ခေတ်သစ်ရာစုမှ တောတွင်းခရီးထွက်ရာမှ မတော်တဆဖြစ်ကာ ခေတ်ဟောင်းရှိ ဝံပုလွေဘုရင်၏ ခန္ဓာထဲသို့ ပြန်လည်ဝင်စားလာသော လင်ထျန်းလုံတစ်ယောက်... မထင်မှတ်ထားသည်မှာ သူနှင့်အတူ ပင်ကိုစွမ်းရည်ကို လုယူနိုင်သော စနစ်တစ်ခု ပါလာခဲ့လေသည်။ သို့သော်... ထိုအရာသည်ကား သူ့အတွက် အကြီးမားဆုံးသော အပြောင်းအလဲ မဟုတ်သေး...။ အကြီးမားဆုံးသော အချိုးအကွေ့သည်ကား.... "ဒင်... ပင်ကိုစွမ်းရည် (အဖြူရောင်)ကို ရခဲ့သည်။ စုပ်ယူပါမည်လော" "စုပ်ယူမယ်" ... ထိုစဉ်... "အူဝဲ... အူဝဲ..." နှင်းများဖုံးလွှမ်းနေပြီး သစ်ပင်နှင့် သားရဲတိရစ္ဆာန်များသာ ရှိသော ဤတောနက်ကြီးထဲတွင် မွေးကင်းစကလေးငိုသံ တချို့ကို ရုတ်တရက် သူ ကြားလိုက်ရလေသည်။ "ဟမ်... ဘာအသံတုန်းဟ... မဟုတ်မှလွဲရော..." တောနက်ကြီးအတွင်းရှိ သစ်ပင်ကြီးတစ်ပင်အောက်... "နင်... နင့်ကြောင့် ငါတို့ ဒီလို သောက်ကျိုးနည်းကုန်တာပဲ မသာမ လူသားဧကရီ..." "နင်လည်း ဘာထူးတုန်း... အခုမှ ငါလေးကို လာအပြစ်တင်.. အံ့ဩဘ..." ပြန်လည်မွေးဖွားလာကြသော လူသားဧကရီနှင့် မိစ္ဆာဧကရီတို့ အချင်းချင်း ခွက်စောင်းခုတ်နေသခိုက် ပုံရိပ်တစ်ခုအား တွေ့မြင်လိုက်ရချေသည်။ "ဟို... ဟိုမှာ... ဝံ... ဝံပုလွေကြီး..." "သေပါပြီအေ... ဘဝက စတောင် မစရသေးဘူး... ကိစ္စတော့ တုံးပြီ.." “ဝံပုလွေတစ်ကောင်ရဲ့ သရေစာတော့ ဖြစ်ပါပြီဟယ်…” လင်ထျန်းလုံတစ်ယောက် အနီးနားသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့လိုက်သည်။ "ဟူး... ထင်တဲ့အတိုင်း လူသားကလေးငယ်နှစ်ဦးပါ့လား.... ဒီလို လူသူကင်းဝေးတဲ့ တောနက်ကြီးထဲကို ဘယ်လိုလူကများ လာပစ်သွားပါလိမ့်..." "သနားစရာ စွန့်ပစ်ခံ ကလေးလေးနှစ်ယောက်ပါလား... ငါ ခေါ်သွားသင့်တယ် ထင်ပါရဲ့..." လင်ထျန်းလုံတစ်ယောက် အတွေးများနေရင်းပင် အနှီးထုတ်လေးများကို အသာအယာ ငုံခဲကာ ဝံပုလွေအုပ်စုရှိရာသို့ ခေါ်ဆောင်သွားလေတော့သည်။ ထိုသို့နှင့်… ဝံပုလွေဖေဖေနှင့် လောကထိပ်ခေါင် သမီးတော် ဧကရီ(၂)ပါး၏ ဒဏ္ဍာရီတစ်ပုဒ်မှာ စတင်ခဲ့လေတော့သည်။

