....အစစ်အမှန်ဗုဒ္ဓက ဘာလဲဆိုတာကို ငါ မင်းကို ပြမယ်"

လုယွီက ရုတ်တရက် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်နှက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် မီတာသောင်းနှင့်ချီ မြင့်မားသော ကြီးမားသည့် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် လေထုအတွင်းတွင် ဖွဲ့စည်းသွားပေ၏။

လုယွီ၏ လက်ဝါးပုံရိပ်ယောင်ကြီးသည် ကောင်းကင်ကို ဖုံးလွှမ်းပြီး နေရောင်ကို ပိတ်ဖုံးသွားသည်။

ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်ပြင်းထန်စွာ ကျရောက်လာကာ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သည်။

အံ့အားသင့်စရာအကောင်းဆုံးမှာ လုယွီ၏ လက်မောင်းပေါ်တွင် ဗုဒ္ဓ၏ သင်္ကေတအက္ခရာအမြောက်အများ ထွက်ပေါ်လာခြင်းပင်။

ကျမ်းစာရွတ်ဆိုသံများ လေထုအတွင်းတွင်တွင် ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ထောင်နှင့်ချီသော ဘုန်းတော်ကြီးများက ဗုဒ္ဓကျမ်းစာစာလုံးများကို ရွတ်ဆိုနေသည့်အလားပင်။ ထိုအသံသည် ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားနေပေ၏။

ဘုန်း....

ကောင်းကင်ကို တုန်ခါစေပြီး မြေပြင်ကို လှုပ်ခတ်စေသော အသံတစ်သံက ရုတ်တရက် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသည်။

ရှကွေ့ကျုံး၏ ဗုဒ္ဓပုံရိပ်ယောင်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး သူသည် မိုင်ပေါင်းများစွာအကွာသို့ လွင့်ထွက်သွားကာ မြို့တော်၏ကောင်းကင်ဘုံတံခါးရှေ့သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။

မြေကြီးပေါ်တွင် နက်ရှိုင်းသောတွင်းနက်ကြီးတစ်ခု ပွင့်ထွက်သွားသည်။ ရှကွေ့ကျုံး၏ ဗုဒ္ဓခန္ဓာကိုယ်သည် စုတ်ပြတ်နေပြီး သူသည် အလွန်ဆိုးရွားသောအခြေအနေဖြင့် တွင်းနက်ကြီးအတွင်း၌ လဲကျနေသည်။

Chapter 4954

ဘုန်း...

တိုက်ပွဲမြေပြင်ပေါ်ရှိ လူတိုင်းသည် ဤကြည်လင်ပြတ်သားသောအသံကို ရုတ်တရက်ကြားလိုက်ရသည်။

ဤသည်မှာ ဖန်ခွက်တစ်ခွက် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး ရုတ်တရက် ကွဲကြေသွားကာ အပိုင်းအစများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည့်အလားပင်။

"ရှကွေ့ကျုံးရဲ့ တာအိုနှလုံးသား ကျိုးပဲ့သွားပြီ..." တစ်စုံတစ်ယောက်သည် ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် သူ၏စိတ်ခံစားချက်များ ရောထွေးနေသည်။ အရာအားလုံးသည် အလွန်လျှင်မြန်စွာ ပြောင်းလဲသွားသည်ဟု သူတို့ ခံစားမိလေ၏။

ရှကွေ့ကျုံးသည် တာအိုသခင်တစ်ယောက်ဖြစ်သည့်အပြင် ဗုဒ္ဓအရှင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယခုအချိန်တွင်မူ ဤကဲ့သို့ အဆုံးသတ်သွားခဲ့သည်။

ထို့နောက်တွင် လောကကြီးသည် လုယွီကိုသာ သိပြီး ရှကွေ့ကျုံးကို သိတော့မည်မဟုတ်ချေ။

"အဟွတ်...အဟွတ်...အဟွတ်...လုယွီ မင်းက ယုတ်ညံ့တဲ့ပုရွက်ဆိတ်တစ်ကောင်ပဲ...မင်းမှာ အရည်အချင်းနည်းနည်းရှိတော့ ဘာဖြစ်လဲ.... မင်းရဲ့သွေးသားက ယုတ်ညံ့တဲ့သဘာဝကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး... မင်းက အောင်မြင်သွားတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ"

ရှကွေ့ကျုံးက အံ့ကြိတ်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

သူ့ထံတွင် ဗုဒ္ဓတစ်ပါး၏ ပုံပန်းသွင်ပြင် မရှိတော့ချေ။ သူသည် လမ်းပေါ်မှ အရှုံးသမားတစ်ယောက်အလား သူ၏စကားများသည် ရိုင်းစိုင်းပြီး ရန်လိုနေပေ၏။

လုယွီက သူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။ သူသည် ရှကွေ့ကျုံး၏စကားများကြောင့် ဒေါသထွက်သွားခြင်း မရှိချေ။

"မင်းမှာ ဘာလှည့်ကွက်တွေကျန်သေးလဲ... ထုတ်လိုက်လေ"

လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။

ရှကွေ့ကျုံး၏စကားများ ရုတ်တရက်ရပ်တန့်သွားပြီး သူ၏မျက်လုံးများအတွင်းတွင် ရူးသွပ်မှုအရိပ်အယောင်များ တဖြည်းဖြည်း ထင်ဟပ်လာသည်။ လုယွီ၏စကားများသည် သူ၏မာန်မာနကို ပြင်းထန်စွာ ရိုက်ချိုးသွားခဲ့သည်။

လုယွီ ပြောသကဲ့သို့ပင် ယခုအချိန်တွင် သူထံ၌ လုယွီကို ခြိမ်းခြောက်နိုင်မည့် နည်းလမ်းမရှိတော့ပေ။

ဗုဒ္ဓကျမ်းစာများ မရှိတော့သည့်အပြင်...

အမွှေးနံ့သာစွမ်းအားများလည်း မရှိတော့ချေ။

လုယွီ၏လက်သီးချက်ကြောင့် သူ၏ရုပ်ခန္ဓာကိုယ်ပင်လျှင် ရှမိသားစု၏အန္တိမမှော်ရတနာနှင့်အတူ ပျက်စီးသွားခဲ့သည်။

ရှကွေ့ကျုံးသည် တစ်ချိန်က လုယွီကို အထင်သေးပြီး ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ဤပုရွက်ဆိတ်သည် သူ့ကို အရာအားလုံး ဆုံးရှုံးသွားစေခဲ့သည်။

သူသည် တွင်းနက်ကြီးအတွင်းတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာဖြင့် လဲလျောင်းနေသည်။ သူ၏မျက်လုံးများအတွင်းတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး အရာအားလုံးဆုံးရှုံးသွားသော လောင်းကစားသမားတစ်ယောက်နှင့် တူညီနေပေ၏။

"လုယွီ...မင်းရဲ့နောက်ကြောင်းကို ငါသိတယ်... မင်း ဒီနေ့ ဒီလိုဖြစ်လာရတဲ့ အကြောင်းအရင်းက မင်း တက်လှမ်းလာတုန်းက ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့လို့ပဲ....လောကကြီးတစ်ခုလုံး ဒီလျှို့ဝှက်ချက်ကို မသိပေမယ့် မင်း ငါ့ကို ဖုံးကွယ်ထားလို့မရဘူး..."

ရှကွေ့ကျုံးသည် အရေးကြီးသောအခိုက်အတန့်တွင် ဤလျှို့ဝှက်ချက်ကို လူသိရှင်ကြားထုတ်ဖော်လိုက်သည်။

ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်သည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်နှင့် ပတ်သက်သော ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုပင်။

လုယွီသည် ယခင်က စာပေသူတော်စင်ရီဟန်၏ အကာအကွယ်ကို ရထားသောကြောင့် ဤလျှို့ဝှက်ချက်ကို မည်သူမျှ ထုတ်မပြောခဲ့ကြချေ။ ထို့ပြင် ရှကွေ့ကျုံးသည် လုယွီကို ဖယ်ရှားပြီး ထိုအမွေအနှစ်ကို လုယူရန် စီစဉ်ထားသောကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိချေ။

ဤအချိန်အခိုက်အတန့်တွင် သူသည် မီးစာကုန်ဆီခမ်း အခြေအနေသို့ ရောက်ရှိနေလေပြီ။ သူသည် အကျိုးဆက်များကို ဂရုမစိုက်တော့ဘဲ ဤလျှို့ဝှက်ချက်ကို လူအများရှေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

"ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်..."

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တွင် စုဝေးနေသော နတ်ဘုရားစိတ်အာရုံအရေအတွက်သည် ယခင်ထက် အဆတစ်ရာ တိုးလာပေ၏။

တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီး တချို့ပင်လျှင် ဤနေရာသို့ လှမ်းကြည့်လိုက်ကြသည်။

ရှေးဟောင်းခေတ်၏ လျှို့ဝှက်ချက်များသည် မူလကတည်းက များများစားစားမရှိချေ။ မည်သည့် သမိုင်းဝင်အကြွင်းအကျန်များ ပေါ်ပေါက်လာသည်ဖြစ်စေ မရေမတွက်နိုင်သော လူများကို ရူးသွပ်သွားစေနိုင်သည်။

ယခုအချိန်တွင်မူ လုယွီသည် ရှေးဟောင်းခေတ်၏ အလျှို့ဝှက်ဆုံးနှင့် အစွမ်းထက်ဆုံးအမွေအနှစ်ဖြစ်သော ကောင်းကင်ဘုံဧကရာဇ်၏ အမွေအနှစ်ကို ပိုင်ဆိုင်ထားသည်မှာ လူများအားလုံးကို အမှန်ပင် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

"ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်...လုယွီက ကံအရမ်းကောင်းတယ်....သူက လူသားဧကရာဇ်ဓားရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရုံတင်မကဘူး ဒီအဆင့် အမွေအနှစ်ကိုပါ ရနိုင်ခဲ့တယ်.... သူက ကောင်းကင်ဘုံရဲ့ ကံကြမ္မာသားတော်များလား..."

"ရှကွေ့ကျုံး ဒီအကြောင်းကို အစကတည်းက သိထားပုံပဲ...သူက အမှန်တရားကို ထုတ်ဖော်ပြောဆိုပြီးတော့ လုယွီကို လူတိုင်းရဲ့ပစ်မှတ်ဖြစ်စေချင်တာပဲ"

လူအမြောက်အများသည် နတ်ဘုရားစိတ်အာရုံများဖြင့် ပြောဆိုနေကြကာ တချို့သည် လောဘကြီးနေကြပြီး တချို့ကမူ စိတ်လှုပ်ရှားနေကြသည်။

ဤသတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် ချက်ချင်းရုတ်ရုတ်သဲသဲဖြစ်သွားပြီး တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများကိုပင် သူတို့၏ကျင့်ကြံရာနေရာများမှ ထွက်လာစေနိုင်သည်ဟု ဆိုနိုင်ပေ၏။

"ရှကွေ့ကျုံး.... မင်းမှာ ဒါပဲရှိတာလား....ငါကလည်း ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ရဲ့ အမွေအနှစ်ကို ငါ တကယ်ရခဲ့တယ်လို့ ထုတ်ပြန်ကြေညာတယ်...ဒါပေမယ့် ငါ့ဆီကနေ ဘယ်သူ လုရဲလဲ...."

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် လောကကြီးကို အပေါ်စီးမှ ကြည့်လိုက်သည်။

"ငါ ဒီမှာ မတ်တတ်ရပ်နေတယ်.... ငါ့ရဲ့အမွေအနှစ်ကို လုရဲတဲ့ ဘယ်သူမဆို အခုချက်ချင်း ထွက်လာခဲ့စမ်း"

Chapter 4955

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

"ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်" ဟူသော စကားလုံးများကို ကြားသဖြင့် နတ်ဘုရားစိတ်အာရုံများကို ထုတ်လွှတ်လိုက်သော မွန်းစတားအိုကြီးများပင်လျှင် သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။ လုယွီ သူတို့ကို လက်စားချေမည်အား စိုးရိမ်သောကြောင့် သူတို့သည် သူ့ကို ကြည့်ဝံ့ခြင်းပင် မရှိကြတော့ချေ။

လုယွီက တော်ဝင်စစ်သည်တော်များကို ကြည့်ပြီး မေးမြန်းလိုက်၏။

"မင်းတို့အားလုံးက ငါ့ကို တားဆီးကြမလို့လား"

တော်ဝင်စစ်ဗိုလ်များ၏ မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားသည်။

လုယွီ၏ စကားများသည် သူတို့ကို ချိန်ရွယ်ထားသော ဓားမြှောင်တစ်လက်နှင့် တူနေပေ၏။

"အရှင်လုက ရန်သူစစ်တပ်ကို နှိမ်နင်းပြီးတော့ မြို့တော်ကို ဝင်လာတာ...အရှင်က အင်ပါယာအတွက် ကောင်းတဲ့အလုပ်ကို လုပ်နေတာ...ဒါကြောင့် ကျွန်တော်တို့က အရှင်ကို တားမှာမဟုတ်ပါဘူး"

တော်ဝင်စစ်တပ်မှ စစ်ဗိုလ်ချုပ်တချို့က တော်ဝင်စစ်သားများအားလုံးကို လက်နက်ချရန် အမိန့်ပေးလိုက်သည်။

သောင်းနှင့်ချီသော တော်ဝင်စစ်သားများသည် သူတို့၏လက်နက်များကို တညီတညွတ်တည်း ချလိုက်ကြသည်။ သူတို့သည် ခေါင်းမာမာဖြင့် ခုခံမနေတော့ချေ။ အပြင်ဘက်တွင် ရက်စက်ကြမ်းတမ်းသော ပုန်းကွယ်နဂါးစစ်တပ်ရှိသည်ကို ဘေးဖယ်ထားလျှင်ပင် လုယွီတစ်ယောက်တည်းကို သူတို့ မယှဉ်နိုင်ချေ။

"ပြီးတော့ မင်းတို့ကရော...ငါ့ကို ရှာနေကြတာလား...."

လုယွီက လေဟာနယ်တစ်နေရာကိုကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်။။

"အရှင်လု စိတ်မပူပါနဲ့...ငါတို့မှာ အဲ့ဒီလိုအတွေးမျိုး မရှိပါဘူး"

မြို့တော်အတွင်းမှ လူအိုကြီးတစ်ယောက်၏အသံ ထွက်ပေါ်လာပြီး မကြာမီမှာပင် ပျောက်ကွယ်သွားသည်။

လူအများသည် သူတို့၏ဆံပင်များ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ရသည်။ အစောပိုင်းက အသံသည် မိုးထိမြင့်မားသော ကျင့်ကြံဆင့်ရှိသည့် မွန်းစတားအိုကြီးတစ်ဦးထံမှ ထွက်ပေါ်လာသည်မှာ တိကျသေချာပေ၏။

ထိုကဲ့သို့သော တည်ရှိမှုကြီးတစ်ဦးသည် လုယွီ၏စွမ်းအားကို ကြောက်ရွံ့ပြီး ဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။

"ဘယ်သူ ကျန်သေးလဲ...."

လုယွီ၏အသံသည် နေရာအနှံ့အပြားသို့ ပဲ့တင်ထပ်သွားပြီးနောက် မည်သူမျှ စကားတစ်ခွန်း မဆိုဝံ့တော့ချေ။

"ငကြောက်ကောင်တွေ...သူတို့က အားနည်းတဲ့လူတွေကို အနိုင်ယူဖို့ပဲ သိတယ်... အဟွတ်...အဟွတ်....အဟွတ်..."

ရှကွေ့ကျုံးက ခါးသည်းစွာ ရယ်မောလိုက်ပြီး သူ၏အသံတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

"ရှကွေ့ကျုံး...မင်း ပြန်ပေးဆပ်ရမယ့်အချိန်ရောက်ပြီ"

လုယွီက ရှေ့သို့လျှောက်လှမ်းသွားပြီး သူ့မျက်လုံးများအတွင်းတွင် အေးစက်စက်အလင်းတန်းများ တောက်ပနေသည်။

ဤနာကျည်းမုန်းတီးမှုကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သော်လည်း လုယွီသည် တစ်ကြိမ်တစ်ခါမျှ မမေ့လျော့ခဲ့ပေ။

ယနေ့တွင် သူ လက်စားချေရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

လူတိုင်း၏စိတ်နှလုံးသားများ မွန်းကြပ်သွားသည်။ လူအများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည့်အလားပင်။

ရှကွေ့ကျုံးထံတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိတော့သော်လည်း သူသည် မာနကြီးစွာဖြင့် ခေါင်းမော့ထားဆဲဖြစ်ပြီး လုယွီ၏ရှေ့တွင် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံလိုစိတ်မရှိချေ။

လုယွီ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို သူက သရော်တော်တော် ကြည့်လိုက်သည်။ ထို့နောက် သူသည် ရုတ်တရက် အပြုံးတစ်ခုနှင့် ပြောဆိုလိုက်၏။

"လုယွီ...ငါ အဲ့ဒီမိန်းမကို မသတ်ခဲ့ဘူးလို့ ငါ မင်းကို ပြောရင်ရော..."

သူ ထိုစကားကို ပြောဆိုလိုက်ချိန်တွင် လုယွီ၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားသည်။ သူ၏မျက်နှာပေါ်တွင် စိတ်ခံစားချက်အရိပ်အယောင်များ ထင်ဟပ်လာခြင်း မရှိသော်လည်း သူ၏ခန္ဓာကိုယ် တုန်ခါကာ သူ့ကို သစ္စာဖောက်သွားခဲ့သည်။

သူ၏စိတ်အတွင်းတွင် ကျီးချန်ယွီ၏ လှပပြီး ဝမ်းနည်းဖွယ်ကောင်းသော အပြုံးကိုသာ မြင်ယောင်နေသည်။

"အစ်ကိုကြီးလုယွီ...အရင်က ကျွန်မကို ကယ်ခဲ့တာ အစ်ကိုကြီးပဲ... ဒီတစ်ခါတော့ အစ်ကိုကြီးအတွက် ကျွန်မတစ်ခုခုလုပ်ပေးပါရစေ..."

"ကျွန်မအတွက် စိတ်မပူပါနဲ့...လင်ရှောင်းဂိုဏ်းကို အစ်ကိုကြီး ပြန်ပါတော့..."

"ကျွန်မ... ကျွန်မက ငတုံးမှန်းသိပါတယ်... အမြဲတမ်း အစ်ကိုကြီးကို ဒုက္ခပေးနေမိတယ်.... တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာတုန်းကလည်း ဒီလိုပဲ...အခုလည်း ဒီလိုပဲ....ကျွန်မ အစ်ကိုကြီးကို တစ်ခုခု ကူညီပေးနိုင်တာနဲ့တင် လုံလောက်ပါပြီ"

ထိုကြည်လင်ပြတ်သားပြီး သာယာသောအသံသည် သူ၏နားအတွင်းတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေသည့်အလားပင်။

လုယွီက ရှကွေ့ကျုံးကို စူးစိုက်ကြည့်ပြီး တင်းမာခက်ထန်သောအသံဖြင့် ပြောဆိုလိုက်သည်။

"မင်း သူ့ကို မသတ်ခဲ့ဘူးလား..."

ရှကွေ့ကျုံးသည် လုယွီ၏တုံ့ပြန်မှုကို မြင်တွေ့ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ငါက သူ့ကို ဘာလို့သတ်ရမှာလဲ....အောက်ဘုံက ပုရွက်ဆိတ်တစ်ကောင်ကို ငါ့က ဘာလို့သတ်ရမှာလဲ....ဒါက အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်ခဲ့တာပဲ...ငါ သူ့ကို ကောင်းကင်ဘုံနယ်မြေဆီကို ခေါ်သွားချင်တာကြောင့် သူ့ရဲ့စိတ်ဝိညာဉ်ကို နတ်ဆိုးသားရဲရဲ့ပါးစပ်ထဲမှာ သိမ်းထားခဲ့တာပဲ... ငါ သူ့ကို ကောင်းကင်ဘုံနယ်မြေဆီကို ခေါ်လာနိုင်ဖို့အတွက် ကောင်းကင်တာအို မတွေ့သွားအောင် ဖုံးကွယ်ထားခဲ့ရတယ်...ငါက သူ့ကို ဘာလို့သတ်ရမှာလဲ"

လုယွီ၏မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။

ထို့နောက် သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ခတ်လိုက်ရာ သူ၏ရှေ့တွင် ကံကြမ္မာဟောကိန်းသင်္ကေတများ ဆက်တိုက်ထွက်ပေါ်လာသည်။

ဤကံကြမ္မာဟောကိန်းများ၏ မြင်ကွင်းသည် သူ့ကို မိုးကြိုးပစ်ခတ်ခံရသကဲ့သို့ ခံစားမိစေပြီး သူသည် နေရာမှာပင် ကြက်သေသေနေပေ၏။

ကျီးချန်ယွီသည် အသက်ရှင်သန်နေဆဲပင်။

သူမသည် အမှန်တကယ်ကို ကောင်းကင်ဘုံနယ်မြေတွင် အစဥ်အမြဲရှိနေခဲ့သည်။

ရုတ်တရက်ပြောင်းလဲသွားသော အဖြစ်အပျက်များသည် လုယွီကို လုံးလုံးလျားလျား အံ့အားသင့်တုန်လှုပ်သွားစေခဲ့သည်။

All Chapters