← Chapters

ဝိညာဉ်ဝါးကို ဆီမီးခွက်လုပ်ခြင်း၊ မိစ္ဆာဧကရီတစ်ယောက် တုန်လှုပ်သွားရခြင်း

Vol. 1 Ch. 5

ဝိညာဉ်ဝါးကို ဆီမီးခွက်လုပ်ခြင်း၊ မိစ္ဆာဧကရီတစ်ယောက် တုန်လှုပ်သွားရခြင်း

Vol. 1 Ch. 5

သစ်ပင်အိမ် ဆောက်လုပ်ပြီးစီးသွားခြင်းကြောင့် နွေးထွေးမှုနှင့် လုံခြုံမှုဆိုင်ရာ အဓိကပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သော်လည်း အသေးအဖွဲ ပြဿနာအသစ်တစ်ခုက နောက်ဆက်တွဲပါဝင်လာခဲ့သည်။ အနီရောင်မြေခွေးသားရေ ကာလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းအတွင်းမှာ အမှောင်အတိကျသွားပြီး သားရေစပ်ကြားမှ တိုးဝင်လာသော အလင်းရောင်ရေးရေးလေးသာ ရှိတော့သဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင် မှောင်မည်းနေတော့သည်။

“ငါ့အတွက် ဒီနေရာမှာ အမြဲလင်းနေဖို့လိုအပ်တယ်” လင်းထျန်းလုံက မှောင်ရိပ်ကျနေသော အခန်းအတွင်းကို ဝေ့ဝဲကြည့်ရင်း တွေးလိုက်သည်။

“အဲ့လိုမဟုတ်ရင် ညဘက်ထပြီး ဒီကလေးနှစ်ကောင်ကို ကြည့်ရတာပဲဖြစ်ဖြစ်၊ တခြားကိစ္စလုပ်တာပဲဖြစ်ဖြစ် မျက်စိမှိတ် လမ်းလျှောက်နေရသလို ဖြစ်နေမှာ၊ တော်တော်လေး အဆင်မပြေဘူး”

ထိုသို့တွေးမိလိုက်နှင့် တပြိုင်နက် လက်တွေ့အကောင်အထည်ဖော်ရန် ပြင်ဆင်တော့သည်။ သူက ခေါင်းဖြင့် သားရေလိုက်ကာကို အသာအယာ တွန်းဖွင့်လိုက်ရာ ညနေခင်း နေရောင်ခြည်က အခန်းတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ခဏတာ အမှောင်ရိပ်ပြယ်သွားစေခဲ့သည်။

“အီယား (ဝံပုလွေဖေဖေက အခုဘာလုပ်မလို့ပါလိမ့်)” အမှောင်ထုထဲတွင် မျက်စိကျင့်သားရခါစသာ ရှိသေးသည့် ကလေးငယ်နှစ်ဦးမှာ စူးရှသော နေရောင်ကြောင့် မျက်မှောင်ကြုတ်ရင်း အပြင်ဘက်သို့ လည်ပင်းလေးများ ဆန့်ကာ စူးစမ်းလိုစိတ် အပြည့်ဖြင့်ကြည့်ရှုနေကြလေသည်။

သူတို့ မြင်တွေ့လိုက်ရသည်မှာ လင်းထျန်းလုံသည် သစ်ပင်အိမ်အပြင်ဘက် မြေကွက်လပ်တွင် သူ၏ထက်ရှသော လက်သည်းများကို ကျွမ်းကျွမ်းကျင်ကျင်အသုံးပြု၍ အလွန်ခြောက်သွေ့နေသော ရေညှိများနှင့် ငှက်မွေးအနု အချို့ကို စုဆောင်းကာ မီးစာပုံလေးတစ်ခု ပြုလုပ်နေခြင်းဖြစ်သည်။ ထို့နောက် ရှေ့လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ထက်ရှလွန်းသော လက်သည်းထိပ်ဖြင့် အနက်ရောင် မီးခတ်ကျောက် တစ်ခုကို တိကျမြန်ဆန်စွာ ခြစ်ချလိုက်တော့သည်။

ရှပ်—

မျက်စိကျိန်းမတတ် တောက်ပသော မီးစများ ထွက်ပေါ်လာပြီး ခြောက်သွေ့နေသော မီးစာပုံပေါ်သို့ အတိအကျ ကျရောက်သွားသည်။

မဲပြာရောင် မီးခိုးငွေ့ အနည်းငယ် လိပ်တက်လာပြီးနောက် ‘ဝုန်း’ ခနဲ မြည်ကာ လင်းလက်နေသော မီးတောက်ကလေးတစ်ခု စတင်လောင်ကျွမ်းလာခဲ့လေပြီဖြစ်သည်။

သစ်ပင်အိမ်အတွင်း တိတ်ဆိတ်မှုက တစ်ဖန် ပြန်လည်စိုးမိုးသွားပြီး မီးလောင်ကျွမ်းသံ သဲ့သဲ့ကိုသာ ကြားရတော့သည်။

“ကျောက်နဲ့... မီးကူးတာလား” ရှောင်လန်တစ်ယောက် သူမ၏ ကမ္ဘာကြီးအပေါ် သိရှိနားလည်ထားသမျှအကုန် မြေကြီးပေါ်တွင် ရက်ရက်စက်စက် နင်းချေခံလိုက်ရသလို ခံစားလိုက်ရသည်။

“ဝံပုလွေတစ်ကောင်ကလေ! အရင်ဘ၀က လူသားဧကရီတစ်ပါးနဲ့ မိစ္ဆာဧကရီတစ်ပါးရဲ့ ရှေ့မှာ… အခြေခံအကျဆုံးဖြစ်ပေမဲ့ ထိရောက်တဲ့ နည်းလမ်းကို သုံးပြီး မီးကူးနေတယ်ပေါ့လေ” သူမ၏ အတိတ်ဘဝတွင် မိစ္ဆာမျိုးနွယ်မှ ထူးချွန်သူများက တောင်တန်းများကို မီးရှို့၍ ပင်လယ်များကို ဆူပွက်စေနိုင်သည်အထိ အစွမ်းထက်သည်ကို သူမမြင်ဖူးသော်လည်း ထိုအရာက မိစ္ဆာစွမ်းအား အပေါ်တွင်သာ အခြေခံထားခြင်းဖြစ်သည်။ ကျွမ်းကျင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ နိယာမများအပေါ်တွင်သာ အခြေခံထားသည့် ဤကဲ့သို့သော မီးကူးနည်းလမ်းမျိုးကို ဝံပုလွေတစ်ကောင်ဆီမှ မြင်တွေ့ရခြင်းက သူမအတွက် အလွန်ပင် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေလေသည်။

သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်။

လင်းထျန်းလုံက အမိန့်ပေးသည့်အနေဖြင့် အသံနိမ့်နိမ့်ဖြင့် တစ်ချက် ဟိန်းဟောက်လိုက်ရာ ဝံပုလွေအချို့က ခြောက်သွေ့သော သစ်ကိုင်းများကို ချက်ချင်းယူဆောင်လာပြီး မီးတောက်မငြိမ်းစေရန် ဂရုတစိုက် ထည့်ပေးနေခဲ့ကြသည်။

နောက်ထပ်နောက်ထပ် ဝံပုလွေနှစ်ကောင်ကမူ အလယ်တွင် ချိုင့်ခွက်ငယ်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထွင်းထုထားသော ကျောက်ပြားချပ်တစ်ခုကို သူနှင့်တူ သယ်ဆောင်လာပြီး မီးပုံပေါ်သို့ တည်ငြိမ်စွာ တင်လိုက်ကြသည်။

ထို့နောက် ဝံပုလွေအုပ်စုသည် ခဲနေသော ထင်းရှူးစေးများနှင့် အဆီများသော မိစ္ဆာသားရဲ အဆီတုံးတချို့ကို ယူဆောင်လာကာ ပူပြင်းသော ကျောက်ပြားပေါ်ရှိ ချိုင့်ခွက်ထဲသို့ ထည့်လိုက်ကြသည်။

“ငါ အဆီရောနေတာတွေကို အရင်သုံးရမယ်... ဒီပစ္စည်းတွေက အကြာကြီးလောင်ကျွမ်းနိုင်သလို မီးခိုးလည်း နည်းနည်းပဲ ထွက်တယ်” လင်းထျန်းလုံက သူ၏ အတိတ်ဘဝမှ တောတွင်းရှင်သန်ခြင်း ဗဟုသုတများကို အသုံးချကာ တွက်ချက်လိုက်သည်။

ပြင်းထန်သောအပူရှိန်အောက်တွင် ထင်းရှူးစေးနှင့် သားရဲအဆီတုံးများမှာ လျင်မြန်စွာ အရည်ပျော်သွားပြီး ရွှေရောင်သန်းနေသော ပျစ်ချွဲချွဲအရည်များအဖြစ် ရောနှောသွားကာ ထူးခြားသော အနံ့တစ်မျိုး ‘အဓိကအားဖြင့် အသားကင်နံ့နှင့် ထင်းရှူးနံ့' ကို ထုတ်လွှတ်နေခဲ့သည်။

ဤအရည်များမှာ ကျောက်ပြား၏ အခွက်အတိုင်း ဖြည်းညှင်းစွာ စီးကျလာပြီး အောက်တွင် ကြိုတင်ပြင်ဆင်ထားသော ခွက်ထဲသို့ တိကျစွာ စီးဝင်သွားသည်။ ထိုခွက်မှာ မြစိမ်းရောင် ဝါးဆစ်တစ်ခုဖြစ်ပြီး မှောင်ရိပ်ထဲ၌ပင် မှိန်ပျပျ အလင်းရောင်ကို ဆောင်ကြဉ်းနေခဲ့သည်။

“ဒီဝါးက တော်တော်လေး ခိုင်ခံ့တဲ့ပုံပဲ၊ ဝါးစစ်လည်း စိပ်တော့ ဆီတွေ ယိုစိမ့်မှာမဟုတ်ဘူး၊ ဆီမီးခွက်လုပ်ဖို့ အကောင်းဆုံးပဲ” ဟု လင်းထျန်းလုံက ကျေနပ်စွာ မှတ်ချက်ချလိုက်လေသည်။

“အီယား (ဆီကျိုနေတာလား)” ရှောင်ယင်းက လင်ထျန်းလုံလုပ်နေသည့် အရာများကိုသာစူးစိုက်ကြည့်နေမိပြီး သူမ၏ နှာခေါင်းလေးမှာ လေထုထဲရှိ ထူးခြားသော ရနံ့ကို မရှူရှိုက်မိဘဲ မနေနိုင်တော့ပေ။ “သူတစ်ခုခုများ ချက်နေတာလား... နည်းနည်းတော့ မွှေးသလိုပဲ...”

သို့သော် သူမထင်ထားသကဲ့သို့မဟုတ်ခဲ့ပေ။ ဝါးလုံးထဲတွင် ဆီများ တစ်ဝက်နီးပါး ပြည့်သွားသောအခါ လင်းထျန်းလုံက သူ၏ လက်သည်းများကို အသုံးပြု၍ လောင်ကျွမ်းနေသော မီးပုံကို ဂရုတစိုက် ဖယ်ရှားလိုက်သည်။

ထို့နောက် အလွန်တည်ငြိမ်သော ဟန်အမူအရာဖြင့် ‘ဆီမီးစ’ များ ပြည့်နေသည့် နွေးထွေးသော မြစိမ်းရောင်ဝါးလုံးကို ပါးစပ်ဖြင့်ကိုက်ခဲကာ သစ်ပင်အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

ကလေးမလေးနှစ်ဦး၏ ဝေခွဲမရဖြစ်နေကာ စူးစမ်းလိုသော အကြည့်များအောက်တွင် သူက လက်သည်းများကို အသုံးပြု၍ ‘အိပ်ရာ’ အနီးရှိ နံရံတွင် အပေါက်တစ်ခုကို တိကျမြန်ဆန်စွာ တူးလိုက်သည်။ ထို့နောက် ဝါးလုံးကို စောင်းစောင်းလေး ဖြစ်နေစေရန်လုပ်ကာ ဂရုတစိုက် ထည့်သွင်းလိုက်သည်။

နောက်ဆုံးတွင် သူသည် လက်သည်းထိပ်ကို ဆန့်ထုတ်လိုက်ပြီး မီး‌ခတ်ကျောက် အပိုင်းအစလေးတစ်ခုကို လက်သည်းကြားညှပ်ကာ ဆီအပြည့်ပါသော ဝါးလုံး၏ အနားမှာထားပြီး ခပ်သွက်သွက်ကလေး တစ်ချက် ခြစ်ချလိုက်သည်။

ရှပ်—

ထင်းရှူးစေးနှင့် ဆီနံ့ပါသည့် နွေးထွေးတည်ငြိမ်သော မီးတောက်ကလေးတစ်ခုမှာ မြစိမ်းရောင်ဝါးလုံး၏ ထိပ်ဝတွင် ချက်ချင်း တောက်လောင်လာပြီး နူးညံ့တောက်ပသော အလင်းရောင်ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်တော့သည်!

ဤမီးတောက်ငယ်လေးက သစ်ပင်အိမ်အတွင်းရှိ အမှောင်ထုအားလုံးကို ချက်ချင်း မောင်းထုတ်လိုက်သဖြင့် တစ်ခန်းလုံး နွေးထွေးတောက်ပသွားလေသည်။

နံရံပေါ်တွင် အရိပ်သုံးခု—အကြီးတစ်ခုနှင့် အသေးနှစ်ခု—မှာ တစုတဝေးတည်း ရှိနေကြလေသည်... သစ်ပင်အိမ်အတွင်း၌ တတိယအကြိမ် အလွန်အမင်း တိတ်ဆိတ်မှုက ထပ်မံစိုးမိုးသွားပြန်သည်။

စက္ကန့်အနည်းငယ် ကြာသွားပြီးနောက်။

“ဆီ... ဆီမီးခွက်လား” ရှောင်လန်၏ စိတ်ထဲမှ အော်ဟစ်သံမှာ ကောင်းကင်ယံကိုပင် ဖောက်ထွက်သွားမတတ် ဖြစ်နေခဲ့သည်။ “သူက မီး‌ခတ်ကျောက်၊ ဝါး၊ သားရဲအဆီနဲ့ ထင်းရှူးစေးကို သုံးပြီး... ဆီမီးခွက်ကို ကိုယ်တိုင် လုပ်လိုက်တာလား၊ ဝံပုလွေတစ်ကောင်ကလေ! မီးစဘေးကိုမပြန့်လွင့်ဘဲ အချိန်အကြာကြီး တောက်လောင်နေနိုင်တဲ့ ဆီမီးခွက်ကို ပြုလုပ်လိုက်နိုင်တာလား” သူမ၏ အတွေးအခေါ်စနစ်နှင့် အတိတ်ဘဝက မြင်တွေ့ခဲ့သမျှ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသလို သူမ ခံစားလိုက်ရသည်။

သို့သော် ရှောင်ယင်း၏ တုန်လှုပ်မှုကမူ ရှောင်လန်နှင့် လုံးဝကွဲပြားခြားနားနေသည်။ သူမ၏ ခရမ်းရောင် မျက်လုံးလေးများမှာ ပြူးထွက်နေကာ ပြုတ်ကြတော့မတတ်ဖြစ်နေပြီး ဆီမီးခွက်အဖြစ် အသုံးပြုထားသော ဝါးလုံးကိုသာ စိုက်ကြည့်နေမိသည်။ မီးရောင်အောက်တွင် ဝါးလုံးမှာ ပို၍ပင် စိမ်းစိုစိုဖြစ်နေကာ အစိုဓာတ်ရှိနေပုံရပြီး မျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော တိမ်တိုက်ပုံစံ အစင်းကြောင်းများပင် ရှိနေသေးသည်။ ထိုမြင်ကွင်းကြောင့် သူမ မယုံကြည်နိုင်ဖြစ်ကာ ခန္ဓာကိုယ်လေးမှာ တုန်ယင်သွားလေသည်။

“အီ... အီယား!! (မဖြစ်နိုင်တာ! အဲ့ဒါ... မြစိမ်းရောင် ဝါးမဟုတ်လား.. သဘာဝ ဝိညာဉ်ရတနာဖြစ်တဲ့ မြစိမ်းရောင်ဝါးပဲ!)” နောက်ဆုံးတွင် သူမက မိစ္ဆာအရှင်သခင်ဟောင်း တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စိတ်ထဲမှနေ၍ ဆဲရေးမိတော့သည်။

“ဒီပစ္စည်းက လက်နက်ကိရိယာတွေ သွန်းလုပ်ဖို့အတွက် အဆင့်မြင့်ဆုံး ပစ္စည်းပဲ၊ အထဲမှာ သန့်စင်တဲ့ သစ်သားဓာတ် ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာ... ငါ့အတိတ်ဘဝတုန်းကဆိုရင် လက်သည်းခွံလောက်ရှိတဲ့ အပိုင်းအစလေး တစ်ခုအတွက်တောင် လူသားအုပ်စုတွေ အသေအကြေ တိုက်ခိုက်ကြမှာ၊ ဒါက ဝိညာဉ်ကို အားဖြည့်ပေးနိုင်သလို သစ်သားဓာတ် မှော်အစွမ်းတွေကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ရတနာပဲ”

“သူ... သူက... ဒီလောက် ပြည့်စုံပြီး အရည်အသွေးမြင့်တဲ့ ဝါးတစ်လုံးလုံးကို... ဆီမီးခွက်လုပ်ဖို့ သုံးလိုက်တယ်လား! ဒီလို အဆီအပုပ်တွေကို ထည့်ဖို့အတွက်နဲ့လေ”

“ဘယ်လောက်တောင် ဖြုန်းတီးရာရောက်သလဲ၊ ရူးနှမ်းလိုက်တာ၊ ဒေါသထွက်စရာပဲ! ကောင်းကင်ဘုံက ပေးတဲ့ ရတနာကို လုံးဝ အလဟဿ ဖြစ်အောင်လုပ်ပစ်လိုက်တာပဲ”

ရှောင်ယင်း၏ ရင်ထဲတွင် သွေးစိမ်းရှင်ရှင် ထွက်နေသလို ခံစားနေရပြီး အသက်ရှူပင် မမှန်တော့ပေ။ ဤအရာကို မြင်တွေ့ရသည်မှာ ကမ္ဘာကျော် ပန်းချီကားတစ်ချပ်ကို ဖုန်သုတ်ဝတ်အဖြစ် အသုံးပြုနေသည်ကို မြင်တွေ့ရသည်ထက်ပင် ပို၍ ခက်ခဲနေခဲ့သည်။

အရင်းအမြစ် ပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရဖူးသော မိစ္ဆာအရှင်သခင်ဟောင်းတစ်ပါးအတွက် ဤကဲ့သို့ ဖြုန်းတီးမှုမျိုးက အလွန် ကြီးမားသော ကိစ္စရပ်ကြီးတစ်ခုပင်။

“ဒီ... ဒီလောက် အဆင့်မြင့်တဲ့ ဝိညာဉ်ရတနာမျိုးက ဒီဝံပုလွေဂူနားမှာ တကယ်ပဲ ရှိနေတာလား၊ ပြီးတော့ ဒါကို သူက ဒီလို... ရိုးရှင်းပြီး ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ ဆီမီးခွက်လုပ်ဖို့ သုံးလိုက်တယ်တဲ့လား” ရှောင်လန်သည်လည်း နောက်ကျမှ ဝါး၏ ထူးခြားမှုကို သတိပြုမိပြီး ရင်ထဲ၌ နှမြောတသဖြစ်ကာ စကားပင် မပြောနိုင်တော့ပေ။ “ဒီဝံပုလွေဖေဖေက ဒါရဲ့ တန်ဖိုးကို တကယ်ပဲ မသိတာလား... ဒါမှမဟုတ် သူ့ရဲ့ မိသားစု နောက်ခံက အရမ်းတောင့်တင်းလွန်းလို့ ဒီလိုမျိုးတွေ စိတ်ကြိုက် ဖြုန်းတီးနေတာလား”

ဧကရီနှစ်ပါးစလုံး အလင်းနှင့် နွေးထွေးမှုကို ဆောင်ကြဉ်းပေးလာသော လှုပ်ခတ်နေသည့် မီးတောက်ကလေးကို တစ်ချက်ကြည့်လိုက်၊ အလင်းနှင့် အမှောင်ကြားတွင် ပိုမြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည့် အပေါက်ဝမှ ငွေရောင်ဝံပုလွေဘုရင်ကို တစ်ချက်ကြည့်လိုက်နှင့် ဖြစ်နေကြသည်။

သူတို့နှစ်ဦး၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့လေသည်-

ဤဝံပုလွေဖေဖေ၏ ဝှက်ဖဲများ၊ နည်းလမ်းများနှင့် အတွေးအခေါ်များမှာ သူတို့ သိရှိနားလည်ထားသမျှကို လုံးဝ ကျော်လွန်နေပြီဖြစ်သည်။

သူပေါ့ပေါ့ပါးပါး လုပ်ဆောင်လိုက်သော လုပ်ရပ်တိုင်းတွင် သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်ကို တစ်ဖန် ပြိုလဲစေမည့် ‘အံ့အားသင့်စရာများ’ ဖုံးကွယ်နေပေသည်။

လင်းထျန်းလုံကမူ တည်တည်ငြိမ်ငြိမ်ဖြင့် လောင်ကျွမ်းနေသော မီးတောက်ကလေးကို ကျေနပ်စွာ ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

“အင်း... အလင်းရောင်က တော်တော်လေး နူးညံ့တယ်၊ မီးခိုးတွေလည်း မထွက်ဘူး၊ မဆိုးပါဘူး၊ အခုဆိုရင် ညဘက် မှောင်မှာကို ကြောက်စရာမလိုတော့သလို ဟောဒီကလေးနှစ်ယောက်ကို ပြုစုရတာလည်း အဆင်ပြေသွားပြီ”

All Chapters