← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 9 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 9 Ch. 169-170

အပိုင်း (၁၆၉) ဝမ်ဝေတုန်း အဖွဲ့

ချန်ဟွေးက မျက်ခုံးပင့်ကာ ကျူးကျဲကို မေးလိုက်သည်။ "နင် ပထမဆုံးအကြိမ်လား"

ကျူးကျဲမှာ ရှက်ရွံ့ခြင်းနှင့် ကြောက်လန့်ခြင်းတို့ ရောပြွန်းလျက် အော်ဟစ်ငိုယိုကာ အမေကိုသာ တစာစာ တမ်းတနေတော့သည်။

ချန်ဟွေးက နှာခေါင်းရှုံ့လိုက်ပြီး "မပြောဘူးပေါ့... ကောင်းပြီလေ... ငါ့ဟာငါ စမ်းကြည့်ရင် သိရမှာပဲ"

ထိုသို့ပြောရင်း သူက ဘောင်းဘီကို ဆွဲချွတ်လိုက်သည်။

ထိုအချိန်မှာပင် ဆိုင်အပြင်ဘက်မှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"တိရစ္ဆာန်ကောင်"

ထိုအသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လက်သီးလေပြင်းတစ်ခုသည် လေထုကို ခွင်းလျက် ပြင်းထန်စွာ ဝင်ရောက်လာသည်။

ချန်ဟွေးခမျာ ဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာပင် ကျောပြင်တစ်ခုလုံး စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

ကုန်တင်ကားကြီးတစ်စီးက အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ်သည် လေပေါ်သို့ လွင့်စင်သွားပြီး နာကျင်မှုက ဦးနှောက်ဆီသို့ မရောက်ရှိခင်မှာပင် ဝုန်းခနဲ အသံကျယ်ကြီးနှင့်အတူ စားပွဲကုလားထိုင်များကို ဝင်တိုက်မိကာ နံရံပေါ်တွင် ချိတ်လျက်သား ဖြစ်သွားတော့သည်။

သံပိုက်လုံး ကိုင်ဆောင်ထားသော လူငယ်နှင့် မီးဖိုချောင်သုံး ဓားမ ကိုင်ထားသော လူငယ်တို့မှာ ကြောင်အမ်းကာ နေရာမှာပင် ရပ်တန့်နေကြသည်။

ထိုစဉ် ကောက်ကြောင်းအလှ ပေါ်လွင်သော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခြေထောက်တစ်စုံမှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီး စပရိန်ကန်လိုက်သကဲ့သို့ တစ်မုဟုတ်ချင်း ပြေးဝင်လာခြင်း ဖြစ်သည်။

ထိုလူနှစ်ယောက် အသိမဝင်ခင်မှာပင် ဓားမကိုင်ထားသော လူငယ်၏ လည်ပင်းကို လက်တစ်ဖက်က လှမ်းညှစ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားဖြင့် ထိုလူငယ်ကို ကြမ်းပြင်ပေါ်မှ ဆွဲမလိုက်သည်။

ထို့နောက် အရှိန်ဖြင့် ပစ်ပေါက်လိုက်တော့သည်။

"ဝုန်း"

သစ်သားကန့်လန့်ကာသည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဓားမကိုင်လူငယ်ထံမှ သွေးပျက်ဖွယ်ရာ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

အခြားတစ်ဖက်တွင်မူ သံပိုက်လုံးကိုင်လူငယ်သည် အသိပြန်ဝင်လာပြီး သက်လတ်ပိုင်း အမျိုးသမီးကြီးအပေါ်မှ ကပျာကယာ ထလာသည်။ ဘောင်းဘီကို လက်တစ်ဖက်ဖြင့် ဆွဲမရင်း ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် ခြေလှမ်းစလိုက်သည်နှင့် သူ၏မျက်စိရှေ့တွင် အမြင်များ ဝေဝါးသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ဝင်္ကပါတစ်ခုအလား ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

သူသည် ကြောင်အမ်းကာ နေရာမှာပင် ရပ်တန့်သွားသည်။

အခြေအနေကို မစဉ်းစားနိုင်သေးခင်မှာပင် ကြီးမားသော ခွန်အားတစ်ခုက သူ့ထံ ဝင်ရောက်လာသည်။

"ဂျွတ်" ခနဲ အရိုးကျိုးသံနှင့်အတူ နံရိုးမည်မျှ ကျိုးသွားသည်မသိ၊ ထိုလူငယ်မှာ တစ်ပတ်လည်ကာ လွင့်စင်သွားတော့သည်။

မျက်စိရှေ့မှ ဝင်္ကပါ ပျောက်ကွယ်သွားချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ကျောက်သားကဲ့သို့ အဝါရောင်အလင်းတန်းများ ထွက်ပေါ်နေသော လူကောင်ကြီးတစ်ယောက်က ဒေါသတကြီးဖြင့် သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ခွေးကောင်... ငါ မင်းတို့လိုကောင်တွေကို အမုန်းဆုံးပဲ... ကမ္ဘာပျက်နေတဲ့အချိန်မှာ ကိုယ့်ဟာကိုယ် အေးဆေးအသက်ရှင်လို့ မရဘူးလား... ဘာလို့ သူများသားသမီးကို စော်ကားချင်ရတာလဲ... ဟမ်"

ရှီဟိုင်ကျူးက ဆဲရေးလိုက်ရင်း သံပိုက်လုံးကိုင်လူငယ်၏ လက်ဖဝါးပေါ်သို့ ခြေထောက်ဖြင့် တက်နင်းချေမှုန်းလိုက်ရာ "ဂျွတ်" ခနဲ အရိုးကြေသံ ထွက်ပေါ်လာသည်။

လက်ဖဝါးရိုးများ ကြေမွသွားပြီး လက်ချောင်းထိပ်များဆီမှ အသည်းခိုက်မတတ် နာကျင်မှုကြောင့် ထိုလူငယ်မှာ သွေးပျက်ဖွယ်ရာ အော်ဟစ်ငိုယိုတော့သည်။

အခြားတစ်ဖက်တွင်မူ တင်းယန်က ကြမ်းပြင်ပေါ်ကျနေသော ဓားမကို ကောက်ယူလိုက်ပြီး မသေသေးဘဲ ကျန်ရှိနေသော ချန်ဟွေး၏ ရှေ့သို့ ပျံသန်းရောက်ရှိသွားသည်။

သူမက ချန်ဟွေး၏ ရင်ဘတ်ကို ခြေထောက်ဖြင့် တက်နင်းလိုက်ပြီး ဒေါသထွက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ "တိရစ္ဆာန်ကောင်... ခွေးကောင်... နင်က ဒီအသားတုံးလောက်နဲ့ လူပါးဝချင်တာလား"

"ဒီအသားတုံး မရှိတော့ရင် နင် ဘာကောင်ဖြစ်ဦးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

တင်းယန်က ဓားမကို မြှောက်လိုက်ပြီး ချန်ဟွေး၏ ပေါင်ကြားသို့ အားကုန်ခုတ်ချလိုက်တော့သည်!

"ရွှပ်... ရွှပ်... ရွှပ်..."

တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းလိုက်ရာ မေ့မြောနေသော ချန်ဟွေးမှာ နာကျင်လွန်းလှသဖြင့် ပြန်လည်သတိရလာသည်။

"အား"

သူသည် သွေးပျက်ဖွယ်ရာ အော်ဟစ်လိုက်ပြီး နာကျင်စွာ လူးလိမ့်နေတော့သည်။

ထူးဆန်းသည်မှာ သူ၏ ဦးခေါင်းပေါ်တွင် အကြေးခွံ အများအပြား ထွက်ပေါ်လာခြင်း ဖြစ်သည်။

"တင်းယန်... သတိထား"

အနောက်တွင် ရပ်နေသော လင်းယွမ်က လှမ်းသတိပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအင်ကို အသုံးပြုပြီး အလူမီနီယမ် ချောင်းတစ်ချောင်းကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်သည်။

"ဒုန်း"

ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကြောင့် အလူမီနီယမ်ချောင်းသည် အကြေးခွံများ ဖုံးအုပ်နေသော ချန်ဟွေး၏ ဦးခေါင်းထဲသို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားသည်။

ဦးခေါင်း ပေါက်ကွဲသွားပြီး ဦးနှောက်စများ ဘေးပတ်ဝန်းကျင်သို့ လွင့်စင်သွားသည်။

တင်းယန် မော့ကြည့်လိုက်ရာ ချန်ဟွေး၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အကြေးခွံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။

သူမက လက်ကို လျင်မြန်စွာ မြှောက်လိုက်ရာ လက်သီးဆုပ်ပေါ်တွင် စွမ်းအင်အလင်းရောင်များ လက်ကနဲ ဖြစ်သွားသည်။

တစ်ချက်တည်း ထိုးချလိုက်ရာ "ဝုန်း" ခနဲ အသံနှင့်အတူ ချန်ဟွေး၏ အလောင်းမှာ ပေါက်ကွဲထွက်သွားပြီး အသားစများ လွင့်စင်ကုန်တော့သည်။

သူမက မတ်တတ်ရပ်လိုက်ပြီး "သန္ဓေပြောင်းသွားတာလား" ဟု မေးလိုက်သည်။

လင်းယွမ်က လျှောက်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "လျှိုအားလုံတုန်းက အခြေအနေနဲ့ နည်းနည်းဆင်တယ်"

"အချိန်ကြာလာတာနဲ့အမျှ ဒီလူတွေရဲ့ သန္ဓေပြောင်းလဲနှုန်းက ပိုမြင့်လာတယ်... သေခါနိး အခြေအနေမျိုးနဲ့ ကြုံလိုက်ရရင် သန္ဓေပြောင်းသွားတတ်ကြတယ်"

"နောက်ဆိုရင် တိုက်ခိုက်တဲ့အခါ တစ်ချက်တည်းနဲ့ အသေလုပ်တာ ပိုကောင်းမယ်"

လင်းယွမ်က တင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမကိုင်ထားသော ဓားမနှင့် သွေးသံရဲရဲ ဖြစ်နေသော ချန်ဟွေး၏ ပေါင်ကြားကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု အရေအသွေးမှတ် မည်မျှပင် မြင့်မားနေပါစေ စိတ်ထဲတွင် ကြက်သီးထမိသွားသည်။

တင်းယန်က အလောင်းကို နာကျည်းစွာ ကြည့်ရင်း "သူ သေတာတောင် သက်သာသွားသေးတယ်" ဟု ရေရွတ်လိုက်သည်။

အခြားတစ်ဖက်တွင် ရှီဟိုင်ကျူးက သံပိုက်လုံးကိုင်လူငယ်ကို သတ်ဖြတ်လိုက်ပြီ ဖြစ်သည်။ ထိုလူငယ်မှာမူ သေခါနီးအချိန်ထိ သန္ဓေပြောင်းလဲခြင်း မဖြစ်ပေါ်ခဲ့ပေ။

ဓားမကိုင်လူငယ်ဖြစ်သူ ရှောင်ဟွမ်မှာမူ ကြမ်းပြင်ပေါ်တွင် တွားသွားနေစဉ်မှာပင် ချင်ကျင်း၏ လက်ချက်ဖြင့် ကိစ္စတုံးသွားခဲ့ပြီ ဖြစ်သည်။

"နင် ဟိုဘက်ကို သွားကြည့်လိုက်ဦး"

လင်းယွမ်က သက်လတ်ပိုင်း အမျိုးသမီးကြီးရှိရာဘက်သို့ မျက်ရိပ်ပြလိုက်သည်။

ထိုအမျိုးသမီးကြီး၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးအုပ်ထားနိုင်ခြင်း မရှိပေ။ လင်းယွမ်နှင့် ရှီဟိုင်ကျူးတို့မှာ ယောကျ်ားသားများ ဖြစ်ကြသဖြင့် သွားကြည့်ရန် မသင့်လျော်ပေ။

တင်းယန်က ထိုအမျိုးသမီးကြီးထံ အမြန်လျှောက်သွားပြီး မိမိ၏ အပေါ်ထပ်အင်္ကျီကို ချွတ်ကာ လွှမ်းခြုံပေးလိုက်သည်။ "ဘာမှမဖြစ်တော့ဘူး အမ... အဲ့ဒီ တိရစ္ဆာန်ကောင် သေသွားပြီ"

အမျိုးသမီးကြီးက ငိုယိုရင်း "ကျေးဇူးတင်ပါတယ်... တကယ်ပဲ ကျေးဇူးတင်ပါတယ်... သမီးလေး"

သူမသည် အဝတ်အစားကို သေချာဝတ်ဆင်ချိန် မရဘဲ ရင်ဘတ်ကိုသာ လုံအောင်ဖုံးအုပ်လျက် သမီးဖြစ်သူ ကျူးကျဲ ရှိရာသို့ အားကုန်ပြေးသွားတော့သည်။

ကျူးကျဲ၏ ဘေးနားတွင် လျှိုဖိန်ဖိန်က သူမကို ဖက်ကာ နှစ်သိမ့်ပေးနေသည်။

"ဘာမှမဖြစ်တော့ဘူး... ဘာမှမဖြစ်တော့ဘူးနော်... လူဆိုးကောင်တွေ အသတ်ခံလိုက်ရပြီ... ညီမလေးရဲ့ မေမေလည်း ဘာမှမဖြစ်ဘူး... မငိုနဲ့တော့နော်"

သူမက ကလေးမလေး ကျူးကျဲကို ဖက်ထားပေးသည်။ ကလေးမလေးမှာမူ အားပါးတရ အော်ဟစ်ငိုကြွေးနေရှာသည်။

သူမ၏ အမေ ရောက်လာသောအခါ သားအမိနှစ်ယောက် ဖက်ကာ ငိုကြွေးကြပြန်သည်။

ထိုအချိန်တွင် ချင်ကျင်း ရောက်ရှိလာပြီး အမျိုးသမီးကြီးကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့်... "ရှင်က... ဝေရှာလန် မဟုတ်လား" ဟု မေးလိုက်သည်။

ဝေရှာလန်က ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ငိုသံရပ်တန့်သွားပြီး အံ့သြတကြီး ဖြစ်သွားသည်။ "မန်နေဂျာချင်... ရှင်... ရှင် အသက်ရှင်နေသေးတာလား"

ချင်ကျင်းက သက်ပြင်းချလိုက်ပြီး "ဟူး... ပြောရရင် အရှည်ကြီးပဲ ဝေရှာလန်ရယ်... ရှင်တို့ရော အဆင်ပြေကြရဲ့လား... ကဲ... အဝတ်အစားအရင် ဝတ်လိုက်ပါဦး"

ဝေရှာလန်က အဝတ်အစားများကို ကပျာကယာ ဝတ်ဆင်လိုက်ပြီး တင်းယန်ကို ကျေးဇူးတင်စကား ပြောရန် မမေ့ပေ "ကျေးဇူးတင်ပါတယ်ရှင်... ကျွန်မ အဝတ်အစားသစ် ရှာတွေ့ရင် ပြန်ပေးပါ့မယ်"

တင်းယန်က လက်ကာပြလိုက်ပြီး "အင်္ကျီတစ်ထည်တည်းပါ... ကိစ္စမရှိပါဘူး" ဟု ပြောလိုက်သည်။

စကားဆုံးသည်နှင့် လင်းယွမ်က ကမ်းပေးလာသော အနက်ရောင် အပေါ်ထပ်အင်္ကျီတစ်ထည်ကို မြင်လိုက်ရသည်။

"ဝတ်ထားလိုက်"

တင်းယန် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် လင်းယွမ်ကို ကြည့်ကာ ပြုံးလိုက်မိသည်။ ထို့နောက် အင်္ကျီကို ယူဝတ်လိုက်သည်။

ထိုအချိန်တွင် ချင်ကျင်းနှင့် ဝေရှာလန်တို့ စကားပြောနေကြသည်။

ဝေရှာလန်က ပြောသည်။ "မန်နေဂျာချင်... ကျွန်မတို့အားလုံး ထင်ထားတာက ရှင်တို့အဖွဲ့ အောက်ထပ်ကို ဆင်းပြေးရင်း ရန်ရွှယ် လက်ချက်နဲ့ သေကုန်ကြပြီပေါ့... ရှင် အသက်ရှင်နေမယ်လို့ မထင်ထားဘူး... ဒါနဲ့... အစ်ကိုချန်တို့ရော နေကောင်းကြလား... အမကြီး ဝမ်ဖန်ရော"

ချင်ကျင်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ "ကောင်းကြပါတယ်... အားလုံးနေကောင်းကြတယ်... အခု အပေါ်ထပ်က အခြေအနေကို နည်းနည်းပြောပြပါလား... ဝမ်ဝေတုန်းတို့အဖွဲ့က ဘယ်အလွှာမှာ နေတာလဲ... ဒီမှာကျန်ခဲ့တဲ့သူတွေရော အဆင်ပြေကြရဲ့လား"

ဝေရှာလန်က သက်ပြင်းချကာ "ဘယ်လိုလုပ် အဆင်ပြေမှာလဲရှင်... ကျွန်မတို့ အခုနေရတာ အရင်ကလောက်တောင် မကောင်းတော့ဘူး... အရင်တုန်းကတော့ စားစရာလေးဘာလေး ရှိသေးတော့ ဗိုက်ဝအောင် စားရသေးတယ်"

"ဒါပေမယ့် ၂၄ လွှာမှာ ရန်ရွှယ်က ပိတ်ဆို့ထားတော့ ဘယ်သူမှ အောက်မဆင်းရဲကြတော့ဘူး... စားစရာတွေကလည်း ရှားလာတယ်... ဝမ်ဝေတုန်းတို့က စားစရာမှန်သမျှ အကုန်သိမ်းကျုံးယူထားပြီး ကျွန်မတို့ကို အစားအသောက် ထွက်ရှာခိုင်းတယ်"

"ရုပ်ရည်သန့်ပြန့်တဲ့ မိန်းကလေး၊ ယောကျ်ားလေး တချို့ကိုတော့ ဝမ်ဝေတုန်းတို့က သူတို့စိတ်ကြိုက် သုံးဖို့ ခေါ်ထားကြတယ်... ကျန်တဲ့သူတွေကတော့ သေမထူး နေမထူး ဘဝတွေပါပဲ... အားလုံး စိတ်ပျက်အားငယ်နေကြပြီ"

လင်းယွမ်က ရုတ်တရက် ဝင်မေးလိုက်သည်။ "ဒါကြောင့် သစ်ဖောင်လေး မျှောလာတာမြင်တော့... သူတို့က သစ်ဖောင်ကို တိုက်ခိုက်ပြီး လူတွေကို အပေါ်တက်လာအောင် ဖိအားပေးတာလား"

ဝေရှာလန်က ကြောင်အမ်းအမ်းဖြင့် လင်းယွမ်ကို ကြည့်ကာ "ဘာသစ်ဖောင်လဲ... ကျွန်မ မသိပါဘူး"

လင်းယွမ်က မျက်မှောင်ကြုတ်ကာ မျက်လုံးကို မှေးစင်းလိုက်သည်။

ချင်ကျင်းက ဝင်ပြောသည်။ "သူ အဲ့ဒီနေရာမှာ မရှိခဲ့လို့ နေမှာပါ... လင်းယွမ်... အရေးကြီးတာက ဒီရက်ပိုင်းအတွင်း အစွမ်းနိုးထလာတဲ့ သန္ဓေပြောင်းအစွမ်းပိုင်ရှင်တွေ ရှိမရှိ မေးရမှာ... အဲ့ဒါက ပိုအရေးကြီးတယ်"

လင်းယွမ်က ချင်ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "ခင်ဗျားပဲ မေးလိုက်ပါ"

ချင်ကျင်းက အရေးကြီးသော မေးခွန်းအချို့ကို မေးမြန်းလိုက်သည်။

သို့သော် ဝေရှာလန်မှာ သိပ်မသိရှာပေ။ အောက်ခြေလူတန်းစား တစ်ယောက်အနေဖြင့် ဝမ်ဝေတုန်းတို့ အထူးအဆင့် ဧည့်ခန်းမဆောင်တွင် နေထိုင်ကြောင်းနှင့် ရုပ်ရည်ချောမောသော မိန်းမပျိုအချို့ကို ဖမ်းဆီးချုပ်နှောင်ကာ ကစားစရာအဖြစ် ပြုလုပ်ထားကြောင်းလောက်သာ သိထားသည်။

အခြားသတင်းများကိုမူ မေးသမျှ ဘာမှမသိပေ။ သူမသည် အခန်းအပြင်သို့ ထွက်ရဲသူမဟုတ်သဖြင့် အပြင်လောက အခြေအနေကို သိရှိမှု အကန့်အသတ် ရှိနေပုံရသည်။

"ဒါလောက်ဆို လုံလောက်ပါပြီ... ဝမ်ဝေတုန်းတို့ နေရာကို သိရရင် အဆင်ပြေပြီ"

ချင်ကျင်းက လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်မတို့ အထူးအဆင့် ဧည့်ခန်းမဆောင်ဘက်ကို တန်းသွားကြမလား"

တင်းယန်က မျက်မှောင်ကြုတ်ကာ ဝေရှာလန်ကို ကြည့်ရင်း မေးလိုက်သည်။ "အခုန လုံခြုံရေးကောင်လိုမျိုး လူပါးဝပြီး အနိုင်ကျင့်တဲ့သူတွေ အများကြီး ရှိလား"

ဝေရှာလန်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ခေါင်းညိတ်ပြသည်။ "အများကြီးပဲ... လုံခြုံရေးအဖွဲ့ကတော့ ဝမ်ဝေတုန်းရဲ့ လက်ပါးစေတွေချည်းပဲ... ပြီးတော့ ဆိုင်ဝန်ထမ်းတွေထဲက လူကောင်ထွားတဲ့ လူငယ်တချို့လည်း သူတို့အဖွဲ့ထဲ ဝင်သွားကြတယ်"

တင်းယန်၏ မျက်နှာထားမှာ တင်းမာခက်ထန်လာပြီး လင်းယွမ်ဘက် လှည့်ကာ ပြောလိုက်သည်။ "ဒီလူတွေလည်း သေသင့်တယ်"

လင်းယွမ်က သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ခေါင်းညိတ်လိုက်သည်။ "သေသင့်တာတော့ မှန်တယ်... ဒီလိုလုပ်... ငါတို့ တစ်လွှာချင်းစီ တက်ရှင်းကြမယ်"

ချင်ကျင်းက မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်တကြီး တားလိုက်သည်။ "အဲ့လိုလုပ်ရင် ကျားအမြီး ပြေးဆွဲသလို ဖြစ်သွားလိမ့်မယ်... ဝမ်ဝေတုန်းတို့က ကျွန်မတို့ တက်လာတာကို ကြိုသိသွားရင် ပုန်းနေကြလိမ့်မယ်"

လင်းယွမ်က ပြုံးလိုက်ပြီး "သူ့အာဏာကို စိန်ခေါ်လာတဲ့သူ ရှိနေရင် သူကိုယ်တိုင် ထွက်မတိုက်ဘဲ နေပါ့မလား"

"ငါတို့ တွေးနေပုံက နည်းနည်းလွဲနေတယ်လို့ ထင်တယ်... ဘာကိစ္စ သူ့ကို လိုက်ရှာနေရမှာလဲ... သူ့နယ်မြေကို ဝင်စီးပြီး သူ့အစားအသောက်တွေကို လုယူလိုက်ရင် သူကိုယ်တိုင် ငါတို့ဆီ ရောက်လာမှာပဲ"

"ဒါပေမယ့် အဲ့လိုဆိုရင် တစ်ယောက်ချင်း ခွဲတိုက်လို့ မရတော့ဘူးလေ" ချင်ကျင်းက ပြောလိုက်သည်။

လင်းယွမ်က ခေါင်းခါလိုက်သည်။ "အထူးအဆင့် ဧည့်ခန်းမဆောင်ကို တန်းဝင်တိုက်ရင်လည်း ဝမ်ဝေတုန်းတို့အဖွဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားမှာပဲ"

"အဲ့ဒီအစား ကျားကို ကိုးကွယ်ပြီး သောင်းကျန်းနေတဲ့ သာမန်လူတွေကို အရင်ရှင်းရမယ်... အခြေအနေမဟန်မှန်း သိရင် သူတို့က ပုန်းနေကြမှာ... အဲ့ကျရင် လိုက်ရှာရတာ ပိုခက်သွားလိမ့်မယ်"

"သွားကြစို့... ဝေရှာလန်... ခင်ဗျား လမ်းပြပေး... ဘယ်သူက ဘာယုတ်မာမှု လုပ်ထားလဲဆိုတာ လက်ညှိုးထိုးပြရုံပဲ... ကျန်တာ ငါတို့ ရှင်းမယ်"

ဝေရှာလန်မှာ မျက်လုံးပြူးကာ ထိုလူအုပ်စုကို ကြောင်ငေးကြည့်နေမိသည်။

သူမ အခြေအနေကို သဘောမပေါက်ခင်မှာပင် ရင်ခွင်ထဲမှ သမီးဖြစ်သူ ကျူးကျဲက ခေါင်းမော့လာပြီး အော်ပြောလိုက်သည်။ "သမီး ကူမယ်... ဘယ်သူတွေက လူဆိုးလဲဆိုတာ သမီးသိတယ်... အရမ်းဆိုးတဲ့ လူတွေကို သမီးသိတယ်"

တင်းယန်က ပြုံးလိုက်ပြီး "ဟုတ်ပြီ ညီမလေး... ဒါဆို ညီမလေးက လက်ညှိုးထိုးပြနော်"

ထို့နောက် ကျူးကျဲတို့ သားအမိ ဦးဆောင်မှုဖြင့် သူတို့တစ်ဖွဲ့လုံး အပေါ်ထပ်သို့ တက်လာကြသည်။

အပေါ်ထပ်သို့ ရောက်သည်နှင့် ကင်းလှည့်အဖွဲ့ တစ်ဖွဲ့နှင့် ပက်ပင်းတိုးတော့သည်။

ခေါင်းဆောင်လုပ်သူ နှစ်ဦးမှာ လုံခြုံရေး ဝတ်စုံ ဝတ်ဆင်ထားပြီး နောက်တွင် လူသုံးယောက် လိုက်ပါလာသည်။

သူတို့သည် ရယ်ရယ်မောမောဖြင့် စကားပြောလာကြရာ ခေါင်းစဉ်မှာ အမျိုးသမီးတစ်ယောက် အကြောင်းပင် ဖြစ်သည်။

သူတို့ စိတ်တိုင်းကျ ကစားပြီးခါစ ဖြစ်ပုံရသည်။

"တကယ့် တိရစ္ဆာန်ကောင်တွေပဲ"

တင်းယန်က အေးစက်စွာ ရယ်မောလိုက်သည်။ ကျူးကျဲ လက်ညှိုးထိုးပြရန်ပင် မလိုတော့ဘဲ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး တမဟုတ်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်သည်။

လုံခြုံရေး ဝန်ထမ်းအချို့မှာ ဘာမှပြန်မလုပ်နိုင်ခင်မှာပင် သူမ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။

တစ်ယောက်မှာ မသေခင် ကျယ်လောင်စွာ အော်ဟစ်လိုက်သဖြင့် နောက်ထပ်လူများ ထပ်မံ ရောက်ရှိလာကြသည်။

လုံခြုံရေးအဖွဲ့မှ လူများလည်း စကားပြောစက်ကို ကောက်ကိုင်ကာ အကူအညီ လှမ်းခေါ်ကြသည်။

မကြာမီ လူအများအပြား စုဝေးရောက်ရှိလာကြသည်။

ချင်ကျင်းက ရှေ့ထွက်လိုက်ပြီး အော်ပြောလိုက်သည်။ "အားလုံးပဲ... ကျွန်မ ဟန်လုံဟိုတယ် မန်နေဂျာ ချင်ကျင်းပါ... ရှင်တို့ထဲက တချို့ ကျွန်မကို သိကြမှာပါ"

"ဝမ်ဝေတုန်းက မကောင်းမှုတွေကျူးလွန်ပြီး အားလုံးရဲ့ ရိက္ခာတွေကို လုယူတယ်... အမျိုးကောင်းသမီးတွေကို ဖျက်ဆီးတယ်... ဒီနေ့ ကျွန်မ ပြန်လာတာ အဲ့ဒီ တိရစ္ဆာန်ကောင်ကို ရှင်းပစ်ဖို့ပဲ"

"ဘယ်သူမဆို လမ်းပိတ်ပြီး တားရဲရင်... မညှာဘူးလို့ မပြောနဲ့နော်"

ထိုသို့ ပြောပြီးနောက် သူမထံ ပြေးဝင်လာသော လုံခြုံရေး ဝတ်စုံဝတ် လူအချို့ဘက်သို့ လက်ကိုမြှောက်ကာ ညင်သာစွာ ချိန်ရွယ်လိုက်သည်။

"ဝုန်း"

ရုတ်တရက် သူမ၏ လက်ချောင်းထိပ်မှ စူးရှသော အလင်းကွင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုအလင်းကွင်းသည် တဖြည်းဖြည်း ကြီးမားလာပြီး ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ကွဲထွက်သွားသည်။

စုဝေးရောက်ရှိလာသော လုံခြုံရေး ဝန်ထမ်းများသည် အော်ဟစ်လျက် လွင့်စင်သွားကြပြီး ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲဒဏ်ရာ အများအပြား ရရှိသွားကြသည်။

လင်းယွမ်က မျက်လုံးကို မှေးစင်းလိုက်သည်။ "ဒါ သူ့ရဲ့အစွမ်း... ဒေါသမီးကွင်း လား"

ပေါက်ကွဲမှု၏ ပြင်းအားကို ခံစားကြည့်ရသလောက် တင်းယန်၏ စွမ်းအင်သွင်း လေဖိအားအမြောက်လက်သီးနှင့် မတိမ်းမယိမ်း ရှိလှသည်။

ဒီအမျိုးသမီး၏ တိုက်ခိုက်ရေး စွမ်းရည်အဆင့်ကို သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

"မန်နေဂျာချင်... မန်နေဂျာချင် မဟုတ်လား"

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ချင်ကျင်းကို သိပုံရသည်။

နောက်ထပ် လူအချို့ကလည်း ဝမ်းသာအားရ အော်ဟစ်ကြသည်။ "ဟုတ်တယ်... မန်နေဂျာချင်ပဲ... သူ ပြန်လာပြီ... သူ ပြန်ရောက်လာပြီဟေ့"

"မန်နေဂျာချင်... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ... ဝမ်ဝေတုန်းတို့က ခင်ဗျားကို နေရာအနှံ့ လိုက်ရှာနေကြတာ"

"မန်နေဂျာချင်က အားလုံးကို ကယ်ဖို့ ပြန်လာတာပဲ... ငါတို့တော့ အသက်ရှင်ရပြီဟေ့"

ခဏအတွင်းမှာပင် ချင်ကျင်းသည် လူအများစု၏ ထောက်ခံမှုကို ရရှိသွားသည်။

သူမသည် အခြေအနေကို ချက်ချင်း ထိန်းချုပ်လိုက်နိုင်ပြီး လင်းယွမ်တို့မှာမူ သူမအား ဘေးမှ ဝန်းရံပေးသူများ သက်သက် ဖြစ်သွားသည်။

သူမက ပြုံးရွှင်စွာ လက်ဝှေ့ယမ်းပြလိုက်ပြီး "အားလုံးပဲ... ဒီနေ့ ကျွန်မတို့ လာတာ ဝမ်ဝေတုန်း အဖွဲ့နဲ့ စာရင်းရှင်းဖို့ပဲ... ရှင်တို့အားလုံး ဒီရက်ပိုင်း သူတို့နှိပ်စက်တာ ခံခဲ့ရတယ်မလား"

"ဒီနေ့ ကျွန်မတို့ ရှိနေပြီ... အားလုံး အခဲမကျေတာတွေ ပြန်ဆပ်ကြမယ်... နာကျည်းချက်တွေကို လက်တုံ့ပြန်ကြမယ်... လက်နက်တွေကို ကိုင်ပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ကြ"

"သတ်ကြဟေ့"

"မန်နေဂျာချင်နဲ့အတူ ဝမ်ဝေတုန်းဆိုတဲ့ တိရစ္ဆာန်ကောင်တွေကို သတ်ကြ"

"သွားမယ်"

တစ်ခဏချင်းစီတွင် လူအုပ်ကြီးမှာ စိတ်ဓာတ်တက်ကြွလာပြီး အချို့မှာ လက်နက်များကို ရှာဖွေကာ လင်းယွမ်တို့နောက်သို့ လိုက်ပါလာကြသည်။

ချင်ကျင်းက ခေါင်းလှည့်ကာ လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ "လင်းယွမ်... လူတွေက ဝမ်ဝေတုန်းကို မုန်းနေတာ ကြာပြီ... အခု ကျွန်မတို့က ဦးဆောင်ပြီး လက်တုံ့ပြန်ပေးဖို့ပဲ လိုတော့တာ"

"ကဲ... သွားကြစို့"

လင်းယွမ်က ဘာမှပြန်မပြောဘဲ သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"

ထို့နောက် သူတို့အဖွဲ့သည် လူအယောက် ၃၀, ၄၀ ခန့်ကို ဦးဆောင်ကာ ဟန်လုံဟိုတယ် အပေါ်ပိုင်းသို့ တက်လာကြသည်။

၃၅ လွှာသို့ ရောက်သည်နှင့် လူတစ်စု အပြင်သို့ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

၃၅ လွှာသည် ဖျော်ဖြေရေးကလပ် ဖြစ်ပြီး ဝမ်ဝေကျွင်းသည် ကလပ်ထဲတွင် တပည့်အချို့နှင့် ဘိလိယက် ထိုးနေခြင်း ဖြစ်သည်။

အဝတ်အစား မလုံမခြုံ ဝတ်ဆင်ထားသော အမျိုးသမီးအချို့မှာ ခွေးများကဲ့သို့ ကြမ်းပြင်ပေါ်တွင် လေးဘက်ထောက်လျက် သူတို့၏ ခြေထောက်နားတွင် ရှိနေကြသည်။

မလှမ်းမကမ်းရှိ ကေတီဗီ အခန်းထဲတွင် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် ယောကျ်ားတစ်ယောက်၏ ကိုယ်ပေါ်တွင် ထိုင်လျက် ကျယ်လောင်စွာ ရယ်မောကာ လှုပ်ရှားနေသည်။

ဘေးတစ်ဖက်တစ်ချက်တွင်လည်း ယောကျ်ားနှစ်ယောက်က ဒူးထောက်လျက် သူမ စိတ်ကြိုက် နှိပ်နယ်ပေးနေကြသည်။

ထိုအမျိုးသမီးမှာ ဝမ်ဝေကျွင်း အုပ်စုထဲမှ အားကစား နည်းပြ လျှိုမေ့ရှင်း ပင်ဖြစ်သည်။

အပေါ်ထပ်ရှိ အထူးအဆင့် ဧည့်ခန်းမဆောင် တစ်ခုထဲတွင် အမျိုးသမီးနှစ်ဦးအပေါ် ကာမစိတ် ဖြေဖျောက်နေသော ဝမ်ဝေတုန်းသည်လည်း အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ချက်ချင်း မေးလိုက်သည်။ "အပြင်မှာ ဘာဖြစ်တာလဲ"

"အစ်ကိုဝေတုန်း... မန်နေဂျာချင် ပြန်ရောက်လာပြီ... သူက သန္ဓေပြောင်းအစွမ်းပိုင်ရှင်တွေ ခေါ်ပြီး တက်လာနေတယ်"

ကျိုးဝေက အခန်းထဲသို့ အလျင်အမြန် ဝင်လာပြီး သေမလိုဖြစ်နေသော အမျိုးသမီးနှစ်ယောက်ကို တစ်ချက်ကြည့်ကာ မျက်နှာပျက်ယွင်းခြင်းမရှိဘဲ သတင်းပို့လိုက်သည်။

ဝမ်ဝေတုန်းမှာ မျက်လုံးပြူးသွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။ "ချင်ကျင်း ဟုတ်လား... ဟားဟား... အဲ့ဒီ မိန်းမယုတ်က မသေသေးဘူးပေါ့"

"ဟားဟားဟား... ကောင်းတယ်... အရမ်းကောင်းတယ်... ဒီလို သာမန်မိန်းမတွေကို ငါ ငြီးငွေ့နေတာ ကြာပြီ... သူ ပြန်လာတာ အတော်ပဲကွ"

ပြောပြောဆိုဆိုဖြင့် သူက ရှေ့တွင် ဒူးထောက်နေသော အမျိုးသမီးကို တွန်းထုတ်လိုက်ပြီး အဝတ်အစား ပြန်ဝတ်ကာ အမိန့်ပေးလိုက်သည်။ "လူအကုန်ခေါ်လိုက်... ဒီတစ်ခါတော့ အဲ့ဒီမိန်းမကို မိအောင်ဖမ်းရမယ်"

ကျိုးဝေက ချက်ချင်းပြောသည်။ "အစ်ကိုဝေတုန်း... အစ်ကိုဝေကျွင်းနဲ့ အမမေ့ရှင်းတို့ အောက်မှာ ရောက်နေကြပြီ"

သူ၏ အစွမ်းမှာ အဝေးမှ မြင်ကွင်းများကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိခြင်းဖြစ်သည်။

ထို့ကြောင့် အချိန်ကြာမြင့်စွာပင် ဝမ်ဝေတုန်း၏ သက်တော်စောင့်အဖြစ် တာဝန်ယူကာ အပြင်ဘက် အခြေအနေများကို စောင့်ကြည့်ပေးနေရခြင်း ဖြစ်သည်။

"ရန်မင် ရော"

"ဝူရှင်းရှင်းနဲ့အတူ ဆင်းသွားပြီ"

"ဟုတ်ပြီ... ငါတို့ အခုချက်ချင်း လိုက်သွားမယ်"

ဝမ်ဝေတုန်းက ဟားတိုက်ရယ်မောလိုက်ပြီး လှေကားမှ မဆင်းဘဲ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ဝေဝါးသွားကာ လူပုံသဏ္ဌာန် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် သူသည် မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ကျိုးဝေမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အသိပြန်ဝင်ကာ လှေကားဝသို့ အပြေးသွားပြီး အောက်သို့ဆင်းလိုက်သည်။

သူ အောက်ထပ်သို့ ရောက်သောအခါ နှစ်ဖက်အဖွဲ့သားများ ထိပ်တိုက် တွေ့နေကြပြီ ဖြစ်သည်။

ဝမ်ဝေကျွင်းက ရင်ပတ်ကို လက်ပိုက်ကာ ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။ "အမချင်... ခင်ဗျား အသက်ရှင်နေသေးမယ်လို့ မထင်ထားဘူးဗျာ... ဟဲဟဲ... မိုးနတ်မင်းက ငါတို့ညီအစ်ကိုတွေအပေါ် မျက်နှာသာပေးတယ်လို့ ပြောရမှာပဲ... ခင်ဗျားလို ရင်သားကြီးကြီး အကိတ်ကြီးတွေကို ငါတို့တွေ သေချာမသုံးဆောင်ရသေးဘဲနဲ့ ဘယ်သေခိုင်းလို့ ဖြစ်မလဲဗျ"

ချင်ကျင်း၏ မျက်နှာမှာ မဲမှောင်သွားပြီး ပြန်ဆဲလိုက်သည်။ "ဝမ်ဝေကျွင်း... နင်နဲ့ နင့်အစ်ကိုက အိမ်သာထဲက မစင်တုံးတွေပဲ... အဝေးကနေ အနံ့ရတာနဲ့တင် ပျို့အန်ချင်စရာ ကောင်းတယ်"

"ဒီနေ့... နင်တို့ညီအစ်ကို လက်ချက်နဲ့ သေသွားရတဲ့ အပြစ်မဲ့ မိန်းကလေးတွေအတွက် ငါ သွေးကြွေးဆပ်ပြမယ်"

ဝမ်ဝေကျွင်းက ဟားတိုက်ရယ်မောလိုက်ပြီး "ခင်ဗျားကလား... ခင်ဗျားရဲ့ ဒေါသမီးကွင်းက ကြမ်းတာတော့ မှန်ပါတယ်... ဒါပေမယ့် ငါ့အစ်ကိုနဲ့ ယှဉ်ရင် ဘာမှသုံးမရဘူး"

သူက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလျက် "ဒီနေ့ ဘာပဲဖြစ်ဖြစ်... ခင်ဗျားကို ကုတင်ပေါ်က မဆင်းနိုင်အောင် အော်ဟစ်နေစေရမယ်"

ထိုအချိန်တွင် ကေတီဗီ ခန်းထဲမှ အားကစား နည်းပြ လျှိုမေရှင်းလည်း ထွက်လာသည်။ သူမ၏ ဘေးတွင် ကိုယ်လုံးတီး ယောကျ်ားတစ်ယောက်က လေးဘက်ထောက်လျက် လိုက်ပါလာသည်။

သူမက အတွင်းခံ ဘီကီနီ ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုယောကျ်ား၏ ကျောပေါ်တွင် လူသားထိုင်ခုံသဖွယ် ညုတုတု ပုံစံဖြင့် ထိုင်လိုက်သည်။

သူမက တခစ်ခစ် ရယ်မောကာ... "အယ်... အမချင်... မထင်ရဘူးနော်... ရှင်က အသက်ရှင်နေသေးတာပဲ... ကျွတ်... ကျွတ်... ယောကျ်ားတွေလည်း အများကြီး ခေါ်လာပါလား... မဆိုးဘူးပဲ... အမချင်က ကျွန်မ အကြိုက်ကို သိသားပဲ... အစ်ကိုဝေကျွင်း... ဟိုဘက်က ချောချောလေးတွေကို ကျွန်မအတွက် ချန်ထားပေးနော်"

ဝမ်ဝေကျွင်းက လျှိုမေရှင်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးထောင့်များ လှုပ်ခါသွားသည်။ "မင်း ကြိုက်ရင် ယူထားလိုက်"

စကားပြောနေစဉ်မှာပင် အပေါ်ထပ်မှ အရိပ်တစ်ခုသည် သရဲတစ္ဆေပမာ လျင်မြန်စွာ ခုန်ဆင်းလာသည်။

"ဝုန်း" ခနဲ အသံနှင့်အတူ ဘိလိယက် ခုံပေါ်တွင် ရောက်ရှိလာသည်။

ထိုသူမှာ ပိန်ပိန်ပါးပါးနှင့် လက်မောင်းများက ဒူးခေါင်းအထိ ရှည်လျားကာ စွပ်ကျယ်အင်္ကျီ ဝတ်ဆင်ထားပြီး မျက်နှာထားမှာ ယုတ်မာကောက်ကျစ်ပုံ ပေါက်နေသည်။

သူက လင်းယွမ်ကို လောဘတကြီး ကြည့်လိုက်ပြီး ရှီဟိုင်ကျူးကိုလည်း တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုနှစ်ယောက်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများတွင် ရမ္မက်ဆန္ဒများ ပြင်းထန်စွာ တောက်ပလာပြီး "လျှိုမေရှင်း... ဒီနှစ်ယောက်ကို ငါလိုချင်တယ်... နင် ငါ့ဆီက လာမလုနဲ့နော်"

လျှိုမေရှင်းက မျက်မှောင်ကြုတ်သွားပြီး ဝူရှင်းရှင်းကို ကြည့်ကာ မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်ရိပ်များ ထင်ဟပ်သွားသည်။ "ကျွန်မ ကစားလို့ဝမှ ရှင့်ကို ပေးမယ်"

ဝူရှင်းရှင်းက ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး စူးရှစွာ အော်ပြောသည်။ "မင်း သေချင်နေတာလား"

"သူများတွေက နင့်ရဲ့ စိတ်စွမ်းအင်ကို ကြောက်ပေမယ့် ငါက ကြောက်မယ်ထင်နေလား"

"ဝူရှင်းရှင်း... အခုက အဲ့ဒါတွေ လုနေရမယ့်အချိန်လား"

ဝူရှင်းရှင်း၏ အနောက်ဘက်တွင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

စွမ်းအင်ခန္ဓာကိုယ် ပုံစံရှိသော လူတစ်ယောက်သည် ဝူရှင်းရှင်း၏ အနောက်တွင် ပေါ်လာခြင်းဖြစ်ပြီး ဝူရှင်းရှင်းကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

ဝူရှင်းရှင်း၏ မျက်နှာ ပျက်သွားပြီး အနောက်သို့ လှည့်ကြည့်ကာ စွမ်းအင်ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ငြိမ်ကုပ်သွားသည်။ "အစ်ကိုဝေတုန်း"

ဝမ်ဝေတုန်းက ခေါင်းညိတ်ပြလိုက်ပြီး "တော်တော့... ကိုယ့်လူအချင်းချင်းပဲ... သူစိမ်းတွေ အထင်သေးအောင် မလုပ်နဲ့"

ထို့နောက် သူက ချင်ကျင်းကို ကြည့်ကာ မျက်နှာပြည့် ပြုံးလျက် ပြောလိုက်သည်။ "မန်နေဂျာချင်... ခင်ဗျားကို ကျုပ် ရှာလိုက်ရတာဗျာ... အောက်ထပ်မှာ သေသွားပြီတောင် ထင်နေတာ... မထင်မှတ်ဘဲ အသက်ရှင်နေသေးတယ်ဆိုတော့... တကယ်... တကယ်ကို ဝမ်းသာစရာပဲဗျာ... ဟားဟားဟား"

"ကြည့်ရတာ ခင်ဗျားလည်း အထီးကျန်ပြီး မနေနိုင်တော့ဘူး ထင်တယ်... အသက်ရှင်ရက်နဲ့ ကျုပ်ဆီ တကူးတက ပြန်လာရှာတာဆိုတော့လေ"

"စိတ်ချပါ... ဒီည သူတို့တွေအားလုံး နောက်ဆုတ်နေလိမ့်မယ်... ကျုပ်တစ်ယောက်တည်း ခင်ဗျားကို ကောင်းကောင်းကြီး ပြုစုပေးမှာပါ"

"ဟားဟားဟား"

ဝမ်ဝေတုန်းက ဟားတိုက်ရယ်မောလိုက်ရာ မျက်လုံးများထဲတွင် ရမ္မက်ရိပ်များ ပြည့်နှက်နေသည်။

ချင်ကျင်း၏ မျက်နှာမှာ သံပရာသီး စားမိသလို စိမ်းဖန့်သွားပြီး ရင်ထဲတွင် ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်သွားသည်။

ထိုအချိန်တွင် လင်းယွမ်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "ဝမ်ဝေတုန်း... မနက်တုန်းက ပြတင်းပေါက်နားမှာ လူသတ်ပြီး ရေဘဝဲကောင်ကြီးကို မျှားခေါ်တာ မင်းတို့လက်ချက်လား"

အပိုင်း (၁၇၀) ပြင်းထန်သော တိုက်ပွဲ

ဝမ်ဝေတုန်းက ခေါင်းလှည့်ကြည့်လိုက်ပြီး လင်းယွမ်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

"မျက်နှာစိမ်းပါလား... မင်းက ဘယ်ကထွက်လာတဲ့ ခွေးမသားလဲ"

ထို့နောက် သူက ချင်ကျင်းကို မော့ကြည့်ပြီး ပြောလိုက်သည်။

"မင်း အောက်ထပ်မှာ ကောင်လေးအသစ် မွေးစားလိုက်ပြန်ပြီလား"

ချင်ကျင်းက ရုတ်တရက် ဒေါသပေါက်ကွဲသွားတော့သည်။

"လင်းယွမ်... သူတို့နဲ့ ဘာလို့စကားပြောနေမှာလဲ... လုပ်စရာရှိတာလုပ်တော့"

ပြောပြီးသည်နှင့် သူမသည် ဒေါသအထွတ်အထိပ်သို့ ရောက်သွားသည့်အလား အနီးဆုံးတွင်ရှိသော ဝမ်ဝေကျွင်းဆီသို့ အတင်း ပြေးဝင်သွားလေသည်။

ဝမ်ဝေကျွင်းက အရပ်ပုသော်လည်း ခွန်အားအစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

ချင်ကျင်း ပြေးဝင်လာသည်ကို မြင်သည်နှင့် သူမ၏ အစွမ်းကို ကောင်းစွာ သိရှိထားသည့်အတွက် နောက်သို့ အမြန်ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဘေးနားရှိ ဘိလိယက်ခုံပေါ်မှ ဘောလုံးအချို့ကို လှမ်းဆွဲလိုက်ပြီး...

အားကုန်လွှဲ၍ ပစ်ပေါက်လိုက်တော့သည်။

"ဝှီးးးးးးးးးးး"

နံပါတ် (၈) ဘောလုံးအမည်းရောင်သည် လေထုကို ခွင်းလျက် အသံမြည်ဟည်းကာ ပျံသန်းလာသည်။ လေထုပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ထိုပစ်ချက်သည် မည်မျှ ပြင်းထန်ကြောင်း သိသာလှပေသည်။

ချင်ကျင်းက ထိုအရာကို မြင်သည်နှင့် လက်ဝါးကို ချက်ချင်း ဆန့်ထုတ်လိုက်သည်။

"ဒေါသမီးကွင်း"

"ဘုန်း"

အလင်းကွင်းတစ်ခု လင်းလက်လာပြီး ပတ်ဝန်းကျင်သို့ ပြင်းထန်စွာ ကန်ထွက်ပေါက်ကွဲသွားသည်။

ထို နံပါတ် (၈) ဘောလုံးသည် အလင်းကွင်းနှင့် ရိုက်ခတ်မိပြီး ချက်ချင်းပင် ပေါက်ကွဲကာ အမှုန့်အဖြစ် ပြောင်းလဲလွင့်စင်သွားတော့သည်။

ထိုနှစ်ယောက် စတင် တိုက်ခိုက်သည်နှင့် တခြားသူများကလည်း တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

ရှီဟိုင်ကျူးက ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ပြီး အနီးဆုံးရှိ ဝူရှင်းရှင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

ဝူရှင်းရှင်းက ဟီးခနဲ ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ချိုးကာ ရက်စက်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"အကောင်ကြီး... မင်းက ကုတင်ပေါ်မှာရော အစွမ်းထက်ရဲ့လား"

နောက်တစ်ခဏ၌ သူ၏ ခြေထောက်နှစ်ဖက်က ဘိလိယက်ခုံကို စောင့်ကန်လိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ ဘိလိယက်ခုံကြီးမှာ သူ၏ ကန်ချက်ကြောင့် လေးငါးစိပ် ကွဲအက်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေးကိုင်းမှ လွှတ်တင်လိုက်သော မြားတစ်စင်းအလား လျင်မြန်စွာ ပျံသန်းရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်မောင်းနှစ်ဖက်မှ ပြားကပ်နေသော အရိုးဓားနှစ်ချောင်း လျင်မြန်စွာ ထွက်ပေါ်လာသည်။

ရှီဟိုင်ကျူးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မိန်းမလျာကောင်... သေချင်နေတာလား"

သူ့တစ်ကိုယ်လုံးမှ မြေဝါရောင် အလင်းတန်းများ ဖြာထွက်လာပြီး အရေပြားများမှာ ကျောက်သားအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူ၏ ကြွက်သားများသည် ဘိလပ်မြေကျောက်တုံးကဲ့သို့ မာကျောခိုင်ခံ့သွားတော့သည်။

ဒလကြမ်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံသောအခါ ဝူရှင်းရှင်းသည် လည်ပတ်နေသော အသားဖြတ်စက်ကြီး တစ်ခုအလား သူ၏ လက်မောင်းအရိုးဓားများကို ရူးသွပ်စွာ ဝှေ့ယမ်းခုတ်ပိုင်းတော့သည်။

မီးပွားများစွာ လွင့်စင်ထွက်လာသော်လည်း ရှီဟိုင်ကျူး၏ ကျောက်သားအရေပြားများကြောင့် လုံးဝ ထိတ်လန့်ခြင်း မရှိပေ။

သူတင်ကိုယ်တင် အပြန်အလှန် တိုက်ခိုက်မှုများက အလွန်ပြင်းထန်လှသည်။

ထိုအချိန်မှာပင် လေထဲ၌ ဝမ်ဝေတုန်းသည် ရှီဟိုင်ကျူး၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်လာပြီး စွမ်းအင်အဖြစ် ပြောင်းလဲထားသော လက်ဝါးဖြင့် ရှီဟိုင်ကျူး၏ ခေါင်းကို လှမ်းအုပ်လိုက်သည်။

သို့သော် ထိုခဏ၌ သူ၏ ခေါင်းမှာ ရုတ်တရက် ထိုးကိုက်သွားတော့သည်။

"အား"

ပြင်းထန်လှသော စိတ်စွမ်းအင် တိုက်ခိုက်မှု လှိုင်းလုံးကြီး ဝင်ရောက်လာသဖြင့် ဝမ်ဝေတုန်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ခေါင်းကို အုပ်လျက် လေပေါ်မှ ပြုတ်ကျလာသည်။

သူက ဒေါသနှင့် ထိတ်လန့်မှုတို့ ရောပြွမ်းလျက် အော်ဟစ်လိုက်သည်။

"စိတ်စွမ်းအင်တိုက်ကွက်"

သူ ခေါင်းလှည့်ကြည့်လိုက်ရာ ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသော လင်းယွမ်ကို ချက်ချင်း သတိထားမိလိုက်သည်။

ဝမ်ဝေတုန်းက ထိတ်လန့်ဒေါသထွက်စွာဖြင့် အော်ပြောလိုက်သည်။

"လျှိုမေ့ရှင်း... ဒီကောင်ပဲ"

လျှိုမေ့ရှင်းက လင်းယွမ်ကို ကြည့်ကာ ချွဲပျစ်စွာ ရယ်မောလိုက်သည်။

"အစ်ကိုချော... ရှင်ကလည်း အစွမ်းပိုင်ရှင် ဖြစ်နေတာကိုး... ဟင်းဟင်း... စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကျွမ်းကျင်တဲ့သူပဲ... ညီမလေးရဲ့ ဒီနေရာကိုရော တိုက်ခိုက်နိုင်မလား စမ်းကြည့်ပါလား"

သူမက ပြောရင်းဆိုရင်း သူမ၏ ဝမ်းဗိုက်အောက်ပိုင်းလေးကို ပွတ်သပ်ပြကာ လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ပြီး ရမ္မက်ဆန္ဒများ ပြည့်နှက်နေသော ပုံစံကို ပြသလိုက်သည်။

လင်းယွမ်က တစ်ဖက်လူကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါလျက် ပြောလိုက်သည်။

"ရုပ်ဆိုးလွန်းလို့ စိတ်တောင် မလာဘူး"

ထိုစကားတစ်ခွန်းက လျှိုမေ့ရှင်းကို ချက်ချင်း ဒေါသပေါက်ကွဲသွားစေသည်။

"နင် သေချင်နေတာလား"

သူမ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူမ၏ ဘေးနားသို့ ရိပ်ခနဲ လူတစ်ယောက် ပြေးဝင်လာလေသည်။

"ခွေးမ... နင်ကမှ သေသင့်တာ"

တင်းယန်က လေပေါ်သို့ ခုန်တက်ကာ ကြောက်မက်ဖွယ်ကောင်းသော လေဖိအားအမြောက်လက်သီးကို ဘုန်းခနဲ ပစ်လွှတ်လိုက်သည်။

လျှိုမေ့ရှင်း မျက်လုံးပြူးသွားပြီး ချက်ချင်းပင် သူမ၏ ပတ်လည်၌ စိတ်စွမ်းအင် အကာအကွယ် အလွှာတစ်ခုကို ဖန်တီးလိုက်သည်။

"ဘုန်း"

တင်းယန်၏ လေဖိအားအမြောက်လက်သီးက ထိုအကာအကွယ်ကို ဝင်ဆောင့်မိပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

သို့သော် ထို စိတ်စွမ်းအင် အကာအကွယ်သည် အနည်းငယ် တုန်ခါသွားရုံသာ ရှိပြီး ကွဲကြေမသွားခဲ့ပေ။

လျှိုမေ့ရှင်းက စူးရှစွာ ရယ်မောလိုက်သည်။

"ဖာသည်မ... ဒီကောင်က နင်မွေးထားတဲ့ကျွန်လေးလား... ဟားဟားဟား... ငါ သူ့ကို ဖမ်းမိရင် နင့်ရှေ့မှာတင် သူ့ကို နှိပ်စက်ပြမယ်... ငါ့ခြေထောက်ကို အရင်လျက်ခိုင်းပြီးတော့မှ ငါ့ကျင်ငယ်ရည်ကို သောက်ခိုင်းမယ်... ပြီးရင် သူ့ကို မစင်ပုံထဲ ထိုးထည့်ခိုင်းပြီးမှ နင့်ရဲ့ အပေါက်ကို လုပ်ခိုင်းပစ်မယ်"

တင်းယန်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။ သူမလို ရိုးရိုးသားသား မိန်းကလေးတစ်ယောက်က လမ်းဘေးဈေးသည် အဆင့်အတန်းမရှိသည့် ကောင်မမျိုးကို ဘယ်လိုလုပ်ပြီး နှုတ်လှန်ထိုးနိုင်ပါမည်နည်း။

ခဏချင်းမှာပင် သူမ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာပြီး စိတ်စွမ်းအင် အကာအကွယ်ကို အတင်း ဝင်ရောက် ထုနှက်တော့သည်။

ပေါက်ကွဲသံများကြားထဲတွင် လျှိုမေ့ရှင်းက စူးစူးဝါးဝါး အော်ဟစ်ဆဲဆိုနေဆဲ ဖြစ်သည်။

သို့သော် ဝမ်ဝေတုန်းမှာမူ လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှုကို အကြိမ်ကြိမ် ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် လင်းယွမ်က အလူမီနီယမ် ချောင်းများကို လက်မှ မပြတ်တမ်း ပစ်လွှတ်နေပြီး ဝမ်ဝေတုန်းကို အရိပ်အသွင် မပြောင်းနိုင်အောင် ဖိအားပေး တိုက်ခိုက်နေသည်။

ဝမ်ဝေတုန်း၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ် ပေါက်ထွက်လုနီးပါး ဖြစ်နေရသည်။

သူက ကြောက်လန့်တကြား ချွေးစေးများ ပြန်လာပြီး အော်ဟစ်လိုက်သည်။

"လျှိုမေ့ရှင်း... ငါ့ဆီ လာခဲ့"

လျှိုမေ့ရှင်းက အလောတကြီး နောက်ဆုတ်ပြီး ဝမ်ဝေတုန်းရှိရာသို့ အမြန် ပြေးသွားသည်။

လျှိုမေ့ရှင်း ဝမ်ဝေတုန်း၏ ဘေးနားသို့ ရောက်သွားသည်နှင့် ထိုစိတ်စွမ်းအင် အကာအကွယ်ကလည်း သူတို့နှင့်အတူ ပါသွားတော့သည်။

လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်းကို ထပ်မံ ထုတ်ဖော်လိုက်သောအခါ သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

တစ်ဖက်လူ၏ စိတ်စွမ်းအင် အကာအကွယ်သည် သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်မှုကို တကယ်ပင် ကာကွယ်နိုင်နေသည်။

"စိတ်စွမ်းအင် အကာအကွယ် အစွမ်းလား"

"ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုပါ ကာကွယ်နိုင်တယ်ပေါ့"

လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွားပြီး ရှိသမျှ စိတ်စွမ်းအင်များကို စုစည်းကာ အကြီးစား စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း တစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။

"မင်းရဲ့ အကာအကွယ်က ဘယ်လောက်မာလဲ ကြည့်ရသေးတာပေါ့"

"ဘုန်း"

သူ၏ စိတ်စွမ်းအင် ရိုက်ခတ်မှု လှိုင်းလုံးကြီးသည် ရေစီးကြောင်းကြီးတစ်ခုအလား လျှိုမေ့ရှင်း၏ စိတ်စွမ်းအင် အကာအကွယ်ပေါ်သို့ ဝင်ဆောင့်မိသွားသည်။

ထိုခဏ၌ပင် စိတ်စွမ်းအင် အကာအကွယ်သည် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။

လျှိုမေ့ရှင်းမှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ပန်းထွက်လာသည်။

သူမ၏ စိတ်ပင်လယ် အကြီးအကျယ် ထိခိုက်သွားသည်မှာ ထင်ရှားလှသည်။

ဝမ်ဝေတုန်း မျက်နှာပျက်သွားပြီး အရိပ်အသွင်ပြောင်းကာ ထွက်ပြေးရန် ပြင်လိုက်သည်။

"ဖိန်ဖိန်"

"လာပြီ"

နောက်ဘက်တွင် ပုန်းအောင်းနေသော လျှိုဖိန်ဖိန်က အော်ဟစ်လိုက်ပြီး မျက်လုံးများထဲတွင် အလင်းတန်းများ ဖြာထွက်လာသည်။

"စိတ်ဝိညာဉ်ဝင်္ကပါ"

ဝမ်ဝေတုန်း၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်လို နေရာအနှံ့ လျှောက်ပြေးနေတော့သည်။

သူ၏ အသိစိတ်သည် စိတ်ဝိညာဉ်ဝင်္ကပါထဲတွင် ပိတ်မိသွားချေပြီ။

လင်းယွမ်က ကိုယ်ကို လှုပ်ရှားလိုက်ပြီး ဝမ်ဝေတုန်း၏ နောက်ကျောဘက်သို့ တန်းခနဲ ရောက်ရှိသွားသည်။

ထို့နောက် စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကို ထပ်မံ ထုတ်ဖော်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် လေထဲ၌ ကျောက်တုံးတစ်တုံး ရုတ်တရက် ပျံဝဲရောက်ရှိလာသည်။

လာရာလမ်းကြောင်းကို ကြည့်လိုက်ရာ သူ့ဆီသို့ ဦးတည်လာခြင်း မဟုတ်သည့်အတွက် လင်းယွမ်က သိပ်ဂရုမစိုက်လိုက်မိပေ။

သို့သော် နောက်တစ်ခဏ၌ ထိုကျောက်တုံးသည် ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။

"ဘုန်း"

ကြီးမားသော ပေါက်ကွဲမှု လှိုင်းဂယက်ကြောင့် လေပြင်းများ တိုက်ခတ်သွားပြီး တိုက်ခိုက်နေကြသော ရှီဟိုင်ကျူးနှင့် ဝူရှင်းရှင်းတို့ နှစ်ယောက်စလုံး လွင့်စင်ကာ ရှောင်တိမ်းလိုက်ကြရသည်။

လင်းယွမ်မှာမူ ပေါက်ကွဲမှု၏ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသဖြင့် ပေါက်ကွဲဒဏ်ကို အပြည့်အဝ ခံလိုက်ရတော့သည်။

"အစ်ကိုလင်း" လျှိုဖိန်ဖိန်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

တင်းယန်ကလည်း ထိုနေရာသို့ အလောတကြီး လှမ်းကြည့်လိုက်သည်။ "လင်းယွမ်"

ချင်ကျင်းသည် ဝမ်ဝေကျွင်းကို လိုက်လံတိုက်ခိုက်နေရင်း ဤဘက်သို့ အကြည့်ရောက်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မသိစိတ်မှ အာမေဋိတ် သံဖြင့် အော်ဟစ်လိုက်မိသည်။ "ဆရာလင်း"

သို့သော် သူမ၏ မျက်နှာထားတွင် တင်းယန်တို့လောက် စိုးရိမ်ပူပန်မှုမျိုး မပါရှိပေ။

တစ်ဖက်တွင်မူ သွေးများပေကျံနေသော လျှိုမေ့ရှင်း၏ မျက်နှာပေါ်၌ ဝမ်းသာသော အမူအရာ ပေါ်လာသည်။

"ရန်မင်... လုပ်တာ ကောင်းတယ်"

ဒီစွမ်းအင်ဗုံးကို ဘယ်သူ လက်ရာဆိုတာ သူမ ကောင်းကောင်း သိသည်။

ဒါဟာ အခုထိ ကိုယ်ထင်မပြသေးတဲ့ ဆိုင်ပိုင်ရှင် ရန်မင်ရဲ့ လက်ရာပင် ဖြစ်သည်။

ထိုလူ ဘယ်အချိန်က ရောက်လာမှန်း မသိသော်လည်း မျက်နှာမပြဘဲ အမှောင်ထဲမှနေ၍ အလစ်အငိုက် တိုက်ခိုက်လိုက်ရာ တစ်ချက်တည်းနှင့် အောင်မြင်သွားခဲ့သည်။

သီးသန့်ခန်းတစ်ခု၏ တံခါးပွင့်လာပြီး ရန်မင်က အေးစက်စက် အပြုံးဖြင့် ထွက်လာသည်။

"စိတ်စွမ်းအင် တိုက်ခိုက်တဲ့ အစွမ်းက တကယ် အန္တရာယ်များတာပဲ... အရင်ဆုံး မင်းကို ဗုံးခွဲပစ်မှ ရမှာပေါ့"

"ဖူး"

လေထဲမှ ကျောက်တုံးအစအန အမှုန့်များသည် ပေါက်ကွဲမှု၏ အရှိန်ဖြင့် လွင့်စင်ပျောက်ကွယ်သွားသည်။

လျှိုမေ့ရှင်း၊ ဝူရှင်းရှင်း၊ ဝမ်ဝေကျွင်းတို့၏ မျက်နှာပေါ်မှ ဝမ်းသာရိပ်များ ရပ်တန့်သွားကြသည်။

ဖုန်မှုန့်များကြားထဲတွင် လင်းယွမ်က ဒဏ်ရာတစ်စက်မှ မရဘဲ မူလနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူ၏ လက်ထဲတွင်မူ သူတို့၏ ခေါင်းဆောင် ဝမ်ဝေတုန်းကို ဆွဲကိုင်ထားလေသည်။

ထိုအချိန်တွင် ဝမ်ဝေတုန်း၏ ခြေလက်လေးဖက်စလုံး ကျိုးပဲ့နေပြီး လင်းယွမ်၏ လက်ထဲတွင် တွဲလောင်း ပါနေသည်။

သူက ပြင်းထန်စွာ တုန်ရီနေပြီး ခန္ဓာကိုယ်ကို အရိပ်အဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။

သို့သော် အရိပ်အသွင်ပြောင်းခြင်း စတင်လိုက်တိုင်း လင်းယွမ်က စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ဖြင့် ပစ်လွှတ်လိုက်ရာ အသွင်ပြောင်းခြင်း လုပ်ငန်းစဉ် ပြတ်တောက်သွားရသည်။

ဝမ်ဝေတုန်း၏ စိတ်ပင်လယ်သည် ပြင်းထန်စွာ နာကျင်သွားပြီး အော်ဟစ်ညည်းညူနေရသည်။

လင်းယွမ်က ဂရုမစိုက်ဘဲ အကြည့်လွှဲကာ သီးသန့်ခန်းဘက်ရှိ ရန်မင်ကို လှမ်းကြည့်လိုက်သည်။

ရန်မင်၏ မျက်နှာပေါ်ရှိ အေးစက်သော အပြုံးမှာ ခဲဆိပ်သွားပြီး မူလက ဝင့်ကြွားနေသော မျက်နှာထားသည် တဖြည်းဖြည်းနှင့် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"မဖြစ်နိုင်ဘူး... မင်း... မင်းက ဘာလို့ ဘာမှမဖြစ်တာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး"

သူ့လက်က အလိုအလျောက် ဆန့်ထွက်သွားပြီး နောက်ထပ် စွမ်းအင်ဗုံးတစ်လုံးကို စုစည်းလိုက်သည်။

ကြက်သားနှပ်ဟင်းချက်သည့် ဝါရင့်တစ်ယောက်အနေဖြင့် သူသည် နေ့စဉ် ကြက်သားအိုးပေါင်း ရာနှင့်ချီ၍ ချက်ပြုတ်ခဲ့ရသည်။

ပူလောင်နေသော မြေအိုးများကို ကိုင်တွယ်ရသည့် ခံစားချက်သည် ပေါက်ကွဲခါနီး ဗုံးများကို ကိုင်တွယ်ရသကဲ့သို့ ဖြစ်သည်။

ဖောက်သည်များက သူ့ကို လာရောက် တိုက်တွန်းသည့် အခါတိုင်း သူသည် စိတ်ရှုပ်ထွေးပြီး ထိုမြေအိုးဖြင့် တစ်ဖက်လူ၏ နဖူးကို ကောက်ပေါက်ထည့်လိုက်ချင်စိတ်များ ဖြစ်ပေါ်ခဲ့သည်။

ပြီးလျှင် "မင်းအမေလင်ကို လာလောနေတာလား" ဟု ပြောလိုက်ချင်သည်။

သို့သော် ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်သည့်အတွက် သူ့စိတ်ထဲ၌သာ မှန်းဆ ကျေနပ်နေခဲ့ရသည်။

ရေကြီးမှု ဖြစ်ပွားပြီးနောက် သက်ရှိအားလုံး ဆင့်ကဲပြောင်းလဲလာချိန်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

သူသည်လည်း အစွမ်းနိုးထလာခဲ့ပြီး သူ၏ စိတ်ကူးယဉ် အိပ်မက်များက သူ၏ အစွမ်းများ ဖြစ်လာခဲ့သည်။

သူသည် စွမ်းအင်ဗုံးများကို လက်ဗလာဖြင့် ဖန်တီးနိုင်လာခဲ့သည်။

သူ ဗုံးခွဲချင်သူကို ခွဲနိုင်ပြီး သူ သေစေချင်သူကို သေစေနိုင်ခဲ့သည်။

သူသည် ဝမ်ဝေတုန်း အဖွဲ့၏ အဓိက အင်အားစု ဖြစ်လာခဲ့သည်။

သာမန် ကြက်သားဟင်းဆိုင် ပိုင်ရှင်ဘဝမှနေ၍ အထက်စီးတွင် ရှိသော အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့သည်။

အရင်က ဟန်လုံစင်တာမှ မန်နေဂျာအမျိုးသမီးကို သူက ကုတင်ပေါ်တွင် အကြမ်းပတမ်း နှိပ်စက်ခဲ့ပြီး ထိုအချိန်တွင် သူသည် ကြီးမားသော ကျေနပ်မှုကို ရရှိခဲ့သည်။

သူတစ်ပါး၏ အသက်ကို ချယ်လှယ်နိုင်သည့် အာဏာက သူ့ကို မူလက ကြက်သားနှပ်ဟင်းသည် ဆိုသည့် ဘဝကို မေ့လျော့သွားစေခဲ့သည်။

သို့သော် ယခုလေးတင် ထိုအမျိုးသား လှမ်းကြည့်လိုက်သည့် အကြည့်တစ်ချက်ကြောင့်...

သူ ရုတ်တရက် လန့်နိုးသွားသလို ခံစားလိုက်ရသည်။ ရေမကြီးခင်က ဖောက်သည်များ၏ "အမှတ်လျော့ပေးမယ်" ဟု ခြိမ်းခြောက်ခံရသည့် ကြောက်ရွံ့ဒေါသထွက်မှုမျိုး သူ့ရင်ထဲသို့ ဝင်ရောက်လာသည်။

သူ ထိတ်လန့်သွားသည်။

လင်းယွမ်က အနားသို့ သွားမနေဘဲ လက်ကို ဆန့်ထုတ်လိုက်ရာ ကြမ်းပြင်ပေါ်မှ အနီရောင် ဘောလုံးတစ်လုံး သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။

"ဗုံးခွဲတာ သိပ်ကြိုက်နေမှတော့ ငါ့ရဲ့ ရူပဗေဒလက်လုပ်ဗုံးကို မြည်းစမ်းကြည့်ပါဦး"

လင်းယွမ်က ပြုံးလိုက်ပြီး လက်ကို ရုတ်တရက် ဝှေ့ယမ်းပစ်လွှတ်လိုက်သည်။

"ကြွက်သားပေါက်ကွဲသိုင်း"

ကြွက်သားများ ချက်ချင်း ဖောင်းပွလာပြီး ခွန်အားက နှစ်ဆ တိုးပွားသွားသည်။

"ဘုန်း"

ထို အနီရောင် ဘောလုံးသည် လေထုကို ခွင်းလျက် အသံကျယ်ကြီး မြည်ဟည်းသွားသည်။

ထိုဘောလုံးသည် လေထုထဲတွင် အနီရောင် အရိပ်အဖြစ် ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုကို ဖိသိပ်ကာ လေယာဉ်ပျံသန်းစဉ် ဖြစ်ပေါ်တတ်သော အမြီးတန်းများကဲ့သို့ ဖြူဖွေးသော မျဉ်းကြောင်းနှစ်ခုကိုပင် ဘေးတစ်ဖက်တစ်ချက်၌ ဖြစ်ပေါ်စေခဲ့သည်။

"ဘုန်း"

ထို အနီရောင် ဘောလုံးသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားပြီး ရန်မင်မှာ ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ခေါင်းကို တည့်တည့် အမှန်ခံလိုက်ရတော့သည်။

"ဖောင်း"

သူ၏ ခေါင်းသည် (၂၀) ထပ်တိုက်ပေါ်မှ ပြုတ်ကျလာသော ဖရဲသီးကြီး တစ်လုံးအလား...

ပေါက်ကွဲသံနှင့်အတူ စိစိညက်ညက် ကြေမွသွားတော့သည်။

သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်ကာ နံရံကို ဝင်ဆောင့်မိပြီး နံရံပေါ်တွင် သွေးနှင့် အသားစများ ပေကျံကုန်သည်။

ခေါင်းမရှိတော့သော အလောင်းကောင်ကြီးသည် နံရံအတိုင်း တရွတ်တိုက် လျှောကျလာပြီး...

ဘုတ်ခနဲ အသံမြည်ကာ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ကျသွားတော့သည်။

ရူပဗေဒ လက်လုပ်ဗုံးဆိုတာ ဒါမျိုးကိုး...

ထိုမြင်ကွင်းက ဝမ်ဝေတုန်း၏ အဖွဲ့သားများကို လုံးဝ ကြောက်ဒူးတုန်သွားစေသည်။

ဒုတိယထပ်တွင် ဓားပျံပစ်လွှတ်ရန် ပြင်နေသော ကျိုးယဲ့မှာ ကြက်သေသေသွားတော့သည်။

သူ၏ လက်များ တုန်ရီနေသည်။ စောစောက ထို အနီရောင် ဘောလုံးကို သူ ဖြတ်တားချင်ခဲ့သေးသည်။

ချင်ကျင်းက သူ့အစွမ်းကို မသိဘဲ ဓားပျံပစ်ခြင်း၊ ပစ္စည်းပစ်ပေါက်ခြင်း စသည်ဖြင့် ထင်မှတ်နေသည်။

တကယ်တော့ မဟုတ်ပေ။

သူ၏ အစွမ်းမှာ အမြင်အာရုံလွန်ကဲခြင်း ဖြစ်သည်။

သူသည် အလွန်ဝေးကွာသော နေရာမှ သေးငယ်သော အရာများကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

အပေါ်ထပ်မှနေ၍ အောက်ထပ်ရှိ ဘိလိယက်ဘောလုံးများပေါ်မှ ဂဏန်းများကို သူ မြင်နိုင်သည်။

ထိုဘောလုံးများသည် သူ့မျက်စိရှေ့တွင် ရှိနေသကဲ့သို့ပင်။

သူသည် ပစ္စည်းတစ်ခုခုကို ကောက်ယူပြီး ထိုပစ်မှတ်များကို အလွယ်တကူ ပစ်ပေါက်ထိမှန်နိုင်သည်။

သို့သော် ယခုလေးတင် သူ၏ အမြင်အာရုံလွန်ကဲခြင်း အစွမ်းဖြင့် ရန်မင်ဆီသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားသော အနီရောင် ဘောလုံးကို မြင်လိုက်ရသော်လည်း...

သူ သတိဝင်လာချိန်တွင် ရန်မင်မှာ သေဆုံးနေပြီ ဖြစ်သည်။

"မြန်လွန်းတယ်... ငါ မြင်တော့ မြင်လိုက်ရတယ်... ဒါပေမဲ့ ငါ လုံးဝ မတုံ့ပြန်နိုင်လိုက်ဘူး"

သူ့ရင်ထဲ တုန်လှုပ်သွားသည်။ ဒီလူက စိတ်စွမ်းအင် သန္ဓေပြောင်းသူ မဟုတ်ဘူးလား။

ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားကြီးက ဘယ်လိုဖြစ်ရတာလဲ။

ဒါ သောက်ကျိုးနည်း ဘာတွေ ဖြစ်ကုန်တာလဲကွာ...

ကျိုးယဲ့ တစ်ယောက်တည်း ထိုမေးခွန်း ထွက်ပေါ်နေခြင်း မဟုတ်ပေ။

ဒေါသမီးကွင်းများကို အသည်းအသန် ရှောင်တိမ်းနေရသော ဝမ်ဝေကျွင်းလည်း သူ့စိတ်ထဲ၌ ဒေါသတကြီး အော်ဟစ်နေမိသည်။

ထိုလူ ပစ်ပေါက်လိုက်သော ဘိလိယက်ဘောလုံးက ခွန်အားအစွမ်းပိုင်ရှင်ဖြစ်သည့် သူ ပစ်ပေါက်လိုက်သည်ထက်ပင် ပိုမို ပြင်းထန်နေသေးသည်။

ဒါက သောက်ကျိုးနည်း သိပ္ပံနည်းကျရဲ့လား... ဖြစ်သင့်ရဲ့လား...

ချင်ကျင်းလည်း ကြောင်အသွားသည်။ သူမက လင်းယွမ်ကို စိတ်စွမ်းအင် အစွမ်းပိုင်ရှင်ဟု အမြဲ ထင်မှတ်ထားခဲ့သည်။

သို့သော် ယခုမြင်လိုက်ရသည့် လက်နက်ကြီးကျည်ဆန်ကဲ့သို့ ပြင်းထန်သော ပစ်ပေါက်မှုက ဘယ်လိုအရာလဲ...

သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသော်လည်း အလျင်အမြန်ပင် ဖုံးကွယ်လိုက်သည်။

လင်းယွမ်က လက်ကို ပြန်ရုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီပွဲကို အဆုံးသတ်လိုက်ကြရအောင်"

"ဝမ်ဝေတုန်း... လက်လျော့လိုက်တော့... ငါ့ရှေ့မှာ မင်း အရိပ်ပြောင်းလို့မရဘူး"

"ထပ်ကြိုးစားနေမယ်ဆိုရင်... မင်းရဲ့ ခေါင်းကို ငါ တခါထဲ ဖျစ်ညှစ်လိုက်တော့မယ်"

ဝမ်ဝေတုန်း တစ်ကိုယ်လုံး တုန်ခါသွားပြီး အရိပ်အသွင်ပြောင်းရန် မကြိုးစားရဲတော့ဘဲ နာကျင်စွာဖြင့် အသနားခံလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်... ကျွန်တော် အရှုံးပေးပါပြီ... ဒီမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံး အစ်ကိုကြီး ယူပါ"

"ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... နောက်ဆို အစ်ကိုကြီးရဲ့ တပည့် လုပ်ပါ့မယ်... ကျွန်တော့်မှာရှိတဲ့ အစားအသောက်တွေ အကုန် ပေးပါ့မယ်"

"ဒီမှာရှိတဲ့ မိန်းမတွေ အကုန်လုံးကိုလည်း အစ်ကိုကြီး ကြိုက်သလို ကစားလို့ ရပါတယ်"

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

ရုတ်တရက် လူရိပ်တစ်ခုက သူ၏ ဘေးနားတွင် တည်ခနဲ ပေါ်လာသည်။

ထို့နောက် ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

"ဝမ်ဝေတုန်း... နင် သေလိုက်တော့"

"စွပ်"

ဓားမြှောင်တစ်ချောင်းသည် ဝမ်ဝေတုန်း၏ လည်ပင်းထဲသို့ အားကုန် စိုက်ဝင်သွားတော့သည်။

လင်းယွမ်က ဘေးနားသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူ့ရဲ့ အာရုံခံနိုင်စွမ်းကို ကျော်လွန်ပြီး သူ့ဘေးနားအထိ ရောက်လာတဲ့သူ ရှိတယ်ပေါ့လေ...

ခေါင်းလှည့်ကြည့်လိုက်သည့် တခဏချင်းမှာပင် ထိုသူ ဘယ်သူလဲဆိုတာ သူ သိလိုက်သည်။

"ဝမ်ချီ"

ထင်သည့်အတိုင်းပင် သူ့ဘေးနားတွင် ရပ်နေသူမှာ ဝမ်ချီ ဖြစ်နေသည်။

ဒီကောင်က ရှုပ်ထွေးနေတဲ့ သီးသန့်ခန်းထဲကို ဘယ်အချိန်က ရောက်နေမှန်း မသိရပေ။ ဘယ်သူမှလည်း သူ့ကို သတိမထားမိကြချေ။

လင်းယွမ်ကိုယ်တိုင်ပင် သူ့ကို လျစ်လျူရှုမိခဲ့သည်။

ဘေးလူ ဆိုသည့် အစွမ်းက သူ့ကို အာရုံစိုက်မကြည့်မိပါက သူ့ကို လုံးဝ မေ့လျော့သွားစေနိုင်သည်ကိုး။

လင်းယွမ်က အသက်ကို ဝဝရှူလိုက်ပြီး လက်ထဲရှိ ဝမ်ဝေတုန်း၏ အလောင်းကို ကြည့်ကာ ဝမ်ချီဘက်သို့ လှည့်လိုက်သည်။

သူ့မျက်နှာထား တည်သွားသည်။ "ဝမ်ချီ"

ဝမ်ချီက လင်းယွမ်ကို ကြည့်ပြီး ဒူးထောက်ချလိုက်သည်။ မျက်ဝန်းများ နီရဲနေကာ...

"ဆရာလင်း... တောင်းပန်ပါတယ်... ဝမ်ဝေတုန်းက ကျွန်တော့် ညီမလေးကို သတ်ခဲ့တာပါ... ကျွန်တော့် ညီမလေး ဘယ်လောက်တောင် သနားဖို့ကောင်းအောင် သေခဲ့ရလဲဆိုတာ ဆရာလင်း မသိပါဘူး"

"ကျွန်တော် ကျိန်ဆိုထားဖူးတယ်... သူ့ကို ကိုယ်တိုင် သတ်မယ်လို့"

"သူက အသနားခံနေတော့ ဆရာလင်း လက်ခံလိုက်မှာကို ကျွန်တော် ကြောက်တယ်... ဒါကြောင့် ကျွန်တော့်ကို ခွင့်လွှတ်ပါ... ကျွန်တော် သူ့ကို သတ်ကို သတ်ရမှာမို့ပါ"

လင်းယွမ်၏ မျက်လုံးများ အေးစက်သွားပြီး လေသံမာမာဖြင့် မေးလိုက်သည်။

"မင်း အစကတည်းက ဒီမှာ ရှိနေတာလား"

"မဟုတ်ပါဘူး... ကျွန်တော် အခုမှ ရောက်တာပါ"

"ဟက်... တိုက်ဆိုင်လှချည်လား" လင်းယွမ်က လှောင်ရယ် ရယ်လိုက်သည်။

ထို့နောက် ဝမ်ဝေတုန်း၏ အလောင်းကို ဘေးသို့ ပစ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ဝေတုန်း၏ အဖွဲ့သားများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

အခြေအနေ မဟန်တော့မှန်း သူတို့ သိသွားပြီ ဖြစ်သည်။ အခု မပြေးလျှင် သေဖို့သာ ရှိတော့သည်ကိုး။

အပြေးအမြန်ဆုံးမှာ နှံကောင် ဝူရှင်းရှင်း ဖြစ်သည်။

သူ၏ ခြေထောက်နှစ်ဖက်က ခုန်နိုင်စွမ်းအား ကောင်းမွန်လှရာ နှံကောင်တစ်ကောင်ကဲ့သို့ ပေပေါင်းများစွာ ခုန်ပျံကျော်လွှားလျက် အသည်းအသန် ထွက်ပြေးတော့သည်။

"ခွမ်း"

သူ၏ လက်မောင်းဓားများဖြင့် မှန်နံရံကို ခွဲပစ်လိုက်ပြီး စင်္ကြံလမ်းပေါ်သို့ အမြန် တိုးထွက်သွားသည်။

သို့သော် နောက်တစ်ခဏ၌ သူ ရုတ်တရက် ခေါင်းလှည့်လာပြီး ထူးဆန်းစွာဖြင့် နောက်ပြန် ပြေးလာတော့သည်။

ချင်ကျင်း ထိုမြင်ကွင်းကို မြင်ပြီး ကြောင်အသွားသည်။ ထို့နောက် တစ်စုံတစ်ခုကို နားလည်သွားပြီး လျှိုဖိန်ဖိန်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် လျှိုဖိန်ဖိန်သည် "စိတ်ဝိညာဉ်ဝင်္ကပါ" ကို အသုံးပြုထားလေပြီ။

ဝူရှင်းရှင်းသည် စိတ်ဝိညာဉ်ဝင်္ကပါထဲတွင် ပိတ်မိနေပြီး ခေါင်းပြတ်နေသော ယင်ကောင်တစ်ကောင်လို လမ်းကြောင်းလွဲကာ လင်းယွမ်ရှိရာဘက်သို့ ပြန်ပြေးလာနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် ဝမ်ဝေကျွင်းလည်း ထွက်ပြေးနေသည်။

သူက အရပ်ပုသော်လည်း ခွန်အားကြီးမားသူဖြစ်ရာ လမ်းကွေ့ခြင်းမရှိဘဲ တည့်တည့်မတ်မတ် အတင်း ပြေးဝင်လေသည်။ လမ်းတွင် ပိတ်ဆို့နေသော မည်သည့်အရာကိုမဆို တိုက်ထုတ်ပစ်သည်။

အတင်း ဝင်ဆောင့်ပြေးလာပြီး ဘေးဘက် မှန်နံရံကို ဖောက်ထွက်ရန် ကြံစည်လိုက်စဉ်...

လူရိပ်တစ်ခုက သူ့ကို ရုတ်တရက် ဝင်တိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

"ဝုန်း"

ဝမ်ဝေကျွင်း၏ ခန္ဓာကိုယ်မှာ လွင့်စင်ထွက်သွားသည်။

ထို့နောက် ရှီဟိုင်ကျူးက သူ့ကို ဖက်တွယ်ထားလိုက်ပြီး ရက်စက်စွာ ပြောလိုက်သည်။

"ပြေးမလို့လား... မင်းက ဘယ်ကိုပြေးချင်တာလဲ"

"ဖယ်စမ်း"

ဝမ်ဝေကျွင်း ဒေါသတကြီး အော်ဟစ်ပြီး လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

ကြီးမားသော ခွန်အားဖြင့် ရှီဟိုင်ကျူး၏ လက်မောင်းကို ထိုးမိသွားသည်။

သို့သော် ရှီဟိုင်ကျူး၏ အရေပြားမှာ ကျောက်သားများ ဖြစ်နေသဖြင့် ဓားမတိုး လှံမတိုး ဖြစ်နေရာ ဒုန်းခနဲ အသံမြည်သွားပြီး သူ၏ ခန္ဓာကိုယ် ယိုင်နဲ့သွားရုံသာ ရှိသည်။ ဒဏ်ရာတစ်စက်မှ မရပေ။

ဝမ်ဝေကျွင်း မျက်နှာပျက်သွားသည်။ "မင်းအမေ"

သူက ဘေးနားရှိ စားပွဲခုံကို ဆွဲမကာ ရှီဟိုင်ကျူးကို ရိုက်ချလိုက်သည်။

ရှီဟိုင်ကျူးက လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ခေါင်းဖြင့် ဝင်တိုက်လိုက်သည်။

"ခွမ်း"

စကျင်ကျောက်စားပွဲခုံကြီး ကွဲကြေသွားပြီး ရှီဟိုင်ကျူး၏ ခေါင်းက စကျင်ကျောက်ပြားကို ခွဲထွက်ကာ ဝမ်ဝေကျွင်း၏ ရင်ဘတ်ကို တည့်တည့် ဝင်ဆောင့်မိသွားသည်။

ဝမ်ဝေကျွင်း မျက်နှာ ဖြူဖျော့သွားပြီး အင့်ခနဲ ညည်းညူကာ နောက်သို့ ယိုင်နဲ့သွားရသည်။

သူက ခွန်အားကြီးသည်မှာ မှန်သော်လည်း ခံနိုင်ရည်အားကတော့ သိပ်မမြင့်မားလှပေ။

ယခု ခေါင်းဖြင့် တိုက်လိုက်ခြင်းမှာ ရင်ဘတ်ကို တူဖြင့် ထုလိုက်သကဲ့သို့ ဖြစ်ပြီး သူ့ကို အလွန် နာကျင်စေသည်။

နှစ်ယောက်သား လုံးထွေး သတ်ပုတ်နေကြပြီး ဝမ်ဝေကျွင်းက ရှီဟိုင်ကျူးကို အကြိမ်ကြိမ် ခါထုတ်ရန် ကြိုးစားနေသည်။

ရှီဟိုင်ကျူးက အရေပြားထူ အသားမာ ဖြစ်နေသည့်အတွက် သူ့ကို အသေ ဖက်တွယ်ထားပြီး ထွက်ပြေးမရအောင် လုပ်ထားလေသည်။

ထိုအချိန်တွင် ချင်ကျင်းသည်လည်း အိမ်ခေါင်မိုးပေါ်သို့ ထွက်ပြေးနေသော ကျိုးယဲ့ကို အမီ လိုက်နိုင်ခဲ့သည်။

ကျိုးယဲ့၏ မျက်နှာထား ပျက်ယွင်းနေပြီး လက်ထဲမှ ဓားပျံများကို မပြတ်တမ်း ပစ်လွှတ်နေသည်။

သို့သော် ချင်ကျင်း၏ ဒေါသမီးကွင်းက ဓားပျံအားလုံးကို လွယ်ကူစွာပင် တိုက်ထုတ်ပစ်လိုက်သည်။

နှစ်ယောက်သား ထွက်ပြေးလိုက်လံရင်း ဖျော်ဖြေရေးခန်းမထဲမှ ပျောက်ကွယ်သွားကြသည်။

အခြားတစ်ဖက်တွင်မူ လျှိုမေ့ရှင်း၏ စိတ်စွမ်းအင် အကာအကွယ်သည် လင်းယွမ်၏ စိတ်ဝိညာဉ်ရိုက်ခတ်သိုင်း ကြောင့် ပျက်စီးသွားပြီး သူမ အပြင်းအထန် ဒဏ်ရာရထားသည်။

ထိုအချိန်တွင် တင်းယန်က အနားသို့ ကပ်လာပြီး စွမ်းအင်များ ထုတ်ဖော်ကာ ချက်ချင်း ဝင်ရောက် တိုက်ခိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျှိုမေ့ရှင်း၏ လည်ပင်းကို ဖမ်းမိသွားသည်။

"ဖာသည်မ"

လျှိုမေ့ရှင်းက စူးဝါးစွာ အော်ဟစ်ဆဲဆိုလိုက်သော်လည်း တင်းယန်က ညှာတာခြင်း မရှိဘဲ သူမ၏ ပါးကို ရိုက်ချလိုက်တော့သည်။

"ဖြန်း"

လျှိုမေ့ရှင်း၏ ပါးတစ်ဖက် ရောင်ကိုင်းသွားပြီး ညာဘက်မျက်လုံးထောင့်စွန်း ကွဲအက်သွားလေသည်။

တင်းယန်က သူမကို စိုက်ကြည့်လိုက်သည်။ "အရှက်မရှိတဲ့ မိန်းမ... နင့်လိုဟာကများ သန္ဓေပြောင်းအစွမ်း နိုးထလာရသေးတယ်"

လျှိုမေ့ရှင်းက စူးဝါးစွာ အော်ဟစ်လိုက်သည်။ "အရှက်မရှိဘူး ဟုတ်လား... ဟားဟားဟား... နင့်ရင်ဘတ်မှာ အသားတုံးကြီးနှစ်တုံး ချိတ်ထားပြီးတော့မှ အရှက်တရားအကြောင်း လာပြောနေတာလား"

"နင်လည်း တနေ့ကျရင် ယောက်ျားတွေရဲ့ အရုပ် ဖြစ်လာဦးမှာပါ... လူတကာ တက်လုပ်တာ ခံရမယ့် ဖာသည်မ ဖြစ်လာဦးမှာ... ဟားဟားဟား... အား"

သူမ စကားမဆုံးခင်မှာပင် တင်းယန်က ဒေါသတကြီးဖြင့် ခါးကြားမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး... စွပ်ခနဲ အသံနှင့်အတူ သူမ၏ လည်ချောင်းထဲသို့ ထိုးစိုက်လိုက်တော့သည်။

စိတ်စွမ်းအင် အကာအကွယ် ကျွမ်းကျင်သူ အမျိုးသမီးသည် ချက်ချင်းပင် သနားစဖွယ် အော်ဟစ်လိုက်ရပြီး လည်ပင်းကို အုပ်ထားသော်လည်း ပန်းထွက်လာသော သွေးများကို မတားဆီးနိုင်တော့ပေ။

သူမ၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားပြီး တင်းယန်ကို မကျေမနပ် ကြည့်နေသည်။

သူမ၏ မျက်ဝန်းများထဲတွင် တစ်သက်တာ ဖြတ်သန်းခဲ့ရသော ပုံရိပ်များ ရုပ်ရှင်ကားချပ်သဖွယ် ဖြတ်သန်းသွားသည်။

သူမသည် မူလက အနုပညာကျောင်းဆင်း မိန်းမချောလေး တစ်ယောက်ဖြစ်သည်။

ကျောင်းပြီးသောအခါ အလုပ်ရှာခဲ့ပြီး သရုပ်ဆောင် လုပ်ချင်ခဲ့သည်။

သို့သော် စက်အကူ ကောင်လေးမှစ၍ ဒါရိုက်တာ အကြီးစားအထိ တွေ့သမျှ ယောက်ျားတိုင်းက သူမနှင့် အိပ်ချင်ကြသည်။

သူမ ရုန်းကန်ခဲ့သည်... ငြင်းဆန်ခဲ့သည်... နောက်ဆုံးတွင် အနုပညာလောကကို စွန့်ခွာရန် ဆုံးဖြတ်လိုက်ပြီး အားကစား လောကသို့ ကူးပြောင်းကာ လေ့ကျင့်ခန်း နည်းပြ တိုက်ရိုက်ထုတ်လွှင့်သူ တစ်ယောက် လုပ်ခဲ့သည်။

သို့သော် ပါတီပွဲတစ်ခုတွင် အားကစားရုံ (Gym) မှ နည်းပြကောင်လေးများက သူမကို အရက်မူးအောင် တိုက်ခဲ့ကြသည်။

ထိုညတွင် သူမသည် ယောက်ျားအများအပြား၏ တစ်လှည့်စီ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။

ဆက်ရန်...

All Chapters