← Chapters

ဈေးကြီးသို့ ပြန်လာခြင်း ၊ အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်

Vol. 6 Ch. 54

ဈေးကြီးသို့ ပြန်လာခြင်း ၊ အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်

Vol. 6 Ch. 54

လုချင်းသည် မူလက လေးမျက်နှာဓားသိုင်းပညာကို တစ်ကြိမ်တည်းနှင့် အောင်မြင်မှုအသေးစားတစ်ခုရသည်အထိ လေ့ကျင့်ဖို့ ရည်ရွယ်ခဲ့ပါ၏။

သို့သော် မမျှော်လင့်စွာဖြင့် သူ၏သစ်သားဓားသည် ကျိုးသွားခဲ့လေရာ သူ့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။

အနာဂတ်တွင် အောင်မြင်မှုကြီး သို့မဟုတ် ပြီးပြည့်စုံမှုကို ရရှိရန်အတွက်မူ သူသည် ယခုအချိန်တွင် ထိုသည်တို့ကို မစဉ်းစားဝံ့သေးပေ။

ထိုနယ်ပယ်ကို အရိုးနှင့်ကြွက်သားအဆင့် သို့မဟုတ် ထိုထက်မြင့်သော ကျွမ်းကျင်သူများသာ ထိတွေ့နိုင်သည်ဖြစ်ရာ သူ့လိုမျိုး ချီနှင့်သွေးအဆင့် ကျင့်ကြံသူတစ်ဦး မျှော်လင့်နိုင်သည့်အရာမဟုတ်ပေ။

သူသည် သူ၏စိတ်ထဲတွင် ဓားသိုင်းပညာ၏ အဓိကအချက်များနှင့် ထိုးထွင်းသိမြင်မှုများကို နားလည်ထားသော်လည်း ၎င်းတို့ကို ကြိုးစားရန် မဝံ့ရဲခဲ့။

အလွန်အမင်း အားထုတ်သည့်နည်းလမ်းသည် သူ၏လက်ရှိခန္ဓာကိုယ်က မခံနိုင်သည့်အရာဖြစ်သည်။

အရိုးနှင့်ကြွက်သားအဆင့် သို့မဟုတ် ထိုထက်မြင့်သောသူများသာ သူတို့၏ခန္ဓာကိုယ်ကို ထိုကဲ့သို့သော ကန့်သတ်ချက်များသို့ မဆင်မခြင် တွန်းပို့နိုင်ကြတာပင်။

အမှန်တကယ်တော့ လုချင်း၏ လက်ရှိရောက်ရှိထားသော ချီနှင့်သွေးအဆင့်ဖြင့် လေးမျက်နှာဓားသိုင်းပညာတွင် အောင်မြင်မှုအသေးစားတစ်ခုပင် ရရှိရန် မဖြစ်နိုင်ပေ။

သူ၏ချီနှင့်သွေးသည် ဆက်တိုက်ပေါက်ကွဲမှုများစွာကို ထိန်းသိမ်းထားရန် မလုံလောက်ပါချေ။

ဤအချက်ကို နားလည်သွားသောအခါ လုချင်းခင်ဗျာ ဓားသိုင်းပညာလေ့ကျင့်ခြင်း၏ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တက်ကြွနေသောစိတ်သည်ပင် အေးစက်သွားတော့၏။

ထို့နောက် လုချင်းသည် သူ၏လက်ထဲမှ သစ်သားဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်ကာ အိမ်ခေါင်မိုးအောက်ရှိ ထင်းပုံထဲသို့ ပစ်ချလိုက်တော့၏။ ပြီးမှသာ အိမ်ထဲသို့ ပြန်လှည့်ဝင်သွားတော့သည်။

နောက်တစ်နေ့နံနက်တွင် မနက်စာပြင်ဆင်ပြီးနောက် လုချင်းသည် ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကွက်အနည်းငယ်ကို လေ့ကျင့်လိုက်ရင်း သူ၏အသက်ရှူခြင်းကို ထိန်းညှိလိုက်ကာ သူ၏ချီနှင့်သွေးကို အပြည့်အဝ တက်ကြွစေခဲ့လေသည်။

ထို့နောက် သူသည် နှင်းဖြူရောင်ကြွေပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ဆေးလုံးတစ်လုံးကို လက်ဖဝါးပေါ် ထည့်ကာ မျိုချလိုက်တော့၏။ ပြီးနောက်မှ ဆေးအာနိသင်ကို စုပ်ယူရန် ဆက်လက်လေ့ကျင့်ခဲ့သည်။

သူ၏ဆရာ၏ ညွှန်ကြားချက်အရ တစ်နေ့လျှင် သွေးအားဖြည့်နှင့် ချီအားတိုးဆေးလုံးတစ်လုံး သောက်သုံးခြင်းသည် အကောင်းဆုံးဖြစ်သည်။

ထိုထက်ပိုလျှင် ခန္ဓာကိုယ်သည် ဆေးအာနိသင်အားလုံးကို ချက်ချင်းမချေဖျက်နိုင်တာကြောင့် မလိုအပ်သည့် ဖြုန်းတီးမှုကိုသာဖြစ်စေသည်။

ညဝိညာဉ်ကြောင်မြီးတိုလေးထံမှ ရရှိခဲ့သော ရာစုနှစ်သက်တမ်းရှိသည့် ဂျင်ဆင်းကို သွေးအားဖြည့်နှင့် ချီအားတိုးဆေးလုံးနှစ်ဆယ်အဖြစ် ဖော်စပ်ခဲ့ရာ လုချင်းအတွက်တော် လဝက်ကျော်ကြာသည်အထိ အသုံးပြုဖို့ လုံလောက်ပါ၏။

ဆေးလုံးနှစ်ဆယ်လုံး စားသုံးပြီးနောက်တွင်တော့ သူသည် ချီနှင့်သွေးအဆင့်တွင် သိသိသာသာ တိုးတက်မှုရရှိမည်မှာ သေချာသည်ပင်။

လွန်ခဲ့သည့်ညတုံးက ညဝိညာဉ်ကြောင်မြီးတိုလေး ယူဆောင်လာသော ဂျင်ဆင်းအတွက်မူ လုချင်းသည် လက်ရှိ သွေးအားဖြည့်နှင့် ချီအားတိုးဆေးလုံးပုလင်းကုန်ဆုံးပြီးမှ အသုံးပြုရန် စီစဉ်ထားသည်။

သွေးအားဖြည့်နှင့် ချီအားတိုးဆေးလုံး၏ ဆေးအာနိသင်သည် မနေ့က စားထားသော ရွှေရောင်ငါးရှဉ့်အားဖြည့်ဆေးနှင့် နှိုင်းယှဉ်လျှင်တော့ တော်တော်လေးကို မပြင်းထန်သည်ကို တွေ့ရပါ၏။

ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို ခဏလေ့ကျင့်ရင်း ဆေးအာနိသင်ကို ဖြည်းဖြည်းချင်းစုပ်ယူသန့်စင်ပြီးနောက် လုချင်းသည် သူ၏လေ့ကျင့်မှုကို အဆုံးသတ်လိုက်တော့သည်။

သူ၏ချီနှင့်သွေးတွင် တိုးပွားလာသော တက်ကြွမှုကို ခံစားရသောအခါ လုချင်းတစ်ယောက် အလွန်ဝမ်းသာသွားတော့၏။

ထို့နောက် သူသည် အိပ်ရာထဲတွင် လဲလျောင်းနေဆဲဖြစ်သော ရှောင်ယန်ကို မနက်စာစားရန် သွားနှိုးခဲ့သည်။

"ရှောင်ယန်၊ ညီမလေး အရပ်ရှည်လာတာလား။"

ကလေးငယ်ကို မျက်နှာသစ်သွားတိုက်ပေးနေစဉ် လုချင်းသည် သူမ၏အင်္ကျီလက်များ အနည်းငယ်တိုနေသည်ကို သတိပြုမိလိုက်တာကြောင့် မမေးဘဲမနေနိုင်ခဲ့ပေ။

"တကယ်လား ကိုကို။"

မူလက အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေသော ရှောင်ယန်သည်ပင် ရုတ်တရက် နိုးကြားသွားသည်။

"ကိုကို တိုင်းကြည့်ပေးမယ်။"

လုချင်းသည် သူမ၏မျက်နှာကို သုတ်ပေးပြီးနောက် တံခါးဘောင်ပေါ်တွင် ရပ်ခိုင်းကာ သူမ၏အရပ်ကို တိုင်းတာခဲ့သည်။

တိုင်းတာပြီးနောက် သူမသည် အမှန်တကယ်ပင် အနည်းငယ် အရပ်ရှည်လာသည်ကို တွေ့လိုက်ရ၏။

"ညီမလေး အရပ်ရှည်လာတာပဲ။ ကြည့်စမ်း၊ ဒါက ကိုကိုတို့နောက်ဆုံးလုပ်ခဲ့တဲ့ အမှတ်အသား၊ ဒါကကျ အမှတ်အသားအသစ်လေ။"

လုချင်းသည် တံခါးပေါ်ရှိ အမှတ်အသားများကို ညွှန်ပြခဲ့သည်။

သူ ရှောင်ယန်၏အရပ်ကို တိုင်းတာသည့်အခါတိုင်း အမှတ်အသားတစ်ခု ထွင်းလေ့ရှိပြီး ဤအမှတ်အသားအသစ်ကတော့ ယခင်အမှတ်အသားထက် အမှန်ပင် မြင့်မားနေသည်။

"ညီမလေး တကယ် အရပ်ရှည်လာတာပဲ"

ရှောင်ယန်သည် အမှတ်အသားများကို ပျော်ရွှင်မှုအပြည့်ဖြင့် မော့ကြည့်နေသည်။

လုချင်းမှာ သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

သူမသည် အရပ်ရှည်လာရုံသာမက သူမ၏ကျန်းမာရေးသည်လည်း များစွာတိုးတက်လာခဲ့သည်ပင်။

သူမ၏ဆံပင်သည် ခြောက်သွေ့ဝါကျင့်ခြင်းမရှိတော့သည့်အပြင် သူမ၏အသားအရေမှာလည်း ပန်းရောင်သန်းနေပြီး သူ ပထမဆုံးနိုးထလာစဉ်ကထက်တောင် ပို၍ကောင်းမွန်နေပြီဖြစ်၏။

"ကဲ၊ အထဲဝင်ပြီး စားကြရအောင်။ ညီမလေးသာ ကောင်းကောင်းစားရင် သိပ်မကြာခင်မှာပဲ ပိုပြီးတော့တောင် အရပ်ရှည်လာဦးမှာဗျာ။"

ရှောင်ယန်သည် တံခါးပေါ်ရှိ အမှတ်အသားများကို ပြုံးကြည့်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချင်းသည် ပြုံးလိုက်ပြီး သူမကို တိုက်တွန်းခဲ့သည်။

ရလဒ်အနေဖြင့် ကလေးငယ်သည် မနက်စာစားချိန်တွင် ပန်းကန်တစ်ဝက်လောက်ထိတောင် ပိုစားခဲ့ပါ၏။

မနက်စာစားပြီးနောက် လုချင်းသည် ရှောင်ယန်ကို ဆရာ့အိမ်သို့ ခေါ်ဆောင်သွားခဲ့၏။ သူတို့၏ဆရာကို နှုတ်ဆက်ပြီးသွားသောအခါတွင်တော့ စာလေ့လာမှုကိုစတင်ခဲ့တော့သည်။

လုချင်းသည် သူ လေးမျက်နှာဓားသိုင်းပညာကို စတင်လေ့ကျင့်နေပြီဖြစ်ကြောင်း သမားတော်ကြီးကို မပြောခဲ့ပေ။

အရာအားလုံးတွင် ကန့်သတ်ချက်တစ်ခု ရှိသင့်သည်။ သူ၏ ကျန်းမာရေးအာဟာရဖြည့်လက်သီးသိုင်းကို တစ်ညအတွင်း လျင်မြန်စွာကျွမ်းကျင်မှုကတင် သူ၏ဆရာကို တုန်လှုပ်စေခဲ့ပြီးပြီပင်။

ထိုအချိန်ကတော့ သူသည် ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်းဟူသော ဆင်ခြေကို အသုံးပြုနိုင်သေးသည်။

သို့သော် သူသည် အမြဲတမ်း ရုတ်တရက် ဉာဏ်အလင်းပွင့်နေ၍မဖြစ်ပေ၊ သို့မဟုတ်လျှင် အလွန်အံ့ဩစရာကောင်းလွန်းနေပေမည်။

ထို့ကြောင့် လုချင်းသည် မိမိကိုယ်ကို နှိမ့်ချစွာနေထိုင်ရင်း လောလောဆယ်တော့ ထိုအကြောင်းအား လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ထိုနံနက်တွင် ဘာမှအထူးအဆန်းမဖြစ်ခဲ့ပေ။

သမားတော်ကြီးသည် လုချင်းကို ဆေးပညာဆိုင်ရာ အခြေခံမူများနှင့် ဆေးဖက်ဝင်အပင်များကို အခြောက်ခံခြင်းနှင့် သိုလှောင်ခြင်းဆိုင်ရာ အသိပညာအချို့ကို တရားဝင်စတင်သင်ကြားပေးခဲ့သည်။

မကြာမီ နံနက်ခင်းအချိန်အခါသည်လည်း ကုန်ဆုံးသွားခဲ့ပြန်၏။

စာသင်ပြီးနောက် လုချင်းသည် ရှောင်ယန်ကို ဆရာ့အိမ်​တွင် ထားခဲ့ပြီး ဈေးကြီးတွင် ပစ္စည်းအချို့ဝယ်ချင်သည်ဟု ဆင်ခြေပေးကာ ထွက်လာခဲ့လိုက်သည်။

ယခု လုချင်းသည် ချီနှင့်သွေးအဆင့် သိုင်းသမားတစ်ဦးဖြစ်ပြီး ထက်မြက်သူတစ်ဦးဖြစ်သောကြောင့် သမားတော်ကြီးသည် သူနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိပေ။

လုချင်း ပစ္စည်းဝယ်ချင်သည်ဟု ပြောလာသည်ကို ကြားလိုက်ရသောအခါ၌ သမားတော်ကြီးသည်လည်း ချက်ချင်းပင် သဘောတူခဲ့လေ၏။

ဆရာ့အိမ်မှ ထွက်ခွာပြီးနောက် လုချင်းသည် အိမ်သို့ ပြန်သွားလိုက်ပြီး ငွေအချို့ယူကာ ဝါးတောင်းကြီးတစ်လုံးကို လွယ်ပြီး ထွက်လာလိုက်တော့၏။ ထို့နောက်၌ ရွာအဝင်ရှိ မြင့်မြတ်သောသစ်ပင်တွင် ကြိုးနီတစ်ချောင်းကို ချည်နှောင်ကာ ဈေးကြီးသို့ တန်းတန်းမတ်မတ် ထွက်ခွာလိုက်တော့သည်။

မကြာမီမှာပဲ လုချင်း၏ပုံရိပ်သည် ဈေးကြီးတွင် ပေါ်လာသည်။

စည်ကားနေသော လူအုပ်ကိုမြင်သောအခါ သူ ပြုံးလိုက်မိ၏။

ဟုတ်ပါ၏ ၊ ယနေ့သည် ဈေးကြီး၏ ဈေးနေ့ဖြစ်သည်။

သူ နောက်ဆုံးအကြိမ် အစ်ကိုဝမ်တာ့အန်းနှင့်အတူ ဤနေရာတွင် ကြီးကျယ်ခမ်းနားစွာ ဈေးဝယ်ထွက်ပြီးခဲ့သည့်နေ့ကတည်းက လုချင်းသည် ဤသို့ ပြန်မရောက်ခဲ့ပေ။

ထိုခရီးစဉ်အတွင်း သူ၏လုပ်ဆောင်ချက်သည် အတော်လေးကို မျက်စိကျစရာကောင်းခဲ့ကြောင်း လုချင်း သိပာ၏။

စျေးသို့ သူ နောက်တစ်ခေါက်ပြန်မလာသေးခြင်းမှာ

အာရုံစိုက်မှုမခံရစေဖို့အတွက်ပင်။

ယခု သူသည် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်စွမ်းအချို့ရှိသော ချီနှင့်သွေးအဆင့် သိုင်းသမားတစ်ဦးဖြစ်လာပြီဖြစ်ကာ အိမ်ရှိအစားအစာများမှာလည်း ကုန်ခါနီးနေပြီဖြစ်သောကြောင့် ယနေ့မှာပဲ ပစ္စည်းများကို ပြန်လည်ဖြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် သူ၏ယနေ့ရည်ရွယ်ချက်သည် နေ့စဉ်သုံးပစ္စည်းများဝယ်ရန်သာမက ထိုထက်ပို၍အရေးကြီးသောအရာတစ်ခုအတွက်ဖြစ်သည်။

ဈေးကြီးပတ်လည်တွင် လမ်းလျှောက်ရင်း လုချင်းသည် သူ၏ပစ်မှတ်ဖြစ်သော ဆရာမာကို မကြာမီမှာပဲ တွေ့ရှိခဲ့သည်။

လုချင်းသည် သူ့ကို နှုတ်ဆက်ရန်အပြုတွင် ရပ်တန့်လိုက်ကာ ဘေးသို့ ရှောင်ထွက်နေလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူသည် ဆရာမာဘေးတွင် တစ်စုံတစ်ယောက်ကို တွေ့မြင်ခဲ့သောကြောင့်ပင်။

ထိုသူကတော့ အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားပြီး မောက်မာသောမျက်နှာထားရှိသော လူငယ်တစ်ဦး။

သူ၏နောက်တွင် ခံ့ညားသည့် လူသန်ကြီးအချို့ရှိနေကာအလွယ်တကူ ရင်ဆိုင်နိုင်မည့်သူများမဟုတ်သည်မှာ အသိသာကြီးပင်။

အထူးသဖြင့် ယခင်က မောက်မာစွာနေထိုင်ခဲ့သော ဆရာမာသည် ယခုအခါ ထိုလူငယ်ကို ဖားယားနေသည်ကို လုချင်း သတိပြုမိလိုက်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် လုချင်းသည် တိတ်ဆိတ်စွာဖြင့်သာ ဘာဖြစ်နေသည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

ဆရာမာနှင့် သူ၏အဖွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ လုချင်းသည် တိတ်ဆိတ်စွာဖြင့် ပုန်းအောင်းလိုက်ကာ သူ၏တည်ရှိမှုအရှိန်အဝါကို လျှော့ချလိုက်ပြီး ၎င်းတို့၏ပြောစကားများကို ဂရုတစိုက်နားထောင်ခဲ့သည်။

လုချင်းသည် သူတို့၏အချက်အလက်များကို စုံစမ်းဖို့အတွက် သူ၏နတ်မျက်စိစွမ်းရည်ကို မသုံးခဲ့ပေ။

ချီနှင့်သွေးအဆင့်သို့ တက်လှမ်းပြီးနောက် သိုင်းသမားများသည် အခြားသူများ၏ စူးစမ်းမှုကို အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်တတ်ကြောင်းကို လုချင်း သိထားပါ၏။

သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြုခြင်းသည် သူတို့ကို သတိပေးသလိုတောင် ဖြစ်သွားနိုင်ပြီး ပြဿနာတွေတောင် ဖြစ်သွားစေနိုင်လေသည်ပင်။

ထို့ကြောင့် သူသည် အသုံးဝင်သောသတင်းအချက်အလက်များ ရနိုင်မလားဆိုသည်ကို နားထောင်ကြည့်ရန်သာ စီစဉ်ခဲ့သည်။

ကံကောင်းစွာပင် မောက်မာသောလူငယ်သည် သူ၏အသံကို လျှော့ချဖို့ စိတ်ကူးကိုမရှိခဲ့။

ဈေးကြီးမှ ဖြတ်လျှောက်ရင်း အဝတ်အစားအကောင်းစားကို ဝတ်ဆင်ထားသော လူငယ်သည် စက်ဆုပ်ရွံရှာသော မျက်နှာဖြင့် ပြောလိုက်သည်။ "မာကူး၊ မင်းရဲ့နေရာက တကယ့်ကို စုတ်ပြတ်သတ်နေတာပဲ၊ မြို့အနောက်ဘက်က သူတောင်းစားတွေအိပ်တဲ့ လမ်းကြားတွေလိုပဲကွာ။ ညစ်ပတ်ပြီး နံစော်နေတာပဲ။"

ထိုအခါ မာကူးက ခါးကိုအနည်းငယ်ကိုင်းကာ နှိမ့်ချမှုအပြည့်ဖြင့် ပြောလိုက်သည်။ "သခင်လေးဝေ့က မြင့်မြတ်တဲ့မျိုးရိုးကဆိုတော့ ကျွန်တော့်ရဲ့ကျေးလက်ဒေသနဲ့ အသားမကျတာ သဘာဝပါပဲ။ တောင်းပန်ပါတယ်ဗျ။"

"ငါ့အဖေအတွက် မွေးနေ့လက်ဆောင်ကောင်းကောင်းလေး တစ်ခုလောက် ရှာဖို့ တောထဲတောင်ထဲဝင်ဖို့ လိုအပ်နေလို့သာနော်။ မဟုတ်ရင် ငါ့လိုလူမျိုးပ ဒီကို ဘယ်တော့မှလာမှာမဟုတ်ဘူး။ တကယ့်ကို စက်ဆုပ်စရာကောင်းလိုက်တာကွာ"

ဈေးတွင်ရောင်းချနေသော ဝက်ကလီစာများကို မြင်သောအခါ ထိုလူငယ်သည် ပျို့အန်ချင်သလိုတောင် ဖြစ်သွားလေ၏။

ဒီလိုနေရာမျိုးမှာ ဒီလိုမျိုးနိမ့်ကျတဲ့အသားတွေကို ရောင်းတဲ့သူတွေ ဘယ်လိုလုပ်ရှိနေနိုင်ရတာလဲ။

All Chapters