← Chapters

အခန်း (၄၉၆၁-၄၉၆၅)

Vol. 251 Ch. 4961-4965

အခန်း (၄၉၆၁-၄၉၆၅)

Vol. 251 Ch. 4961-4965

Chapter 4961

ထိတ်လန့်တုန်လှုပ်နေသော ဘုန်းတော်ကြီးများကို ဝေ့ဝိုက်ကြည့်ရင်း ရှကွေ့ကျုံးသည် ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ သူ အတိတ်က အလွန်ဂုဏ်ယူခဲ့သော ဗုဒ္ဓဂိုဏ်းဖြစ်ကာ သူ ကြီးပြင်းခဲ့သောနေရာပင်။

သူ လုပ်ခဲ့သမျှ အရာအားလုံး အချည်းနှီးဖြစ်သွားလေပြီ။ သူ လုပ်ခဲ့သမျှ အရာအားလုံးသည် တခြားလူများ အကွက်ချခဲ့သော လိမ်ညာမှုများအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သူ၏ အတိတ်ကာလသည် ရယ်ရွှယ်ဖွယ်ကောင်းသော အရာများဖြင့် ပြည့်နှက်နေပုံရသည်။

မြွေဖြူသည် သူ့ကို အမြဲတစေ စောင့်မျှော်နေခဲ့သည်။

သူမ၏စိတ်ဝိညာဉ် ခိုးယူခံခဲ့ရသော်လည်း မြွေဖြူသည် သူမ၏ခင်ပွန်းသည်လည်း သူမကို စောင့်မျှော်နေသည်ဟု ခေါင်းမာမာနှင့် ယုံကြည်နေဆဲပင်။

သူမ၏မှတ်ဉာဏ်များသည် ဝေဝါးနေပြီး သူမ၏နတ်ဆိုးအမြုတေသည် ကြေမွှပျက်စီးသွားခဲ့ကာ သူမသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကဲ့သို့သော ဝေးလံခေါင်သီသည့် နေရာသို့ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ သို့ရာတွင် သူမသည် သူမခင်ပွန်း၏ပုံပန်းသွင်ပြင်ကို မှတ်မိနေဆဲပင်။

နတ်ဆိုးသားရဲတစ်ကောင်အတွက် နတ်ဆိုးအမြူတေ ကြေမွှပျက်စီးခြင်းသည် သေစေနိုင်သော ကိစ္စတစ်ရပ်ပင်။ ဤသည်မှာ လူသားတစ်ဦး၏နှလုံးသား ပျက်စီးသွားပြီး အဆက်မပြတ် ညှဉ်းပန်းနှိပ်စက်ခံနေရသည့်အလားပင်။

ရှကွေ့ကျုံးက မျက်လုံးစုံမှိတ်လိုက်သည်။ မရေမတွက်နိုင်သော ညများတွင် မြွေဖြူခံစားခဲ့ရသော နာကျင်မှုကို သူ မြင်ယောင်နိုင်ပေ၏။

ထိုနေ့တွင် ရွှေလိပ်တစ်ကောင်ပေါ်၌ သူ ရှရှန်းနှင့် မြွေနတ်ဆိုးမလေး ဟုန်းကျူလော့ရှန်းတို့ လက်ထပ်ပြီး ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။

သို့ရာတွင် သူတို့၏ပျော်ရွှင်ရသောနေ့သည် ထာဝရခွဲခွာရသောနေ့ ဖြစ်သွားလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။ လောကကြီးတွင် ရှရှန်းမရှိတော့ဘဲ ရက်စက်ကြမ်းကြုတ်ပြီး ဆိုးယုတ်သော နတ်ဘုရားအမတ်ကြီး ရှကွေ့ကျုံးသာ ကျန်ရှိတော့သည်။

"အား...."

ရှကွေ့ကျုံးသည် အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသော အသံဖြင့် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။

ဒေါင်...

အဝေးတစ်နေရာတွင် ကျယ်လောင်ပြီး ပီပြင်းရှင်းလင်းသော ဗုဒ္ဓခေါင်းလောင်းသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

စိတ်ဝိညာဉ်တောင်၏အထက်ရှိ မိုးကောင်းကင်ယံတွင် ကြီးမားသော ရွှေရောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာ၏နံဘေးပတ်လည်တွင် ဗုဒ္ဓသင်္ကေတအက္ခရာများ ဝန်းရံနေပြီး အရှိန်အဝါသည် အလွန်အစွမ်းထက်ကာ ရက်စက်ကြမ်းတမ်းသည်။

စိတ်ဝိညာဉ်တောင်ခြေရှိ မရေမတွက်နိုင်သော သက်ရှိများသည် မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး သူတို့ပေါ်သို့ လွှမ်းမိုးနေသော ဖိအားကို ခံစားနေရသည်။ သူတို့သည် ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေကြပြီး သူတို့၏စိတ်နှလုံးသားအတွင်းတွင် ကြွင်းကျန်နေသည်မှာ လက်အောက်ခံခြင်းပင်။

"လောကအရှင်သခင်...."

"လောကအရှင်သခင်ကို ကြိုဆိုပါတယ်...."

ဗုဒ္ဓဂိုဏ်းဝင်များအားလုံး၏ မျက်လုံးများအတွင်းတွင် အစွန်းရောက်ယုံကြည်ကိုးကွယ်မှုများ ထင်ဟပ်လာပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

ဤဗုဒ္ဓပုံရိပ်ယောင်သည် ကြာပလ္လင်ပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး သူ၏နောက်တွင် ကြီးမားသော အလင်းစက်ဝန်းကြီးတစ်ခု တောက်ပနေသည်။ သူ့ထံမှ အကန့်အသတ်မရှိသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏စွမ်းအားကြောင့် မိုးကောင်းကင်ယံပင် တုန်ခါသွားသည်။ ထိုအလင်းစက်ဝန်း လည်ပတ်သည့်အချိန်တိုင်း သောင်းနှင့်ချီသော သက်ရှိများ၏ပုံရိပ်များ ထင်ဟပ်သွားသည်။ ဤသည်မှာ ကိုးကွယ်ယုံကြည်သူများ၏ အမွှေးနံ့သာစွမ်းအားများမှ ထွက်ပေါ်လာသော သဘာဝလွန်ပုံရိပ်များဖြစ်ပြီး ဗုဒ္ဓသည် လောကရှိ သက်ရှိများအားလုံးကို ထိန်းချုပ်သည်ဟု အဓိပ္ပာယ်ရသည်။

"ဂိုဏ်းကို ပြန်လာပါ...မင်းရဲ့လူသတ်ဓားကို ချထားလိုက်ရင် မင်းက ဗုဒ္ဓတစ်ပါး ဖြစ်နေအုံးမှာပဲ"

မဟာဗုဒ္ဓအရှင်၏အသံသည် မိုးကြိုးတစ်စင်း ပစ်ခတ်လိုက်သည့်အလား ပတ်ဝန်းကျင်နေရာတဝိုက်ရှိ လူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။

ရှကွေ့ကျုံးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဗုဒ္ဓဆိုတာက ဘာလဲ.... သနားဂရုဏာဆိုတာက ဘာလဲ...မင်းတို့ ငါ့ကို ဒုတိယအကြိမ် လှည့်စားတာကို ငါ ခံချင်တယ်လို့ မင်း ထင်နေတာလား"

သူ၏အသံသည် ပွင့်လင်းပြီး ရိုးသားကာ သူသည် သေခြင်းတရားကို မကြောက်ချေ။

မဟာဗုဒ္ဓအရှင်၏အသံ အေးစက်တင်းမာသွားပေ၏။

"မင်းက နတ်ဆိုးလမ်းစဉ်ထဲကို ကျရောက်သွားခဲ့ပြီ"

ဤစကားကိုကြားချိန်တွင် ရှကွေ့ကျုံး၏ မျက်နှာပေါ်၌ မောက်မာထောက်လွှားမှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"နတ်ဆိုးလမ်းစဉ်ထဲကို ကျရောက်သွားတာက မင်းတို့ပဲ....ဒီနေ့ ငါ့ရဲ့ဗုဒ္ဓကျမ်းစာကိုသုံးပြီးတော့ မင်းတို့ရဲ့ အတုအယောင်စိတ်ဝိညာဉ်တောင်ကို ဖျက်ဆီးပစ်မယ်"

ရှကွေ့ကျုံး၏ အသံ ပျောက်ကွယ်သွားသည်နှင့်အတူ သူ၏ပုံရိပ်ယောင်တစ်ခုလုံး ပေါက်ကွဲသွားသည်။

ကြေမွှသွားသော မှော်စွမ်းအားများသည် စိတ်ဝိညာဉ်တောင်၏အထက်ရှိ လေထုအတွင်းတွင် ပျောက်ကွယ်သွားသော်လည်း ဤသည်မှာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသော ကောင်းကင်ဘုံတေးသံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

"ငါ ကြားလျှင်..."

ရှည်လျားသော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံတစ်သံသည် စိတ်ဝိညာဉ်တောင်၏ ထောင့်တစ်နေရာတိုင်းသို့ ပျံ့နှံ့သွားပေ၏။

အချိန်တခဏအတွင်းမှာပင် စိတ်ဝိညာဉ်တောင်ပေါ်ရှိ ဘုန်းတော်ကြီးများနှင့် ကိုးကွယ်ယုံကြည်သူများအားလုံးသည် ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းသော ကျမ်းစာရွတ်ဆိုသံကို ကြားလိုက်ရသည်။

ဤစကားလုံးတစ်လုံးစီတိုင်းသည် လူတိုင်း၏ နှလုံးသားအတွင်းတွင် ပဲ့တင်ထပ်သွားသော မိုးကြိုးတစ်စင်းအလားပင်။

ဤသည်မှာ သူတို့ တစ်ကြိမ်တစ်ခါမျှ မထိတွေ့ဖူးသော ဗုဒ္ဓကျမ်းစာတစ်ခုပင်။ စိတ်ဝိညာဉ်တောင်တစ်တောင်လုံးတွင် မရေမတွက်နိုင်သော ဗုဒ္ဓကျမ်းစာများ ရှိသော်လည်း ဤဗုဒ္ဓကျမ်းစာမျိုး မရှိချေ။

"ဒါကြောင့်ကိုး... ငါ ကျင့်ကြံနေတာ အတိအကျက ဘာလဲ..."

"ဘာက အမှန်လဲ...ဘာက အတုအယောင်လဲ... ဘာဖြစ်လို့ အရမ်းအစွမ်းထက်တဲ့ ရှဗုဒ္ဓအရှင်တောင် ရူးသွပ်သွားရတာလဲ...လောကကြီးမှာ အမှန်တရားက ဘာလဲ"

အမွှေးနံ့သာစွမ်းအားများ လှုပ်ခတ်သွားခြင်း...

မတည်ငြိမ်သော သက်ဝင်ယုံကြည်မှုစွမ်းအားများ...

မရေမတွက်နိုင်သော ဗုဒ္ဓဘုရားကျောင်းများတွင် ဖယောင်းတိုင်မီးလျှံများသည် ပြင်းထန်သောလေဖြင့် တိုက်ခတ်ခံရသကဲ့သို့ တဖျတ်ဖျတ် လူးလွန့်နေသည်။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် ဗုဒ္ဓကျမ်းစာရွတ်ဆိုသံ ရုတ်တရက် ရပ်တန့်သွားသည်။ မဟာဗုဒ္ဓအရှင်၏ ဒေါသတကြီး အော်ငေါက်သံသည် မိုးကြိုးသံပစ်ခတ်သံအလား လူများအားလုံး၏နားများအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

"ဒါက နတ်ဆိုးကျမ်းစာပဲ...ဒီကျမ်းစာက လူတွေရဲ့စိတ်ကို လှည့်စားနိုင်တယ်...ဘယ်သူမှ ကျင့်ကြံခွင့်မရှိဘူး...ဘယ်သူမှ မှတ်သားခွင့်မရှိဘူး...မနာခံသူတွေကို သစ္စာဖောက်တွေအဖြစ် သတ်မှတ်ပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်"

"ဒါ့ပြင် ရှကွေ့ကျုံးက နတ်ဆိုးပူးကပ်ခံလိုက်ရပြီ"

Chapter 4962

မည်းမှောင်သော တိမ်တိုက်များ တလိမ့်လိမ့်တက်လာပြီး မိုးကောင်းကင်ယံကို လွှမ်းခြုံသွားကာ အေးစက်သောလေသည် ရှကွေ့ကျုံး၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားပေ၏။

ရှကွေ့ကျုံးသည် မြွေဖြူကို သူ၏လက်များဖြင့် ပွေ့ဖက်ထားပြီး ကြေကွဲဝမ်းနည်းစွာ ကြည့်နေသည်။ သူသည် သူ၏ရန်သူကို သင်ခန်းစာပေးနိုင်ခဲ့သော်လည်း သူသည် မည်သည့် ပျော်ရွှင်မှု သို့မဟုတ် နာကျည်းမုန်းတီးမှုကိုမျှ မခံစားနိုင်ချေ။

မြွေဖြူသည် အသက်မရှူတော့ချေ။ သူမ၏ နတ်ဆိုးအမြုတေသည် ကြေမွှပျက်စီးသွားပြီး သူမသည် သေလုမျောပါး ဖြစ်နေလေပြီ။

အမှန်အားဖြင့် စုရူ တော်ဝင်မြို့တော်သို့ မလာမီကတည်းက လုယွီသည် သူမ၏ ပြဿနာကို ထွင်းဖောက်မြင်ခဲ့ပြီးဖြစ်သည်။ သူမ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်သည် အလွန်ဆိုးရွားစွာ ပျက်စီးနေပြီး ဆက်လက်၍မတည်တံ့နိုင်တော့ချေ။

ဤသည်မှာ သူမ၏ကျင့်ကြံဆင့်နယ်ပယ်နှင့် မသက်ဆိုင်ပေ။ ကြေမွှပျက်စီးနေသော မှန်ကို မည်မျှပင် ပြုပြင်စေကာမူ ဤသည်မှာ အက်ကွဲနေဆဲ ဖြစ်ပေမည်။

စုရူ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူမ၏စိတ်နှလုံးသားအတွင်းမှ စိတ်ဆန္ဒတစ်ခုကြောင့်ပင်။

ယခုချိန်၌ သူမ၏ခင်ပွန်းကို ရှာဖွေတွေ့ရှိသွားပြီဖြစ်သောကြောင့် ဤစိတ်ဆန္ဒ ပြည့်ဝသွားခဲ့သည်။

လုံလောက်သော စိတ်ဆန္ဒမရှိတော့သဖြင့် မြွေဖြူ၏စိတ်ဝိညာဉ်သည် ချက်ချင်းအက်ကွဲသွားသည်။ သူမထံတွင် ပြန်လည်အသက်ဝင်လာရန် စွမ်းအားမရှိတော့သည့် အခြေအနေ ဖြစ်နေလေပြီ။ ရှကွေ့ကျုံးမှ သူမကို နယ်မြေသခင်နယ်ပယ်သို့ အတင်းအကျပ် မြှင့်တင်ပေးလျှင်ပင် ဤသည်မှာ အသုံးမဝင်ချေ။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ရှကွေ့ကျုံးသည် မိန်းမောတွေဝေစွာဖြင့် တီးတိုးရေရွတ်လိုက်၏။

လုယွီသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသားအတွင်းတွင် သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။

သို့ရာတွင် ဖူကျစ်ရွှယ်က ဒေါသတကြီး အော်ဟစ်လေသည်။

"ရှကွေ့ကျုံး...မင်းက မင်းကိုယ်မင်း ဘယ်သူမှအနိုင်မယူနိုင်တဲ့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်လို့ ပြောခဲ့တယ်မဟုတ်လား... ဒါဆိုရင် မင်းရဲ့အရည်အချင်းက သူ့ကို နောက်ကွယ်ကနေ ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးဖို့ပဲလား....သူရဲဘောကြောင်တဲ့လူတစ်ယောက်လို မင်းကိုယ်မင်း သနားမနေနဲ့... နည်းလမ်းတစ်ခုကို စဉ်းစားစမ်း...သူ့ရဲ့ ဝိညာဉ်က အက်ကွဲသွားတော့မယ်"

"ဒါက ငါ့ရဲ့အမှားပဲ.... ငါ မင်းကို ပြန်ပေးဆပ်ရမယ်"

ရှကွေ့ကျုံးသည် သူ၏ရည်မှန်းချက်ကို တွေ့ရှိသွားပုံရပြီး ဆက်တိုက်တီးတိုးရေရွတ်နေသည်။

ထို့နောက် သူ၏မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အရပ်မျက်နှာအဘက်ဘက်က အမွှေးနံ့သာစွမ်းအားတွေအားလုံး....ငါ့ဆီကို စုဝေးလာကြစမ်း... "

ယခုအချိန်တွင် ရှကွေ့ကျုံး၏ စကားများသည် တော်ဝင်အမိန့်တော်တစ်ခုကဲ့သို့ဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပျံ့နှံ့သွားကာ အထွတ်အထိပ်ဖိအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။

သူပြောသော စကားတစ်လုံးစီတိုင်းသည် အထက်ကောင်းကင်ဘုံမှ မြင့်မြတ်သော စကားများကဲ့သို့ဖြစ်နေပြီး လူအများကို ဆန့်ကျင်ဝံ့ခြင်း မရှိစေချေ။

သူ၏အသံ ပဲ့တင်ထပ်သွားသည်နှင့် တော်ဝင်မြို့တော်ရှိ ဘုရားကျောင်းအားလုံးမှ အမွှေးနံ့သာစွမ်းအားများ အထိန်းအကွပ်မဲ့စွာ ပျံ့လွင့်လာပေ၏။

ဘုန်းတော်ကြီးများသည် ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ ဘုရားကျောင်းများမှ ဘုန်းတော်ကြီးအမြောက်အများသည် သူ့ကို တားဆီးလိုကြသော်လည်း သူတို့မည်သည့် မှော်မန္တာန်များကို အသုံးပြုသည်ဖြစ်စေ အသုံးမဝင်ခဲ့ချေ။

ဤကောင်းကင်နှင့်မြေပြင်အကြားတွင် ရှကွေ့ကျုံးသည် ရှေးဟောင်းဗုဒ္ဓကျမ်းစာများကို ကျင့်ကြံသော အစစ်အမှန်ဗုဒ္ဓတစ်ပါးပင်။

အကန့်အသတ်မရှိသော အမွှေးနံ့သာစွမ်းအားများနှင့် ကိုးကွယ်ယုံကြည်မှုစွမ်းအားများသည် ရှကွေ့ကျုံး၏ရှေ့တွင် ရွှေရောင်မြစ်တစ်စင်းကဲ့သို့ ပြန့်ကျဲသွားသည်။

ရှကွေ့ကျုံးသည် လက်စည်းတံဆိပ်များကို အဆက်မပြတ် ပြုလုပ်ပြီး အမွှေးနံ့သာစွမ်းအားမြစ်ပေါ်သို့ ကျရောက်သွားစေသည်။ အချိန်တဏအတွင်းမှာပင် ထိုမြစ်သည် စုစည်းသွားပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်ပြီး လုံးဝန်းသော ရွှေရောင်အမြူတေတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားပေ၏။

ထိုရွှေရောင်အမြုတေသည် ပထမဆုံး အလင်းတန်းများဖြင့် လင်းလက်သွားပြီးနောက် အရောင်ငါးမျိုးရှိသော ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားကာ ရောင်စုံမြင်ကွင်းတစ်ခုကို ထင်ဟပ်စေသည်။

"ကိုးကွယ်ယုံကြည်မှု ရွှေအမြုတေ"

လုယွီသည် ထိုရွှေရောင်အမြူတေကို မြင်တွေ့ချိန်၌ သူ၏မျက်ခုံးများ ချက်ချင်းမြင့်တက်သွားသည်။

ဤရွှေအမြူတေသည် အလွန်အဖိုးတန်ပေ၏။ သာမန်လူများသည် ကိုးကွယ်ယုံကြည်မှုစွမ်းအား တိုက်ရိုက်မစုပ်ယူနိုင်ချေ။ နတ်ဘုရားနှင့်ဗုဒ္ဓများသာ ကိုးကွယ်ယုံကြည်မှုစွမ်းအားများကို ဤကဲ့သို့ ရွှေအမြူတေအဖြစ်သို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းလဲနိုင်သည်။

ဤသည်မှာ မသေမျိုးအဆင့် ဆေးလုံတစ်လုံးဖြင့် တူညီပြီး ကိုးကွယ်ယုံကြည်မှုရွှေအမြူတေသည် ပုပ်သိုးနေသောအရာကို မှော်ဆန်သောအရာအဖြစ်သို့ ပြောင်းလဲနိုင်သော အံ့အားသင့်ဖွယ်အကျိုးသက်ရောက်မှုရှိသည်။

ရှကွေ့ကျုံးသည် ကိုးကွယ်ယုံကြည်မှုရွှေအမြူတေကို ကောက်ယူပြီး မြွေဖြူကို ဂရုတစိုက် ခွံကျွေးလိုက်သည်။

ဘုန်း....

အကန့်အသတ်မရှိသော ကိုးကွယ်ယုံကြည်မှုစွမ်းအားများသည် မြွေဖြူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပေ၏။ အချိန်တခဏအတွင်းမှာပင် မြွေဖြူ၏အကြေးခွံများအားလုံးမှ တောက်ပသော အလင်းတန်းများနှင့် တုန်လှုပ်ဖွယ်ကောင်းသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်လိုက်ပြီး သူမ၏ ကျင့်ကြံဆင့် ပို၍မြင့်တက်လာသည်။

ရှကွေ့ကျုံး၏အရှိန်အဝါ လျော့နည်းသွားသည်ကို ခံစားမိသည့်အလား မြွေဖြူ၏ခန္ဓာကိုယ်မှနေ၍ မျှော်လင့်ချက်မဲ့သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် မှိန်ဖျော့သော စိတ်ဝိညာဉ်အမျှင်တန်းသည် မြွေဖြူ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပေ၏။

ဤသည်မှာ ရိုးရှင်းသော မိန်းကလေးတစ်ဦး၏ စိတ်ဝိညာဥ်ပုံရိပ်ပင်။ သူမသည် ရှကွေ့ကျုံးကို တွေဝေမိန်းမောစွာ စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာကို ထိတွေ့လိုသဖြင့် သူမ၏လက်ကို ဖြည်းညှင်းစွာ ဆန့်တန်းလိုက်သည်။

Chapter 4963

သို့ရာတွင် စုရူ၏စိတ်ဝိညာဉ်မှလက်သည် ရှကွေ့ကျုံး၏မျက်နှာကို ဖြတ်သန်းသွားပြီး မည်သို့မျှ ထိတွေ့နိုင်ခြင်းမရှိချေ။

သူ၏ရှေ့မှ လှပသောပုံရိပ်လေးကို ကြည့်ရင်း ရှကွေ့ကျုံးသည် သူ၏လက်ကို မြှောက်ကာ ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။ သူတို့၏ လက်ချောင်းများ လေထုအတွင်းတွင် ဖြတ်ကျော်သွားသော်လည်း လုံးလုံးလျားလျား မထိတွေ့နိုင်ခဲ့ကြပေ။

ဝမ်းနည်းပူဆွေးမှုလှိုင်းတစ်ရပ်သည် ရှကွေ့ကျုံး၏ စိတ်နှလုံးသားအတွင်းတွင် ပဲ့တင်ထပ်သွားသည်။

သူ ရုတ်တရက် အော်ဟစ်လိုက်သည်။

"ဒီဘဝမှာ ငါမင်းကို အကြွေးတင်တယ်"

ထိုသို့ပြောပြီးနောက် ရှကွေ့ကျုံး၏မျက်လုံးအတွင်းမှ မျက်ရည်များ အဆက်မပြတ် ယိုစီးကျလာပြီး သူသည် စွန့်ပစ်ခံရသော ကလေးတစ်ယောက်အလားပင်။

စုရူ၏စိတ်ဝိညာဉ်ပုံရိပ်သည် တစ်စုံတစ်ခုကို ပြောနေသော်လည်း ရှကွေ့ကျုံးမှာမူ မကြားနိုင်တော့ချေ။

ကိုးကွယ်ယုံကြည်မှုရွှေရောင်အမြူတေ၏ စွမ်းအားသည် မြွေဖြူ၏ ကြေမွှပျက်စီးနေသော စိတ်ဝိညာဉ်ကို ပြုပြင်ပေးခဲ့ပြီး ဤသည်မှာ တခြားစိတ်ဝိညာဉ်များထက် များစွာပို၍သာလွန်သည်။

ပြန်လည်ဝင်စားခြင်းဖြစ်လျှင်ပင် ထိုကဲ့သို့သော စိတ်ဝိညာဉ်ထံတွင် ကံကြမ္မာကောင်း ရှိနေဆဲပင်။ သူမသည် နတ်ဘုရားတစ်ပါးအဖြစ်သို့ပင် ပြန်လည်ဝင်စားနိုင်ပြီး နောက်ဘဝတွင် လောကကြီးကို တုန်လှုပ်စေနိုင်သည့် အရည်အချင်းမျိုးရှိသော တည်ရှိမှုကြီးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ဤသည်မှာ ရှကွေ့ကျုံး မြွေဖြူအတွက် လုပ်ပေးနိုင်သော နောက်ဆုံးအရာပင်။

မြွေဖြူ၏စိတ်ဝိညာဉ်သည် ကောင်းကင်သို့ ပျံသန်းသွားပြီး ပြန်လည်ဝင်စားခြင်းဥပဒေသက သူမကို ဝါးမြိုသွားသည်။ ရှကွေ့ကျုံးသည် မိုးကောင်းကင်ယံကို တွေဝေမိန်းမောစွာ စိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို ရေရွတ်နေသော်လည်း မည်သည့်စကားသံမျှ ထွက်မလာခဲ့ချေ။

"ဖြောင်း...."

ရုတ်ချည်းဆိုသလိုပင် ဖူကျစ်ရွှယ်က ရှေ့သို့ထွက်လာပြီး ရှကွေ့ကျုံးကို ပြင်းပြင်းထန်ထန် ပါးဖြတ်ရိုက်လိုက်သည်။

"မင်းအခု ကျေနပ်ပြီလား..မင်း ကျေနပ်ပြီလား..."

ဖူကျစ်ရွှယ်သည် ရှကွေ့ကျုံး၏လည်ပင်းကို ဆုပ်ကိုင်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ရှကွေ့ကျုံးက ခေါင်းငုံ့လိုက်ပြီး သူ၏ဗုဒ္ဓပုံရိပ်ယောင်မှ ဆံပင်များ အဖြူရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာပြီး သူသည် ကြေကွဲဝမ်းနည်းစွာဖြင့် ဖူကျစ်ရွှယ်ကို ကြည့်လိုက်သည်။

"ဟုတ်တယ်.... ငါ တောင်းပန်ပါတယ်... ငါ သူ့ကို စိတ်ပျက်စေခဲ့တယ်"

ရှကွေ့ကျုံးက ခါးသည်းစွာ ပြုံးလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓစွမ်းအားများအားလုံးလုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

"မင်း တောင်းပန်ပါတယ်လို့ အခါတစ်သောင်း ပြောနေရင်တောင် ဘာအသုံးဝင်မှာလဲ... အရင်တုန်းက သူရဲ့အကူအညီသာမရှိရင် မင်းနဲ့ငါ နတ်ဆိုးဂိုဏ်းရဲ့လက်ထဲမှာ သေသွားလောက်ပြီ... မင်းက အရမ်းရည်မှန်းချက်ကြီးတယ်လို့ ငါသတိပေးခဲ့တယ်... မင်းက အရာအားလုံးကို တိုက်ခိုက်ချင်တယ်.... မင်းက အရာအားလုံးကို ရယူချင်တယ်...နောက်ဆုံးတော့ မင်းက ရှမိသားစုရဲ့လှည့်ကွက်ထဲကို ကျသွားပြီးတော့ သူတို့ရဲ့ ရုပ်သေး ဖြစ်သွားတယ်...ဒါက မင်းနဲ့ထိုက်တန်တယ်.... ဒါပေမဲ့ မင်းက သူ့ကို ဒုက္ခပေးခဲ့တယ်"

ဖူကျစ်ရွှယ်က ရှကွေ့ကျုံးကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

"ရှရှန်း...အရင်တုန်းက မင်းနဲ့ငါ မသိခဲ့ရင် တကယ်ကောင်းမှာပဲ...အဲ့ဒီလိုသာဆိုရင် ငါတို့တွေ နတ်ဆိုးဂိုဏ်းကို အတူတူသွားပြီး ဖျက်ဆီးခဲ့မှာမဟုတ်ဘူး... ငါတို့ သူနဲ့ တွေ့ခဲ့မှာမဟုတ်ဘူး... ငါတို့ သူ့ကို သူရဲ့ကျင့်ကြံရာကနေ နိုးထစေခဲ့မိမှာ မဟုတ်ဘူး"

ရှကွေ့ကျုံး၏မျက်နှာ ဖြူဖျော့နေပြီး အတိတ်ကို ပြန်စဉ်းစားနေသည်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် သူ၏စိတ်နှလုံးသားအတွင်း ထိုးစိုက်နေသည့် မရေမတွက်နိုင်သော ဓားများအလားပင်။

မိုးကောင်းကင်တွင် ကြယ်ကြွေတစ်စင်း ဖြတ်သန်းသွားသည်။

ဖူကျစ်ရွှယ်က မော့ကြည့်ပြီး အော်ဟစ်လိုက်၏။

"ရှရှန်း.... ငါက မင်းနဲ့မတူဘူး...သူက ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် ငါ ပြန်ပေးဆပ်ရမယ်"

"ငါ သူ့ရဲ့ ပြန်လည်ဝင်စားခြင်းကို သွားရှာပြီးတော့ သူ့ရဲ့ အစောင့်အရှောက်အဖြစ် နေမယ်... ရှရှန်း မင်းမှာ အသိစိတ်ရှိသေးရင် မင်းရဲ့ဘဝတလျှောက်လုံး သူကို မင်းကို ဘယ်တော့မှ ထပ်မတွေ့စေနဲ့...."

မျက်စိတစ်မှိတ်အတွင်းမှာပင် ဖူကျစ်ရွှယ်သည် ဓားပျံကို ထိန်းချုပ်ပြီး ကြယ်ကြွေနောက်သို့ လိုက်သွားသည်။

ရှကွေ့ကျုံးက မျက်လုံးစုံမှိတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်သည်။ သူသည် မူးမေ့လဲကျသွားလုနီးပါး ခံစားနေရလေ၏။

လုယွီသည် ဘေးလူတစ်ယောက်ကဲ့သို့ ဤအရာအားလုံးကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။

"မင်းမှာ မေးချင်တာရှိရင် ငါ့ကို မေးလို့ရတယ်"

ရှကွေ့ကျုံးက ရုတ်တရက် ပြောဆိုသည်။

အစောပိုင်းက သူ ထိန်ချန်ထားခဲ့သော အမွှေးနံ့သာစွမ်းအားများ၏ အကူအညီဖြင့် သူ၏ဗုဒ္ဓခန္ဓာကိုယ်ကို တဖန်ပြန်၍စုစည်းခဲ့သည်။ ယခုအချိန်တွင် သူ၏ဗုဒ္ဓခန္ဓာကိုယ်သည် ကြီးကျယ်ခမ်းနားသော အခြေအနေသို့ တဖန်ပြန်၍ရောက်ရှိသွားပေ၏။

သို့ရာတွင် ဤဗုဒ္ဓခန္ဓာကိုယ်တွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားသော သဘောထား မရှိတော့ချေ။ ထိုအစား အဆုံးမရှိသော ဆိတ်သုဉ်းခြောက်ကပ်မှု၏ခံစားချက်ဖြင့် အစားထိုးခံလိုက်ရသည်။

လုယွီက ရှကွေ့ကျုံးကို အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးမှ မေးမြန်းလိုက်သည်။

"ကျီးချန်ယွီ...ဘယ်မှာလဲ...."

ရှကွေ့ကျုံး ခေါင်းမော့ပြီး သက်ပြင်းတစ်ချက် ရှိုက်ကာ ပြောဆိုလေ၏။

"ငါ မင်းကို ပြောပြလည်း ကိစ္စမရှိဘူး...သူက အခု ရှန်လင်းလုံရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"

ဘာ...

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ၏မျက်နှာပေါ်တွင် မည်သည့် ခံစားချက်အမူအယာမျိုးကိုမျှ မပြသခဲ့ချေ။

"ရှန်လင်းလုံက သူ့ကို ဘာလို့ ဖမ်းချင်တာလဲ"

Chapter 4964

ရှကွေ့ကျုံးက သက်ပြင်းရှိုက်လိုက်သည်။

"ရှန်လင်းလုံက အရမ်းတော်တဲ့မိန်းမပဲ...သူက အာဏာကို ဘယ်လိုချေးငှားရမလဲဆိုတာသိတယ်... သူနဲ့ငါက အပြန်အလှန်အသုံးချနေကြတာပဲ"

"အဲဒီနေ့က ငါက အောက်ဘုံတစ်ခုစီကို အမိန့်တော်တွေပို့ပြီး အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ မိန်းကလေးတစ်ယောက်ကို ရှာခိုင်းခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့က တစ်စုံတစ်ယောက်က ကျီးချန်ယွီကို ရှာတွေ့ခဲ့တယ်...ဒါကြောင့် ငါ့ရဲ့ကိုယ်ပွားကိုလွှတ်ပြီး အဲဒီမိန်းကလေးကို ကောင်းကင်ဘုံနယ်မြေဆီ ခေါ်လာခဲ့တယ်...ငါက သူ့ကို ရှန်လင်းလုံဆီ လွှဲပေးခဲ့တယ်...အဲ့ဒီနောက်မှာ ငါ ဘာမှမမေးတော့ဘူး..."

ရှကွေ့ကျုံးအတွက် ထိုအချိန်က ကျီးချန်ယွီသည် အသေးအမွှားတည်ရှိမှုတစ်ခုပင်။

သူမသည် အောက်ဘုံရှိ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံရှိသော မိန်းကလေးတစ်ဦးသာဖြစ်ပြီး သူသည် မြင့်မြတ်သော နတ်ဘုရားအမတ်ကြီးတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးကြားမှ အဆင့်အတန်းကွာခြားချက်မှာ ကောင်းကင်နှင့်မြေပြင်အလားပင်။ ရှကွေ့ကျုံးက ထိုကဲ့သို့သော မိန်းကလေးတစ်ဦး၏ အသက်ရှင်သေခြင်းရှင်ခြင်းကို မည်သည်ကြောင့် ဂရုစိုက်မည်နည်း။

"ရှန်လင်းလုံ ထပ်ဖြစ်ပြန်ပြီ...သူက ဘာလုပ်ချင်နေတာလဲ..."

လုယွီ၏စိတ်နှလုံးသား ပို၍ပို၍လေးလံလာသည်။

သူ့အား ကြိုဆိုလက်ဆောင်အဖြစ် စီနီယာအစ်ကိုခွေးဝါကြီးက သူ့အား ပေးခဲ့သည်မှာ အလွန်ရှေးကျသော ကံကြမ္မာနည်းစနစ်တစ်ခုဖြစ်ပြီး နက်နဲသိမ်မွေ့သည်။

အတိတ်တွင် ပိုင်ဆုချင်ကို ဗုဒ္ဓဂိုဏ်းမှ ဖမ်းဆီးခဲ့သည်။ သူမသည် ကြယ်နယ်မြေပေါင်းများစွာ ကွာဝေးနေသောနေရာ၌ ရှိနေသော်လည်း လုယွီသည် ပိုင်ဆုချင်၏ကံကြမ္မာလမ်းကြောင်းများကို ရှာဖွေနိုင်ခဲ့လေ၏။

သို့ရာတွင် ယခုချိန်တွင်မူ ကျီးချန်ယွီ၏ တည်နေရာကို တဖန်ပြန်၍တွက်ချက်သည့်တိုင် သူသည် ကံကြမ္မာလမ်းကြောင်းများအားလုံး မြူခိုးများဖြင့် ပိတ်ဆို့နေသည်ကို တွေ့ရှိခဲ့ပြီး သူမ မည်သည့်နေရာ၌ ရှိနေသည်ကို လုံးလုံးလျားလျား မမြင်နိုင်တော့ချေ။

လုယွီသည် ရှန်လင်းလုံ၏အကြောင်းကို အလွန်ကောင်းစွာ သိရှိထားသည်။ ဤမိန်းမသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အမြဲတစေ ပြင်ဆင်ထားပေလိမ့်မည်။ သူမသည် အကြောင်းပြချက်မရှိဘဲ မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ချေ။

"မိုးသည်းထန်စွာ ရွာပြီးတဲ့နောက် ဒီမှောင်မိုက်တဲ့လောကကြီးကို နောက်ဆုံးမှာ သန့်စင်ဆေးကြောနိုင်ပြီ"

ရှကွေ့ကျုံးက မိုးကောင်းကင်ယံကို ကြည့်လိုက်သည်။

ယခုအချိန်တွင် မိုးကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး မိုးစက်များ စတင်၍ကျဆင်းနေလေပြီ။

တော်ဝင်မြို့တော်တစ်ခုလုံး၏အထက်တွင် တိန်မည်းများ လွှမ်းခြုံနေပြီး အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းသော အခြေအနေ၌ ရှိနေသည်။

သို့ရာတွင် မည်သူမျှ မိုးခိုရန် မကြိုးစားကြချေ။ လူများအားလုံးသည် အဝေးမှ ကြည့်ရှုနေကြပြီး ဤတိုက်ပွဲ၏အဖြေကို စောင့်မျှော်နေကြ၏။

"မိုးက ဒီလောကကြီးကို မဆေးကြောနိုင်ဘူး....လူသားတွေရဲ့ အစွမ်းအစကို အားကိုးမှသာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်လိမ့်မယ်"

လုယွီက ပြောဆိုသည်။

"ငါက မင်းတို့အားလုံးနဲ့မတူဘူး... ငါလုပ်ချင်တဲ့အရာကို မင်းတို့တွေထဲက ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူး"

ရှကွေ့ကျုံးက လုယွီကို စူးစိုက်ကြည့်ပြီး တည်ကြည်လေးနက်သော အမူအယာဖြင့် မေးမြန်းလိုက်၏။

"ငါ အသေးစိတ်ကို သိခွင့်ရှိမလား"

လုယွီက တုံ့ပြန်အဖြေပေးသည်။

"အောက်ဘုံဖြစ်ဖြစ် ကောင်းကင်ဘုံဖြစ်ဖြစ် အဲ့ဒါတွေ အားလုံးက မီးဖိုတစ်ခုပဲ... သာမန်လူတွေက ကျင့်ကြံချင်တယ်... ကျင့်ကြံသူတွေက ထာဝရအသက်ရှင်ချင်တယ်... လူတိုင်းက တပ်မက်မှုရဲ့ ထိန်းချုပ်မှုကို ခံနေရတယ်"

"တစ်ချိန်က ထိပ်သီးကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာခဲ့ဖူးတယ်....သူ့ရဲ့စွမ်းအားက လောကကြီးကို တုန်လှုပ်စေခဲ့တယ်...အလယ်ခေတ်က အလင်းရောင်စစ်ဧကရာဇ်နဲ့ ထန်ထိုက်ကျုံးတို့နှစ်ယောက်လုံးက သူတို့ရဲ့မှော်စွမ်းအားတွေနဲ့ မျိုးနွယ်တွေအားလုံးကို နှိမ်နင်းနိုင်တဲ့ တည်ရှိမှုတွေပဲ...သူတို့တွေ အသက်ရှင်နေတုန်းက ဒဏ္ဍာရီတွေ ချန်ထားခဲ့ကြတယ်...ဒါပေမဲ့ သူတို့သေပြီး နှစ်တစ်ရာအကြာမှာ ကောင်းကင်ဘုံနယ်မြေက ထပ်ပြီး ရှုပ်ထွေးသွားတယ်...သူတို့အချင်းချင်း သတ်ဖြတ်ကြတယ်... သူတို့ရဲ့နာမည်တွေကို သမိုင်းမှတ်တမ်းမှာ ချန်ထားခဲ့တာကလွဲရင် လူသားမျိုးနွယ်အပေါ် ဘာပြောင်းလဲမှုမှ မဖြစ်စေခဲ့ဘူး"

"အလယ်ခေတ်မှာ သာမန်လူတွေက ဝက်တွေခွေးတွေလိုဖြစ်ပြီးတော့ ကျင့်ကြံသူတွေက ကျွန်တွေလိုပဲ...ထိပ်သီးတည်ရှိမှုကြတွေက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တယ်... သူတို့ဆန္ဒရှိသလို သတ်ဖြတ်လုယက်ခွင့်ပြုတယ်...မြို့တစ်မြို့ကို သတ်ဖြတ်တာက သာမန်အဖြစ်အပျက်တစ်ခုပဲ...တာယွီတော်ဝင်နန်းတော် တည်ထောင်ပြီး အာဏာပိုင်တွေရဲ့ ကန့်သတ်ခြင်းကို ခံရပေမဲ့ နေရာတိုင်းမှာ ဂိုဏ်းအင်အားစုတွေရှိနေတုန်းပဲ...နေရာတချို့မှာ စည်းမျဉ်းစည်းကမ်းဆိုတာ မရှိဘူး....ကျင့်ကြံသူတွေ အပြင်ထွက်တဲ့အချိန်တိုင်း သတိထားရတယ်... သူတို့ သတိမထားရင် လောဘကြီးတဲ့လူတွေရဲ့ သတ်ဖြတ်လုယက်တာကို ခံရမယ်...ဒီလိုအခြေအနေမှာ ထိုက်ချမ်ဧကရာဇ်ကပဲ သူ့ရဲ့သံမဏိလက်သီးနဲ့ နှိမ်နင်းနိုင်ခဲ့တယ်..အဲဒီအချိန်ကျမှ ကောင်းကင်ဘုံနယ်မြေက အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းသွားခဲ့တယ်"

ရှကွေ့ကျုံး၏ မျက်ခုံးများ တွန့်ကွေးသွားပြီး အလျင်အမြန် ပြောဆိုသည်။

"မင်းက ထိုက်ချမ်ဧကရာဇ်ဆီကနေ သင်ယူချင်တာလား..."

"ငါ သူ့ဆီကနေ မသင်ယူဘူး...ဘာလို့လဲဆိုတော့ သူ ကျရှုံးခဲ့လို့ပဲ...ငါက သူ့ထက်ပိုပြီး ရှေ့ဆက်သွားချင်တယ်"

လုယွီက ရှကွေ့ကျုံးကို ကြည့်ပြီး ပြောဆိုလိုက်၏။

"ငါက စည်းမျဥ်းတွေကို ပြန်တည်ဆောက်ပြီးတော့ ဒီလောကကြီးရဲ့ ရှုပ်ထွေးပွေလီမှုတွေကို အဆုံးသတ်မယ်"

"မင်း ဒီလိုလုပ်ရင် လူအများကြီးကို ဒေါသထွက်စေလိမ့်မယ်....မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကိုတောင် အနှောင့်အယှက်ဖြစ်စေလိမ့်မယ်"

ရှကွေ့ကျုံးက သက်ပြင်းရှိုက်လိုက်သည်။

"အလယ်ခေတ်မှာ မင်းလိုလူတွေ အများကြီးရှိခဲ့တယ်....ပါရမီရှင်လူငယ်တွေ နိုးထလာတဲ့အချိန်မှာ ဘယ်သူမှ သူတို့ကို မတားနိုင်ဘူး... သူတို့က ဒီခေတ်ကာလအရဆိုရင် ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့ လူတွေပဲ....မင်းက သူတို့ဆီကနေ ဘာလို့မသင်ယူတာလဲ... မင်းက ကောင်းကင်ဘုံရဲ့ တစ်ဦးတည်းသော အုပ်စိုးရှင်ဖြစ်လာရင် ပိုကောင်းလာမယ် မဟုတ်လား..."

လုယွီ ခေါင်းခါပြလိုက်၏။

"ငါ စောင့်လို့မရဘူး...လူသားတွေလည်း မစောင့်နိုင်ဘူး"

Chapter 4965

"ငါ ရေးခဲ့တဲ့ တောင်တန်းနဲ့ပင်လယ်ကျမ်းစာကို မင်းကို ကြည့်ခွင့်ပေးမယ်"

လုယွီ၏နတ်ဘုရားစိတ်အာရုံမှ တောက်ပသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းတန်းများအကြားတွင် ကျမ်းစာတစ်စောင်ရှိနေကာ ရုတ်တရက် ရှကွေ့ကျုံး၏ရှေ့သို့ ရောက်ရှိလာသည်။

"မြေပြင်ရှိရာ သွေးကြောခြောက်လွှာပေါင်းစပ်၍ ဖွဲ့စည်းထားသော ပင်လယ်လေးစင်းတွင် နေနှင့်လတို့ ထွန်းလင်းတောက်ပပြီး ကျမ်းစာသည်လည်း ကြယ်တာရာများဖြင့် ထွန်းလင်းတောက်ပနေသည်..."

ဤှသည်မှာ တောင်တန်းနှင့်ပင်လယ်ကျမ်းစာမှ ပင်လယ်သမုဒ္ဒရာများ၏ မှတ်တမ်းတစ်ခုပင်။

ရှကွေ့ကျုံး၏ နတ်ဘုရားစိတ်အာရုံ လှုပ်ခတ်သွားသည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအကြာတွင် သူသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာတစ်ခုလုံးကို ဖတ်ရှုပြီးဖြစ်သည်။

"လောကနှစ်ခုတောင်တန်းအပြင်ဘက်မှာ တကယ့်ကို ဒီလိုနယ်မြေကြီးတစ်ခု ရှိနေတာပါလား..."

ရှကွေ့ကျုံးက မျက်လုံးစုံမှိတ်လိုက်သည်။ သူသည် နတ်ဆိုးနယ်မြေ၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားသည်ဟု ခံစားလိုက်ရပြီး ကျယ်ပြောသော နယ်မြေကြီးတစ်ခုက သူ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။

ကောင်းကင်ဘုံနယ်မြေရှိ လူများအားလုံးအတွက်မူ လောကနှစ်ခုတောင်တန်း၏အပြင်ဘက်ရှိ အရာအားလုံးသည် သူတို့ မသိနိုင် မမြင်နိုင်သောအရာတစ်ခု ဖြစ်နေဆဲပင်။

ရှေးဟောင်းနတ်ဆိုးများ ထိုနေရာ၌ ရှိသည်ကို လူတိုင်း သိထားကြသည်။ ထို့ကြောင့် ကျင့်ကြံဆင့် အလွန်မြင့်မားသူများပင်လျှင် ထိုနေရာသို့ မဆင်မခြင် သွားရဲမည်မဟုတ်ပေ။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုးများသည် လောကရှိ မကောင်းသော သက်ရှိတစ်မျိုးဖြစ်သည်ဟုသာ လူတိုင်းနီးပါး တွေးထင်ထားကြသည်။ သူတို့သည် အရိုင်းဆန်ပြီး အသိဉာဏ်ကင်းမဲ့ကာ လူသားမျိုးနွယ်နှင့် လုံးလုံးလျားလျား မတူညီသော အဆင့်တွင် ရှိသည်။ ထိုရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်နှင့်မြေပြင်၏ ကောင်းချီးပေးခြင်းခံရပြီး သူတို့ မွေးဖွားလာစဉ်ကတည်းက စွမ်းအားတချို့ကို ဆုပ်ကိုင်ထားကြသည်။ သူတို့အား လူသားမျိုးနွယ်မှ ယှဉ်ပြိုင်နိုင်ရန် အလှမ်းကွာဟပေ၏။

သို့ရာတွင် ရှကွေ့ကျုံး မြင်တွေ့ခဲ့သည်မှာ တခြားလောကကြီးတစ်ခုပင်။

သူတို့တွင် ဘာသာစကား သမိုင်းနှင့် ယုံကြည်မှုတို့ ရှိကြသည်။ မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးခံတပ်များသည် နတ်ဆိုးနယ်မြေပေါ်တွင် အခိုင်အမာ ရပ်တည်နေကြသည်။ သူတို့သည် သူတို့၏အင်အားကို စုဆောင်းနေကြပြီး မည်သည့်အချိန်မဆို လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ရန် ပြင်ဆင်နေကြ၏။

"စာပေသူတော်စင်သုံးယောက်က တော်ဝင်မြို့တော်ကို စွန့်ခွာသွားတာ အံ့အားသင့်စရာ မရှိတော့ဘူး...သူတို့က ငါ့ထက်ပိုပြီး အရှည်ကို ကြည့်နေကြတာကိုး...."

ရှကွေ့ကျုံးက သက်ပြင်းရှိုက်လိုက်သည်။

စာပေသူတော်စင်များ ထွက်ခွာသွားခြင်းကြောင့် လက်ရှိအခြေအနေကဲ့သို့ ရှုပ်ထွေးပွေလီသော လောကကြီး ဖြစ်ပေါ်လာခြင်းပင်။

လူတိုင်းသည် သူတို့၏ခေါင်းပေါ်ရှိ အချုပ်အနှောငများ ပျောက်ကွယ်သွားပြီဟု ထင်ကြသောကြောင့် ရိုင်းစိုင်းသော ရည်မှန်းချက်အမျိုးမျိုး ပေါက်ကွဲထွက်လာပြီး နောက်ဆုံးတွင် ကောင်းကင်ဘုံနယ်မြေကို အဆုံးမရှိသော စစ်မီးများအတွင်းသို့ ကျရောက်စေခဲ့သည်။

"လုယွီ...မင်း အာဏာရပြီးရင် ဘာလုပ်ချင်လဲ"

ရှကွေ့ကျုံးက မေးမြန်းလိုက်သည်။

"တပ်အင်အားကို မြှင့်တင်မယ်...လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်ပြီးတော့ တောင်တန်းများနဲ့ပင်လယ်တွေကို ပြန်ပြီးသိမ်းပိုက်မယ်..."

လုယွီ၏အသံသည် ကျယ်လောင်ပြီး အစွမ်းထက်ကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှ သတ္တုအချင်းချင်း ထိခတ်သံများ ထွက်ပေါ်လာသည်။

ရှကွေ့ကျုံးသည် လုယွီကို တွေဝေမိန်းမောစွာ စူးစိုက်၍ ကြည့်နေလေ၏။ အချိန်တခဏအကြာတွင် သူ၏မျက်နှာပေါ်၌ ခါးသည်းသော အပြုံးတစ်ခုကို ထင်ဟပ်လာသည်။

"မင်းက လူအများကြီး စဉ်းတောင်မစဉ်းစားရဲတဲ့အရာတစ်ခုကို လုပ်ရဲတယ်... ဒါပေမဲ့ ဒီကိစ္စက အရမ်းခက်ခဲမှာ သေချာတယ်...မြောက်ဘက်မှာ ရှန်လင်းလုံနဲ့ ထန်အင်ပါယာ...အနောက်ဘက်မှာကျိုးအင်ပါယာရှိတယ်...အလယ်မှာ ဗုဒ္ဓဂိုဏ်းလည်း ရှိနေသေးတယ်...မင်းရဲ့ခရီးက ချောမွေ့မှာမဟုတ်ဘူး.... ဒါပေမဲ့ မင်းက လူသားမျိုးနွယ်ကို ပိုပြီးအဝေးကို ဦးဆောင်နိုင်မယ်လို့ ငါမျှော်လင့်တယ်"

ရှကွေ့ကျုံး သက်ပြင်းရှိုက်လိုက်သည်။

"ငါ မင်းကို ပြောပြချင်တဲ့ ကိစ္စသုံးခုရှိတယ်"

"ပြောပါ..."

လုယွီက ခေါင်းညိတ်လိုက်သည်။

"ပထမဆုံးကိစ္စက... လက်ရှိလောကရဲ့ ဗုဒ္ဓဂိုဏ်းက အတုအယောင်ပဲ...လက်ရှိဗုဒ္ဓလောကရဲ့ မဟာဗုဒ္ဓအရှင်က ပိုရွှမ်းလို့ခေါ်တယ်...သူက လွတ်လပ်တဲ့ စည်းမျဥ်းတွေနဲ့နေထိုင်တယ်....ဥပမာအနေနဲ့ပြောရရင် လိုချင်တပ်မက်မှုအရာမှာ ဗုဒ္ဓအမည်ခံထားတဲ့ ကောင်းကင်ဘုံနတ်ဆိုးပိုရွှမ်းက နံပါတ်တစ်ပဲ"

ရှကွေ့ကျုံးက ပြောဆိုလိုက်၏။

လုယွီက ခေါင်းညိတ်လိုက်သည်။ မျောက် ပြောပြခဲ့သည့် စကားများအရ စိတ်ဝိညာဉ်တောင်ပေါ်တွင် နေထိုင်သော လူများအားလုံးသည် ဗုဒ္ဓအတုအယောင်များဖြစ်သည်ကို သူ သိရှိပြီးဖြစ်သည်။

ရှကွေ့ကျုံးက ဆက်လက်၍ ပြောဆိုသည်။

"ရှေးခေတ်တုန်းက အစစ်မှန်ဗုဒ္ဓဂိုဏ်း ပျက်စီးသွားပြီးတော အစစ်အမှန်ဗုဒ္ဓတွေအားလုံးနီးပါး သေကြေပျက်စီးသွားခဲ့တယ်.... ဗုဒ္ဓရဲ့အစစ်အမှန် သဘောတရားက တင်းကြပ်တဲ့စည်းကမ်းတွေနဲ့ လူတစ်ယောက်ရဲ့ တပ်မက်မှုတွေ ထိန်းချုပ်တာကို အလေးပေးတယ်... ဒါကြောင့် အစစ်အမှန် ဗုဒ္ဓနည်းစနစ်တွေကို လက်ဆင့်ကမ်းခဲ့ရင်တောင် အတော်လေးအားနည်းနေတုန်းပဲ...ဘာမှ စိုးရိမ်စရာမရှိဘူး"

"အစစ်အမှန်ဗုဒ္ဓက တပ်မက်မှုတွေ ထိန်းချုပ်တာကို အာရုံစိုက်တယ်...အတုအယောင်ဗုဒ္ဓတွေကတော့ တပ်မက်မှုတွေကို လိုက်လျောတယ်.... အလယ်ခေတ်မှာ ထိပ်သီးကျင့်ကြံသူတွေက သူတို့အတွက်ကိုယ်ပိုင်အကျိုးအမြတ်တွေကို ရဖို့အတွက် ဗုဒ္ဓအရှင်တွေကို ရှာဖွေကြတယ်... ဒါကြောင့် နတ်ဆိုးဗုဒ္ဓပိုရွှမ်းက သက်ရှိအားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီတယ်.... သူက သူ့ရဲ့ဗုဒ္ဓစွမ်းအားကို မကြာခဏ ပြသပြီးတော့ အကျိုးကျေးဇူးအမျိုးမျိုးပေးတယ်.... ဒါကြောင့် လုပ်ကြံသတ်ဖြတ်သူတွေက ဗုဒ္ဓဂိုဏ်းရဲ့အကူအညီကိုရယူနိုင်ပြီးတော့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆက်တိုးလာနိုင်တယ်...သူတို့က အတုအယောင်ဗုဒ္ဓကို ပိုပြီးယုံကြည်လာကြတယ်...အဲ့ဒီနောက်မှာ အတုအယောင်ဗုဒ္ဓက ပိုပြီးအားကောင်းလာတယ်....အစစ်အမှန်ဗုဒ္ဓတွေကတော့ ပိုပြီးအားနည်းလာတယ်"

"နတ်ဆိုးဗုဒ္ဓပိုရွှမ်းက အစစ်အမှန်ဗုဒ္ဓကို တစ်ခါက ပြောခဲ့ဖူးတယ်...နောက်တစ်ချိန်မှာ ငါက ငါ့ရဲ့တပည့်တွေနဲ့ မျိုးဆက်တွေကို ဗုဒ္ဓဂိုဏ်းထဲကို ခိုးဝင်စေပြီးတော့ သင်္ကန်းဝတ်ပြီး မင်းရဲ့ကျမ်းစာတွေကို ခိုးယူမယ်...မင်းရဲ့တရားတော်ကို ဖျက်ဆီးမယ်..မင်းရဲ့သိက္ခာပုဒ်တွေကို ဖျက်ဆီးပြီး ငါ့ရဲ့ပန်းတိုင်ကို အောင်မြင်စေရမယ်"

Thank For Reading.

All Chapters