← Chapters

အခန်း (၄၉၉၆-၅၀၀၀)

Vol. 253 Ch. 4996-5000

အခန်း (၄၉၉၆-၅၀၀၀)

Vol. 253 Ch. 4996-5000

Chapter 4996

ကျိုးကောင်းက ရိုသေလေးစားစွာ ပြောဆိုသည်။

"ဒီအစေခံအိုကြီးက ကွယ်လွန်သူဧကရာဇ်ကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာကြောင့် အရှင်ဘေးမှာ အကြာကြီး မနေနိုင်ပါဘူး.... မဟုတ်ရင် ရှေးဟောင်းသက်ရှိတွေရဲ့ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်မိလိမ့်မယ်....ဒါကြောင့် ဒီအစေခံအိုကြီးက အရှင်ရဲ့ တာအိုဓမ္မအစောင့်အရှောက်အဖြစ် နဂါးအစောင့်တပ်က အမျိုးသမီးတစ်ယောက်ကို ရွေးချယ်ခဲ့တယ်"

"သူက နဂါးအစောင့်တပ်ရဲ့ ချင်မိသားစုဝင်ဖြစ်ပြီး သူရဲ့နာမည်က ယဲ့ရွှယ်လန်ပါ..."

လုယွီ၏စိတ်နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ချေ။

ကျိုးကောင်းကက ဆက်လက်၍ ပြောဆိုလိုက်၏။

"အရှင်က တစ်ဆင့်ပြီးတစ်ဆင့် ကြီးပြင်းလာခဲ့တယ်...နောက်ဆုံးမှာ အရှင့်ရဲ့နာမည်က ကောင်းကင်ဘုံနယ်မြေကို တုန်လှုပ်စေပြီးတော့ အရှင်က တာအိုသခင်တစ်ယောက် ဖြစ်လာခဲ့တယ်....ကွယ်လွန်သူဧကရာဇ်ရဲ့ အစီအစဉ်အရဆိုရင် ကွယ်လွန်သူဧကရာဇ်ရဲ့ကိုယ်ပွားက အရှင်ကို လက်ဦးမှုယူပြီး ရှာဖွေမှာပါ...ပြီးရင် ဒုတိယဘဝကို သတ်ပြီး စိတ်ဝိညာဉ်နှစ်ခုကို ပြန်ပြီးပေါင်းစည်းရမယ်...အဲ့ဒီနောက် လောကကြီးပေါ်မှာ မြေအောက်လောက တာအိုသခင်ဆိုတာ မရှိနိုင်တော့ဘူး... အရှင်ကလည်း ရှေးဦးသက်ရှိတွေရဲ့ နားမျက်စိတွေကို ရှောင်ရှားနိုင်လိမ့်မယ်... ဒါပြီးမှ အရှင်က တတိယဘဝကို လျှို့ဝှက်ပြီး ဝင်ရောက်ရမယ်..."

"ဒီတတိယဘဝမှာ တော်ဝင်မိသားစုဝင်တစ်ယောက်ကို ရွေးချယ်မှာပါ...အဲဒီနောက် ကွယ်လွန်သူဧကရာဇ်ရဲ့ကိုယ်ပွား မပျက်စီးခင်မှာ သူ့ကို တတိယဘဝဆီ ပို့ဆောင်ပေးမှာပါ.... သူက အာဏာလွှဲပြောင်းမှုကို အောင်မြင်စွာ ဆက်ခံနိုင်ပြီးတော့ ကျိန်စာကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်"

လုယွီ၏မျက်လုံးအကြည့် အေးစက်တင်းမာနေသည်။

"ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး..."

"အမှန်ပါပဲ...."

ကျိုးကောင်းက သက်ပြင်းရှည်ကြီးရှိုက်လိုက်သည်။

"အပြောင်းအလဲတစ်ခုကတော့ အရှင်က ဒုတိယဘဝမှာ အရမ်းမြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့တာပဲ... အရှင်က တာအိုသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီးတာနဲ့ ထိပ်သီးတာအိုသခင်တွေရဲ့ အဆင့်ကို ရောက်သွားခဲ့တယ်.... ကွယ်လွန်သူဧကရာဇ်ရဲ့ ကိုယ်ပွားမှာ သူ့စွမ်းအားရဲ့ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်...သူက တာအိုသခင်ယို့မင်ကို သတ်နိုင်မှာ မဟုတ်ဘူး..."

"ဒုတိယအပြောင်းအလဲကတော့ ရှန်လင်းလုံပါပဲ..."

ကျိုးကောင်းက လုယွီကိုကြည့်ပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလေ၏။

"အဲ့ဒီမဟာတိုက်ပွဲကြီးအတွင်းမှာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုတွေအားလုံးက တိုက်ပွဲပေါ်မှာပဲ ရှိနေခဲ့တယ်...ဒါပေမဲ့ ရှန်လင်းလုံက တာအိုသခင်တွေအများကြီးနဲ့ ပူးပေါင်းပြီးတော့ အရှင်တို့ကို ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားမိဘူး"

လုယွီ၏အသက်ရှုသံများ ပို၍ပို၍ ပြင်းထန်လာသည်။ သူ၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ရှန်လင်းလုံက ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်...သူက အောင်ပွဲက သူ့ရဲ့လက်ထဲမှာ ရှိနေပြီလို့ ထင်ခဲ့တယ်.. ဒါပေမဲ့ သူက ကွယ်လွန်သူဧကရာဇ်ရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မထားခဲ့မိဘူး...."

ကျိုးကောင်းက ပြောဆိုသည်။

"သူမရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ကွယ်လွန်သူဧကရာဇ်က ဖူရှီးရဲ့ကျိန်စာကို မတော်တဆ ဖော်ထုတ်မိသွားပြီးတော့ ရှေးဟောင်းသက်ရှိတွေကို အာရုံခံမိစေခဲ့တယ်"

"အဲ့ဒီတိုက်ပွဲအတွင်းမှာ ပြင်းထန်တဲ့ မိုးကြိုးလှိုင်းတွေ မိုးကောင်းကင်ကနေ ကျရောက်လာခဲ့တယ်.... စာပေသူတော်စင်သုံးပါးက ပူးပေါင်းပြီးတော့ အဲ့ဒီမိုးကြိုးကို ကိုးဆယ်ရာခိုင်နှုန်း အားပျော့သွားအောင် လုပ်နိုင်ခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးကြွင်းကျန်တဲ့ မိုးကြိုးဆယ်ရာခိုင်နှုန်းရဲ့ စွမ်းအားကြောင့် တာယွီရဲ့ နဂါးသွေးကြောမှာ အက်ကြောင်းတွေ ပေါ်လာပြီးတော့ လုံးပါးပါးလုနီးပါး ဖြစ်သွားခဲ့တယ်"

လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပြီး နွားရိုင်းစီးအဘိုးအိုသည် ချင်အင်ပါယာ၏နဂါးသွေးကြောကို ချိုးဖျက်ခဲ့သည်အား အမှတ်ရလိုက်သည်။

အစွမ်းထက်ပြီး အင်အားကောင်းသော အင်ပါယာတစ်ခုသည် ထိုရှေးဟောင်းသက်ရှိများ၏ ရှေ့တွင် အလွန်အားနည်းနေပုံရကာ တစ်ချက်တည်းသော တိုက်ခိုက်မှုကိုပင် မခုခံနိုင်ခဲ့ချေ။

အတိတ်တွင် စာပေသူတော်စင်သုံးပါးသည် ကောင်းကင်ဘုံမိုးကြိုးကို မူလစွမ်းအား၏ဆယ်ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ သူတို့သည် ဤကိစ္စအတွက် ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရမည်မှာ သိသာထင်ရှားလှ၏။

ကျိုးကောင်းက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"အဲ့ဒီအချိန်တုန်းက ဒီအစေခံအိုကြီးက ဒေါသထွက်ပြီး ရှန်လင်းလုံကို သတ်ချင်ခဲ့တယ်.... မမျှော်လင့်ဘဲ စာပေသူတော်စင်ရီက ဒီအစေခံအိုကြီးကို တားခဲ့တယ်... အရှင်က အောင်မြင်စွာ ပြန်လည်ဝင်စားနိုင်ပြီးတော့ စိတ်ဝိညာဉ်ကို အောက်ဘုံတစ်ခုဆီ ပို့ဆောင်ခဲ့တယ်လို့ သူက ပြောခဲ့တယ်...နောက်ဆုံးတော့ အရှင်က တတိယဘဝကို အောင်အောင်မြင်မြင် စတင်နိုင်ခဲ့တယ်"

"အဲ့ဒီအချိန်တုန်းက တာယွီရဲ့ နဂါးသွေးကြောက ပျက်စီးလုနီးပါးဖြစ်နေပြီးတော့ ကံကြမ္မာစွမ်းအားတွေ မတည်ငြိမ်တော့ဘူး...ဒါက လောကကြီးတခွင်လုံး ပရမ်းပတာဖြစ်လာမယ့် နိမိတ်လက္ခဏာပဲ.... ဒါပေမဲ့ မင်းသားတွေထဲက ဘယ်သူမှ ဒီလောက်ကြီးမားတဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ဘူး...စာပေသူတော်စင်သုံးပါးရဲ့ တိုင်ပင်ဆွေးနွေးမှုအပြီးမှာ သူတို့က ရှန်လင်းလုံကို ဧကရာဇ်ဖြစ်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်... အိမ်ရှေ့စံမင်းသားကတော့ ကျိုးမိသားစုဝင်တစ်ယောက်ကို ခန့်အပ်ခဲ့တယ်"

"အဲ့ဒီလိုဆိုရင် ရှန်လင်းလုံက လောကကြီးထဲက ပရမ်းပတာကိစ္စတွေကို ရင်ဆိုင်ရမယ့်သူ ဖြစ်လာလိမ့်မယ်...ကျွန်တော့်တို့ကျိုးမိသားစုကတော့ နောက်ကိုဆုတ်ခွာပြီး ကျွန်တော်တို့ရဲ့ အင်အားကို ယာယီထိန်းသိမ်းထားနိုင်မှာပါ..."

ဤစကားများကို ကြားပြီးနောက် တခြားမည်သည့်အရာကိုမျှ ထပ်ပြောရန် မလိုတော့ချေ။

လုယွီသည် နောက်ဆက်တွဲဖြစ်ရပ်များကို သိရှိသွားလေပြီ။

ရှန်လင်းလုံသည် လူသားဧကရာဇ်ဓားကို ထိန်းချုပ်နိုင်သောကြောင့် ဧကရာဇ်ဖြစ်လာခဲ့ပုံရသည်။ အမှန်အားဖြင့် ဤသည်မှာ ကျိုးမိသားစုက တမင်သက်သက် အလျှော့ပေးခဲ့ခြင်းပင်။

ကျိုးယွမ်းယန်ကမူ အစားထိုးခံတစ်ယောက်မျှသာ ဖြစ်သည်။

ရှမိသားစုက သူ့ကို ရုပ်သေးရုပ်အဖြစ် သတ်မှတ်ခဲ့ပြီး ကျိုးမိသားစုကမူ သူ့ကို နယ်ရုပ်အဖြစ် သတ်မှတ်ခဲ့လေ၏။

သို့ရာတွင် လုယွီသည်လည်း အမှောင်အတွင်းတွင် ထားခံခဲ့ရသည်။ သူသည် ကျိုးထျန်းယင်ကို သတ်ခဲ့သူဟု တွေးထင်ခဲ့သော်လည်း အမှန်အားဖြင့် ဤသည်မှာ ယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့သော ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သည်။

Chapter 4997

စကြာဝဠာနန်းတော်အတွင်း၌ သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ် ဖြတ်သန်းသွားရာ ကျိုးကောင်းနှင့်မင်းသားနှစ်ပါး၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်။

"ဒါဆို ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဖူးရှီကျိန်စာက ပျက်ပြယ်သွားပြီလို့ ဆိုလိုတာလား"

လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ကျိုးကောင်းက လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလေ၏။

"စာပေသူတော်စင်ရီဟန် တစ်ခါက ပြောဖူးတယ်...ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံကို ကြီးမားတဲ့ ဥပဒေသကမ္ဘာတစ်ခုက ဖုံးလွှမ်းထားတယ်.... ဒါက ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို ကန့်သတ်ထားပုံရပေမဲ့ တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံနယ်မြေထဲက သက်ရှိတွေအားလုံးကို ကာကွယ်ပေးထားတယ်"

"ရှေးဦးသက်ရှိတွေက ဥပဒေသကမ္ဘာရဲ့ အပြင်ဘက်မှာ ရှိနေတာကြောင့် သူတို့ ဝင်လာလို့မရဘူး....သူတို့က အတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာကိုသိဖို့ အာရုံခံစားမှုနည်းလမ်း တစ်ခုနှစ်ခုပဲ သုံးနိုင်တယ်.... ကျိန်စာထွက်ပေါ်လာတာနဲ့ ရှေးဦးသက်ရှိတွေက အရှင့်ကို မလွဲမသွေ အပြစ်ပေးမှာပါ...အရှင်က လုံးဝထိခိုက်ဒဏ်ရာမရတဲ့အတွက် ကျိန်စာက ပျယ်ပြယ်သွားပြီလို့ ထင်ရတယ်"

လုယွီ၏မျက်လုံးများ တောက်ပလာသည်။

သူ ရွှယ်အင်မော်တယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်ခဲ့စဉ်က ကောင်းကင်ဘုံမိုးကြိုးများ နေရာအနှံ့ ပြန့်ကျဲသွားပြီး မိုးကြိုးပင်လယ်အပြင်ဘက်ရှိ ရှေးဦးသက်ရှိကို မြင်တွေ့ခဲ့ရသည်။

ထိုရှေးဦးသက်ရှိသည် အစွမ်းထက်သော်လည်း မိုးကောင်းကင်တာအိုကို ထွင်းဖောက်ပြီး ကောင်းကင်ဘုံနယ်မြေသို့ ရောက်မလာနိုင်ခဲ့ချေ။

ကျိုးကောင်းသည် ရုတ်တရက် သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူကာ သူ၏လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

ထိုသစ်သားသေတ္တာကို အဖိုးတန်သစ်သားဖြင့် ပြုလုပ်ထားပေ၏။ သစ်သားသေတ္တာ၏ မျက်နှာပြင်တွင် ကျိုးတော်ဝင်မိသားစု၏ နဂါးအမှတ်အသားများကို ထွင်းထုထားကာ မှော်စွမ်းအားလှုပ်ခတ်မှုအနည်းငယ်လည်း ရှိနေသည်။ ဤသေတ္တာအတွင်းတွင် အလွန်အဖိုးတန်သော အရာတစ်ခု ရှိနေသည်မှာ သိသာထင်ရှားသည်။

စကြာဝဠာခန်းမဆောင်မှနေ၍ အစွမ်းထက်သော ဧကရာဇ်အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

ဤအချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေသော အရာရှိများသည် သူတို့၏ ကျောရိုးတလျှောက် အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့အနက်မှအများစုသည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး ခေါင်းပင် မမော့ရဲကြချေ။

...

နန်းတော်အတွင်းပိုင်း၌...

မီဖေးသည် စကြာဝဠာခန်းမဆောင်ဘက်သို့ ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရုတ်တရက် ထထိုင်လိုက်သည်။ သိသာရှင်းလင်းသော မျက်ရည်စီးကြောင်းနှစ်ကြောင်းသည် သူမ၏ မျက်လုံးအတွင်းမှ ကျလာပေ၏။

"မီဖေး..."

မီဖေး၏ နံဘေးတွင်ရှိနေသော ကျန်းယုချင်သည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိတော့ချေ။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ကျန်းယုချင်ကို တည်တည်ငြိမ်ငြိမ်နေရန် အမြဲတစေ တိုက်တွန်းခဲ့သော မီဖေးသည် သူမ၏ အိပ်ရာပေါ်မှ ထကာ စကြာဝဠာခန်းမဆောင်ဘက်သို့ အပြေးသွားတော့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်.... ဟောပြောခန်းမ...

"အစ်ကိုကြီးထျန်းယင်...ရှင် အသက်ရှင်နေသေးတာလား....."

ကျင်းဖေးသည် သူမ၏လက်အတွင်းမှ စာအုပ်ကို ချလိုက်ပြီး မိုးကောင်းကင်၌ မထင်မရှားမြင်နေရသော အရှိန်အဝါကို ရုတ်တရက် ကြည့်လိုက်သည်။ သူမ၏မျက်လုံးများအတွင်းတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။

နောက်ထပ်အချိန်တခဏတွင် သူမသည် ဟောပြောခန်းမအတွင်းမှ မှင်တက်နေသော ကျောင်းတော်သားများကို ချန်ထားခဲ့ကာ မိုးကောင်းကင်အတွင်းသို့ ပျံသန်းသွားသည်။

ကြယ်တာရာကောင်းကင်၌...

လှပပြီး ကျက်သရေရှိသော အမျိုးသမီးအချို့သည် နတ်ဘုရားအလင်းတန်းများ သို့မဟုတ် မြင့်မြတ်သောသားရဲများကို စီးနင်းကာ ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် မြို့တော်ဘက်သို့ ဦးတည်နေကြသည်။

ဤအမျိုးသမီးများအနက်မှ တစ်ဦးချင်းစီတွင် အစွမ်းထက်သော နောက်ခံရှိကြသည်။ သူတို့သည် အဆင့်မြင့်နတ်ဘုရားမများ သို့မဟုတ် မြင့်မြတ်နယ်မြေများ၏အရှင်မများ ဖြစ်ကြပေ၏။

သို့ရာတွင် သူမတို့အားလုံး၌ အတိတ်က တူညီသော နောက်ကြောင်းတစ်ခု ရှိခဲ့သည်။

ထိုက်ချမ်ဧကရာဇ်၏ ကြင်ယာတော်များ...

ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့သည် ထိုက်ချမ်ဧကရာဇ်၏ အရှိန်အဝါကို တဖန်ပြန်၍ ခံစားလိုက်ရသည်။

တော်ဝင်မြို့တော်သည် သူမတို့၏ ရှေ့တွင် ရှိနေလေပြီ။ ဤအတိတ်က ကြင်ယာတော်များသည် သူမတို့၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ထိုအရှိန်အဝါ ထွက်ပေါ်လာသည့် နေရာသို့ အလျင်အမြန်သွားလိုကြသည်။

...

စကြာဝဠာခန်းမဆောင်အတွင်း၌...

"ဒါက ဘာပစ္စည်းလဲ"

လုယွီက မေးမြန်းလိုက်သည်။

"ဒါက ကွယ်လွန်သူဧကရာဇ်ရဲ့ နောက်ဆုံးအကြွင်းအကျန်စိတ်ဝိညာဉ်ပါ..."

ကျိုးကောင်းက အပြုံးနှင့် ပြောဆိုသည်။

"အရှင်က နောက်ဆုံး အကြွင်းအကျန်စိတ်ဝိညာဉ်အမျှင်တန်းနဲ့ ပေါင်းစည်းလိုက်တာနဲ့ ဘဝသုံးခု ပြန်လည်ဝင်စားနိုင်မှာပါ...ဖူးရှီရဲ့ကျိန်စာအားလုံးကို ဖယ်ရှားနိုင်ရုံတင်မကဘူး အရှင်ရဲ့အတိတ်ကမှတ်ဥာဏ်တွေနဲ့ ပြန်ပေါင်းစပ်ပြီးတော့ ကြီးမားတဲ့ အောင်မြင်မှုကို ရရှိနိုင်မှာပါ"

ဤစကားကိုကြားချိန်တွင် တခြားသူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

ဝေ့ကျုံး လျှူကျင်း ကန်မင်းသားနှင့် ကျင်းမင်းသားတို့၏မျက်လုံးများ တစ်ချိန်တည်းတွင် တောက်ပလာကြသည်။

ကျိုးကောင်းကဲ့သို့ပင် သူတို့သည်လည်း တာယွီနန်းတော်ကို အုပ်စိုးသော ထိုက်ချမ်ဧကရာဇ် ပြန်လည်ရောက်ရှိလာမည်ကို စောင့်မျှော်နေကြသည်။

တာယွီနန်းတော်က ဆက်တိုက်ခံခဲ့ရသော အရှက်တရားများစွာ ရှိခဲ့လေ၏။ ပထမဆုံးအနေဖြင့် ရှန်လင်းလုံသည် ထီးနန်းကို သိမ်းပိုက်သွားခဲ့ကာ ထို့နောက် ထန်အင်ပါယာကို နယ်မြေခွဲဝေပေးခဲ့ရသည်။ ယခုချိန်၌ ဤအရှက်တရားများအားလုံးကို ဆေးကြောနိုင်တော့ပေမည်။

ထိုက်ချမ်ဧကရာဇ် ပြန်လည်ရောက်ရှိလာတော့ပေမည်။

လုယွီသည် သူ၏ လက်ကို သစ်သားသေတ္တာပေါ်တွင်တင်ကာ ထိုအရာပေါ်မှ အရှိန်အဝါကို တိတ်တဆိတ် ခံစားလိုက်သည်။

ထို့နောက် သူသည် သူ၏ လက်ကို ရုတ်တရက် ဖိချလိုက်၏။

ဘုန်း...

သစ်သားသေတ္တာ ချက်ချင်းကြေမွှပျက်စီးသွားသည်။

သေတ္တာအတွင်းမှ အကြွင်းအကျန်စိတ်ဝိညာဉ်သည် သက်ပြင်းရှည်ကြီးတစ်ချက်ရှိုက်လိုက်ပြီးနောက် လုယွီ၏လက်ဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ကျိုးကောင်းသည် သူ၏ရှေ့မှ ကျိုးပဲ့သွားသော သစ်သားသေတ္တာကို ကြောင်ငေးကြည့်ရင်း ကြက်သေသေသွားသည်။

သူသာမက တခြားသူများလည်း နေရာတွင်ပင် မှင်တက်သွားကြ၏။

လုယွီသည် သူ၏ လက်ကို ပြန်ရုတ်သိမ်းကာ ကျိုးကောင်းကိုကြည့်ပြီး တည်ကြည်ပြတ်သားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"သူက သူပဲ ငါက ငါပဲလို့ ...ငါ ပြောခဲ့တယ်ထင်တယ်"

"အခုချိန်ကစပြီး ဒီကမ္ဘာပေါ်မှာ ကျိုးထျန်းယင်ဆိုတာ မရှိတော့ဘူး...ငါ လုယွီပဲ ရှိတယ်..."

"မင်းတို့အားလုံး နားလည်ရဲ့လား...."

Chapter 4998

လုယွီ၏အသံသည် စကြာဝဠာခန်းမဆောင်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

ကျိုးကောင်း၏အသက်ရှုသံများ ပို၍ပို၍ ပြင်းထန်လာသည်။ သူသည် မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော သစ်သားသေတ္တာကို ကြည့်ကာ သူ စိတ်ကူးယဥ်တွေးတောခဲ့သမျှ အရာအားလုံးရယ်စရာပြက်လုံးတစ်ခု ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

"မင်းက ကွယ်လွန်သူဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်တာလား..."

"မင်းက အတင့်ရဲလှချည်လား..."

ကန်မင်းသားနှင့် ကျင်းမင်းသားတို့သည် ဒေါသတကြီး အော်ဟစ်ကာ တစ်ချိန်တည်းတွင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကြသည်။

သူတို့ ဤနေရာသို့ လာရောက်ရခြင်း ရည်ရွယ်ချက်မှာ လုယွီကို နောက်ဆုံးအကြွင်းအကျန်စိတ်ဝိညာဉ်နှင့် ပေါင်းစည်းစေပြီး ထိုက်ချမ်ဧကရာဇ်ကို ပြန်လည်မွေးဖွားစေရန်ပင်။

ဤအဆင့်ကို ပြီးမြောက်သွားသရွေ့ ထိုက်ချမ်ဧကရာဇ်သည် လောကကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး တာယွီအင်ပါယာသည် ယခင်ကဲ့သို့ သြဇာအာဏာကြီးမားသော အခြေအနေမျိုးသို့ ပြန်လည်ရရှိသွားပေမည်။

သို့ရာတွင် အမှန်တရားကို ကြားပြီးနောက် လုယွီသည် ထိုက်ချမ်ဧကရာဇ်၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် ရွေးချယ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

ကျိုးကောင်းသည် ကျိုးပဲ့သွားသော သစ်သားသေတ္တာအတွင်းတွင် မည်သည့်စိတ်ဝိညာဉ်အငွေ့အသက်ကိုမျှ မခံစားရတော့ချေ။

လုယွီသည် အနည်းငယ်မျှ နောက်မတွန့်ခဲ့ပေ။ သူသည် သူ၏လက်ဖြင့် ဖိချလိုက်ပြီး အကြွင်းအကျန်စိတ်ဝိညာဉ်ကို ချက်ချင်းဖျက်ဆီးလိုက်သည်။ ထိုကြောင့် ထိုက်ချမ်ဧကရာဇ် ဆက်လက်၍တည်ရှိရန် မည်သည့်ဖြစ်နိုင်ချေမှ မရှိတော့ချေ။

"မင်းတို့က မကျေနပ်ဘူးလား...."

လုယွီက မင်းသားနှစ်ပါးကိုလှည့်ကြည့်ပြီး စူးရှသောအကြည့်ဖြင့် ရင်ဆိုင်လိုက်၏။

သူသည် အစောပိုင်းအဆင့် တာအိုသခင်နှစ်ဦးကို ခွေးများကို သတ်ဖြတ်သကဲ့သို့ သတ်ဖြတ်နိုင်သည်။

အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်သည် မင်းသားနှစ်ပါးထံသို့ ဦးတည်၍ တိုးဝင်သွားသည်။

ကန်မင်းသားနှင့် ကျင်းမင်းသားတို့၏ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။ သူတို့သည် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ကြ၏။ သူတို့သည် လုယွီထံမှ သတ်ဖြတ်လိုခြင်း အရှိန်အဝါကို အမှန်တကယ် ခံစားလိုက်ရသည်။

"မင်းတို့ရော ကန့်ကွက်စရာ ရှိသေးလား။"

လုယွီက မိန်းမစိုးသုံးဦးကို ကြည့်လိုက်သည်။

ဤမိန်းမစိုးသုံးဦးသည် အတွင်းနန်းတော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။ သူတို့သည် အစွမ်းထက်ရုံသာမက ရာထူးကြီးမြင့်ပြီး ဧကရာဇ်၏ အနီးကပ်အမတ်များလည်း ဖြစ်သည်။

သို့ရာတွင် လုယွီ၏အကြည့်အောက်၌ မိန်းမစိုးသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စကားတစ်ခွန်းမျှ မပြောရဲကြချေ။

နောက်ဆုံးတွင် ကျိုးကောင်းသည် သက်ပြင်းရှည်ကြီးရှိုက်ပြီး လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်၏။

"အတိတ်က မီးခိုးငွေ့တွေလိုပါပဲ... အရှင်ရဲ့လုပ်ရပ်က မှန်ပါတယ်...အရင်ဧကရာဇ်က ကွယ်လွန်သွားခဲ့ပါပြီ... သူ ပြန်မွေးဖွားလာဖို့ ဖြစ်နိုင်ချေ မရှိတော့ပါဘူး..."

"အခုချိန်ကစပြီး ဒီတာယွီအင်ပါယာမှာ အရှင်က အုပ်စိုးသူဧကရာဇ်ဖြစ်လာပြီးတော့ သက်ရှိအားလုံးက အရှင့်ကို ရိုသေလေးစားရမှာပါ"

ဝေ့ကျုံးနှင့် လျှူကျင်းတို့သည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး ခေါင်းပင် မမော့ရဲကြပေ။

ကန်မင်းသားနှင့် ကျင်းမင်းသားတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးအတွင်းမှ မျှော်လင့်ချက်မဲ့မှုအရိပ်အယောင်ကို တခြားတစ်ယောက်က မြင်တွေ့မိလေ၏။

ယခုချိန်၌ လုယွီ အောင်နိုင်သွားပြီဖြစ်ရာ သူတို့ သည် ထိုက်ချန်ဧကရာဇ်ကို ပြန်လည်အသက်သွင်းလိုလျှင်ပင် လုပ်ဆောင်နိုင်သောအရာ မရှိတော့ချေ။

သူတို့၏အတိတ်ဘဝများတွင် မည်သူကမှန်ပြီး မည်သူက မှားသည်ကို တိတိကျကျ ပြောနိုင်မည် မဟုတ်ချေ။

"ဒီလက်အောက်ငယ်သားတွေက အရှင်ဧကရာဇ်ကို အရိုအသေပြုပါတယ်"

သူတို့နှစ်ဦးသည် ခါးသည်းစွာ ပြုံးလိုက်ကြပြီး လုယွီကို ဒူးထောက်အရိုအသေပေးလိုက်ကြသည်။

ဖူးရှီ၏ကျိန်စာကို ဖယ်ရှားရန်အတွက် သူတို့သည် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

စာပေသူတော်စင်သုံးပါးသည် မြို့တော်တွင် မရှိကြဘဲ ကျိုးမိသားစု၏ စုမင်းသားနှင့် ကူမင်းသားတို့သည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့လေပြီ။ ယခုချိန်၌ သူတို့သည် လုယွီကို သတ်ဖြတ်ရန် မဆိုထားနှင့် သူတို့၏ ယခင်ရာထူးကို ထိန်းသိမ်းထားရန်ပင် မလွယ်ကူတော့ချေ။

ဤအချိန်တွင် စကြာဝဠာခန်းမဆောင်၏ နဂါးပလ္လင်သည် ဧကရာဇ်တစ်ပါး ရောက်ရှိလာသည်ကို အာရုံခံမိသည့်အလား ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။

သတ္တုနှင့်ကျောက်တုံးများ ထိခတ်သကဲ့သို့ အသံများနှင့်အတူ နဂါးဟိန်းသံတစ်သံသည် နဂါးပလ္လင်မှတဆင့် တိမ်တိုက်များအတွင်းသို့ မြင့်တက်သွားပေ၏။

လုယွီသည် ခြေတစ်လှမ်းချင်း ရှေ့သို့ လျှောက်လှမ်းသွားပြီး ကျိုးကောင်းနှင့်တခြားမိန်းမစိုးနှစ်ဦးကို ဖြတ်ကျော်သွားသည်။ သူသည် ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော စင်မြင့်ပေါ်သို့ တက်လှမ်းကာ နဂါးပလ္လင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

သူ၏မျက်လုံးများအတွင်းတွင် လောကကြီးကို အထက်စီးမှ ကြည့်နိုင်သော အရှိန်အဝါတစ်ရပ်ရှိနေပုံရသည်။ ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်တစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်ကာ စကြာဝဠာတစ်ခုလုံးကို တုန်ခါသွားစေသည်။

တစ်ချိန်တည်းမှာပင် လေပြင်းတစ်ရပ် တိုက်ခတ်လာကာ စကြာဝဠာခန်းမဆောင်၏ တံခါးများနှင့်ပြတင်းပေါက်အားလုံးကို ပွင့်သွားစေသည်။

ဝုန်း...ဝုန်း

တံခါးများ ပွင့်သွားပြီးနောက် အပြင်ဘက်ရှိ အရာရှိများအားလုံးသည် စကြာဝဠာခန်းမဆောင်အတွင်းမှ မြင်ကွင်းကို မြင်တွေ့လိုက်ကြသည်။

လုယွီသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေလေ၏။

စကြာဝဠာခန်းမဆောင်အတွင်း၌ အတွင်းနန်းတော်တွင် အရည်အချင်းအရှိဆုံး မိန်းမစိုးသုံးဦးနှင့် ကျိုးမိသားစုမှမင်းသားနှစ်ပါး ရှိနေသည်။

တောင်ပိုင်းဧကရာဇ် ကျိုးယွမ်ယန်သည် ခန်းမဆောင်အတွင်းရှိ ကြီးမားသော တိုင်တစ်လုံးကို မှီကာ သတိလစ်မေ့မျောနေသည်။ သူ၏ မျက်နှာသည် အဘိုးအိုတစ်ဦးကဲ့သို့ အိုမင်းနေသည်။ သူသည် နဂါးဝတ်ရုံ ဝတ်မထားပါက ဧကရာဇ်ကျိုးယွမ်ယန်ဖြစ်ကြောင်း မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ချေ။

Chapter 4999

ကျိုးယွမ်းယန်သည် သတိလစ်မေ့မျောနေပြီး လုယွီက နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည်။

ဤအချိန်တွင် တုံ့ပြန်မှုအနှေးကွေးဆုံးသူပင်လျှင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို သိရှိသွားပေမည်။

နဂါးနှစ်ကောင် တိုက်ခိုက်ချိန်၌ ဤလောကကြီးအတွင်းတွင် အနိုင်ရသူ တစ်ဦးတည်းသာ လိုအပ်သည်။ 'အနိုင်ရသူသည် ဘုရင် အရှုံးသမားသည် သူခိုး'ဟူသည်မှာ မပြောင်းလဲနိုင်သော စည်းမျဉ်းတစ်ခုပင်။

"အရှင်ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ..."

ရုတ်တရက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လူတိုင်းသည် ကြက်သေသေနေရာမှ နိုးထလာကြသည်။ သူတို့သည် မြေပြင်ပေါ်တွင် အလျှင်အမြန် ဒူးထောက်ကာ လုယွီဘက်သို့ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"အရှင်ဧကရာဇ်...သက်တော်ရာကျော်ရှည်ပါစေ... သက်တော်ရာကျော်ရှည်ပါစေ..."

ဂုဏ်ပြုစကားသံများသည် နန်းတော်မှနေ၍ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။ နောက်ဆုံးတွင် ဤအသံများသည် တော်ဝင်မြို့တော်၏အထက်ရှိ မိုးကောင်းကင်ယံတခွင်လုံးတွင် ပဲ့တင်ထပ်သွားပေ၏။

အရာရှိများ အမှုထမ်းများ စစ်သားများ ထိပ်သီးမိသားစုများနှင့် ဂိုဏ်းများအားလုံး စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြပြီး ဤအချိန်တွင် ရလဒ်သည် ထွက်ပေါ်လာခဲ့လေပြီ။

မရေမတွက်နိုင်သော နတ်ဘုရား

စိတ်အာရုံများ စကြာဝဠာခန်းမဆောင်သို့ ကျရောက်လာသည်။ သူတို့သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ချောမောခန့်ညားသည့် လူငယ်တစ်ဦးကို မြင်တွေ့မိလေ၏။

လုယွီသည် ကောင်းကင်ဘုံနယ်မြေရှိ သက်ရှိများအားလုံးကို ထိန်းချုပ်သော နတ်ဘုရားဘုရင်တစ်ပါးနှင့် တူညီနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် ဖော်ပြရန်မစွမ်းသော ခန့်ညားထည်ဝါမှု အရှိန်အဝါတစ်ရပ် ရှိနေသည်။

လူအများသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။

ဤသည်မှာ လုယွီ၏ ဖိအားကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ စစ်မှန်သော ဧကရာဇ်တစ်ပါး၏အရှိန်အဝါ ဆင်းသက်လာခြင်းကြောင့် လူအများအား သူတို့၏စိတ်နှလုံးသားများအတွင်းမှ ဒူးထောက်အရိုအသေပြုလိုစိတ်ကို ပေါက်ဖွားစေခြင်းပင်။

ဤသည်မှာ လုယွီသည် လူသားမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ် ဖြစ်သည့်အလားပင်။

ဤသို့သောအခြေအနေမျိုးသည် ရှန်လင်းလုံဖြစ်စေ ကျိုးယွမ်းယန်ဖြစ်စေ ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။

"ယနေ့... အလင်းရောင်ရှိစေ..."

လုယွီက မိုးကောင်းကင်ယံကိုကြည့်ပြီး ပြောဆိုလိုက်သည်။

သူ၏အသံသည် အလွန်တိုးညှင်းသော်လည်း စကြာဝဠာနန်းဆောင်ကို ဖြတ်သန်းပြီးနောက် အဆပေါင်းများစွာ ချဲ့ထွင်သွားသည်။ ဤအသံကို မြို့တော်အတွင်းရှိလူတိုင်း ကြားနိုင်ပေ၏။

ဤအသံသည် နဂါးဟိန်းသံတစ်သံကဲ့သို့ ကြီးမားကျယ်ပြန့်ပြီး အလင်းတန်းတစ်တန်းအလား တိမ်တိုက်များကို ချက်ချင်းထွင်းဖောက်သွားသည်။

အထက်ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ တလိမ့်လိမ့်တက်နေသည်။ သို့ရာတွင် လုယွီ၏ စကားအတိုင်း တိမ်တိုက်များသည် ချက်ချင်းလွင့်ပြယ်သွားပြီး နေရောင်ခြည်သည် မြို့တော်တစ်ခုလုံးပေါ်သို့ တစ်ဖန်ပြန်၍ကျရောက်လာသည်။

သူ၏စကားသည် ဥပဒေဖြစ်ပြီး သူ၏စကားတွင် ကောင်းကင်ဘုံ၏အမိန့်တော် အလားပင်။

"လုယွီ... သူက ဒီလောက်တောင် အစွမ်းထက်သွားပြီလား..."

လူအများ၏ခန္ဓာကိုယ်များ တုန်ရီသွားပြီး အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် မြေပြင်ပေါ်တွင် ရိုသေလေးစားစွာ ဝပ်တွားလိုက်ကြပြီး မည်သည့်မကျေနပ်မှုမျှ မရှိရဲကြချေ။

ဧကရာဇ်အသစ်တစ်ပါး မွေးဖွားလာခြင်းသည် လောကကြီး၏ တုန်လှုပ်ဖွယ် အဖြစ်အပျက်တစ်ခုပင်။ စကြာဝဠာခန်းမဆောင်တွင် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း လုယွီ ယခုအချိန်တွင် ပြသခဲ့သော စွမ်းအားသည် လူအများ၏ အာရုံထွေပြားစေသော အတွေးအားလုံးကို ပျောက်ကွယ်သွားစေသည်။

"ဒါက ကွယ်လွန်သူဧကရာဇ်ရဲ့ မိန်းမစိုး ကျိုးကောင်းပဲ....သူက သီးသန့်နေထိုင်နေတာ မဟုတ်ဘူးလား... ဒီအချိန်မှာ သူက တကယ်ကြီး ထွက်လာတာပဲ..."

"ကျိုးမိသားစုရဲ့ မင်းသားနှစ်ပါးက လုယွီရှေ့မှာ ဒူးထောက်နေတာလား...ကျိုးမိသားစုက လုယွီရဲ့ အဆင့်အတန်းကို အသိအမှတ်ပြုလိုက်ပြီလား...."

"ဒါက သာမန်မဟုတ်ဘူး...ကောင်းကင်ဘုံဧကရီရှန်လင်းလုံ နန်းတက်တုန်းကတောင် ကျိုးမိသားစုက မင်းသားတစ်ပါးမှ မရှိခဲ့ဘူး... လုယွီက ဘယ်လိုလုပ်လိုက်တာလဲ..."

အရာရှိများသည် နတ်ဘုရားစိတ်အာရုံဖြင့် အချင်းချင်း ဆက်သွယ်ပြောဆိုနေကြသော်လည်း လုယွီ၏ မြင့်မြတ်ပြီး ခန့်ညားထည်ဝါသောအရှိန်အဝါရှေ့တွင် မည်သူမျှ စကားတစ်ခွန်း မဆိုရဲကြချေ။

လုယွီသည် ဧကရာဇ်အသစ်ဖြစ်ကြောင်း မည်သူမျှ သံသယမဝင်ရဲပေ။

အရာရှိများအားလုံးအနက် လုအဖွဲ့အစည်းဝင်များနှင့် ပုန်းကွယ်နဂါးစစ်တပ်တို့သည် စိတ်လှုပ်ရှားဆုံးပင်။

သူတို့သည် လုယွီ ဤရာထူးသို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဤလူများကို လုယွီ၏ တိုက်ရိုက်လက်အောက်ငယ်သားများဟု ဆိုနိုင်ပေ၏။

လုယွီသည် ကြီးမြတ်သော ရာထူးကို ဆက်ခံသည်နှင့်အမျှ သူတို့၏ အဆင့်အတန်းသည် အဆများစွာ မြင့်တက်လာပေမည်။ သူတို့သည် နောင်တစ်ချိန်တွင် ဧကရာဇ်၏သစ္စာရှိအမတ်များ ဖြစ်လာကြပေမည်။

ဘုန်း...ဘုန်း...ဘုန်း...

ထိုအချိန်မှာပင် တော်ဝင်နန်းတော်တစ်ခုလုံးမှ ပြင်းထန်သော တုန်ခါသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် မြေပြင်တုန်ခါလာပြီး တောင်များလှုပ်ခတ်သွားကာ မြေပြင်တပြင်လုံး ပြိုကျသွားသည့်အလားပင်။

နန်းတော်အတွင်းပိုင်းမှ နဂါးဟိန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။

ရွှေရောင်နဂါးတစ်ကောင်သည် နန်းတော်မှနေ၍ မိုးကောင်းကင်ယံသို့ ပျံတက်သွားပြီး ထိုအရာမှ ထုတ်လွှတ်သော ဖိအားသည် လူတိုင်းကို ခေါင်းမမော့နိုင်အောင် ဖြစ်စေသည်။

ဤသည်မှာ တာယွီအင်ပါယာ၏ ကံကြမ္မာရွှေရောင်နဂါးဖြစ်ပြီး ကံကြမ္မာစွမ်းအားဖြင့် ဖွဲ့စည်းထားကာ အင်ပါယာတစ်ခု၏ ကြီးပွားတိုးတက်မှုနှင့် ဆုတ်ယုတ်မှုကို ကိုယ်စားပြုသည်။

ရွှေရောင်နဂါးသည် နန်းတော်အထက်ရှိ မိုးကောင်းကင်ယံတွင် ပျံဝဲရင်း ဟိန်းဟောက်သံရှည်ကြီးတစ်ချက်ကို ပြုလုပ်လိုက်သည်။

Chapter 5000

"လာခဲ့စမ်း..."

လုယွီက သူ၏လက်ကိုမြှောက်ပြီး ကံကြမ္မာရွှေရောင်နဂါးကို ဆင့်ခေါ်လိုက်သည်။

မိုးကောင်းကင်တွင် ကျယ်လောင်စွာ ဟိန်းဟောက်နေသော ရွှေရောင်နဂါးသည် ရုတ်တရက် လမ်းကြောင်းပြောင်းကာ လုယွီ၏ နံဘေးသို့ ရောက်ရှိလာသည်။

ဤအချိန်တွင် အစွမ်းထက်သော ချီစွမ်းအားများကို ထုတ်လွှတ်နေသော ရွှေရောင်နဂါးသည် ရုတ်တရက် ရပ်တန့်သွားပေ၏။ သူသည် လုယွီ၏နံဘေးတွင် အိမ်မွေးသားရဲတစ်ကောင်ကဲ့သို့ နာခံရို့ကျိုးပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

လူတိုင်း၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။ ဤသည်မှာ သူတို့ စဉ်းစားရန်ပင် မဝံ့ရဲသော ကိစ္စတစ်ခုပင်။

ဤရွှေရောင်နဂါး၏ခန္ဓာကိုယ်တွင် တာယွီအင်ပါယာရှိ သန်းရာနှင့်ချီသော သက်ရှိများ၏ ကံကြမ္မာများ ပါဝင်နေသည်။ ဤအရာသည် အစွမ်းထက်ရုံသာမက ထိန်းချုပ်ရန်လည်း အလွန်ခက်ခဲသည်။

ဧကရာဇ်သည် အင်ပါယာ၏ကံကြမ္မာကို ထိန်းချုပ်နိုင်သော်လည်း အခြေခံကျသော ကွဲပြားခြားနားချက်နှစ်ခု ရှိသည်။ တစ်ခုသည် ကံကြမ္မာကိုထိန်းချုပ်ခြင်းဖြစ်ပြီး နောက်တစ်ခုသည် ကံကြမ္မာကိုစီမံခန့်ခွဲခြင်ပင်။

"ကောင်းကင်ဘုံဧကရီလင်းလုံတောင် ဒါကို မလုပ်နိုင်ခဲ့ဘူး...တာယွီရဲ့ ကံကြမ္မာရွှေရောင်နဂါးကို သူက အကြွင်းမဲ့ထိန်းချုပ်လိုက်ပြီ"

"မင်းသားနှစ်ပါးက သစ္စာခံကြောင်း ကြေညာတာ အံ့အားသင့်စရာ မရှိတော့ဘူး... လုယွီက အခု အင်ပါယာရဲ့ ကံကြမ္မာကို ဆုပ်ကိုင်ထားပြီ... သူက အစစ်အမှန် ကောင်းကင်ဘုံသားတော်ပဲ.... ကျိုးမိသားစုက ဆန့်ကျင်ရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး..."

အရာရှိများသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး ထပ်ခါတလဲလဲ အံ့အားတသင့် ရေရွတ်နေကြသည်။

သို့ရာတွင် အတွေ့အကြုံပိုရင့်ကျက်သော အရာရှိတချို့ကမူ ဤမြင်ကွင်းသည် အလွန်အကျွမ်းတဝင်ရှိသည်ဟု ခံစားရသည်။ လွန်ခဲ့သော အတိတ်ကာလတွင် ဤကဲ့သို့ အကျွမ်းတဝင်ရှိသော မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့ခဲ့ဖူးပေ၏။

"အရင်တုန်းက ကွယ်လွန်သူဧကရာဇ်က ဒီလိုမျိုး လုပ်နိုင်ခဲ့တယ်..."

ဝှစ်...ဝှစ်...

အရာရှိများ အံ့အားတသင့် ရေရွတ်နေကြစဉ်တွင် အဝေးရှိ မိုးကောင်းကင်မှ ရင်သပ်ရှုမောဖွယ်ကောင်းအောင် ချောမောလှပသော အမျိုးသမီးတချို့ ရုတ်တရက် ပျံသန်းလာကြသည်။ သူမတို့သည် နတ်ဘုရားအလင်းတန်းများကို စီးနင်းလာကာ မိုးကောင်းကင်ယံအတွင်း၌ ရှည်လျားသောအလင်းတန်းများကို ချန်ထားခဲ့သည်။

ဤအမျိုးသမီးများအား ဦးဆောင်သူမှာ မီဖေးပင်။

"လုယွီ..."

မီဖေးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုယွီကို မြင်လိုက်ရသည်။

ဤအချိန်တွင် ကံကြမ္မာရွှေရောင်နဂါးသည် လုယွီ၏နံဘေးတွင် ရစ်ခွေနေသည်။ ထိုနဂါးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောဟိန်းဟောက်သံကို ပြုလုပ်ကာ လုယွီ၏ ဧကရာဇ်အရှိန်အဝါကို ပို၍ပေါ်လွင်စေသည်။

လောကကြီးသည် ကြီးမားကျယ်ပြန့်သော်လည်း လုယွီသည် လောကကြီးအတွင်းရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သော သက်ရှိများအားလုံး၏ အရှင်သခင်နှင့် တူညီသည်။ သူသည် စကြာဝဠာကို သူ၏လက်အတွင်းတွင် ကိုင်ထားပြီး နေနှင့်လပေါ်တွင် မတ်တတ်ရပ်တည်နေကာ လောကကြီးအတွင်းရှိ သက်ရှိများအားလုံးသည် သူ့ကို ဦးညွှတ်အရိုအသေပြုရမည့်အလားပင်။

"သူတော်စင်အရှင်မနီဟွမ်...နတ်ဘုရားမဟန်ယွဲ့... သူတို့အားလုံးက ကွယ်လွန်သူဧကရာဇ်ရဲ့ ကြင်ယာတော်တွေပဲ..."

"ထူးဆန်းလိုက်တာ... သူတို့က ဘာလို့ ဒီနေရာကို ရောက်လာကြတာလဲ..."

အရာရှိများသည် ဤအမျိုးသမီးများ၏ ထွက်ပေါ်လာမှုကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။

ထိုက်ချမ်ဧကရာဇ် ကျဆုံးပြီးကတည်းက အနောက်နန်းဆောင်အတွင်းမှ ကြင်ယာတော်အများစုသည် စိတ်ပျက်အားငယ်ကာ နန်းတော်ကို စွန့်ခွာသွားကြသည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူမတို့အားလုံး အတူတကွ ရောက်လာကြခြင်းမှာ အနည်းငယ်မျှ သဘာဝမကျချေ။

အရာရှိများသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ပတ်ဝန်းကျင်မှ အစွမ်းထက်သော ဖိအားများကို ခံစားနေရသည်။ ထိုက်ချမ်ဧကရာဇ်၏ ကြင်ယာတော်များသည် အစွမ်းထက်ပြီး ထူးခြားသော မှော်စွမ်းအားများ ရှိကြသည်။

ဤဖိအားသည် သူတို့၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး သူတို့ကို နတ်ဘုရားအာရုံဖြင့် ဆက်သွယ်ပြောဆိုခြင်း မပြုရဲအောင် ဖြစ်စေသည်။ သူတို့သည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်နေရုံသာ တတ်နိုင်ကြသည်။

သူမ၏ကျောနောက်တွင် အလင်းစက်ဝိုင်းတစ်ခုတောက်ပနေကာ ခြေဖဝါးအောက်တွင် ကြာပန်းတစ်ပွင့်ရှိသော နတ်ဘုရားမတစ်ပါး ရောက်လာသည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော ခြေတံများကို ရွှေချည်မျှင်များဖြင့် ပတ်ထားပြီး သူမ၏ဟန်ပန်သည် ကျက်သရေရှိပေ၏။ သူမသည် နံရံဆေးရေးပန်းချီများအတွင်းမှ ဘုံကြိုးပြတ်လာသည့် နတ်မိမယ်တစ်ပါးနှင့် တူပြီး သူမ၏နတ်ဘုရားအလင်းရောင်သည် မျက်စိကျိန်းမတတ် အလွန်စူးရှတောက်ပနေသည်။

ဤနတ်ဘုရားမသည် အလွန်ငယ်ရွယ်ပုံရပြီး သူမ၏ပန်းနုရောင်အသားအရည်သည် ကျောက်စိမ်းဖြူကဲ့သို့ နူးညံချောမွတ်နေသည်။ သူမ၏ကိုယ်သင်းရနံ့သည် လေထုအတွင်းတွင် သင်းပျံ့နေကာ သူမသည် ချောမောလှပပြီး အပြစ်အနာအဆာ တစိုးတစိမျှ မရှိချေ။ သူမသည် မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော အရှိန်အဝါကို ပေးစွမ်းနိုင်သည်။

"နင်က မကြာသေးမီက ပြဿနာတွေ အများကြီးဖြစ်စေတဲ့ လုယွီလား..အစ်ကိုကြီးထျန်းယင် ဘယ်မှာလဲ...နင် သူ့ကို ဘာလုပ်လိုက်တာလဲ"

ထိုနတ်ဘုရားမသည် ခြေတစ်လှမ်းရှေ့တိုးပြီး လုယွီကိုကြည့်၍ ရန်လိုသောလေသံဖြင့် ပြောဆိုလိုက်သည်။

သူမ၏နောက်မှ နတ်ဘုရားအလင်းတန်းသည် တောက်ပသော လမင်းအဖြစ် ပြောင်းလဲသွားပြီး အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။ သူမသည် အမှန်တကယ်ကို အဆင့်မြင့်နတ်ဘုရားမတစ်ပါးပင်။

လုယွီက ခြေတစ်လှမ်းချင်း ရှေ့သို့လျှောက်လာသော နတ်ဘုရားမကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများအတွင်းတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ရှိနေပြီး မှတ်ဥာဏ်များသည် သူ၏စိတ်အတွင်းသို့ စီးဝင်လာပေ၏။

သူ၏ရှေ့မှ အမျိုးသမီးသည် ဟန်ယွဲ့နတ်ဘုရားမပင်။ သူမသည် နတ်ဘုရားစာရင်းမှ နတ်ဘုရားအဆင့် ချီးမြှင့်ခံရသော အစစ်အမှန်နတ်ဘုရားမတစ်ပါးပင်။ သူမ အနောက်နန်းဆောင်သို့ ဝင်ရောက်လာချိန်တွင် သူမအား "ကြင်ယာတော်ဟန်" ဟု ဘွဲ့ချီးမြှင့်ခဲ့သည်။

All Chapters