← Chapters

ရေပြာကြေးခွံအစောင့်အရှောက်များ၏ ပထမဆုံးတိုက်ပွဲ (၂)

Vol. 13 Ch. 121

ရေပြာကြေးခွံအစောင့်အရှောက်များ၏ ပထမဆုံးတိုက်ပွဲ (၂)

Vol. 13 Ch. 121

ယင်းဖုန်းနှင့် သူ၏အမဲလိုက်အဖွဲ့မှာ ချက်ချင်း နောက်ဆုတ်လာခဲ့ကြပြီး၊ စွတ်ဖားကို တစ္ဆေများသဖွယ် ဝိုင်းရံလိုက်ကာ၊ သူတို့၏ စူးရှသော မျက်လုံးများဖြင့် ဖြစ်လာနိုင်သည့် လုပ်ကြံမှု၊ ချောင်းမြောင်းတိုက်ခိုက်မှုများကို စစ်ဆေးနေကြလေသည်။

ရန့်မြဲ့၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ယုံကြည်ရဆုံးသော ခံတပ်ကြီးတစ်ခုကဲ့သို့ မတ်မတ်ရပ်နေပြီး စွတ်ဖား၏ အနောက်တည့်တည့်ရှိ ဧရိယာကို ပိတ်ဆို့ထားလေသည်။

သူ၏ အမြီးပေါ်ရှိ ဖြူဖျော့ဖျော့ ရေခဲမီးတောက်များမှာ ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ရန်သူများကို မိုင်တစ်ထောင် အကွာမှပင် တားဆီးထားနိုင်မည့် အစွန်းရောက် အအေးဓာတ်များကို ထုတ်လွှတ်နေလေသည်။

တစ်ချိန်တည်းမှာပင် ထျန်းပင်းမှာ အရှင်းလင်းဆုံးနှင့် အတိကျဆုံးသော အမိန့်ကို လက်ခံရရှိပြီး ဖြစ်လေသည်

သူနှင့် သူ၏ ရေပြာကြေးခွံအစောင့်အရှောက်များအတွက် တာဝန်မှာ ရိုးရှင်းလှသည်။

ကျောက်ချပ်ဝတ်မြေနဂါးအုပ်စုကို ကြိတ်ချေပစ်ရန်၊ ဝံပုလွေဘုရင်အတွက် စစ်မြေပြင်ကို ရှင်းလင်းပေးရန်နှင့်၊ ဘုရင်နှင့် ထိုဧရာမသတ္တဝါကြီး၏ နှစ်ဦးချင်းတိုက်ပွဲတွင် မည်သည့် လက်ပါးစေကိုမျှ ဝင်ရောက်နှောင့်ယှက်ခွင့် မပေးရန်ပင် ဖြစ်လေသည်။

“အာဝူး...” ထျန်းပင်းသည် စိတ်မရှည်တော့ဘဲ ရူးသွပ်ဖွယ် တိုက်ပွဲအော်ဟစ်သံကြီး တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ရေပြာကြေးခွံအစောင့်အရှောက် ခြောက်ကောင်မှာ တစ်ပြိုင်နက်တည်း ရှေ့သို့ တက်လာကြပြီး၊ သူတို့၏ လှုပ်ရှားမှုများမှာ ပြီးပြည့်စုံစွာ တစ်ထပ်တည်း ကျနေလေသည်။

သူတို့၏ ရေပြာရောင် အကြေးခွံများမှာ အချင်းချင်း ပွတ်တိုက်မိပြီး ကြက်သီးထဖွယ် သတ္တုအသံများ ထွက်ပေါ်လာကာ၊ အေးစက်စက် သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည့် သံမဏိဒိုင်းကာတစ်ခုအလား ခံစစ်ဗျူဟာ တစ်ခုကို ချက်ချင်း ခင်းကျင်းလိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် လင်းထျန်းလုံသည် အတွေးတစ်ချက်နှင့်အတူ၊ ငွေပြာရောင်သွေးမျိုးဆက်၏ သီးသန့် လက္ခဏာရပ်ဖြစ်သော... ငွေပြာလမင်းကို အသက်သွင်းလိုက်လေသည်။

ကြည်လင်တောက်ပသော ငွေပြာရောင် လမင်းအရိပ်ကြီး တစ်ခုမှာ ဟင်းလင်းပြင် အတားအဆီးများကို ထိုးဖောက်လာသကဲ့သို့၊ ဤဝိညာဉ်နယ်မြေ၏ ထူးဆန်းသော ကောင်းကင်ယံတွင် ရုတ်တရက် တွဲလောင်းကျလာလေသည်။

အေးစက်သန့်စင်သော လရောင်များမှာ ခန်းဆီးလိုက်ကာတစ်ခုကဲ့သို့ ကျဆင်းလာပြီး၊ နှင်းဝံပုလွေမျိုးနွယ်စုဝင် အားလုံးကို လွှမ်းခြုံသွားလေသည်။

တစ်ခဏအတွင်းမှာပင် အားကောင်းလွန်းသော ခွန်အားများပြည့်နက်သွားသည့် ခံစားချက်တစ်ခု သူတို့၏ ခန္ဓာကိုယ်များအတွင်း ဆူပွက်လာခဲ့သည်... သူတို့၏ အမြန်နှုန်း၊ ခွန်အားနှင့် ခုခံနိုင်စွမ်းများအားလုံး သိသိသာသာ မြင့်တက်သွားခဲ့လေပြီ။

ငွေပြာလမင်း၏ အားကောင်းလှသော အလင်းရောင်အောက်တွင်၊ ထျန်းပင်းသည် သူကိုယ်တွင်းရှိ ရူးသွပ်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များကို ထိန်းချုပ်၍မရတော့ကြောင်း ခံစားလိုက်ရလေသည်။

သူသည် တွန့်ဆုတ်နေခြင်း အလျဉ်းမရှိဘဲ ပြင်းထန်သော ရေခဲဝိညာဉ်ကို အပြည့်အဝ အသက်သွင်းလိုက်လေသည်။

ရုပ်ဝတ္ထုတစ်ခုဖြစ်ပေါ်တော့မည့်အလား ထူထဲလွန်းသော အနီရောင်ရင့်ရင့် ဒေါသအရှိန်အဝါ တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ ကြွက်သားများ အနည်းငယ် ဖောင်းကားလာကာ၊ မျက်လုံးများထဲတွင် မီးတောက်များ လောင်ကျွမ်းနေကာ သွေးဆာနေသည့်ပုံစံ ပြောင်းလဲသွားလေသည်။

“အာဝူး...” ထျန်းပင်းသည် လေထုကို ဆုတ်ဖြဲသွားမတတ် ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခုနှင့်အတူ၊ ငွေနီရောင် လေဆင်နှာမောင်းတစ်ခုအလား ပြောင်းလဲသွားလေတော့သည်။

ထျန်းပင်းသည် တိုက်ပွဲဝင်စိတ်ဓာတ်များ လောင်ကျွမ်းနေပြီး ရေပြာရောင် အကြေးခွံများ ထောင်မတ်နေသည့် အစောင့်အရှောက်ခြောက်ကောင်ကို ဦးဆောင်ကာ၊ မိုးကြိုးကဲ့သို့ စတင် တိုက်ခိုက်လိုက်လေတော့သည်။

သူ၏ တွေးခေါ်ပုံမှာ ရိုးရှင်းလှသည် - သူတို့ကို ဝိုင်းရံထားရဲသည့် ဤကျောက်တုံးတုံးကြီးများကို အမှုန့်ဖြစ်အောင် ကြိတ်ချေပစ်ခြင်းက၊ ဝံပုလွေဘုရင်အပေါ် ထားရှိသော သူ၏ အကြီးမားဆုံး သစ္စာစောင့်သိမှုဖြစ်ပြီး၊ မင်းသမီးလေးနှစ်ပါးကို ကာကွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

ဖြစ်နိုင်သည့်အရာက... သူသာ ဤအမှိုက်ကောင်များကို လုံလောက်အောင် မြန်မြန် ဖြေရှင်းနိုင်မည်ဆိုလျှင်၊ နောက်ပြန်လှည့်ကာ ဝံပုလွေဘုရင်က ထိုအကောင်ကြီးကို ထုထောင်းရာတွင်ပင် ကူညီနိုင်သေးသည် မဟုတ်လော။

ထိုအတွေးကြောင့် ထျန်းပင်း၏ တိုက်ခိုက်မှုများက ပို၍ပင် ကြမ်းတမ်းလာပြီး တားဆီး၍မရနိုင်အောင် ဖြစ်သွားခဲ့လေတော့သည်။

ကြောက်မက်ဖွယ် ထိပ်တိုက်တွေ့ဆုံမှု တိုက်ပွဲတစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထျန်းပင်းဦးဆောင်သော ရေပြာကြေးခွံအစောင့်အရှောက်အဖွဲ့သည်၊ ဤရုတ်တရက် ပေါ်ပေါက်လာသော တိုက်ပွဲတွင် အစွမ်းကုန် ကြမ်းပြနေခဲ့သည်။

လင်းထျန်းလုံ၏ အပင်ပန်းခံ ကြိုးစားအားထုတ်မှုများမှ ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် ရလဒ်များကို လူတိုင်းအား နောက်ဆုံးတွင် ပြသလိုက်လေပြီ။

ယခင်ထပ် ပိုမိုကောင်းမွန်သော ရေပြာရောင် ဝိညာဉ်ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထာခြင်း၊ ထို့အပြင် ငွေပြာရောင်လမင်းနှင့် ဝံပုလွေဘုရင်၏ အာဏာစက်၊ စွမ်းအားမြှင့်တင်မှု အမျိုးမျိုးတို့ဖြင့် ပံ့ပိုးထားသော ရေပြာရောင်ကြေးခွံ အစောင့်အရှောက်များမှာ....

ထျန်းပင်း ဆိုသည့် ပြိုင်ဘက်ကင်းတိုက်ပွဲအရူး၊ အဖွဲ့ခေါင်းဆောင်နှင့်အတူ၊ ရှေ့ပြေးတပ်ဖွဲ့အဖြစ် ကျောက်ချပ်ဝတ် မြေနဂါးများ၏ ဖွဲ့စည်းပုံအတွင်းသို့ ပူနေသော ဓားတစ်ချောင်းဖြင့် ထောပတ်ကို လှီးဖြတ်လိုက်သည့်သဖွယ် ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။

ဤကျောက်ချပ်ဝတ်မြေနဂါးများမှာ သူတို့၏ အမည်တွင် “ချပ်ဝတ်” ဟူသော စကားလုံး ပါဝင်သော်လည်း၊ အကာအကွယ်များမှာမူ သူတို့၏ တော်ဝင်သွေးမျိုးဆက် ပါရှိသော ခေါင်းဆောင်နှင့်စာလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

သူတို့၏ ကြမ်းတမ်းသော အရေပြားထူထူများမှာ သာမန်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ကောင်း ခံနိုင်လိမ့်မည်၊ သို့သော် အကြိမ်ကြိမ် စွမ်းအားမြှင့်တင်ခြင်းခံထားရသော ရေပြာကြေးခွံအစောင့်အရှောက်များ၏ ထက်ရှလှသော လက်သည်းများကိုတော့ မခုခံနိုင်ပေ။

ထို့အပြင် ရူးသွပ်မှုများဖြင့် လောင်ကျွမ်းနေပြီး သတ္တုကိုပင် အမှုန့်ကြိတ်ပစ်နိုင်စွမ်းရှိသော ထျန်းပင်း၏ ပြင်းထန်သော မီးလျှံကိုက်ချက်ကိုလည်း လုံးဝ မခံနိုင်ကြပေ။

တစ်ခဏအတွင်းမှာပင် မြေနဂါးများ၏ ထူထပ်သော ဝိုင်းရံပိတ်ဆို့မှုကြီးမှာ ဤရေပြာရောင် သံမဏိရေစီးကြောင်းကြောင့် ဆုတ်ဖြဲခံလိုက်ရပြီး၊ သူတို့၏ ဖွဲ့စည်းပုံမှာ အစိတ်စိတ်အမွှာအမွှာ ကြေမွသွားခဲ့လေသည်။

နာကျင်စွာ အော်ဟစ်ညည်းတွားသံများကြားတွင် ကျောက်ချပ်ဝတ်မြေနဂါး အုပ်စုမှာ ပြန်လည်ခုခံရန် ကြိုးစားကြသော်လည်း၊ သူတို့၏ တိုက်ခိုက်မှုများမှာ ရေပြာကြေးခွံအစောင့်အရှောက်များ၏ ချပ်ဝတ်တန်ဆာများအပေါ်တွင် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိလှပေ။

ဝံပုလွေအုပ်စု၏ ထိရောက်လှသော၊ နားလည်မှုအပြည့်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု၊ သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် အရှိန်အဟုန်တို့မှာ သူတို့၏ စိတ်ကူးထက် များစွာ သာလွန်နေလေသည်။ တိုက်ပွဲမှာ လျင်မြန်စွာပင် တစ်ဖက်သတ် ချေမှုန်းခြင်းနှင့် အမဲလိုက်ခြင်း အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

[စနစ် အသိပေးချက်] ။ ။ပိုင်ရှင်၏ လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စုသည် ထူးချွန်အဆင့်မိစ္ဆာသားရဲ၊ ကျောက်ချပ်ဝတ်မြေနဂါးကို အမဲလိုက် သတ်ဖြတ်နိုင်ခဲ့ပါသည်။ ကျဆင်းလာသော ပင်ကိုစွမ်းရည် - ခန္ဓာကိုယ် ကြံ့ခိုင်မှုမြှင့်တင်ခြင်း (အဖြူရောင် ·ငွေအဆင့်)

[စနစ် အသိပေးချက်] ။ ။ ပိုင်ရှင်၏ လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စုသည် ထူးချွန်အဆင့်မိစ္ဆာသားရဲ၊ ကျောက်ချပ်ဝတ်မြေနဂါးကို အမဲလိုက် သတ်ဖြတ်နိုင်ခဲ့ပါသည်။ ကျဆင်းလာသော ပင်ကိုစွမ်းရည် - ကြမ်းတမ်းစွာ ဝင်ဆောင့်ခြင်း (အဖြူရောင် · ငွေအဆင့်)။

[စနစ် အသိပေးချက်] ။ ။ ပိုင်ရှင်၏ လက်အောက်ခံ နှင်းဝံပုလွေမျိုးနွယ်စုသည် ပါရမီရှင်အဆင့်လုနီးပါး မိစ္ဆာသားရဲ၊ ကျောက်ချပ်ဝတ်မြေနဂါးကို အမဲလိုက် သတ်ဖြတ်နိုင်ခဲ့ပါသည်။ ကျဆင်းလာသော ပင်ကိုစွမ်းရည် - ထူထဲအရေပြား (အစိမ်းရောင် · ကြေးအဆင့်)

[...]

စနစ် အသိပေးချက် အသံများမှာ လင်းထျန်းလုံ၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သော်လည်း၊ ကျဆင်းလာသော စွမ်းရည် အားလုံးမှာ အဆင့်နိမ့်ပြီး သာမန် အခြေခံလက္ခဏာရပ်များသာ ပါရှိလေသည်။

သူ စုပ်ယူရန်အတွက် မည်သည့် တန်ဖိုးမျှ မရှိသဖြင့်၊ အတွေးတစ်ချက်ဖြင့် သူသည် ၎င်းတို့ကို ချက်ချင်း ဖြိုခွဲလိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အလားအလာရှိသော အခြားစွမ်းရည်များ ကြီးထွားရေးအတွက် အာဟာရများအဖြစ်သို့ အသွင်ပြောင်းလိုက်လေသည်။

တိုက်ပွဲ၏ ဆူညံသံများ လျင်မြန်စွာ ငြိမ်သက်သွားလေသည်။ ထျန်းပင်းတို့ အဖွဲ့အနေဖြင့် အချိန်များစွာ မယူလိုက်ရပေ။

ထျန်းပင်းသည် တိုးညင်းစွာ ညည်းတွားလိုက်ပြီး၊ သူ၏ ထက်ရှသော လက်သည်းများပေါ်ရှိ သွေးစက်များကို ခါထုတ်လိုက်ကာ၊ ရေပြာကြေးခွံအစောင့်အရှောက် ခြောက်ကောင်ကို ဦးဆောင်၍ တည်ငြိမ်သော ခြေလှမ်းများဖြင့် သူတို့၏ မူလနေရာများသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။

သူတို့၏ ရေပြာရောင် အကြေးခွံများပေါ်တွင် တိုက်ပွဲ အမှတ်အသား အနည်းငယ်နှင့် ရန်သူများ၏ သွေးများ ပေကျံနေသော်လည်း၊ အကြည့်များမှာ ယခင်ကထက် ပိုမိုထက်မြက်ပြီး ပိုမိုရိုင်းစိုင်းနေလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှ လက်တွေ့ တိုက်ပွဲများဖြင့် သန့်စင်ထားသော ခမ်းနားလှသည့် အရှိန်အဝါများကို ထုတ်လွှတ်နေရာ၊ အစွန်းများကို လုံးဝ ဖော်ပြထားသည့် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားများနှင့် တူနေလေသည်။

[စနစ်အသိ‌ေပးချက်။ ။အသေအပျောက် အချိုးအစား - ၀ သတ်ဖြတ်ခြင်း - နှစ်ဆယ်ကျော်]

သံသယဖြစ်စရာမလိုသော အကြွင်းမဲ့ အောင်ပွဲပင်။

စွတ်ဖားပေါ်တွင် တိုတောင်းသော်ငြား ပြင်းထန်လွန်းသော တိုက်ပွဲကို တင်းမာစွာ စောင့်ကြည့်နေခဲ့ကြသည့် ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ၊ စကားပြောရန်ပင် ပြောစရာစကားရှာမတွေ့ ဖြစ်သွားခဲ့ကြသည်။

“အဲဒါတွေက အရေပြားထူပြီး ခွန်အားကြီးမားလွန်းတယ်လို့ နာမည်ကြီးတဲ့ ထူးချွန်အဆင့်မိစ္ဆာသားရဲတွေလေ... ပြီးတော့ သူတို့ အရေအတွက်ကလည်း အများကြီးပဲ...”

“ဒါပေမဲ့ သူတို့က ဦးဦးထျန်းပင်းနဲ့ ရေပြာကြေးခွံအစောင့်အရှောက်တွေ ရှေ့မှာ ဒီလောက်တောင် အားနည်းပြီး သတ်ရလွယ်နေရတာလား...”

“ဖြစ်စဉ် တစ်ခုလုံးက သပ်ရပ်ပြီး ထိရောက်လွန်းတယ်၊ သူတို့ကသာ အမဲလိုက်ခံနေရတဲ့ သူတွေဆိုပြီးတောင် ထင်ယောင်ထင်မှား ဖြစ်သွားသေးတယ်...”

“ဒါက... ဒီအဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက... အရမ်း အားကောင်းလွန်းမနေဘူးလား...”

ဝံပုလွေဖေဖေ ပျိုးထောင်ထားသည့် အင်အားစုက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ကောင်းသလဲဆိုသည်ကို ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားခဲ့သဖြင့်၊ ရှောင်ယင်း၏ နှလုံးသားမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေသည်။

“ဝံပုလွေဖေဖေက... စကားတစ်ခွန်းမှမပြောဘဲ ဒီလောက်အစွမ်းထက်တဲ့ ကိုယ်ရံတော်အဖွဲ့ကို အမှန်တကယ်ပဲ တည်ထောင်လိုက်နိုင်တာလား...” ရှောင်လန်သည်လည်း ၎င်းကို ယုံကြည်ရန် ခက်ခဲနေလေသည်။

ဝံပုလွေဖေဖေ၏ လုံခြုံရေးအတွက် သူမ၏ ယခင်က စိုးရိမ်ပူပန်မှုများမှာ၊ ဤအဖွဲ့ ပြသလိုက်သော ခွန်အားများကြောင့် အနည်းငယ် လျော့ကျသွားခဲ့ရလေသည်။

All Chapters