အခန်း (၄၉၈၁-၄၉၈၅)
Vol. 252 Ch. 4981-4985
Chaptet 4981
ထိုက်ကျိအမှတ်အသားသည် တက်တူတစ်ကောင်အလား မှော်စွမ်းအားများကို အလွန်လျှင်မြန်စွာ ဝါးမြိုနေသည်။
တာအိုသခင်တစ်ယောက် သေဆုံးပြီးနောက် သူထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့်ပမာဏဟု ဆိုနိုင်ပေ၏။
သို့ရာတွင် ဤထိုက်ကျိအမှတ်အသားသည် အကန့်အသတ်မဲ့သော အောက်ခြေမရှိသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ အချိန်တခဏအတွင်းမှာပင် ထိုအရာသည် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများအားလုံးကို ဝါးမြိုသွားသည်။
ဝုန်း....
အကန့်အသတ်မဲ့ပြီး သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများသည် ထိုက်ကျိအမှတ်အသားမှတဆင့် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
အချိန်တခဏနီးပါးအတွင်းမှာပင် လုယွီ၏ ကျင့်ကြံဆင့်စွမ်းအားသည် အနှစ်နှစ်ဆယ်ခန့် ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့သည့်အလား မြင့်တက်သွားပေ၏။
လုယွီအတွက် သူ၏လက်ရှိ ကျင့်ကြံဆင့်ဖြင့် နောက်ထပ်နယ်ပယ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်ရန်မှာ အလွန်ခက်ခဲသည်။ သူသည် အချိန်ကြာမြင့်စွာ ကျင့်ကြံရန် လိုအပ်ပေလိမ့်မည်။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော်တွင်ပင် ရွှယ်အင်မော်တယ်နယ်ပယ်၌ ပိတ်မိနေသော အင်မော်တယ်အမြောက်အများ ရှိခဲ့သည်။ သူတို့သည် ကောင်းကင်ဘုံနန်းတော် ပျက်စီးသွားသည့်အချိန်အထိ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့ခြင်း မရှိချေ။
သို့ရာတွင် ကံကြမ္မာကောင်းများကို ကြုံတွေ့ပြီးနောက် လုယွီသည် နှစ်အနည်းငယ်ကြာ ကျင့်ကြံရမှုကို ချွေတာနိုင်ခဲ့သည်။ သူ၏ကျင့်ကြံဆင့်စွမ်းအားများသည် ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေ၏။
"ထိုက်ကျိအမှတ်အသားက ဘာလို့ အခုချိန်မှာ အသက်ဝင်လာတာလဲ....အခွင့်အရေးတစ်ခုခုကြောင့်လား .."
လုယွီသည် နတ်ဆိုးဘိုးဘေးများနှင့် တွေ့ဆုံမှသာ ထိုက်ကျိအမှတ်အသား အသက်ဝင်လာသည်ကို ပြန်အမှတ်ရလိုက်သည်။
တခြားအချိန်များတွင်မူ လုယွီသည် သူ၏ပြိုင်ဘက်တချို့ကို သတ်ခဲ့သော်လည်း ထိုက်ကျိအမှတ်အသားသည် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့ချေ။
တခြားရှမိသားစုအကြီးအကဲနှစ်ဦးသည် နေရာမှာပင် ကြက်သေသေသွားပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။
ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ရှစစ်ရှန်သည် သူတို့သုံးဦးထဲအနက် အားအနည်းဆုံးဖြစ်သော်လည်း သူသည် တာအိုသခင်တစ်ယောက်ဖြစ်နေဆဲပင်။
လုယွီသည် ရှစစ်ရှန်ကို လက်ဝါးတစ်ချက် ရိုက်နှက်ကာ လက်ညှိုးတစ်ချက်ညွှန်ရုံဖြင့် သတ်ဖြတ်ခဲ့သည်။ သူ၏လှုပ်ရှားမှုများသည် စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့ပြီး မည်သည့်အဟန့်အတားမျှ မရှိခဲ့ချေ။
အပြင်လူများသည် ဤမြင်ကွင်းကို မြင်တွေ့ပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး ထိတ်လန့်တုန်လှုပ်သွားပေမည်။
"မင်းတို့နှစ်ယောက်...သူ့ကို မြန်မြန်သတ်လိုက်စမ်း"
ကျိုူယွမ်ယန်သည် နဂါးပလ္လင်၏လက်ရမ်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"အရမ်းကောင်းတယ်..ရှမိသားစုက မင်းတို့ကို အချိန်ကိုက်လွှတ်လိုက်တာပဲ...ငါ ကျင့်ကြံဖို့ အတွက် အကူအညီ လိုနေတာနဲ့ အတော်ပဲ"
လုယွီက ရှေ့သို့ ချက်ချင်းပြေးဝင်သွားသည်။
လုယွီ၏ မျက်လုံးအတွင်းတွင် ဤအကြီးအကဲနှစ်ဦးသည် တာအိုသခင်များမဟုတ်တော့ဘဲ သူ၏ကျင့်ကြံမှုတွင် ကူညီနိုင်သော စိတ်ဝိညာဉ်ဆေးလုံးများပင်။
"လုယွီ... မင်းက ငါတို့မိသားစုက အကြီးအကဲတစ်ယောက်ကို တကယ်ကြီး သတ်ခဲ့တာပဲ...မင်းက အတင့်ရဲလှချည်လား.... ဒီလောက်ထိ ဆိုးရွားတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တယ်...မင်းကို မြင်းငါးကောင်နဲ့ အပိုင်းပိုင်ဆုတ်ဖြဲရင်တောင် ဒီပြစ်ဒဏ်က လွန်ကဲရာမရောက်ဘူး"
ရှယင်ရီနှင့် ရှစန်းချိုင်တို့သည် တစ်ချိန်တည်းအော်ဟစ်လိုက်ကြရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ဥပဒေသများ၏ ပြောင်းလဲမှုများကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။
ဤဥပဒေသပြောင်းလဲမှုသည် နက်ရှိုင်းပြီး နက်နဲသိမ်မွေ့ကာ အကောင်အထည်မရှိချေ။
သူတို့နှစ်ဦးမှာ တစ်ချိန်တည်းမှာပင် ခြေတစ်လှမ်းရှေ့တိုးလိုက်ကြသည်။ သူတို့၏ခြေထောက်များအောက်တွင် ရွှေရောင်တဖျတ်ဖျတ်လက်နေသော စိတ်ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာပြီး မဟာတာအို၏ နက်နဲသိမ်မွေ့သော အမှန်တရားများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် ကျယ်လောင်သော ကျမ်းစာရွတ်ဆိုသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာပေ၏။
သူတို့သုံးဦးလုံသည် တာအိုဂိုဏ်း၏ ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသည်။
ဤသည်မှာ အလွန်ရှေးကျသော ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပြီး သူတို့သုံးဦး ပေါင်းစပ်လိုက်လျှင် အထွတ်အထိပ်စွမ်းအားကို ထုတ်လွှတ်နိုင်ပေလိမ့်မည်။
ရှမိသားစုအကြီးအကဲများသည် လုယွီက ဦးဆောင်တိုက်ခိုက်ပြီး ရှစစ်ရှန်ကို ချက်ချင်းသတ်ဖြတ်နိုင်လိမ့်မည်ဟု တွေးထင်မထားခဲ့ကြချေ။
ရှစစ်ရှန် သေဆုံးသွားသည်နှင့် သူတို့၏ ပူးပေါင်းမှော်နည်းစနစ်၏စွမ်းအားသည် များစွာအားနည်းသွားပေ၏။
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျိုးယွမ်ယန်...မင်းရဲ့မျက်လုံးတွေကို ဖွင့်ပြီး ရှသေချာမြင်အောင်ကြည့်စမ်း...ဒါက ရှမိသားစုထဲက မင်းရဲ့နေရာပဲ...သူတို့က မင်းကို ကာကွယ်ဖို့ ဒီလိုလူမျိုးတွေကိုပဲ လွှတ်ချင်ကြတယ်.. မင်းက ရှမိသားစုအတွက်... အရေးမပါတဲ့ တည်ရှိမှုတစ်ခုပဲ"
ကျိုးယွမ်ယန်၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
ရှယင်ရီက ဒေါသထွက်သွားပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
"လုယွီ....မင်းက တက်သစ်စကြယ်တစ်ပွင့်ပဲ... ငါ ကောင်းကင်ဘုံနယ်မြေမှာ လှည့်လည်သွားလာတုန်းက မင်း ဘယ်ဘဝမှာ ရှိနေတယ်ဆိုတာတောင် မသိနိုင်ဘူး...မင်းက ငါတို့နှစ်ယောက်ကို လျစ်လျူရှုရဲတာလား"
"ဟုတ်တယ်...ငါက မင်းတို့နှစ်ယောက်ကို လျစ်လျူရှုနေတာပဲ....ဒီနေ့ မင်းတို့နှစ်ယောက်က စိတ်ဝိညာဉ်စွမ်းအားတွေအဖြစ် ပြောင်းလဲပြီး ငါရဲ့ကျင့်ကြံဆင့် မြင့်တက်လာဖို့ ကူညီသင့်တယ်"
လုယွီက လက်မြှောက်ကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ သူ၏မှော်စွမ်းအားသည် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။
Chapter 4982
အချိန်တခဏအတွင်းမှာပင် ရှမိသားစုအကြီးအကဲနှစ်ယောက်သည် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
သူတို့နှစ်ယောက်သည် ပြန်လည်တိုက်ခိုက်ရန်အတွက် အခွင့်အရေးမရှိခဲ့ချေ။ သူတို့သည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်အမင်းအစွမ်းထက်သော အားလှိုင်းတစ်ရပ်ဖြင့် ချိတ်ပိတ်ခြင်းခံလိုက်ရသည်ဟုသာ ခံစားလိုက်ရပြီး လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ပေ။
"မဟာတာအိုက ပုံသဏ္ဌာန်မရှိ... တာအိုနည်းစနစ်တွေက နက်နဲသိမ်မွေ့တယ်..."
ရှယင်ရီနှင့်ရှစန်းချိုင်တို့သည် သူတို့၏မှော်စွမ်းအားများကို အကုန်အစင်ထုတ်လွှတ်ပြီး သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်သည့် အလင်းလွှာတစ်လွှာကို ဖွဲ့စည်းလိုက်ကြသည်။
အလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာပြီးနောက် သူတို့နှစ်ယောက်သည် သူတို့၏စွမ်းအားများအားလုံးကို ထုတ်ဖော်အသုံးပြုလိုက်ကြ၏။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး သူတို့၏ခေါင်းများအထက်တွင် ကြယ်တာရာကောင်းကင်ယံ ပုံရိပ်ယောင်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုကြယ်တာရာကောင်းကင်ယံတွင် မှော်စွမ်းအားများသည် မဟာတာအို၏သင်္ကေတများအဖြစ်သို့ စုစည်းသွားပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။
ကံမကောင်းစွာဖြင့် လုယွီသည် ဤလူနှစ်ဦး၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် လက်ဝါးတစ်ချက်သာ ရိုက်ချလိုက်၏။
ကြောက်မက်ဖွယ်ကောင်းပြီး အကန့်အသတ်မဲ့သော ဖိအားတစ်ရပ်သည် မြေပြင်ပေါ်သို့ ပြိုကျလာသော တောင်တစ်လုံးကဲ့သို့ ချက်ချင်းကျရောက်လာပြီး လူများကို ခုခံလိုစိတ် မရှိစေတော့ချေ။
ဘုန်း...ဘုန်း....
ရှယင်ရီနှင့်ရှစန်းချိုင်တို့ ဝတ်ဆင်ထားသော တာအိုဝတ်ရုံများ ကြေမွှပျက်စီးသွားသည်။
သူတို့ ထိန်းချုပ်နိုင်သော မဟာတာအိုဥပဒေသဖြင့် လုယွီကို တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိချေ။ သူတို့ ထုတ်ဖော်အသုံးလိုက်သော မဟာတာအို၏ အလင်းတိုင်သည်လည်း မှိန်ဖျော့ကာ အားနည်းနေပုံရသည်။
ဘုန်း....
လုယွီ၏လက်ဝါးရိုက်ချက် နောက်ဆုံး၌ ကျရောက်လာသည်။ ဤသည်မှာ သူတို့နှစ်ဦး၏ တာအိုနည်းစနစ်များကို ပျက်စီးသွားစေရုံသာမက သူတို့၏ခန္ဓာကိုယ်များကိုလည်း လုံးလုံးလျားလျား ဖျက်ဆီးလိုက်သည်။
"လုယွီ...မင်းက ငါတို့နှစ်ယောက်လုံးကို သတ်ရဲတာလား....ဘိုးဘေးက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး...ငါ့တို့ ရှမိသားစုရဲ့ သူရဲကောင်းစိတ်ဝိညာဉ်က မင်းကို အချိန်တိုင်း ကျိန်ဆဲပြီးတော့ မင်းကို အဆုံးမရှိတဲ့ငရဲထဲ ကျရောက်စေလိမ့်မယ်"
ရှမိသားစုအကြီးအကဲနှစ်ဦးက အလွန်နာကြည်းမုန်းတီးသော အသံဖြင့် ပြောဆိုလိုက်သည်။
သူတို့၏အသံများ ကျရောက်လာသည်နှင့် လေဟာနယ်အတွင်းတွင် ဥပဒေသစွမ်းအားများ ရောယှက်နေသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
သူတို့ သေဆုံးခြင်းမတိုင်မီ ထုတ်လွှတ်လိုက်သော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလိုပင် လုယွီကို လွှမ်းခြုံသွားသည်။
"ငရဲ... မင်းတို့က ငရဲအကြောင်း ဘာသိလို့လဲ...."
လုယွီက ပြုံးလိုက်ပြီး သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ဤသည်မှာ စားပွဲပေါ်မှ ဖုန်မှုန့်များကို သုတ်လိုက်သည့်အလားပင်။ လေပြင်းတစ်ရပ် တိုက်ခတ်သွားသည်နှင့်အတူ ထိုကျိန်စာစွမ်းအားသည် လုယွီ၏အနီးသို့ပင် မရောက်နိုင်တော့ချေ။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.."
ရှမိသားစုအကြီးအကဲနှစ်ယောက်၏ စိတ်ဝိညာဉ်နှစ်ခုက အော်ဟစ်လိုက်ကြသည်။ သူတို့၏မျက်လုံးများကိုပင် သူတို့ မယုံနိုင်ကြတော့ချေ။
သူတို့နှစ်ဦးလုံးသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။ သူတို့သေဆုံးခြင်းမတိုင်မီ ထုတ်လွှတ်လိုက်သော ကျိန်စာသည် သာမန်လူများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
ဤကဲ့သို့သော နည်းစနစ်ဖြင့်ပင် သူတို့ ထုတ်လွှတ်လိုက်သော ကျိန်စာမှာ လုယွီ၏အနီးသို့ပင် မချဥ်းကပ်နိုင်ခဲ့ချေ။ ဤသည်မှာ အမှန်တကယ်ကို မယုံနိုင်စရာကောင်းသော ကိစ္စတစ်ရပ်ပင်။
"မင်းတို့က အတုအယောင်အင်မော်တယ်တွေပဲ... မင်းတို့က ငါ့ကို ကျိန်ဆဲရဲတာလား..."
လုယွီ၏အသံသည် ကျယ်လောင်ပြီး ပီပြင်ရှင်းလင်းကာ အထက်ကိုးကောင်းကင်ဘုံမှ မိုးကြိုးပစ်ခတ်သံကဲ့သို့ဖြစ်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။
ရှမိသားစုအကြီးအကဲနှစ်ဦး၏ စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်ခါသွားကြသည်။ လုယွီ၏ စကားများကြောင့် သူတို့၏စိတ်ဝိညာဉ်များတွင် အက်ကွဲတော့မည့် လက္ခဏာများ ထွက်ပေါ်လာသည်။
ဘုန်း....
လုယွီသည် သူတို့ကို တုံ့ပြန်ရန် အချိန်မပေးခဲ့ချေ။
နောက်ထပ်လက်သီးတစ်ချက် ကျရောက်သွားသည်။ ထိုလက်သီးပေါ်မှ သွေးချီစွမ်းအားများသည် ထူထပ်သိပ်သည်းပြီး သားကောင်ကို ခုန်အုပ်လိုက်သော ဝံပုလွေတစ်ကောင်အလားပင်။ အစစ်အမှန်အင်မော်တယ်တစ်ယောက်၏ သွေးချီစွမ်းအားတွင် စိတ်ဝိညာဉ်များနှင့် သရဲတစ္ဆေများအပေါ်တွင် ပြင်းထန်စွာ နှိမ်နင်းနိုင်သောစွမ်းအားရှိသည်။
ရှအကြီးအကဲနှစ်ဦးသည် အသက်ရှူချိန်အနည်းငယ်သာ တောင့်ခံနိုင်ခဲ့ပြီး သူတို့၏စိတ်ဝိညာဉ်များသည် မည်သည့်အရာမျှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားကြသည်။
လေထုအတွင်းတွင် သူတို့ မသေဆုံးမီ ထုတ်လွှတ်လိုက်သော မျှော်လင့်ချက်မဲ့သည့် အော်ဟစ်သံများဖြင့် ပြည့်နှက်နေဆဲပင်။
ဤမြင်ကွင်းမှာ အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။ ကြီးကျယ်ခမ်းနားသော တာအိုသခင်များသည် ပုရွက်ဆိတ်များအလား မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခံလိုက်ရသည်။
ဝှစ်...ဝှစ်...ဝှစ်...
လေထုအတွင်းတွင် ကျန်ရစ်ခဲ့သော အသွေးအသားများသည် အလျင်အမြန် ကြေမွှပျက်စီးသွားပြီး ထိုက်ကျိအမှတ်အသားမှတဆင့် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
ဤရှမိသားစုအကြီးအကဲများသည် သူတို့၏ကျင့်ကြံမှုနယ်ပယ်ကို အတင်းအကျပ်မြှင့်တင်ရန် ဆေးလုံးများကို အသုံးပြုခဲ့သဖြင့် ရှကွေ့ကျုံး၏စွမ်းအားထက် အလွန်အမင်းလျော့နည်းသည်။
လုယွီ၏ခန့်မှန်းချက်အရ ကျိုူယွမ်ယန်ကို ကာကွယ်ရန် သူတို့အား စေလွှတ်ခဲ့သည့် အကြောင်းရင်းမှာ လုယွီသည် ရှကွေ့ကျုံးနှင့် ဦးစွာတိုက်ခိုက်ခဲ့သောကြောင့်ပင်။ ကျိုးယွမ်ယန်ထံသို့ ရောက်ရှိချိန်၌ သူသည် မီးစာကုန်ဆီခမ်းဖြစ်နေပြီး သူ၏မှော်စွမ်းအားများ ကုန်ခမ်းနေမည်ဟု ရှမိသားစုမှ တွေးထင်ခဲ့ပုံပင်။
သို့ရာတွင် ရှမိသားစုသည် အတွက်မှားသွားပေ၏။
ယခုလက်ရှိချိန်၌ လုယွီသည် သဘာဝသူတော်စင်တစ်ပါးပင်။ သူသည် အသက်တစ်ရှိုက်တည်းဖြင့် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားပမာဏကို ရရှိနိုင်ပြီး ချက်ချင်းပြန်လည်ကောင်းမွန်လာနိုင်သည်။ ထို့ကြောင့် သူသည် သူ၏အထွတ်အထိပ်အခြေအနေကို အချိန်တိုင်း ထိန်းသိမ်းထားနိုင်ပေ၏။
Chapter 4983
ထိုက်ကျိအမှတ်အသားသည် တဖန်ပြန်၍လည်ပတ်ပြီး ရှမိသားစုအကြီးအကဲနှစ်ဦး၏အသွေးအသားများကို ဝါးမြိုသွားသည်။
သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ကျင့်ကြံဆင့်စွမ်းအားများသည် ပြိုကွဲသွားပြီး သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီ၏စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် လုယွီ၏မရီဒါန်းများအားလုံးသည် တဝုန်းဝုန်းလှိုင်းထန်နေသော ပင်လယ်သမုဒ္ဒရာတစ်စင်းနှင့် တူညီနေကာ ပြင်းပြင်းထန်ထန် တုန်ခါနေပေ၏။
ဤလူနှစ်ဦး၏ကျင့်ကြံဆင့်သည် လုယွီအား သူ၏ကျင့်ကြံမှုစွမ်းအားကို နှစ်ငါးဆယ်စာ တိုးတက်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်သည် လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူ၏အင်မော်တယ်ချီစွမ်းအားများသည် မိုးကောင်းကင်သို့ ပျံသန်းနေသော နဂါးများနှင့် တူညီနေကာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
"ဟူး......ရှမိသားစုက နောက်ထပ်အကြီးအကဲနည်းနည်းလောက် ထပ်လွှတ်လိုက်ရင် ငါက ရွှယ်အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်"
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။
ကျိုးယွမ်ယန်သည် နဂါးပလ္လင်ပေါ်တွင် အားအင်ချည့်နဲ့စွာ ထိုင်နေပြီး သူ၏စွမ်းအားများအားလုံး ဆုံးရှုံးသွားသည့်အလားပင်။
သူ၏မာန်မာနနှင့်မှီခိုအားထားမှုတို့သည် သူ၏နောက်ကွယ်ရှိ ရှမိသားစုအကြီးအကဲသုံးဦးထံမှ လာသည်။
ကျိုးယွမ်ယန်၏ ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် ဤအကြီးအကဲသုံးဦးသည် တာအိုသခင်များဖြစ်သည်ကိုသာ မြင်နိုင်ပြီး သူသည် တခြားအရာများကို ထွင်းဖောက်မမြင်နိုင်ချေ။
အမှန်အားဖြင့် တာအိုသခင် ထွက်ပေါ်လာချိန်တွင် သူ၏အရှိန်အဝါသည် အလွန်အားကောင်းပြီး ထိုက်တောင်ကြီးတစ်တောင် ကျရောက်လာသကဲ့သို့ လူအများအား ခံစားရစေသည်။
သို့ရာတွင် ထိုကဲ့သို့သော နက်နဲသိမ်မွေ့သည့် တည်ရှိမှုများသည် အချိန်တခဏအတွင်းမှာပင် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
လုယွီသည် အစောပိုင်းက ရှကွေ့ကျုံးနှင့် ကြီးမားသောတိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့သည် မဟုတ်လော...
သူ့ထံတွင် မည်သည်ကြောင့် ဤကဲ့သို့စွမ်းအားများ ကျန်ရှိနေသနည်း....
"မင်းမှာ ဘာထပ်ပြောစရာ ကျန်သေးလဲ..."
လုယွီသည် နဂါးပလ္လင်ထံသို့ ခြေတစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်၏။
ကျိုးယွမ်ယန်၏မျက်နှာပေါ်တွင် နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
လုယွီ၏ခြေတစ်လှမ်းစီတိုင်း သူ၏နှလုံးသားကို နင်းနေသကဲ့သို့ သူ ခံစားလိုက်ရပြီး ဧရာမတူတစ်လက်ဖြင့် ထုရိုက်ခံလိုက်ရသကဲ့သို့ သူ၏စိတ်နှလုံးသားကို တုန်ခါစေသည်။
အချိန်တခဏကြာပြီးနောက် ကျိုးယွမ်ယန်က ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"လုယွီ..... မင်းက ငါ့ဆီကနေ ထီးနန်းကို လုယူချင်တယ်...အိပ်မက်မက်နေလိုက်စမ်း...."
စကြာဝဠာခန်းမဆောင်၏အထက်တွင် ထောင်နှင့်ချီသော မိုးကြိုးလှိုင်းများရုတ်တရက် ထွက်ပေါ်လာပြီး ကျိုးယွမ်ယန်ကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
ကျိုးယွမ်ယန်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး မရေမတွက်နိုင်သော မိုးကြိုးလှိုင်းများ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တဝုန်းဝုန်းမြည်ဟီးနေကာ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော မိုးကြိုးနတ်ဘုရားတစ်ပါးအလားပင်။
သူသည် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို အသုံးပြု၍ လုယွီကို အတင်းအကြပ် နှိမ်နင်းရန် ဟန်ပြင်နေသည်။
လုယွီသည် စကြာဝဠာခန်းမဆောင်၏ အနီရောင်ကော်ဇောပေါ်တွင် ရပ်နေပြီး သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်နေသည်။
ဤနေရာသည် အရပ်ဘက်နှင့်စစ်ဘက်အရာရှိများမှ ဧကရာဇ်ကို အရိုအသေပြုပြီး နေ့စဉ်နေ့တိုင်း နန်းတွင်းညီလာခံ ကျင်းပသည့် နေရာပင်။
တာယွီတော်ဝင်နန်းတော် တည်ထောင်ပြီးကတည်းက ထိုကဲ့သို့သော မြင်ကွင်းမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။ ဧကရာဇ်သည် အမှန်တကယ်ကို ဤအခြေအနေသို့ရောက်အောင် အတင်းအကြပ် တွန်းပို့ခံခဲ့ရသည်။
"ဒီကံကြမ္မာက မင်းနဲ့ မသက်ဆိုင်သင့်ဘူး"
လုယွီသည် မိုးကောင်းကင်ယံရှိ တဝုန်းဝုန်းထနေသော မိုးကြိုးများကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။
"မင်းက မြေကိုပေးအပ်ပြီး ငြိမ်းချမ်းရေးရှာခဲ့တဲ့အပြင် ကျမ်းစာတွေကိုမီးရှို့ပြီး ကွန်ဖြူးရှပ်ဂိုဏ်းကို ထောင်ချောက်ဆင်တဲ့အချိန်ကစပြီး ဒီလောကကြီးကလူတွေက မင်းနဲ့ မသက်ဆိုင်တော့ဘူး... ရှုပ်ထွေးပွေလီတဲ့လောကကြီးက နန်းတော်ထဲမှာ ပိတ်မိနေတဲ့ ရုပ်သေးဧကရာဇ်တစ်ယောက်ကို မလိုအပ်ဘူး...မင်း ဆက်ပြီး မဆင်မခြင်လုပ်နေရင် မင်းက တာယွီအင်ပါယာကို ပျက်သုဥ်းသွားစေလိမ့်မယ်"
လုယွီ၏စကားများသည် ကျိုးယွမ်ယန်ကို အလွန်အမင်း ဒေါသထွက်သွားစေပေ၏။
ကျိုးယွမ်ယန်၏ မျက်လုံးများ နီမြန်းသွားပြီး သူသည် လုယွီကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ငေါက်လိုက်သည်။
"ငါက ကောင်းကင်ဘုံရဲ့ သားတော်....ငါက တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ... မင်းက အောက်ဘုံကနေ တက်လာတဲ့ နိမ့်ကျတဲ့မျိုးစေ့တစ်စေ့ပဲ...မင်းမှာ ငါ့လို ကောင်းကင်ဘုံရဲ့ သားတော်လို့ ဆုံးမပိုင်ခွင့် ရှိလို့လား"
သူသည် သူ၏လက်အတွင်းတွင် ရွှေရောင်ကျောက်စိမ်းနဂါးစည်းတံဆိပ်ကို ကိုင်ဆောင်ထားပြီး အောက်သို့ဖိနှိပ်လိုက်သည်။ ဤသည်မှာ သူသည် လောကကြီး၏ နေနှင့်လကို ထိန်းချုပ်နေသကဲ့သို့ဖြစ်ပြီး သူ၏စကားများသည် ကောင်းကင်ဘုံ၏အမိန့်တော်ကို သယ်ဆောင်ထားပေ၏။
"ငါက တာယွီရဲ့ကံကြမ္မာစွမ်းအားကို ဒီသစ္စာဖောက်ကို သတ်ဖြတ်ဖို့ အမိန့်ပေးတယ်..."
ကျိုးယွမ်ယန်၏ အသံသည် စကြာဝဠာခန်းမဆောင်အတွင်းတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
ရုတ်ချည်းဆိုသလို တာယွီအင်ပါယာ၏ ကံကြမ္မာစွမ်းအားများသည် ထက်ရှသော ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီအပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
တာယွီတော်ဝင်နန်းတော်တွင် အရာရှိများသည် ရာထူးအဆင့်တိုးမြှင့်ခြင်းဖြင့် မတူညီသော ကံကြမ္မာစွမ်းအား ကောင်းချီးပေးမှုများကို ရရှိခဲ့ကြသည်။
သို့ရာတွင် ဤကံကြမ္မာစွမ်းအားသည် အသွားနှစ်ဖက်ပါသော ဓားတစ်လက်လည်းဖြစ်သည်။
တစ်စုံတစ်ယောက်သည် ပုန်ကန်ရဲပါက အင်ပါယာ၏ကံကြမ္မာစွမ်းအားကို ထိုလူထံမှ ရုတ်သိမ်းရုံသာမက သူသည် အင်ပါယာ၏ကံကြမ္မာမှ တန်ပြန်တိုက်ခိုက်မှုကိုလည်း ခံယူရပေလိမ့်မည်။
Chapter 4984
ဤသည်မှာ အရာရှိများ၏ သစ္စာစောင့်သိမှုကို အာမခံချက်ရရှိစေရန် တော်ဝင်နန်းတွင်းမှ အသုံးပြုသော နည်းလမ်းတစ်ခုလည်းဖြစ်သည်။
လုယွီ ရောက်ရှိလာချိန်၌ တော်ဝင်စစ်တပ်၏ဆုတ်ခွာခြင်းနှင့် အရာရှိများ၏ ကြိုဆိုခြင်းတို့သည် ကျိုးယွမ်ယန်၏စိတ်နှလုံးသားအတွင်းမှ တားမြစ်စည်းကို ထိပါးခဲ့ပြီးဖြစ်သည်။
သို့ရာတွင် သူသည် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို အတင်းအကြပ် ဖိနှိပ်ထားခဲ့သည်။ ဤသည်မှာ တာယွီအင်ပါယာ၏ ကံကြမ္မာစွမ်းအားများအားလုံးကို လုယွီအပေါ် အသုံးပြုရန်အတွက်ပင်။
ကံကြမ္မာစွမ်းအားဓားကြီးသည် မိုးကောင်းကင်ယံတွင် တဝီဝီမြည်ဟီးနေပြီး အောက်သို့ ဆင်းသက်လာသည်။
ထိုဧရာမဓားကြီးဆင်းသက်လာသည်နှင့် ကျိုးယွမ်ယန်၏မျက်နှာအမူအယာသည် ပို၍ပို၍ရက်စက်ကြမ်းကြုတ်လာပေ၏။
"လုယွီ... ငါ မင်းကို ဒီနေ့ အလောင်းအပြည့်အစုံမကျန်ဘဲ သေစေမယ်...အတိတ်တုန်းက မင်း တာယွီအင်ပါယာဆီကနေ ဘာပဲယူခဲ့ယူခဲ့...ဒီနေ့အားလုံးကို ပြန်အန်ထုတ်ရမယ်..."
ကျိုးယွမ်ယန်၏စိတ်ဆန္ဒမှ လွှမ်းမိုးခြင်းကို ခံရသည့်အလား ဧရာမဓားကြီးသည် လေဟာနယ်ကို ဖြတ်တောက်ပြီး မိုးကြိုးပစ်ခတ်သံကဲ့သို့ ကျယ်လောင်မြည်ဟီးသံကို ထုတ်လွှတ်လိုက်သည်။
ဘုန်း...
ဧရာမဓားကြီးသည် လုယွီရှေ့သို့အရောက်တွင် သူနှင့်သုံးမီတာခန့်အကွာ၌ ရပ်တန့်သွားပေ၏။
ဤသည်မှာ မာကျောသော သံမဏိတောင်တစ်လုံးကို တိုက်မိသကဲ့သို့ဖြစ်ပြီး သတ္တုအချင်းချင်းထိခတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ဧရာမမီးပြင်းဖိုတစ်လုံး၏ ပုံရိပ်ယောင်သည် လုယွီ၏ရှေ့တွင် ထွက်ပေါ်လာပြီး ဧရာမဓားရှည်ကို တားဆီးထားသည်။
ထိုမီးပြင်းဖိုတွင် ခြေသုံးချောင်းရှိပြီး သုံးချောင်းထောက်အနေအထားတွင် ရှိသည်။ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များကို ထွင်းထုထားပေ၏။ အရာရှိများ သာမန်ပြည်သူများ စစ်သည်များနှင့် ကွန်ဖြူးရှပ်ပညာရှင်များ ကုန်သည်များစသဖြင့် လူတန်းစားမျိုးစုံ၏ ထူထပ်သိပ်သည်းသော ပုံရိပ်များကို မီးပြင်းဖို၏မျက်နှာပြင်ပေါ်တွင် ထွင်းထုထားသည်။
ထိုလူများသည် အသက်ဝင်လှပြီး မရေမတွက်နိုင်သော လူများမှ ဧရာမဓားကြီး၏ အစွမ်းကို ခုခံရန် မီးပြင်းဖိုကို ကိုင်ဆောင်ထားသည့်အလားပင်။
ခရက်..ခရက်...ခရက်...
ဧရာမဓားကြီး၏စွမ်းအားသည် အလွန်ကြီးမားကာ ပြင်းထန်စွာ ကျဆင်းလာသော်လည်း မီးပြင်းဖို၏တစ်ဝက်ကိုပင် မထွင်းဖောက်နိုင်ခဲ့ချေ။
လုယွီသည် ထိုမီးပြင်းဖို၏နောက်တွင် မတ်တတ်ရပ်နေပေ၏။ လေပြေတစ်ရပ်သည် သူ၏အဝတ်အစားများပေါ်သို့ တိုက်ခတ်သွားသည်မှအပ သူသည် တစိုးတစိမျှ ထိခိုက်သွားခြင်းမရှိချေ။
"ပြည်သူ့စိတ်ဆန္ဒ ရတနာမီးပြင်းဖို...ဒါက မင်းဆီမှာ ဘာလို့ ထွက်ပေါ်လာတာလဲ"
ကျိုးယွမ်ယန်၏မျက်လုံးများ ပြူးကျယ်နေပြီးဒေါသကြောင့် သူ၏မျက်လုံးများ နီမြန်းနေကာသွေးများယိုစီးကျလုနီးပါးပင်။
ဤပြည်သူ့စိတ်ဆန္ဒ ရတနာမီးပြင်းဖိုသည် ကံကြမ္မာရွှေရောင်နဂါးနှင့် တူညီပြီး ဤသည်မှာ အင်ပါယာ၏ ကံကြမ္မာစွမ်းအားများမှ သရုပ်သကန်ထင်ဟပ်လာမှုဖြစ်သည်။
ကံကြမ္မာစွမ်းအားကဲ့သို့ အရာသည် စိတ်ကူးယဉ်ဆန်ပြီး ပုံသဏ္ဌာန်မရှိချေ။ ထိုအရာကို မမြင်နိုင် မထိတွေ့နိုင်ဘဲ အလွန်နက်နဲသိမ်မွေ့သည်။ သို့သော်လည်း ထိုကံကြမ္မာစွမ်းအားသည် ပုံသဏ္ဌာန်တချို့အဖြစ်သို့ ပြောင်းလဲနိုင်ပေ၏။
ဥပမာအားဖြင့် ကျိုးယွမ်ယန် ထိန်းချုပ်ထားသော ကံကြမ္မာရွှေရောင်နဂါးနှင့် ကံကြမ္မာစွမ်းအားဧရာမဓားကြီးတို့ပင်။ သူသည် ဧကရာဇ်ဖြစ်သောကြောင့် တာယွီအင်ပါယာ၏ ကံကြမ္မာစွမ်းအားကို သူ၏ကိုယ်ပိုင်အဖြစ် အသုံးပြုရန်အတွက် ထိန်းချုပ်နိုင်သည်။
သို့ရာတွင် ပြည်သူ့စိတ်ဆန္ဒ ရတနာမီးပြင်းဖိုသည် သူ ထိန်းချုပ်နိုင်သော ကံကြမ္မာစွမ်းအားဖြင့် ဖွဲ့စည်းနိုင်သည့်အရာ မဟုတ်ချေ။
ဤကဲ့သို့ နတ်ဘုရားဆန်သည့် ပစ္စည်းတစ်ခုကို ဖွဲ့စည်းရန်အတွက် တစ်စုံတစ်ယောက်သည် တာယွီအင်ပါယာရှိ လူများအားလုံး၏ ယုံကြည်မှုနှင့် ပြည်သူလူထု၏ခံစားချက်ကို ရရှိရန် လိုအပ်သည်။ ထိုအချိန်ကျမှသာ သူသည် ထိုရတနာမီးပြင်းဖိုကို ထိန်းချုပ်နိုင်ပေမည်။
ပုံမှန်အားဖြင့် တာယွီတော်ဝင်နန်းတော်၏ ဧကရာဇ်များသည် သူတို့၏ ထီးနန်းဆက်ခံမှု နောက်ပိုင်းကာလတွင် ရှိပြီး ပြည်သူလုထုထံမှ ယုံကြည်ချက်များ ရယူပြီးမှသာ ဤရတနာကို ဖွဲ့စည်းနိုင်သည်။
ပြည်သူလူထု၏ထင်မြင်ချက်များသည် ရေကဲ့သို့ဖြစ်ပြီး ရေသည် လှေများကို သယ်ယူပို့ဆောင်နိုင်သည်။
ဤမြင့်မြတ်သောရတနာ၏ ဖွဲ့စည်းမှုသည် လောကအတွင်းရှိ လူများအားလုံး၏ စိတ်ဆန္ဒကို သယ်ဆောင်နိုင်သည်။ ဤရတနာကို ဖွဲ့စည်းနိုင်သူမှ ပြောဆိုသော စကားတစ်လုံးစီတိုင်းသည် လူများကို ယုံကြည်လက်ခံစေနိုင်ပြီး အင်ပါယာ၏လားရာကိုပင် လွှမ်းမိုးနိုင်သည်။
လက်ရှိကောင်းကင်ဘုံနယ်မြေတွင် ပြည်သူ့စိတ်ဆန္ဒ ရတနာမီးပြင်းဖိုကို ဖွဲ့စည်းနိုင်ခဲ့သူဟူ၍ စာပေသူတော်စင်သုံးပါးသာ ရှိသည်။
ယခုချိန်တွင်မူ လုယွီလည်း ပါဝင်သွားလေပြီ။
လက်ရှိကျိုးယွမ်ယန်အတွက်မူ ပြည်သူ့စိတ်ဆန္ဒ ရတနာမီးပြင်းဖိုသည် သူ လက်လှမ်းမမီနိုင်သောအရာဟု ဆိုနိုင်ပေ၏။
သို့ရာတွင် ထိုကဲ့သို့သော မြင့်မြတ်သည့် ရတနာတစ်ခုကို လုယွီက ဖွဲ့စည်းနိုင်ခဲ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
ဤသည်မှာ သူ၏ရှေ့တွင် သူ မရနိုင်သော ရတနာတောင်တစ်လုံး ရှိနေသည့်အလားပင်။ သူသည် ဤရတနာတောင်ကို ဦးစွာမြင်သူဖြစ်သော်လည်း အခြားလူတစ်ယောက်၏ လုယက်ခြင်းကို ခံလိုက်ရသည်။
"မဖြစ်နိုင်ဘူး....မင်းက လူတိုင်းရိုသေလေးစားတဲ့ ကောင်းကင်ဘုံရဲ့သားတော်ဆိုတာ ငါ မယုံဘူး... ဒီလိုရတနာကို မင်းလို အပြင်လူတစ်ယောက်က ရယူနိုင်ခွင့် ရှိလို့လား"
ကျိုးယွမ်ယန် ရူးသွပ်သွားသည့်အလား အော်ဟစ်ကာ ကံကြမ္မာရွှေရောင်နဂါးကို လုယွီအား တိုက်ခိုက်ရန် တဖန်ပြန်၍ အမိန့်ပေးလိုက်သည်။
ကံကြမ္မာရွှေရောင်နဂါးသည် ဟိန်းဟောက်ပြီး ပျံသန်းသွားရာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို တုန်ခါသွားစေသည်။ ဤသည်မှာ လျှပ်ပြက်သကဲ့သို့သော လျှင်မြန်သောအရှိန်အဟုန်ဖြင့် လုယွီထံသို့ တိုးဝင်သွားသည်။
ဘုန်း...
ကျယ်လောင်သော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။
အရာရှိများ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သော ကံကြမ္မာရွှေရောင်နဂါးသည် ပြည်သူ့စိတ်ဆန္ဒ ရတနာဆေးမီးဖို၏ တဖန်ထပ်၍ တားဆီးခြင်းကို ခံလိုက်ရသည်။
"အခုချိန်ထိ မင်း နားမလည်သေးဘူးလား..."
လုယွီ၏အကြည့်သည် ကျိုးယွမ်ယန်ထံသို့ စူးစိုက်၍ ကျရောက်သွားပေ၏။
"သူတို့ ရွေးချယ်ခဲ့တာက ငါ့ကိုပဲ.... "
Chapter 4985
စကြာဝဠာခန်းမဆောင်၏ပြင်ပတွင် မိုးကြိုးများ တဝုန်းဝုန်းမြည်ဟီးနေပြီး မိုးများ ရွာသွန်းနေသည်။
လုယွီ၏အသံသည် မိုးကြိုးပစ်ခတ်သံထက် ပို၍ကျယ်လောင်ပြီး နန်းတော်၏အပြင်ဘက်သို့ ရောက်ရှိသွားသည်။
နန်းတော်အပြင်ဘက်ရှိ ကြီးမားကျယ်ပြန့်သော လွင်ပြင်တွင် အရာရှိများနှင့် တော်ဝင်စစ်သားများ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ မည်သူမျှ လုယွီတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးကြချေ။
သူတို့သည် နောက်ဆုံးအချိန်အခိုက်အတန့် ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် မြို့တော်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ပုန်းကွယ်နဂါးအလံကို တော်ဝင်မြို့တော်တံခါး၏အထက်တွင် မြင့်မားစွာ လွှင့်ထူထားသည်။ လေထုအတွင်းတွင် သတ်ဖြတ်လိုခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေပေ၏။
"လက်နက်တွေကို ဘယ်ဘက်မှာထား..လူတွေက ညာဘက်မှာနေ..အမိန့်အတိုင်း လိုက်နာကြစမ်း"
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ဦးသည် လေထုအတွင်းရှိ မြင့်မားသောနေရာ၌ မတ်တတ်ရပ်နေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ရှေ့တွင် တော်ဝင်စစ်တပ်မှ မရေမတွက်နိုင်သော စစ်သည်တော်များသည် တိတ်တဆိတ် လက်နက်ချပြီး နံဘေးတွင် မတ်တတ်ရပ်နေကြ၏။
သူတို့သည် တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့လေပြီ။ ယခုအချိန်တွင် ခုခံမှုတစ်ခု ပြုလုပ်လိုပါက သူတို့သည် သေလမ်းကို ရှာဖွေနေခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
လုကျင်းရှန့်သည် ပုန်းကွယ်နဂါးစစ်တပ်၏ တပ်မှူးများနှင့်အတူ စကြာဝဠာခန်းမဆောင်၏အပြင်ဘက်တွင် မတ်တတ်ရပ်နေပြီးဤနေရာပတ်ဝန်းကျင်တဝိုက်ကို ဝန်းရံထားသည်။
တခြားသူများသည် တည်ငြိမ်စွာ စောင့်ဆိုင်းနိုင်သော်လည်း သူတို့ကမူ မစောင့်နိုင်ချေ။
ခန်းမဆောင်အတွင်းတွင် မမျှော်လင့်ထားသောကိစ္စတစ်ခု ဖြစ်ပွားပါက သူတို့သည် ချက်ချင်း ပြေးဝင်ပြီး လုယွီကို ကူညီရပေမည်။
ဝုန်း....
မိုးကြိုးပစ်ခတ်သံများသည် မိုးကောင်းကင်ယံအတွင်းတွင် ပဲ့တင်ထပ်နေဆဲပင်။
သည်းထန်သောမိုးရေစက်များအကြားတွင် လူများအားလုံး၏ပုံရိပ်များ အနည်းငယ် ဝေဝါးနေပုံရသည်။
ကျန်းရီသည် တော်ဝင်မြို့တော်၏ မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေပြီး တဝုန်းဝုန်းထနေသော မိုးကြိုးလှိုင်းများအောက်မှ တော်ဝင်မြို့တော်ကို ကြည့်နေသည်။
သူသည် ကောင်းကင်ကွန်ယက်၏ ခေါင်းဆောင်ဖြစ်သောကြောင့် တခြားသူများနှင့် အလွန်နီးကပ်စွာ မနေနိုင်ချေ။
ယခင်က လုယွီသည် စစ်တပ်တစ်တပ်လုံးကို ချီတက်စေကာ လီမီ၏အစီအစဉ်ကို ချိုးဖျက်ပြီး ထန်စစ်တပ်မှ တပ်မှူးများအားလုံးကို သတ်ဖြတ်ခဲ့သည်။ သူ ထိုသို့ပြုလုပ်နိုင်သည့် အဓိကအကြောင်းအရင်းမှာ သတင်းအချက်အလက် တိကျသောကြောင့်ပင်။
သို့ရာတွင် ဤသတင်းအချက်အလက်များရရှိရန် သူ မည်သို့သောတန်ကြေးကို ပေးဆပ်ခဲ့ရသည်အား ကျန်းရီတစ်ဦးတည်းသာ သိရှိထားပေ၏။
ပုန်းကွယ်နဂါးစစ်တပ်၏ ပထမဆုံးတိုက်ပွဲအနည်းငယ်တွင် ကောင်းကင်ကွန်ယက်အတွင်းသို့ သူလျှိုများ စိမ့်ဝင်လာမှုကြောင့် ဟာကွက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့သည် တိုက်ပွဲများကို ရှုံးနိမ့်ခဲ့ပြီး တပ်မှူးတချို့ပင်လျှင် စစ်မြေပြင်တွင် သေဆုံးခဲ့ရသည်။
ကျန်းရီသည် အခြေအနေကို ပြောင်းပြန်လှန်ပြီး နောက်ဆုံးတွင် အောင်ပွဲရရှိနိုင်ရန် ဖိအားများစွာကို တောင့်ခံခဲ့ရသည်။
ယခုအချိန်တွင် ကျန်းရီထံ၌ ရောထွေးနေသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ကျန်းမိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ရှေးဟောင်းကျုံးဟန်မိသားစု၏ အမွေအနှစ်ကိုလည်း ရရှိခဲ့သည်။ သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပါရမီရှင်ဟု သတ်မှတ်ပြီး အလွန်မောက်မာထောင်လွှားခဲ့သည်။ သို့ရာတွင် အစစ်အမှန်တိုက်ပွဲများအပြီးတွင် သူသည် သူ၏အားနည်းချက်များကို နားလည်သဘောပေါက်ခဲ့သည်။
ဤစစ်ပွဲသည် သူ့အတွက် ပြန်လည်မွေးဖွားစေသည့် အရာတစ်ခုအလားပင်။ ယခုအချိန်တွင် ကျန်းရီသည် ယခင်ကဲ့သို့ မောက်မာထောင်လွှားခြင်းမရှိတော့ဘဲ တည်ကြည်လေးနက်လာပေ၏။
သူ၏နောက်ကွယ်တွင် တာယွီတော်ဝင်နန်းတော်မှ အရာရှိတစ်စု မတ်တတ်ရပ်နေသည်။ သူတို့သည် ရုံးတော်အသီးသီးမှ လာကြပြီးကောင်းကင်ကွန်ယက်၏ နားမျက်စိများဖြစ်ကြသည်။
"အရှင်.... ကျွန်တော်တို့က ရှမိသားစုရဲ့အိမ်တော်ကိုသွားပြီး အတွင်းအပြင် ရှာဖွေခဲ့ပါတယ်.... ရှမိသားစုဝင်တွေ အားလုံး ထွက်ခွာသွားခဲ့ပြီးတော့ အစေခံနဲ့အိမ်ဖော်တချို့ပဲ ကျန်ခဲ့တယ်.... သူတို့က သူတို့ရဲ့မိသားစုခွဲက လူတွေကိုတောင် ကြိုပြီးရှောင်တိမ်းခိုင်းခဲ့တယ်...ဒါကြောင့် ကျွန်တော်တို့ နောက်ကျသွားခဲ့တယ်"
သူလျှိုတစ်ဦးက ရုတ်တရက် ကျန်းရီ၏နံဘေးတွင် ထွက်ပေါ်လာပြီး သတင်းပို့သည်။
ကျန်းရီက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့က နှစ်တွေအကြာကြီး တည်ရှိလာခဲ့တဲ့ မိသားစုတစ်ခုပဲ..သူတို့သတိထားတာက ပုံမှန်ပဲ... ရှမိသားစုဝင်တွေ ထွက်ပြေးတဲ့ လမ်းကြောင်းတွေကို ထောက်လှမ်းဖို့အတွက် ပြင်ဆင်ပြီးပြီလား...."
ကျန်းရီ၏နောက်တွင်ရှိနေသော တရားရေးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။
"ဒီကိစ္စကို အရင်ကတည်းက ပြင်ဆင်ထားပြီးပါပြီ...ရှမိသားစုဝင်တွေက အရမ်းသတိထားကြတယ်...သူတို့မိသားစုဝင်တွေရဲ့ တစ်စိတ်တစ်ပိုင်းက ကုန်သည်သင်္ဘောတွေကနေ ထွက်ခွာသွားကြပြီးတော့ ကျန်တဲ့လူတွေက တော်ဝင်စစ်တပ်နဲ့အတူ မြို့ပြင်ကို ထွက်သွားကြတယ်... ပြီးတော့ သူတို့က တော်ဝင်မြို့တော်ရဲ့ အပြင်ဘက်မှာ လူခွဲသွားကြတယ်...ကျွန်တော်တို့က ဒီလူတွေရဲ့ နာမည်တွေကို မှတ်တမ်းတင်ထားပြီးတော့ လမ်းကြောင်းတွေကိုလည်း စုံစမ်းစစ်ဆေးပြီးပါပြီ"
"ဒါဆိုရင် လုပ်လိုက်တော့... အရှင် ပြန်ထွက်မလာခင်မှာ ရှမိသားစုဝင်တွေအားလုံးကို ဖမ်းဆီးလိုက်စမ်း...."
ကျန်းရီက အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဟုတ်ကဲ့..."
ကောင်းကင်ကွန်ယက်မှ လှုပ်ရှားတော့မည့်အချိန်တွင် နောက်ထပ်သူလျှိုတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြေးလာသည်။
"အရှင်..."
ထိုသူလျှိုသည် အလျင်အမြန် ပြေးလာပြီး သတင်းပို့လေ၏။
"ရှမိသားစုဝင်တွေအားလုံးကို တရားစီရင်ရေးရုံးတော်က ဖမ်းဆီးထားပြီးတော့ အခုလောလောဆယ်မှာ မြို့တော်ကို ခေါ်ဆောင်လာပါပြီ"
တရားစီရင်ရေးရုံးတော်....
"ဘယ်သူ လုပ်တာလဲ..."
ကျန်းရီက အလေးအနက်ထားသောအသံဖြင့် မေးမြန်းလိုက်သည်။
ထိုသူလျှိုက တုံ့ပြန်အဖြေပေးသည်။
"တရားစီရင်ရေးရုံးတော်ရဲ့အမတ်ကြီး လီစစ်ပါ"
ထိုနာမည်ကို ကြားချိန်တွင် ကျန်းရီ၏ မျက်လုံးများအတွင်း၌ တွေဝေမိန်းမောမှုအရိပ်အယောင်များ ထင်ဟပ်သွားပေ၏။
ယနေ့ကိစ္စတွင် သူ၏တုံ့ပြန်မှု အနည်းငယ် နှေးကွေးနေသည်ကို သူ ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤကဲ့သို့ ကြီးမားသည့် အကျိုးဆောင်မှုတစ်ခုသည် တခြားလူတစ်ယောက်၏ လုယက်ခြင်းကို ခံလိုက်ရလေပြီ။
Thank For Reading.