← Chapters

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း ၃၅၄

Vol. 36 Ch. 354

အခန်း (၃၅၄) - ပျက်စီးခြင်း၊ အကျပ်အတည်းနှင့် အစွယ်များ (၂)

“တော်လောက်ပြီ”

လေ့ဟောက်သည် ပုံရိပ်ယောင်ကို ပြင်းထန်စွာ ပိတ်ပစ်လိုက်ရာ သူ၏ မျက်လုံးများမှာ ဒေါသတရားများကြောင့် နီရဲနေသည်။

“ဒါ ငါတို့ ကာကွယ်ဖို့ ကျိန်ဆိုခဲ့ကြတဲ့ နောက်ဆုံး ရလဒ်လား”

သူသည် အခြားခေါင်းဆောင်နှစ်ဦးဘက်သို့ လှည့်လိုက်ရာ စိတ်ခံစားမှုများကြောင့် အသံမှာ တုန်ယင်နေသည်။

“မြို့အပြင်ဘက်မှာ အနည်းဆုံး အရပ်သား တစ်သိန်းခွဲ ရှိနေတာနော်”

“အခု ဘယ်နှယောက်လောက် အသက်ရှင်ကျန်သေးလဲ။ တစ်သောင်းလား။ နှစ်သောင်းလား။ ငါတို့ တကယ့်ကို ဘာကို ကာကွယ်နေကြတာလဲ”

ဟော်ကျန့် ကုလားထိုင်ပေါ်တွင် ပျော့ခွေစွာမှီထားရင်း မျက်နှာလည်း ဖြူရော်နေကာ သွေးအချို့ကို မအောင့်နိုင်ဘဲ အန်ထုတ်လိုက်ရရှာသည်။

သူ ဝင်ရောက်ငြင်းခုံချင်သော်လည်း စကားပြောရန်ပင် ခွန်အားမရှိတော့‌ပေ။

ထိုမြင်ကွင်းများက သူ၏ နှလုံးသားကို ဓားများဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေပြီး သူ တစ်ချိန်က ကျိန်ဆိုခဲ့ဖူးသော ကာကွယ်ရေး ကျိန်ဆိုချက်များကို ပြန်လည် သတိရစေသည်။

“ငါတို့ ရွေးချယ်မှုတစ်ခု လုပ်ရမယ်”

ယန်ချင်းယွမ်ကမူ တည်ငြိမ်စွာ စကားပြောလိုက်သည်။

ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ကြေကွဲဖွယ် မြင်ကွင်းများက သူနှင့် မသက်ဆိုင်သကဲ့သို့ပင်။

“ဆက်ပြီး ခုခံမလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှာမလား”

“ငြိမ်းချမ်းရေး ဆွေးနွေးတာ ဟုတ်လား။ အဲဒီ တိရစ္ဆာန်တွေနဲ့လား”

ဟော်ကျန့်၏အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာနေသည်။

“စစ်ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့သူနဲ့ ဆွေးနွေးမှာပါ”

ယန်ချင်းယွမ်က ပြင်ဆင်ပြောဆိုလိုက်သည်။

“နောက်ဆုံး ထောက်လှမ်းရေးသတင်းတွေအရ နှင်းဝံပုလွေဘုရင်က မြို့အပြင်ဘက် ဧရိယာရဲ့ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားတယ်”

“သူရဲ့တပ်ဖွဲ့တွေက အရမ်းစည်းရှိတယ် အရပ်သားတွေကို ဘယ်တော့မှ မထိခိုက်ကြဘူး။ ဒီအရာ‌တွေက သူနဲ့ဆွေးနွေးလို့ရမယ်ဆိုတာ ပြသနေတာပဲ”

လေ့ဟောက် ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။

“လူလွှတ်ပြီး ဆက်သွယ်လိုက်ပါ။ ဒါပေမဲ့ မှတ်ထား၊ ငါတို့ နင်မြို့ရဲ့ အခြေခံ အကျိုးအမြတ်တွေကိုတော့ ဘယ်တော့မှ ရောင်းစားမှာ မဟုတ်ဘူး”

ပထမဆုံးသော ဆက်သွယ်မှုကို စွမ်းအင် အကာအကွယ်၏ အစွန်းရှိ စွန့်ပစ်ထားသော အချက်ပြမျှော်စင်တစ်ခုအတွင်း၌ စီစဉ်ခဲ့ကြသည်။

လူသားဘက်မှ ကိုယ်စားပြုတက်ရောက်သူမှာ လေ့ဟောက်၏ အသစ္စာရှိဆုံး စစ်ဦးစီးဖြစ်သည့် ကျိုးချင်းပင် ဖြစ်သည်။

လင်းထျန်းလုံ၏ သုံးဖက်မြင် ပုံရိပ်ယောင် အချက်ပြမျှော်စင်အတွင်း ပေါ်လာချိန်၌ ကျိုးချင်း မသိစိတ်မှ နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်မိသည်။

ပိုမိုမြင့်မားသော တည်ရှိမှု အဆင့်မှ ထွက်ပေါ်လာသည့် ဖိအားများက ပုံရိပ်ယောင်မှတစ်ဆင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

“နှင်းဝံပုလွေဘုရင်”

ကျိုးချင်းကျိုးချင်း နှုတ်ဆက်လိုက်ရင်း မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအဓမ္မ ကြိုးစားလိုက်သည်။

“ကျုပ် နင်မြို့ရဲ့ အဓိကအင်အားစုသုံးခုကို ကိုယ်စားပြုပြီး အပစ်အခတ် ရပ်စဲရေးအကြောင်း ဆွေးနွေးဖို့ လာတာပါ”

လင်းထျန်းလုံ၏ ရေခဲမျက်ဝန်းပြာများသည် သူ့အပေါ်သို့ ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“ဆုံးဖြတ်ချက် ချနိုင်တဲ့သူကိုပဲ လွှတ်ခဲ့ပါ”

ဤစကားလုံးများသည် အတွေးများမှတစ်ဆင့် ကျိုးချင်း၏ စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိသွားသဖြင့် သူ့အား တုန်လှုပ်သွားစေသည်။

ပြိုင်ဘက်က ဤမျှ အဆင့်မြင့်လှသော စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေး စွမ်းရည်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း သူ ထိုအချိန်မှသာ သိရှိလိုက်ရသည်။

“ခေါင်းဆောင်တွေမှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေလို့ပါ...”

ကျိုးချင်း ရှင်းပြရန် ကြိုးစားလိုက်သည်။

“ဒါဆိုရင်တော့ သူတို့ အားတဲ့အချိန်အထိ စောင့်တာပေါ့”

လင်းထျန်းလုံ ဆက်သွယ်မှုကို ပိတ်ပစ်ရန် လှုပ်ရှားလိုက်သည်။

“ခဏ စောင့်ပါဦး”

ကျိုးချင်း စိုးရိမ်တကြီး ပြောလိုက်သည်။

“ငါတို့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက်တွေကို အရင်ဆုံး ကြည့်လို့ရပါတယ်။ ဝိညာဉ်သလင်းကျောက် ငါးသောင်း၊ ပြီးတော့ မြို့အပြင်ဘက်က အရင်းအမြစ်တွေ စုဆောင်းပိုင်ခွင့်တို့ကို ပေးအပ်မှာဖြစ်ပြီး မင်းတို့ဘက်က ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ပဲ။ ဒါကို ဘယ်လိုသ‌ဘောလဲ”

လင်းထျန်းလုံ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီး လှောင်ပြောင်သည့် အမူအရာတစ်ခု ပေါ်လာသည်။

“မင်းတို့က လမ်းဘေးက သူတောင်းစားတစ်ယောက်ကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာလား”

သူ၏ ညာဘက်ရှေ့ခြေလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ ၎င်းသည် ပုံရိပ်ယောင်တစ်ခု သက်သက်သာ ဖြစ်သော်လည်း ထိုပွင့်လင်းမြင်သာနေသော ဒဏ်ရာအတွင်း ပါဝင်နေသည့် ကြောက်မက်ဖွယ် စွမ်းအားများက ကျိုးချင်းအား အသက်ရှူကျပ်မတတ် ခံစားရစေသည်။

“နားထောင်စမ်း”

လင်းထျန်းလုံ၏ အသံက ကျိုးချင်း၏ စိတ်ထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားသည်။

“စွမ်းအင် ဗဟိုချက်ရဲ့ ပူးတွဲ ပိုင်ဆိုင်ခွင့်၊ နည်းပညာဆိုင်ရာ ဒေတာ အားလုံး၊ ပြီးတော့ မဟာဗျူဟာမြောက် သတ္တုတွေရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း။ ဒါတွေကို သဘောတူရင် ဝံပုလွေအသိုက်က တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးမယ်”

“ဒါ... ဒါက ဘယ်လိုမှ မဖြစ်နိုင်တာပဲ”

ကျိုးချင်း လွှတ်ခနဲ ပြောလိုက်မိသည်။

“ဒါဆိုရင်တော့ မြို့ ပျက်စီးပြီး လူတွေ သေဆုံးမယ့်အချိန်ကိုပဲ စောင့်နေလိုက်ကြပေါ့”

လင်းထျန်းလုံ မည်သည့် ညှာတာမှုမျှမရှိဘဲ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

မြောက်ဘက်တံခါး ကင်းမျှော်စင်ထက်၌ လင်းထျန်းလုံသည် မြို့အတွင်းပိုင်း ရှိရာ ဦးတည်ချက်သို့ လှမ်းကြည့်နေသည်။

ယခုလေးတင် ယင်းဖုန်း ပို့လွှတ်လာခဲ့သည့် ထောက်လှမ်းရေးသတင်းများမှတစ်ဆင့် လူသားဘက်က ဆုံးဖြတ်ချက်များကို သူ သိရှိပြီးဖြစ်သည်။

“စစ်သူကြီး အားလုံးကို အကြောင်းကြားပါ”

သူ အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း အားဖြင့် အမိန့်ပေးလိုက်သည်။

“ဧည့်သည်တွေကို ကြိုဆိုဖို့ ပြင်ဆင်ကြ”

ထိုအချိန်တွင် သူ၏ စိတ်ထဲ၌ ယွဲ့ရီ၏ အသံ ထွက်ပေါ်လာသည်။

“ဝံပုလွေဘုရင်၊ စိမ့်နွံနက်မြွေဘုရင် ရောက်နေပါပြီ။ သူက အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လဲလှယ်တဲ့အနေနဲ့ အခြားမိစ္ဆာဘုရင်တွေရဲ့ အချက်အလက်တွေကို ပေးအပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်”

လင်းထျန်းလုံ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

“သူ့ရဲ့ ရိုးသားမှုကို လုပ်ရပ်တွေနဲ့ သက်သေပြဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါ”

ညသည် လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ရာ ရေဆိုးသန့်စင်စက်ရုံ ပတ်လည်တွင် ထူးဆန်းသော အပြာရောင်အလင်းတန်းများ လင်းလက်လာခဲ့သည်။

၎င်းမှာ ယွဲ့ရီ ဖြန့်ကျက်ထားသော မျက်လှည့် အတားအဆီးတစ်ခု ဖြစ်သည်။

ပြင်ပကကြည့်လျှင် ၎င်းသည် အပျက်အစီး ပုံကြီးတစ်ခုအလား မြင်တွေ့ရဆဲဖြစ်သော်လည်း အတွင်းပိုင်းမှာမူ ဘေးကင်းသော ဆုံတွေ့ရာ နေရာတစ်ခုအဖြစ် ပြောင်းလဲထားခဲ့ပြီဖြစ်သည်။

လင်းထျန်းလုံသည် စက်ရုံ၏ အလယ်ဗဟိုတွင် တစ်ယောက်တည်း မတ်မတ်ရပ်နေပြီး နှစ်ဖက်လုံးမှ လာကြမည့် “ဧည့်သည်များ” ကို စောင့်ဆိုင်းနေသည်။

ဒီညသည် သေချာပေါက် ဆူညံမည့် ညတစ်ည ဖြစ်လာလိမ့်မည်ကို သူသိနေသည်။

တစ်ချိန်တည်းတွင် မီးပွားသုသေသနပညာရှင်အသင်း၏ မြေအောက် ဓာတ်ခွဲခန်းအတွင်း၌ ယန်ချင်းယွမ်သည် အသက်ထောက်ပံ့မှု ကွန်တိန်နာရှေ့တွင် ရပ်နေပြီး ၎င်းအတွင်း၌ လိမ်ကောက်လှုပ်ရှားနေသော ဖန်တီးမှုကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“သိပ်မကြာပါဘူး... ငါ့ကို အချိန် နည်းနည်းလောက်ပဲ ထပ်ပေးပါဦး...”

သူသည် “နတ်ဘုရားဖန်တီးရေး စီမံကိန်း” ၏ ဒေတာအားလုံး ပါဝင်နေသည့် လျှို့ဝှက်ဖိုင်တွဲတစ်ခုကို ဖွင့်လိုက်သည်။

ဤအရာများသည် သုသေသနအသင်း၏ အမြင့်ဆုံးလျှို့ဝှက်ချက်များ ဖြစ်သော်လည်း ယခုအခါ ဆွေးနွေးပွဲအတွင်း အသုံးချမည့် ဖဲချပ်များ ဖြစ်လာနိုင်ခြေ ရှိနေသည်။

လူတိုင်း နေရာယူပြီးကြပြီ ဖြစ်သည်။ နင်မြို့၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဤလောင်းကြေးကြီးလှသော ကစားပွဲကြီးက စတင်တော့မည် ဖြစ်သည်။

လေ့ဟောက်၏ သံမဏိချပ်ဝတ် မော်တော်ယာဉ်သည် “ရေဆိုးသန့်စင်စက်ရုံ” ဟု သတ်မှတ်ထားသည့် အပျက်အစီးများအနီးသို့ ချဉ်းကပ်လာချိန်တွင် “မလှုပ်မယှက် ကျောက်ဆောင်ဘုရင်” ဟု လူသိများသော ထိုသူပင်လျှင် အလိုအလျောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။

စက်ရုံ၏ အပြင်ဘက်၊ ပိန်းပိတ်အောင် မှောင်လုနီးပါးဖြစ်နေသော ညနေခင်းအလင်းအောက်တွင် မဟာနှင်းအစောင့်အရှောက် ကိုးဦးသည် အသက်ဝင်နေသော ရေခဲရုပ်တုကြီးများအလား မတ်မတ်ရပ်နေကြသည်။

သူတို့၏ ငွေဖြူရောင်အမွေးအမျှင်များသည် ဆည်းဆာ၏ အလင်းတန်းအောက်တွင် အေးစက်သော သတ္တုအလင်းတန်းများ ဖြာထွက်နေပြီး ရှူထုတ်လိုက်သော အသက်ရှူသံများက လေထုထဲတွင် လွင့်မျောနေသည့် သေးငယ်သော ရေခဲသလင်းကျောက်ငယ်လေးများအဖြစ် ပြောင်းလဲသွားသည်။

ပိုမိုထိတ်လန့်စရာကောင်းသည်မှာ သူတို့၏ နေရာယူပုံ ဖြစ်သည်။ သူတို့သည် အချင်းချင်း ကာကွယ်ပေးထားကြပြီး ချဉ်းကပ်လာနိုင်မည့် ဖြစ်နိုင်ခြေရှိသော ထောင့်တိုင်းကို ပိတ်ဆို့လျက် ပြီးပြည့်စုံသော ကာကွယ်ရေးနှင့် စောင့်ကြည့်ရေး ကွန်ရက်တစ်ခုကို ဖွဲ့စည်းထားကြခြင်းပင်။

All Chapters