ရွှေရောင် ဘုရင်အဆင့် ပင်ကိုယ်စွမ်းရည် ရရှိခြင်း
Vol. 7 Ch. 63
ဆောင်းဦးရာသီ၏ အေးစက်စက် လေပြင်းများသည် တောင်ကြားတစ်လျှောက် တိုက်ခတ်သွားပြီး ယမ်းငွေ့နံ့များ၊ သွေးနံ့များနှင့် ကျန်ရစ်နေသေးသော လောင်ကျွမ်းနေသည့် အနံ့အသက်များကို သယ်ဆောင်လာခဲ့သည်။
ပြင်းထန်သော တိုက်ပွဲကြောင့် မီးတောက်များသည် မြေပြင်ပေါ်တွင် ကျိုးတိုးကျဲတဲ ခေါင်းမာစွာ ဆက်လက်လောင်ကျွမ်းနေပြီး စစ်တလင်း၏ အလွန်ရက်စက်ကြမ်းကြုတ်လှသော အသွင်အပြင်ကို ထပ်ဟက်ပြသနေခဲ့သည်။
အရိပ်မီးတောက်ကျားသစ်ဘုရင်သည် ခက်ခဲပင်ပန်းစွာ အသက်ရှူနေရပြီး သူ၏ အရိပ်နှင့် မီးတောက်များ ရောယှက်နေသော မျက်၀န်းများဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်နေလေသည်။
အမှောင်ထုထဲတွင် တစ္ဆေဆန်ဆန် အစိမ်းရောင်နှင့် ရေခဲပြာရောင် ဝံပုလွေမျက်လုံးများမှာ အရပ်မျက်နှာအနှံ့မှနေ၍ သေမင်းအလင်းရောင်များကဲ့သို့ တစ်စုံပြီးတစ်စုံ တောက်ပလာကြပြီး ထွက်ပြေးဖို့ရာလမ်းကြောင်း အားလုံးကို အသံတိတ် ပိတ်ဆို့ထားကြလေသည်။
ဤအခိုက်အတန့်တွင် ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော ဒေါသများ၊ အရိုးထဲထိ စိမ့်ဝင်နေသော မုန်းတီးမှုများနှင့်... သူကိုယ်တိုင်ပင် ဝန်မခံလိုသော မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်တို့သည် သူ၏ နှလုံးသားကို ဆုတ်ဖြဲနေလေတော့သည်။
ခြေလှမ်း၀က်ဘုရင်အဆင့် အရိပ်မီးတောက်ကျားသစ်ဘုရင်မှာ ဤကဲ့သို့သော အခြေအနေမျိုးအထိ ကျဆင်းသွားခဲ့ရပြီလော။ ၎င်းသည် ပထမဦးဆုံး ထူးဆန်းသော လက်နက်အမျိုးမျိုးအသုံးပြုသည့် ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူသားများကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ယခုအခါတွင် သူတစ်ခါမှ အလေးအနက်မထားခဲ့ဖူးသော ဤနှင်းဝံပုလွေများ၏ ဝိုင်းရံခြင်းကိုပါ ခံနေရချေပြီ။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သေလုမျောပါး ဖြစ်နေသော ဟော်ကျန်းသည်လည်း ဝံပုလွေအုပ်စု ရုတ်တရက် ပေါ်ထွက်လာမှုကို မျက်လုံးအပြူးသားဖြင့် မယုံနိုင်စွာ ကြည့်ရှုနေလေသည်။
ပြင်းထန်သော နာကျင်မှုနှင့် အသက်စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးလာမှုတို့ကြောင့် သူ၏ အတွေးများသည် နှေးကွေးလေးလံနေသော်လည်း သူ့ရှေ့ရှိ ယမြင်ကွင်းကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုသည် မယုံနိုင်လောက်အောင် ပြင်းထန်နေလေသည်။
“ဘုရားစူး၊ စိုက်က ပုစဉ်းကို ဖမ်းဖို့ ချောင်းနေချိန်မှာ အနောက်ကနေ ရွှေပြည်စိုးငှက်က ချောင်းနေတာကို သတိမထားမိလိုက်ကြဘူး...”
သူ၏ နောက်ဆုံးလက်ကျန် အသိစိတ်လေးထဲတွင် ကျောချမ်းဖွယ်အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူတို့သည် ထိုကြောက်မက်ဖွယ်ကောင်းသော ကျားသစ်သားရဲနှင့် အသေအကြေ တိုက်ခိုက်နေကြချိန်တွင် ဤနှင်းဝံပုလွေများသည် ရှောင်လွှဲ၍မရနိုင်သော ကွန်ရက်တစ်ခုကို တိတ်တဆိတ် ဖြန့်ကျက်ထားနှင့်ပြီးဖြစ်ကာ အစစ်အမှန် အမဲလိုက်မုဆိုးများ ဖြစ်လာခဲ့ကြလေသည်။
အရိုးထဲထိ စိမ့်ဝင်သွားသော အအေးဓာတ်တစ်ခုက သူ့ကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့သည်။ ထိုကျားသစ်သားရဲ၏ ခွန်အားနှင့် ရူးသွပ်မှုသည် သူတို့၏ အဖွဲ့ငယ်လေးကို ဖျက်ဆီးပစ်နိုင်ခဲ့ကာ ၎င်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းခဲ့လေသည်။
သို့သော် ၎င်းနှင့် နှိုင်းယှဉ်လျှင် ဤသပ်ရပ်စွာ ဖွဲ့စည်းထားပြီး အသိဉာဏ်ရှိသော နှင်းဝံပုလွေအုပ်စု... သူတို့၏ မျက်လုံးများထဲတွင် သာမန်သားရဲတစ်ကောင် လုံးဝမပိုင်ဆိုင်နိုင်သော တည်ငြိမ်မှုနှင့် ဉာဏ်ပညာများ တောက်ပနေပြီး... အထူးသဖြင့် ဦးဆောင်နေသူ နှင်းဝံပုလွေကြီး၏ ခန္ဓာကိုယ်ကြီးမှာ တောင်တစ်လုံးကဲ့သို့ ကြီးမားလှပြီး ထိုကောင်ကြီး၏ ငွေရောင်သားမွေးများသည် လရောင်အောက်တွင် အလင်းတန်းများ စီးဆင်းနေဟန်ရကာ ရေခဲပြာရောင် မျက်လုံးများသည် ဝိညာဉ်ကို ထိုးဖောက်သွားနိုင်သကဲ့သို့ နက်ရှိုင်းလှလေသည်။
၎င်းနှင့် မျက်လုံးချင်း ဆုံလိုက်ရုံဖြင့် သူ၏ စိတ်နှလုံးထဲမှ မြစ်ဖျားခံလာသော ကြောက်ရွံ့မှုနှင့် မွန်းကျပ်မှုကို ခံစားလိုက်ရလေတော့သည်။
“ဒါ... ဒါက ဘယ်လိုမိစ္ဆာသားရဲကြီးလဲ...”
ဤသည်မှာ ဟော်ကျန်း၏ အသိစိတ်များ အမှောင်ထုထဲသို့ ထာ၀ရမနစ်မြုပ်သွားမီ တွေးမိခဲ့သည့် နောက်ဆုံးအတွေးပင်။ သူ၏ အသက်စွမ်းအင်များသည် လုံးဝ ငြိမ်းသတ်သွားခဲ့ချေပြီ။ သူ၏ ဒဏ်ရာများကြောင့် ဖြစ်နိုင်သလို၊ ထိုကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေဘုရင်၏ ဖိနှိပ်ထားသော အရှိန်အဝါကြောင့် သူ၏ နောက်ဆုံးစိတ်ခွန်အားများ ရိုက်ချိုးခံလိုက်ရခြင်းလည်း ဖြစ်နိုင်ပေသည်။
[ စနစ် အသိပေးချက်။ ။ပိုင်ရှင်၏ ဖိနှိပ်ထားသော အရှိန်အဝါသည် အလွန်အမင်း အားကောင်းလွန်းသဖြင့် လွန်ကဲအဆင့် လူသားစွမ်းအားနိုးထသူ (ဟော်ကျိန်း) ကို သွယ်ဝိုက်သောနည်းဖြင့် သေဆုံးစေခဲ့သည်။ စွမ်းရည်တစ်ခု ကျဆင်းလာသည်။ ကနဦး စိတ်ထိန်းချုပ်ခြင်း (အဖြူရောင်)။ စုပ်ယူမည်လား။ ]
[ ကနဦး စိတ်ထိန်းချုပ်ခြင်း (အဖြူရောင်)။ ။ စိတ်ပိုင်းဆိုင်ရာ ပင်ကိုစွမ်းရည်တစ်ခုဖြစ်ပြီး စိတ်စွမ်းအင်ကိုအသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ ဒြပ်ဝတ္ထုများကို ထိတွေ့ကိုင်တွယ် ထိန်းချုပ်နိုင်လေသည်။ လက်ရှိ အများဆုံး ထိန်းချုပ်နိုင်သော အလေးချိန် - ၅ ကီလိုဂရမ်။ ထိန်းချုပ်ရာတွင် တိကျမှုနှင့် အလေးချိန်သည် စိတ်စွမ်းအင်နှင့်အတူ တိုးလာမည်ဖြစ်သည်။ ]
“ဟ... ကြောက်လန့်ပြီး သေသွားတာတဲ့လား၊ ပြီးတော့ ပင်ကိုယ်စွမ်းရည်တစ်ခုပါ ကျလာသေးတယ်ပေါ့လေ...” လင်းထျန်းလုံသည် အနည်းငယ် ကြက်သေသေသွားပြီးနောက် သူ၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ “ခက်ခဲတဲ့ တိုက်ပွဲတစ်ခု ဖြစ်လာမလားလို့ စိုးရိမ်နေခဲ့တာ၊ နောက်ဆုံးတော့ လက်ကျန်တွေကို အသာလေး လိုက်ရှင်းရမယ့် အနေအထား ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး...”
ဤမမျှော်လင့်ထားသော အကျိုးအမြတ်သည် သူ၏ လေးနက်တည်ကြည်မှု အချို့ကို လျော့ပါးသွားစေခဲ့သည်။
သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ စိတ်ထဲမှနေ၍ “စုပ်ယူမယ်” ဟု ရွတ်လိုက်ပြီးသည်နှင့် ချက်ချင်းပင် သူ၏ အေးစက်၊ စူးရှသော အကြည့်များသည် စစ်တလင်းပေါ်ရှိ နောက်ဆုံးရန်သူဖြစ်သော အင်အားကုန်ခမ်းနေပြီဖြစ်သည့် အရိပ်မီးတောက်ကျားသစ်ဘုရင်အပေါ်သို့ ကျရောက်သွားတော့သည်။
“အာဝူး...”
သူသည် ခေါင်းမော့ကာ ညကောင်းကင်ယံကို ထိုးဖောက်သွားသည့် ရှည်လျားသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ တိုက်ခိုက်ရန် အမိန့်ပေးသံဖြစ်သလို အောင်ပွဲခံလို့ရပီဖြစ်ကြောင်း ကြေညာသံလည်း ဖြစ်လေသည်။
နောက်တစ်စက္ကန့်တွင် အမိန့်ရရှိထားသော ရန့်မြဲ့နှင့် ထျန်းပင်းတို့သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလာကြသည်။
ရန့်မြဲ့သည် တိုးညင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ [ ခိုင်ခံ့သော အရေပြား (ခရမ်းရောင်) ကို အသက်သွင်းလိုက်လေသည်။ သူသည် ရေခဲကြေးခွံချပ်ဝတ်တန်ဆာ ဟူသော စွမ်းရည်သစ်ကို အမဲလိုက်ရာမှ ရရှိခဲ့ဖူးပြီး ထိုစွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ရေခဲကြေးခွံချပ်ဝတ်တန်ဆာ ပေါ်လာပြီး အနည်းငယ် လင်းလက်တောက်ပသွားကာ အရှေ့မှနေ၍ ပြေးဝင်သွားတော့သည်။
အလွန်ပြင်းထန်သော အအေးဓာတ်တစ်ခု မြေပြင်ပေါ်တွင် ပျံ့နှံ့သွားပြီး ကျားသစ်ဘုရင်၏ လှုပ်ရှားမှုများကို ကန့်သတ်ရန် ကြိုးစားလိုက်သည်။
ထျန်းပင်း၏ မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းများ လျှပ်တစ်ပြက် တောက်ပသွားပြီး ပြင်းထန်သော ရေခဲဝိညာဉ်၏ ပုံရိပ်သည် ပြန်လည်ပေါ်ထွက်လာကာ၊ တိုက်ပွဲ၀င်စိတ်ဓာတ်များ ပြည့်နှက်နေသည့် တိုက်ပွဲဟိန်းဟောက်သံကို ထုတ်လွှတ်ရင်း ဘေးဘက်မှနေ၍ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ခုန်အုပ်လိုက်လေသည်။
စစ်ပွဲအသစ်တစ်ခု၊ တစ်နည်းအားဖြင့် အမဲလိုက်ခြင်း စတင်ပြီဖြစ်သည်။
ယခုအချိန်တွင် အရိပ်မီးတောက်ကျားသစ်ဘုရင်သည် ခြေလှမ်း၀က်ဘုရင်အဆင့်၏ အရှိန်မဝါကို ဆုံးရှုံးသွားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒုံးကျည်ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်လာသော မဲနက်နေသည့်ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။ သူ၏ ရှေ့လက်သည်းတစ်ဖက်မှာ ပုံမှန်မဟုတ်ဘဲ လိမ်ကောက်နေပြီး အရှိန်အဝါမှာလည်း အလွန်အမင်း အားနည်းနေကာ တိုက်ခိုက်နိုင်စွမ်း တစ်ဆယ်ပုံ တစ်ပုံပင် မရှိတော့ချေ။
“ဝူး...”
ကျားသစ်ဘုရင်သည် မကျေနပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်ပြီး ပြန်လည်တိုက်ခိုက် ရုန်းကန်ဖို့ပြင်လိုက်သည်။
အကြည့်များဖြင့်သာ သတ်ဖြတ်နိုင်မည်ဆိုပါက လင်းထျန်းလုံသည် ကျားသစ်ဘုရင်၏ မျက်လုံးများထဲရှိ ဆူပွက်နေသော နာကြည်းချက်များနှင့် ဒေါသများကြောင့် ပြာအဖြစ် လောင်ကျွမ်းသွားမည်မှာ အသေအချာပင်။
ကံမကောင်းစွာဖြင့် ဤစွမ်းအားမဲ့ ဒေါသသည် လေတိုက်ခံရသော ဖယောင်းတိုင်မီးကဲ့သို့ ဝံပုလွေအုပ်စု၏ အေးစက်သော သတ်ဖြတ်လိုစိတ်နှင့် ဆောင်းဦးည၏ အအေးဒဏ်တို့ကြောင့် လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရလေသည်။
ရန့်မြဲ့၊ ထျန်းပင်းနှင့် ပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေများအားလုံး၏ နှလုံးသားထဲတွင်လည်း မီးတောက်တစ်ခု တောက်လောင်နေခဲ့သည်။
၎င်းမှာ ကျဆုံးသွားသော အပေါင်းအသင်းများအတွက် ကလဲ့စားချေလိုသည့် မီးတောက်ပင်။ သားရဲမျိုးနွယ်စုများ၏ ဥပဒေမှာ သန်မာသူသာ အသက်ရှင်ကျန်ရစ်ရမည် ဖြစ်သော်လည်း၊ အသိဉာဏ်များ နိုးထလာပြီး မျိုးနွယ်စုတစ်ခု တည်ထောင်ပြီးနောက်တွင် ‘အဖော်၊ အပေါင်းအသင်း’ ဟုခေါ်သော အရာတစ်ခုမှာ သူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့ချေပြီ။
အပေါင်းအသင်းတစ်ဦး သေဆုံးခြင်းက သတိဝီရိယကိုသာမက နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုနှင့် ဆူပွက်နေသော သတ်ဖြတ်လိုစိတ်ကိုပါ ယူဆောင်လာခဲ့လေသည်။
သူတို့၏ ရည်မှန်းချက်မှာ မျိုးနွယ်စုကို ကာကွယ်ရန်နှင့် ရန်သူများကို ချေမှုန်းရန်ပင် ဖြစ်သည်။
ဤအတွေးများမှ မြစ်ဖျားခံလာသည့် ဒေါသသညါ ဝံပုလွေအုပ်စု၏ ထိုးစစ်ကို ပို၍ပြင်းထန်စေပြီး ပိုမိုဟန်ချက်ညီစေခဲ့သည်။
ကိုယ့်ဒဏ်ရာများကို ကိုယ် လျစ်လျူရှုထားသော ထျန်းပင်း၏ အရူးအမူး ဝင်ရောက်တိုက်ခိုက်မှုနှင့် ရန့်မြဲ့၏ တိကျသော ထိန်းချုပ်ပံ့ပိုးမှုအောက်တွင်၊ အရိပ်မီးတောက်ကျားသစ်ဘုရင်သည် ခုခံရုံမျှသာ တတ်နိုင်တော့ပြီး အလွန်အမင်း သနားစရာကောင်းနေခဲ့လေသည်။
၎င်းကို ပို၍ မျှော်လင့်ချက်မဲ့စေခဲြသည်မှာ ဝံပုလွေအုပ်စု၏ နည်းဗျူဟာပင် ဖြစ်သည်။
သူတို့သည် မည်သည့်အခါမှ ထိပ်တိုက်ရင်မဆိုင်ဘဲ တိုက်ခိုက်ပြီးသည်နှင့် ဆုတ်ခွာကာ၊ သူတို့၏ အပြတ်အသတ် သာလွန်သော အရေအတွက်ကို အသုံးပြု၍ စက်ဝိုင်းတစ်ခုကဲ့သို့ ဝန်းရံနှောင့်ယှက်ခြင်းနှင့် ပြောက်ကျားစစ်ဆင်ရေးတို့ကိုသာ အသုံးပြု တိုက်ခိုင်နေပြီး ကျားသစ်ဘုရင်၏ နည်းပါးနေပြီဖြစ်သော ခံနိုင်ရည်နှင့် စွမ်းအင်များကို အစဉ်မပြတ် ကုန်ဆုံးနေစေခဲ့သည်။
ဤသည်မှာ နှင်းဝံပုလွေသွေးမျိုးဆက်အတွင်း ရိုက်နှိပ်ထားသော အမဲလိုက် ဗီဇဖြစ်သည့်အပြင်၊ လင်းထျန်းလုံ ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်သင်ကြားပေးထားသော ထိရောက်သည့် တိုက်ခိုက်ရေးနည်းလမ်းလည်း ဖြစ်ပေသည်။