← Chapters

နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်း

Vol. 5 Ch. 45

နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်း

Vol. 5 Ch. 45

နှစ်တစ်ရာသက်တမ်းရှိတဲ့ ဂျင်ဆင်းတဲ့လား

လုချင်းသည် သူ့လက်ထဲမှ အပင်နှင့်ပတ်သက်သော အချက်အလက်ကို ဖတ်မိသောအခါ အလွန်အံ့ဩသွားသည်။

ဤသည်မှာ "ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" တွင် မှတ်တမ်းတင်ထားသည့် အလွန်အဖိုးတန်သော ဆေးပင်တစ်မျိုးဖြစ်သည့်—ဂျင်ဆင်းပင်ပင်။

ပြီးတော့ ဒါက နှစ်တစ်ရာကျော် သက်တမ်းရှိနေပြီတဲ့။

"အကောင်လေး၊ မင်းပေးတဲ့လက်ဆောင်က တကယ့်ကို ကြီးကျယ်ခမ်းနားလှချည်းလားကွ။"

လုချင်းသည် သူ့လက်ထဲမှ ဂျင်ဆင်းကိုကြည့်ကာ၊ ထို့နောက်၌ အနက်ရောင်သားရဲငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩစွာ ရေရွတ်လိုက်သည်။

"ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" တွင် မှတ်တမ်းတင်ထားသော ဆေးပင်ရာပေါင်းများစွာထဲတွင် ဂျင်ဆင်းသည် တန်ဖိုးအရှိဆုံးများထဲမှ တစ်ခုဖြစ်ကြောင်း သိကြသည်။

ထို့အပြင်၊ သက်တမ်းရင့်လေ တန်ဖိုးကြီးလေပင်။

ဆယ်စုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဂျင်ဆင်းသည်ပင် အလွန်အကျိုးသက်ရောက်မှုမြင့်ပြီး တန်ဖိုးကြီးလှပါ၏။

သူ့လက်ထဲမှ တစ်ခုမှာ နှစ်တစ်ရာကျော် သက်တမ်းရှိသောကြောင့် အလွန်ရှားပါးလှပေသည်။

ဆေးဆိုင်အများအပြားတွင် ထိုသို့သော ဂျင်ဆင်းသည် ရတနာတစ်ပါးအဖြစ်နှင့်တောင် တန်ဖိုးထားခံရမည်ပင်။

"ငါ မင်းအတွက် ငါးတွေအများကြီး ဖမ်းပေးရကျိုးနပ်ပါတယ်ကွာ။"

လုချင်း အလွန်ကျေနပ်သွားသည်။

ဤနှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်း၏ တိကျသောတန်ဖိုးကို သူ မသိသော်လည်း၊ ငါးကြင်းနီထက် ပိုတန်ဖိုးရှိသည်ကတော့ အသိသာကြီးပင်။

မည်သို့ပင်ဆိုစေ၊ ငါးကြင်းနီသည် အာဟာရဖြစ်စေသော ဂုဏ်သတ္တိများ ရှိသော်လည်း၊ ချမ်းသာသူများသည် ၎င်း၏ ထူးကဲသော အရသာကြောင့်သာ ဝယ်ယူကြခြင်းဖြစ်သည်။

သို့သော် ဤနှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းမှာမူ ကွဲပြားသည်။ ၎င်းသည် လူ့အသက်ကိုပင် အမှန်တကယ် ကယ်တင်နိုင်ပါ၏။

ထိုသို့သော အဖိုးတန်ဆေးပင်များသည် တန်ဖိုးပင်ဖြတ်၍မရ ၊ ပေါ်လာသည်နှင့် လူအများက လုယက်ဝယ်ယူတတ်ကြပါသည်။

ထို့အပြင်၊ လုချင်းလက်ထဲမှ ဤဂျင်ဆင်းသည် အနီရောင်အလင်းတန်းမှိန်မှိန်လေး ထုတ်လွှတ်နေသောကြောင့် ဝိညာဉ်ဆေးပင်၏ လက္ခဏာများ စတင်ဖြစ်ပေါ်နေကြောင်း ညွှန်ပြနေတာပင်။

ထိုသို့သော ရတနာဆေးပင်သည် သာမန်ဂျင်ဆင်းထက်ပင် ပို၍တန်ဖိုးကြီးနိုင်ဖွယ်ရှိ၏။

ဤအရာနှင့် နှိုင်းယှဉ်လျှင်၊ သူ သားရဲငယ်လေးကို ကျွေးမွေးခဲ့သော ငါးများသည် မပြောပလောက်ပေ။

ထိုစဥ် လုချင်းသည် ညဝိညာဉ်ကြောင်မြီးတိုကို ကြည့်လိုက်ရာ၊ ၎င်းကတော့ ခြေသည်းများကို အေးအေးလူလူ လျက်နေပြီး မျက်နှာကိုသန့်စင်နေလေ၏။

လုချင်း၏ မျက်လုံးများ အရောင်ပြောင်းသွားသည်။ သူသည် ဒူးထောက်ထိုင်ချလိုက်ပြီး မျက်နှာချိုသွေးသည့်လေသံဖြင့် ပြောလိုက်သည်၊ "ကောင်လေး ၊ ငါတို့ အပေးအယူတစ်ခုလုပ်ကြရအောင်။ မင်း ဒီလိုမျိုး ပစ္စည်းတွေ ထပ်တွေ့ရင် ငါ့ဆီ ယူလာခဲ့၊ ဒီလိုဆိုရင် မင်းစားချင်တဲ့ငါးမှန်သမျှ ငါ ဖမ်းပေးမယ်လေ။ အဆင်ပြေလား။"

အကယ်၍ တစ်စုံတစ်ယောက်ကသာ လုချင်း၏ လက်ရှိမျက်နှာအမူအရာကို မြင်လိုက်ပါက၊ သူ၏အပြုံးသည် ကလေးတစ်ယောက်ကို သကြားလုံးဖြင့် မြှူဆွယ်နေသော ကြောက်စရာဦးလေးတစ်ယောက်၏ အပြုံးနှင့် တူနေသည်ကို တွေ့ရပေလိမ့်မည်။

သားရဲငယ်လေးကတော့ သူ့ကို နားလည်သည်ဖြစ်စေ ၊ နားမလည်သည်ဖြစ်စေ၊ ၎င်းသည် ခြေသည်းများကို လျက်ပြီးသောအခါ၊ လုချင်းကို တစ်ချက်စောင်းကြည့်လိုက်ပြီး၊ ထို့နောက် ကျက်သရေရှိစွာဖြင့် ခြံစည်းရိုးပေါ်သို့ ခုန်တက်ကာ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားတော့လေ၏။

ဤတစ်ကြိမ်တွင်၊ လုချင်းသည် ၎င်း၏အကြည့်ကို ရှင်းလင်းစွာ သတိပြုမိလိုက်သည်။

သူသည် သားရဲငယ်လေးတစ်ကောင်၏ မထီမဲ့မြင်ပြုခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လုချင်း တစ်ခဏရပ်သွားပြီးနောက် ပြုံးလျက် ခေါင်းခါလိုက်သည်။

သားရဲငယ်လေးတစ်ကောင်၏ မထီမဲ့မြင်ပြုခြင်းကို ခံလိုက်ရသော်လည်း၊ လုချင်းမှာ တက်ကြွနေလေ၏။

သစ်သားဇလုံကို မီးဖိုချောင်သို့ ပြန်ယူလာပြီး၊ လုချင်းသည် ဆီမီးခွက်တစ်လုံးကို ထွန်းညှိကာ၊ စိုစွတ်သောအဝတ်စတစ်ထည်ကို ယူလာပြီး၊ အိမ်ရှေ့ခန်းတွင် ထိုင်ကာ ဂျင်ဆင်းကို ဂရုတစိုက်ဖြင့် သန့်စင်လိုက်၏။

အလွန့်ကိုမှ ဂရုတစိုက်ဖြင့် သန့်စင်နေသဖြင့် ဂျင်ဆင်းသည်လည်း တဖြည်းဖြည်းနှင့် သူ၏ပြည့်စုံသောပုံစံကို ဖော်ပြလာသည်။

ပင်စည်ပိုင်းမှာ ပြည့်ဖြိုးပြီး၊ မုန်လာဥငယ်လေးတစ်လုံးနှင့်ပင် တူလှပါ၏။

သူ၏ရှည်လျားသော အမြစ်များကြောင့် လူပုံသဏ္ဌာန်နှင့်လည်း အနည်းငယ်တူနေသည်။

အကယ်၍ ဆက်လက်ကြီးထွားခွင့်ပေးမည်ဆိုလျှင်၊ ၎င်းသည် အမှန်ပင် လူငယ်လေးတစ်ယောက်၏ ပုံသဏ္ဌာန်ကို ဆောင်လာနိုင်သည်။

စိတ်မကောင်းစရာမှာ၊ အမြစ်အချို့မှာ သိသိသာသာ ကျိုးပဲ့နေသောကြောင့် ပြီးပြည့်စုံခြင်းမရှိပေ။

အနက်ရောင်သားရဲငယ်လေး ၎င်းကို တူးဖော်စဉ် အမြစ်များကို ချိုးဖဲ့ခဲ့မိသည်မှာ အသိသာကြီးပင်။

လုချင်းသည် ဤအတွက် နောင်တရသော်လည်း၊ သူ လောဘမကြီးသင့်ကြောင်း သူ့ကိုယ်သူ သိပါ၏။

အမှန်တကယ်တော့၊ အနက်ရောင်သားရဲက ဂျင်ဆင်းတစ်ပင်ကို တူးဖော်ပေးလာတာကပင် အံ့ဩစရာကောင်းလှပြီဖြစ်သည်။

ထို့ကြောင့် သူသည် ၎င်းကို အတွေ့အကြုံရှိသော ဆေးပင်ရှာဖွေသူတစ်ဦးကဲ့သို့ အပြစ်အနာအဆာကင်းစွာ ယူလာပေးဖို့ကိုတော့ မျှော်လင့်လို့မရနိုင်။

နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းကို ခဏတာ ရှုစားပြီးနောက်၊ လုချင်းသည် ၎င်းကို ဂရုတစိုက်ဖြင့် သိမ်းဆည်းလိုက်တော့၏။

သူသည် နောက်တစ်နေ့တွင် ၎င်းကို သူ၏ဆရာထံသို့ ယူဆောင်သွားပြီး ၎င်း၏တန်ဖိုးကို အမြင့်ဆုံးရရှိရန် မည်သို့ပြုလုပ်ရမည်ကို ရှာဖွေရန် စီစဉ်ထားလေသည်။

"ဆေးဖက်ဝင်အပင်တစ်ရာကျမ်း" ကို သေချာစွာ လေ့လာထားသော်လည်း၊ သူ၏ဆေးပင်များနှင့် ပတ်သက်သော အသိပညာသည် သူ၏ဆရာဖြစ်သူ၊ နတ်ဆေးသမားတော်တစ်ဦးနှင့်တော့ နှိုင်းယှဉ်၍မရနိုင်သေးပေ။

နောက်တစ်နေ့နံနက်တွင်​တော့ လုချင်းသည် စောစောထပြီး ခြံဝင်းထဲတွင် ထိုက်ချိကို လေ့ကျင့်လိုက်ကာ လန်းဆန်းမှုကို ခံစားရပြီးမှ မနက်စာပြင်ဆင်လေသည်။

မနက်စာစားပြီးနောက်၊ သူသည် ရှောင်ယန်ကို ခေါ်ဆောင်ကာ ဆရာဖြစ်သူ၏အိမ်သို့ သွားလိုက်တော့၏။

သမားတော်ကြီးနှင့် တွေ့သောအခါ၊ သူသည် အဝတ်စဖြင့် ထုပ်ထားသော ဂျင်ဆင်းကို ချက်ချင်းပင် ထုတ်ပြလိုက်တော့သည်။

"ဆရာ၊ မနေ့ညက ကျွန်တော် မမျှော်လင့်ဘဲ ဆေးပင်တစ်မျိုးရလာလို့ အကောင်းဆုံးအနေနဲ့ ဘယ်လိုမျိုး အသုံးချရမလဲဆိုတာ ဆရာ့အကြံဉာဏ်လိုချင်လို့ပါဗျ။"

"ဟမ် ဘယ်လိုဆေးပင်မလို့လဲကွ"

သမားတော်ကြီးက စိတ်ဝင်စားသွားသည်။

သူ့တပည့်က ညဘက်ကြီး ဆေးပင်သွားခူးနေတာလား။

"ဒီဆေးပင်ပါဗျ။"

ထိုသို့ပြောရင်း လုချင်းသည် အဝတ်စကို ဖြည်ချလိုက်ရာ၊ အတွင်းမှ ဂျင်ဆင်းကို ထုတ်ဖော်ပြသလိုက်တော့သည်။

"ဒါက..." ဆေးပင်ကိုမြင်သောအခါ သမားတော်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ "ဒါက ဂျင်ဆင်းပဲ"

အံ့ဩသွားသော သမားတော်ကြီးသည် လုချင်းလက်ထဲမှ အဝတ်စထုပ်ကို ယူကာ ဂျင်ဆင်းကို အနီးကပ် စစ်ဆေးကြည့်ရှုသည်။

"ဒါက တကယ့်ကို ဂျင်ဆင်းပဲ၊ ပြီးတော့ ထိပ်တန်းအဆင့် နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ လတ်လတ်ဆတ်ဆတ် ဂျင်ဆင်းကြီးပဲ"

သေချာစွာ စစ်ဆေးပြီးနောက်၊ သမားတော်ကြီးက ချီးကျူးသည့်အနေဖြင့် သက်ပြင်းချလိုက်သည်။

"လုချင်း၊ ဒီဂျင်ဆင်းကို မင်း ဘယ်က ရလာခဲ့တာလဲ။ မနေ့ညက တောင်ထဲ သွားခဲ့တာလား။"

သမားတော်ကြီးက လုချင်းကို အံ့ဩစွာ ကြည့်လိုက်သည်။

ဤသို့သော ထိပ်တန်းအဆင့် နှစ်တစ်ရာသက်တမ်းရှိသော ဂျင်ဆင်းသည် များသောအားဖြင့် လူသူမနီးသော ဝေးလံခေါင်ဖျားသော တောင်တန်းများတွင်သာ ပေါက်ရောက်လေ့ရှိပါ၏။

သာမန်ဆေးပင်ခူးသူများသည် ထိုသို့သောနေရာများသို့ သွားရောက်လေ့မရှိပေ။

ဆေးပင်ခူးခြင်း အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသော သူပင်လျှင် ထိုသို့သောဆေးပင်မျိုးကို ရှားရှားပါးပါးသာ တွေ့ကြုံဖူးပါ၏။

၎င်း၏ လတ်ဆတ်မှုအရ၊ ဂျင်ဆင်းသည် မကြာသေးမီကမှ တူးဖော်ခဲ့ခြင်းဖြစ်သည်။

ဒါဆို လုချင်းက အဲ့ဒါကို ဘယ်လိုရခဲ့တာလဲ။

မနေ့ညက တောနက်ကြီးထဲ စွန့်စွန့်စားစားနဲ့ သွားလိုက်တာများလား။

သို့သော် ထိုသို့မဖြစ်နိုင်သည့်ပုံပက်။

သူ့ဆရာ၏ စိတ်ဝင်စားမှုကို ရင်ဆိုင်ရင်း၊ လုချင်းက ပြုံးလျက် ပြောလိုက်၏။ "ဆရာ၊ ဒီဂျင်ဆင်းကို ကျွန်တော့်ကို ဘယ်သူပေးခဲ့လဲဆိုတာ ဆရာဘယ်တော့မှ မခန့်မှန်းနိုင်ပါဘူးဗျာ"

"တစ်ယောက်ယောက်က မင်းကို ပေးခဲ့တာလား။ ဘယ်သူလဲ" သမားတော်ကြီးက ပို၍ပင် စိတ်ဝင်စားသွားသည်။

ဤမျှတန်ဖိုးကြီးသော နှစ်တစ်ရာသက်တမ်းရှိသည့် ဂျင်ဆင်းကို လက်ဆောင်ပေးရလောက်အောင် မည်သူက ရက်ရောနိုင်မည်နည်း။

"ကျွန်တော် အရင်က ဆရာ့ကို ပြောပြဖူးတဲ့ အနက်ရောင်သားရဲလေးပါဗျ။ မနေ့ညက ကျွန်တော် သူ့ကို ငါးကျွေးပြီးတော့ သူက ကျွန်တော့်ကို ဒီဂျင်ဆင်းကို ယူလာပေးခဲ့တာလေ။"

"အဲ့ဒီ အနက်ရောင်သားရဲလေးကလား" သမားတော်ကြီးက အလွန်အံ့ဩသွားသည်။

ထို့နောက် လုချင်းသည် ယခင်ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုပါ အသေးစိတ် ပြောပြလိုက်၏။

ထိုအဖြစ်အပျက်များသည် သမားတော်ကြီးကို အံ့ဩစေရုံသာမက၊ ရှောင်ယန်မှာလည်း မျက်လုံးများပြူးကျယ်ကာ အံ့ဩနေရှာသည်။

"အဲ့ဒီအနက်ရောင်သားရဲလေးက တကယ်ကို ဉာဏ်ရည်မြင့်မားပြီး လူစကားကို နားလည်နိုင်လောက်တယ်လို့ ထင်ရတယ်။"

လုချင်း၏ ပြောပြချက်ကို နားထောင်ပြီးနောက်၊ သမားတော်ကြီးက အံ့ဩစွာ ချီးကျူးလိုက်သည်။

"ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်ပါတယ်။ သူ ကျွန်တော်တို့စကားကိုတောင် နားလည်နိုင်တယ်လို့ ကျွန်တော် ခံစားရတယ်။"

ထိုစဥ် လုချင်းသည် ညဝိညာဉ်ကြောင်မြီးတို မထွက်ခွာမီ သူ့ကို ကြည့်လာခဲ့သော မထီမဲ့မြင်ပြုသောအကြည့်ကို ပြန်လည်သတိရလိုက်သည်။

"ဒါက ကောင်းတာလုပ်လို့ရတဲ့ အကျိုးကျေးဇူးပဲပေါ့ကွာ" သမားတော်ကြီးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်လိုက်သည်။ "မင်းသာ စိတ်ကောင်းစေတနာမရှိဘဲ၊ သူ့ကို မောင်းထုတ်မယ့်အစား ညတိုင်း အစာမကျွေးခဲ့ရင်၊ ဒီလို ကံကောင်းမှုမျိုးကို ဘယ်လိုလုပ် ရနိုင်မှာလဲ"

ကျွန်တော် သူ့ကို မောင်းမထုတ်တာက သူ့ကို ကြောက်လို့ပါဗျာ။

သူ့ဆရာ၏ စကားကိုကြားသောအခါ၊ လုချင်းခင်ဗျာ အနည်းငယ် မျက်နှာပူသွားသည်။

အဲ့ဒီအကောင်လေးက အရမ်းကို အစွမ်းထက်နေတာကို။ ဘယ်သူကများ သူ့ကို ရန်စရဲမှာတုံး။

"ဆရာ၊ ဆရာ့စကားအရဆိုရင် ဒီဂျင်ဆင်းက နှစ်တစ်ရာကျော် သက်တမ်းရှိတယ်ဆိုတော့၊ ဘယ်လောက်များ တန်ဖိုးရှိမလဲ​​ဗျ" လုချင်းက မေးလိုက်သည်။

All Chapters