← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 9 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 9 Ch. 179-180

အပိုင်း (၁၇၉) ရန်မေ၏ တောင်းဆိုမှုနှင့် စကားပြောစက်ထဲမှ သတင်းစကား

ညစာစားပြီးနောက် အားလုံး အနားယူရန် နေရာရှာကြသည်။

အပေါ်ထပ်ရှိ ဟန်လုံဟိုတယ်က အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာသည်။

လင်းယွမ်က ရန်မေကို ခေါ်ပြီး အထူးအဆင့် အခန်းတစ်ခန်းကို ရွေးချယ်လိုက်လေသည်။

တစ်နေ့ကုန် အလုပ်များခဲ့သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂၁.၈ အထိ ရှိထားသည့် လင်းယွမ်မှာ ပင်ပန်းသည်ဟု မခံစားရဘဲ တက်ကြွလန်းဆန်းနေဆဲပင်။

ရန်မေက လဲလှယ်စရာ အဝတ်အစားများကို ကိုင်ကာ ပြောလိုက်သည်။

"မောင်လေး... အမ ရေအရင်သွားချိုးလိုက်ဦးမယ်နော်"

လင်းယွမ် မော့ကြည့်လိုက်ရာ သူမလက်ထဲတွင် အနက်ရောင် ဆွဲဆောင်မှုရှိသော ညဝတ်အင်္ကျီတစ်စုံကို ကိုင်ထားသည်ကို တွေ့လိုက်ရသဖြင့် သဘောကျစွာ ပြုံးလိုက်မိသည်။

"ကျောကုန်း ဂျီးတွန်းပေးမယ်လေ"

ရန်မေက မျက်စောင်းလေးထိုးကာ ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် ကြည့်ရင်း ရှက်သွေးဖြာစွာ ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။

ရေပန်းကတော့ မလာပေ၊ ဒီနေရာတွင် ရေမလာသည်မှာ ကြာလှပြီ။

သို့သော် အထူးအခန်းထဲတွင် ရေချိုးကန်ရှိပြီး ရေနွေးများ ဖြည့်ထားပြီး ဖြစ်သည်။

ထိုရေနွေးများမှာ လင်းယွမ် ပစ္စည်းသိုလှောင်ခန်းထဲတွင် ကြိုတင်သိမ်းဆည်းထားသော ရေများ ဖြစ်သည်။ မိုးရေကို ကြိုချက်၊ အအေးခံပြီးမှ ပစ္စည်းသိုလှောင်ခန်းထဲ ထည့်ထားခြင်း ဖြစ်သည်။

အသုံးပြုလိုသည့်အချိန်တွင် ထုတ်ယူလိုက်ရုံသာ၊ ရေက နွေးနွေးလေးနှင့် အလွန်အဆင်ပြေသည်။

"ဗွမ်း..."

ရန်မေ၏ ဖြူဖွေးသွယ်လျသော ခြေတံသွယ်သွယ်လေးများ ရေထဲသို့ ဆင်းသွားသည်။ သူမ၏ ကိုယ်လုံးလေး ရေထဲနစ်မြုပ်သွားပြီး ခေါင်းလေးသာ ပေါ်နေတော့သည်။

အနက်ရောင် ဆံနွယ်များက ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေပြီး နွားနို့ကဲ့သို့ ဖြူဖွေးသော အသားအရေက ကြည်လင်သည့် ရေထဲတွင် ထင်ဟပ်နေသည်မှာ ကြာဖြူတစ်ပွင့်သဖွယ် ချစ်စရာကောင်းပြီး လှပနေတော့သည်။

လင်းယွမ် ဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ထဲတွင် ရမ္မက်မီးတောက်များ ထတောက်လာပြီး အဝတ်အစားများကို အမြန်ချွတ်ကာ ရေချိုးကန်ထဲသို့ ဝင်လိုက်လေသည်။

ရေလှိုင်းများ လှုပ်ခတ်သွားပြီး ရန်မေ၏ အာမေဋိတ်သံလေးနှင့်အတူ သူမကို ဖက်လိုက်တော့သည်။

ရန်မေက အနည်းငယ် ရှက်နေရှာသည်။ သူတို့နှစ်ဦး ပွင့်ပွင့်လင်းလင်းနေခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိပြီဖြစ်သော်လည်း သူမကတော့ အပျိုစင်လေးတစ်ယောက်လို ရှက်နေဆဲပင်။

လင်းယွမ်ကလည်း သူမ၏ ငြင်းချင်သလိုလို လက်ခံချင်သလိုလို ရှက်နေသည့် ပုံစံလေးကို အလွန်နှစ်သက်နေမိသည်။

ချစ်ရည်လူးပြီးနောက် ရန်မေက မေးလိုက်သည်။

"မောင်လေး... အမ မောင်လေးကို တောင်းဆိုစရာ ကိစ္စလေးတစ်ခု ရှိလို့"

လင်းယွမ် အံ့သြသွားသည်။ ရန်မေက သူ့ကို တစ်စုံတစ်ရာ တောင်းဆိုလေ့ သိပ်မရှိ၊ သူမက အမြဲတမ်း လိမ္မာရေးခြားရှိပြီး ဘာကိုမှ သိပ်မတောင်းဆိုတတ်ပေ။

ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော်တို့နှစ်ယောက်ကြားမှာ တောင်းဆိုစရာ ဘာလိုသေးလို့လဲ... ပြောလေ... ဘာကိစ္စလဲ"

ရန်မေ ဝမ်းသာသွားပြီး သူ့မျက်လုံးများကို ကြည့်ကာ ကြင်နာမှုအပြည့်ဖြင့် ပြောလိုက်သည်။

"အမ မောင်လေးကို မပြောပြဖူးဘူးနော်... တကယ်တော့ အမတို့အိမ်က မိန်တောင်ရွာဘက်ကလေ"

"အရင် နှစ်တွေတုန်းက အစိုးရက မြေတွေသိမ်းတော့ အိမ်တွေပါ ဖျက်လိုက်ရတယ်... တိုက်ခန်း အတော်များများနဲ့ လျော်ကြေးငွေတွေ အများကြီး ရခဲ့တယ်... ဒါပေမဲ့ ဘိုးဘွားပိုင်အိမ်ကိုတော့ မဖျက်လိုက်ရဘူး"

"အမအဖေနဲ့အမေက ဘိုးဘွားပိုင်အိမ်ကို တခါတလေ ပြန်ကြတယ်... အဘိုးတို့က အဲဒီအိမ်မှာပဲ နေတာဆိုတော့လေ"

"ထိုက်ယန်တောင်ဘက်ကို ရောက်ရင်... အမကို မိန်တောင်ဘက် လိုက်ပို့ပေးလို့ ရမလားဟင်"

လင်းယွမ် မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

"သူဌေးမလေးပဲ... မထင်ရဘူးနော်... ပိုင်ဆိုင်မှုတွေ ဒီလောက်များတာပဲ... လျော်ကြေးငွေတွေရော... တိုက်ခန်းတွေရော... အခု ဘိုးဘွားပိုင်အိမ်တောင် ရှိသေးတယ်ပေါ့"

ရန်မေက ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်သည်။

"အာ... ဘာသူဌေးမလေးလဲ... အမ ရှာထားတဲ့ ပိုက်ဆံတွေမှ မဟုတ်တာ... အဘိုးတို့က နေရာရွေးတတ်လို့ နိုင်ငံတော် ပေါ်လစီကြောင့် အကျိုးအမြတ်ရတာပါ"

"ပြီးတော့လေ... အဲဒီပိုက်ဆံတွေက အဖေနဲ့အမေ လက်ထဲမှာ... အမဆီမှာမှ မဟုတ်တာ"

"အမအိမ်မှာ အမတစ်ယောက်တည်း ရှိတာမလား... မိဘလက်ထဲ ရှိတာက အမလက်ထဲ ရှိတာနဲ့ အတူတူပဲပေါ့" လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

ရန်မေက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူးနော်... ဒီဘက်က မိဘတွေက ပိုက်ဆံကို အရမ်းထိန်းချုပ်တာ... လျော်ကြေးငွေဆိုရင် သားသမီးလက်ထဲ ဘယ်တော့မှ တန်းမထည့်ဘူး... လျှောက်သုံးပစ်မှာ စိုးရိမ်ကြတာလေ"

"အမအဖေနဲ့အမေက သားယောက်ျားလေးဆို ပိုဦးစားပေးတတ်ကြတယ်... အရင်တုန်းက လီကျစ်ချန်နဲ့ လက်ထပ်တုန်းကလည်း အိမ်ချင်းသဘောတူလို့ ပေးစားခဲ့ကြတာ"

"အမအဖေ ပြောဖူးတယ်... တကယ်လို့ အမ ကလေးနှစ်ယောက် မွေးရင် တစ်ယောက်က အမတို့မျိုးရိုး ယူရမယ်တဲ့... ဒါမှ အဲဒီပိုက်ဆံတွေကို အမကလေးကို ပေးမယ်တဲ့... မဟုတ်ရင် သူ မသေခင် အဲဒီပိုက်ဆံတွေကို ကုန်အောင်ဖြုန်းပစ်မယ်... တခြားမျိုးရိုးစီကို အလကား အပါမခံနိုင်ဘူးဆိုပြီး ပြောတာ"

ဒီအကြောင်းပြောရင်း သူမအသံတွင် နာကြည်းသံ အနည်းငယ် ပါနေသည်။

လင်းယွမ်က သူမ၏ ပါးလေးကို ဆွဲကာ ရယ်မောရင်း နှစ်သိမ့်လိုက်သည်။

"ကဲပါ... စိတ်မဆိုးပါနဲ့တော့... အခုချိန်မှာ ပိုက်ဆံဆိုတာ စက္ကူစုတ်တွေ ဖြစ်နေပြီ... အစားအသောက်နဲ့ စားစရာတွေကသာ အရေးအကြီးဆုံးပဲ"

"အင်း... အဖေနဲ့အမေတို့ရော ဘယ်လိုနေမလဲ မသိဘူးနော်"

စိတ်ဆိုးနေသော်လည်း အစားအသောက် အကြောင်းပြောလိုက်သည်နှင့် ရန်မေက သားယောက်ျားလေးမှ ဦးစားပေးတတ်သည့် မိဘနှစ်ပါး၏ လုံခြုံရေးကို စိတ်ပူလာပြန်သည်။

လင်းယွမ်က မေးလိုက်သည်။

"အမတို့ ဘိုးဘွားပိုင်အိမ်က တောင်ခြေမှာလား"

"ဟုတ်တယ်... မိန်တောင်ရွာက မိန်တောင်ခြေမှာ ရှိတာ... အိမ်ခြေတွေ အများကြီးပဲ"

"အစိုးရက မိန်တောင် ဂေဟခရီးသွားဇုန် ဖော်ဆောင်ချင်လို့် အဆောက်အအုံဟောင်းတွေကို မဖျက်ဘဲ ထားခဲ့တာ... အဲဒီအစား ပြုပြင်ထိန်းသိမ်းဖို့တောင် ပိုက်ဆံပေးသေးတယ်"

"အမနာမည် ဘာလို့ ရန်မေ (စတော်ဘယ်ရီသီး/ဖယောင်းပန်းသီး) ဖြစ်နေလဲ သိလား"

လင်းယွမ်က ကြားလိုက်ရသဖြင့် ပြုံးကာ မေးလိုက်သည်။

"မိန်တောင်ကြောင့်လား"

ရန်မေက ရယ်မောလိုက်ပြီး ပြောသည်။

"ဟုတ်တယ်... မိန်တောင်မှာ ဖယောင်းပန်းသီးတွေ အများကြီး ထွက်တယ်လေ... အမေက အမကို မွေးတော့ ဇွန်လ ဖယောင်းပန်းသီးတွေ ရင့်မှည့်တဲ့အချိန် ဖြစ်နေတာ... ဒါနဲ့ပဲ အမနာမည်ကို ရန်မေလို့ ပေးလိုက်တာ"

လင်းယွမ် အားပါးတရ ရယ်မောလိုက်သည်။

"အမက ရန်မျိုးရိုး ဖြစ်နေလို့ တော်သေးတာပေါ့... တကယ်လို့ ဦးလေးမာတို့လို မာမျိုးရိုးသာ ဖြစ်ပြီး ဆောင်းတွင်းဘက် မွေးမယ်ဆိုရင် မာတုန်းမေ (ဆောင်းရာသီဇီးသီး) လို့ နာမည်ပေးရမလား မသိဘူးနော်"

"ခစ်... ခစ်... မောင်လေးကတော့ တကယ်ပဲ"

ရန်မေက သူ့စကားကြောင့် သဘောကျပြီး တခစ်ခစ် ရယ်မောလေသည်။

ရေချိုးခန်းထဲတွင် ပျော်ရွှင်ကြည်နူးဖွယ် အငွေ့အသက်များ လွှမ်းခြုံသွားသည်။

ထို့နောက် လင်းယွမ်က ဆက်မေးလိုက်သည်။

"တောင်ခြေဆိုတော့ ရိုးရိုးလူနေအိမ်တွေပဲ ဖြစ်မှာပေါ့... အမတို့ ဘိုးဘွားပိုင်အိမ်လည်း ရေမြုပ်လောက်ပြီ ထင်တယ်"

"အင်း... အဘိုးနဲ့အဘွားတို့ရော လွတ်ပါ့မလား မသိဘူး"

"ဖုန်းလိုင်းတွေ မိတုန်းက အဖေနဲ့အမေဆီ ဖုန်းဆက်သေးတယ်... သူတို့က ဘိုးဘွားပိုင်အိမ်ဘက် ပြောင်းသွားပြီတဲ့... အဘိုးနဲ့အဘွားကို ပြုစုဖို့ အဆင်ပြေအောင်လို့တဲ့"

"သူတို့ရှိနေရင် တောင်ပေါ်ဘက် ပြောင်းရွှေ့ဖို့ စဉ်းစားမိကြမှာပါ"

"အခုတော့ ဘယ်လိုနေမလဲ မသိဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ... ထိုက်ယန်တောင်ကို ရောက်ရင် အမကို မိန်တောင်ဘက် လိုက်ပို့ပေးမယ်"

"ကျေးဇူးပါပဲ မောင်လေးရယ်... မောင်လေးက အမအပေါ် တကယ်ကောင်းတာပဲ"

ရန်မေ စိတ်လှုပ်ရှားကာ ဝမ်းသာသွားပြီး သူ့ကို အနမ်းပေးလိုက်သည်။

လင်းယွမ်က သူမ၏ တင်ပါးအိအိလေးကို ဆွဲညှစ်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။

"ဒါဆို အမက မောင်လေးကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ"

ရန်မေ မျက်နှာလေး ရဲသွားပြီး မျက်စောင်းလေးထိုးကာ ရှက်သွေးဖြာစွာ ပြောလိုက်သည်။

"အဲ့မှာ လှဲလိုက်"

လင်းယွမ် ကြောင်သွားသည်။ ထိုစဉ် ရန်မေက တဖက်သို့ လှည့်သွားသည်ကို တွေ့လိုက်ရသည်။

သူမက မျက်နှာလေးရဲနေပြီး ရုပ်ရှင်ထဲက အမျိုးသမီးတွေလိုမျိုး ရေချိုးကန်ထဲ ထိုင်ချလိုက်ကာ ရင်ကိုကော့၊ သူ့ခြေထောက်နှစ်ချောင်းကို မြှင့်လိုက်သည်။

လင်းယွမ် ကြောင်နေရာမှ မျက်လုံးပြူးသွားသည်။

"အမ... အမမေ"

ရန်မေက ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။

"စကားမပြောနဲ့"

လင်းယွမ် မျက်လုံးများ အရောင်တောက်လာတော့သည်။

နောက်တစ်နေ့ မနက်စောစော လင်းယွမ် အိပ်ရာထပြီး မနက်စာ စားလေသည်။

မနေ့ညက ရန်မေ၏ စွမ်းဆောင်ရည်ကို သူ အတော်လေး ကျေနပ်မိသည်။

တကယ်ပါပဲ၊ အစွမ်းနိုးထပြီးသည့်နောက် အမမေ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အများကြီး တိုးတက်လာခဲ့သည်။

ပထမအချီ ပြီးဆုံးသည်အထိ တောင့်ခံနိုင်ရုံသာမက ဒုတိယအချီ ဆက်ဖို့တောင် အားအင် ကျန်နေသေးသည်။

သို့သော် နောက်ပိုင်းကျတော့ မရတော့၊ သူမ၏ ခံနိုင်ရည်က ပိုကောင်းအောင် လုပ်ဖို့ လိုသေးသည်။

နောက်ဆုံးကျတော့ အမမေမှာ အသနားခံရုံမှတပါး တခြားမတတ်နိုင်တော့ပေ။

မနက်စာ စားပြီး အပြင်ထွက်ရန် ပြင်နေစဉ် ကျောက်ခိုင် အလောတကြီး ပြေးလာသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုလင်း... ရှိလား... အစ်ကိုလင်း"

လင်းယွမ်က သူ့ပုံစံ စိတ်လောနေသည်ကို တွေ့သဖြင့် မျက်ခုံးပင့်ကာ အပြင်ထွက်လာပြီး မေးလိုက်သည်။

"ဘာကိစ္စမို့လို့ ဒီလောက်တောင် အလျင်လိုနေတာလဲ"

ကျောက်ခိုင်က စကားပြောစက်ကို ချက်ချင်း ထုတ်ပြပြီး ပြောသည်။

"ဟို ကျိုးမျိုးရိုး အစွမ်းပိုင်ရှင်ကို တွေ့ပြီ"

လင်းယွမ် ကြောင်သွားပြီး အံ့သြစွာ မေးလိုက်သည်။

"ဘယ်သူ"

"ဝမ်ဝေတုန်းအဖွဲ့ထဲက ကျိုးမျိုးရိုး အစွမ်းပိုင်ရှင်လေ... ကျွန်တော်တို့ စကားပြောစက်ထဲကနေ သူ့အသံ ကြားလိုက်ရတယ်"

လင်းယွမ် သံသယ ဝင်သွားသည်။

ကျိုးမျိုးရိုးဆိုသူက လင်းနို့တောင်ပံဝတ်စုံ ဝတ်ပြီး ကိုက်ရာပေါင်းများစွာဝေးတဲ့ တစ်ဖက်ကမ်းက အိမ်ရာတိုက်ခန်းဆီ ပျံသန်းသွားပြီ မဟုတ်လား။

သူ စကားပြောစက်ကို ချက်ချင်း လှမ်းယူလိုက်သည်။

စကားပြောစက်ထဲမှ ရှဲခနဲမြည်သံများနှင့်အတူ အသံတစ်သံ ထွက်ပေါ်လာသည်။

"ကျေးဇူးပြုပြီး ကိုကျိုးကို လွှတ်ပေးကြပါ... တောင်းပန်ပါတယ်ရှင်... ကိုကျိုးက ဒီအိမ်ရာက ပိုင်ရှင်အစစ်ပါ... ကျွန်မ မလိမ်ပါဘူး"

"ပါးစပ်ပိတ်ထားစမ်း... ငါ ဒီလူကို အိမ်ရာထဲမှာ တခါမှ မမြင်ဖူးဘူး"

"တကယ်ပါ... တကယ်ပြောတာပါ... သူက ဒီအိမ်ရာက အိမ်ငှားပါ... ဟန်လုံစင်တာမှာ လုံခြုံရေး လုပ်တာပါ"

"ယုံပေးကြပါရှင်... သူ သတိရလာရင် သေချာ ရှင်းပြပါလိမ့်မယ်... သူ့ကို မသတ်ကြပါနဲ့... တောင်းပန်ပါတယ်"

စကားပြောစက်ထဲတွင် လူတစ်ချို့ တီးတိုးပြောဆိုနေသံများ ကြားလိုက်ရသည်။

"ဟန်လုံစင်တာက လုံခြုံရေး"

"သူ့ကိုယ်ပေါ်မှာ လုံခြုံရေးဝတ်စုံ ဝတ်ထားတာတော့ အမှန်ပဲ... အစ်ကိုမင်... အစ်ကိုဟွာကို သွားပြောလိုက်ရမလား"

"အေးလေ... အစ်ကိုမင်... အစ်ကိုဟွာက ဟိုဘက်က ဟန်လုံစင်တာကို သွားချင်နေတာ ကြာပြီ... ငါတို့ဆီမှာလည်း စားစရာ သိပ်မကျန်တော့ဘူး"

"ဟန်လုံစင်တာမှာတော့ စားစရာ ပြတ်မှာ မဟုတ်ဘူး... အထဲဝင်နိုင်ရင် စားစရာတွေ အများကြီး ရနိုင်လောက်တယ်"

"ဟိုတနေ့က သစ်ဖောင်တစ်ခု ဟိုဘက် ကပ်သွားတာ တွေ့တယ်မလား... အဲဒီလူစုလည်း ဟန်လုံစင်တာထဲ ရောက်နေတာ... စားစရာတွေ အများကြီး ရထားလောက်ပြီ... ငါတို့ သွားမယ်ဆိုရင် လက်ဦးမှ ဖြစ်မယ်"

"ဟုတ်တယ်... ကျွန်းပေါ်တက်ဖို့ဆိုရင် စားစရာမပါလို့ မဖြစ်ဘူးလေ"

"ဒီကိစ္စ အစ်ကိုဟွာကို သွားပြောမှ ဖြစ်မယ်"

"ဟေ... အစ်ကိုမင်... ဒီခွေးကောင် ကိုယ်ပေါ်မှာ စကားပြောစက် ပါလာတယ်... ပွင့်လျက်ကြီးပါလား"

"သေစမ်း... မြန်မြန် ပိတ်လိုက်"

"တီ"

စူးရှသော အသံတစ်ချက် မြည်သွားပြီး စကားပြောစက်လိုင်း ပြတ်တောက်သွားလေသည်။

လင်းယွမ် နားထောင်ပြီးနောက် မျက်နှာထား မပျက်ဘဲ ချက်ချင်း မေးလိုက်သည်။

"ကျောက်ခိုင်... ဒီစကားပြောစက် ဘယ်အချိန်က ပွင့်နေတာလဲ"

"ခုနလေးတင် ပွင့်လာတာ... တစ်ယောက်ယောက်က တမင်ဖွင့်လိုက်တဲ့ ပုံပဲ... ဝူယင်တို့က အရင်ဆုံး ကြားတာ... စကားပြောစက်ထဲ ဝင်မပြောရဲလို့ ကျနော့်ဆီ အပြေးလာပြောကြတာ"

"ကျွန်တော်လည်း ချက်ချင်း အစ်ကိုလင်းဆီ ပြေးလာတာပဲ"

ဒီစကားပြောစက်တွေက ဝမ်ဝေတုန်းရဲ့ လုံခြုံရေးအဖွဲ့ဆီကနေ လင်းယွမ် ရှာတွေ့ထားတာ ဖြစ်သည်။

ကင်းလှည့်အဖွဲ့ ခေါင်းဆောင်တွေကို ဆက်သွယ်ရ လွယ်ကူစေဖို့ သူ ဝေငှပေးထားခြင်း ဖြစ်သည်။

အချို့ စကားပြောစက်တွေက ဓာတ်ခဲကုန်နေသဖြင့် ဝမ်ဝေတုန်းက အထူးအခန်းထဲတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က အားလုံးကို ပြန်စုစည်းပြီး တုံကျဲကို အားပြန်သွင်းခိုင်းထားသဖြင့် အခုဆို အားပြည့်နေပြီ ဖြစ်သည်။

"ကြည့်ရတာ ကျိုးယဲ့ ထွက်ပြေးတုန်းက စကားပြောစက် တစ်လုံး ယူသွားပုံရတယ်"

"သူ တဖက်က လူနေတိုက်ခန်းဆီ ရောက်သွားပေမဲ့ ပြဿနာတက်နေပုံပဲ"

လင်းယွမ် သုံးသပ်ကြည့်လိုက်သည်။ ကျိုးယဲ့က တဖက်က အဆောက်အအုံဆီ ထွက်ပြေးသွားသော်လည်း တဖက်က အစွမ်းပိုင်ရှင်များနှင့် တွေ့ပြီး အဖမ်းခံလိုက်ရပုံ ပေါ်သည်။

ဒါပေမဲ့ ဘယ်သူက စကားပြောစက်ကို ဖွင့်လိုက်တာလဲ။ ကျိုးယဲ့လား။ ဒါမှမဟုတ် ခုနက ကျိုးယဲ့အတွက် အသနားခံပေးနေတဲ့ အမျိုးသမီးလား။

ကျောက်ခိုင်က စိတ်ပူစွာ ပြောလိုက်သည်။

"အစ်ကိုလင်း... ဒီလူစုက ဟန်လုံစင်တာကို မျက်စိကျနေပုံပဲ... ကျွန်တော်တို့သာ တန်းထွက်သွားရင် ချင်ကျင်း လုပ်သလိုမျိုး လူသတ် အလောင်းစွန့်ပစ်ပြီး ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ သတ္တဝါတွေကို မျှားခေါ်လာမလား"

ဒီလိုဖြစ်နိုင်ချေက မရှိမဟုတ် ရှိသည်။ ခုနက ဒီလူတွေ ပြောစကားကို နားထောင်ကြည့်ရင် လူကောင်းတွေ မဟုတ်မှန်း သိသာသည်။

"ဒီ ကျိုးယဲ့က စကားပြောစက်ကို တမင်သက်သက် ဖွင့်လိုက်တာပဲ... ဟိုလူတွေ ဟန်လုံစင်တာကို မျက်စိကျနေမှန်း ငါတို့ကို ကြားစေချင်လို့ နေမှာ... ငါတို့နဲ့ ဟိုဘက်ကလူတွေ တိုက်ခိုက်အောင် ရန်တိုက်ပေးချင်နေတာ"

လင်းယွမ် ဖြည်းညှင်းစွာ ပြောလိုက်သည်။ ကျိုးယဲ့၏ ရည်ရွယ်ချက်ကို သူ ရိပ်မိလိုက်ပြီ ဖြစ်သည်။

ဒါက ထင်သာမြင်သာရှိတဲ့ အကွက်တစ်ခု ဖြစ်သော်လည်း လင်းယွမ်က မတိုက်ခိုက်ချင်လျှင်တောင် တဖက်လူတွေက ဂရုစိုက်မည် မဟုတ်၊ ကွယ်ရာကနေ ဒုက္ခပေးလာနိုင်သည်။

"ဒါနဲ့... သူတို့ ခုနက ကျွန်းတစ်ကျွန်းအကြောင်း ပြောသွားတယ်... ဘာကျွန်းလဲ"

လင်းယွမ် ရုတ်တရက် သတိရပြီး ကျောက်ခိုင်ကို မေးလိုက်သည်။

ကျောက်ခိုင်လည်း ကြောင်သွားပြီး ခေါင်းခါလိုက်သည်။

"ဒီနားတဝိုက်မှာ ကျွန်းရှိတယ်လို့ မကြားဖူးပါဘူး"

လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ပင်လယ်ကျွန်းလိုမျိုး မဟုတ်လောက်ဘူး... ရေမြုပ်နေလို့ ကျွန်းလိုဖြစ်နေတဲ့ တောင်ကုန်းကို ပြောတာနေမှာ"

"ဒါပေမဲ့ ဒီနားတဝိုက်မှာ တောင်ကုန်းရှိတယ်လို့ ငါ မမှတ်မိဘူး... မင်းရော ဒီနားမှာ တောင်ကုန်းဘာညာ ရှိတာ သတိထားမိလား"

ကျောက်ခိုင် ခေါင်းကုတ်လိုက်သည်။

"အစ်ကိုလင်း... သိတဲ့အတိုင်းပဲ... ကျွန်တော်နဲ့ ရှောင်မန်က ကျောင်းတက်ဖို့ ဒီကို ရောက်လာကြတာ... ဒီနေရာတွေကို သိပ်မကျွမ်းဘူးဗျ"

လင်းယွမ် မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ဟုတ်ပြီ... ဒီလိုလုပ်... မင်း ကင်းအဖွဲ့ခေါင်းဆောင်တွေကို သွားခေါ်လိုက်... ဒေါက်တာရန်ကိုလည်း အသိပေးလိုက်ဦး... အားလုံးဝိုင်းပြီး ဆွေးနွေးကြတာပေါ့"

"ဟုတ်ကဲ့... ကျွန်တော် သွားခေါ်လိုက်ပါ့မယ်"

ကျောက်ခိုင် ထွက်သွားပြီးနောက် လင်းယွမ်က အိပ်ခန်းထဲ ပြန်ဝင်ပြီး ရန်မေကို နှိုးလိုက်သည်။

ရန်မေက ဒေသခံဆိုတော့ ဒီနားတဝိုက်မှာ တောင်ကုန်း ရှိမရှိ သိလောက်သည်။

အကယ်၍ ထိုက်ယန်တောင်လောက် မမြင့်တဲ့ တောင်ကုန်းရိုင်းတစ်ခု ရှိနေရင် လင်းယွမ်က အဲဒီလိုနေရာမျိုးကို ပိုသွားချင်သည်။

ထိုက်ယန်တောင်တို့ မိန်တောင်တို့က လင်ကျန်းမြို့၏ နာမည်ကြီးနေရာတွေမို့ ထိုနေရာတွင် အခြေချချင်သည့်လူတွေ အများကြီး ရှိနေမှာ သေချာသည်။

လူရှိရင် တိုက်ပွဲက ရှိမှာပဲ။ ထိုက်ယန်တောင်မှာ အခြေချချင်ရင် ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲတော့ တိုက်ရဦးမည်။

နာမည်မကြီးသည့် တောင်ကုန်းတစ်ခုသာ ဆိုရင်တော့ သိမ်းပိုက်ရတာ ပိုလွယ်ကူနိုင်သည်။

"အမမေ... ဟန်လုံစင်တာနားမှာ တောင်ကုန်းတွေဘာတွေ ရှိလား"

ရန်မေက ပျင်းရိလေးတွဲစွာ အကြောဆန့်လိုက်ရာ ပိုးသားစောင်ပါးလေး လျှောကျသွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်အလှ ပေါ်လာတော့သည်။

လင်းယွမ် စိတ်မထိန်းနိုင်ဘဲ ရှေ့တိုးပြီး နမ်းလိုက်ရာ ရန်မေက တခစ်ခစ်ရယ်ပြီး သူ့မျက်နှာကို ရင်ဘတ်ဆီမှ တွန်းဖယ်လိုက်သည်။

"မောင်လေး မနောက်နဲ့လေ... ယားတယ်"

လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

"မနက်စောစောစီးစီး လာဆွဲဆောင်နေတာ... ဒီနေ့ တစ်နေ့လုံး အိပ်ရာထဲက မထနိုင်အောင် လုပ်ပစ်လိုက်မယ်နော်"

ရန်မေက လျှာလေးထုတ်ပြပြီး အဝတ်အစား မြန်မြန်ဝတ်ကာ ပြောလိုက်သည်။

"ဟန်လုံစင်တာနားမှာ ဘယ်က တောင်ရှိမှာလဲ... အမ သိသလောက်တော့ ဒီနားမှာ တောင်ကုန်း မရှိပါဘူး"

သူမက ဟန်လုံစင်တာဘက်ကို မကြာခဏ လာနေကျ။ အရင်တုန်းက သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ရင် ဒီကိုပဲ လာကြလေ့ရှိသည်။

ဒီနားတဝိုက်မှာ တောင်ကုန်းအကြီးစား ရှိတာမျိုး သူ တခါမှ သတိမထားမိဖူးပေ။

လင်းယွမ် သံသယ ဖြစ်သွားသည်။

"မရှိဘူးလား"

ရန်မေက ပြန်ပြောလိုက်သည်။

"မောင်လေးဆီမှာ မြေပုံရှိတယ် မလား"

သူမ ပြောလိုက်မှ လင်းယွမ် ခေါင်းကို ပုတ်လိုက်မိသည်။ "အဲ့တာကို မေ့နေတာ"

ထို့နောက် ပြောလိုက်သည်။

"အဝတ်ဝတ်ပြီးရင် အပြင်ထွက်ပြီး မနက်စာစားလိုက်ဦး... ကျွန်တော် ချန်ထားတယ်"

ပြောပြီးသည်နှင့် ရန်မေ အဖြေကိုပင် မစောင့်တော့ဘဲ ဧည့်ခန်းထဲ အပြေးထွက်သွားကာ ပစ္စည်းသိုလှောင်ခန်းထဲမှ မြေပုံကို ထုတ်လိုက်သည်။

စက္ကူမြေပုံပေါ်တွင် မူလ လင်ကျန်းမြို့၏ မြေပုံပါရှိသည်။

လင်ကျန်းမြို့ရှိ လမ်းမကြီးများ၊ မြစ်ချောင်းများ၊ မြေမျက်နှာသွင်ပြင်များကို ရေးဆွဲထားသည်။

လင်းယွမ်က ဟန်လုံစင်တာ တည်နေရာကို အမြန်ရှာဖွေပြီး ပတ်ဝန်းကျင်တွင် မြင့်မားသော တောင်များ ရှိမရှိ လေ့လာကြည့်လိုက်သည်။

မကြာမီ ကျောက်ခိုင်၊ တင်းယန်၊ ရန်ဆန်းမင်၊ ဦးလေးမာ၊ ချိုင်ကြည်တို့ အသီးသီး ရောက်လာကြသည်။

လင်းယွမ် မော့ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

"ကျောက်ခိုင်... ကိစ္စကို အားလုံးသိအောင် ပြောပြလိုက်ပါဦး"

ကျောက်ခိုင်က ပြောသည်။

"လမ်းမှာ ကျွန်တော် ပြောပြပြီးပါပြီ"

တင်းယန်က လင်းယွမ်ဘေးနား လျှောက်လာပြီး မြေပုံကို ကြည့်ကာ မေးလိုက်သည်။

"တွေ့လား"

လင်းယွမ် ခေါင်းခါပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။

"မတွေ့ဘူး"

"တောင်ကုန်းမဟုတ်ဘဲ မြေကုန်းမို့မို့လေး ဖြစ်နေတာရော မဖြစ်နိုင်ဘူးလား" တင်းယန်က ခန့်မှန်းကြည့်သည်။

မာကောချိုင်က မနေနိုင်ဘဲ ဝင်ပြောသည်။

"လင်းယွမ် မရှာနဲ့တော့... ဦးလေး ဒီမှာနေတာ နှစ်ချီနေပြီ... ဒီနားတဝိုက်မှာ တောင်ကုန်းဆိုလို့ အရိပ်အယောင်တောင် မမြင်ဖူးဘူး... တဖက်တိုက်က လူတွေက ငါတို့ ဂရုစိုက်လာအောင်၊ သူတို့ဆီ သွားမိအောင် တမင် လိမ်ပြောတာ မဖြစ်နိုင်ဘူးလား"

မာကောချိုင် ပြောပြီးနောက် ရန်ဆန်းမင်ကလည်း ထောက်ခံလိုက်သည်။

"ဦးလေးမာ ပြောတာ ဖြစ်နိုင်တယ်... လင်းယွမ်... အဲဒီလူတွေက ဟန်လုံစင်တာနဲ့ နည်းနည်းလှမ်းတယ်... ဒီဘက်ကူးလာဖို့ မလွယ်ဘူး"

"သူတို့က ဒီလိုနည်းနဲ့ ငါတို့ကို မျှားခေါ်ပြီး သစ်ဖောင်တွေကို လုချင်ကြတာ ဖြစ်မယ်"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ သူလည်း ဒီလိုဖြစ်နိုင်ချေကို စဉ်းစားမိသည်။

"ဒါပေမဲ့ ငါတို့က သူတို့ကို ဂရုမစိုက်ဘဲ သစ်ဖောင်နဲ့ တန်းထွက်သွားရင်... ဒီကောင်တွေက ဝမ်ဝေတုန်းတို့အဖွဲ့လိုမျိုး လူသတ် အလောင်းပစ်ချပြီး ရေထဲက သတ္တဝါတွေကို မျှားခေါ်လာရင် ဘယ်လိုလုပ်မလဲ" ဆုန့်ဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။

သူမစကားကြောင့် အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

တင်းယန် မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။

"ရှုပ်ပါတယ်... တန်းသာ ဝင်တိုက်ပြီး ဖမ်းလိုက်ရင် ပြီးတာပဲ... ပြဿနာ ရှင်းသွားရော"

လင်းယွမ် ထိုင်ရာမှထပြီး ပြတင်းပေါက်နား လျှောက်သွားကာ အပြင်ဘက်ကို ခေတ္တမျှ ကြည့်လိုက်သည်။

ရုတ်တရက် သူ ပြုံးလိုက်ပြီး ပြောသည်။

"အဲဒီလောက် မရှုပ်ပါဘူးကွ... ငါတို့ ဘယ်အချိန်သွားမလဲ... ဘယ်နားက သွားမလဲဆိုတာ သူတို့မှ မသိတာ"

"ဒီလူတွေရဲ့ ပရိယာယ်ကို ဂရုစိုက်စရာ မလိုဘူး... ငါတို့ အစီအစဉ်အတိုင်းပဲ လုပ်မယ်... အားလုံး အနားယူပြီးတာနဲ့ ဒီအဆောက်အအုံကနေ ထွက်ဖို့ ပြင်ကြမယ်"

"အချိန်ကျရင် ကြိုက်တဲ့အချိန် ရွေးထွက်ပြီး အဆောက်အအုံ မြောက်ဘက်ကနေ သွားမယ်... သူတို့ မြင်ရမှာ မဟုတ်ဘူး"

"သူတို့ မြင်တဲ့အချိန်ကျရင် ငါတို့က အဝေးကြီး ရောက်နေလောက်ပြီ... သူတို့က ချင်ကျင်းလိုမျိုး လူသတ်ပြီး သတ္တဝါတွေကို မျှားခေါ်ချင်ရင်တောင် အချိန်မီမှာ မဟုတ်တော့ဘူး"

သူ့စကားကြောင့် အားလုံး သဘောပေါက်သွားကြသည်။

ရန်ဆန်းမင်က ပြုံးလိုက်ပြီး ပြောသည်။

"ငါတို့က အတွေးလွန်နေကြတာပဲ... ဟုတ်တယ်... ဘယ်အချိန်သွားမလဲ၊ ဘယ်ကသွားမလဲ ဆိုတာ ငါတို့ ဆုံးဖြတ်ချက်ပဲလေ... သူတို့ ဘယ်လိုလုပ် ခန့်မှန်းနိုင်မှာလဲ"

ဦးလေးမာကလည်း ရယ်မောကာ ပြောသည်။

"ဒါကြောင့် သူတို့က ကျွန်းကိစ္စ လိမ်ပြောပြီး ငါတို့ကို မျှားခေါ်တာပေါ့... ငါတို့ ဂရုမစိုက်ဘဲ ထွက်သွားမှာ စိုးလို့လေ"

အားလုံး ဒီအချက်ကို သဘောပေါက်သွားကြသဖြင့် ရယ်မောလိုက်ကြပြီး စိတ်လက်ပေါ့ပါးသွားကြသည်။

ကျောက်ခိုင်က ပြောသည်။

"ဒီနေ့ အားလုံးရဲ့ အခြေအနေကို ကြည့်ရတာ အတော်လေး ပြန်ကောင်းနေကြပြီ"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ... ဒါဆို အချိန်မဖြုန်းတော့ဘူး... နေ့လယ်ကျရင် မြောက်ဘက်ကနေ စထွက်ကြမယ်... အားလုံး သိမ်းစရာရှိတာသိမ်းခိုင်းထားလိုက်"

"ဟုတ်ကဲ့... အခုပဲ သွားပြောလိုက်ပါ့မယ်"

အားလုံး လူစုခွဲပြီး အသီးသီး သက်ဆိုင်ရာ အဖွဲ့ဝင်များကို အသိပေးရန် ထွက်ခွာသွားကြသည်။

လင်းယွမ်ကတော့ မြေပုံကို တချက် ပြန်ငုံ့ကြည့်လိုက်သည်။ ဒီနားတဝိုက်မှာ တောင်ကုန်းဆိုလို့ ဘာမှမရှိ။

"ကြည့်ရတာ ငါတို့ကို မျှားခေါ်ဖို့ တကယ်ပဲ လုပ်ဇာတ်ခင်းထားတာ ဖြစ်မယ်"

လင်းယွမ် ခေါင်းခါလိုက်ပြီး မြေပုံပေါ်တွင် တောင်ကုန်း ရှာနေခြင်းကို ရပ်လိုက်တော့သည်။

ဒီမြေပုံက လင်ကျန်းမြို့ရဲ့ အသေးစိတ်မြေပုံ ဖြစ်သည်။ လမ်းသွယ်လမ်းကြားပါမကျန် ပါဝင်သည်။ တကယ်လို့ အနီးအနားမှာ တောင်ရှိရင် သေချာပေါက် ပါရမည်။

အခု ရှာမတွေ့ဘူးဆိုတော့ မရှိလို့ပဲ နေမှာပေါ့။

သူ မြေပုံကို သိမ်းလိုက်ပြီး စဉ်းစားရင်း ဖုန်းကို ဖွင့်လိုက်သည်။

သူ့ဖုန်းထဲတွင် အင်တာနက်မလိုသည့် မြေပုံ ဒေါင်းလုပ်ဆွဲထားပြီးသား ဖြစ်သည်။

အင်တာနက် မရှိရင်တောင် မြေမျက်နှာသွင်ပြင်ကို ကြည့်ရှုနိုင်သည်။

ထပ်မံ လေ့လာကြည့်သော်လည်း အနီးအနားတွင် တောင်ကုန်းမရှိသည်ကို သေချာသွားသဖြင့် သူ ဖုန်းကို သိမ်းလိုက်ပြီး လက်လျှော့လိုက်တော့သည်။

လုံမင်းဥယျာဉ်၊ တိုက်အမှတ် ၄၊ အခန်း ၃၂၀၁။

လူတစ်စု စုဝေးနေကြသည်။ ဧရာမ မှန်ပြတင်းပေါက်ကြီး ရှေ့တွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက မှန်ပြောင်းကို ကိုင်ကာ ကိုက်ရာပေါင်းများစွာ အကွာရှိ ဟန်လုံစင်တာကို လှမ်းကြည့်နေသည်။

သူ့အနောက်တွင် ကျိုးယဲ့က တိုင်တစ်တိုင်ဘေးတွင် ရပ်နေရပြီး ကိုယ်ပေါ်တွင် ကြိုးများဖြင့် တုပ်နှောင်ခံထားရသည်။

သူ့ဘေးနားတွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်နေပြီး ဆိုဖာပေါ်တွင် ထိုင်နေသော လူငယ်တစ်ဦးကို မကြာခဏ လှမ်းကြည့်နေသည်။

ထိုလူငယ်မှာ အသက် သိပ်မကြီးသေး၊ သုံးဆယ်ပင် မပြည့်လောက်သေးပေ။ အပြာရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီတို သုံးပုံတစ်ပုံခန့်ကို ဝတ်ဆင်ထားပြီး မျက်နှာထား တည်ငြိမ်နေသည်။

မှန်ပြောင်းကိုင်ထားသည့် သက်လတ်ပိုင်း အမျိုးသားက လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အစ်ကိုဟွာ... ဒီလောက်ကြာနေပြီ တဖက်က ဘာသံမှလည်း မကြားရဘူး... ငါတို့ ပြောတာ မကြားရလို့များလား"

သူ့အသက်က ထိုလူငယ်ထက် အများကြီး ကြီးသော်လည်း တဖက်လူကို 'အစ်ကိုဟွာ' ဟု ခေါ်နေပြီး မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။

လီချင်းဟွာက မျက်နှာထား တည်ငြိမ်စွာဖြင့် ထိုသို့ခေါ်ဝေါ်ခြင်းကို ကျင့်သားရနေပုံရသည်။

"ဆက်ပြီး စောင့်ကြည့်နေ... ကွမ်မေကျွမ်း... စကားပြောစက်ကို ဖွင့်ပြီး ခုနက စကားတွေ ပြန်ပြော... မင်းတို့ကောင်တွေ သူ့ကို ဝိုင်းကူပေးလိုက်"

အခန်းထဲရှိ လူများက ကွမ်မေကျွမ်း ဆိုသော အမျိုးသမီးကို ဝိုင်းဝန်း ကူညီပေးကြသည်။

ကွမ်မေကျွမ်းက စကားပြောစက် ခလုတ်ကို နှိပ်ပြီး ထပ်မံ အော်ဟစ်လိုက်သည်။

"ကျေးဇူးပြုပြီး ကိုကျိုးကို လွှတ်ပေးကြပါ"

ဆက်ရန်...

အပိုင်း (၁၈၀) ဟင်းလင်းပြင်အစွမ်းပိုင်ရှင်

လီချင်းဟွာက မတ်တတ်ထရပ်လိုက်ကာ ဟိုဘက်ဒီဘက် အခြေအနေများကို ဂရုမစိုက်တော့ဘဲ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

"မှန်ပြောင်း ပေးစမ်း"

ကျိုးချင်းမင်က လီချင်းဟွာထံသို့ မှန်ပြောင်း ကမ်းပေးလိုက်သည်။

လီချင်းဟွာက မှန်ပြောင်းကို လှမ်းယူပြီး ဟန်လုံစင်တာ တစ်ဝိုက်ကို သေချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါတို့ရဲ့ ဒီနေရာက မြင်ကွင်းထောင့်ကျဉ်းတယ်... တကယ်လို့ သူတို့သာ ငါတို့ထောင်ချောက်ထဲ ဝင်မလာဘူးဆိုရင် သေချာပေါက် မြောက်ဘက်ကနေ ထွက်သွားကြလိမ့်မယ်"

"အစ်ကိုကျိုး... ဖောင်လုပ်တာ ဘယ်လိုအခြေအနေရှိလဲ"

"အားလုံး အဆင်သင့် ဖြစ်နေပါပြီ"

"ကောင်းပြီ... အစွမ်းနိုးထားတဲ့သူတွေ အကုန်လုံးကို ပြင်ဆင်ခိုင်းထားလိုက်... လမ်းမကြီးကို အတင်းဖြတ်ကျော်ပြီး ဟန်လုံစင်တာဆီ သွားကြမယ်"

"အခုချက်ချင်းလား"

ကျိုးချင်းမင်မှာ အလွန်အံ့အားသင့်သွားပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။

လီချင်းဟွာ၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်သွားသည်။

"မြက်ကိုရိုက်ပြီး မြွေကို ခြောက်လှန့်လိုက်တဲ့ ရည်ရွယ်ချက်က အထမြောက်သွားပြီလေ... ငါသာ သူတို့နေရာမှာဆိုရင်လည်း အခုချက်ချင်း ထွက်သွားမှာပဲ"

"ငါတို့က သူတို့ကို မကောင်းကြံနေမှန်း သူတို့ရိပ်မိသွားပြီ... ဆိုတော့ ငါတို့ရှိတဲ့ဘက်ကနေ သေချာပေါက် ထွက်လာမှာ မဟုတ်ဘူး... သူတို့ မြောက်ဘက်ကို ဦးတည်ပြီး ထွက်ခွာကြလိမ့်မယ်... ဒါဆိုရင် ဟိုကျွန်းကို သေချာပေါက် ဖြတ်သွားရမှာပဲ"

ဤနေရာအရောက်တွင် သူက အပြုံးတစ်ခုဖြင့် ဆက်ပြောလိုက်သည်။

"ဒီလူတစ်စုက လမ်းပြပေးမယ့်သူတွေ ဖြစ်လာမှာပဲ... ရုတ်တရက် ပေါ်လာတဲ့ အဲဒီကျွန်းက ဘာလဲဆိုတာ ငါ သေချာပေါက် သွားကြည့်ရမယ်"

"သိပြီ... ကျွန်တော် အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ကျိုးချင်းမင်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး လက်အောက်ငယ်သားများကို စီစဉ်ရန် ထွက်ခွာသွားတော့သည်။

လီချင်းဟွာက ခေါင်းကို ငဲ့လိုက်ပြီး ကျိုးယဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"စဉ်းစားလို့ ပြီးပြီလား... ငါနဲ့လိုက်မယ်ဆိုရင် မင်းရဲ့ ဇနီးနဲ့ သမီးကို ပြန်ရှာတွေ့ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်"

"အဲလိုမှ မဟုတ်ရင် မင်းရဲ့ အမြင်အာရုံလွန်ကဲတဲ့ အစွမ်းက သာမန်လူတွေထက် အမြင်အာရုံ ပိုကောင်းရုံလောက်ပဲ ရှိတာ... ဘာ အသုံးဝင်မှာလဲ"

ကျိုးယဲ့၏ မျက်နှာထားမှာ ဝေခွဲမရ ဖြစ်နေသည်။ ဘေးနားရှိ အမျိုးသမီးကလည်း ဝင်ရောက် ဖျောင်းဖျလေသည်။

"အစ်ကိုကျိုးရယ်... ကျွန်မတို့က မျက်နှာချင်းဆိုင် အိမ်နီးနားချင်းတွေပဲဟာ... အခုလို ရေကြီးနေတဲ့အချိန်ကြီးမှာ အပြင်ထွက်ဖို့တောင် ခက်ခဲနေတာ... ရှင့်ဇနီးနဲ့ ကလေးကို နယ်ပြန်ဆင်းပြီး သွားရှာချင်တယ်ဆိုတာက မျှော်လင့်ချက် သိပ်နည်းလွန်းတယ်"

"အခုလောလောဆယ် အရေးအကြီးဆုံးက အသက်ရှင်ဖို့ပဲလေ"

"အစ်ကိုဟွာမှာ ဟင်းလင်းပြင်အစွမ်း ရှိတယ်... သူ့အစွမ်းက အစားအစာတွေကို လတ်ဆတ်အောင် ထိန်းသိမ်းထားနိုင်တယ်... သူ့နောက်လိုက်မှ ကျွန်မတို့ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိမှာ"

ကျိုးယဲ့မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ သံသယဖြင့် မော့ကြည့်လိုက်မိသည်။

"ဟင်းလင်းပြင်အစွမ်း... ခင်ဗျားက ဟင်းလင်းပြင် အစွမ်းပိုင်ရှင်လား"

လီချင်းဟွာက ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲတွင် ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး ပူပေါင်းသဖွယ် ဟင်းလင်းပြင် အိတ်ကပ်တစ်ခု ဖောင်းကားထွက်လာလေသည်။

သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"ဒါက ဟင်းလင်းပြင်ပဲ... ငါဖန်တီးထားတဲ့ ဟင်းလင်းပြင်ထဲမှာ ရှိသမျှ အရာဝတ္ထုတိုင်းကို ငါ စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်"

သူက ပေါင်မုန့်တစ်လုံးကို ထုတ်ယူလိုက်ပြီး ထိုဟင်းလင်းပြင် ပူပေါင်းထဲသို့ ပစ်ထည့်လိုက်သည်။

"အရာဝတ္ထုတွေ ပုပ်သိုးပျက်စီးသွားတယ် ဆိုတာက လေထုထဲမှာရှိတဲ့ အဏုဇီဝပိုးမွှားတွေကြောင့်ပဲ... အဲဒီပိုးမွှားတွေက အစားအသောက်တွေထဲမှာ ပေါက်ပွားရှင်သန်ပြီး နောက်ဆုံးမှာ အစားအစာတွေကို ပုပ်သိုးသွားစေတာလေ"

"ဒါပေမဲ့ ငါဖန်တီးထားတဲ့ လေပူပေါင်းအိတ်ထဲမှာ ဘာပိုးမွှားမှ မရှိစေရဘူး... ဒီထဲမှာဆိုရင် အစားအသောက်တွေကို ရက်လွန်မသွားစေဘဲ အကောင်းအတိုင်း သိမ်းဆည်းထားနိုင်တယ်"

"ဘယ်လိုလဲ... မေးစရာ ရှိသေးလား"

ကျိုးယဲ့ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဒီလိုအစွမ်းမျိုးက ဝမ်ဝေတုန်းရဲ့ အရိပ် အစွမ်းထက် အဆပေါင်းများစွာ ပိုပြီး လက်တွေ့အသုံးဝင်လှသည်။

သူ ဝမ်ဝေတုန်းနောက် လိုက်ခဲ့စဉ်က ဝမ်ဝေတုန်း သိမ်းဆည်းထားသော အစားအသောက်များ တစ်သုတ်ပြီးတစ်သုတ် ပုပ်သိုးကုန်သည်ကို ကိုယ်တွေ့ မျက်မြင်ကြုံခဲ့ရဖူးသည်။

အထူးသဖြင့် သစ်သီးဝလံများဆိုလျှင် စောစီးစွာပင် ပုပ်သိုးကုန်ကြသည်။ နောက်ပိုင်းတွင် ဆန်၊ ဂျုံမှုန့်၊ ပေါင်မုန့်နှင့် ကိတ်မုန့်များ အားလုံး အကောင်းတိုင်း မခံကြတော့ပေ။

နောက်ဆုံးတွင် လေလုံအောင် ထုပ်ပိုးထားသည့် မုန့်များနှင့် ခေါက်ဆွဲခြောက်များလောက်သာ ကျန်ရှိတော့သည်။

ကျိုးယဲ့က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ မလိုက်လို့လည်း ဘယ်ဖြစ်ပါ့မလဲ။

သူ့ရှေ့မှ အစ်ကိုဟွာ ဆိုသူက အစွမ်းချင်း ယှဉ်လျှင်ပဲဖြစ်ဖြစ်၊ ဦးနှောက်ဉာဏ်ရည်ချင်း ယှဉ်လျှင်ပဲဖြစ်ဖြစ် ဝမ်ဝေတုန်းတို့ လူစုထက် အများကြီး သာလွန်လွန်းလှသည်။

သူက ချက်ချင်းပင် ပါးစပ်ဟကာ ပြောလိုက်သည်။

"ဟုတ်ပြီ... ကျွန်တော် ခင်ဗျားတို့နဲ့ ပူးပေါင်းပါ့မယ်"

လီချင်းဟွာက သဘောကျစွာ ရယ်မောလိုက်သည်။

"ကောင်းတယ်... ဒါဆိုရင် ငါ့ကို ပြောပြစမ်း... ဟိုလူစုက ဘယ်လိုလူတွေလဲ... ဘာအစွမ်းတွေ ရှိကြလဲ... ပြီးတော့ ဝမ်ဝေတုန်းလက်ထဲမှာ ပစ္စည်းတွေ ဘယ်လောက် ကျန်သေးလဲ"

ကျိုးယဲ့ ကိုယ်ပေါ်မှ ကြိုးများကို လူတစ်ယောက်က လာဖြည်ပေးလိုက်သည်။

သူက လေးနက်သော မျက်နှာထားဖြင့် ပြောပြလေသည်။

"ပစ္စည်းတွေနဲ့ ပတ်သက်ရင် ဝမ်ဝေတုန်းက တော်တော် လျှို့ဝှက်ထားတာ... ကျွန်တော်တို့လို အစွမ်းပိုင်ရှင်တွေတောင် မသိရဘူး"

"ဒါပေမဲ့ ကျွန်တော့် ခန့်မှန်းချက်အရဆိုရင် သူ့လက်ထဲမှာ ပစ္စည်းတွေ အများကြီး ရှိလောက်တယ်"

"ဟန်လုံစင်တာမှာတုန်းက သူက လုံခြုံရေးအဖွဲ့ကိုပဲ ရိက္ခာတစ်ချို့ ပေးတာ... ကျန်တဲ့လူတွေက မရကြဘူး... သူ့အစား အပြင်ထွက်ပြီး အသုံးဝင်တဲ့ ပစ္စည်းတွေ ရှာပေးမှ မုန့်ပဲသရေစာတို့ ခေါက်ဆွဲခြောက်တို့ နည်းနည်းရကြတာ"

"ဒါပေမဲ့ ဟန်လုံစင်တာအောက်က စူပါမားကတ်မှာ မုန့်တွေ အများကြီးရှိတယ်... ဒီခြောက်လအတွင်း သူ ခွဲဝေပေးလိုက်တာ သိပ်မများဘူး... ကျွန်တော့်အထင် အနည်းဆုံး တစ်ဝက်ကျော်လောက် ကျန်ဦးမယ်"

"အဲဒီထဲက တစ်စိတ်တစ်ပိုင်းက သူ့ညီ ဝမ်ဝေကျွင်း လက်ထဲမှာရှိတယ်... ကျွန်တော်တို့လို လူတွေကတော့ စားစရာ နည်းနည်းလေးပဲ ရတာ"

လီချင်းဟွာက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"ငါ တွက်ထားတဲ့အတိုင်းပဲ... ကြည့်ရတာ ဟန်လုံစင်တာက ပစ္စည်းတွေအကုန်လုံး မင်းပြောတဲ့ လင်းယွမ်ဆိုတဲ့လူ လက်ထဲ ရောက်သွားလောက်ပြီ"

"အဲဒီ လင်းယွမ်တို့လူစု အကြောင်း ပြောပြစမ်း"

ကျိုးယဲ့က ပြန်စဉ်းစားလိုက်ပြီး တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။

"အဲဒီလူစုက လူအင်အား မနည်းဘူး... အပေါ်တက်လာတာ စုစုပေါင်း ငါးယောက်ရှိတယ်... လင်းယွမ်ဆိုတဲ့လူက စိတ်စွမ်းအင်နဲ့ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ အဆင့်မြင့်သမား ဖြစ်လောက်တယ်... ပြီးတော့ သူ့ရဲ့ ခွန်အားကလည်း သာမန်ထက် ထူးခြားတယ်"

ဘေးနားမှ အမျိုးသမီးက အံ့သြစွာ မေးလိုက်သည်။

"ဘာသဘောလဲ... စိတ်စွမ်းအင် တိုက်ခိုက်မှု ကျွမ်းကျင်တာနဲ့ ခွန်အားကြီးတာ ဘာဆိုင်လို့လဲ"

ကျိုးယဲ့က ခေါင်းခါလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် မြင်လိုက်ရသလောက်ဆိုရင် သူ့ရဲ့ ခွန်အားက ခွန်အားအစွမ်းပိုင်ရှင်တွေထက် မလျော့ဘူး"

အမျိုးသမီးမှာ မယုံနိုင် ဖြစ်သွားသည်။

"သူက အစွမ်းနှစ်မျိုး ရထားတာများလား"

လီချင်းဟွာက စဉ်းစားဟန် ပြုလိုက်ပြီး ပြောလေသည်။

"သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲတဲ့ လမ်းစဉ်က စနေပြီပဲ... ဘယ်လို ဆင့်ကဲပြောင်းလဲမှုမျိုးမဆို ဖြစ်လာနိုင်တယ်... လူတစ်ယောက်က အစွမ်းနှစ်မျိုး နိုးလာတယ် ဆိုတာလည်း မဖြစ်နိုင်စရာ မရှိပါဘူး"

"ကြည့်ရတာ ငါတို့ ဒီ လင်းယွမ် ဆိုတဲ့ကောင်ကို အထူးဂရုစိုက် စောင့်ကြည့်ရတော့မယ်... သူနဲ့ပတ်သက်ပြီး တခြား ဘာထူးခြားတာ ရှိသေးလဲ"

ကျိုးယဲ့က စဉ်းစားပြီး ပြန်ပြောပြသည်။

"သူက အရမ်း သတိကြီးတယ်... ချင်ကျင်းက သူတို့ကို ဘယ်လို လှည့်စားပြီး ခေါ်လာလဲတော့ ကျွန်တော် မသိဘူး... သူတို့နဲ့ ပူးပေါင်းပြီး ဟန်လုံစင်တာကို တက်လာကြတာ ဝမ်ဝေတုန်းကို သတ်ဖို့လေ"

"ဒါပေမဲ့ ကျွန်တော် ကြည့်ရသလောက်တော့ ချင်ကျင်းက သူတို့ကို လိမ်ခေါ်လာတာ... လင်းယွမ်ကလည်း ချင်ကျင်းကို မယုံဘူး"

"ကျွန်တော် ထွက်လာတုန်းကဆိုရင် ချင်ကျင်းကို သူသတ်လိုက်လောက်ပြီ"

လီချင်းဟွာက မျက်လုံးကို မှေးစင်းလိုက်ပြီး မေးလိုက်သည်။

"အဲဒီ ချင်ကျင်းဆိုတာက အရမ်း လှသလား"

"အရမ်းလှတယ်"

"တော်တော်စွမ်းတဲ့ အစွမ်းပိုင်ရှင်လား"

"အင်း... တော်တော် စွမ်းတယ်လို့ ပြောလို့ရတယ်... သူ့ရဲ့ ဒေါသမီးကွင်း အစွမ်းက ဝမ်ဝေတုန်းဆီက လူတွေထဲမှာ ဝမ်ဝေတုန်းကလွဲရင် ဘယ်သူမှ ယှဉ်နိုင်မယ့်သူ မရှိဘူး"

လီချင်းဟွာ၏ မျက်နှာပေါ်တွင် အံ့သြရိပ် အနည်းငယ် ယှက်သန်းသွားသည်။

"မိန်းမလှလေး တစ်ယောက်... အဲဒီအပြင် တိုက်ခိုက်နိုင်စွမ်းမြင့်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက်ကို... ဒီကောင်က နှမြောတသ မဖြစ်ဘဲ တန်းပြီး သတ်ပစ်လိုက်တယ်ပေါ့"

ကျိုးယဲ့က ခေါင်းညိတ်ပြသည်။

"သူက လက်နက်ချဖို့လည်း မပြောဘူး... ကျွန်တော်က ဝမ်ဝေတုန်းတို့နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလို့ ပြောတာတောင် သူက ဂရုမစိုက်ဘူး"

"စိတ်ဓာတ် ပြတ်သားပြီး ရက်စက်တယ်... သတိကြီးပြီး သံသယ များတယ်"

လီချင်းဟွာက သုံးသပ်ချက် ချလိုက်ပြီး စိတ်ထဲတွင် ပို၍ သတိထားသွားသည်။

ဒီလိုလူမျိုးက ကိုင်တွယ်ရ အခက်ဆုံးပင်။ အထူးသဖြင့် တစ်ဖက်လူက စိတ်စွမ်းအင် တိုက်ခိုက်မှုကိုပါ ကျွမ်းကျင်နေသေးသည်။

သူ့ရဲ့ ဟင်းလင်းပြင်အစွမ်းက စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်နိုင်သည် ဆိုသော်လည်း တဖက်လူက မထင်မှတ်ဘဲ ခိုးတိုက်လျှင် သူတုံ့ပြန်ချိန် ရလိုက်မည် မဟုတ်ချေ။

အဓိကအချက်မှာ ဒီလိုလူမျိုးက ဒီလောက် သတိကြီးနေမှတော့ ကိုယ်က ပြန်ပြီး ခိုးတိုက်ဖို့ ကြံလျှင်လည်း အတော်လေး ခက်ခဲလိမ့်မည်။

ထိုအတွေးများက သူ့စိတ်ထဲတွင် တဒင်္ဂအတွင်း ဖြတ်သန်းသွားသည်။

သူက ခေါင်းစဉ်လွှဲပြီး မေးလိုက်သည်။

"သူ့အဖွဲ့ထဲက တခြားလူတွေကရော"

ကျိုးယဲ့က ဖြေသည်။

"အမျိုးသမီးတစ်ယောက် ရှိသေးတယ်... သူက ခွန်အား အစွမ်းပိုင်ရှင် ဟုတ်မဟုတ်တော့ ကျွန်တော် သေချာ မခွဲခြားတတ်ဘူး... ဒါပေမဲ့ သူ တိုက်ခိုက်လိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်ဖျော့ဖျော့ လွှမ်းခြုံသွားပြီး လက်သီးချက်တွေက ပေါက်ကွဲအား ပြင်းထန်သွားတယ်"

"ခွန်အား အစွမ်းပိုင်ရှင်တွေတောင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲလောက်တယ်"

"နောက်ထပ် အမျိုးသမီးတစ်ယောက် ရှိသေးတယ်... သူတိုက်ခိုက်တာကိုတော့ သိပ်မတွေ့လိုက်ရဘူး... ဒါပေမဲ့ သူ့အနားကပ်သွားတဲ့ လူတွေက ထူးထူးဆန်းဆန်း ခေါင်းတွေမူးပြီး လမ်းပျောက်ကုန်ကြတယ်"

"ကျွန်တော့်ထင်မြင်ချက်အရ အဲဒီအမျိုးသမီးက စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်လောက်တယ်... တိတိကျကျ ပြောရရင် လူကို လမ်းကြောင်းတွေ ဝေဝါးသွားအောင် လုပ်နိုင်တဲ့ အစွမ်းမျိုးပေါ့"

"ပြီးတော့ ခန္ဓာကိုယ် ကျောက်ဖြစ်သွားတဲ့ လူတစ်ယောက် ရှိသေးတယ်... ခံစစ်စွမ်းအား အရမ်းကောင်းတယ်... ဓားတွေ လှံတွေနဲ့ ထိုးခုတ်လို့ မရဘူး"

"နောက်ဆုံး ကျန်တဲ့ တစ်ယောက်ကတော့ တိုက်ခိုက်တာ မတွေ့ရဘူး... တစ်ချိန်လုံး ဘေးနားမှာပဲ ပုန်းနေတာ... ဘာအစွမ်းရှိလဲ ဆိုတာ မသိရဘူး"

"နောက်ပြီး သူတို့ လူအုပ်စုလိုက်ကြီး လာကြတာ... လူ ၈၀ ၊ ၉၀ လောက် ရှိမယ်... အောက်ထပ်မှာ ကျန်ခဲ့တဲ့လူတွေလည်း မနည်းဘူး... အဲဒီထဲမှာ တခြား အစွမ်းပိုင်ရှင်တွေ ပါမပါတော့ မသိရဘူး"

ကျိုးယဲ့က သူသိထားသမျှ သဲလွန်စအားလုံးကို ပြောပြလိုက်သည်။

လီချင်းဟွာက နားထောင်ပြီးနောက် မျက်မှောင်များ ပို၍ ကြုတ်သွားရသည်။

"လူ ၈၀ ၊ ၉၀ လောက်တောင်လား"

ဘေးနားမှ အမျိုးသမီးက မနေနိုင်ဘဲ ဝင်ပြောလေသည်။

"ဘယ်လိုလုပ် လူအများကြီး ဖြစ်နိုင်မှာလဲ... အကုန်လုံးက အစွမ်းပိုင်ရှင်တွေတော့ မဟုတ်လောက်ပါဘူးနော်"

ကျိုးယဲ့က ခေါင်းခါလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... အောက်ဆင်းမကြည့်ရဲဘူး... သူတို့ပြောစကားတွေကို နားထောင်ပြီး ခန့်မှန်းကြည့်တာ"

အမျိုးသမီးက လီချင်းဟွာကို လှမ်းကြည့်လိုက်သည်။

"အစ်ကိုဟွာ"

လီချင်းဟွာက ပြောလိုက်သည်။

"လူတွေအကုန်လုံးကို ခေါ်ပြီး အသက်ရှင်အောင် လုပ်ပေးချင်နေတဲ့ သူတော်ကောင်း ပုံစံမျိုးပေါ့လေ... ဟားဟား... ကလေးဆန်တဲ့ကောင်ပဲ"

ထို့နောက် သူက ပြုံးလိုက်ပြီး...

"ဒါပေမဲ့ ဒီလိုလူမျိုးကိုကျတော့ အဲဒီအချက်ကို အသုံးချပြီး ပြန်တိုက်ခိုက်လို့ ရတာပေါ့"

အမျိုးသမီး မျက်လုံးများ အရောင်တောက်သွားသည်။

"သူတော်ကောင်းအဖေကြီး ပေါ့လေ... ဒါဆိုရင်တော့ ကိုင်တွယ်ရ လွယ်သွားပြီ... ဒီလိုလူမျိုးတွေကို အကွက်ဆင်ရတာ သိပ်လွယ်တာ"

ကျိုးယဲ့က ပါးစပ်ဟလိုက်ပြီး ပြောသည်။

"အဲဒီလူ ပုံစံကြည့်ရတာတော့ သူတော်ကောင်းပုံ မပေါက်ဘူး"

လီချင်းဟွာက ခေါင်းခါလိုက်သည်။

"ဟုတ်မဟုတ် ဆိုတာ အဲဒီအချိန်ကျ စမ်းကြည့်လိုက်ရင် သိရမှာပဲ"

သူတို့ စကားပြောနေစဉ်မှာပင် ကျိုးချင်းမင် ပြန်ရောက်လာသည်။

"အစ်ကိုဟွာ... သစ်သားဖောင် ပြင်ဆင်ပြီးပါပြီ"

လီချင်းဟွာက ခေါင်းညိတ်လိုက်သည်။

"ဒီတစ်ခေါက်ခရီးစဉ်ကို ငါရယ်၊ မင်းရယ်၊ ကျိုးယဲ့ရယ် သွားကြမယ်... ညီမဝမ်... နင်က ဒီမှာနေခဲ့ပြီး အခြေအနေကို ထိန်းထားပေး"

အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"အစ်ကိုဟွာ... ဂရုစိုက်ကြနော်"

လီချင်းဟွာက ပြုံးလိုက်သည်။

"စိတ်ချပါ... ငါ့စိတ်ထဲမှာ အစီအစဉ် ရှိပြီးသားပါ... အစ်ကိုကျိုး ပါလာမှတော့ ဘာမှမဖြစ်ပါဘူး"

"မင်းသာ ဂရုစိုက်နေခဲ့... ငါမရှိတာကို အောက်ကလူတွေ မရိပ်မိစေနဲ့"

ညီမဝမ်က ပြုံးလိုက်သည်။

"ကျွန်မရဲ့ အစွမ်းကို အစ်ကို မသိတာကျနေတာပဲ... ဘာမှ လုပ်စရာမလိုဘူး... အစ်ကို့မျက်နှာနဲ့ ထိုင်နေလိုက်ရင် ဘယ်သူမှ မရှုပ်ရဲဘူး"

စကားပြောနေရင်း သူမက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ မျက်နှာပုံစံမှာ လျင်မြန်စွာ ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လီချင်းဟွာ၏ ရုပ်သွင်အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မျက်နှာ ပြောင်းလဲသွားရုံသာမက အရပ်အမောင်းပါ ပြောင်းလဲသွားခြင်း ဖြစ်သည်!

လီချင်းဟွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ပြီ... ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့... အစ်ကိုကျိုး၊ ကျိုးယဲ့... ငါနဲ့ လိုက်ခဲ့ကြ"

ပြောပြီးသည်နှင့် သူတို့သုံးဦးသည် နောက်လိုက်အချို့ကို ခေါ်ဆောင်ကာ အောက်ထပ်သို့ လျင်မြန်စွာ ဆင်းသွားကြသည်။

အောက်ထပ်သို့ ရောက်သောအခါ ပလပ်စတစ်ပြားများ၊ သစ်တုံးများ၊ သံပိုက်လုံးများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ရိုးရှင်းသည့် သစ်သားဖောင် တစ်စင်းက ရေပြင်ပေါ်တွင် အဆင်သင့် ရှိနေသည်။

လီချင်းဟွာက ကိုယ်ကို လှမ်းခုန်လိုက်ပြီး ဖောင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

ကျိုးချင်းမင်နှင့် ကျိုးယဲ့တို့ နှစ်ဦးလည်း ချက်ချင်း လိုက်ပါတက်ရောက်လာကြသည်။

ထို့နောက် နောက်လိုက်ညီငယ် နှစ်ဦးက လိုက်ပါလာပြီး လှော်တက်များကို ကိုယ်စီကိုင်ကာ လှော်ခတ်ရန် ပြင်ဆင်လိုက်ကြသည်။

ကျိုးချင်းမင်က အမိန့်ပေးလိုက်သည်။

"ဟန်လုံစင်တာရဲ့ မြောက်ဘက်ကို လှော်ကြ"

"ဟုတ်ကဲ့... အစ်ကိုမင်"

ညီငယ်နှစ်ဦးက အလျင်အမြန် ပြန်ထူးလိုက်သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ထူးဆန်းစွာပင် သူတို့ခေါင်းပေါ်တွင် မိုးစက်များ ရပ်တန့်နေသည်။

သူတို့သည် ပေ ရာပေါင်းများစွာ ခရီးကို ဖြတ်သန်းလှော်ခတ်လာကြပြီး ကျိုးယဲ့က ရေအောက်တွင် ရုတ်တရက် ပေါ်လာနိုင်သည့် သန္ဓေပြောင်းသတ္တဝါများကို ကြိုတင်ကာကွယ်နိုင်ရန် ရေမျက်နှာပြင်အောက်ကို စူးစိုက်ကြည့်ရှုနေသည်။

ကံကောင်းစွာပင် ပေ ရာဂဏန်းလောက် ခရီးတိုအတွင်း မည်သည့် ကြောက်မက်ဖွယ် သန္ဓေပြောင်းသတ္တဝါမှ ပေါ်မလာခဲ့ပေ။

မကြာမီတွင် သူတို့သည် ဟန်လုံစင်တာ၏ မြောက်ဘက်သို့ ရောက်ရှိလာကြသည်။ ညီငယ်နှစ်ဦးက ဖောင်ကို ရပ်တန့်လိုက်ပြီး ဖောင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သံပုံးများဖြင့် ပြုလုပ်ထားသော ကျောက်ဆူးများကို ချကာ ဖောင်ကို ငြိမ်အောင် ထိန်းလိုက်သည်။

လီချင်းဟွာက ဟန်လုံစင်တာ မြောက်ဘက် ရေပြင်ကို ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

"တွေ့လား... ငါ ဘာပြောလဲ... ဒီလူစုက တကယ်ပဲ မြောက်ဘက်ကနေ ထွက်ကြတာ"

အားလုံးက လှမ်းကြည့်လိုက်ကြရာ ဟန်လုံစင်တာ မြောက်ဘက်တွင် သစ်သားဖောင် သုံးစင်း ဆိုက်ကပ်ထားသည်ကို အဝေးမှ လှမ်းမြင်လိုက်ကြရသည်။

လူများက ဖောင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်ရောက်နေကြပြီ ဖြစ်သည်။

သူတို့နှစ်ဖွဲ့ကြား အကွာအဝေးမှာ သိပ်မဝေးလှပေ၊ ပေ ၃၀၀ ခန့်သာ ကွာဝေးသည်။

ကျိုးချင်းမင်က လီချင်းဟွာကို ကြည့်လိုက်ပြီး မေးလေသည်။

"ဒီလောက် နီးနေတာ... သူတို့ ငါတို့ကို တွေ့သွားနိုင်လား"

လီချင်းဟွာက စဉ်းစားလိုက်ပြီး ပြောသည်။

"ကိစ္စမရှိဘူး... ငါ့တာဝန်ထားလိုက်"

လီချင်းဟွာက လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ဝါးတားတား ဖြစ်သွားတော့သည်။

မိုးသည်းထန်နေသည့်အောက်တွင် သူတို့၏ ဖောင်ရှိနေသည်ကို သတိပြုမိရန် အလွန်ခက်ခဲသွားသည်။

ဟန်လုံစင်တာဘက်တွင်တော့ မြောက်ဘက်ရှိ ပြတင်းပေါက်များကို ရိုက်ခွဲထားပြီး ဖြစ်သည်။

လင်းယွမ်သည် ရန်မေ၊ ဆုန့်ဝမ်၊ တင်းယန် စသည့်လူများနှင့်အတူ ဖောင်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ကျန်ရှိနေသော လူများလည်း ဖောင်ပေါ်သို့ အစီအရီ တက်ရောက်နေကြသည်။

မူလက ဟန်လုံစင်တာမှ အသက်ရှင်ကျန်ရစ်သူများလည်း အသီးသီး လိုက်ပါလာကြသည်။

ယခင်က ဖောင်သည် သန္ဓေပြောင်း ရေဘဝဲ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် လူအချို့ ဆုံးရှုံးခဲ့ရသော်လည်း ယခုအခါ လူဦးရေမှာ လျော့မသွားသည့်အပြင် ပို၍ပင် များပြားလာသဖြင့် ဖောင်သုံးစင်းမှာပင် ကျပ်သိပ်နေလေသည်။

ဖောင်များ ကျပ်သိပ်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဟန်လုံစင်တာတွင် နေခဲ့ရန် မရွေးချယ်ကြပေ။

အဘယ်ကြောင့်ဆိုသော် အဆောက်အအုံထဲရှိ စားစရာများကို လင်းယွမ်က ပြောင်စင်အောင် ရှင်းထုတ်သွားပြီ ဖြစ်သလို ပျဉ်ပြားများ၊ သစ်သား ပရိဘောဂများကိုပါ မကျန် သယ်ဆောင်သွားသောကြောင့် ဖြစ်သည်။

ဘာမှမရှိတော့သည့် အဆောက်အအုံကြီးထဲတွင် နေရစ်ခဲ့လျှင် ငတ်သေရုံသာ ရှိတော့မည်။

ထို့ကြောင့် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လင်းယွမ်တို့နှင့်အတူ လိုက်ပါရုံမှတပါး အခြားရွေးချယ်စရာ မရှိကြတော့ပေ။

"အစ်ကိုလင်း... အကုန်လုံး တက်လာပြီးပါပြီ"

ကျောက်ခိုင်က ပထမဖောင်ပေါ်တွင် ရပ်လျက် လင်းယွမ်ကို လှမ်းအော်ပြောလိုက်သည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိ တုံယန်ကို ပြောလိုက်သည်။

"ထွက်ခွာဖို့ ပြင်ဆင်ခိုင်းလိုက်"

တုံယန်က စိတ်ချင်းဆက်သွယ်မှု လမ်းကြောင်းထဲမှတဆင့် ဦးလေးမာ၊ ချိုင်ကြည်နှင့် အခြားလူများကို အကြောင်းကြားလိုက်သည်။

"ထွက်ခွာဖို့ ပြင်ဆင်"

ဦးလေးမာက ဒုတိယဖောင်၏ ကင်းစင်ပေါ်တွင် ရပ်လျက် လက်ကို ဝှေ့ယမ်းပြလိုက်သည်။

အောက်ဘက်ရှိ ချိုင်ကြည်က လေလမ်းကြောင်းကို ကြည့်လိုက်ရာ လေဆန်နေသဖြင့် ရွက်ဖျင်စများကို မတင်တော့ဘဲ ဘယ်ဘက်လက်ကို မြှောက်ကာ အဖွဲ့အသီးသီးအား ပန်ကာများ စတင်လည်ပတ်ရန် အချက်ပြလိုက်သည်။

"ဒုတ်... ဒုတ်... ဒုတ်... ဒုတ်..."

လျှပ်စစ်မော်တာ ခလုတ်ဖွင့်လိုက်သည်နှင့် ပန်ကာဒလက်များက ရေများကို မွှေနောက်ကာ လည်ပတ်လာပြီး ရှေ့ဆုံးမှ ဖောင်က ဖြည်းညှင်းစွာ စတင် ရွေ့လျားလာတော့သည်။

ကျန်ရှိသော ဖောင်နှစ်စင်းကိုပါ ချိတ်ဆက် ဆွဲယူသွားလေသည်။

လေဒဏ်မိုးဒဏ်ကြားတွင် ဖောင်သုံးစင်းသည် ရေစီးသန်သန်၌ ဖြည်းညှင်းစွာ ရှေ့ဆက်သွားနေကြသည်။

ဝါးတားတား ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ ကျိုးယဲ့သည် သူ၏ အမြင်အာရုံလွန်ကဲခြင်း အစွမ်းဖြင့် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း သတိပေးလိုက်သည်။

"သူတို့ ထွက်သွားကြပြီ"

ဖောင်ပေါ်ရှိ ထိုင်ခုံတွင် ထိုင်နေသော လီချင်းဟွာက မျက်လုံးဖွင့်လိုက်ပြီး ပြောသည်။

"နောက်ကလိုက်"

သူလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ရုတ်ချည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

ဘေးနှစ်ဖက်မှ ညီငယ်များက အလျင်အမြန် လှော်ခတ်ကြသည်။

သူတို့၏ ဖောင်မှာ မကြီးသဖြင့် လှော်ခတ်ရသည့် နှုန်းမှာ မနှေးလှပေ။

သို့သော်လည်း ရှေ့မှသွားနေသည့် လင်းယွမ်တို့၏ လျှပ်စစ်ပန်ကာတပ် ဖောင်များနှင့် ယှဉ်လိုက်လျှင်မူ များစွာ ကွာခြားလွန်းလှသည်။

ငါးမိနစ်၊ ခြောက်မိနစ်ခန့် ကြာသောအခါ နှစ်ဖွဲ့ကြား အကွာအဝေးမှာ ပေ ၁၀၀၀ ကျော်ခန့်အထိ ကွာဝေးသွားလေသည်။

လီချင်းဟွာ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းတို့ ထမင်းစားမလာကြဘူးလား... မြန်မြန်လှော်စမ်း"

ကျိုးချင်းမင်လည်း ပြောစရာ စကားမရှိ ဖြစ်သွားရသည်။ အရာရာ တွက်ချက်ထားသော်လည်း သယ်ယူပို့ဆောင်ရေး ယာဉ်က သူများထက် နိမ့်ကျနေသည်ကိုတော့ ထည့်မတွက်မိခဲ့ပေ။

သူ မနေနိုင်ဘဲ ပြောလိုက်သည်။

"တစ်ခုခုတော့ မှားနေပြီ အစ်ကိုဟွာ... သူတို့က ဖောင်သုံးစင်းတောင် ချိတ်ထားတာ... ပြီးတော့ လူတွေလည်း အများကြီးပဲ... ဘယ်လိုလုပ် ဒီလောက်မြန်မြန် လှော်နိုင်မှာလဲ"

ကျိုးယဲ့က အမြင်အာရုံလွန်ကဲခြင်း အစွမ်းဖြင့် လှမ်းကြည့်လိုက်ရာ မူမမှန်သည်ကို ချက်ချင်း တွေ့လိုက်ရသည်။

"သူတို့ ဖောင်တွေအောက်မှာ ရေလှိုင်းတွေ တော်တော်ထနေတယ်... တစ်ခုခု မောင်းနှင်တဲ့ စက် တပ်ထားပုံရတယ်"

လီချင်းဟွာက နဖူးကို လက်ဖြင့် အုပ်လိုက်မိသည်။ ပြောစရာ စကားပင် ရှာမရတော့။

"ကဲ... အကုန်လုံး ဝိုင်းလှော်ကြကွာ... ဒီအတိုင်းသာဆိုရင် သူတို့ကို လမ်းပြခိုင်းဖို့ နေနေသာသာ... သူတို့ ထွက်ပြေးသွားရင်တောင် ငါတို့ လိုက်မီမှာ မဟုတ်ဘူး"

ကျိုးချင်းမင်လည်း ခါးသက်သက် ပြုံးလိုက်ပြီး သစ်သားပျဉ်ပြား တစ်ချပ်စီ ကောက်ကိုင်ကာ လှော်တက်အဖြစ် အသုံးပြုပြီး အားလုံးဝိုင်းဝန်း လှော်ခတ်လိုက်ကြတော့သည်။

ဆက်ရန်...

(ထူးဆန်းတဲ့ကျွန်းကြီးအကြောင်းကို နောက်တစ်အုပ်မှာ ဆက်ပြီးအားပေးကြနော်)

All Chapters