တစ်ချက်တည်းဖြင့် အပြတ်ရှင်းခြင်း
Vol. 5 Ch. 46
ဧရာမဝက်ဝံရိုင်းကြီး၏ အရှိန်အဝါသည် မီတာ (၁၀၀) အကွာမှနေ၍ ဒီရေလှိုင်းလုံးကြီးတစ်ခုအလား တိုးဝင်လာလေသည်။
ရှောင်ယင်းသည် သူမ၏ နှလုံးသားကို မမြင်ရသော လက်ကြီးတစ်ဖက်က ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် တဒိတ်ဒိတ် ခုန်နေတော့သည်။
“ကြောက်စရာကောင်းလိုက်တဲ့ အရှိန်အဝါ...”
သူမ မျက်နှာလေးဖြူဖျော့သွားပြီး တစ်ကိုယ်လုံး အလိုအလျောက် တုန်ယင်လာသည်။ ဤဖိအားသည် အစာကွင်းဆက်အဆင့်ဆင့်မှ လာခြင်းဖြစ်ပြီး လူသားပါရမီရှင်များကို ရင်ဆိုင်ရသည်နှင့် လုံးဝ မတူညီပေ။ ဝက်၀ံကြီး၏ ဖိအားသည် ပိုအရိုင်းဆန်ပြီး ရှေးအကျဆုံး ကြောက်ရွံ့မှုကို နှိုးဆွပေးကာ ဝိညာဉ်ထဲထိ ထိုးဖောက်ဝင်ရောက်လာသည်။
“ဒါ.. ပါရမီရှင်အဆင့် မိစ္ဆာသားရဲလား”
ကံကောင်းထောက်မစွာပင် ထိုလေးလံသော ဖိအားကြီး ဝေါယာဉ်ကို လွှမ်းခြုံတော့မည့်ဆဲဆဲတွင် ငွေရောင်တောင်တန်းကြီးအလား ခန့်ညားသော ပုံရိပ်တစ်ခုသည် လမ်းကြောင်းကို ပြတ်သားစွာ ပိတ်ဆို့လာခဲ့သည်။
လင်းထျန်းလုံ၏ ပါရမီရှင်အဆင့် အရှိန်အဝါမှာလည်း တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာသည်။
သူ၏ ငွေဖြူရောင် အမွေးအမျှင်များသည် လေမတိုက်ဘဲ လှုပ်ခတ်နေပြီး ထိုအေးစက်ရိုင်းစိုင်းသော အရှိန်အဝါကို အတင်းအကျပ် တွန်းလှန်ကာ သူ၏နောက်ကျောဘက်ရှိ သမီးတော်များအတွက် ဘေးကင်းသော ဧရိယာတစ်ခုကို ဖန်တီးပေးလိုက်သည်။
“ဝူး...”
သူသည် တိုတောင်းသော အရေးတကြီး ဟိန်းဟောက်သံ ထုတ်ဖော်လိုက်ပြီး ရန့်မြဲ့ကို အမိန့်ပေးလိုက်သည်။
“ရန့်မြဲ့... သူတို့ကိုခေါ်ပြီး နောက်ဆုတ်တော့... ဝေးလေကောင်းလေပဲ... မြန်မြန်...”
“ဝံပုလွေဖေဖေ...” ရှောင်လန်၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းများထသွားသည်။ “အမြဲတမ်း သူ့ရဲ့ ပထမဆုံးအတွေးက ငါတို့ကို ကာကွယ်ဖို့ပဲ...”
သို့သော် လင်းထျန်းလုံ ဆက်လက်ပေးပို့လာသော စိတ်ချင်းဆက်သွယ်မှုကြောင့် ဧကရီနှစ်ပါးလုံး ဝေါယာဉ်ထဲမှ လိမ့်ကျလုမတတ် ဖြစ်သွားကြသည်။
“ရှောင်လန်... ရှောင်ယင်း... မကြောက်နဲ့နော်... လိမ္မာတယ်... ငြိမ်ငြိမ်လေး ကြည့်နေ...” “ခဏနေရင် ဖေဖေက ဝက်ဝံလက်ဖ၀ါးပေါင်း ချက်ကျွေးမယ်... မွှေးပြီး နူးအိနေမှာ... အားလည်း အရမ်းရှိတယ်...”
ရှောင်ယင်း - “…..” ရှောင်လန် - “…..”
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုနှင့် ရယ်ချင်စိတ်များ ရောထွေးနေသည်ကို တွေ့လိုက်ရသည်။
“ဝံပုလွေဖေဖေ... ဘယ်လိုအချိန်မလို့လဲ... ဟင်းချက်ဖို့ကို စဉ်းစားနေတုန်းလား” ရှောင်ယင်း စိတ်ထဲမှ အော်ဟစ်လိုက်သည်။ “ဒါကြီးက ပေါင်းစားလို့ရတဲ့ အရာမှ မဟုတ်တာ... ဒါ.. တောင်ဖြိုဝက်ဝံရိုင်းကြီးလေ... ပါရမီရှင်အဆင့် မိစ္ဆာသားရဲကြီး”
အတိတ်ဘဝက မိစ္ဆာဧကရီတစ်ပါးအနေဖြင့် ဝက်ဝံအမျိုးအစား မိစ္ဆာသားရဲများ မည်မျှ ကြောက်စရာကောင်းကြောင်း သူမ ကောင်းစွာ သိထားသည်။ သူတို့သည် အရေပြားထူထဲပြီး ခွန်အားကြီးမားကာ အဆင့်တူ သားရဲများကြားတွင် ခံနိုင်ရည်အမြင့်ဆုံး၊ အသက်ဓာတ်အများဆုံး သတ္တဝါများ ဖြစ်သည်။ စစ်မြေပြင်တွင် ခေါင်းကိုက်စရာ အကောင်းဆုံး ခံစစ်တပ်သားများလည်း ဖြစ်ကြသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထပြီးနောက် “ပထမ ဝက်၊ ဒုတိယ ဝက်ဝံ၊ တတိယ ကျား” ဟူသော ဆိုရိုးစကားမှာ ပြောင်းလဲသွားပြီဖြစ်သော်လည်း ဝက်ဝံနှင့် ကျားတို့သည် ကုန်းမြေပေါ်တွင် ထိပ်တန်း အမဲလိုက်သတ္တဝါများ ဖြစ်နေဆဲပင်။
သူမ၏ အမြင်တွင် ဝံပုလွေဖေဖေသည် ဉာဏ်ကောင်းပြီး သန်မာသော်လည်း အဆုံးတွင် ပေါ့ပါးသွက်လက်သော ဝံပုလွေမျိုးနွယ်သာ ဖြစ်နေသည်။
ဤကဲ့သို့ ခွန်အားအမျိုးအစားဖြင့် ပါရမီရှင်အဆင့် ဝက်ဝံရိုင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည် မိမိ၏ အားနည်းချက်ဖြင့် ရန်သူ၏ အားသာချက်ကို တိုက်ခိုက်ခြင်းနှင့် မခြားနားပေ။ နိုင်နိုင်ခြေ အလွန်နည်းပါးသည်။
“ဒါ ငါ့အပြစ်တွေပါ... ငါသာ အတင်းအကျပ် လိုက်မလာခဲ့ရင်... ဝံပုလွေဖေဖေက အသားရှာဖို့အတွက် ဒီလိုမိစ္ဆာကောင်ကြီးကို သွားရန်စမှာ မဟုတ်ဘူး...” ရှောင်လန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး သူမ၏ ပြာလဲ့လဲ့မျက်ဝန်းများထဲတွင် မျက်ရည်များဝဲလာကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။
“တကယ်လို့... တကယ်လို့ ဝံပုလွေဖေဖေသာ.........
ငါ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”
သူမသည် ဝိညာဉ်ထိခိုက်ပြီး အခြေခံအုတ်မြစ်ပင် ပျက်စီးသွားရင်သွားပါစေ၊ အရေးကြီးအချိန်တွင် တားမြစ်နည်းလမ်းများကို အသုံးပြု၍ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။
ဧကရီနှစ်ပါး စိတ်ထဲတွင် ဗရုတ်သုတ်ခ ဖြစ်နေချိန် သူတို့ရှေ့မှာတော့ တိုက်ပွဲစတင်နေပြီ ဖြစ်သည်။
တောင်ဖြိုဝက်ဝံရိုင်းကြီးသည် ဒဏ်ရာရထားပြီး ဒေါသထွက်နေသော်လည်း တိုက်ခိုက်ရေးဗီဇများ ကျန်ရှိနေသေးသည်။ ၎င်းသည် နောက်ခြေနှစ်ချောင်းဖြင့် မတ်တပ်ရပ်လိုက်ပြီး နားကွဲလုမတတ် ဟိန်းဟောက်လိုက်ကာ ဧရာမဝက်ဝံလက်ဝါးကြီးဖြင့် လင်းထျန်းလုံဆီသို့ ရိုက်ချလိုက်သည်။
လေထုကိုလေထုကို ခွင်းသွားသော အသံကြီး ထွက်ပေါ်လာပြီး ထိုအသံနှင့်အတူ ကျောက်တုံးများကိုပင် ကြေမွသွားစေနိုင်သော ခွန်အားလည်းပါ၀င်လာသည်။
သို့သော် လင်းထျန်းလုံသည် ထိပ်တိုက်ရင်ဆိုင်ရန် မရွေးချယ်ခဲ့ပေ။ သူ၏ ခြေလက်ကြွက်သားများ တင်းမာသွားပြီး ပေါက်ကွဲထွက်မတတ် ခွန်အားများထွက်ပေါ်လာကာ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
“ရွှီး...”
သူ၏ ပုံရိပ်သည် ဝေဝါးဝါး ငွေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဘေးဘက်သို့ လျှောတိုက်ရှောင်တိမ်းလိုက်သည်။ ဝက်ဝံလက်ဝါးကြီးသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်သွားပြီး ထိုနေရာတွင် မြေကြီးနှင့် ကျောက်ခဲများ လွင့်စင်ကာ နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
“မြန်လိုက်တာ...”
ဝေါယာဉ်ဘေးတွင် စောင့်ကြပ်နေသော ရန့်မြဲ့၏ မျက်ဝန်းထဲတွင် လေးစားအားကျမှုများ ဖြစ်ပေါ်လာခဲ့သည်။
တိုက်ခိုက်မှု လွဲချော်သွားသဖြင့် ဝက်ဝံရိုင်းကြီးမှာ ပိုဒေါသထွက်လာသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို အရွယ်အစားနှင့် မလိုက်အောင် သွက်လက်စွာ လှည့်လိုက်ပြီး နောက်ထပ် လက်ဝါးတစ်ချက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။
လင်းထျန်းလုံသည် ပါရမီရှင်အဆင့် အရှိန်နှင့် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း၏ ပုံသေမရှိသော ခြေလှမ်းများကို အသုံးပြု၍ တည်ငြိမ်စွာ ရှောင်တိမ်းနေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဓားလက်သည်းများ ထွက်ပေါ်လာပြီး ၀က်ဝံရိုင်းကြီး ဒေါသထွက်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ဝက်ဝံရိုင်းကြီး၏ ရှေ့ခြေထောက်များပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာအချို့ကို ပေးလိုက်သည်။
“ဂရား...”
ဝက်ဝံရိုင်းကြီး နာကျင်စွာအော်ဟစ်လိုက်ရသည်။ ဒဏ်ရာမှ သွေးများစီးကျလာသော်လည်း ကြီးကြီးမားမား ထိခိုက်မှုမျိူတော့ မရှိခဲ့ပေ။
သူ၏ [ ခိုင်ခံ့သော အရေပြား (ခရမ်းရောင်) ] နှင့် ထူထဲသော အဆီလွှာက အံ့မခန်းကာကွယ်မှုကို သူ့အားပေးစွမ်းထားသည်။
“ထင်တဲ့အတိုင်းပဲ... အရေပြားက ထူလိုက်တာ...” လင်းထျန်းလုံ တွေးလိုက်သည်။ “ဒီလိုမျိုး တဖြည်းဖြည်းချင်း တိုက်နေလို့ မဖြစ်ဘူး... တိုက်ပွဲဆူညံသံတွေက အရမ်းကျယ်လွန်းတယ်... တခြား အန္တရာယ်တွေပါ ရောက်လာလိမ့်မယ်... အမြန်အဆုံးသတ်မှ ဖြစ်မယ်...”
သူသည် ရန့်မြဲ့စောင့်ကြပ်နေသော ဝေါယာဉ်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုစဉ် ဘုရင်၏ဆင့်ခေါ်မှုကို ခံထားရသော ထျန်းပင်းသည် ဖမ်းမိခါနီး သမင်အုပ်ကို စွန့်လွှတ်ကာ ထူးချွန်အဆင့် နှင်းဝံပုလွေ ၆ ကောင်နှင့်အတူ လေပြင်းမုန်တိုင်းအလား စစ်မြေပြင်သို့ ရောက်ရှိလာခဲ့သည်။
“အာဝူး...” လင်းထျန်းလုံသညါ အဓိပ္ပာယ်ပါသော ရှည်လျားသည့် ဟိန်းဟောက်သံကို ပြုလုပ်လိုက်သည်။
ရန့်မြဲ့နှင့် ထျန်းပင်းမှာ ချက်ချင်း နားလည်လိုက်သည်။ ဝံပုလွေအဖွဲ့ နှစ်ဖွဲ့သည် ကောင်းစွာ လေ့ကျင့်ထားသော စစ်တပ်တစ်ခုအလား ဘယ်ညာညှပ်၍ ထက်ရှသော ဓားသွားနှစ်ချောင်းကဲ့သို့ ဝက်ဝံရိုင်းကြီးကို နှောင့်ယှက် တိုက်ခိုက်ကြတော့သည်။
သူတို့သည် အသားစီးရရန် မကြိုးစားဘဲ တစ်ချက်တိုက်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာကာ အရှိန်အားသာချက်ကို အသုံးပြု၍ ဝက်ဝံရိုင်းကြီးအပေါ် ဒဏ်ရာအသစ်များ အဆက်မပြတ်ပေးနေသည်။
ဝက်ဝံရိုင်းကြီးသည် ဤ “ယင်ကောင်” ကဲ့သို့သော အားနည်းသည့် အကောင်လေးများ၏ တိုက်ခိုက်မှုများကြောင့် လုံးဝဒေါသထွက်နေသော်လည်း လျင်မြန်သော နှင်းဝံပုလွေများကို ဖမ်းမမိနိုင်ပေ။ ၎င်းသည် လက်ဝါးကြီးများကို အချည်းနှီး ဝှေ့ယမ်းရင်း အော်ဟစ်နေရုံသာ တတ်နိုင်ပြီး ခွန်အားနှင့် စိတ်ရှည်မှုများမှာလည်း လျင်မြန်စွာ ကုန်ဆုံးလာနေသည်။
“သွားပြီ...” ဝေါယာဉ်ထဲမှ ရှောင်ယင်းသည် သူမ၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံဖြင့် ဆုံးဖြတ်လိုက်သည်။ “ဝံပုလွေအုပ်စုရဲ့ တိုက်ခိုက်မှုတွေက သေစေနိုင်လောက်တဲ့ ဒဏ်ရာ မရနိုင်ဘူး... ဒီဝက်ဝံကြီး အသားကျသွားရင် ဒါမှမဟုတ် ဝံပုလွေတွေ မောပန်းသွားရင် ဝက်၀ံကြီး ပြန်လည်တိုက်စစ်ဆင်မယ့် အချိန်ပဲ... အဲဒီကျရင်...”
သူမဆက်မတွေးရဲတော့ဘဲ ကြောက်ရွံ့မှုနှင့် နောင်တများကြောင့် ခန္ဓာကိုယ် တောင့်တင်းသွားသည်။
သို့သော် သူမ မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေချိန်တွင် စစ်မြေပြင်အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဘေးမှနေ၍ အခွင့်အရေးကို ချောင်းနေသော လင်းထျန်းလုံ၏ မျက်ဝန်းထဲတွင် ဓားသွားအလား ထက်မြက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားသည်။
“အခုပဲ”
ဝက်ဝံရိုင်းကြီးသည် လက်ဝါးရိုက်ချက်များ အကြိမ်ကြိမ် လွဲချော်ခဲ့သဖြင့် နောက်တစ်ကြိမ် အားကုန်သုံး၍ ရိုက်လိုက်သောအခါ ခန္ဓာကိုယ် ဟန်ချက်အနည်းငယ်ပျက်သွားသည်။ အားကုန်သွားပြီး အားအသစ် မမွေးနိုင်သေးသော အချိန်ဖြစ်သည်။
သွေးဆာသားရဲဟိန်းသံ (အစိမ်း)
မမြင်ရသော ပြင်းထန်သည့် တိုက်ပွဲဝင်စိတ်ဓာတ်များ သူ့ကို အားဖြည့်ပေးလိုက်သည်။
အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင်) ၏ အရှိန်ကလည်းပေါက်ကွဲထွက်လာသည်။
သူ၏ပုံရိပ်သည် အလင်းနှင့် အမှောင်ထဲသို့ လုံးဝပျော်ဝင်သွားသည့်အလား ဝက်ဝံရိုင်းကြီး၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် သွေးရောင်အငွေ့အသက်များနှင့် ငွေရောင်ပါရမီရှင်အဆင့် စွမ်းအင်များ ရစ်ပတ်ထားသော ဝံပုလွေအရိပ်တစ်ခုသည် ဝက်ဝံရိုင်းကြီး၏ အကာအကွယ်မဲ့နေသော နောက်ကျောဘက်တွင် တစ္ဆေတစ်ကောင်အလား ရုတ်တရက် ပေါ်လာသည်။
ဓားလက်သည်း၊ သေမင်းတမန် ရိုက်ချက်၊ ဝံပုလွေပြာသွေးမျိုးဆက်စွမ်းအား၊ သံချပ်ကာ ဖောက်ထွင်းခြင်း၊ ထိုးဖောက်ဝင်ရောက်ခြင်း၊
လင်းထျန်းလုံတစ်ယောက် အစွမ်းကုန်ထုတ်သုံး တိုက်ခိုက်လိုက်လေသည်။
“ရှပ်...”
ထူထဲသော သားရေကို စုတ်ဖြဲပြီး မာကျောသော အရိုးကို ဖြတ်တောက်လိုက်သည့် ကြောက်မက်ဖွယ် အသံကြီးသည် လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာလေသည်။
အချိန်များ ရပ်တန့်သွားသကဲ့သို့ပင်။
ဝက်ဝံရိုင်းကြီး၏ ခန္ဓာကိုယ် တစ်ဝက်နီးပါးကို ထောင့်ဖြတ် ပိုင်းဖြတ်လိုက်သကဲ့သို့ ကြီးမားသော ဒဏ်ရာကြီးသည် လည်ပင်းမှ အမြီးပိုင်းအထိ ပြန့်နှံ့သွားကာ သွေးများ ရေတံခွန်အလား ပန်းထွက်လာတော့သည်။
တောင်ဖြိုဝက်ဝံရိုင်းကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် တောင့်တင်းသွားသည်။
၎င်း၏ ရဲရဲနီနေသော မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်မှုနှင့် ကြောင်အမှုများဖြင့် ပြည့်နှက်နေပြီး အလင်းရောင်များ လျင်မြန်စွာ မှေးမှိန်သွားသည်။
“ဘုန်း...”
တောင်ငယ်တစ်လုံး ပြိုကျသွားသကဲ့သို့ ဤပြိုင်ဘက်ကင်း ပါရမီရှင်အဆင့် ဧရာမသတ္တဝါကြီးသည် အော်ဟစ်ချိန်ပင် မရလိုက်ဘဲ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
ဖုန်မှုန့်များ ထောင်းခနဲထွက်လာပြီး သွေးများသည် အောက်ဘက်ရှိ နှင်းလွင်ပြင်ကို လျင်မြန်စွာ နီရဲသွားစေသည်။
ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဝေါယာဉ်ထဲမှ ရှောင်ယင်းနှင့်ရှောင်လန် နှစ်ဦးလုံး မျက်လုံးများ ပြူးကျယ်သွားကြပြီး ပါးစပ်လေးများ “အို” ပုံစံ ဖြစ်သွားကာ ကျောက်ရုပ်များအလား ငြိမ်သက်နေကြသည်။
“တစ်... တစ်ချက်တည်းနဲ့ အသေသတ်လိုက်တာလား” ရှောင်ယင်း ဦးနှောက်ဗလာဖြစ်သွားသည်။
“ဒါ... ဒါက ကာကွယ်ရေးနဲ့ခွန်အား ကောင်းလှပါတယ်ဆိုတဲ့ ပါရမီရှင်အဆင့် ဝက်ဝံကြီးလေ...” ရှောင်လန်သည်လည်း နှလုံးခုန်သံများ ရပ်တန့်လုမတတ် ဖြစ်နေသည်။ “ဝံပုလွေဖေဖေ... ဖေဖေက ဘယ်လို မိစ္ဆာကောင်ကြီးများလဲ...”
ခဏတာ တိတ်ဆိတ်နေပြီးနောက် ဝံပုလွေအုပ်စု၏ မထိန်းနိုင်မသိမ်းနိုင် ကြောက်ရွံ့လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် ညည်းတွားသံများ လေထုထဲတွင် ပျံ့လွင့်လာတော့သည်။
လင်းထျန်းလုံသည် ဝက်ဝံအလောင်းဘေးသို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး လက်သည်းပေါတွင် ပေကျန်နေသော သွေးများကို ခါချလိုက်သည်။ သူသည် အသက်ရှူသံ အနည်းငယ် မြန်နေသော်လည်း မျက်ဝန်းများက အေးစက်ပြီး ထက်မြက်နေဆဲ ဖြစ်သည်။
ထို့နောက် ဝေါယာဉ်ဘက်သို့ ခေါင်းလှည့်လိုက်ပြီး စိတ်ပျော်ရွှင်မှုနှင့် ပြုံးရွှင်နေသည့်အရိပ်အယောင်များ ပါဝင်သော စိတ်ချင်းဆက်သွယ်မှုကို ပေးပို့လိုက်သည်။
“ကဲ... ပြီးပြီ၊ တွေ့လား... ဖေဖေပြောတယ်လေ၊ သမီးတို့ကို အကောင်းစားအသား ကျွေးမယ်လို့၊ ဖေဖေ ကတိတည်တယ်နော်...”