ထူးဆန်းသောသားရဲများရောက်ရှိလာခြင်း
Vol. 4 Ch. 31
နံနက်ခင်းအလင်းရောင်မှာ သွေးလမင်း၏ အရှိန်အဝါများအား လုံးဝဖယ်ရှားလိုက်ပြီး နှင်းဝံပုလွေကျေးရွာ အထက်သို့ အလင်းတန်းများ ဖြာကျလာခဲ့သည်။ လေထုထဲတွင်တော့ ထူထပ်လှသော ဝိညာဉ်စွမ်းအင်များနှင့် သွေးနံ့များ စူးရှစွာ ကျန်ရစ်နေဆဲပင်။
လင်းထျန်းလုံသည် စနစ်၏ အသိပေးချက်များကို ကြည့်လိုက်ရာ ဝိညာဉ်လောင်မြိုက်သွေး (အဖြူ) ပါရမီသည် သူ၏စွမ်းရည်စာရင်းထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူသည် အခြားထူးခြားသည့် တွေ့ရှိမှုတစ်ခုကို ပိုမိုစိတ်ဝင်စားနေမိခဲ့သည် ။
‘ရန့်မြဲ့တို့ အမဲလိုက်တာ အောင်မြင်ရင် ငါကစွမ်းရည်တွေကို စနစ်ကတစ်ဆင့် ရနိုင်တယ်တဲ့လား’ သူ၏ငွေပြာရောင်မျက်ဝန်း များထဲတွင် အံ့ဩမှုနှင့် နက်နဲသော အတွေးများ ဖြတ်ပြေးသွားသည်။ ‘ဒါက မျိုးတူပဲ့တင်ထပ်သံရဲ့ ဆက်သွယ်မှု ပိုခိုင်မာလာလို့လား ၊ ဒါမှမဟုတ် ငါ ပါရမီရှင်တစ်ဝက်အဆင့် ရောက်သွားလို့ စနစ်ရဲ့ လုပ်ဆောင်ချက်တွေ တိုးလာတာလား’
ဆိုလိုသည်မှာ သူသည် ကျေးရွာထဲတွင် ထိုင်နေရုံဖြင့် ဝံပုလွေအုပ်စု၏ နယ်မြေချဲ့ထွင်မှုနှင့် အမဲလိုက်မှုများက သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ပိုမိုသန်မာစေနိုင်သည် ဆိုသည့်သဘောပင်။
၎င်းမှာ အန္တရာယ်များလှသော ဤခေတ်သစ်ကြီးတွင် ၊ အထူးသဖြင့် မနေ့ညက မြင်တွေ့ခဲ့ရသည့် ကြောက်မက်ဖွယ် မြေခွေးမိစ္ဆာကဲ့သို့သော ရန်သူမျိုး ရှိနေချိန်တွင် စခန်းကာကွယ်ရေးအတွက် အလွန်စိတ်ချရသော အခြေအနေ ဖြစ်သည်။
“အုပ်စုတစ်ခုလုံးရဲ့ အင်အားကို အမြန်ဆုံး မြှင့်တင်ရမယ်”
သူ၏အကြည့်မှာ သွေးဝိညာဉ်သမင်၏ ဧရာမအလောင်းကြီးထံသို့ ကျရောက်သွားသည်။ သူ၏ ငွေပြာရောင်မျက်ဝန်းများမှာ အရေခွံနှင့် အရိုးများကို ထိုးဖောက်၍ ဦးခေါင်းအတွင်းမှ ပူပြင်းသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် အမြုတေကို အလွယ်တကူ ရှာတွေ့သွားသည်။
လက်သည်းဖြင့် ခပ်ဖွဖွ ကုတ်လိုက်ရုံမျှဖြင့် ဦးခေါင်းခွံ ပွင့်ထွက်သွားပြီး ချိုးငှက်ဥအရွယ်ခန့်ရှိသော ၊ အတွင်းတွင် မီးချော်ရည်များ စီးဆင်းနေသကဲ့သို့ နီရဲနေသည့် အမြုတေတစ်ခု ထွက်ပေါ်လာလေသည်။
[ မိစ္ဆာအမြုတေ (အဖြူ) ]: သွေးဝိညာဉ်သမင်၏ မူလစွမ်းအားများ ကိန်းအောင်းနေသည်။ စုပ်ယူပါက အောက်ပါ ပါရမီများထဲမှ တစ်ခုကို ရရှိနိုင်သည် - ဝိညာဉ်လောင်မြိုက်သွေး (အဖြူ) ၊ ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း (အဖြူ) သို့မဟုတ် မီးဒြပ်စင် (အဖြူ)
‘ဝိညာဉ်လောင်မြိုက်သွေးနဲ့ ခန္ဓာကိုယ်ခုခံနိုင်စွမ်းမြှင့်တင်ခြင်း က ငါ့မှာ ရှိပြီးသားပဲ၊ မီးဒြပ်စင်ကလည်း ငါ့ရဲ့ အဓိကစွမ်းရည်တွေနဲ့ သိပ်မကိုက်ညီဘူး... ဒီအမြုတေက ငါ့အတွက်တော့ သိပ်ပြီး အသုံးမ၀င်ဘူးပဲဟ’ လင်းထျန်းလုံမှာ အမြုတေကို အလျင်အမြန် စစ်ဆေးအကဲဖြတ်လိုက်သည်။
ခေတ္တမျှစဉ်းစားပြီးနောက် သူဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ “ဒါကို အခုလောလောဆယ် သိမ်းထားလိုက်မယ်၊ နောင်ကျရင် အလားအလာရှိတဲ့ အုပ်စုဝင်တွေကို ဆုလာဘ်အဖြစ် ပေးလို့ရတာပဲ၊ အသစ်မွေးလာတဲ့ မျိုးဗီဇပြောင်း ဝံပုလွေပေါက်လေးတွေကိုပေါ့”
သူသည် ထိုအမြုတေကို ကိုယ်တိုင် မစုပ်ယူတော့ဘဲ သေချာ သိမ်းဆည်းလိုက်သည် ။ ထို့နောက် သမင်အလောင်းကို ငွေပြာရောင်မျက်ဝန်းဖြင့် ထပ်မံစစ်ဆေးကြည့်ရာ ထူးခြားချက်တစ်ခုကို တွေ့လိုက်ရပြန်သည်။
တစ်ညကုန်ဆုံးသွားသော်လည်း သမင်အလောင်းမှာ လုံးဝ အေးစက်မသွားဘဲ အမွေးအမျှင်များမှာ နွေးထွေးနေဆဲပင်။
[ ပစ္စည်း - သွေးနွေးသမင်သားရေ (အဆင့်နိမ့် ဝိညာဉ်ပစ္စည်း) ]: မီးလျှံသွေးအဆီအနှစ်များ ကျန်ရှိနေသဖြင့် နူးညံ့သော အပူဓာတ်ကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်ပြီး အအေးဒဏ်ကို အထူးကာကွယ်ပေးနိုင်သည် ။
‘သဘာဝ အပူပေးစက်လေးပေါ့’ လင်းထျန်းလုံ၏ မျက်ဝန်းများ တောက်ပသွားလေသည်။ ‘ရာသီဥတုက တဖြည်းဖြည်း အေးလာပြီဆိုတော့ ရှောင်လန်နဲ့ ရှောင်ယင်းတို့အတွက် တကယ့်ကို အသုံးဝင်မှာပဲ’
သူချက်ချင်းပင် အလုပ်စတင်တော့သည်။ သူ၏ လက်သည်းများမှာ အလွန်ကျွမ်းကျင်စွာဖြင့် သမင်သားရေကို လှပသပ်ရပ်စွာ ခွာယူလိုက်သည်။
သွေးကွက်များကို သန့်စင်ပြီးသစ်ပင်အိမ်၏ ထောင့်တစ်နေရာတွင် ခင်းကျင်းပေးလိုက်ရာ သစ်ပင်အိမ်အတွင်း၌ သက်သောင့်သက်သာရှိသည့် ခံစားချက်နှင့် နွေးထွေးမှုများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
“အီးယား... (နွေးလိုက်တာ...)” ရှောင်ယင်းက ပထမဆုံး ခံစားမိလိုက်ပြီး သူမ၏ ကိုယ်လုံးလေးကို သားရေဖျာထက်တွင် ဟိုဘက်ဒီဘက်လှိမ့်ကာ ပွတ်သပ်နေတော့သည်။
ရှောင်လန်ကလည်း အအေးဒဏ် ပျောက်ကွယ်သွားသည်ကို ခံစားရင်း “ဒါက... အဲဒီသမင်သားရေရဲ့ အာနိသင်လား...” ဟု ရေရွတ်ကာ အိမ်အပြင်ဘက်မှ လင်းထျန်းလုံ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ မျက်ဝန်းထဲတွင် နူးညံ့မှု အရိပ်အယောင်လေးများ ဖြတ်ပြေးသွားတော့သည်။
ထိုအချိန်တွင် ကင်းလှည့်နေသော နှင်းဝံပုလွေများထံမှ စူးရှသည့် အရေးကြီးသတိပေး ဟိန်းသံများ ထွက်ပေါ်လာခဲ့ကာ အေးချမ်းလှသော အချိန်တိုလေးကို ဖျက်စီးလိုက်လေသည်။
“ဝူး... (အရှင်... အနောက်မြောက်ဘက်မှာ တစ်ခုခုက အရှိန်အဟုန်နဲ့ ချဉ်းကပ်လာနေတယ်၊ အရမ်းမြန်လွန်းတယ်...)”
လင်းထျန်းလုံ ချက်ချင်း ခေါင်းမော့ကြည့်လိုက်လေသည်။
သူ၏ ငွေပြာရောင်မျက်ဝန်းများဖြင့် အနောက်မြောက်ဘက်ဆီသို့ စူးစိုက်ကြည့်လိုက်ရာ အဝေးမှ သစ်ပင်သစ်ကိုင်းများအထက်တွင် အမည်းစက် တစ်ဒါဇင်ခန့်ကို တွေ့လိုက်ရသည်။
၎င်းတို့မှာ မြေပြင်ပေါ်မှ မဟုတ်ဘဲ သစ်ပင်များအပေါ်မှ တစ်ပင်ပြီးတစ်ပင် ပုံမှန်မဟုတ်သော အရှိန်အဟုန်ဖြင့် ခုန်ပျံ၍ နှင်းဝံပုလွေကျေးရွာဆီသို့ ဦးတည်လာနေခြင်း ဖြစ်သည်။
သူတို့၏ပုံရိပ်များမှာ သစ်ပင်များကြားတွင် တဖျတ်ဖျတ် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး ခုန်ချက်တိုင်းက မယုံနိုင်စရာ အကွာအဝေးအထိ ရောက်နိုင်ပြီး အရှိန်မှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှလေသည်။
‘သစ်ပင်ပေါ်ကနေ လာနေတာလား၊ ဘာကောင်တွေလဲ’
သစ်ပင်အိမ်အတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့မှာလည်း လေထုထဲမှ ရုတ်တရက် တင်းမာလာမှုကို ခံစားမိလိုက်ကြရသည်။
“အီး... (ဘာဖြစ်ပြန်တာလဲ...)” “အင်း... (စွမ်းအင်အငွေ့အသက်တချို့ အရှိန်နဲ့ တိုး၀င်လာနေတယ်... ဝရုန်းသုန်းကား နိုင်လှချေလားဟ...)” ရှောင်လန်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
လင်းထျန်းလုံသည် တံတိုင်းအထက်သို့ ခုန်တက်ကာ စောင့်ကြည့်နေခဲ့သည်။
သူ၏ ငွေပြာရောင်မျက်ဝန်းကို အစွမ်းကုန် အသုံးပြုလိုက်သောအခါမှသာ လာနေသော သတ္တဝါများကို မြင်လိုက်ရတော့သည်။
၎င်းတို့၏အရွယ်အစားမှာ လူခန္တာကိုယ်တစ်ဝက်ခန့်ရှိပြီး မျောက်များကဲ့သို့ သွယ်လျသော ခြေလက်များ ရှိကြသည်။
သို့သော် ခန္ဓာကိုယ်မှာ အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေခြင်းမဟုတ်ဘဲ ရေညှိများအလား နက်မှောင်နေသော အစိမ်းရင့်ရောင်အကြေးခွံများ ဖုံးလွှမ်းနေသည်။
ထိုအကောင်များ၏ လက်ချောင်းခြေချောင်းများမှာ ချိတ်ကဲ့သို့ ထက်မြက်သော လက်သည်းများ ရှိသဖြင့် သစ်ပင်များအပေါ်၌ လျင်မြန်စွာ လှုပ်ရှားနိုင်ကြခြင်းဖြစ်သည်။
အထူးခြားဆုံးအချက်မှာ သူတို့၏ မျက်နှာတွင် အခြားအင်္ဂါရပ်များမရှိဘဲ သေမင်းအလား ဖြူဖျော့နေသော ဧရာမ မျက်လုံးကြီး တစ်လုံးတည်းသာ ရှိနေခြင်းပင်။
[ မျိုးနွယ် - ရေညှိခုန်ပျံသားရဲ (ဗီဇပြောင်း) ]
[ အဆင့် - ၁၂ မှ ၁၅ (ထူးချွန်အဆင့်) ]
[ ပင်ကိုယ်စွမ်းရည်များ - တောအုပ်အတွင်း ပုန်းကွယ်ခြင်း (အစိမ်း) ၊ လျင်မြန်သွက်လက်မှုမြှင့်တင်ခြင်း (အဖြူ)၊ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းအော်သံ (အစိမ်း) ]
[ စွမ်းရည်များ - အားကုန်ခုန်အုပ်တိုက်ခိုက်ခြင်း (အဖြူ) ၊ ကစဉ်ကလျား ခုန်ပျံခြင်း (အစိမ်း) ]
‘မျိုးစိတ်အသစ်ပဲ ၊ ဒါတင်မကဘူး... အုပ်စုလိုက် လာတာဟ’ လင်းထျန်းလုံ၏ ရင်ထဲတွင် တင်းကျပ်သွားလေသည်။
ဤကောင်များမှာ ခုနကသမင်ရူးထက် ပိုပြဿနာပေးမည့် ပုံစံပင်။
“ဝူး... (အားလုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ၊ အပေါ်နဲ့ သစ်ပင်တွေကို သတိထားကြည့်ထားကြ၊ သူတို့က အပေါ်ကနေ လာနေတာ...)” သူက သတိပေးလိုက်သည်။
တိုက်ပွဲပြီးကာစဖြစ်သော်လည်း နှင်းဝံပုလွေများမှာ အမိန့်ရသည်နှင့် ချက်ချင်းပင် ပြန်လည်စုစည်းလိုက်ကြသည်။
သူတို့သည် သစ်ပင်များပေါ်တွင် တဖျတ်ဖျတ် လှုပ်ရှားနေသော ပုံရိပ်များကိုကြည့်ရင်း ခြိမ်းခြောက်သည့် ဟိန်းသံများ ထုတ်လွှတ်ကာ ကာကွယ်ရေးဗျူဟာကို ခင်းကျင်းလိုက်ကြသည် ။
သို့သော် ထိုရေညှိခုန်ပျံသားရဲများမှာ ကျေးရွာတံတိုင်းနှင့် မနီးမဝေးရှိ သစ်ပင်များပေါ်တွင် ရပ်တန့်သွားကြသည်။ သူတို့သည် မြင့်မားသော သစ်ကိုင်းများပေါ်တွင် ဝပ်လျက် သူတို့၏ ဖြူဖျော့သော မျက်လုံးကြီးများဖြင့် ဝံပုလွေအုပ်စု၊ လင်းထျန်းလုံ နှင့် တံတိုင်းအတွင်းမှ သမင်အလောင်းကြီးကို တိတ်တဆိတ် စိုက်ကြည့်နေကြသည်။
သူတို့သည် ချက်ချင်း တိုက်ခိုက်ခြင်းမရှိဘဲ အစိမ်းရောင် တစ္ဆေများအလား ငြိမ်သက်စွာ နေရာယူထားသဖြင့် လေထုထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုနှင့် ဖိအားများ ပြည့်နှက်သွားတော့သည်။
သစ်ပင်အိမ်အတွင်းမှ ဧကရီနှစ်ပါးမှာလည်း ဤအခြေအနေကို ခံစားမိနေသည်။
“အီး... (သူတို့ ရပ်သွားတာလား...)” ရှောင်ယင်းမှာ ဝေခွဲမရ ဖြစ်နေလေသည်။
“အင်း... (ကြည့်ရတာ ငါတို့ရဲ့ အင်အားကို အကဲခတ်နေသလိုပဲ... ဒီမိစ္ဆာတွေမှာ အတိုင်းအတာတစ်ခုအထိ ဉာဏ်ရည် ရှိနေတာလား...)” ဟု ရှောင်လန်ကတော့ သူမ၏အကျင့်အတိုင်း သတိကြီးစွာဖြင့် သုံးသပ်ပြနေသည်။
လင်းထျန်းလုံ၏ ငွေပြာရောင်မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားလေသည်။ ‘ချက်ချင်း တိုက်ခိုက်တာမျိုး မလုပ်ကြဘဲ စောင့်ကြည့်နေကြတာလား... ကြည့်ရတာ ဒီဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါတွေက သတ်ဖြတ်ဖို့ပဲသိတဲ့ အရူးတွေမဟုတ်ကြဘူးပဲ’
သူသည်လည်း ချက်ချင်း တိုက်စစ်မဆင်ဘဲ ဝံပုလွေအုပ်စုကိုသာ အသင့်အနေအထားတွင်သာ ပြင်ဆင်ခိုင်းထားလိုက်သည်။ ဝံပုလွေများမှာလည်း အနားယူရန် လိုအပ်နေသဖြင့် မလိုအပ်ဘဲ ပြဿနာမရှာလိုချေ။
ရန်သူဘက်မှ တိုက်ခိုက်လိုစိတ် မပြသေးသရွေ့ သူကလည်း ဤရန်သူအသစ်ကို အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။
လင်းထျန်းလုံနှင့် ထိုအကောင်များမှာအပြန်အလှန် စောင့်ကြည့်နေခဲ့ကြသည်။
နံနက်ခင်းနေရောင်ခြည်က ပိုမိုတောက်ပလာသည်နှင့်အမျှ သစ်ပင်ထိပ်များပေါ်တွင် ဝပ်နေသော ထူးဆန်းသည့်ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာရသည် ။
‘ဒီခေတ်သစ်ကြီးက ကြီးမားတဲ့ စွမ်းအားတွေတင် ပေးတာမဟုတ်ဘဲ ပိုပြီးထူးဆန်းတဲ့ စိန်ခေါ်မှုတွေကိုပါ ယူဆောင်လာတာပါလား’ လင်းထျန်းလုံက တွေးလိုက်သည်။
“ဒီကောင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အရင်ဆုံး သိအောင် လုပ်ရမယ်...”
တစ်ကမ္ဘာလုံးဆိုင်ရာ ဆင့်ကဲပြောင်းလဲမှု၏ ပထမဆုံးညကို ဖြတ်ကျော်ကာ နံနက်ခင်းသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း နောက်ကွယ်တွင်မူ လျှို့ဝှက်ချက်များနှင့် အန္တရာယ်အသစ်များက တိတ်ဆိတ်စွာ စောင့်ကြိုနေတော့သည်။