← Chapters

အခန်း (၄၉၆၆-၄၉၇၀)

Vol. 252 Ch. 4966-4970

အခန်း (၄၉၆၆-၄၉၇၀)

Vol. 252 Ch. 4966-4970

Chapter 4966

လုယွီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"အစစ်အမှန်ဗုဒ္ဓက ဘယ်ပြန်ပြောခဲ့လဲ..."

ရှကွေ့ကျုံးက တုံ့ပြန်အဖြေပေးသည်။

"အစစ်အမှန်ဗုဒ္ဓက ဒီစကားတွေကို ကြားတဲ့အချိန်မှာ အချိန်အတော်ကြာတဲ့အထိ စကားမပြောနိုင်ခဲ့ဘူး.....ခဏနေတော့ သူ့ရဲ့မျက်လုံးထဲကနေ မျက်ရည်တွေကျလာပြီးတော့ 'အစစ်အမှန်ဗုဒ္ဓနည်းစနစ်တွေ မရှိတော့ရင် ငါ့ရဲ့တပည့်တွေက သင်္ကန်းချွတ်ပြီးတော့ ဘုရားကျောင်းတွေထဲကနေ ထွက်ပြီး သူတို့ရဲ့ဘဝတလျှောက်လုံး ကျင့်ကြံလိမ့်မယ်' လို့ ပြောခဲ့တယ်"

"ကံမကောင်းစွာနဲ့... အစစ်အမှန်ဗုဒ္ဓ အမွေအနှစ်တွေက ပျက်စီးသွားခဲ့ပြီ... လက်ရှိဗုဒ္ဓဂိုဏ်းကို ဗုဒ္ဓအတုက သိမ်းပိုက်ထားခဲ့တာ အချိန်တော်တော်ကြာနေပြီ...စိတ်ဝိညာဉ်တောင်ပေါ်က သက်ရှိတွေက လှောင်အိမ်ထဲမှာ မွေးမြူထားတဲ့ ဝက်တွေခွေးတွေလိုပဲ.... မင်းမြင်နေရတဲ့ သုခဘုံနယ်မြေတွေကို ငါကတော့ အသူရာငရဲဘုံလို့ မြင်တယ်"

လုယွီသည် ထိုနေ့က မဟာမိုးခြိမ်းသံဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေတွင် သူ မြင်တွေ့ခဲ့ရသော အစစ်အမှန်ဗုဒ္ဓကို ပြန်သတိရလိုက်သည်။

အစစ်အမှန်ဗုဒ္ဓသည် ငိုကြွေးခဲ့လေ၏။ သူသည် သူ၏မျက်လုံးရှေ့တွင် ဖြစ်ပျက်နေသည့် ကိစ္စများကို ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်ရုံသာရှိပြီး မည်သည့်အရာကိုမျှ မလုပ်နိုင်ခဲ့သည့်အလားပင်။

"မင်းဆီကနေ ငါ သင်ယူနိုင်ခဲ့ပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။

ရှကွေ့ကျုံးက ခေါင်းညိတ်ပြီး ပြောဆိုလေ၏။

"ဒုတိယအချက်အနေနဲ့ ရှန်လင်းလုံကို လျှော့မတွက်နဲ့"

"ရှန်လင်းလုံက ငါ့ရဲ့နောက်ကွယ်မှာ ကိစ္စတွေအများကြီးလုပ်ခဲ့တယ်...သူက ဒီအရာတွေကို ငါမသိအောင် ဖုံးကွယ်ထားနိုင်မယ်လို့ ထင်ခဲ့တယ်....ဒါပေမဲ့ ငါက ဒါတွေကိုသိထားတာ အချိန်တော်တော် ကြာနေပြီဆိုပေမယ့် ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ဘူး....အပေါ်ယံမှာ ငါ့မှာ အင်ပါယာကို အုပ်ချုပ်ဖို့ စစ်တပ်ကို ထိန်းချုပ်ဖို့နဲ့ ငွေကြေးကို စီမံဖို့ အာဏာရှိတယ်... ဒါပေမဲ့ တကယ်တော့ ငါ့ရဲ့အာဏာကို ရှန်လင်းလုံက သိမ်းပိုက်ပြီးသားပဲ...နန်းတော်ထဲက အရာရှိတွေအားလုံးက ရုပ်သေးတွေသက်သက်ပဲ...သူ ရှန်လင်းလုံကသာ အစစ်အမှန်အုပ်စိုးသူပဲ"

"ဒါ့ပြင် ရှန်လင်းလုံက စစ်တပ်တစ်တပ်ကို လျှို့ဝှက်ထိန်းချုပ်ထားတယ်... သူက ဒါကို သေသေချာချာ ဖုံးကွယ်ထားခဲ့တယ်.... ငါတောင် ဘာလျှို့ဝှက်ချက်ကိုမှ မစုံစမ်းနိုင်ခဲ့ဘူး.... ဒီမိန်းမက အရမ်းနက်နဲသိမ်မွေ့တယ်... ငါလည်း သူရဲ့ရည်မှန်းချက်တွေကို မတွက်ဆနိုင်ဘူး...မင်းရဲ့လက်ရှိအာဏာနဲ့ မဆင်မခြင် တိုက်ခိုက်ရင် မင်း အကြီးအကျယ် ရှုံးနိမ့်မှာ သေချာတယ်"

လုယွီက ပြောဆိုသည်။

"ရှန်လင်းလုံရဲ့ကိစ္စကို အနာဂတ်မှာ ငါဖြေရှင်းမယ်"

ရှကွေ့ကျုံး ခေါင်းညိတ်လိုက်သည်။

"တတိယအချက်က ရှမိသားစုဘိုးဘေးပဲ...."

"ရှမိသားစုဘိုးဘေး..."

လုယွီ ထိတ်လန့်တုန်လှုပ်သွားသည်။

ထောက်လှမ်းရေးသတင်းပို့ချက်အားလုံးတွင် ရှမိသားစုဘိုးဘေးနှင့် ပတ်သက်သည့် ကိစ္စသည် ဗလာစာမျက်နှာတစ်ခု ဖြစ်နေပေ၏။

မိသားစုတစ်ခုစီ၏ ဘိုးဘေးတိုင်းသည် လောကကြီးကို တုန်လှုပ်စေနိုင်သော တည်ရှိမှုတစ်ခုပင်။ သူသည် မိသားစုတစ်စု၏ အခြေခံအုတ်မြစ်ဖြစ်သည်။

သို့ရာတွင် ရှမိသားစုဘိုးဘေးသည် ခြွင်းချက်တစ်ခုပင်။

သူသည် တော်ဝင်နန်းတော်တွင် မည်သည့်အချိန်ကမျှ တာဝန်ထမ်းဆောင်ခဲ့ခြင်း မရှိချေ။ သူ့ထံတွင် စစ်ရေးအောင်မြင်မှုမရှိ ဘွဲ့ထူးမရှိ အရာရှိရာထူးမရှိပေ။

ကျင့်ကြံခြင်းလောကတွင်ပင် ရှမိသားစုဘိုးဘေးနှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာသည် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ ရှမိသားစုဘိုးဘေး၏ နာမည်အရင်းကိုပင် မည်သူမျှ မသိကြချေ။

"အတုအယောင်ဗုဒ္ဓကို ကြောက်စရာမလိုဘူး.... ရှန်လင်းလုံကလည်း ကြောက်ဖို့မကောင်းဘူး.... ဒါပေမဲ့ ရှမိသားစုဘိုးဘေးက အရမ်းနက်နဲသိမ်မွေ့တယ်"

ရှကွေ့ကျုံးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"ငါသူ့ကို တစ်ခါပဲမြင်ဖူးတယ်... အဲဒီနေ့က ငါ ရှမိသားစုကို ပထမဆုံး ရောက်လာတုန်းက ကုလားကာနောက်က အရိပ်တစ်ခုကိုပဲ မြင်ခဲ့ရတယ်...အဲ့ဒါက ငါ့ရဲ့ရှေ့က တောင်တစ်လုံးလိုပဲ... ငါရဲ့မာန်မာနတွေအားလုံးကို ကြေမွှပျက်စီးသွားစေခဲ့တယ်"

"အဲ့ဒီနောက်မှာ ငါ့ရဲ့မှတ်ဉာဏ်အားလုံး ဖျက်ဆီးခံလိုက်ရတယ်....အဲဒီအစား ပရမ်းပတာဆန်ပြီး ပြောင်းလဲထားတဲ့ မှတ်ဉာဏ်တစ်ခုနဲ့ အစားထိုးခံလိုက်ရတယ်.... ငါ့နာမည် ရှရှန်းဆိုတာ ငါ မမှတ်မိတော့ဘူး....ငါက ရှမိသားစုခွဲတစ်ခုက တပည့်တစ်ယောက်ဆိုတာပဲ ငါ သိတယ်...ငါ့ရဲ့အရည်အချင်းကို အားကိုးပြီးတော့ ငါက ရှမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်လာခဲ့တာပဲ"

လုယွီက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်၏။

"ငါ နားလည်ပြီ.... ငါ့ကိုပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှကွေ့ကျုံးသည် လုယွီအား သူ၏ကြီးမားသော ရန်သူသုံးဦးအကြောင်း ကြိုတင်ရှင်းပြခဲ့ပြီး သူ့ကို သတိဝီရိယဖြင့် နေစေခဲ့သည်။

"မင်းကို ငါ တောင်းဆိုစရာ ကိစ္စတစ်ခုရှိတယ်... အနာဂတ်မှာ မင်း အချိန်ရရင် ကျေးဇူးပြုပြီးတော့ သူ့ကို ငါ့ကိုယ်စား စောင့်ရှောက်ပေးပါ... ငါ သူ့ကို တစ်ဘဝစာလုံး အကြွေးတင်နေတယ်... ငါ့ရဲ့အမွှေးနံ့သာစွမ်းအားတွေအားလုံးကို သုံးပြီး တော့ သူ့အတွက် ဆုတောင်းပေးဖို့ ငါ ဆန္ဒရှိတယ်"

ရှကွေ့ကျုံးက ပြောဆိုသည်။

လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။

"မင်း ငါ့ကို တောင်းဆိုစရာ မလိုပါဘူး....သူက ငါ့ကို ကူညီခဲ့တယ်... ဒါကြောင့် ငါက သူ့ကိုစောင့်ရှောက်မှာပါ"

သူတို့နှစ်ဦးသည် မျက်နှာချင်းဆိုင်လိုက်ကြပြီး ရှကွေ့ကျုံး၏မျက်နှာပေါ်တွင် ရုတ်တရက် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"လုယွီ.... ငါ မင်းကို အထက်ကိုးကောင်းကင်ဘုံကနေ ကြည့်နေမယ်"

ရှကွေ့ကျုံးက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ သူသည် သူ၏အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီး လုယွီကို တည်ငြိမ်စွာ မျက်နှာချင်းဆိုင်လိုက်၏။

"သွားကြစို့"

လုယွီက အသက်ပြင်းပြင်းရှိုက်လိုက်သည်။ သူ၏လက်အတွင်းမှ အင်မော်တယ်သုတ်သင်ဓားချီသည် ပျံ့လွင့်သွားပြီး ရှကွေ့ကျုံး၏ ဗုဒ္ဓပုံရိပ်ယောင်ကြီးကို ချက်ချင်း ကြေမွှပျက်စီးသွားစေသည်။

ဝုန်း...

အချိန်တခဏအတွင်းမှာပင် ဗုဒ္ဓပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးသွားပြီး ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။ ဝမ်းနည်းဖွယ်တေးသံတစ်သံသည် မိုးကုတ်စက်ဝိုင်းမှ ပျံ့လွင့်လာပေ၏။

ဤသည်မှာ ကိုးကွယ်ယုံကြည်မှု လုံးလုံးလျားလျားပြိုလဲခြင်း နတ်ဘုရားပလ္လင် ပျက်စီးခြင်းပင်။

ဤနေ့တွင်...

လုယွီသည် ရှကွေ့ကျုံးကို သူ၏ဓားချီဖြင့် ခုတ်ပိုင်းကာ သတ်ဖြတ်ခဲ့သည်။

Chapter 4967

မိုးကောင်းကင်ယံအထက်တွင် မိုးကြိုးလျှပ်စီးမြွေများ ဟိန်းဟောက်နေပြီး အရိုးကွဲမတတ်အေးစက်သော လေသည် မိုးစက်များနှင့် ရောနှောကာ တဖွဲဖွဲကျဆင်းနေသည်။

ရွှေရောင်အလင်းစက်များသည် ဝါဂွမ်းကဲ့သို့ ပျံဝဲနေပြီး အဆုံးမရှိသော ဆိတ်သုဉ်းခြောက်ကပ်မှု၏ခံစားချက်ကို ပေးစွမ်းနေသည်။

ရှကွေ့ကျုံး အသတ်ခံလိုက်ရသည့် အချိန်အခိုက်အတန့်တွင် လောကကြီးတခွင်လုံး အချိန်တခဏကြာခန့် မှောင်မိုက်သွားပြီး အလင်းများအားလုံး ပုန်းကွယ်သွားသည့်အလားပင်။

"ရှဗုဒ္ဓအရှင်ရဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ပျက်စီးသွားပြီ....ရှဗုဒ္ဓအရှင် သေသွားပြီ..."

ကောင်းကင်ဘုံနယ်မြေ၏ လျှို့ဝှက်သော နေရာအမြောက်အများရှိ ဘုရားကျောင်းများမှ ငိုကြွေးသံများ ထွက်ပေါ်လာသည်။

တစ်ချိန်က ရှကွေ့ကျုံးကို ကိုးကွယ်ယုံကြည်ခဲ့သော ထိုဘုန်းတော်ကြီးများ၏မျက်လုံးများသည် ယခုအချိန်၌ သွေးရောင်လွှမ်းနေပြီး မျက်ရည်များဖြင့် မိုးကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။ သူတို့၏နဖူးများဖြင့် မာကျောသော ကျောက်အုတ်များပေါ်သို့ ပြင်းထန်စွာဆောင့်ကာ ဦးတိုက်လိုက်ကြပြီး သူတို့၏နဖူးများ ကွဲသွားသည့်တိုင် နောက်မတွန့်ကြချေ။

"ဗုဒ္ဓအရှင်...ကျွန်တော့်ကို ခေါ်သွားပါ"

အစွန်းရောက် ကိုးကွယ်ယုံကြည်သော ဘုန်းတော်ကြီးတချို့သည် သူတို့၏လက်အတွင်းမှ ကျောက်တုံးများကို မြှောက်ကာ သူတို့၏နဖူးများကို စတင်၍ ထုရိုက်လိုက်ကြသည်။

မရေမတွက်နိုင်သော ဘုန်းတော်ကြီးများ သွေးအိုင်အတွင်းသို့ လဲကျသွားကြသည်။ သူတို့၏ယုံကြည်ရာ ပြိုလဲသွားသဖြင့် ယခုအချိန်တွင် သူတို့သည် ရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို ဆုံးရှုံးသွားခဲ့လေပြီ။

ခန့်ညားထည်ဝါသော ဘုရားကျောင်းခန်းမဆောင်များတွင် မျက်စိတစ်မှိတ်အတွင်း၌ သွေးများ အလောင်းများဖြင့် ပြည့်နှက်သွားလေ၏။

သို့ရာတွင် ထိုဘုန်းတော်ကြီးများသာမက လူအမြောက်အများ၏ မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးသော အသွင်အပြင်များ ရှိနေသည်။

ဤဘုရားကျောင်းများ၏ ဘုရားကျောင်းခန်းမဆောင်များတွင်....

ရှကွေ့ကျုံး၏ ဗုဒ္ဓရုပ်ပွားတော်များသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျောက်စကျောက်နများ နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားပြီး ဘုရားကျောင်းခန်းမဆောင်၏ အမွှေးတိုင်ခုံကို လုံးလုံးလျားလျား ကြေမွှပျက်စီးသွားစေသည်။ အမွှေးတိုင်ပြာများနှင့် ပူဇော်ပစ္စည်းများသည် နေရာအနှံ့အပြားသို့ ပြန့်ကျဲနေပေ၏။

ထက်မြက်သော ဘုန်းတော်ကြီးတချို့၏မျက်လုံးများအတွင်းတွင် ပြတ်သားသော အသွင်အပြင်တစ်ခုရှိပြီး ချက်ချင်းပင် နောက်သို့လှည့်ထွက်သွားကြသည်။

လူများပို၍ပို၍ များလာကာ ကစဥ့်ကလျားထွက်ပြေးသည့် အဖွဲ့အတွင်းသို့ ဝင်ရောက်လာကြသည်။

အတိတ်က စည်းမျဉ်းစည်းကမ်းများအားလုံးသည် အနှစ်သာရမရှိသော စကားလုံးများ ဖြစ်သွားလေပြီ။

သူတို့သည် သွေးရူးသွေးတန်းဖြင့် လမ်းတလျှောက်လုံး ပြေးလွှားကာ သူတို့၏ဘုန်းတော်ကြီးဝတ်ရုံများကို ချွတ်ပစ်ပြီး လောကီအတွင်းသို့ ပြန်ဝင်လာကြသည်။

....

"ရှကွေ့ကျုံး သေပြီ..."

ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်အာရုံများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။

လူအများသည် ရှကွေ့ကျုံး၏ဗုဒ္ဓပုံရိပ်ယောင် ပြိုလဲပျက်စီးသွားသည့် အချိန်အခိုက်အတန့်ကို စောင့်ကြည့်နေကြသည်။ သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားပြီး နတ်ဘုရားစိတ်အာရုံများကိုပင် မထိန်းသိမ်းနိုင်ကြတော့ချေ။

ဤသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။

ရှကွေ့ကျုံးသည် မည်သူဖြစ်သနည်း...

သူသည် မြင့်မြတ်သော နတ်ဘုရားအမတ်ကြီးရှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက နာမည်ကျော်ကြားခဲ့သည်။ သူသည် လုယွီထက်ပင် အစောပိုင်းတွင် ပို၍နာမည်ကျော်ကြားခဲ့ပေ၏။

ရှန်လင်းလုံ တော်ဝင်မြို့တော်၏ဧကရီ ဖြစ်နေစဉ်က ရှကွေ့ကျုံးသည် သာလွန်ထူးကဲသော တည်ရှိမှုကြီးတစ်ခုပင်။ တစ်ခါတစ်ရံတွင် သူ၏စကားများသည် တော်ဝင်အမိန့်တော်တစ်ခုအလားပင်။

သို့ရာတွင် ကောင်းမွန်သောကံကြမ္မာရှိသည့် ထိုကဲ့သို့ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦးသည် အမှန်တကယ်ကို လုယွီ၏လက်အတွင်းတွင် သေဆုံးသွားခဲ့သည်။

လုယွီကို ထောက်ခံသူများဖြစ်စေ သူ့ကို ဆန့်ကျင်သူများဖြစ်စေ သူတို့အားလုံးသည် ယခုအချိန်တွင် တိတ်ဆိတ်နေကြ၏။

"အနာဂတ်မှာ လုယွီရဲ့ကြီးထွားလာမှုကို ဘယ်သူမှ တားနိုင်မှာ မဟုတ်တော့ဘူး"

ထိုကဲ့သို့သော အတွေးတစ်ခုသည် လူတိုင်း၏ စိတ်များအတွင်းတွင် တစ်ချိန်တည်း ဖြတ်ပြေးသွားသည်။

...

လုမိသားစု...အထီးကျန်လူရိုင်းကမ္ဘာ...

မရေမတွက်နိုင်သော လုမိသားစုဝင်များသည် အားပေးကြွေးကြော်လိုက်ကြ၏။

သူတို့အနက်မှအများစုသည် လုယွီ၏တည်ရှိမှုကို သိရှိပြီးဖြစ်ပြီး သူသည်လည်း လုမိသားစု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ကြောင်း သိရှိကြသည်။

ယခုအချိနိ၌ လုယွီသည် ရှကွေ့ကျုံးကို အနိုင်ယူပြီး ကောင်းကင်ဘုံကို တုန်လှုပ်စေသော ဤတိုက်ပွဲကို အနိုင်ရခဲ့ရာ လုမိသားစုတစ်စုလုံး သူနှင့်အတူ မြင့်တက်နိုင်ပေမည်။

"တတိယအရှင်... ကျွန်တော်တို့က မှန်ကန်တဲ့ လောင်းကြေးကို ထပ်နိုင်ခဲ့တယ်"

အကြီးအကဲများက စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

ရှကွေ့ကျုံးသည် ဧကရာဇ်ကျိုးယွမ်ယန်၏ နောက်ဆုံးအားကိုးရာဖြစ်သည်ကို လူတိုင်းမြင်တွေ့နိုင်သည်။

တော်ဝင်မြို့တော်တွင် တော်ဝင်မိသားစုဝင်အချို့ ရှိနေသေးသော်လည်း ထိုလူများကို သာမန်လူများအား ဖြေရှင်းရန်သာ အသုံးပြုနိုင်ပေမည်။ သူတို့သည် လုယွီကဲ့သို့ ထိပ်သီးတည်ရှိမှုကြီးတစ်ဦးကို ဖြေရှင်းရန်မှာမူ အလှမ်းကွာဟနေဆဲပင်။

ရှကွေ့ကျုံးပင်လျှင် သေဆုံးသွားခဲ့သည်။

ကျိုးယွမ်ယန်သည် တခြားမည်သည့်နည်းလမ်းများကို အသုံးပြုနိုင်မည်နည်း...

ချိန်ခွင်လျှာမှာ လုယွီဘက်သို့ တိမ်းစောင်းသွားခဲ့လေပြီ။ ထို့ပြင် ကျိုးယွမ်ယန် တော်ဝင်မြို့တော်တွင် လုပ်ခဲ့သောအရာများကြောင့် ထိပ်သီးမိသားစုများနှင့် သူ့အကြား ဆက်ဆံရေး လုံးလုံးလျားလျား ပြတ်တောက်သွားသည်။

လုယွီသည် ဤအချိန်တွင် အသာစီးရရှိသွားပြီကို လူတိုင်း တွေ့မြင်နိုင်ပေ၏။

"တစ်ယောက်ယောက်... လုဝူသီကို ဒီနေရာဆီ ခေါ်ခဲ့စမ်း... မဟုတ်ဘူး...ငါကိုယ်တိုင်သွားမယ်.... ဒါ့ပြင် ပွဲတစ်ပွဲကို ချက်ချင်းပြင်ဆင်လိုက်စမ်း....ငါကိုယ်တိုင် လုယွီရဲ့မိသားစုဝင်တွေကို ဖိတ်ခေါ်မယ်"

လုချန်ဆောင်က ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့"

လုမိသားစုအကြီးအကဲများအားလုံး စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

Chapter 4968

"သခင်မလေး ရွှမ်အာ...ဒါက ငါတို့ကျန်းမိသားစုရဲ့ အန္တိမနည်းစနစ်ဖြစ်တဲ့ အကန့်အသတ်မဲ့ကျမ်းစာပါ... ဒါက ငါတို့ကျန်းမိသားစုရဲ့ ဘိုးဘေး သူတော်စင်ကျန်းဟုန် ရေးသားခဲ့တဲ့အရာပဲ... ဒီကျမ်းစာက အရမ်းအဖိုးတန်တယ်... မင်းရဲ့အရည်အချင်းက ထူးချွန်တယ်.... မင်းရဲ့ အသိပညာက ဒီလောက်ငယ်ရွယ်တဲ့အရွယ်မှာတောင် တုန်လှုပ်ဖို့ ကောင်းနေပြီ....ငါတို့က ဒီစာကျမ်းစာကို မင်းကို လက်ဆောင်အဖြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်"

ကျန်းမိသားစုအကြီးအကဲက အပြုံးတစ်ခုနှင့်အတူ လုရွှမ်အာထံသို့ စာလိပ်တစ်လိပ်ကို လက်ကမ်းပေးသည်။

ဤအချိန်တွင် လုရွှမ်အာက မျက်နှာသာပေးခံရမှုကြောင့် အနေခက်နေပေ၏။ ဤသည်မှာ စာပေသူတော်စင်ကျန်း၏လက်ရာ ဖြစ်သည်ဟု ကြားလိုက်ရသောအချိန်၌ သူမသည် ဆူးပေါ်တွင်ထိုင်နေရသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။

"အကြီးအကဲ...ဒီဂျူနီယာက သာမန်လူတစ်ယောက်ပါ.... ဒါက မြင့်မြတ်တဲ့အရာဖြစ်ပြီး ဂျူနီယာက လက်ခံဖို့ကို ရှက်ရွံမိပါတယ်"

လုရွှမ်အာက ငြင်းဆန်လိုက်သည်။

ကျန်းဟောင်က အပြုံးနှင့် ပြောဆိုသည်။

"သခင်မလေး ရွှမ်အာ...ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ.... ဒီရတနာကျမ်းစာက... ဘိုးဘေးက သူ ထွက်မသွားခင်မှာ သူကိုယ်တိုင်သတိပေးခဲ့တယ်...အနာဂတ်မှာ ကျန်းမိသားစုမှာ ရေစက်ပါသူတစ်ယောက်ရှိရင်... အထွတ်အထိပ်နည်းစနစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ ဒီရတနာကျမ်းစာကို ပေးရမယ်... မင်း လက်မခံရင် ငါတို့က ဘိုးဘေးကို ရှင်းပြနိုင်မှာမဟုတ်ဘူး"

"ဟုတ်ပါတယ်...သခင်မလေး ရွှမ်အာ... ကျေးဇူးပြုပြီးတော့ ဒါကိုလက်ခံပါ"

"မင်းက လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတော်စင်ရဲ့ စာကြည့်တိုက်မှာ ကျင့်ကြံခဲ့ပြီးတော့ သူတော်စင်ရဲ့ လက်နက်ဝိညာဉ်က အသိအမှတ်ပြုမှုကို ရခဲ့တယ်...မင်းက ကျန်းမိသားစုဝင်တိုင်းရဲ့ လက်ခံမှုကို သေချာပေါက်် ရထားပြီးပြီ"

ကျန်းဟောင်၏နောက်တွင် ရှိနေသော ကျန်းမိသားစုဝင်များကလည်း ပြောလိုက်ကြ၏။

လုရွှမ်အာသည် သူမရှေ့မှ လူများကိုကြည့်ပြီး မည်သို့ပြောဆိုရမည်ကို မသိတော့ချေ။

သူမသည် ထက်မြက်သူတစ်ယောက်ဖြစ်သောကြောင့် ဤစာလိပ်သည် ကျန်းမိသားစုဝင်အများစုအတွက် သေစေနိုင်သော ဆွဲဆောင်မှုတစ်ခုဖြစ်ကြောင်း နားလည်သဘောပေါက်သည်။

စာပေသူတော်စင်၏ကျမ်းစာသည် ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူများအတွက် မြင့်မြတ်သောရတနာနှင့် တူညီသည့် တည်ရှိမှုတစ်ခုပင်။ ကျင့်ကြံသူတစ်ယောက်သည် ပြင်ပလောက၌ စာပေသူတော်စင်တစ်ယောက်၏ ကျမ်းစာကိုပြသပါက မည့်သည့်ကွန်ဖြူးရှပ်တာအိုဂိုဏ်းဝင်ကမျှ သူ့ကို မရိုမသေလုပ်ရဲမည် မဟုတ်ချေ။

ဤသည်မှာ ကျင့်ကြံမှုအတွက် အဖိုးတန်သော ရတနာတစ်ခု ဖြစ်ရုံသာမက လူတစ်ယောက်၏ အဆင့်အတန်းကိုပြသသည့် သင်္ကေတတစ်ခုလည်းဖြစ်သည်။

လုရွှမ်အာသည် ကျန်းမိသားစုဘိုးဘေးကျန်းဟောင်သည် တခြားစာပေသူတော်စင်နှစ်ယောက်နှင့်အတူ လောကနှစ်ခုတောင်တန်းကို တာဝန်ယူစောင့်ကြပ်နေသည်အား သိရှိထားပေ၏။

စာပေသူတော်စင်ကျန်း၏ ကာကွယ်မှုမရှိတော့သောကြောင့် ကျန်းမိသားစု၏အဆင့်အတန်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် သူတော်စင်ကျန်းချန်ထားခဲ့သော ရတနာတိုင်း အလွန်အဖိုးတန်သည်။

လုရွှမ်အာသည် သူမကို မည်သည်ကြောင့် ကျန်းမိသားစုမှ ဤရတနာကျမ်းစာအား ပေးအပ်လိုသည့် အကြောင်းအရင်းကိုလည်း ရှင်းရှင်းလင်းလင်းသိထားသည်။

အရာအားလုံးသည် လုယွီကြောင့်ပင်။

ကျန်းမိသားစုသည် သူတို့ရဲ့ကျောထောက်နောက်ခံဖြစ်သော စာပေသူတော်စင်ကျန်းဟုန်ကို ဆုံးရှုံးခဲ့သည်။ မိသားစု၏တည်ငြိမ်မှုကို သေချာအောင်လုပ်ရန်အတွက် သူတို့သည် အဆက်အသွယ်များကို တစ်ကြိမ်ပြန်၍ တည်ဆောက်ရပေမည်။

ဤသည်ကြောင့် သူတို့သည် လုယွီကို မျက်နှာလုပ်ရန်အတွက် သူတို့မိသားစု၏ မြင့်မြတ်သော အမွေအနှစ်ရတနာကိုပင် သူမထံသို့ ပေးအပ်ခဲ့သည်။

"အကြီးအကဲတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီဂျူနီယာက ဒီမြင့်မြတ်တဲ့ကျမ်းစာကို ဂရုတစိုက်ကာကွယ်ပါ့မယ်"

လုရွှမ်အာက ရတနာကျမ်းစာကို ဂရုတစိုက်သိမ်းဆည်းလိုက်၏။

သူမသည် ယနေ့တွင် ဤအရာကို လက်မခံပါက ကျန်းမိသားစုကို မျက်နှာမပေးဟူသော အဓိပ္ပာယ်မျိုး သက်ရောက်သွားမည်ကို သူမ သိရှိသည်။

ယခုချိန်၌ လုရွှမ်အာသည် တခြားတစ်ယောက်၏အိမ်ခေါင်မိုးအောက်မှာ နေနေရခြင်းဖြစ်သောကြောင့် ကျန်းမိသားစုရဲ့ဆန္ဒကိုဆန့်ကျင်သည့် အရာများကို လုပ်ဆောင်ရန် မသင့်တော်ချေ။

လုရွှမ်အာ လက်ခံလိုက်သည်ကိုမြင်ချိန်၌ ကျန်းမိသားစုအကြီးအကဲများ၏မျက်နှာများပေါ်တွင် အပြုံးများ ထင်ဟပ်လာသည်။

"အရမ်းကောင်းတယ်...သခင်မလေး ရွှမ်အာမှာ ဆရာမရှိသေးဘူးလို့ ကြားတယ်...ရွှမ်စဲကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ဘယ်လိုသဘောရလဲ.... သူက အိမ်မှာအားနေတာနဲ့ အတော်ပဲ.... မင်း နားမလည်တာတစ်ခုခုရှိရင် သူက မင်းကို အချိန်မရွေးရှင်းပြနိုင်ပြီးတော့မင်းကို ဂရုတစိုက်သင်ပေးနိုင်တယ်"

ကျန်းမိသားစုအကြီးအကဲတစ်ဦးက သူ့၏မုတ်ဆိတ်ကိုသပ်ပြီး အပြုံးနှင့် ပြောဆိုသည်။

"စာပေနဲ့ယဉ်ကျေးမှုအမတ်ကြီး ကျန်းရွှမ်စဲလား"

လုရွှမ်အာ ထိတ်လန့်တုန်လှုပ်သွားသည်။

ကျန်းရွှမ်စဲသည် သူတော်စင်၏တပည့်ဖြစ်ကာ နန်းတွင်း၏ အမတ်ကြီးခြောက်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ပင်။

ကျန်းရွှမ်စဲ၏တပည့် ဖြစ်လိုသူများ မရေမတွက်နိုင်အောင် ရှိနေပေ၏။

ကျန်းရွှမ်စဲသည် လူအုပ်အကြားမှ အပြုံးနှင့်ထွက်လာသည်။

"လုရွှမ်အာ...မင်း ငါ့ရဲ့တပည့်ဖြစ်ဖို့ ဆန္ဒရှိလား"

မြင့်မြတ်သော အရှိန်အဝါလှိုင်းတစ်ရပ်သည် ပတ်ဝန်းကျင်၌ ပျံ့နှံ့သွားပြီး တောင်တစ်လုံးပြိုကျလာသည့်အလား လူအများကို ထိတ်လန့်ကြောက်ရွံ့စေသည်။

"ရွှမ်အာက ဆရာကို အရိုအသေပြုပါတယ်"

လုရွှမ်အာက ပြတ်သားစွာဖြင့် မြေပြင်ပေါ်ဒူးထောက်ပြီး ကျန်းရွှမ်စဲကို ဦးညွှတ်အရိုအသေပြုလိုက်၏။

ကျန်းရွှမ်စဲက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့နောက်ဆုံးတပည့်ပဲ... ငါ သိသမျှ အရာအားလုံး မင်းကိုသင်ပေးမယ်... မင်း ပြင်ပလောကကို ထွက်သွားတဲ့အချိန်ကျရင် သူတော်စင်ရဲ့မြေးတပည့်အဖြစ် သွားလာနိုင်လိမ့်မယ်...ကောင်းကင်ဘုံနယ်မြေက ကြီးမားကျယ်ပြန့်ပေမယ့် မင်း ဘယ်နေရာမဆို သွားနိုင်တယ်"

ဝမ်းသာပျော်ရွှင်မှုသည် ရုတ်တရက်ကြီး ရောက်လာသဖြင့် လုရွှမ်အာသည် တွေဝေမိန်းမောသွားကာ နေရာမှာပင် ကြက်သေသေသွားသည်။ သူမ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို မသိတော့ချေ။

Chapter 4969

ဝေ့မိသားစု....

ဝေ့မိသားစုခေါင်းဆောင် ဝေ့ရှင်းယွင်က ဘိုးဘေးကိုကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။

"ဘိုးဘေးက ကိုယ်ပိုင်အတွေးအခေါ်တွေကို ဆက်ပြီးဆုပ်ကိုင်ထားချင်သေးလား...."

"ခင်ဗျား မြင်တဲ့အတိုင်းပဲ...ဒီကောင်မလေး ထင်အာက မာနကြီးပြီး မောက်မာတယ်... လူတိုင်းအပေါ် အေးစက်တဲ့သဘောထားရှိတယ်..သူ့ရဲ့အမေဆုံးသွားကတည်းက သူက ကျွန်တော့်ကိုတောင် ပြုံးရယ်ပြခဲတယ်... ဒါပေမဲ့ သူက လုယွီအတွက် စစ်မြေပြင်ကို တကယ်ကြီး သွားခဲ့တယ်....သူက သူ့ရဲ့အာရုံစိုက်မှုအားလုံးကို လုယွီအပေါ်မှာ ထားပြီးသားဆိုတာကို မြင်နိုင်တယ်"

"ဘိုးဘေး...လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာက အရမ်းနက်နဲတယ်...ငါတို့လို ထိပ်သီးမိသားစုတွေက လက်ထပ်ထိမ်းမြားခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကို ထည့်သွင်းစဉ်းစားခဲ့ကြတယ်....အဲဒီအတွက် ငါတို့ရဲ့အဖိုးတန်ဆုံးခံစားချက်တွေကို ဆုံးရှုံးခဲ့ကြရတယ်... ဒါ့ပြင် လုယွီက ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ထင်အာရဲ့အသက်ကို ကယ်ခဲ့တယ်... သူ့ကို သတ္တိရှိတဲ့လူတစ်ယောက်လို့ ယူဆနိုင်တယ်... ဒီလိုလူငယ်တစ်ယောက်နဲ့ ဘာလို့မကျေနပ်ရမှာလဲ..."

ဝေ့မိသားစုဘိုးဘေး၏မျက်နှာအမူအယာ သုန်မှုန်နေသည်။ သူသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်တစ်ခွက်ကိုယူပြီး သောက်လိုက်၏။

"လုယွီက လူသားဧကရာဇ်ဓားကို ရထားပြီးတော့ ရှကွေ့ကျုံးကို အနိုင်ရခဲ့တယ်..ငါ ခန့်မှန်းတာမှန်ရင် သူက နောက်အနာဂတ်ဧကရာဇ် ဖြစ်လာလိမ့်မယ်"

ဝေ့မိသားစုဘိုးဘေးက ပြောဆိုသည်။

ဝေ့ရှင်းယွင်က ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

"အမှန်ပါပဲ....ကျိုးယွမ်ယန်ရဲ့ လက်ရှိအခြေအနေက မျှော်လင့်ချက်မဲ့နေပြီ... သူ့မှာ အခြေအနေကိုပြောင်းပြန်လှန်ဖို့ စွမ်းအားမရှိတော့ဘူး"

ယခုအချိန်၌ ဝေ့ရှင်းယွင်သည် ဧကရာဇ်ကို နာမည်တပ်၍ ခေါ်ဆိုနေလေပြီ။

အာဏာဆုံးရှုံးသွားသည့် ဧကရာဇ်တစ်ပါးသည် ဝေ့မိသားစု၏အစေခံတစ်ယောက်လောက်ပင်အရေးမကြီးတော့ချေ။

ဝေ့မိသားစု ဘိုးဘေးက ပြောဆိုသည်။

"ဒါပေမဲ့ ထင်အာက တကယ်ကြီး လုယွီနောက်ကိုလိုက်ရင် သူက မောင်းမဆောင်မှာ နေရာတစ်နေရာရနိုင်ပါ့မလား...."

ဝေ့ရှင်းယွင် ကြက်သေသေသွားသည်။ သူ၏နှုတ်ခမ်းများ လှုပ်သွားပေမဲ့ စကားတစ်ခွန်းမျှ ထွက်မလာချေ။

"မောင်းမဆောင်က ထောင်တစ်ခုပဲ... တစ်ခါဝင်သွားရင် ဘယ်သူမှထွက်ဖို့ မစဉ်းစားနိုင်တော့ဘူး...ထင်အာက ဓားအင်မော်တယ်ရဲ့ လမ်းစဉ်ကို ကျင့်ကြံတယ်.. သူရဲ့စိတ်နှလုံးသားက လွတ်လပ်မှုကို အာရုံစိုက်တယ်...မင်းက သူ့ကို မောင်းမဆောင်မှာ လှောင်ပိတ်ထားရမယ့် ကိစ္စမျိုးကို မင်း လုပ်ရက်လား..."

ဝေ့မိသားစုဘိုးဘေးက သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်၏။

"ငါက အသက်ကြီးနေတာကြောင့် လုယွီရဲ့ ရှေ့အလားအလာကို မမြင်နိုင်ဘူးလို့ မင်း ထင်တာလား...ဒါမှမဟုတ် ထင်အာက လုယွီကိုကြိုက်တယ်ဆိုတာ ငါ မသိဘူးလို့ မင်းထင်နေတာလား..."

"ငါ စိုးရိမ်တာက ထင်အာက မောင်းမဆောင်ထဲကိုဝင်သွားရင် သူက လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ ငှက်တစ်ကောင်လို ဖြစ်သွားမှာပဲ... သူက ဘယ်တော့မှ သူရဲ့အတောင်ပံတွေကိုဖြန့်ပြီး ထပ်ပျံသန်းနိုင်တော့မှာ မဟုတ်ဘူး"

ဝေ့ရှင်းယွင်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

"ထင်အာက ဓားရေအိုင်မြင့်မြတ်နယ်မြေရဲ့ သခင်မလေးပဲ...လုယွီ... သူက အနည်းဆုံးတော့ ထင်အာကို မျက်နှာသာပေးသင့်တယ်"

"ဟမ့် မျက်နှာသာပေးတာလား....ဒီလောကရဲ့ စည်းမျဉ်းတွေက ဘယ်သူ့လက်သီးက ပိုကြီးလဲ ဘယ်သူ့က ပိုအစွမ်းထက်လဲဆိုတာအပေါ်မှာဆုံးဖြတ်တယ်... ဒီလူအိုကြီးတောင် လုယွီကိုအနိုင်ယူဖို့ ယုံကြည်ချက်မရှိဘူး....လုယွီက တကယ်ထင်အာကို ကောင်းကောင်းမဆက်ဆံရင် ငါတို့ဝေ့မိသားစုကနေ ဘယ်သူက ရှေ့ထွက်ပြီး ရပ်တည်ပေးနိုင်မယ်လို့ မင်း ထင်လဲ..."

ဝေ့မိသားစုဘိုးဘေးက အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်း မေ့မထားနဲ့...အရင်က တော်ဝင်ကြင်ယာတော်ဝူက မြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်အရှင်တစ်ယောက်ပဲ.. ဒါပေမဲ့ နောက်ဆုံးမှာ သူက တော်ဝင်ကြင်ယာတော်မီရဲ့ အကွက်ဆင်တာကိုခံခဲ့ရတယ်....သူက အအေးနန်းဆောင်ကို နှင်ထုတ်ခံခဲ့ရပြီးတော့ နောက်ဆုံးမှာ စိတ်ဓာတ်ကျပြီးသေဆုံးသွားခဲ့တယ်...မောင်းမဆောင်က စစ်မြေပြင်ထက် အဆတစ်ရာ ပိုပြီးအန္တရာယ်များတယ်...ငါ့ရဲ့မြေးမလေးကို... အဲဒီနေရာကိုသွားခိုင်းဖို့ ငါ ဘယ်လိုလုပ်ပြီး ဆုံးဖြတ်နိုင်မှာလဲ"

ထိုအကြောင်းကို ပြောပြီးနောက် ဝေ့မိသားစုဘိုးဘေးသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ့ကိုကြည့်ရသည်မှာ အနည်းငယ်ပင် အိုမင်းရင့်ရော်သွားပုံရသည်။

"ထားလိုက်တော့.... ထင်အာ သဘောတူတယ်ဆိုရင် ငါ သူ့ကို အတင်းအကျပ် ဆက်နေခိုင်းတော့မှာ မဟုတ်ဘူး...မင်း သွားပြီးတော့ ထင်အာကို ပြောလိုက်....ဘာပဲဖြစ်ဖြစ် ငါတို့ ဝေ့မိသားစုက သူ့ရဲ့ အားကိုးရာပဲ.... အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ ဘာကိုမှ မကြောက်ဖို့ ပြောလိုက်ပါ"

ဝေ့မိသားစုဘိုးဘေးသည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားလေ၏။

ဝေ့ရှင်းယွင်ကမူ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် နေရာမှာပင် ကြောင်ငေး၍ ကျန်ရစ်ခဲ့သည်။

...

ဤနေ့တွင် ပျော်ရွှင်နေသူများ ရှိသည့်အပြင် စိုးရိမ်ပူပန်နေသူများလည်း ရှိနေသည်။

ရှအိမ်တော်၏တံခါးမကြီးမှာမူ ပိတ်ထားပြီး အတွင်းမှနေ၍ မည်သည့်အသံမျှ ထွက်မလာခဲ့ချေ။

ယခင်က ရှရှင်းချွမ်၏နောက်သို့ လိုက်ခဲ့သော ရက်စက်သည့် အရာရှိများကမူ ရုံးတော်များမှ အလျင်အမြန် ထွက်သွားကြသည်။ ကံမကောင်းသူတချို့မှာမူ လက်စားချေရန် ရောက်လာကြသော ကျင့်ကြံသူများ၏ လက်ချက်ဖြင့် နေရာတွင်ပင် အသတ်ခံလိုက်ရသည်။

ထိုအချိန်တွင် တော်ဝင်နန်းတွင်း၌...

ကျန်းယုချင်သည် လုယွီက ရှကွေ့ကျုံးကို သတ်လိုက်သည်ကို မြင်တွေ့ချိန်၌ အောင်ပွဲခံရင်း ပြင်ပသို့ ပြေးထွက်သွားရန် ဟန်ပြင်လိုက်သည်။

"ကောင်မလေး...အခုချိန်က နင် မျက်နှာထွက်ပြရမယ့်အချိန် မဟုတ်သေးဘူး...."

မီဖေးက ကျန်းယုချင်ကို ဟန့်တားလိုက်ပြီး ကောင်းကင်ဘုံတံခါး၏အပြင်ဘက်ရှိ ခမ်းနားထည်ဝါသောပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

"အခြေအနေတွေက မပြီးပြတ်သေးဘူး... ခဏလောက်ထပ်ပြီး စောင့်ကြည့်ကြရအောင်..."

Chapter 4970

တော်ဝင်မြို့တော်...ကောင်းကင်ဘုံတံခါး၌

မိုးဖွဲဖွဲလေးများ နောက်ဆုံးတွင် ရွာသွန်းလာသည်။

မိုးရေစက်များသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာနိုင်ခြင်း မရှိချေ။ သူနှင့်တစ်လက်မအကွာသို့ ရောက်သည်နှင့် ထိုမိုးရေစက်များအားလုံး ချက်ချင်းဆိုသလိုပင် တွန်းထုတ်ဖယ်ရှားခြင်း ခံလိုက်ရသည်။

ရှကွေ့ကျုံးသည် နောင်တရသော စကားတစ်ခွန်းမှအပ တခြားမည်သည့်အရာကိုမျှ ချန်မထားခဲ့ချေ။

လုယွီသည် ရှကွေ့ကျုံးကို သတ်လိုက်သော်လည်း သူ၏စိတ်ထဲတွင် ပျော်ရွှင်ဝမ်းမြောက်ခြင်း အလျဉ်းမရှိပေ။

သူ ဒေါသကြောင့် အံ့ကြိတ်လုမတတ် ဖြစ်ခဲ့သော ရန်သူသည် အမှန်စင်စစ်တွင် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံနေရသော ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေခဲ့သည်။

သူ ထုတ်ဖော်ပြောဆိုရန် ပြင်ဆင်ထားသော မရေမတွက်နိုင်သည့် နာကြည်းမုန်းတီးမှုများသည် ဝါဂွမ်းကို လက်သီးဖြင့်ထိုးလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူ့ကို စိတ်မကျေမနပ် ဖြစ်စေသည်။

"ရှကွေ့ကျုံး... ရှကွေ့ကျုံး... မင်းက မသေခင်အချိန်မှာတောင် ငါ့ကို အကွက်ချကြံစည်သွားတာပါလား"

လုယွီက ခေါင်းခါပြီး သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်သည်။

ရှကွေ့ကျုံး၏ နောက်ဆုံးအချက်သုံးချက်သည် စိတ်စေတနာကောင်းနှင့် ပြောသွားသကဲ့သို့ ထင်ရသော်လည်း အမှန်အားဖြင့် သူသည် လုယွီအတွက် ရန်သူသုံးယောက်ကို ဖန်တီးပေးခဲ့ပြီး သူ့၏စိတ်နှလုံးသားအတွင်းမှ အရှုပ်အထွေးတစ်ခုကို ချန်ထားခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဂိုဏ်းသည် ပိုင်ဆုချင်ကို နာကျင်စေခဲ့ပြီး မြွေဖြူ၏စိတ်ဝိညာဉ်ကိုလည်း ထိခိုက်အောင် ပြုလုပ်ခဲ့သည်။ ဤသည်မှာ မကောင်းမှုတစ်ခုဖြစ်သဖြင့် လုယွီအနေဖြင့် ဗုဒ္ဓဂိုဏ်းကို ဖယ်ရှားရပေမည်။

ရှန်လင်းလုံသည် သူ့၏အတိတ်ဘဝတွင် သူ့ကို ဒုက္ခပေးခဲ့ပြီး ယခုဘဝတွင်လည်း ကျီးချန်ယွီကို ခေါ်ဆောင်သွားခဲ့သည်။ သူမသည်လည်း လုယွီ၏ရန်သူပင်။

ရှမိသားစုဘိုးဘေးကြီးကမူ ရှကွေ့ကျုံးကို ထိန်းချုပ်ပြီး လုယွီကို အဆက်မပြတ် ပစ်မှတ်ထားခဲ့သည်။ သူသည်လည်း လုယွီ၏ရန်သူတစ်ယောက် ဖြစ်ပေ၏။

ရှကွေ့ကျုံးသည် အချိန်ကြာကြာ ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဂိုဏ်းမှ သူ၏ ဗုဒ္ဓအရှင်နေရာကို လွှဲပြောင်းယူပြီးနောက် သူထံ၌ လျှို့ဝှက်နည်းလမ်းတချို့ ရှိနေလျှင်ပင် ယခင်ကဲ့သို့ အမွှေးတိုင်နံ့သာစွမ်းအားများကို စုဆောင်းရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် သူ့အတွက် လက်စားချေပေးရန် လုယွီ၏လက်ကို ငှာရမ်းခဲ့ခြင်းပင်။

ဤသည်မှာ ပွင့်လင်းသော ကြံစည်မှုဖြစ်သော်လည်း လုယွီကိုယ်တိုင်က ပြုလုပ်လိုသည့် အရာလည်း ဖြစ်သည်။

အကယ်၍ လုယွီ မလုပ်ခဲ့ပါက သူသည် မည်သို့မျှ ထိခိုက်နစ်နာမည် မဟုတ်သော်လည်း သူ၏ အတွေးများ မကြည်လင်နိုင်တော့သည့်အပြင် သူ၏တာအိုနှလုံးသားသည်လည်း တည်ငြိမ်နိုင်တော့မည် မဟုတ်ချေ။

"ငါ ဘာလုပ်ချင်တယ်ဆိုတာကို မင်း သတိပေးစရာ မလိုဘူး... မင်းက ရှရှန်းပဲဖြစ်ဖြစ် ရှကွေ့ကျုံးပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်ကြားက ရန်ငြိုးတွေက အဆုံးသတ်သွားပြီ...."

လုယွီသည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ရန်ငြိုးများနှင့်ဒေါသများအားလုံးကို ဘေးဖယ်ထားလိုက်၏။

ရှကွေ့ကျုံးသည် သေဆုံးသွားပြီဖြစ်ရာ သေသွားသော လူတစ်ယောက်ကို သူ ရန်ငြိုးထားနေရန် မလိုအပ်တော့ချေ။

ယခုအချိန်မှစ၍ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ရှကွေ့ကျုံး၏ လွှမ်းမိုးမှုကို ခံရတော့မည် မဟုတ်ပေ။

လုယွီသည် ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ဘုံတံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် မေးမြန်းသည်။

"ဘယ်သူက ငါ့ကို တားရဲလဲ..."

သောင်းနှင့်ချီသော နန်းတွင်းအစောင့်တပ်သားများသည် တညီတညွတ်တည်း နောက်ဆုတ်လိုက်ကြပြီး သူ့အတွက် လမ်းဖွင့်ပေးလိုက်ကြသည်။

လူတိုင်းသည် လုယွီကို ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်နေကြပြီး သူတို့သည် နတ်ဘုရားတစ်ပါးအား ကြည့်နေသည့်အလားပင်။

မိုးသည်းထန်စွာ ရွာသွန်းနေပြီး တော်ဝင်မြို့တော်၏ဗဟိုရှိ ဗာမီလီယန်လမ်းမကြီးပေါ်တွင် လုယွီတစ်ယောက်တည်းသာ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းနေသည်။

လူအများသည် တံခါးများနှင့် ပြတင်းပေါက်များမှတစ်ဆင့် လုယွီ၏ ပုံရိပ်ကို ကြည့်နေကြသည်။ ဤလူသည် တစ်ယောက်တည်း ဖြစ်သော်လည်း သောင်းနှင့်ချီသောမြင်းများ တပြိုင်နက်တည်း ပြေးလွှားနေသည့်အလား သူတို့ ခံစားနေရပြီး ခုခံရန်မဆိုထားနှင့် သူတို့အား ထိတ်လန့်တုန်လှုပ်လာစေသည်။

မကြာမီပင် လုယွီသည် တော်ဝင်မြို့တော်၏ ပင်မတံခါးဝသို့ ရောက်ရှိလာသည်။ သူ့ကို မည်သူမျှ တားဆီးခြင်း မပြုရဲချေ။ သူသည် မြို့တော်အတွင်းသို့ အတားအဆီးမရှိ ဝင်ရောက်သွားလေ၏။

ဒုန်း... ဒုန်း...

ခမ်းနားထည်ဝါသော တော်ဝင်မြို့တော်၏ တံခါးမကြီး ပွင့်ထွက်သွားပြီး တော်ဝင်အမှုထမ်းငါးရာနှင့်အတူ အစောင့်စစ်သား တစ်သန်းက သူ့ကိုကြိုဆိုရန် ထွက်လာကြသည်။

မြင့်မြတ်ပြီး အစွမ်းထက်သော တော်ဝင်မြို့တော်၏ တံခါးစောင့် နတ်ဆိုးသားရဲကြီးသည် သူ၏မောက်မာထောင်လွှားသော ဦးခေါင်းကို ငုံ့လိုက်၏။ လမ်းမကြီး၏ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေသော အနက်ရောင် ချီလင်သားရဲများသည်လည်း လမ်းဘေးခွေးများကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်တွားနေကြသည်။

စစ်တပ်၏နောက်တွင် တရားရေးဌာန ခြောက်ခုနှင့် အခြားသောအုပ်ချုပ်ရေးရုံးတော်များမှ အရာရှိများ ရှိနေသည်။ သူတို့သည် တရားဝင်ဝတ်စုံများ ဝတ်ဆင်ထားပြီး လမ်းဘေးနှစ်ဖက်တွင် ဒူးထောက်နေကြသည်။

အရာရှိများ၏နောက်တွင် အတွင်းနန်းတော်ရှိ တော်ရုံးနှစ်ဆယ့်လေးခုမှ မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော်များ ရှိနေသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် ခေါင်းငုံ့ထားကြပြီး လုယွီကို သူတို့၏မျက်လုံးထောင့်စွန်းမှ ခိုးကြည့်နေကြသည်။

မည်သူမျှ စကားတစ်ခွန်း မပြောရဲ မည်သူမျှ ခုခံခြင်း မပြုရဲကြချေ။ လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုခြင်း အရှိန်အဝါသည် မပျောက်ကွယ်သေးသဖြင့် လူတိုင်းသည် ငရဲနယ်မြေအတွင်းသို့ ရောက်နေသကဲ့သို့ ခံစားနေရသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါသည် သူတို့၏စိတ်နှလုံးသားများကို အေးစိမ့်တုန်ရီသွားစေသည်။

"အရှင်ကို ကြိုဆိုပါတယ်"

သောင်းနှင့်ချီသောလူများ၏ အော်ဟစ်သံသည် တိမ်တိုက်များကြားသို့ပင် ထိုးဖောက်သွားသည်။

လုယွီသည် သူတို့အနားမှ ဖြတ်လျှောက်သွားသည်။ သူသည် သာမာန်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အမြင့်မားဆုံးသော ကောင်းကင်ဘုံမှလူ့လောကသို့ ဆင်းသက်လာသော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးနှင့် တူညီပေ၏။

သူသည် တော်ဝင်နန်းတော်၏ ကျောက်စိမ်းဖြူလှေကားထစ်များအတိုင်း တစ်လှမ်းချင်း တက်သွားပြီးနောက် 'စကြာဝဠာခန်းမဆောင်' ၏ တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။

All Chapters