← Chapters

ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုနီးပါးဖြစ်ခြင်း

Vol. 6 Ch. 59

ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုနီးပါးဖြစ်ခြင်း

Vol. 6 Ch. 59

လုချင်းသည် လမ်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားနေ၏။ သို့ပေမဲ့ သူ၏စိတ်မှာတော့ တည်ငြိမ်ခြင်းနှင့် အလှမ်းဝေးလှပါသည်။

ထိုလူမိုက်အနည်းငယ်သည် သူ၏လက်ချက်ဖြင့် မသန်မစွမ်းဖြစ်သွားတာကြောင့် အနာဂတ်တွင် မကောင်းမှုများပြုလုပ်ရန် ခက်ခဲသွားပေလိမ့်မည်။

သာမန်လူများကဲ့သို့ နေထိုင်ရန်ပင် သူတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပေလိမ့်မည်။

သူ သူတို့ကို အဘယ်ကြောင့် မသတ်ခဲ့ပစ်သနည်းဟူသော မေးခွန်းအား ဖြေရဆိုလျှင်တော့ လုချင်းသည် ဆင်ခြင်ဉာဏ်မဲ့သော သတ်ဖြတ်တတ်သူတစ်ဦးမဟုတ်သောကြောင့်ပင်။

သူ၏ယခင်ဘဝတွင် ငါးသတ်ခြင်းမှလွဲ၍ ကြက် သို့မဟုတ် ဘဲကိုပင် ရှားရှားပါးပါးသတ်ခဲလှပြီး လူကိုဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။

ဤကမ္ဘာသို့ ကူးပြောင်းလာပြီးကတည်းက လုချင်းသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေခဲ့ပါ၏။ ဤကမ္ဘာသည် သူ့အရင်ဘဝမှ ကမ္ဘာနှင့် ကွဲပြားပါသည်။ ဤကမ္ဘာမှာ သူ့အရင်ဘဝမှ ကမ္ဘာထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်ပြီး အားကြီးသူသာ ရှင်သန်နိုင်သည့်ကမ္ဘာဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလှုံ့ဆော်နေခဲ့မိပါ၏။

သို့ပေတိုင်အောင် လူသတ်ခြင်းသည် သူအတွက်တော့ ဆုံးဖြတ်ရန် ခက်ခဲသောကိစ္စတစ်ခု ဖြစ်နေဆဲပင်။

ထိုစည်းကို ကျော်လွန်သွားသည်နှင့် မည်သို့သောပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူ မသိနိုင်ပေ။

သိုင်းသမားတစ်ဦးဖြစ်လာပြီးနောက် လူသတ်ခြင်းသည် သူအတွက် မခက်ခဲပေ။

ခက်ခဲသည်မှာ ထိုခြေလှမ်းကို လှမ်းပြီးနောက် သူသည် သူ့ပုံစံအတိုင်း မပြောင်းလဲဘဲ နေနိုင်မည်လောဟူသည့်အချက်ပင်။

အကယ်၍ ထိုလူမိုက်များသာ အမှန်တကယ့်ကို ဆိုးသွမ်းခဲ့ပါက လုချင်းသည် လူသတ်ခြင်းအမှုကိုပင် လုပ်နိုင်ခဲ့လောက်ပေမည်။

သို့သော် သူ၏စွမ်းအင်များမှ ရရှိသောသတင်းအချက်အလက်များက သူတို့သည် ထိုသို့မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် လုချင်းသည် သူတို့ကို အခွင့်အရေးတစ်ခုပေးဖို့အတွက်သာ ဆုံးဖြတ်ခဲ့ပါ၏။

အမှန်ပင် သူသည် သူ၏ယခင်ဘဝတွင် ဖတ်ခဲ့သောဝတ္ထုများထဲမှ ဇာတ်လိုက်များကဲ့သို့ မဟုတ်ပေ၊ ထိုဇာတ်လိုက်များသည် ကူးပြောင်းလာပြီးနောက် တစ်ချက်ကလေးပင် တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းကို သတ်ဖြတ်နိုင်ကြလေ၏။

နောက်ဆုံးတွင် သူသည် သာမန်လူတစ်ဦးသာ ဖြစ်နေဆဲပင်။

လုချင်းသည် မိမိကိုယ်ကို အပြစ်တင်နေသည့်အတွေးများအား တွေးနေမိသည်။

သို့သော် ဤဖြစ်ရပ်နောက်ပိုင်းတွင် လုချင်းသည် သိုင်းသမားတစ်ဦး၏ ခွန်အားကို နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့ပြီပင်။

ချီနှင့်သွေးအဆင့်ရှိ အားအနည်းဆုံးသူပင်လျှင် သာမန်လူများ မခုခံနိုင်သည့်တည်ရှိမှုတစ်ခု ဖြစ်နေပါ၏။

ခွန်အား၊ တုံ့ပြန်မှု သို့မဟုတ် ကာကွယ်မှုတွင်ဖြစ်စေ နှစ်ဦးသားသည် လုံးဝတူညီသောအဆင့်တွင် မရှိပေ။

လုချင်းသည် အစောပိုင်းက ထိုလူမိုက်များအား သင်ခန်းစာပေးနေစဉ်တွင် ၎င်းကို ရှင်းလင်းစွာခံစားခဲ့ရသည်။

သူတို့၏လှုပ်ရှားမှုများနှင့် တုံ့ပြန်မှုများသည် သူ့အတွက် အနှေးပြကွက်များပြနေသကဲ့သို့နှယ် ဖြစ်နေပြီး ၎င်းတို့ထံမှ ခြိမ်းခြောက်မှုတစ်စိုးတစ်စိမျှတောင် သူ မခံစားခဲ့ရပေ။

ထို့ကြောင့် သူသည် ထိခိုက်ဒဏ်ရာတစ်ချက်လေးတောင် မရဘဲ သူတို့၏လက်နှင့်ခြေထောက်များကို အလွယ်တကူ ချိုးနိုင်ခဲ့သည်။

"ကံကောင်းတာက သိုင်းပညာကျင့်ကြံတာက မလွယ်ကူလို့သာ။ ချီနဲ့သွေးအဆင့်ကို ရောက်ဖို့ဆိုတာက ပိုပြီးတော့တောင် ခက်သေး။ မဟုတ်လို့ကတော့ ဒီကမ္ဘာကြီး ဘယ်လိုတွေတောင် ဖြစ်နေမလဲဆိုတာ ငါ စဉ်းစားကြည့်လို့တောင်မရဘူး။" လုချင်းသည် သူ့ကိုယ်သူ တွေးလိုက်သည်။

အချိန်ခဏလေးအတွင်းမှာပဲ ချီနဲ့သွေးအဆင့်ကို ရောက်အောင်လို့ သူ လုပ်နိုင်ခဲ့တာပဲ ၊ ကျင့်ကြံမှုက လွယ်လောက်မှာပါဆိုပြီး အထင်မမှားလိုက်ကြပါနဲ့ဗျာ။

အဲ့လိုမျိုးဖြစ်ခဲ့တာက သူ့ရဲ့နတ်မျက်စိစွမ်းရည်အကူအညီကြောင့်ရယ် ၊ သူ့ဆရာရဲ့ ကိုယ်ကျိုးမဖက်တဲ့ လမ်းညွှန်မှုတွေကြောင့်ရယ်၊ ရွှေရောင်ငါးရှဉ့်လိုမျိုး အားဖြည့်ဆေးကောင်းကောင်းက သူ့ရဲ့အခြေခံအုတ်မြစ်မှာရှိတဲ့ ချို့ယွင်းချက်တွေကို ဖြည့်ပေးနိုင်ခဲ့လို့လေ။

သာမန်လူများတွင်တော့ ထိုသို့သောအခြေအနေများ မရှိပေ။

သိုင်းပညာကို ဆယ်နှစ်ကြာလေ့ကျင့်ပြီးနောက်တွင်ပင် သူတို့သည် ချီနှင့်သွေးအဆင့်၏ အစွန်းအဖျားကိုပင် မထိတွေ့နိုင်ပါချေ။

သူ့ဆရာ၏အဆိုအရ ဤကမ္ဘာတွင် သိုင်းသမားတစ်ဦးဖြစ်လာနိုင်သူမှာ စွမ်းဆောင်ရည်ရှိသည့် လူအယောက်တစ်ရာတွင် အနည်းဆုံးတစ်ယောက်လောက်သာရှိပါ၏။ ထူးခြားလှသည့်သူကသာလျှင် တစ်ရာမှာတစ်ယောက်အနေနှင့် ထွန်းပေါက်အောင်မြင်နိုင်ပါသည်။

အရည်အချင်းမရှိသူများအတွက်ကတော့ ဘယ်လောက်ပဲ အကြာကြီး လေ့ကျင့်သည်ဖြစ်စေ လျင်မြန်ပြီး သန်မာနိုင်ရုံမျှသာ ဖြစ်လိမ့်မည်။ သူတို့အတွက်တော့ သာမန်လူများကို အနိုင်ကျင့်နိုင်သော်လည်း စစ်မှန်သောသိုင်းသမားများနှင့် တွေ့ကြုံသောအခါတွင်တော့ တစ်ချက်ကလေးနှင့်ပင် တစ်စစီ ကျိုးပဲ့သွားနိုင်ပါ၏။

ဤအတွေးများအား တွေးနေရင်းဖြင့် လုချင်းတစ်ယောက် အိမ်ကိုတောင် ပြန်ရောက်လာခဲ့ပြီပင်။

အရာအားလုံးကို နေရာချပြီးနောက် သူသည် သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဤတစ်ခေါက် ဈေးကြီးသို့ ခရီးစဉ်သည် အချို့သော အလှည့်အပြောင်းများရှိသော်လည်း ယေဘုယျအားဖြင့်တော့ သူ့ကို စိတ်ရွှင်လန်းစေခဲ့သည်ပင်။

အထူးသဖြင့် မာကူးကို တိုက်ပွဲဝင်ဓားတစ်လက်ဝယ်ပေးဖို့ အောင်မြင်စွာဖြင့် ပြောနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ရက်အနည်းငယ်အတွင်းမှာပဲ သူ၏ကိုယ်ပိုင်တိုက်ပွဲဝင်ဓားတစ်လက် ရရှိလာတော့မည်ကို တွေးရင်း လုချင်းသည် တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့မိပါ၏။

အစကတော့ လုချင်းမှာ မာကူးကို နောက်ထပ်လေး၊ငါးရက်လောက်တောင် စောင့်ရဦးမည်ဟု ထင်ခဲ့တာပင်။

သို့သော် အံ့အားသင့်စွာဖြင့် တစ်ရက်အကြာတွင်ပဲ သူတို့နှစ်ယောက် ထပ်မံတွေ့ဆုံခဲ့ကြပြန်သည်။

...

ဈေးကြီးရှိ အိမ်တစ်လုံး၏ နောက်ဘက်ခြံဝင်းတွင်။

မာကူးသည် စိုးရိမ်သောမျက်နှာဖြင့် သူ၏လက်အောက်ငယ်သားတစ်ဦးကို ခေါ်လိုက်သည်။

"ဝေ့မိသားစုက သခင်လေးက ပြန်မရောက်သေးဘူးလား။"

လက်အောက်ငယ်သားက လေးစားစွာ ပြန်ဖြေလိုက်သည်။ "မရောက်သေးပါဘူး ဆရာမာ၊ ကျွန်တော် အပြင်မှာ တစ်ချိန်လုံးစောင့်နေပေမဲ့ သခင်လေးဝေ့နဲ့ သူ့အဖွဲ့ ပြန်လာတာကို မတွေ့မိပါဘူးဗျ။"

မာကူးသည် စိတ်မသက်မသာဖြစ်လာတော့သည်။ “ ဒီနေ့ကျမှပဲ ဘာလို့ ဒီလောက်တောင်နောက်ကျနေရတာလဲ။ မနေ့ကအချိန်ဇယားအရဆိုရင် အခုလောက်ဆို သူတို့ ပြန်ရောက်နေသင့်ပြီလေ။"

အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် သူတို့ကို မတွေ့ရသေးသောအခါ မာကူး၏ စိတ်မသက်မသာဖြစ်မှုမှာလည်း တစ်ဆတစ်ဆဖြင့် တိုးပွားလာတော့သည်။

သူသည် ရှေ့နောက်လျှောက်ရင်း သူ့ကိုယ်သူ အဆက်မပြတ် အားပေးနေလေ၏။ "ပြဿနာမရှိလောက်ပါဘူး။ ဝေ့မိသားစုရဲ့အစောင့်တွေက အရိုးနဲ့ကြွက်သားအဆင့် ကျွမ်းကျင်သူတွေချည်းပဲဟာ။ တောထဲတောင်ထဲ သွားရုံလေးပဲကို ၊ ဘာများဖြစ်နိုင်မှာမို့လို့လဲ။"

သို့သော် အချိန်ကြာလာသည်နှင့်အမျှ မာကူးသည် နောက်ဆုံးတွင်တော့ ထိတ်လန့်လာတော့လေ၏။

သူ ကျိန်ဆဲမိပြီပင်။ "သောက်ချီးလိုပဲ။ အဲ့ဒီဝေ့ကောင်လေး ဘာတွေစဉ်းစားနေတာလဲဟေ။ ဘာလို့ သူက မွေးနေ့လက်ဆောင်ရှာဖို့အတွက်နဲ့ တောထဲတောင်ထဲကို ကိုယ်တိုင်သွားချင်နေရတာလဲဟ။ သူ့လူတွေကိုပဲ လွှတ်လိုက်လို့မရဘူးလား။ သူသာ တစ်ခုခုဖြစ်သွားရင် လူအများကြီး ဒုက္ခရောက်မယ်ဆိုတာ သူ မသိဘူးလား။"

မာကူးသည် သူတို့အား ရှာဖွေဖို့ အဖွဲ့ကိုတောင် လုပ်တော့မည့်အချိန်တွင် သူ၏လက်အောက်ငယ်သားသည် အပြေးအလွှားဝင်လာသည်။

"ဆရာမာ၊ ဆရာမာ၊ သခင်လေးဝေ့နဲ့ သူ့အဖွဲ့ ပြန်လာပါပြီဗျ"

ထိုအခါမှ မာကူး၏နှလုံးသားလေးမှာ ဝမ်းမြောက်မှုဖြင့် ခုန်တက်သွားရတော့သည်။ သို့သော်လည်း သူ့လက်အောက်ငယ်သား၏မျက်နှာကတော့ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေလေ၏။

"သူတို့ ဘယ်မှာလဲ။"

"သူတို့ ပြန်လာပါပြီ၊ ဒါပေမဲ့ သခင်လေးဝေ့က... သူက..."

မာကူး၏ပျော်ရွှင်နေသောနှလုံးသားမှာ ဤအခိုက်တွင်တော့ ဘုန်းခနဲ ပြန်ပြုတ်ကျသွားတော့၏။ သူသည် သူ၏လက်အောက်ငယ်သား၏ကော်လံကို ဆွဲကိုင်လိုက်ရင်း "သခင်လေးဝေ့က ဘာဖြစ်လို့လဲ။"

"သူ... သူ သေတော့မဲ့ပုံပဲဗျ..."

ထိုစကားသည် သူ၏ခေါင်းထိပ်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့နှယ် မာကူးအား မှင်သက်သွားစေ၏။

နောက်တစ်ခဏတွင်တော့ အလွန်ကြီးမားသောကြောက်ရွံ့စိုးထိတ်မှုတစ်ခုမှာ သူ၏နှလုံးသားထဲတွင် တစ်ဆတစ်ဆဖြင့် တိုးပွားလာခဲ့လေသည်။

မာကူးသည် ဒေါသကြောင့် ရှုံ့တွနေသောမျက်နှာကြီးဖြင့် သူ၏လက်အောက်ငယ်သား၏ကော်လံကို ထပ်မံဆွဲကိုင်လိုက်ပြီး "သူက ဘယ်လိုလုပ်ပြီးသေသွားတာလဲ။ ဘယ်သူသတ်လိုက်တာလဲ"

လက်အောက်ငယ်သားမှာတော့ မာကူး၏ဒေါသကြောင့် ကြောက်လန့်တကြားဖြစ်သွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်... ကျွန်တော်လည်း မသိပါဘူး ဆရာ။ ကျွန်တော် သူ့အစောင့်တွေပြန်လာတာကိုတော့ တွေ့တယ်၊ သခင်လေးဝေ့ကို ထမ်းစင်ပေါ် တင်ပြီး ပြန်လာတာလေ။ သခင်ဝေ့က တစ်ကိုယ်လုံး သွေးတွေချည်းပဲ။ အသက်တောင်မရှူတော့ဘူး။ ကျွန်တော်ထင်... ကျွန်တော်ထင်..."

"သောက်ချီးလိုပဲ။"

မာကူးမှာ ဘာဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။ သခင်လေးဝေ့ သေဆုံးမှုမှာ မသေချာသေးသော်လည်း ဒီကောင်၏ပြောစကားများက သူ၏ကိုယ်ပိုင်ခန့်မှန်းချက်မျှသာ ဖြစ်သည်မှာ သေချာပါ၏။

"မင်းနဲ့ နောက်မှ ကိစ္စရှင်းမယ်"

ထို့နောက် မာကူးသည် သူ၏လက်အောက်ငယ်သားကို ဘေးသို့ကန်ထုတ်လိုက်ပြီး အပြင်သို့ အပြေးအလွှားထွက်သွားလိုက်တော့သည်။

သူ၏နှလုံးသားထဲမှ ကြောက်ရွံ့မှုမှာလည်း နည်းနည်းလေးပင် မလျော့နည်းသွားပေ။

ထိုအရူးကောင်က ခန့်မှန်းပြောရုံလောက်သာ ဖြစ်သော်လည်း သခင်လေးဝေ့သည် အလွန်ဆိုးရွားသောအခြေအနေတွင် ရှိနေသည်ကတော့ အသိသာကြီးပင်။

သူ သေသည်ဖြစ်စေ၊ ပြင်းထန်စွာဒဏ်ရာရသည်ဖြစ်စေ အကျိုးဆက်များကတော့ မာကူး မခံနိုင်သည့်အရာများသာ။

မာကူးသည် ရှေ့ခြံဝင်းသို့ ရောက်သောအခါ ဝေ့မိသားစုအစောင့်အချို့သည် သွေးစွန်းနေသောထမ်းစင်တစ်ခုပတ်လည်တွင် စုရုံးနေပြီး တည်ကြည်သောမျက်နှာထားများဖြင့် ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။

ထမ်းစင်ပေါ်တွင် သခင်လေးဝေ့သည် ဖြူဖတ်ဖြူရော်ဖြင့် သတိလစ်နေပြီး သူ၏အသက်မှာလည်း ချည်တစ်မျှင်ဖြင့် ဆွဲထားသယောင်နှယ် ဖြစ်နေသည်။

"အစောင့်လီ၊ ဘာဖြစ်နေတာလဲ။"

ဤမြင်ကွင်းကိုမြင်သောအခါ မာကူး၏စိတ်သည် ဗလာကျင်းသွားလျက် အစောင့်ခေါင်းဆောင်ကို အလျင်အမြန်အော်ခေါ်လိုက်သည်။

အစောင့်လီကလည်း တင်းမာနေသောမျက်နှာထားနှင့် ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။ "သခင်လေးက တောထဲသွားရင်းနဲ့ ချောက်ကမ်းပါးတစ်ခုထဲကို မတော်တဆ ပြုတ်ကျသွားတာပါဗျ။ ပြီးတော့ သူ့ရဲ့ဗိုက်က ချွန်ထက်တဲ့ကျောက်တုံးတစ်ခုကြောင့် ပေါက်ထွက်သွားပါတယ်။"

သူတို့သည် သခင်လေးကို မကာကွယ်နိုင်ခဲ့သည့်အတွက် မည်သို့သောအပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ကိုပင် မတွေးဝံ့ပေ။

မာကူး၏နှလုံးသားသည် တင်းကြပ်သွားပြီး သူ၏အသံမှာလည်း တုန်ရီနေသည်။ "သခင်လေး အသက်ရှင်သေးရဲ့လား။"

အစောင့်လီသည် သူ ဘာကို ဆိုလိုသည်ကို သိသဖြင့် ကွေ့ဝိုက်မနေတော့ဘဲ ပြန်ဖြေလိုက်သည်။ "သခင်လေးက အသက်တော့ရှူနေတုန်းပဲ။ ကျွန်တော်တို့ သူ့ရဲ့အူတွေကို ပြန်ထည့်ပြီး ဆေးလိမ်းပေးခဲ့တယ်။ ဒါမဲ့ ကျွန်တော်တို့က သွေးထွက်တာကို ခဏလောက်တိတ်အောင်လို့ပဲ လုပ်ခဲ့တာ။"

မာကူး၏နှလုံးသားသည် တဒိတ်ဒိတ်ခုန်နေလေ၏။ "ခင်ဗျားတို့ အခု ဘာလုပ်ဖို့စီစဉ်ထားလဲ။"

"ကျွန်တော်တို့ သူ့ကို မြို့ကို ချက်ချင်းပြန်ခေါ်သွားချင်တာ၊ ဒါပေမဲ့ ဒဏ်ရာက အရမ်းကြီးတယ်။ ခု သူ့ကို ပြန်သယ်လာတာတောင်မှ ဒဏ်ရာက ခဏခဏပွင့်ပြီးတော့ သွေးတိတ်ဆေးမှုန့်တွေကို ဖယ်ပစ်လိုက်တယ်လေ။ ခု ကျွန်တော်တို့မှာ ဆေးကုန်သွားပြီ၊ ဒီနှုန်းအတိုင်းဆိုရင် သူ မြို့ကိုတောင် ပြန်ရောက်နိုင်တော့မှာမဟုတ်ဘူး။"

"အဲ့ဒါကြောင့် ကျွန်တော်တို့ ခင်ဗျားဆီမှာ အပိုဆေးရှိမလားလို့ ကြည့်ဖို့ ပြန်လာခဲ့တာ။"

"ရှိတယ်၊ ကျွန်တော့်မှာ ရှိတယ်။ ကျွန်တော် ချက်ချင်းသွားယူလိုက်မယ်"

ထို့နောက် မာကူးသည် သူ၏အဖိုးတန်သွေးတိတ်ဆေးမှုန့်ကို အလျင်အမြန်သွားယူပြီး အစောင့်လီထံသို့ ပေးလိုက်သည်။

ဆေးသည် တန်ဖိုးရှိလှသော်လည်း ယခုတွင်တော့ သူသည် ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။

အစောင့်လီက သခင်လေး၏ဒဏ်ရာအား ဆေးလိမ်းပေးနေသည်ကို ကြည့်ရင်း မာကူး၏နှလုံးသားသည် တဆတ်ဆတ်တုန်နေသည်။

သခင်လေးဝေ့သည် ဤမျှကြောက်မက်ဖွယ်ကောင်းသောဒဏ်ရာရလောက်သည်အထိ ဘယ်လိုတောင် ပြုတ်ကျသွားခဲ့လဲဆိုတာကို သူ စဉ်းစား၍ပင် မရနိုင်ပေ။

ဆေးလိမ်းပြီးနောက် မာကူးက မေးလိုက်သည်။ "အစောင့်လီ၊ ခင်ဗျားတို့ နောက်ထပ် ဘာလုပ်ဖို့စီစဉ်ထားလဲဗျ။"

အစောင့်လီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ သခင်လေးကို မြို့ကို ပြန်ခေါ်သွားမယ်။"

မာကူးက အလျင်အမြန်မေးလိုက်သည်။ "ဒါပေမဲ့ ခုနကပဲ သခင်လေးက ခရီးလမ်းမှာ မရှင်နိုင်လောက်ဘူးလို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်လား။"

"သူ့ကို ပြန်ခေါ်သွားတာက သူ့ရဲ့တစ်ခုတည်းသောအခွင့်အရေးပဲ။ ငါတို့ နောက်ထပ်နှောင့်နှေးနေရင် သူ အဲ့ဒီအခွင့်အရေးတောင် ရှိမှာမဟုတ်တော့ဘူး။"

အစောင့်လီသည် ဤသည်မှာ သူတို့၏တစ်ခုတည်းသောအခွင့်အရေးဖြစ်သည်ကိုတော့ မပြောခဲ့ပေ။

သို့သော် မာကူးသည် စိုးရိမ်နေပါ၏။

အကယ်၍ ခရီးလမ်းတွင်သာ သခင်လေးဝေ့ သေဆုံးသွားပါက သူတို့အားလုံး ကပ်ဆိုက်ပေတော့မည်။

အစောင့်များ ထွက်ပြေးသွားမလားဆိုတာကိုပင် မည်သူက သိနိုင်မည်နည်း။

သူ အစီအစဉ်တစ်ခုတော့ စဉ်းစားရမည်။

ထို့နောက်၌ မာကူး၏စိတ်သည် အပြေးအလွှားလှုပ်ရှားသွားပြီး နည်းလမ်းတစ်ခုခုကို ရှာဖွေနေလေသည်။

ထိုစဉ်မှာပဲ ရုတ်တရက် ပုံရိပ်တစ်ခုက သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ၏မျက်လုံးများမှာလည်း အရောင်တောက်လာတော့သည်။

"ခဏနေဦး၊ သခင်လေးကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိလောက်တယ်ဗျ"

All Chapters