အခန်း (၄၉၉၁-၄၉၉၅)
Vol. 253 Ch. 4991-4995
Chapter 4991
လုယွီကိုယ်တိုင်ပင်လျှင် ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူသည် ကျိုးထျန်းယင်၏ အကြွင်းအကျန်စိတ်ဝိညာဉ်ကို ဝါးမြိုခဲ့ခြင်းဖြစ်ပြီး ပေါင်းစည်းခဲ့ခြင်း မဟုတ်ကြောင်း သူ ကောင်းစွာသိရှိသည်။ သူသည် သူသာဖြစ်ပြီး မည်သည့်အရာမျှ ပြောင်းလဲသွားခဲ့ခြင်း မရှိခဲ့ချေ။
သို့သော် သံသရာမှန်ပေါ်၌ ယခုအချိန်တွင် သူ၏အတိတ်ဘဝသုံးခုကို မြင်တွေ့နေရစဥ်၌ ကျိုးထျန်းယင်၏ပုံရိပ် ထွက်ပလာခဲ့သည်။
သူ၏ ယခင်ပြိုင်ဘက်ပုံရိပ်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လုယွီ၏တာအိုနှလုံးသားသည် တည်ငြိမ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာ၌ လှိုင်းဂယက်လေးတစ်ခု အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်လို့ ငါ့ရဲ့ခမည်းတော်ဖြစ်နေရတာလဲ... ဘာဖြစ်လို့ ခမည်းတော်ရဲ့ ပုံရိပ်က ကြေးမုံမှန်ပေါ်မှာ ပေါ်နေရတာလဲ...."
ကျိုးယွမ်ယန်၏ ရူးမတတ်ဖြစ်နေသော အသံသည် လုယွီ၏နားအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသည်။
သူသည် သံသရာကြေးမုံမှနိပေါ်ရှိ ခန့်ညားထည်ဝါသော ပုံရိပ်ကို ကြည့်ကာ မျက်ရည်များဖြင့် သွေးရူးသွေးတန်းအော်ဟစ်လိုက်၏။
အရာအားလုံးသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်လာခဲ့သော်လည်း အမှားအယွင်းများ ရှိလာခဲ့သည်။
ကျိုးယွမ်းယန်သည် ရုတ်တရက် လုယွီကိုကြည့်ပြီး ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်သည်။
"ဒါက မင်းလုပ်ခဲ့တာ မဟုတ်လာ... မင်းက ငါ့ခမည်းတော်ကို သတ်ပြီးတော့ အခု သူ့ကို အပိုင်စီးဖို့ ကြိုးစားနေတာပဲဖြစ်မယ်..လုယွီ မင်းက သူ့နေရာမှာ အစားဝင်ဖို့ ကြိုးစားနေတာပဲ"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
မင်းရဲ့အဖေကို ငါ သတ်ခဲ့တာမှန်ပေမဲ့ သူကသူငါကငါပဲ...."
"အဲ့ဒါက မင်းရဲ့လက်ချက်ပဲ....လုယွီ ငါ ငရဲကျသွားရင်တောင် မင်းကို ကျိန်ဆဲနေမှာပဲ...."
ကျိုးယွမ်းယန်၏ပါးစပ်မှ ရုတ်တရက် သွေးများအန်ထွက်လိုက်ပြီး သူ၏အိုမင်းနေသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ရီလာသည်။
ထိုအချိန်မှာပင် ကျိုးယွမ်းယန်၏ နောက်ကျောဘက်ရှိ လေဟာနယ်သည် ရုတ်တရက် တုန်ခါသွားပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခုသည် ရုတ်တရက် ပေါ်ပေါက်လာပေ၏။ ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ မြွေရေခွံဝတ်ရုံများ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ထွက်ပေါ်လာသည်။
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး၏ ရုပ်ရည်သည် အနည်းငယ် ဆင်တူပေ၏။ သူတို့၏ဟန်ပန်သည် ခမ်းနားထည်ဝါပြီး တစ်နှစ်ပတ်လုံး ရာထူးကြီးကြီးတွင် ထိုင်ကာ သက်သောင့်သက်သာ နေထိုင်ကြသူများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာသည်။
"ကန်မင်းသား...ကျင်းမင်းသား..."
လုယွီသည် ရောက်လာသူနှစ်ယောက်ကို မှတ်မိသွားသည်။
တော်ဝင်မြို့တော်ရှိ ကျိုးတော်ဝင်မိသားစုတွင် တာအိုသခင် သုံးဦးရှိသည်။ အဆင့်မြင့် တာအိုသခင်ဖြစ်သော ကူမင်းသားမှလွဲ၍ အစောပိုင်းအဆင့် တာအိုသခင်နှစ်ဦးလည်း ရှိနေပေ၏။ ဤသည်မှာ သူ၏ရှေ့မှ လူနှစ်ယောက်ပင်။
သို့ရာတွင် သူတို့သည် ထွက်ပေါ်လာသည့်အချိန်၌ တော်ဝင်မင်းသားများကဲ့သို့ ခန့်ညားထည်ဝါသော အမူအယာကို မပြသဘဲ လုယွီကို စိတ်ရှုပ်ထွေးသောအမူအယာဖြင့် ကြည့်နေကြသည်။
"ဟားဟားဟား..ကန်မင်းသား ကျင်းမင်းသား... ခင်ဗျားတို့က အချိန်ကိုက် ရောက်လာတာပဲ... ဒီလူက ငါ့ဧကရာဇ်ခမည်းတော်ရဲ့ စိတ်ဝိညာဥ်ကို အပိုင်စီးထားတယ်...ဒါက ဆိုးရွားလှတဲ့ ရာဇဝတ်မှုပဲ... ခင်ဗျားတို့နှစ်ယောက် သူ့ကို ချက်ချင်း သတ်ပစ်လိုက်...သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်စမ်း"
ကျိုးယွမ်ယန်သည် သူတို့နှစ်ယောက် ရောက်လာသည်ကို မြင်ချိန်၌ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ သူသည် လုယွီကို လက်ညှိုးထိုးပြီး အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်၏။
သို့ရာတွင် မင်းသားနှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းခါယမ်းပြီး သက်ပြင်းရှိုက်လိုက်ကြသည်။
"အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"
သူတို့နှစ်ဦးသည် လုယွီကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ...ငါက ကောင်းကင်ဘုံရဲ့သားတော်...ငါက တာယွီရဲ့ ဧကရာဇ်ပဲ....ခင်ဗျားတို့ ရူးနေကြပြီလား"
ကျိုးယွမ်းယန်သည် အစွမ်းကုန် ရုန်းကန်လိုက်သော်လည်း လုယွီ၏မှော်နည်းစနစ်ကို သူ မဖျက်ဆီးနိုင်ခဲ့ချေ။ သူသည် နေရာမှာပင် ချုပ်နှောင်ခြင်းခံထားရပြီး မလှုပ်ရှားနိုင်ခဲ့ပေ။
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ... ကျိုးမိသားစုက ငါ့ဆီမှာ အညံ့ခံလိုက်ပြီလို့ ဆိုလိုတာလား.."
ကျင်းမင်းသားက ခါးသည်းစွာ ပြုံးလိုက်သည်။ "ကျိုးမိသားစုက မင်းကို အညံ့ခံတာ မဟုတ်ဘူး... ဒါပေမဲ့..."
သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ရူးသွပ်နေသော ကျောက်ယွမ်းယန်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းရှည်ကြီးရှိုက်ကာ ပြောဆိုလိုက်၏။
"ကျိုးမိသားစုက အစကတည်းက မင်း ပိုင်ဆိုင်တဲ့အရာပဲ..."
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။
သူ၏ရှေ့တွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သူ မသိသော်လည်း မင်းသားနှစ်ပါး အတူတကွ ရောက်လာခြင်းသည် သာမန်ကိစ္စမဟုတ်သည်မှာ သေချာသည်။
"ဒီအကြောင်းကို ဒီအစေခံအိုကြီးက ပြောပြပါရစေ"
ထိုအချိန်မှာပင် လူအိုကြီးတစ်ယောက်၏အသံသည် ခန်းမဆောင်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
လုယွီသည် နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏နောက်တွင် အနီရောင်ဝတ်ရုံဝတ် မိန်းမစိုးသုံးဦး မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုယွီသည် လက်ဝဲဘက်မှ မိန်းမစိုးကို မမှတ်မိသော်လည်း သူ၏ ရုပ်ရည်ကို ကြည့်ခြင်းအားဖြင့် ယခင်ကြီးကြပ်ရေးအရာရှိ ဝေ့ကျုံးဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
လက်ယာဘက်မှ မိန်းမစိုးမှာမူ မီဖေး၏အမိန့်ဖြင့် လုယွီကို လက်ဆောင်ပေးခဲ့သော လျှူကျင်းပင်။
ဤမိန်းမစိုးနှစ်ဦးသည် နန်းတွင်း၌ ကြီးမားသော အခွင့်အာဏာရှိပြီး မရေမတွက်နိုင်သည့် လက်အောက်ငယ်သားများ ရှိသည်။
သို့ရာတွင် ယခုအချိန်တွင် သူတို့နှစ်ဦးသည် အစေခံများကဲ့သို့ မိန်းမစိုးအိုကြီးတစ်ဦးကို တွဲကာ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။
Chapter 4992
မိန်းမစိုးအိုကြီးသည် နံဘေးမှ မိန်းမစိုးနှစ်ယောက်၏အကူအညီဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
လုယွီသည် ထိုလူ၏မျက်နှာကို မြင်တွေ့ချိန်၌ သူ၏ခန္ဓာကိုယ် ရုတ်တရက် တုန်ခါသွားပေ၏။ သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး စကားပင် မပြောနိုင်တော့ချေ။
ဤမိန်းမစိုးအိုကြီး၏မျက်နှာသည် အိုမင်းနေပြီး အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် အလွန်အမင်း အိုမင်းသွားပုံရသည်။
သို့ရာတွင် သူ ထွက်ပေါ်လာသည့်အချိန်တွင် လူတိုင်း၏ခေါင်းထက်သို့ မမြင်နိုင်သော ဖိအားတစ်ရပ် ကျရောက်လာသည့်အလားပင်။
"လူအိုကြီးကျန်း... ဘယ်လိုဖြစ်ပြီး မင်းဖြစ်နေတာလဲ...."
လုယွီသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးများကိုပင် သူ မယုံနိုင်တော့ချေ။
သူ၏ကံကြမ္မာနည်းစနစ်သည် မည်မျှပင် ပြိုင်ဘက်ကင်းပြီး သူ၏အသိဉာဏ်ပညာ မည်မျှပင် ကြွယ်ဝပါစေ ဤသို့သော အခြေအနေမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ချေ။
သူ၏ အတိတ်ဘဝ...ဆောင်တိုင်းပြည် ပင်းလျန်မြို့၌...
လုယွီ စတင်မှတ်မိသည့် အချိန်မှစ၍ သူသည် ပြန်ရန်အိမ်မရှိသော အိမ်ခြေရာမဲ့တစ်ဦး ဖြစ်ခဲ့သည်။ သူသည် လမ်းပေါ်တွင် သွားလာကာ ဆာလောင်လိုက် ဗိုက်ပြည့်လိုက်ဖြင့် နေထိုင်ခဲ့ရသည်။ ကျန်းဟောင်အမည်ရှိသော လူအိုကြီးတစ်ဦး၏အကူအညီသာ မရခဲ့ပါက သူသည် လွန်ခဲ့သော အချိန်ကတည်းက သေဆုံးသွားပြီး ဖြစ်ပေမည်။
လူအိုကြီးကျန်းသည် ယခင်က ကျင့်ကြံသူတစ်ဦးပင်။ နောက်ပိုင်းတွင် သူသည် တခြားသူများနှင့် တိုက်ခိုက်ရင်း သူ၏ဒန်တျန် ဒဏ်ရာရသွားခဲ့သဖြင့် နောက်ဆုံးတွင် သာမန်လူတစ်ဦး ဖြစ်သွားခဲ့သည်။ သို့ရာတွင် သူသည် လုယွီကို အလွန်တန်ဖိုးထားခဲ့သည်။ သူ သိသမျှ အရာအားလုံးကို လုယွီကို သင်ကြားပေးခဲ့ပြီး မှော်နည်းစနစ်များကို ကျင့်ကြံနည်း အောက်ခြေမှ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနည်းတို့ကို သင်ကြားပေးခဲ့သည်။
နာမည်ကျော်ကြားလှသော မြေအောက်လောက တာအိုသခင်၏ ပထမဆုံးဆရာသည် အမှန်အားဖြင့် သူတောင်းစားအိုကြီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ တွေးထင်မိမည် မဟုတ်ချေ။
လူအိုကြီးကျန်းသည် နောက်ပိုင်းတွင် သေဆုံးသွားခဲ့ပြီး လုယွီကိုယ်တိုင် သူ့ကို မြှုပ်နှံပေးခဲ့သည်။
ထိုနေ့က မြို့ပြင်ရှိ တောင်ကုန်းပေါ်တွင် လုယွီသည် လူအိုကြီးကျန်း၏ မျက်နှာပေါ်သို့ မြေဝါများ ကျဆင်းသွားသည်ကို သူ ကိုယ်တိုင်မြင်ခဲ့ရသည်။ နောက်ဆုံးတွင် မြေဝါများသည် လူအိုကြီးကျန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပေ၏။
သို့ရာတွင် လုယွီသည် ယနေ့၌ လူအိုကြီးကျန်းကို တဖန်ပြန်တွေ့ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
"မင်း မသေဘူးကိုး...."
လုယွီက ခေါင်းခါလိုက်ပြီး ဤအချက်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။
အတိတ်မှ အမှတ်တရများသည် သူ၏ စိတ်အတွင်းတွင် စွဲထင်နေဆဲပင်။
သို့ရာတွင် ဤအရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပေ၏။
"ဒီအစေခံအိုကြီးက အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်... အရှင်နဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်..."
မိန်းမစိုးအိုကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ပြီး လုယွီကို တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
လုယွီသည် မိန်းမစိုးအိုကြီးကို စိတ်ရှုပ်ထွေးသော အမူအယာဖြင့် ကြည့်လိုက်၏။
သူ၏အမြင်တွင် လူအိူကြီးကျန်းသည် ပတ်ဝန်းကျင်နှင့် အံ့ဝင်ခွင်ကျမရှိသော တည်ကြည်လေးနက်သည့် လူအိုကြီးတစ်ဦးပင်။
သူသည် ယခင်က ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သောကြောင့် ကျင့်ကြံဆင့်ကို ဆုံးရှုံးသွားသော်လည်း လူအိုကြီးကျန်းထံတွင် တခြားသူတောင်းစားများကို ခြိမ်းခြောက်နိုင်သည့် ခွန်အားရှိနေဆဲပင်။ သူ၏ ကာကွယ်မှုအောက်တွင် လုယွီသည် အတိတ်ဘဝ၌ တည်ငြိမ်သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သည်။
လုယွီ၏အတိတ်ဘဝတွင် မိဘမရှိခဲ့ပေ။ များသောအားဖြင့် လူအိုကြီးကျန်းသည် ဖခင်တစ်ဦး၏အခန်းကဏ္ဍတွင် ပါဝင်ခဲ့လေ၏။
သို့ရာတွင် ယခုအချိန်၌ ဤလူအိုကြီးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ့ကို ဦးညွှတ်အရိုအသေပြုနေသည်။
အရာအားလုံးသည် အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။
အစောပိုင်းက ရူးသွပ်နေခဲ့သော ကျိုးယွမ်ယန်ပင်လျှင် အော်ဟစ်နေခြင်း ရပ်တန့်သွားသည်။ သူသည် မိန်းမစိုးအိုကြီး၏ ထွက်ပေါ်လာမှုကို ကြောင်ငေးကြည့်နေလေ၏။
"လူအိုကြီးကျန်း... မင်းက အမြဲတမ်း ဟန်ဆောင်နေခဲ့တာလား"
လုယွီက မိန်းမစိုးအိုကြီးကိုကြည့်ပြီး တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
"ကွယ်လွန်သူဧကရာဇ်က ကြင်နာပြီးတော့ ဒီအစေခံအိုကြီးကို 'ကျိုး' မျိုးရိုးနာမည် ပေးသနားခဲ့ပါတယ်.... အရှင်က ဒီအစေခံအိုကြီးကို ကျိုးကောင်းလို့ ခေါ်နိုင်ပါတယ်...."
မိန်းမစိုးအိုကြီးက ရုတ်တရက် ဦးညွှတ်ပြီး ပြောဆိုသည်။
"အရှင်....ဒီကိစ္စက အစကနေ ပြန်ပြောပြရမှာပါ"
လုယွီသည် သူ၏ရှေ့မှ "ကျိုးကောင်း" ဟုခေါ်သော မိန်းမစိုးအိုကြီးကို ကြည့်ကာ သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ပြောပါ...."
"ဒီအရာအားလုံးက ကွယ်လွန်သူဧကရာဇ် ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခတစ်ခုကနေ စတင်ခဲ့တာပါ..."
ကျိုးကောင်းသည် အိုမင်းနေသော်လည်း သူ၏အသံသည် ပီပြင်ရှင်းလင်းပေ၏။
"အဲ့ဒီနှစ်က ကွယ်လွန်သူဧကရာဇ်က ထီးနန်းကို ဆက်ခံပြီးတော့ ထိုက်ချမ်နန်းသက်ကို ပြောင်းလဲခဲ့တယ်... သူက အုပ်ချုပ်ရေးကို အလေးပေးပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့တယ်"
"ထိုက်ချမ်နန်းသက် ဆယ့်ခုနစ်နှစ်မြောက်မှာ ကျောက်နက်ကြယ်မြစ်က ဘေးဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ တော်ဝင်နန်းတွင်းက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်....အရေးကြီးတဲ့အချိန်မှာ ကွယ်လွန်သူဧကရာဇ်နဲ့ စာပေသူတော်စင်ရီဟန်တို့က မြို့တော်ကနေ အတူတူ ထွက်ခွာပြီးတော့ ဘေးဒုက္ခတွေကို ငြိမ်းသတ်ဖို့ကျောက်နက်ကြယ်မြစ်ကို ထွက်ခွာသွားခဲ့ကြတယ်...နောက်ဆုံးမှာ သူတို့နှစ်ယောက်က ကျောက်နက်ကြယ်မြစ်မှာ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်... ဒါက ဘေးဒုက္ခတွေအားလုံးရဲ့ ရင်းမြစ်ပဲ..."
"အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ သက်ရှိတစ်ကောင်ရှိနေပြီး ကွယ်လွန်သူဧကရာဇ်နဲ့ သူတော်စင်ရီကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်...ဒါက အဲ့ဒီသက်ရှိ ထွက်ပေါ်လာတော့မယ့် အရေးကြီးတဲ့ အချိန်ကာလဖြစ်တာကြောင့် သူက ဘယ်သူ့ကိုမှ ရှေးဟောင်းအပျက်အစီးနယ်မြေထဲကို ဝင်ခွင့်မပြုခဲ့ဘူး"
လုယွီသည် ဤစကားများကို ကြားချိန်၌ စိတ်လှုပ်ရှားသွားသည်။
"ထိုက်ချန်ဧကရာဇ်နဲ့ စာပေသူတော်စင်ရီကိုတောင် ဒဏ်ရာအပြင်းအထန်ရစေနိုင်တာက ဘယ်လိုသက်ရှိမျိုးလဲ....."
ကျိုးကောင်းက အသက်ပြင်းပြင်းရှိုက်ပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"အရေးကြီးတဲ့ အချိန်အခိုက်အတန့်မှာ စာပေသူတော်စင်နှစ်ယောက်ဖြစ်တဲ့ ကျန်းဟုန်နဲ့သောက်ရီတို့ ထွက်ပေါ်လာခဲ့တယ်... သူတို့က ကွန်ဖြူးရှပ်ဂိုဏ်းက သန်းနဲ့ချီတဲ့ကျောင်းတော်သားတွေရဲ့ ကြီးမားတဲ့စွမ်းအားတွေနဲ့ အတူပူးပေါင်းပြီးတော့ အဲ့ဒီသက်ရှိကို နှိမ်နင်းပြီး သတ်ဖြတ်ခဲ့တယ်"
"ဒါပေမဲ့ ဒါက ကြေကွဲစရာအားလုံးရဲ့ ဇာတ်လမ်းအစပါပဲ.."
လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် ကျိုးကောင်းကို ကြည့်ပြီး ပြောဆိုလိုက်၏။
"သူတို့က မသတ်သင့်တဲ့သူကို သတ်ခဲ့တာပဲ"
"အမှန်ပါပဲ.... ဒါက ရှေးဦးသက်ရှိတစ်ကောင်ပါ"
ကျိုးကောင်းက သက်ပြင်းရှိုက်ပြီး ပြောဆိုသည်။
"ကွယ်လွန်သူဧကရာဇ်နဲ့ စာပေသူတော်စင်သုံးပါးက ရှေးဦးသက်ရှိကို သတ်ပြီး သူ့ရဲ့ အမွေအနှစ်တွေကို ဖျက်ဆီးခဲ့တယ်"
"ကွယ်လွန်သူဧကရာဇ်က ထိုက်ကျိအမှတ်အသားကို ရရှိခဲ့ပြီးတော့ စာပေသူတော်စင်သုံးယောက်က ပြောင်းလဲခြင်းကျမ်းစာကို ရရှိခဲ့တယ်"
"အဲဒီရှေးဦးသက်ရှိကို ဖူးရှီလို့ ခေါ်တယ်..."
Chapter 4993
သူ ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားသည်။
လုယွီ၏စိတ်နှလုံးသားမှာမူ ကြီးမားသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည့်အလားပင်။ သူသည် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
လုယွီအတွက် ရှေးဦးသက်ရှိများသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော တည်ရှိမှုများပင်
အတိတ်က လူသားဧကရာဇ်ပင်လျှင် ရှေးဦးသက်ရှိနှင့် ရင်ဆိုင်ရသောအချိန်၌ လုံးလုံးလျားလျား မခုခံနိုင်ခဲ့ချေ။ သူသည် ရှေးဦးသက်ရှိကို ချိတ်ပိတ်နိုင်ရန် သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းခဲ့ရသည်။
ထိုက်ချန်ဧကရာဇ်နှင့် စာပေသူတော်စင်သုံးပါးသည် အတူပူးပေါင်း၍ ရှေးဦးသက်ရှိတစ်ကောင်ကို သတ်ဖြတ်ခဲ့ကြသည်။
ဤသတင်းသည် အလွန်တုန်လှုပ်ဖွယ်ကောင်းပေ၏။ လုယွီပင်လျှင် ယခုအချိန်တွင် အံ့အားသင့်တုန်လှုပ်နေသည်။
"ဖူးရှီ... သူက ရှေးဟောင်းကောင်းကင်ဘုံနန်းတော်က အင်မော်တယ်တစ်ယောက်လို့ ငါ မှတ်မိတယ်...သူက ဘယ်လိုလုပ်ပြီး ရှေးဦးသက်ရှိဖြစ်နိုင်မှာလဲ"
လုယွီက ခေါင်းခါယမ်းလိုက်သည်။
နန်းတွင်းစာမေးပွဲတွင် နန်းတော်မှ စွမ်းအားတိုင်းတာရန် အသုံးပြုသော ပစ္စည်းသည် ဖူးရှီ၏ မသေမျိုးအဆင့် မှော်လက်နက်မှ အပိုင်းအစများဖြင့် သွန်းလုပ်ထားသော ဖူးရှီခေါင်းလောင်းပင်။
ကျိုးကောင်းက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ပြောဆိုသည်။
"အဲဒီနေ့က ကွယ်လွန်သူဧကရာဇ်က ဆက်ပြီးစုံစမ်းခဲ့တာကြောင့် ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ သဲလွန်စတွေ ရှာတွေ့ခဲ့တယ်"
"အဲ့ဒီဖူးရှီက မူလက သမိုင်းမတင်မီခေတ်က ရှေးဦးသက်ရှိတစ်ကောင်ဖြစ်ပြီးတော့ကောင်းကင်ဘုံနန်းတော်မှာ လျှို့ဝှက်စွာ ပုန်းအောင်းနေခဲ့တယ်လို့ စာပေသူတော်စင်ရီက ကောက်ချက်ချခဲ့တယ်...ရှေးဟောင်းဘေးကပ်ဆိုးကြီးအတွင်းမှာ ဖူးရှီက ကောင်းကင်ဘုံဧကရာဇ်ကို နောက်ကနေ ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်... အဲ့ဒါကြောင့် ကောင်းကင်ဘုံနန်းတော် ပျက်စီးခဲ့ရတာပါ"
လုယွီ၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူ၏ မျက်လုံးများအတွင်းတွင် တောက်ပသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ကျိုးကောင်းက ဆက်လက်၍ ပြောဆိုလေ၏။
"စာပေသူတော်စင်သုံးပါးက အတိတ်နဲ့ ပစ္စုပ္ပန်ကို ကောင်းကောင်းကြီး သိထားကြတယ်... သူတို့က ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာ ဘယ်လိုသက်ရှိမျိုးကို သတ်ခဲ့တယ်ဆိုတာ နားလည်ခဲ့ကြပေမယ့် အဲဒီအချိန်တုန်းက ဘာအမှားအယွင်းမှ ရှိတယ်လို့ မထင်ခဲ့ကြဘူး..."
"ကွယ်လွန်သူဧကရာဇ်နဲ့ စာပေသူတော်စင်သုံးပါးက တော်ဝင်မြို့တော်ကို ပြန်ရောက်လာပြီးတော့ ထိုက်ကျိအမှတ်အသားနဲ့ ပြောင်းလဲခြင်းကျမ်းစာကို စပြီးလေ့လာခဲ့ကြတယ်... ပြောင်းလဲခြင်းကျမ်းစာကို ကံကြမ္မာကျမ်းစာလို့လည်း ခေါ်နိုင်ပြီးတော့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်....ဒါက လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုးကို ကံကြမ္မာကောင်းအဖြစ် ပြောင်းလဲနိုင်တဲ့ လောကကြီးမှာ အစွမ်းထက်ဆုံး ကံကြမ္မာနည်းစနစ်ပဲ....ဒီကျမ်းစာက အရမ်းလျှို့ဝှက်ဆန်းကြယ်ပေမဲ့ ကံကောင်းချင်တော့ စာပေသူတော်စင်သုံးပါးလုံးဟာ အသိပညာကြွယ်ဝပြီးတော့ ဉာဏ်ပညာရှိတဲ့သူတွေ ဖြစ်နေကြတယ်...သူတို့က အာရုံစိုက်ပြီး ကျင့်ကြံပြီးတဲ့နောက်မှာ ပြောင်းလဲခြင်းကျမ်းစာကို နားလည်သဘောပေါက်သွားခဲ့ကြတယ်"
လုယွီ၏စိတ်အတွင်းတွင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ ကံကြမ္မာကျမ်းစာရွတ်ဆိုသံ ထွက်ပေါ်လာသည်ကို သူ သတိရလိုက်သည်။
'ချင်သည် ကောင်းကင်..ချင်သည် အထက် ချင်သည် အောက်...'
ဤသည်မှာ စာပေသူတော်စင်ရီဟန်မှ သူ၏ ခန္ဓာကိုယ်အတွင်းတွင် ချန်ထားခဲ့သော ကျမ်းစာပင်။
လုယွီသည် စာပေသူတော်စင်ရီနှင့် တွေ့ဆုံပြီးနောက် သူ၏ ကံကြမ္မာလမ်းကြောင်းကို ပြောင်းလဲသွားသည်ဟု ခံစားခဲ့ရသည်။ ကောင်းကင်ဘုံ၏ကံကြမ္မာသားတော် လုကျိုးရှောင်နှင့် သဘာဝလူတော်စင် လီမီတို့ပင်လျှင် သူ့ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။
အမှန်အားဖြင့် ဤအရာအားလုံးသည် တိုက်ဆိုင်စွာ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ စာပေသူတော်စင်ရီဟန်သည် လွန်ခဲ့သော အချိန်ကတည်းက ကြိုတင်စီစဉ်ခဲ့ခြင်းပင်။
"ထိုက်ကျိအမှတ်အသားကရော..."
လုယွီက မေးမြန်းလိုက်သည်။
"ထိုက်ကျိ... ဒါက ထိုက်ကျိယွမ်ချီကနေ ဖြစ်ပေါ်လာတာပါ.... ဒါက မူလဘူတခေတ်က ရှေးအကျဆုံး ချီစွမ်းအားပဲ....လက်ရှိ စိတ်ဝိညာဉ်စွမ်းအားတွေနဲ့ ရှေးဟောင်းခေတ်က ပိုပြီးရှေးကျတဲ့ ချီစွမ်းအားတွေအားလုံးက ဒီထိုက်ကျိယွမ်ချီစွမ်းအားကနေ ပြောင်းလဲလာတာပါ...."
ကျိုးကောင်းက ပြောဆိုသည်။
"ကွယ်လွန်သူဧကရာဇ်က ဒီထိုက်ကျိအမှတ်အသားက သူ့ကိုယ်သူ အားကောင်းလာစေဖို့ သူ့အတွက် အကျိုးကျေးဇူးရှိတဲ့ အရာအားလုံးကို အရူးအမူး ဝါးမြိုတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တယ်...ဒါကို ထိန်းချုပ်တဲ့လူတွေက အသန့်စင်ဆုံး စိတ်ဝိညာဉ်စွမ်းအားကို အဆုံးမရှိ ရရှိနိုင်ပြီးတော့ ကျင့်ကြံဆင့်ကို အလျင်အမြန် တိုးတက်စေနိုင်တယ်...."
လုယွီသည် အသက်ပြင်းပြင်းရှိုက်လိုက်၏။ အတိတ်က လျှို့ဝှက်ဆန်းကြယ်မှုအားလုံးသည် ဤအချိန်တွင် ဖြေရှင်းပြီးသွားသကဲ့သို့ သူ ခံစားလိုက်ရသည်။
ကျိုးကောင်းက ဆက်လက်၍ ပြောဆိုသည်။
"ဒီအမြင့်မြတ်ဆုံး ရတနာနှစ်ခုကို ရတာက ကွယ်လွန်သူဧကရာဇ်အတွက် ဝမ်းသာပျော်ရွှင်စရာ ကိစ္စတစ်ခုပဲ... ကွယ်လွန်သူဧကရာဇ်ရဲ့ ကျင့်ကြံဆင့်ကလည်း ထိုက်ကျိအမှတ်အသားနဲ့အတူ အလျင်အမြန် တိုးတက်လာခဲ့တယ်"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ထိုက်ချန်ဧကရာဇ်က အုပ်စိုးသူအရှင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တဲ့ အကြောင်းရင်းက ဒီထိုက်ကျိအမှတ်အသားကြောင့်လား...."
ကျိုးကောင်းက ခေါင်းညိတ်ပြလေ၏။
"အမှန်ပါပဲ....ဒီကောင်းကင်ဘုံနယ်မြေမှာ အင်အားအကြီးဆုံး တာအိုသခင်တစ်ယောက်က အများဆုံးအနေနဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ တာအိုဥပဒေသ ရှစ်ဆယ့်တစ်ခုကိုပဲ ဆုပ်ကိုင်နိုင်တယ်....ဥပဒေသကိုးဆယ့်ကိုးခုက ကန့်သတ်ချက်ဖြစ်ပြီး ဘယ်သူမှ ကျော်လွန်နိုင်မှာ မဟုတ်ဘူး....ထိုက်ကျိအမှတ်အသားရဲ့ အကူအညီနဲ့ ထိုက်ကျိယွမ်ချီကို စုပ်ယူပြီးတော့ ကွယ်လွန်သူဧကရာဇ်က အုပ်စိုးသူအရှင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်....သူက ရှေးဟောင်းခေတ်ကတည်းက ရှားပါးလာခဲ့တဲ့ တည်ရှိမှုကြီးဖြစ်တဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ ဥပဒေသကိုးဆယ့်ကိုးခုကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်လာခဲ့တယ်"
လုယွီက ခေါင်းခါလိုက်သည်။
"အံ့အားသင့်စရာ မရှိတော့ဘူး..."
သူ၏အတိတ်ဘဝတွင် သူသည် တာအိုသခင်နယ်ပယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ခဲ့သည်။
တာအိုသခင်နယ်ပယ် ကျင့်ကြံသူများအားလုံးသည် ကောင်းကင်နှင့်မြေပြင်၏ ဥပဒေသတစ်ခုကို ဆုပ်ကိုင်ပြီးနောက် အတားအဆီးတစ်ခုကို ခံစားရသည်။ သူတို့၏မှော်စွမ်းအားသည် တိုးတက်မှု ရပ်တန့်သွားပြီး လုံးလုံးလျားလျား ရှေ့မတိုးနိုင်တော့ချေ။
Chapter 4994
"ထိုက်ချမ်နတ်းသက်ကိုးနှစ်မှာ ကွယ်လွန်သူဧကရာဇ်က လောကနှစ်ခုတောင်တန်းကို ရောက်ရှိခဲ့ပြီးတော့ ရှေးဟောင်းနတ်ဆိုးဘိုးဘေး ဆယ့်ငါးယောက်ကို သတ်ဖြတ်ခဲ့တယ်... သူရဲ့စွမ်းအားက လောကကြီးတခွင်လုံးကို တုန်လှုပ်စေခဲ့တယ်...."
"အရာအားလုံးက ပိုကောင်းတဲ့နေရာဆီကို ဦးတည်နေခဲ့တယ်...ဘာအမှားအယွင်းမှမရှိခဲ့ရင် တာယွီအင်ပါယာက ပြန်နိုးထလာဖို့အခွင့်အရေး ရှိခဲ့မှာပါ...."
ဤစကားသို့အရောက်တွင် ကျိုးကောင်း၏ မျက်နှာပေါ်၌ နာကျင်ကြေကွဲမှု အရိပ်အယောင်တစ်ရပ် ရုတ်တရက် ထင်ဟပ်လာသည်။
"ဒါပေမဲ့ စာပေသူတော်စင်သုံးပါးက ပြောင်းလဲခြင်းကျမ်းစာကို လေ့လာရင်းနဲ့ ဖူးရှီကို သတ်ခဲ့တာက အရမ်းမှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်သွားခဲ့ကြတယ်"
ကျိုးကောင်း၏အသံတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေပေ၏။
"အဲ့ဒီအချိန်တုန်းက ဖူးချီကို ချိတ်ပိတ်ခဲ့ရင် ဘာပြဿနာမှ မရှိနိုင်ဘူး... ဒါပေမဲ့ သူ့ကို သတ်ခဲ့တာကြောင့်... ဖူရှီရဲ့ကျိန်စာကို နှိုးဆွလိုက်သလို ဖြစ်သွားတယ်...အဲ့ဒီကျိန်စာက မယုံနိုင်လောက်အောင် ပြင်းထန်ပြီးတော့ အဲဒါကို ထိမိတဲ့သူတိုင်းဆီကို ပိုပြီးများတဲ့ ရှေးဟောင်းသက်ရှိတွေက ဖူးရှီအတွက် လက်စားချေဖို့ ရောက်လာကြလိမ့်မယ်..."
လုယွီက တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းသည်။
"စာပေသူတော်စင်တွေတောင်မှ ဒီကျိန်စာကို မဖယ်ရှားနိုင်ဘူးလား"
ကျိုးကောင်းက ခေါင်းခါပြလေ၏။
"ကွယ်လွန်သူဧကရာဇ်နဲ့ စာပေသူတော်စင်တွေက အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ဒီကျိန်စာက မှော်နည်းစနစ်မဟုတ်ဘူးဆိုတာ တွေ့ရှိခဲ့တယ်...ဒါက ကံကြမ္မာကို တိုက်ရိုက်ပြောင်းလဲပစ်တာပဲ ဒါက ကံကြမ္မာပြောင်းလဲခြင်း ဖြစ်ပြီးတော့ ကောင်းကင်ဘုံရဲ့အလိုကို ဆန့်ကျင်လို့မရဘူး....ပြောင်းလဲခြင်းကျမ်းတောင်မှ ဒီကျိန်စာကို မဖျက်ဆီးနိုင်ဘူး"
ကန်မင်းသားနှင့် ကျင်းမင်းသားတို့သည်လည်း သက်ပြင်းရှည်ကြီးများ ရှိုက်လိုက်ကြသည်။ သူတို့သည် ဤအကြောင်းများကို ယခင်ကတည်းက သိထားခဲ့ကြသည်မှာ သိသာထင်ရှားလှ၏။
ကျိုးကောင်းက ဆက်လက်၍ ပြောဆိုသည်။
"ရှေးဦးသက်ရှိတွေ ထပ်ရောက်လာရင် တာယွီအင်ပါယာက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်....လူသားမျိုးနွယ်လည်း ပျက်စီးသွားလိမ့်မယ်.... ဒီအချိန်မှာ ကွယ်လွန်သူဧကရာဇ်ဟာ နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့တယ်... ဒါကတော့ သူ့ကိုယ်သူ သေကြောင်းကြံဖို့ပဲ....သူက လက်ဦးမှုယူပြီး ပြန်လည်ဝင်စားမယ်ဆိုရင် အငြိမ်အနေအထားကနေ အတက်ကြွဆုံးအနေအထားကို ပြောင်းလဲနိုင်ပြီးတော့.... သေချာပေါက်သေရမယ့် အခြေအနေကနေ ရှင်သန်ဖို့ အခွင့်အရေးကို ရှာဖွေနိုင်လိမ့်မယ်"
လုယွီက အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ကျိုးထျန်းယင်၏ ဤလုပ်ရပ်သည် အလွန်အတင့်ရဲသည်ဟု ဆိုနိုင်ပေ၏။
"ထိုက်ချမ်နန်းသက်ဆယ်နှစ်ကနေ စပြီး နဂါးပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူက ကွယ်လွန်သူဧကရာဇ်ရဲ့ ကိုယ်ပွားတစ်ခုပဲ"
ကျိုးကောင်းက ပြောဆိုသည်။
"ဒီအတွက်ကြောင့် ကွယ်လွန်သူဧကရာဇ်ဟာ ထိုက်ချန်နန်းသက်ကိုးနှစ်မှာ စစ်ချီမှုသုံးကြိမ် ပြုလုပ်ခဲ့တယ်...ကောင်းကင်ဘုံနယ်မြေက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကို အညံ့ခံစေဖို့ သူက တင်းမာခက်ထန်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်...ကိုယ်ပွားမှာက မူလစွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲရှိတာကြောင့် ကွယ်လွန်သူဧကရာဇ်က လူတိုင်းက သူ့ကို ကြောက်ရွံ့နေစေချင်ခဲ့တယ်.... သူ့ကို ကြောက်ရွံ့ပြီး မဆန့်ကျင်ရဲအောင် လုပ်ခဲ့တယ်"
ထိုက်ချမ်ဧကရာဇ်၏ ကြီးမြတ်သော စစ်ချီမှုသုံးရပ်...
ထိုက်ချန်နန်းသက်ကိုးနှစ် နွေဦးပေါက်ကာလတွင် တော်ဝင်နန်းတွင်းသည် ပြင်ပဂိုဏ်းအင်အားစုအမြောက်အများကို သိမ်းပိုက်ခဲ့ပြီး မြင့်မြတ်နယ်မြေ သုံးထောင်နှင့် ဂိုဏ်းပေါင်းငါးသိန်းကို ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံနယ်မြေရှိ ဂိုဏ်းအင်အားစုများသည် ကြောက်ရွံ့မှုကြောင့် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တော်ဝင်နန်းတွင်း၏အမိန့်အာဏာကို နာခံခဲ့ကြသည်။
ထိုက်ချမ်နန်းသက်ကိုးနှစ် နွေရာသီတွင် တော်ဝင်နန်းတွင်းသည် နတ်ဆိုးသားရဲမျိုးနွယ်၏ ပုန်ကန်မှုကို နှိမ်နင်းခဲ့ပြီး နတ်ဆိုးသားရဲသူတော်စင်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ သူတော်စင်ပင်လယ်ကြယ်မြစ်မှ ပင်လယ်သူတော်စင်သည် ထိုအချိန်တွင် အသတ်ခံခဲ့ရသည်။ ထို့နောက်တွင် နတ်ဆိုးသားရဲမျိုးနွယ်သည် သတ်မှတ်ထားသော နေရာတွင် နေထိုင်ကာ လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ နေထိုင်ခဲ့သည်။
ထိုက်ချမ်နန်းသက်ကိုးနှစ် ဆောင်းဦးကာလတွင် တော်ဝင်စစ်တပ်သည် လောကနှစ်ခုတောင်တန်းသို့ ခြေချခဲ့ပြီး နတ်ဆိုးနယ်မြေကို စတင်တိုက်ခိုက်ခဲ့သည်။ သူတို့သည် ရှေးဟောင်းနတ်ဆိုး သန်းခုနစ်ဆယ်ကို သတ်ဖြတ်ခဲ့ပြီး ရှေးဟောင်းနတ်ဆိုးများ၏ အင်အားကို သိသိသာသာ လျော့ကျသွားစေခဲ့သည်။ အချိန်အတော်ကြာသည်အထိ ရှေးဟောင်းနတ်ဆိုးသည် လောကနှစ်ခုတောင်တန်းကို ထပ်မံ၍ကျူးကျော်ခြင်း မပြုရဲတော့ချေ။
ထိုက်ချမ်ဧကရာဇ်၏ ကြီးမြတ်သော စစ်ချီမှုသုံးရပ်သည် ငွေအမြောက်အများကို အသုံးပြုခဲ့ပြီး နေရာအနှံ့အပြားမှ အခွန်အခများသည်လည်း ကြီးလေးခဲ့ပေ၏။ တော်ဝင်နန်းတွင်းသည် ကွန်ဖြူးရှပ်ဂိုဏ်း၏ ဝေဖန်မှုကို အစဥ်အမြဲခံယူခဲ့ရသည်။ လူအများက ထိုက်ချမ်ဧကရာဇ်သည် စစ်တိုက်ရသည်ကို အလွန်ပျော်ရွှင်နေပြီး ပြည်သူလူထု၏အသက်အိုးအိမ်ကို ဂရုမစိုက်ဟု ယုံကြည်ခဲ့ကြသည်။ ဆက်တိုက်ဖြစ်ပွားသော စစ်ပွဲများကြောင့် အင်ပါယာဘဏ္ဍာတိုက်ရှိ ငွေကြေးနှင့်စားနပ်ရိက္ခာများအားလုံးကို ကုန်ခမ်းစေခဲ့သည်။
သို့ရာတွင် သူတို့ ဝေဖန်ခဲ့သော ထိုက်ချမ်ဧကရာဇ်သည် လွန်ခဲ့သော ထိုက်ချန်နန်းသက်ကိုးနှစ် ဆောင်းရာသီတွင် တိတ်တဆိတ် ကွယ်လွန်သွားခဲ့သည်ကို မည်သူမျှ မသိခဲ့ကြချေ။
"သူက တကယ့်ကို ဒီလိုနည်းလမ်းကို စဉ်းစားနိုင်ခဲ့တာပဲ"
လုယွီက သက်ပြင်းရှိုက်လိုက်သည်။
ကျိုးကောင်းက ခေါင်းညိတ်ပြလေ၏။
"ကွယ်လွန်သူဧကရာဇ်က ဒီကိစ္စတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်.. ဒီကောင်းကင်ဘုံနယ်မြေမှာ ဘယ်သူမှ သူ့ရဲ့အမိန့်ကို မနာခံဘဲ မနေရဲကြဘူး...သူဟာ ကောင်းကင်ဘုံနယ်မြေရဲ့ အုပ်စိုးသူအရှင်ပဲ.... မရေမတွက်နိုင်တဲ့ တာအိုသခင်တွေတောင် သူ့ကို အရှုံးပေးအညံ့ခံခဲ့ရတယ်..."
"ဒါကြောင့် ထိုက်ချမ်နန်းသက်ကိုးနှစ် ဆောင်းရာသီညတစ်ညမှာ ကွယ်လွန်သူဧကရာဇ်က ဒီအစေခံအိုကြီးအတွက် ပိုးထည်အိတ်တစ်လုံး ချန်ထားခဲ့ပြီးတော့ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်"
"အဲဒီနောက်မှာ ကွယ်လွန်သူဧကရာဇ်က အုပ်စိုးသူအရှင်တစ်ယောက်ရဲ့ စွမ်းအားနဲ့ မိုးကောင်းကင်တာအိုရဲ့ ပြန်လည်ဝင်စားခြင်းကို တွန်းလှန်ခဲ့တယ်...ရှေးဟောင်းသက်ရှိတွေရဲ့ အာရုံခံမှုကို ရှောင်ရှားနိုင်ဖို့အတွက် သူရဲ့ဝိညာဉ်ကို ဆောင်တိုင်းပြည် ပင်းလျန်မြို့က ချမ်းသာတဲ့ကုန်သည်တစ်ဦးရဲ့ အိမ်ကို ပို့ဆောင်ခဲ့ပြီးတော့ သာမန်လူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခဲ့တယ်"
"ဒီအစေခံအိုကြီးက သူ့ကို တစ်လျှောက်လုံး စောင့်ကြည့်ခဲ့ပေမဲ့ သိပ်ပြီး ဝင်မစွက်ဖက်ခဲ့ဘူး... မမျှော်လင့်ထားတဲ့ ကိစ္စတွေသာ ဖြစ်မလာခဲ့ရင် ကွယ်လွန်သူဧကရာဇ်ရဲ့ ပြန်လည်ဝင်စားခြင်းက ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုမှာ ကြီးပြင်းရှင်သန်လာမှာပါ..."
"ဒါပေမဲ့ ဘယ်သူက တွေးထင်မိမှာလဲ.. အဲဒီနှစ် က ပင်းလျန်မြို့မှာ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီ ချမ်းသာတဲ့ကုန်သည်မိသားစုက စီးပွားကျသွားခဲ့တယ်... သူတို့က ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ထပ်ပြီးခံခဲ့ရတယ်...သခင်မကြီးက ကွယ်လွန်သူဧကရာဇ်ကနေ ပြန်လည်ဝင်စားလာတဲ့ ကလေးကို မွေးဖွားပြီးတော့ သေဆုံးသွားတယ်...လူချမ်းသာကုန်သည်ကလည်း ရန်သူတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်...အချိန်တခဏတာအတွင်းမှာပဲ ကွယ်လွန်သူဧကရာဇ်ရဲ့ ပြန်လည်ဝင်စားခြင်းက ပြန်စရာအိမ်မရှိတဲ့ မိဘမဲ့တစ်ဦး ဖြစ်သွားခဲ့တယ်"
Chapter 4995
လုယွီ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါသွားသည်။ သူသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤမယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲပင်။
သူသည် သူ၏ နောက်ခံကို မရေမတွက်နိုင်အောင် စဉ်းစားခဲ့ဖူးသည်။ သို့ရာတွင် ထိုအချိန်တွင် သာမန်မြို့ကြီးများ၌ ငတ်မွတ်ခေါင်းပါး၍ သေဆုံးသွားသော အလောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ကလေးအမြောက်အများသည် အိမ်ခြေရာမဲ့ မိဘမဲ့များ ဖြစ်ခဲ့ကြပေ၏။ နောက်ပိုင်းတွင် လုယွီသည် လူလွှတ်၍ စုံစမ်းခဲ့သော်လည်း သူ၏နောက်ကြောင်းကို မသိခဲ့ရချေ။
သို့ရာတွင် လုယွီသည် သူ့ထံ၌ ဤကဲ့သို့ နောက်ခံမျိုး ရှိနေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ပေ။
ကျိုးကောင်းက လုယွီ၏ တုံ့ပြန်မှုကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သက်ပြင်းရှိုက်လိုက်သည်။
"အဲဒီအချိန်တုန်းက ဒီအစေခံအိုကြီးက အရှင်ကို နန်းတော်ကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့ပါတယ်... ဖူးရှီရဲ့ ကျိန်စာက ရှိနေတုန်းပဲ ဆိုပေမယ့် အများကြီး အားနည်းသွားခဲ့တယ်... အဲဒီအချိန်ကျမှ ဒီအစေခံအိုကြီးက ပိုးထည်အိတ်ကို ဖွင့်ကြည့်ခဲ့တယ်...အဲ့ဒီအချိန်ကျမှ ကွယ်လွန်သူဧကရာဇ်က ဒီကိစ္စအတွက် ကြိုတင်စီစဉ်ထားခဲ့ပြီးသား ဖြစ်နေတယ်ဆိုတာကို သိခဲ့ရတယ်"
ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်တိတ်ဆိတ်နေပေ၏။ ကျိုးယွမ်ယန်၏မျက်လုံးများသည် နီမြန်းနေဆဲဖြစ်ပြီး သူ၏ အသက်ရှုသံများသည် ကျိုးကောင်း ဖြည်းညှင်းစွာ ပြောပြနေသော ဇာတ်ကြောင်းကို နားထောင်ရင်း ပြင်းထန်လာသည်။
"ကွယ်လွန်သူဧကရာဇ်က ဖူးရှီရဲ့ကျိန်စာက အရမ်းပြင်းထန်တာကြောင့် ပြဿနာကို တစ်ကြိမ်တည်းနဲ့ ဖြေရှင်းဖို့ အရမ်းခက်ခဲနိုင်တယ်လို့ ကြိုတင်ခန့်မှန်းခဲ့တယ်... ဒါကြောင့် သူက ပြန်လည်ဝင်စားပြီး ကျိန်စာကို အမြစ်ပြတ်ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်..."
ကျိုးကောင်းက လုယွီကို ကြည့်ပြီး ပြောဆိုသည်။
"ဒါပေမဲ့ အရှင်က နှစ်သစ်ကူးအချိန်မှာ အရမ်းငယ်ရွယ်နေပြီးတော့ အရှင်ရဲ့ဝိညာဉ်ကလည်း မခိုင်မာသေးဘူး....အတင်းအကြပ် ပြန်လည်ဝင်စားရင် အရှင်ရဲ့ဝိညာဉ်က ကြေမွှပျက်စီးသွားနိုင်တယ်...ဒါကြောင့် ဒီကျွန်အိုကြီးက အရှင်ကို သာမန်သေမျိုးလောကမှာ သင်ကြားပေးခဲ့ပြီးတော့ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းစေခဲ့တယ်...အရှင်က သက်ရှိတွေအားလုံးကြားမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းညှိနိုင်ပြီးတော့ နောက်ဆုံးမှာ ဒီကျိန်စာကို တဖြည်းဖြည်း ဖြေရှင်းနိုင်ခဲ့တယ်"
"ဒါကြောင့် အရှင်က ကွယ်လွန်သူဧကရာဇ်ရဲ့ ပြန်လည်ဝင်စားခြင်းပဲ....တိတိကျကျ ပြောရရင် အရှင်က တာယွီအင်ပါယာရဲ့အစစ်အမှန်ဧကရာဇ်ပဲ....."
"အား...."
ထိုအချိန်တွင် တစ်ချိန်လုံး ချုပ်နှောင်ခံထားရသော ကျိုးယွမ်းယန်သည် ရုတ်တရက် ထခုန်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်..ဒီအရှင်က မင်းတို့အားလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"
နံဘေးတွင်ရှိသော ကျင်းမင်းသားသည် အလျင်အမြန် ရှေ့တိုးလာပြီး ကျိုးယွမ်ယန်ကို ထိန်းချုပ်လိုက်သည်။
"ယွမ်ယန်... စိတ်ထိန်းပါ"
ကန်မင်းသားကလည်း ပြောဆိုသည်။
"ဒီကိစ္စက အရမ်းရုတ်တရကဆန်သွားခဲ့တယ်... မင်း ဒါကို ဖြည်းဖြည်းချင်း လက်ခံရမယ်... မဆင်မခြင် မလုပ်နဲ့"
"ဟား ဟား ဟား..."
ကျိုးယွမ်းယန်က ရုတ်တရက် အက်ရှရှရယ်မောလိုက်၏။
"ငါက တစ်ချိန်က ခမည်းတော် အလေးမထားတဲ့ မင်းသားတစ်ပါးပဲ ဖြစ်ခဲ့တယ်... ခမည်းတော်လို ဧကရာဇ်တစ်ပါး ဖြစ်လာဖို့ ငါ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီးတော့အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ခဲ့တယ်....ရှမိသားစုရဲ့ ရုပ်သေးတစ်ရုပ် ဖြစ်ရတာကိုတောင် ငါ လက်ခံခဲ့တယ်..."
သူသည် ရုတ်တရက် လုယွီကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါပေမဲ့ ငါ ရင်ဆိုင်ရမယ့် အကြီးမားဆုံးရန်သူက
တကယ်တော့ ငါ့ခမည်းတော်ရဲ့ ပြန်လည်ဝင်စားခြင်း ဖြစ်တယ်လို့ မင်းတို့က ပြောနေတယ်...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ယခင်က ကျိုးယွမ်းယန်သည် လုယွီကို ရိုးတွင်းခြင်ဆီလှိုက်အောင် မုန်းတီးခဲ့သည်။
သို့ရာတွင် ယခုဖြစ်ပျက်သွားသောကိစ္စသည် သူ့ကို အငိုက်ဖမ်းလိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ စိတ်နှလုံးသားအတွင်းမှ ယုံကြည်ချက်များကိုပင် ပြိုလဲသွားစေသည်။
ဝေ့ကျုံးက သက်ပြင်းရှိုက်လိုက်သည်။
"အရှင်ဧကရာဇ်ရဲ့ကိစ္စက လျှို့ဝှက်ထားတာပါ...စာပေသူတော်စင်သုံးပါးနဲ့ ဘိုးဘေးတွေကလွဲရင် ငါတို့လည်း ဒီကိစ္စကို အခုမှ သိရတာပါ"
ကန်မင်းသားနှင့် ကျင်းမင်းသားတို့သည်လည်း ခေါင်းခါကာ သက်ပြင်းရှိုက်လိုက်ကြသည်။
ဤကိစ္စသည် သူတို့အတွက် အလွန်တုန်လှုပ်ဖွယ်ကောင်းပေ၏။ သူတို့သည် ဤကိစ္စကိုသိပြီးနောက် စိတ်တည်ငြိမ်သွားစေရန် အချိန်အတော်ကြာ ယူခဲ့ရသည်။ ထီးနန်းကို အလွန်အရေးကြီးသည်ဟု ယူဆသော လက်ရှိဧကရာဇ် ကျိုးယွမ်ယန်အတွက်ဆိုလျှင် ထည့်ပြောရန်ပင် မလိုတော့ချေ။
"လုယွီ.. မင်းက ငါ့ခမည်းတော်ရဲ့ ပြန်လည်ဝင်စားခြင်း ဖြစ်တော့ရော ဘာဖြစ်လဲ... ငါက သေသွားရင်တောင် ဧကရာဇ်ပဲ...ငါ မင်းကို ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး"
ကျိုးယွမ်းယန်၏ မျက်လုံးများအတွင်းတွင် ရုတ်တရက် အနီရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူသည် သူ၏အင်္ကျီလက်ကြားမှ ဓားမြှောင်တစ်လက်ကို ထုတ်ကာ သူ၏လည်ပင်းကို ထိုးစိုက်လိုက်သည်။
"ဟမ့်..."
လုယွီက အေးစက်စက် နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် လက်ကိုမြှောက်ပြီး ဝှေ့ယမ်းလိုက်ရာ ဓားမြှောင်သည် လွင့်ထွက်သွားပေ၏
ထို့နောက် လုယွီသည် ကျိုးယွမ်းယန်၏ လည်ပင်းနောက်ကို တစ်ချက်ရိုက်ပြီး သူ့ကို သတိလစ်မေ့မျောသွားစေသည်။
ကျိုးယွမ်းယန်သည် ကန်မင်းသား၏ လက်မောင်းအကြားသို့ ပျော့ခွေကျသွားပြီး သူက ပွေ့ချီလိုက်သည်။
ဤအချိန်တွင် ကျိုးယွမ်းယန်သည် သူ၏ သက်တမ်းများစွာကို ဆုံးရှုံးခဲ့ရသည်။ သူသည် သေခါနီး အဘိုးအိုတစ်ဦးနှင့် တူနေပေ၏။ သူသည် သေလုမျောပါးဖြစ်နေပြီး သူ၏မျက်နှာ ဖြူဖျော့နေသည်။
ကန်မင်းသားသည် သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။ ထို့နောက်သူသည် ကျိုးယွမ်းယန်၏ နှလုံးသွေးကြောကို ကာကွယ်ရန် မှော်စွမ်းအားအမြောက်အများအကို ထည့်သွင်းပေးလိုက်သည်။
"မင်းသိသမျှ အကုန်ပြောပြစမ်း..."
လုယွီက ကျိုးကောင်းကိုကြည့်ပြီး အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။