← Chapters

ရေခဲပင်မသတ္တုကြောနှင့် ထူးဆန်းလွန်းသော ဝိညာဉ်ပုံရိပ် (၃)

Vol. 14 Ch. 140

ရေခဲပင်မသတ္တုကြောနှင့် ထူးဆန်းလွန်းသော ဝိညာဉ်ပုံရိပ် (၃)

Vol. 14 Ch. 140

ဝိညာဉ်ပုံရိပ်ဘေးရှိ ရေခဲပင်မသတ္တုကြောသည် သူ၏အတွေးနှင့်အတူ၊ နူးညံ့သော်လည်း နက်ရှိုင်းသော အပြာရောင်အလင်းတန်းများ ရုတ်တရက် လင်းထိန်သွားခဲ့သည်။

အလင်းတန်းများမှာ စုစည်းလာပြီး၊ လင်းထျန်းလုံ၏ အရှေ့ မလှမ်းမကမ်းတွင် သန့်စင်သော ရေခဲပင်မစွမ်းအင်များဖြင့် ပြုလုပ်ထားသည့် ရုပ်ထုသုံးခုအဖြစ် လျင်မြန်စွာ ပုံပေါ်လာခဲ့လေသည်။

ဤရုပ်ထုသုံးခုမှာ ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသည်... ၎င်းတို့မှာ လူသား သို့မဟုတ် ဝံပုလွေပုံသဏ္ဌာန်များ မဟုတ်ဘဲ စိတ်ကူးယဉ် တိုက်ပွဲဝင် ရုပ်သေးရုပ်များနှင့် ပိုတူနေလေသည်။

သူတို့ တစ်ကောင်ချင်းစီမှာ အဆင့် ၂၅ ပါရမီရှင်အဆင့် သားရဲတစ်ကောင်ထက် မနည်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီး၊ ဟာလာဟင်းလင်း ဖြစ်နေသော မျက်တွင်းများထဲတွင် အေးစက်စက် ဝိညာဉ်မီးတောက်များ တဖျတ်ဖျတ် လင်းလက်နေလေသည်။

“သူတို့ကို... အနိုင်ယူလိုက်စမ်း...” ဝိညာဉ်ပုံရိပ်၏ အတွေးထဲတွင် မည်သည့်ခံစားချက်မျှ ပါဝင်ခြင်းမရှိပေ - “အချိန်ကန့်သတ်ချက်က... အမွှေးတိုင် တစ်တိုင်စာပဲ...”

အတွေးများ မဆုံးသေးမီမှာပင် ရေခဲပင်မစွမ်းအင် ရုပ်သေးရုပ်သုံးခု၏ မျက်လုံးများထဲရှိ ဝိညာဉ်မီးတောက်များမှာ ဟုန်းခနဲ တောက်လောင်လာခဲ့သည်။

သူတို့သည် လေးလံသော်ငြား လင်းထျန်းလုံဆီသို့ တြိဂံပုံစံ ဖွဲ့စည်းပုံကို ဖန်တီးကာ မြန်ဆန်သော ခြေလှမ်းများဖြင့် ပြေးဝင်လာကြလေတော့သည်။

ခြေလှမ်းတိုင်းမှာ အားကောင်းလွန်းသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ပါဝင်နေသဖြင့် ရေခဲပြင်ပင် အနည်းငယ် တုန်ခါသွားရလေသည်။

လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ဤသည်မှာ ခွန်အားကို စမ်းသပ်ခြင်းသာမက၊ တိုက်ပွဲဝင် အသိဉာဏ်နှင့် ငွေပြာရောင်စွမ်းအားဟု ခေါ်သည့် အရာအပေါ် ကျွမ်းကျင်မှုအတိုင်းအတာကိုပါ စမ်းသပ်ခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

“အားလုံး နောက်ဆုတ်ကြ။ ငါ တစ်ယောက်တည်း တိုက်မယ်” သူသည် ရှေ့သို့ ထွက်လာပြီး ကူညီလိုသော နှင်းဝံပုလွေအုပ်စုကို တားဆီးရန် ဟိန်းဟောက်လိုက်သည်။

ငွေပြာရောင်နိုးထခြင်း စွမ်းရည်၏ ရွှေရောင်ပုံသဏ္ဌာန်များ နောက်တစ်ကြိမ် ပေါ်ထွက်လာပြီး၊ သူ၏ တစ်ကိုယ်လုံးတွင် စွမ်းအားများဖြင့် ပြည့်နှက်သွားခဲ့သည်။

ရှေ့တည့်တည့်မှ ပြေးဝင်လာသော ရုပ်သေးရုပ်ကို ရင်ဆိုင်ရသည့်အချိန်တွင် လင်းထျန်းလုံ မရှောင်တိမ်းခဲ့ပေ။

အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အသက်သွင်းလိုက်ရာ၊ သူ၏ပုံရိပ်မှာ တဖျတ်ဖျတ် လှုပ်ရှားသွားပြီး မူလနေရာတွင် ပုံရိပ်ယောင် တစ်ခုသာ ကျန်ရစ်ခဲ့ကာ၊ သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှာမူ ဘယ်ဘက် ရုပ်သေးရုပ်၏ ဘေးဘက်တွင် ပေါ်လာခဲ့သည်။

အာကာသကိုပင် ဆုတ်ဖြဲသွားနိုင်သည့် အရှိန်အဝါများ ပါဝင်နေသော သူ၏ ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းဖြင့် ဝိညာဉ်ရုပ်သေး၏ အရိုးအဆစ်နေရာကို ပြင်းထန်စွာ ဆုတ်ဖြဲလိုက်လေသည်။

ဤရုပ်သေးရုပ်များ၏ မာကျောမှုကို စမ်းသပ်လိုခြင်း ဖြစ်လေသည်။

ကျွီ...

နားကျိန်းစရာကောင်းသော ပွတ်တိုက်သံတစ်ခု ထွက်ပေါ်လာပြီး ရေခဲစအနည်းငယ် လွင့်စင်သွားခဲ့သည်။

ရေခဲပင်မစွမ်းအင်ရုပ်သေးရုပ်၏ လက်မောင်းတွင် နက်ရှိုင်းသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ပြီး အလှီးခံလိုက်ရသော်လည်း၊ ကျိုးမသွားခဲ့ပေ။

ထိုအစား အခြားလက်မောင်းတစ်ဖက်ဖြင့် လင်းထျန်းလုံကို လွှဲရိုက်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် အခြား ရုပ်သေးရုပ်နှစ်ခု၏ တိုက်ခိုက်မှုများမှာလည်း ရောက်ရှိလာခဲ့လေပြီ။

လင်းထျန်းလုံ၏ ပုံရိပ်မှာ နောက်တစ်ကြိမ် တဖျတ်ဖျတ် လှုပ်ရှားသွားပြီး ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုဟိန်းဟောက်သံမှာ ရုပ်ဝတ္ထုတစ်ခု ဖြစ်တည်လုနီးပါး အသံလှိုင်းတစ်ခုဖြစ်ပြီး၊ ရုပ်သေးရုပ်သုံးခု၏ လှုပ်ရှားမှုများကို တစ်ခဏမျှ ရပ်တန့်သွားစေခဲ့လေသည်။

ဤမျက်တောင်တစ်ခတ်စာ အချိန်တိုလေးအတွင်း အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ ငွေပြာမိုးကြိုးလက်သည်းကို အသက်သွင်းလိုက်သည်။

သူ၏ လက်သည်းထိပ်များတွင် ကြမ်းတမ်းသော မိုးကြိုးစွမ်းအားများ ပါဝင်လာပြီး သူ ပထမဆုံး ဒဏ်ရာရအောင် တိုက်ခိုက်ထားခဲ့သော ရုပ်သေးရုပ်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ချလေတော့သည်။

ဝုန်း...

ရေခဲပင်မစွမ်းအင် ရုပ်သေးရုပ်၏ ရင်ဘတ်တွင် ဧရာမအပေါက်ကြီးတစ်ခုဖြစ်ကာ ပေါက်ကွဲထွက်သွားခဲ့ပြီး၊ ဝိညာဉ်မီးတောက်မှာလည်း အကြိမ်အနည်းငယ် တုန်ခါသွားပြီးနောက် ရုတ်တရက် ငြိမ်းသတ်သွားခဲ့သည်။

၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ရေခဲသလင်း အပိုင်းအစပုံကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

သို့သော်လည်း ကျန်ရှိနေသော ရုပ်သေးရုပ်နှစ်ခုမှာမူ ဤအခြေအနေနှင့် အသားကျသွားခဲ့ကြပြီ ဖြစ်သည်။

သူတို့သည် အရမ်းကာရော ဝင်မတိုက်တော့ဘဲ အချင်းချင်း ပူးပေါင်းဆောင်ရွက်လာကြလေသည်။

တစ်ခုက ရှေ့တည့်တည့်မှ တိုက်ခိုက်ပြီး၊ နောက်တစ်ခုက လင်းထျန်းလုံကို နှေးကွေးသွားစေရန်အတွက် အလွန်အမင်း အေးစက်သော ရေခဲအငွေ့များကို မှုတ်ထုတ်ရင်း ဘေးပတ်ပတ်လည်မှ နှောင့်ယှက် တိုက်ခိုက်လာလေသည်။

စမ်းသပ်မှုမှာ တကယ့် ခက်ခဲသည့်ပိုင်းသို့ ယခုမှ စတင်ဝင်ရောက်လာခြင်း ဖြစ်လေသည်။

လင်းထျန်းလုံသည် နှင်းဝံပုလွေအုပ်စုကို အားကိုးခြင်းမရှိဘဲ၊ အံ့သြစရာကောင်းသော ခုခံနိုင်စွမ်းရှိသည့် ခန္ဓာကိုယ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ပြိုင်ဘက်နှစ်ကောင်ကို သူကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော အချိန်အတွင်းမှာလည်း ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်လေသည်။

နားလည်မှုအပြည့်ဖြင့် ပူးပေါင်းတိုက်ခိုက်နေကြသော ရေခဲပင်မစွမ်းအင် ရုပ်သေးရုပ်နှစ်ခုကို ရင်ဆိုင်ရာတွင်၊ လင်းထျန်းလုံသည် တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရမည်ဖြစ်ကြောင်း သိထားလေသည်။

အချိန် အကန့်အသတ်ရှိနေပြီး၊ ဝိညာဉ်ပုံရိပ်ကလည်း ဘေးမှ စောင့်ကြည့်နေသည်ဖြစ်ရာ၊ အချိန်ဆွဲနေခြင်းက အားနည်းချက်များကို ပိုမိုပေါ်လွင်စေရုံသာ ရှိပေလိမ့်မည်။

သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ငွေပြာဘုရင်မျက်ဝန်းကို အမြင့်ဆုံး ကန့်သတ်ချက်အထိ တွန်းတင်လိုက်လေသည်။

ရုပ်သေးရုပ်နှစ်ခု၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းများနှင့် တိုက်ခိုက်မည့် လမ်းကြောင်းများမှာ၊ သူ၏ စိတ်ထဲတွင် ရှင်းလင်းသော မြေပုံတစ်ခုကဲ့သို့ ရောင်ပြန်ဟပ်လာလေသည်။

ရှေ့တည့်တည့်မှ တိုက်ခိုက်လာသော ရုပ်သေးရုပ်က ဧရာမရေခဲလက်သီးကြီးဖြင့် နောက်တစ်ကြိမ် လွှဲရိုက်လိုက်ချိန်တွင်၊ အခြားတစ်ခုမှာ သူ၏ ဘေးမှ အနောက်ဘက်သို့ တိတ်ဆိတ်စွာ ကွေ့ပတ်သွားပြီး ပါးစပ်ထဲတွင် ရေခဲငွေ့များကို စတင် စုစည်းနေပြီ ဖြစ်လေသည်။

“အခုပဲ”

လင်းထျန်းလုံသည် ရှေ့တည့်တည့်မှ တိုက်ခိုက်မှုကို တိုက်ရိုက် မရင်ဆိုင်ခဲ့ပေ။ ထိုအစား အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း၏ သိမ်မွေ့‌သော လှုပ်ရှားမှုများကို အသုံးပြုကာ၊ တစ္ဆေတစ်ကောင်ကဲ့သို့ တဖျတ်ဖျတ် လှုပ်ရှားသွားလေသည်။

သူသည် ရှေ့တည့်တည့်မှ တိုက်ခိုက်မှုကို ရင်ဆိုင်တော့မည့် ပုံပေါ်နေသော်လည်း၊ တကယ်တမ်းတွင်မူ ခြေလှမ်းများကို ပြောင်းလဲလိုက်ကာ ရေခဲလက်သီးကြီးကို ဆံခြည်မျှင်စာမျှဖြင့် ရှောင်တိမ်းနိုင်ခဲ့လေသည်။

သူသည် မြေပြင်ပေါ်တွင် အရိပ်တစ်ခုကဲ့သို့ လျှောတိုက်သွားပြီး၊ သူ၏ အနောက်ဘက်တွင် ရေခဲငွေ့များကို စုစည်းနေသော ရုပ်သေးရုပ်၏ အောက်ခြေတွင် ရုတ်တရက် ပေါ်လာခဲ့လေတော့သည်။

ဤရုတ်တရက် လမ်းကြောင်း ပြောင်းလဲလိုက်မှုမှာ ရုပ်သေးရုပ်၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့လေသည်။

လင်းထျန်းလုံသည် ရေခဲငွေ့များ ထွက်ပေါ်လာတော့မည့် ခဏတာ အားနည်းချက်ကို ဆုပ်ကိုင်လိုက်ပြီး၊ သူ၏ ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းဖြင့် အပေါ်သို့ ထိုးစိုက်လိုက်လေသည်။

သူ၏ ပစ်မှတ်မှာ မာကျောလွန်းသော ကိုယ်ထည်မဟုတ်ဘဲ၊ ခေါင်းနှင့် ခန္ဓာကိုယ်ကို ဆက်သွယ်ထားသော ကျိုးပဲ့လွယ်သည့် လည်ပင်းဧရိယာကိုပင် ဖြစ်လေသည်။

ဂျွတ်...

နားကွဲမတတ် အက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အာကာသကိုပြင် ဆုတ်ဖြဲပစ်နိုင်သည့် စွမ်းအားများ ပါဝင်နေသော ထိုလက်သည်းချက်မှာ စွမ်းအင်လည်ပတ်မှု အဓိကလမ်း‌ကြောင်းကို တိကျစွာ ဖြတ်တောက်လိုက်လေသည်။

ရုပ်သေးရုပ်၏ ခေါင်းမှာ ခန္ဓာကိုယ်မှ ချက်ချင်း ပြတ်ထွက်သွားခဲ့ပြီး၊ ဝိညာဉ်မီးတောက်မှာလည်း ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ငြိမ်းသတ်သွားခဲ့သည်။

ဧရာမခန္ဓာကိုယ်ကြီးမှာ မူလနေရာတွင်ပင် တောင့်တင်းသွားပြီး ရေခဲသလင်းများ ပြည့်နှက်နေသည့် မြေပြင်ပေါ်သို့ တစ်လက်မချင်း အက်ကွဲကာ ပြိုကျသွားလေတော့သည်။

တစ်ခဏအတွင်းမှာပင် သုံးခုအနက် နှစ်ခုမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ကျန်ရှိနေသော ရှေ့တည့်တည့်မှ ရုပ်သေးရုပ်မှာ ကြောက်ရွံ့မှု မရှိပုံရဘဲ၊ လေးလံသော ခြေလှမ်းများဖြင့် ဆက်လက် တိုက်ခိုက်လာလေသည်။

သို့သော် သူ့အပေါင်းအဖော်၏ နှောင့်ယှက်မှုများ မရှိတော့သဖြင့်၊ ၎င်းမှာ လင်းထျန်းလုံအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။

လင်းထျန်းလုံ နောက်ထပ် မရှောင်တိမ်းတော့ပေ။

သူသည် ငွေပြာရောင်သွေးမျိုးဆက်] အတွင်းရှိ ‘ဘုရင်သွေး’ လက္ခဏာရပ်ကို အမြင့်ဆုံးအထိ တွန်းတင်လိုက်ရာ၊ ငွေပြာရောင် အမွေးအမျှင်များအောက်ရှိ ကြွက်သားများမှာ ဖောင်းကားလာခဲ့သည်။

သူသည် ရုပ်သေးရုပ်၏ ပြင်းထန်လှသော လက်သီးချက်ကို တိုက်ရိုက် ခံယူလိုက်သော်ငြား သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှသာ ယိမ်းထိုးသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်သည်း နှစ်ဖက်လုံးဖြင့် ဝှေ့ရမ်းတိုက်ခိုက်လိုက်လေသည်

သူ၏ ဘယ်ဘက်လက်သည်းတွင် ငွေပြာမိုးကြိုးလက်သည်း၏ စွမ်းအားများစီးဆင်းနေကာ ရုပ်သေး၏ ရင်ဘတ်အလယ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး၊ သူ၏ ညာဘက်လက်သည်းမှာမူ ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်း၏ စွမ်းအားများစီးဆင်းနေပြီး ဉီးခေါင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေတော့သည်။

ဝုန်း... ဂျုန်း... ကျွီ...

မိုးကြိုးသံများ၊ ပေါက်ကွဲသံနှင့် လေဟာနယ်ဆုတ်ပြဲသွားသည့်သံတို့မှာ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့လေသည်။

ရုပ်သေးရုပ်၏ ရင်ဘတ်မှာ ပွင့်ထွက်သွားခဲ့ပြီး၊ဈ ခေါင်းတစ်ဝက်မှာလည်း အပိုင်းခံလိုက်ရလေသည်။

မျက်လုံးထဲရှိ ဝိညာဉ်မီးတောက်မှာ စက္ကန့်အနည်းငယ်မျှ လှုပ်ရှားနေပြီးနောက် နောက်ဆုံးတွင် လုံးဝ မှေးမှိန်သွားခဲ့ပြီး၊ နောက်ဆုံး ရုပ်သေးသည်လည်း မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

အစမှ အဆုံးအထိ အမွှေးတိုင် တစ်ဝက်စာမျှပင် အချိန်မယူလိုက်ရပေ။ အဆင့် ၂၅ ပါရမီရှင်အဆင့် ခွန်အားရှိသည့် ရေခဲပင်မစွမ်းအင် ရုပ်သေးရုပ် သုံးခုလုံးမှာ ရေခဲအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

လင်းထျန်းလုံသည် သူ၏ ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော သွေးများနှင့် စွမ်းအင်များကို တည်ငြိမ်စေလိုက်ပြီး၊ နောက်သို့လှည့်ကာ ထိုလျှို့ဝှက်ဆန်းကြယ်လှသော ဝိညာဉ်ပုံရိပ်ကို သူ၏ ငွေပြာရောင်မျက်၀န်းများဖြင့် အေးဆေးတည်ငြိမ်စွာ ကြည့်လိုက်လေသည်

“စမ်းသပ်မှုကို အောင်မြင်သွားပြီလား”

ဝိညာဉ်ပုံရိပ်၏ ပတ်ဝန်းကျင်ရှိ မှိန်ဖျော့ဖျော့ အပြာရောင် အလင်းတန်းများမှာ ဖြည်းညှင်းစွာ လှုပ်ရှားလာပြီး၊ အေးစက်စက် အတွေးတစ်ခုမှာ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့သည်။

ဤတစ်ကြိမ်တွင်မူ စူးစမ်းလိုစိန်များ လျော့နည်းသွားပြီး... ရှုပ်ထွေးသော အသိအမှတ်ပြုမှု အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်

“...မဆိုးဘူး... တကယ်ပဲ... ဟိုတုန်းက ဟန်ပန်မျိုးတွေ... ပါဝင်နေတာပဲ...”

“မင်းရ... ဒီနေရာရဲ့ ရတနာတွေကို... ဝေမျှခံစားဖို့... ထိုက်တန်ပါတယ်...”

သူ၏အတွေးနှင့်အတူ၊ ရေခဲပင်မစွမ်းအင်သတ္တုကြော၏ ထောင့်တစ်ခုမှာ ရုတ်တရက် အလိုအလျောက် ပြတ်ထွက်သွားခဲ့သည်။

သိပ်သည်းလွန်းသော အအေးဓာတ်များကို ထုတ်လွှတ်နေသည့်၊ စုစုပေါင်းပမာဏ၏ ဆယ်ပုံတစ်ပုံခန့်ရှိသော အပြာရောင် သလင်းကျောက်များမှာ၊ ဖြည်းညင်းစွာ လွင့်မြောလာပြီး လင်းထျန်းလုံ၏ အရှေ့တွင် ရပ်တန့်သွားလေသည်။

“ဒါက... အာမခံချက်တစ်ခုပဲ... ဒီနေရာရဲ့... အေးချမ်းမှုကို... ထိန်းသိမ်းပေးပါ... တကယ်လို့ ပြင်ပလူတွေ... ကျူးကျော်လာရင်... မင်းကူညီပေးရမယ်...”

“မင်းရဲ့ ငွေပြာရောင်စွမ်းအားက... နောက်ထပ် ခြေတစ်လှမ်း... ထက်တိုးတက်လာတဲ့ အခါကျရင်... ထပ်ပြီးယူဖို့အတွက်... ဒီကို မင်းပြန်လာနိုင်တယ်...”

လင်းထျန်းလုံသည် သူ့ရှေ့ရှိ တန်ဖိုးမဖြတ်နိုင်သော ရေခဲပင်မစွမ်းအင်သတ္တုရိုင်းတုံးကြီးကို ကြည့်ရင်း၊ သူ၏နှလုံးသားထဲတွင် အလွန်ဝမ်းမြောက်သွားသော်ငြာ အပြင်ပန်းတွင်မူ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။

သူ ခေါင်းညိတ်ပြလိုက်သည် “ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ဒီသဘောတူညီချက်ကို ကျွန်တော် စောင့်ထိန်းပါ့မယ်”

သူသည် အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍ ရေခဲပင်မစွမ်းအင် သတ္တုရိုင်းတုံးကြီးကို ဂရုတစိုက် သိမ်းဆည်းလိုက်လေသည်။

ဝိညာဉ်ပုံရိပ်သည် မှိန်ဖျော့ဖျော့ အပြာရောင် မျက်လုံးများမှာ လင်းထျန်းလုံကို နောက်ဆုံးအနေဖြင့် နက်ရှိုင်းစွာ ကြည့်လိုက်ပြီးနောက်၊ ၎င်း၏ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ကာ၊ နောက်ဆုံးတွင် အရည်ပျော်သွားသည့်အလား ထိုဧရာမသတ္တုကြောကြီးအတွင်းသို့ ပြန်လည်နစ်မြုပ် ပျောက်ကွယ်သွားလေတော့သည်။

ကြီးမားလွန်းသော ဖိအားကြီးမှာလည်း ဝိညာဉ်ပုံရိပ်နှင့်အတူ လွင့်ပြယ်သွားခဲ့ချေပြီ။

နှင်းကွင်းပြင်ကြီးဆီသို့ ငြိမ်းချမ်းမှုများ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဝံပုလွေအုပ်စုနှင့် မျက်စိကျိန်းမတတ် လှပနေဆဲဖြစ်သော ထိုဧရာမသတ္တုကြောကြီးသာ ကျန်ရစ်တော့လေသည်။

လင်းထျန်းလုံသည် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

ဤဖြစ်ရပ်တွင် အန္တရာယ်များခဲ့သော်လည်း၊ ကြီးမားလွန်းသော ဆုလာဘ်များကို ရရှိခဲ့သည်မဟုတ်ပါလား။

အရေးတကြီး လိုအပ်နေသော အဖိုးတန် အရင်းအမြစ်များကို ရရှိခဲ့ရုံတင်မကဘဲ၊ သူ၏ ကိုယ်ပိုင်သွေးမျိုးဆက်နှင့် ပတ်သက်သော ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုကိုလည်း သူထိတွေ့လိုက်မိပုံ ရလေတော့သည်။

“သွားကြစို့၊ အရင်ဆုံး ဒီက ရလာတာတွေကို သေချာ သိမ်းဆည်းလို့ရအောင် လုံခြုံတဲ့ နေရာတစ်ခု ရှာမှရမယ်”

သူသည် အမိန့်ပေးလိုက်ပြီး နှင်းဝံပုလွေအုပ်စုနှင့် ကလေးငယ်နှစ်ဦးကို ဦးဆောင်ကာ၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းတို့ ရောယှက်နေသော ရေခဲချိုင့်ဝှမ်းအတွင်းမှ ထွက်ခွာလာခဲ့လေတော့သည်။

All Chapters