ရေပြာကြေးခွံအစောင့်အရှောက်များ၏ ပထမဆုံးတိုက်ပွဲ (၁)
Vol. 12 Ch. 120
သူ၏ အနောက်မှနေ၍ ထွက်ပေါ်လာသော ရင်းနှီးကျွမ်းဝင်သည့် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှု စိတ်ဝိညာဉ် လှိုင်းဂယက်များကို အာရုံခံမိလိုက်သောအခါ လင်းထျန်းလုံ၏ ငွေပြာရောင် မျက်ဝန်းများမှာ ချက်ချင်းပင် ကျုံ့ဝင်သွားခဲ့သည်။
သူ၏ ကြွက်သားများ တင်းမာသွားပြီး၊ သူရှေ့မှ ဧရာမသတ္တဝါကြီးကို သတိအပြည့်ဖြင့် စိုက်ကြည့်လိုက်လေတော့သည်။
သူတို့အား ဝန်းရံထားသော သိပ်သည်းလှသည့် ဝိညာဉ်မြူခိုးများမှာ ဖြည်းညှင်းစွာ ပါးလွှာသွားပြီး၊ သူ၏ အမြင်အာရုံမှာလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
သူ့ မျက်စိရှေ့တွင် အံဩဖွယ်ကောင်းလွန်းသော မြင်ကွင်းတစ်ခု ရှိနေသည်။ ကောင်းကင်ကြီးမှာ နိမ့်ကျပြီး မှုန်မှိုင်းနေကာ လေးလံသော လိုက်ကာကြီးတစ်ခု ကျဆင်းလာတော့မည့်အလား ဖြစ်နေပြီး၊ လေထုထဲတွင် အသက်ရှူကျပ်ချင်စဖွယ် ဖိအားတစ်ခုဖြင့် ပြည့်နှက်နေလေသည်။
အရပ်မျက်နှာအနှံ့တွင် အဆုံးအစမရှိသော၊ သူတို့နှင့် စိမ်းသက်နေသည့် နှင်းကွင်းပြင်ကြီး ရှိနေပြီး၊ သူတို့ရင်းနှီးကျွမ်းဝင်သော ထျန်းစန်းတောင်တန်းများနှင့် လုံးဝ ကွာခြားနေလေသည်။
“ဒါက ဝိညာဉ်နယ်မြေရဲ့ အတွင်းပိုင်းထဲက တကယ့် ပုံစံအစစ်ပဲပေါ့...” လင်းထျန်းလုံ၏ အတွေးများ မြန်ဆန်နေသော်လည်း၊ သူ၏ အာရုံစိုက်မှု ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ သံလိုက်တစ်ခုကဲ့သို့ သူ့အရှေ့ရှိ...
ရှေးဟောင်းတောင်ကြီးတစ်လုံးသဖွယ် လမ်းကို ပိတ်ဆို့ထားပြီး အန္တရာယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီး... ကျောက်တောင်ဖွတ်နဂါးကြီး ဆီသို့ တင်းကျပ်စွာ ရောက်ရှိနေလေသည်။
ထိုမိစ္ဆာကြီးမှာ အမြင့် ငါးမီတာနီးပါး ရှိပြီး၊ အရှည်မှာ ရှစ်မီတာကျော် ရှိလေသည်။ ကြမ်းတမ်းပြီး ထက်မြက်လှသော လွှသွားပုံစံ ကျောရိုးတန်းကြီးတစ်ခုမှာ ၎င်း၏ လည်ပင်းမှနေ၍ အမြီးအထိ ရှည်လျားနေပြီး၊ သွေးသောက်ရန် စောင့်ဆိုင်းနေသော ငရဲခေါင်းဖြတ်စက်ကြီးအလား ဖြစ်နေလေသည်။
ဖွတ်နဂါးကြီး၏ တစ်ကိုယ်လုံးကို အလွန်အမင်း ကြမ်းတမ်းပြီး ထူထဲလှသော မီးခိုးရောင် အကြေးခွံများဖြင့် ဖုံးလွှမ်းထားကာ၊ ငွေရောင်အလင်းတန်းများ လင်းလက်နေလေသည်။
ဤကြေးခွံများမှာ အင်မတန်းကြီးမားသိပ်သည်းကာ တစ်ခုပေါ်တစ်ခု ထပ်နေပြီး၊ အက်ကွဲကြောင်းများကြားတွင် မာကျောသော သလင်းကျောက်သတ္တုမှုန်များ မြှုပ်နှံထားရာ၊ ၎င်းကို သဘာဝ ချပ်ဝတ်တန်ဆာတစ်ခုထက်စာလျှင် မြေကြီးအနက်ထဲမှ အမာကျောဆုံးသော အရာများဖြင့် သွန်းလုပ်ထားသည့် တံတိုင်းကြီးတစ်ခုနှင့် ပိုတူနေလေသည်။
ဖွတ်နဂါးကြီး၏ ခြေလက်များမှာ ကျောင်းတော်တစ်ခုကို ထောက်မထားသည့် ဧရာမတိုင်လုံးကြီးများကဲ့သို့ အလွန်အမင်း ထူထဲပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ အမြစ်တွယ်နေလေသည်။
အားကောင်းလွန်းသော ဧရာမအမြီးကြီးတစ်ခုမှာ နောက်ဘက်တွင် တွဲလောင်းကျနေပြီး၊ ထက်ရှလှသော ဖြူဖျော့ဖျော့ အရိုးဆူးများဖြင့် ဖုံးလွှမ်းထားကာ၊ အသာအယာ ရမ်းလိုက်တိုင်း မာကျောသော အနက်ရောင် ကျောက်မြေပြင်ကို ပွတ်တိုက်မိပြီး သွားကျိန်းစရာကောင်းသော အသံများ ထွက်ပေါ်လာလေသည်။
ဖွတ်နဂါးကြီး၏ ဦးခေါင်းမှာ ထူးခြားစွာ ကြီးမားလေးလံပြီး၊ ဦးခေါင်းထိပ်တွင် တိုတောင်းသော်လည်း အလွန်အမင်း ထက်ရှလှသော ဧရာမလွန်သွားကြီးသဖွယ် ဦးချိုတစ်ခု ပါရှိကာ၊ ကြည့်မိသူတိုင်းကို စိတ်မသက်မသာဖြစ်စေသော အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေလေသည်။
ကြောက်မက်ဖွယ် အကောင်းဆုံးမှာသူ၏ ဧရာမခန္ဓာကိုယ်ကြီးနှင့် လုံးဝ အချိုးအစား မညီမျှသော မျက်လုံးလေးများပင် ဖြစ်သည်။ မျက်လုံးများမှာ သာမန် သားရဲများကဲ့သို့ ရူးသွပ်မှုများဖြင့် တောက်ပနေခြင်း မဟုတ်ဘဲ၊ အေးစက်ကောက်ကျစ်ကာ၊ ပြင်းထန်လှသော သားရဲတစ်ကောင်၏ အသိဉာဏ်များဖြင့် တောက်ပနေခြင်း ဖြစ်လေသည်။
[မျိုးနွယ်] - ကျောက်တောင်ဖွတ်နဂါး (တော်ဝင်သွေးမျိုးဆက်)
[အဆင့်] - အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲ)
[ပင်ကိုစွမ်းရည်များ] – ထာဝရဗဂျာရာခန္ဓာ (ရွှေရောင် · ဒဏ္ဍာရီအဆင့်)၊ ကျောက်သားခန္ဓာ (ရွှေရောင် · ဘုရင်အဆင့်)၊ ကျောက်တောင်နဂါးနှလုံးသား (ရွှေရောင် · ဒဏ္ဍာရီအဆင့်) မသေမျိုးနဂါးဝိညာဉ် (ရွှေရောင် · ဒဏ္ဍာရီအဆင့်)၊ ရူးသွပ်နဂါးသွေး (ရွှေရောင် · ဒဏ္ဍာရီအဆင့်)၊ ကမ္ဘာမြေချောက်ချားခြင်း (ခရမ်းရောင် · ပါရမီရှင်အဆင့်)
[စွမ်းရည်များ] – ငလျင်လှိုင်း (ရွှေရောင် · ဒဏ္ဍာရီအဆင့်)၊ ဖျက်ဆီးခြင်းအားလှိုင်း (ခရမ်းရောင် · ပါရမီရှင်အဆင့်)]၊ ထိုးဖောက်ခြင်းကျောက်လှံ (ခရမ်းရောင် ပါရမီရှင်အဆင့်)
“သေစမ်း...”
လင်းထျန်းလုံသည် လုံးဝ တုန်လှုပ်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူ တိုက်ခိုက်စရာပင် မလိုတော့ပေ။
စနစ်မျက်နှာပြင်ပေါ်ရှိ မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင်နှင့် ခရမ်းရောင် စွမ်းရည်စာတန်းများကို ကြည့်လိုက်ရုံဖြင့်၊ ဤရန်သူမှာ သူ ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက ကြုံတွေ့ခဲ့ရသမျှထဲတွင် ပြိုင်ဘက်မရှိ အသန်မာဆုံး ဖြစ်ကြောင်း သိလိုက်လေသည်။
ရွေ့လျားနေသော သဘာဝဘေးအန္တရာယ်ကြီး တစ်ခုနှင့်တူသည့် ဤမိစ္ဆာသားရဲကြီးနှင့် နှိုင်းယှဉ်လိုက်လျှင်၊ တစ်ချိန်က နယ်မြေတစ်ခုကို စိုးမိုးခဲ့သော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံဘုရင်မှာ အိမ်မွေးခွေးလေး တစ်ကောင်ကဲ့သို့ပင်။
၀က်ဝံဘုရင်၏ အရိုင်းဆန်မှုမှာ ဤမိစ္ဆာသားရဲကြီးနှင့် ယှဉ်လျှင် အတော်လေး ယဉ်ကျေးနေလေတော့သည်။
စွတ်ဖားပေါ်တွင် ရှောင်ယင်း၏ မျက်၀န်းများမှာ အပ်ပေါက်အရွယ်အစားလောက်အထိ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။
ကျောက်တောင်ဖွတ်နဂါးကြီး၏ သေးငယ်သော်လည်း အဆုံးမရှိ ကြမ်းတမ်းလှသော အကြည့်များနှင့် သူမဆုံတွေ့လိုက်ရသည့် အခိုက်အတန့်မှာပင်၊ အထိန်းအကွပ်မဲ့သော အအေးဓာတ်တစ်ခုက သူမ၏ ခြေဖျားမှနေ၍ ငယ်ထိပ်အထိ တိုး၀င်လာကာ၊ သူမ၏ အမွေးအမျှင်များကို ထောင်မတ်သွားစေခဲ့သည်။
“တော်ဝင်သွေးမျိုးဆက်ရှိတဲ့ ခြေလှမ်း၀က်ဘုရင်အဆင့်သားရဲ... ဒီလို အဆင့်မြင့် မိစ္ဆာသားရဲ တစ်ကောင်က ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ... ဒီဝိညာဉ်နယ်မြေရဲ့ အန္တရာယ်က ငါတို့ ခန့်မှန်းထားတာထက် အများကြီး သာလွန်နေတာပဲ...”
သူမ၏ ဘေးရှိ ရှောင်လန်၏ မျက်ခုံးများမှာလည်း တင်းကျပ်စွာ တွန့်ကွေးနေပြီး သူမ၏ လှပသော မျက်နှာလေးပေါ်မှ သွေးရောင်များ လွင့်ပြယ်သွားခဲ့သည်။
ထိုဧရာမသတ္တဝါကြီး၏ အေးစက်စက် အကြည့်များထဲတွင် ရှေးဆန်သော ရိုင်းစိုင်းမှုများသာမက၊ သတ်ဖြတ်ခြင်းများမှတစ်ဆင့် ရင့်ကျက်လာသော ကျွမ်းကျင်လိမ္မာပါးနပ်မှုများနှင့် ကောက်ကျစ်မှုများ၊ ထို့အပြင် လေထုကိုပင် အေးခဲသွားစေနိုင်လောက်သည့် ကြက်သီးထဖွယ် သတ်ဖြတ်လိုစိတ်များ ပါဝင်နေကြောင်းကို သူမ ရှောင်ယင်းထက်ပင် ပိုမိုရှင်းလင်းစွာ အာရုံခံမိနေလေသည်။
“မဖြစ်ဘူး... ဒီအခြေအနေက ဆိုး၀ါးလွန်းတယ်... ဒီကောင်ရဲ့ အကာအကွယ်နဲ့ အသက်စွမ်းအင်တွေက ပုံမှန်မဟုတ်တဲ့ အဆင့်တစ်ခုကို ရောက်နေလောက်ပြီ... ငါ စွန့်စားပြီး ဖန်တီးထားတဲ့ ဗလာဟင်းလင်းပြင် ဓားသွားအမျှင်လေး တစ်မျှင်တောင်မှ သူ့ရဲ့ အသားထဲထိ ထိုးဖောက်နိုင်မှာ မဟုတ်ဘူး...” ရှောင်လန်၏ နှလုံးသားမှာ ပင်လယ်ပြင်အနက်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
“ဝံပုလွေဖေဖေက ဒီကောင်ကြီးကို အနိုင်ရဖို့ အခွင့်အရေးရော ရှိပါ့မလား...” ထိတ်လန့်မှုတစ်ခုက သူမ၏ နှလုံးသားကို တိတ်တဆိတ် ဖမ်းဆုပ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် လင်းထျန်းလုံသည် စိတ်ချင်းချိတ်ဆက်နေမှုကြောင့် ထိုမှတစ်ဆင့် ကလေးငယ်နှစ်ဦးထံမှ ထွက်ပေါ်လာသော သူ့အပေါ် စိုးရိမ်ပူပန်မှုနေနှင့် ကြောက်ရွံ့မှုများကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
“သူတို့... ကြောက်နေကြတာလား... ပြီးတော့ ငါ့အတွက် စိုးရိမ်နေကြတာလား...” ဤနားလည်သဘောပေါက်မှုက နွေးထွေးသော ရေစီးကြောင်းတစ်ခုကဲ့သို့ပင်၊ အစွမ်းထက်လွန်းသော ရန်သူကြောင့် လင်းထျန်းလုံခံစားနေရသည့် တင်းမာမှု အချို့ကို ချက်ချင်း လွင့်ပြယ်သွားစေခဲ့သည်။
ပိုမိုအားကောင်းပြီး ပိုမိုပြတ်သားလှသော ကာကွယ်စောင့်ရှောက်လိုသည့် ဆန္ဒတစ်ခုက သူ၏ နှလုံးသားထဲတွင် ဆူပွက်လာကာ၊ သူ၏ ရင်ဘတ်အတွင်း လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။
ဤအချစ်တော်လေး နှစ်ယောက်အား သူ အလိုလိုက်ထားခဲ့ရသည်မှာ အချည်းနှီးမဖြစ်ခဲ့ချေ။
သူသည် ချက်ချင်းပင် ခေါင်းလှည့်လိုက်ပြီး၊ သူ၏ ဧရာမခေါင်းကြီးကို တတ်နိုင်သမျှ နှိမ့်ချကာ နူးညံ့သော အမူအရာတစ်ခုကို ပြသလိုက်လေသည်။
အကြွင်းမဲ့ယုံကြည်မှုများနှင့် စိတ်သက်သာရာရစေနိုင်သည့် အစွမ်းများ ပြည့်နှက်နေသည့်အလား အလွန်တရာ တည်ငြိမ်လှသော အတွေးတစ်ခုမှာ၊ အတူတကွ ပူးကပ်နေကြသော ကလေးမလေး နှစ်ဦးထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့သည်။
“ရှောင်လန်၊ ရှောင်ယင်း... ဖေဖေ့နောက်ကို လာခဲ့၊ မကြောက်နဲ့နော်...”
“ဖေဖေ ရှိနေသရွေ့၊ သမီးတို့ရဲ့ ဆံခြည်တစ်မျှင်ကိုတောင် ဘယ်သူမှ လာမထိနိုင်စေရဘူး...”
တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော ကတိတစ်ခု ပါဝင်နေသည့် ဤရိုးရှင်းလှသော စကားလုံးများမှာ မှော်အတတ်တစ်ခု ပိုင်ဆိုင်ထားသည့်အလား ဖြစ်နေလေသည်။
၎င်းတို့သည် ကလေးမလေး နှစ်ဦး၏ နှလုံးသားအပေါ်တွင် လွှမ်းမိုးနေသော ထိတ်လန့်မှု တိမ်မည်းများကို ချက်ချင်း ဖြိုခွဲဖျက်ဆီးပစ်လိုက်ပြီး၊ ရင်ထဲနွေးထွေးသွားစေနိုင်လောက်သည့် အားကောင်းလှသော လုံခြုံမှုနှင့် စိတ်လှုပ်ရှားမှု ခံစားချက်များက အစားထိုး ဝင်ရောက်လာခဲ့သည်။
“ဝံပုလွေဖေဖေ...”
သို့သော် လက်တွေ့ကျသော အတွေးများက မကြာမီ ပြန်လည်ဝင်ရောက်လာခဲ့ပြီး၊ ကြီးမားလှသော ခွန်အားကွာဟမှုကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်ပူပန်မှုများက ပြန်လည်ပေါ်ထွက်လာခဲ့သည်။
“ဒါပေမဲ့... ဒီကျောက်တောင်ဖွတ်နဂါးကြီးက အရမ်းသန်မာလွန်းတယ်... ပြီးတော့ သူ ဒီနေရာမှာ အခြေချနေထိုင်နေတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ဘယ်သူသိမှာလဲ...”
“ဝံပုလွေဖေဖေ တကယ်ရော......”
ကလေးငယ်နှစ်ဦးလုံး စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ၊ အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင်၊ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဂျွတ်... ဂျွတ်”
ပတ်ဝန်းကျင်ရှိ နှင်းပုံများထဲမှ သိပ်သည်းလှသော အသံများ ထွက်ပေါ်လာခဲ့သည်... ထူထဲသော ရေခဲများအား ကြိတ်ချေရပြီး နှင်းများကို တွန်းဖယ်နေသည့် အသံများပင် ဖြစ်လေသည်။
ကျောက်တောင်ဖွတ်နဂါး သားရဲဘုရင်ကြီး....
တောင်တစ်လုံးကဲ့သို့သော ခန္ဓာကိုယ်ကြီး၏ အနောက်နှင့် ဘေးဘက်များမှနေ၍၊ ဖွတ်နဂါးကြီးထက် အရွယ်အစား အနည်းငယ်သေးငယ်သော သတ္တဝါများက အမည်းရောင် အစုအဝေးကြီးတစ်ခုသဖွယ် ထွက်ပေါ်လာခဲ့သည်။
၎င်းတို့မှာ ပုံသဏ္ဌာန်အားဖြင့် ဖွတ်နဂါးကြီးနှင့် ဆင်တူသော်လည်း ဖွတ်နဂါးတစ်ကောင်၏ အဆင့်နှင့် အလှမ်းဝေးနေကာ... ထူထဲကြမ်းတမ်းပြီး မီးခိုရောင် ကျောက်ဆောင်ကဲ့သို့သော အရေပြားများ ဖုံးလွှမ်းထားသည့် ကျောက်ချပ်ဝတ်မြေနဂါးများသာ ဖြစ်လေသည်။
သူတို့၏ အဆင့်များမှာ ယေဘုယျအားဖြင့် ထူးချွန်အဆင့်မှ ခြေလှမ်း၀က်ပါရမီရှင်အဆင့်အထိ ရှိကြပြီး၊ သိပ်သည်းပြွတ်သိပ်နေကြသည်... တစ်ချက်ကြည့်လိုက်ရုံဖြင့် အကောင်နှစ်ဆယ်ထက် မနည်း ရှိလေသည်။
သူတို့သည် ကျောက်တုံးများ အချင်းချင်း ပွတ်တိုက်သံကဲ့သို့ တိုးညင်းသော ညည်းတွားသံများကို ထုတ်လွှတ်လိုက်ကြပြီး၊ ဝံပုလွေအုပ်စုကို ယပ်တောင်ပုံစံ ဝိုင်းရံပိတ်ဆို့ လိုက်ကြကာ၊ ပြန်လည်ဆုတ်ခွာနိုင်မည့် လမ်းကြောင်း အားလုံးကို ဖြတ်တောက်လိုက်ကြလေတော့သည်။
“အာဝူး...” လင်းထျန်းလုံသည် ဝိညာဉ်နယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွားနိုင်မည့် ခမ်းနားလှသော ဟိန်းဟောက်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်ပြီး၊ အမိန့်များ ဆက်တိုက်ဆိုသလို စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် လျှပ်စီးကဲ့သို့ တိကျမြန်ဆန်စွာ ရောက်ရှိသွားလေသည်။