← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 23 Ch. 227-228

အခန်း (၂၂၇) - တဟုန်ထိုး တိုးတက်လာ‌ခြင်း၊ စစ်မြေပြင်သို့ ၀င်ရောက်လာတော့မည့် ဝံပုလွေဘုရင်အသစ်တစ်ပါး (၂)

“ပျက်စမ်း” လင်းထျန်းလုံသည် ၀ိညာဉ်ရိုက်ခတ်မှုများကြားမှ ဟာကွက်တစ်ခုကို အမိအရ ဖမ်းဆုပ်ကာ အလင်းဝံပုလွေ၏ ဗဟိုချက်ဆီသို့ စိတ်ပိုင်းဆိုင်ရာ တန်ပြန်တိုက်ခိုက်မှုတစ်ခုကို တိုက်ရိုက် ပစ်လွှတ်လိုက်သည်။

ဒုတိယ အလင်းဝံပုလွေသည်လည်း ငိုကြွေးသံတစ်ခုနှင့်အတူ ရွှေရောင်အလင်းမှုန်လေးများအဖြစ် ပြန့်ကျဲပျောက်ကွယ်သွားတော့သည်။

‘တတိယ စမ်းသပ်မှု - သွေးမျိုးဆက် ပဲ့တင်ထပ်ခြင်း'

ညာဘက်ရှိ အလင်းဝံပုလွေက ပါးစပ်ဟကာ ရွှေရောင်အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။

လင်းထျန်းလုံသည် ပင်ကိုဗီဇအရ ရှောင်တိမ်းချင်သော်လည်း သူ၏သွေးမျိုးဆက် အနက်ရှိုင်းဆုံးနေရာမှ လိုလားတောင့်တမှုတစ်ခုကို ခံစားလိုက်ရသည်။

သူကိုယ်သူ တည်ငြိမ်အောင်ထားလိုက်ပြီး ရွှေရောင်အလင်းတန်းကို သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံခွင့်ပေးလိုက်သည်။

ရွှေရောင်အလင်းက မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်ကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် လင်းထျန်းလုံသည် ရှေးဟောင်း ဝံပုလွေဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။

သူ၏ သွေးမျိုးဆက်အတွင်းရှိ မှတ်ဉာဏ်အပိုင်းအစများ အသက်ဝင်လာခဲ့လေသည်။

အေးခဲနေသော လွင်ပြင်ကြီးတစ်ခုပေါ်တွင် ဧရာမဝံပုလွေများစွာက လမင်းကြီးအား ဟိန်းဟောက်နေကြသည်ကို သူ မြင်တွေ့နေရသည်။

ရှေးဟောင်း စစ်မြေပြင်တစ်ခုပေါ်တွင် ငွေဖြူရောင် ဝံပုလွေဘုရင်တစ်ပါးက မိစ္ဆာအုပ်စုကြီးကို တစ်ကောင်တည်း တိုက်ခိုက်နေသည်ကိုလည်း မြင်တွေ့ရသည်။

“သြော်... ငါ့ရဲ့ သွေးမျိုးဆက်က အဲဒီကနေ ဆင်းသက်လာတာကိုး...” လင်းထျန်းလုံ သဘောပေါက်သွားသည်။

ရွှေရောင်အလင်း၏ ဆေးကြောပေးမှုအောက်တွင် သူသည် သွေးမျိုးဆက်ကို တက်ကြွစွာ လည်ပတ်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ ရေခဲပြာရောင် အလင်းတန်းများသည် ပိုမိုသန့်စင်လာပြီး နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ရုပ်ပိုင်းဆိုင်ရာ ရေခဲပုံဆောင်ခဲတိုက်ပွဲချပ်ဝတ်အဖြစ် စုစည်းဖြစ်ပေါ်လာတော့သည်။

အလင်းဝံပုလွေ၏ ရွှေရောင်အလင်းတန်းသည် စတင်တုန်ယင်လာပြီး နောက်ဆုံးတွင် လင်းထျန်းလုံ၏ သွေးမျိုးဆက်က လုံးဝ စုပ်ယူသွားတော့သည်။

အလင်းဝံပုလွေက ကျေနပ်စွာ ခေါင်းညိတ်ပြပြီး အလိုအလျောက် ပျောက်ကွယ်သွားတော့၏။

အလင်းဝံပုလွေသုံးကောင်လုံးသည် တစ္ဆေဝံပုလွေအရိပ်ထံသို့ ပြန်လည်ပေါင်းစပ်သွားပြီး မပေါင်းစပ်ခင် လင်းထျန်းလုံကို အသိအမှတ်ပြုသော အကြည့်များဖြင့် ကြည့်လိုက်သည်။

“အရည်အချင်း... အတည်ပြုပြီးပြီ” တစ္ဆေဝံပုလွေအရိပ်က ဘေးသို့ ဖယ်ပေးလိုက်ကာ ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်ဆီသို့ သွားရာလမ်းကို ရှင်းပေးလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် စိန်တစ်ပွင့်ကဲ့သို့ တောက်ပနေသော သွေးတစ်စက်ကို ခွဲထုတ်ပေးလိုက်သည်။

“ဒီ ရှေးဟောင်းဝံပုလွေဘိုးဘေး အစစ်အမှန်သွေးတစ်စက်က ငါ့ရဲ့ နောက်ဆုံးအရင်းအမြစ်ပဲ၊ မင်းကို ဒါပါပေးလိုက်မယ်”

လင်းထျန်းလုံ စုပ်ယူရန် ပြင်ဆင်နေစဉ် တစ္ဆေဝံပုလွေအရိပ်က အနောက်မြောက်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်ရာ ၎င်း၏အကြည့်များက ကျောက်နံရံအထပ်ထပ်ကို ဖောက်ထွင်းသွားလေသည်။

“ဟင်... ဒါက... ဝံပုလွေဘိုးဘေးရဲ့ အကြွင်းအကျန် အငွေ့အသက်လား၊ ဒီလောက် ညစ်ညမ်းနေတဲ့ ဝိညာဉ်တစ်ခုက စုပ်ယူတာကို ခံနေရတယ်ပေါ့...” တစ္ဆေဝံပုလွေအရိပ်၏ အတွေးလှိုင်းထဲတွင် ပထမဆုံးအကြိမ်အဖြစ် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

“မျိုးဆက်သစ်လေး... မင်း အကူအညီကို လိုတော့မယ့်ပုံပဲ”

၎င်းက သန့်စင်သော ရွှေရောင်စွမ်းအင် နောက်တစ်စုကို ထပ်မံခွဲထုတ်လိုက်သည်။

“ဒါက ဝံပုလွေဘိုးဘေးကောင်းချီးပဲ၊ မင်းရဲ့ သွေးမျိုးဆက် အနက်ရှိုင်းဆုံးနေရာက စွမ်းအားတွေကို ယာယီနိုးထလာအောင် ကူညီပေးနိုင်တယ်၊ သွား... အိမ်ကို အရင်သွားရှင်းလင်းလိုက်၊ ပြီးတော့ လာရောက်ကျူးကျော် စော်ကားတဲ့ကောင်ကို ထိုက်တန်တဲ့ အဖိုးအခ ပေးဆပ်ခိုင်းလိုက်”

လင်းထျန်းလုံသည် ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်၊ အစစ်အမှန်သွေးနှင့် ကောင်းချီးစွမ်းအင်တို့ကို တစ်ပြိုင်နက်တည်း ထိတွေ့လိုက်သည်။

ဝုန်း……။

ပင်လယ်ကြီးတစ်ခုကဲ့သို့ ကျယ်‌ပြောကာ ကြီးမြတ်လွန်းသော ရှေးဟောင်းစွမ်းအင်များက ရူးသွပ်စွာ စီးဝင်လာနေသည်။ စနစ်အသိပေးချက်များက မျက်နှာပြင်တစ်ခုလုံး ဖုံးလွှမ်းသွား၏။

[စနစ်အသိပေးချက်]။ ။ ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် (ရွှေရောင် အဆင့်မြင့်) အား စတင်စုပ်ယူနေပါသည်။

[စနစ်အသိပေးချက်]။ ။ရှေးဟောင်းဝံပုလွေဘိုးဘေး အစစ်အမှန်သွေး (ရွှေရောင် အဆင့်မြင့်) အား စတင်စုပ်ယူနေပါသည်။

[စနစ်အသိပေးချက်]။ ။ဝံပုလွေဘိုးဘေးကောင်းချီး (ရွှေရောင် အဆင့်မြင့်) ထံမှ ယာယီစွမ်းအားမြှင့်တင်မှုကို ရရှိပါသည်။

[စနစ်အသိပေးချက်]။ ။လိုအပ်ချက်များ ပြည့်စုံသွားပါသဖြင့် ဘုရင်အဆင့် ဝိသေသလက္ခဏာရပ် ပေါင်းစပ်မှုကို စတင်ပါသည်။

[ပေါင်းစပ်ရေးဖော်မြူလာ]။ ။ရူးသွပ်တိုက်ပွဲဝိညာဉ် (ရွှေရောင်) + ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ် (ရွှေရောင်) + ထာဝရတိုက်ပွဲဝင်လိုစိတ် (ရွှေရောင်) + မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် (ရွှေရောင်) = ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ (ရွှေရောင် အဆင့်မြင့်)။

[စနစ်အသိပေးချက်]။ ။ပေါင်းစပ်မှု အောင်မြင်ပါသည်။

[စနစ်အသိပေးချက်]။ ။အဆင့် ၄၀ (ဒုတိယ ဘုရင်အဆင့်) သို့ တက်လှမ်းသွားပါသည်။

[စနစ်အသိပေးချက်]။ ။အဆင့် ၄၁ (ဒုတိယ ဘုရင် ကနဦးအဆင့်) သို့ တက်လှမ်းသွားပါသည်။

…

[စနစ်အသိပေးချက်]။ ။အဆင့် ၄၅ (ဒုတိယ ဘုရင် အလယ်အလတ်) သို့ တက်လှမ်းသွားပါသည်။

[စနစ်အသိပေးချက်]။ ။စွမ်းရည်အားလုံး ခုန်ပျံကျော်လွှားတိုးတက်သွားပါသည်။

[စနစ်အသိပေးချက်]။ ။မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် (ရွှေရောင် အဆင့်မြင့်) အကျိုးသက်ရောက်မှု အများအပြား မြင့်တက်သွားပါသည်။

[ဝိသေသလက္ခဏာရပ် “လွှမ်းမိုးခြင်း” - နှင်းဝံပုလွေမျိုးနွယ်စု စွမ်းရည်အားလုံး +၁၅၀ ရာခိုင်နှုန်း]

[ဝိသေသလက္ခဏာရပ် “ဘုရင်သွေးမျိုးဆက်” - ကိုယ်ပိုင်စွမ်းရည်အားလုံး +၈၀ ရာခိုင်နှုန်း]

[ဝိသေသလက္ခဏာရပ် “ငွေပြာလမင်း” - လရောင်အောက်တွင်ရှိ အဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းအား +၃၀ ရာခိုင်နှုန်း]

[ဝိသေသလက္ခဏာရပ် “နက်နဲရေခဲ” - ရေခဲအမျိုးအစား ကျွမ်းကျင်မှု အကျိုးသက်ရောက်မှုများ +၆၀ ရာခိုင်နှုန်း၊ အလွန်အမင်း အေးခဲစေသော အကျိုးသက်ရောက်မှု ပါဝင်သည်]

[ဝိသေသလက္ခဏာရပ် “ထာဝရ” (ရွှေရောင် အဆင့်မြင့်) - အလုံးစုံစွမ်းအား တိုးလာပြီး ပြန်လည်အသုံးပြုနိုင်သည့်အချိန် တိုတောင်းသွားသည်]

[စနစ်အသိပေးချက်]။ ။ထာဝရတိုက်ပွဲဝိညာဉ် (ရွှေရောင် အဆင့်မြင့်) အကျိုးသက်ရောက်မှု အများအပြား မြင့်တက်သွားပါသည်။

[ဝိသေသလက္ခဏာရပ် “ရူးသွပ်ခြင်း” - အသက်စွမ်းအင် ၅၀ရာခိုင်နှုန်း အောက်ရောက်ပါက တိုက်ခိုက်မှုစွမ်းအား ၆၀ ရာခိုင်နှုန်း တိုးလာမည်။ သက်စောင့်စွမ်းအင် ၂၀ ရာခိုင်နှုန်း အောက်ရောက်ပါက တိုက်ခိုက်မှုစွမ်းအား ၁၀၀ ရာခိုင်နှုန်း တိုးလာမည်။]

[ဝိသေသလက္ခဏာရပ် “ဝိညာဉ်ခိုင်ခံ့ခြင်း” - စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း အများအပြားမြင့်တက်သွားသည်]

[ဝိသေသလက္ခဏာရပ် “သွေးလောင်ကျွမ်းခြင်း” - အသက်စွမ်းအင်ကို လောင်ကျွမ်းစေပြီး စွမ်းရည်အားလုံးကို မြှင့်တင်ပေးသည့် အကျိုးသက်ရောက်မှု နှစ်ဆတိုးသွားသည်]

[စနစ်အသိပေးချက်]။ ။အလယ်အလတ် စိတ်ထိန်းချုပ်ခြင်း စွမ်းရည် (ခရမ်းရောင် အဆင့်မြင့်) မှ အဆင့်မြင့် စိတ်ထိန်းချုပ်ခြင်း စွမ်းရည် (ရွှေရောင် အဆင့်မြင့်) သို့ အဆင့်တက်သွားပါသည်။

[အများဆုံးထိန်းချုပ်နိုင်သောအလေးချိန် - ၅၀၀ ကီလိုဂရမ်]

[တိကျမှု - မီလီမီတာအဆင့်]

[အကွာအဝေး - အချင်းဝက် ၁ ကီလိုမီတာ]

[စနစ်အသိပေးချက်]။ ။အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်း စွမ်းရည် (ခရမ်းရောင် အဆင့်မြင့်) မှ အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း စွမ်းရည် (ရွှေရောင် အဆင့်မြင့်) သို့ အဆင့်တက်သွားပါသည်။

[ဆက်သွယ်နိုင်သော အကွာအဝေး - ၅၀ ကီလိုမီတာ]

[အမြင်အာရုံကို တစ်ပြိုင်နက်တည်း မျှဝေနိုင်သည်]

[ချိတ်ဆက်နိုင်သော ပစ်မှတ်အရေအတွက် - ကန့်သတ်ချက်မရှိ]

[စနစ်အသိပေးချက်]။ ။ကျွမ်းကျင်မှုစွမ်းရည်အားလုံး၏ အကျိုးသက်ရောက်မှုများ ဘက်စုံမြင့်တက်သွားပါသည်။

[အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင် အဆင့်မြင့်)] မှ [ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း (ရွှေရောင် အဆင့်မြင့်)]

အကျိုးသက်ရောက်မှု - အကွာအဝေးတို ဟင်းလင်းပြင်ဖြတ်သန်းမှု၊ မူလခန္ဓာကိုယ်၏ တိုက်ခိုက်ရေးစွမ်းအား ၃၀ ရာခိုင်နှုန်း ပါဝင်သော ဟင်းလင်းပြင် ပုံရိပ်ယောင်ကို မူလနေရာတွင် ချန်ထားခဲ့မည်၊ ပုံရိပ်ယောင်သည် ၃ စက္ကန့်ကြာ တည်ရှိမည်။

[ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံ (ခရမ်းရောင် အလယ်အလတ်)] မှ [ဝံပုလွေသောင်းချီခစားခြင်း (ရွှေရောင် အဆင့်မြင့်)]

အကျိုးသက်ရောက်မှု - ဝံပုလွေမျိုးနွယ်စုအတွင်း ရှေးဟောင်းသွေးမျိုးဆက် ပဲ့တင်ထပ်ခြင်းကို ဖြစ်ပေါ်စေသည်။

သတ်မှတ်ထားသော အကွာအဝေးအတွင်းရှိ ဝံပုလွေအဖွဲ့ဝင်အားလုံးသည် “ခစားခြင်း” အခြေအနေသို့ ရောက်ရှိသွားပြီး စွမ်းရည်အားလုံး ၃၀ ရာခိုင်နှုန်း တိုးပြီး၊ ထိခိုက်မှုလျော့နည်းခြင်း ၂၀ ရာခိုင်နှုန်း တိုးလာမည် ဖြစ်သည်။

[ငွေပြာဘုရင်မျက်ဝန်း (ခရမ်းရောင် အဆင့်မြင့်)] မှ [ငွေပြာဧကရာဇ်မျက်ဝန်း (ရွှေရောင် အဆင့်မြင့်)]

[ဝိသေသလက္ခဏာရပ် “အမှန်တရားကို မြင်နိုင်ခြင်း” - ကိုယ်ပျောက်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် အသွင်ယူခြင်းများကို မုချ ထိုးဖောက်မြင်တွေ့နိုင်သည်။]

[ဝိသေသလက္ခဏာရပ် “ခြိမ်းခြောက်ခြင်း” - မျက်ဝန်းစွမ်းရည်သည် တူညီသောအဆင့်နှင့် အောက်ရှိရန်သူများကို ဝိညာဉ်ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။]

[ဝိသေသလက္ခဏာရပ် “ဟင်းလင်းပြင် ချိတ်ပိတ်ခြင်း” - ဟင်းလင်းပြင် ကိုသြဒိနိတ် သုံးခုကို တစ်ပြိုင်နက်တည်း ချိတ်ပိတ်နိုင်သည်။]

[ဝိသေသလက္ခဏာရပ်အသစ် “အချိန်-ဟင်းလင်းပြင် ရပ်တန့်ခြင်း” - တစ်နေ့လျှင် တစ်ကြိမ်၊ သတ်မှတ်ဧရိယာအတွင်း အချိန်စီးဆင်းမှုကို ၃ စက္ကန့်ကြာ ၅၀ ရာခိုင်နှုန်း နှေးကွေးစေသည်။]

[ငွေပြာမိုးကြိုးလက်သည်း (ရွှေရောင် အဆင့်မြင့်)] - စွမ်းအားတိုးလာပြီး၊ ထုံကျဉ်ခြင်းနှင့် အေးခဲခြင်း အကျိုးသက်ရောက်မှုများ မြင့်တက်လာသည်။

[နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း (ရွှေရောင် အဆင့်မြင့်)] - ဟင်းလင်းပြင်ဆုတ်ဖြဲနိုင်စွမ်း အားကောင်းလာပြီး ဖောက်ထွင်းနိုင်စွမ်း အများအပြားမြင့်တက်လာသည်။

[စနစ်အသိပေးချက်]။ ။ပင်ကိုဝိသေသလက္ခဏာရပ်အသစ် ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ (ရွှေရောင် အဆင့်မြင့်) ကို ရရှိပါသည်။

[အကျိုးသက်ရောက်မှု - စွမ်းရည်အားလုံး အများအပြားတိုးလာသည်၊ အသက်စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုနှုန်း ၅၀၀ ရာခိုင်နှုန်း တိုးလာသည်၊ တိုက်ပွဲအတွင်း ပြိုင်ဘက်များ၏ ပျောက်ကွယ်သွားသော အသက်စွမ်းအင်နှင့် တိုက်ပွဲဝင်လိုစိတ်များကို အလိုအလျောက် စုပ်ယူနိုင်သည်။]

ဖော်ပြ၍မရနိုင်သော စွမ်းအားများက သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ပြည့်လျှံလာသည်။

သူ၏ အရပ်သည် ငါးမီတာကို ကျော်လွန်သွားပြီး ငွေဖြူရောင် အမွေးအောက်ခြေတွင် နက်ရွှေရောင် ပုံစံလိုင်းများ ပေါ်လာကာ သူ၏ ရေခဲပြာရောင် မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင်လည်း နဂါးငွေ့တန်း ဂလက်ဆီတစ်ခု စီးဆင်းနေသကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေလေသည်။

အဆင့်မြှင့်တင်မှု ပြီးဆုံးသွားပြီး အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်းမှတစ်ဆင့် တိုက်ပွဲမြေပြင်၏ အကျပ်အတည်းကို အာရုံခံသိရှိလိုက်ချိန်တွင် တစ္ဆေဝံပုလွေအရိပ်၏ အသံက နောက်ဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာသည်။

“မှတ်ထားပါ ချန်ရွှမ်ရဲ့အမွေဆက်ခံသူ... မင်းရဲ့ ခရီးစဉ်က အခုမှစတင်တာ”

ငွေရောင်နှင့် ရွှေရောင် ရောယှက်နေသော အလင်းတန်းတစ်ခုသည် ဂူထဲမှ ပေါက်ကွဲထွက်ပေါ်လာလေ၏။

ဝံပုလွေဘုရင်အသစ်တစ်ပါး စစ်မြေပြင်သို့ ဆင်းသက်လာတော့မည်ဖြစ်သည်။

အခန်း (၂၂၈) - ဝံပုလွေအသိုက် အကြပ်တွေ့ခြင်း၊ ဘုရင်ကြီးပြန်လာပြီ (၁)

လင်းထျန်းလုံ၏ ပုံရိပ်သည် ဂူ၏အနက်ရှိုင်းဆုံး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီး ရှေးဟောင်းသားရဲအနှစ်သာရဝိညာဉ်၏ စမ်းသပ်မှုကို စတင်လိုက်သည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင်၊ မိုင်ပေါင်းများစွာ ကွာဝေးသော ဝံပုလွေအသိုက်ရှိ လေထုမှာ အေးခဲသွားသကဲ့သို့ လေးလံနေသည်။

အရှေ့ဘက် ရေခဲတံတိုင်းပေါ်တွင် ရန့်မြဲ့သည် ငွေပြာရောင် ရေခဲပန်းပုရုပ်တစ်ခုကဲ့သို့ မလှုပ်မယှက်ရပ်နေ၏။

သူ၏ ရေခဲပြာရောင် မျက်လုံးများမှာ နှစ်တစ်သောင်းသက်တမ်းရှိ အမြဲတမ်းအေးခဲနေသော ရေခဲပြင်ထက်ပင် ပိုမိုအေးစက်နေပြီး အနီရင့်ရောင် လွှမ်းခြုံလာနေသော အနောက်မြောက်ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်နေသည်။

ကျောက်သားအရေပြား ဝိသေသလက္ခဏာရပ်ဖြင့် အားဖြည့်ထားသော မဟာနှင်းအစောင့်အရှောက် ခြောက်ကောင်သည် တံတိုင်းတစ်လျှောက် အရေးကြီးသောနေရာများတွင် ခံတပ်ငယ် ခြောက်ခုကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေကြသည်။

ရေခဲများဖုံးလွှမ်းနေသော သူတို့၏ လေးလံသည့် ချပ်ဝတ်တန်ဆာများသည် မိခင်သစ်ပင်၏ အလင်းရောင်ဖျော့ဖျော့နှင့် မကောင်းဆိုးဝါးဆန်သော သွေးလမင်း၏ အလင်းရောင်နှစ်ခုအောက်တွင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ခု ရောင်ပြန်ဟပ်နေလေ၏။

တံတိုင်းနောက်တွင် ရေပြာကြေးခွံအစောင့်အရှောက် ငါးကောင်သည် အစောင့်အရှောက်အားလုံးကို ဦးဆောင်ကာ ဒုတိယ ကာကွယ်ရေးလိုင်းတစ်ခု ဖွဲ့စည်းထားသည်။

နှင်းဝံပုလွေတိုင်း၏ ကြွက်သားများမှာ တင်းမာနေပြီး သူတို့၏လက်သည်းများသည် အောက်ရှိ ရေခဲများထဲသို့ အလိုအလျောက် စိုက်ဝင်နေကာ “ရှဲရှဲရှဲ” ဟူသော အသံတိုးတိုးလေး ထွက်ပေါ်နေသည်။

ပထမကာကွယ်ရေးလိုင်း ဧရိယာတစ်ခုလုံးတွင် ရေခဲတံတိုင်းပေါ်မှ လေနှင့်နှင်းများ၏ တိုက်ခတ်သံနှင့် အနောက်မြောက်ဘက်မှ သောင်းနှင့်ချီသော သားရဲများပြေးလွှားနေသည့် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်သံမှလွဲ၍ တိတ်ဆိတ်နေသည်။

သူသည် ဤနယ်မြေကို အစွမ်းကုန်ကာအကွယ်ပြီး သားရဲများအားလုံး၏ အထွတ်အထိပ်သို့ ရောက်အောင် သွားမည်၊ ဘုရင်ကြီး အားကိုးရဆုံး နောက်လိုက်တစ်ယောက် ဖြစ်အောင်လုပ်မည် ဟူသော ခိုင်မာသည့် ရည်မှန်းချက်က ရန့်မြဲ့၏ရင်ထဲတွင် တောက်လောင်လာနေသည်။

“သူတို့ ရောက်လာပြီ”

စကားအပိုမပါဘဲ ရေခဲပင်မသလင်းကျောက်များ ရိုက်ခတ်သံကဲ့သို့ အေးစက်သော ရန့်မြဲ့၏အတွေးလှိုင်းသည် အကာအကွယ်နောက်ရှိ နှင်းဝံပုလွေတိုင်း၏စိတ်ထဲသို့ တိကျစွာ ရောက်ရှိသွားသည်။

မိုးကုတ်စက်ဝိုင်းအစွန်းတွင် တွန့်လိမ်လှုပ်ရှားနေသော အမှောင်ထုသည် လျင်မြန်စွာကျယ်ပြန့်လာပြီး ထင်ရှားလာ၏။

ပထမဆုံး မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ထောင်နှင့်ချီသော အရိပ်လက်သည်းကျားသစ်များ ဖြစ်သည်။

သူတို့၏ ပုံရိပ်များသည် ကျောက်တုံးများနှင့် အရိပ်များ၏ ကွက်လပ်များကြားတွင် တဖျတ်ဖျတ် ခုန်ကူးနေပြီး မြန်ဆန်လွန်းသဖြင့် ပုံပျက်နေသော အရိပ်များကိုသာ ချန်ရစ်ကာ မြေပြင်ပေါ်သို့ လွှမ်းမိုးလာသော မည်းနက်သည့် ဒီရေလှိုင်းတစ်ခုကဲ့သို့ တိုး၀င်လာနေသည်။

သူတို့နောက်မှ ကပ်ပါလာသည်မှာ ကျောက်သားအကြေးခွံ အိမ်မြှောင် တစ်ထောင်နီးပါးရှိသော စစ်တပ်ကြီးဖြစ်ပြီး လေးလံညီညာသော ခြေလှမ်းများဖြင့် ရွေ့လျားလာသည်။

သူတို့၏ ခန္ဓာကိုယ်များကို သံမဏိများနှင့် နှိုင်းယှဉ်နိုင်သော ထူထဲသည့်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ခြေလက်မျဖြင့် မြေကြီးကို ရိုက်ခတ်လိုက်သော တဒုန်းဒုန်းအသံသည် အဝေးရှိ အကာအကွယ်လိုင်းတွင် ကာကွယ်နေသော နှင်းဝံပုလွေတိုင်း၏ နှလုံးသားကို စည်းချက်ကျကျ ထုနှက်နေပြီး အသက်ရှူကြပ်လောက်ဖွယ် ဖိအားများကို သယ်ဆောင်လာသည်။

ကောင်းကင်မှာလည်း ဖုံးကွယ်ခံထားရ၏။

သွေးတောင်ပံလင်းနို့ ရာပေါင်းများစွာသည် ကောင်းကင်ကို ဖုံးလွှမ်းသွားနိုင်သည့် တိမ်တိုက်အမည်းကြီးတစ်ခု ဖွဲ့စည်းထားသည်။

သူတို့၏ အရိုးတောင်ပံများကို ပွတ်တိုက်ရာမှ ထွက်ပေါ်လာသော တကျီကျီ အသံများသည် လေနှင့် ရောနှောကာ နားစည်ကို ထိုးဖောက်နေသည်။

ဤဖျက်ဆီးခြင်း ဒီရေလှိုင်းကြီး၏ အလယ်ဗဟိုတည့်တည့်တွင် ဝိညာဉ်အတွင်းထဲအထိ တုန်လှုပ်သွားစေနိုင်သည့် ကြောက်မက်ဖွယ်ဖိအားများ၏ အရင်းအမြစ်ကြီးသည် နောက်ဆုံးတွင် ပေါ်ထွက်လာတော့လေ၏။

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်။

အမြင့် ငါးမီတာကျော်ရှိသော ၎င်း၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် အသန့်စင်ဆုံးသော မဟူရာကျောက်ဖြင့် ထွင်းထုထားသကဲ့သို့ ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံးကို လောဘတကြီးဝါးမြိုနေသည်။

အာဏာရှင်ဆန်မှုနှင့် ရက်စက်မှုများဖြင့် တောက်လောင်နေသော သွေးနီရောင် ပင်မမျက်လုံးတစ်စုံသည် သွေးလမင်းနှစ်စင်းကဲ့သို့ ဝံပုလွေအသိုက်၏ ပထမကာကွယ်ရေးလိုင်းကို ဝေ့ကြည့်နေပြီး ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသကဲ့သို့ အေးတိအေးစက်နိုင်သည့် ခံစားချက်များ ပါဝင်နေသည်။

အထူးသဖြင့် ရင်တုန်ဖွယ်အကောင်းဆုံးမှာ မျက်လုံးသုံးလုံး ဝံပုလွေဘုရင်၏ နဖူးဗဟိုရှိ တစ်ဝက်ပွင့်ကာ တစ်ဝက်ပိတ်နေသော နက်ရွှေရောင် ဒေါင်လိုက်မျက်လုံးကြီးပင် ဖြစ်သည်။

မျက်လုံးသုံးလုံး ဝံပုလွေဘုရင်သည် တိမ်တိုက်များထက်တွင် မြင့်မားစွာတည်ရှိနေပြီး ဖျက်ဆီးခံရတော့မည့် အရုပ်တစ်ရုပ်ကို စစ်ဆေးနေသော နတ်ဘုရားတစ်ပါးကဲ့သို့ သေမျိုးလောကကြီးနှင့် ‌အေးစက်ပြီး ကင်းကွာနေသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

[စနစ်အသိပေးချက်]။ ။

[မျက်လုံးသုံးလုံး ဝံပုလွေဘုရင် (ဘုရင်သွေးမျိုးဆက်)]

[အဆင့်: ၅၀ (မိစ္ဆာဘုရင်အဆင့်)]

[ပင်ကိုဝိသေသလက္ခဏာရပ်များ: ကံကြမ္မာမိစ္ဆာမျက်လုံး (ရွှေရောင် အဆင့်မြင့်)၊ [အမှောင်ထုကြီးစိုးခြင်း (ရွှေရောင် အဆင့်မြင့်)၊ ဝံပုလွေဘိုးဘေးစိတ်ဆန္ဒ (ရွှေရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: အရိပ်တိုက်စားခြင်း (ရွှေရောင် အဆင့်မြင့်)၊ ဝိညာဉ်ဟိန်းဟောက်သံ (ခရမ်းရောင် အဆင့်မြင့်)၊ ဝိညာဉ်ခွဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)၊ [အရိုးနယ်ပယ် (ရွှေရောင် အဆင့်မြင့်)]

[အခြေအနေ: ရှေးဟောင်းဝံပုလွေဘိုးဘေး အကြွင်းအကျန်နှင့် ပေါင်းစပ်မှု ပြီးစီး၊ စွမ်းရည်အားလုံး ၅၀ ရာခိုင်နှုန်း တိုးလာသည်]

၎င်း၏ဘေးတွင် အစွမ်းထက်သော အငွေ့အသက်များရှိသည့် မိစ္ဆာသားရဲသုံးကောင်က အထူးတလည် ထင်ရှားနေသည်။

[စနစ်အသိပေးချက်]။ ။

[မိုးကြိုးမျောက်ဝံစစ်သူကြီး (ဘုရင်သွေးမျိုးဆက်)]

[အဆင့်: ၄၂ (ဒုတိယ ဘုရင် ကနဦးအဆင့်)]

[ပင်ကိုဝိသေသလက္ခဏာရပ်များ: [မိုးကြိုးတိုက်ပွဲဝင်ခန္ဓာ (ရွှေရောင် အဆင့်မြင့်)]၊ [ရူးသွပ်သွေးမျိုးဆက် (ခရမ်းရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: မိုးကြိုးအလင်းလက်သီး (ရွှေရောင် အဆင့်မြင့်)၊ လျှပ်စီးကွင်းဆက် (ခရမ်းရောင် အဆင့်မြင့်)၊ [မိုးကြိုးခန္ဓာကိုယ်အကာအကွယ် (ခရမ်းရောင် အဆင့်မြင့်)

[စနစ်အသိပေးချက်]။ ။

[သွေးကျားဘုရင် (ဘုရင်သွေးမျိုးဆက်)]

[အဆင့်: ၄၁ (ပထမ ဘုရင် ကနဦးအဆင့်)]

[ပင်ကိုဝိသေသလက္ခဏာရပ်များ: သွေးဆာရူးသွပ်မှု (ရွှေရောင် အဆင့်မြင့်)၊ ကျားဘုရင်၏ဖိအား (ခရမ်းရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: သွေးမိစ္ဆာလက်သည်း (ရွှေရောင် အဆင့်မြင့်)၊ တောရိုင်းတုန်လှုပ်ကျားဟိန်းသံ (ခရမ်းရောင် အဆင့်မြင့်)၊ အရိုးချေမွကိုက်ခဲခြင်း (ခရမ်းရောင် အဆင့်မြင့်)]

[စနစ်အသိပေးချက်]။ ။

[ကျောက်သားချပ်ဝတ် တောဝက်ဘုရင် (ဘုရင်သွေးမျိုးဆက်)]

[အဆင့်: ၄၀ (ပထမ ဘုရင် ကနဦးအဆင့်)]

[ပင်ကိုဝိသေသလက္ခဏာရပ်များ: မဟူရာအရေပြား (ရွှေရောင် အဆင့်မြင့်)၊ မြေကမ္ဘာပဲ့တင်ထပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်)]

[ကျွမ်းကျင်မှုစွမ်းရည်များ: ကျောက်သားချပ်ဝတ်အားလှိုင်း (ရွှေရောင် အဆင့်မြင့်)၊ မြေကြီးဆုတ်ဖြဲ ခြေနင်းတိုက်ကွက် (ခရမ်းရောင် အဆင့်မြင့်)၊ အရေပြားမာကျောခြင်း (ခရမ်းရောင် အဆင့်မြင့်)]

“ဂါးး၊ အာဝူးးး”

မျက်လုံးသုံးလုံးဝံပုလွေဘုရင်သည် ကောင်းကင်သို့မော့ကာ ဟိန်းဟောက်လိုက်သည်။ ဤဟိန်းဟောက်သံသည် အသံသက်သက်သာ မဟုတ်တော့ဘဲ သာမန်မျက်စိဖြင့် မမြင်ရသော ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

မိစ္ဆာဘုရင်အဆင့်၏ ဝိညာဉ်ဖိအားများကို သယ်ဆောင်လျက် ဆူနာမီလှိုင်းကြီးတစ်ခုကဲ့သို့ ဝံပုလွေအသိုက်၏ ရေခဲတံတိုင်းများကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

မိခင်သစ်ပင်၏စွမ်းအားနှင့် ရေခဲပင်မသလင်းကျောက် စွမ်းအင်များဖြင့် ခိုင်ခံ့စေထားသော တောင့်တင်းသည့် ရေခဲတံတိုင်းသည် ဤအခိုက်အတန့်တွင် ဖိအားများပြည့်နှက်သွားသည့်အလား တဝီဝီ မြည်သံများ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများသည် တံတိုင်းမျက်နှာပြင်ပေါ်တွင် ချက်ချင်း ပြန့်နှံ့သွားသည်။

တံတိုင်းပေါ်ရှိ အဆင့်နိမ့် အစောင့်အရှောက်အချို့သည် သူတို့၏ ခြေလက်များ ပျော့ခွေသွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားကာ သူတို့၏ မျက်လုံးများတွင် ဇီဝကမ္မဆိုင်ရာ ပင်ကိုအသိစိတ်မှလာသော အကြောက်တရားများကို မထိန်းချုပ်နိုင်ဘဲ ပြသနေကြသည်။

“တိုက်ပွဲအတွက် ပြင်ထား” ရန့်မြဲ့၏ အတွေးလှိုင်းသည် ရေခဲဆူးတစ်ချောင်းကဲ့သို့ ဝံပုလွေအုပ်စု တစ်ခုလုံး၏အသိစိတ်ထဲအထိ ထိုးဖောက်သွားပြီး ထိုအကြောက်တရား အရိပ်အယောင်များကို အတင်းအဓမ္မ ဖယ်ရှားပစ်လိုက်သည်။

“ပထမလှိုင်း... ရေခဲပေါက်ကွဲမှုထောင်ချောက်တွေ ဖွင့်လိုက်”

အမိန့်ပေးလိုက်သည့် အခိုက်အတန့်တွင် ရှေ့ဆုံးမှ ပြေးဝင်လာသော အရိပ်လက်သည်း ကျားသစ်အုပ်စုသည် ရေခဲတံတိုင်းရှေ့ မီတာတစ်ရာ အကွာအဝေးအတွင်းသို့ ခြေချမိပြီးဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း...”

နှင်းများအောက်တွင် မြှုပ်နှံထားသော ရေခဲပေါက်ကွဲမှုထောင်ချောက်များသည် တစ်ခုပြီးတစ်ခု စတင်ပေါက်ကွဲလာတော့သည်။

အေးစက်သော စွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ချွန်ထက်သော တစ္ဆေပြာရောင် ရေခဲစူးချွန်များစွာအဖြစ် ပြောင်းလဲကာ ဟာရီကိန်းမုန်တိုင်းတစ်ခုအလား မြေကြီးထဲမှ အပေါ်သို့ ပန်းထွက်လာတော့၏။

ဝုန်းးးး။

ရှေ့ဆုံးမှ အရိပ်လက်သည်းကျားသစ် ဒါဇင်ပေါင်းများစွာသည် ထူထပ်သော ရေခဲစူးချွန်များ၏ ထိုးဖောက်ဆုတ်ဖြဲခြင်းကို ချက်ချင်းခံလိုက်ရပြီး သူတို့၏ စူးရှသောအော်ဟစ်သံများ ရုတ်တရက် ပြတ်တောက်သွားကာ အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။

ပြင်းထန်သော သွေးနံ့များက အေးစက်သော လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားသည်။

သို့သော်လည်း ပိုမိုများပြားသော အရိပ်လက်သည်းကျားသစ်များမှာတော့ သူတို့၏ အံ့မခန်း သွက်လက်မှုကို ပြသလာကြသည်။

အရိပ်လက်သည်းကျားသစ်တို့၏ ပုံရိပ်များသည် ရေခဲစူးချွန်များ၏ ကွက်လပ်များကြားတွင် ထူးဆန်းစွာ တွန့်လိမ်သွားနေသည်။

လေထဲတွင်လေထဲတွင် ရုတ်တရက် ပေါ်လာသော အရိပ်ထောက်တိုင်များကို တွန်းကန်ရင်းဖြင့် သာမန်အသိနှင့် လုံးဝဆန့်ကျင်နေသော ထောင့်များမှ ဦးတည်ချက်ပြောင်းကာ တိုက်ခိုက်မှုအများစုကို သီသီလေး ရှောင်လွှဲနိုင်ခဲ့ကြသည်။

ကံဆိုးသူ အနည်းငယ်သာ ရေခဲစူးချွန်များနှင့် ရှပ်မိသွားပြီး လှုပ်ရှားမှု နှေးကွေးသွားသဖြင့် နောက်ကွယ်မှ လာသော စူးချွန်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။

သူတို့၏ ပြေးဝင်လာသည့် အမြန်နှုန်းမှာ လုံး၀ လျော့ကျသွားခြင်း မရှိခဲ့ပေ။

ကျားသစ်ရှေ့ပြေးတပ်သည် ရေခဲတံတိုင်းပေါ်သို့ ခုန်တက်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ရန့်မြဲ့၏ ကြီးမားလှသော ပုံရိပ်ကြီးသည် တံတိုင်းပေါ်မှ ခုန်ချလာပြီး ကောင်းကင်မှကျဆင်းလာသော ဥက္ကာခဲတစ်လုံးအလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။

“အစောင့်အရှောက်တွေ... ရှေ့တန်းမှာ နေရာယူ”

All Chapters