← Chapters

အရှက်မရှိသော လျှောက်လဲချက်များ၊ ရင်ကွဲနာကျခြင်း

Vol. 7 Ch. 70

အရှက်မရှိသော လျှောက်လဲချက်များ၊ ရင်ကွဲနာကျခြင်း

Vol. 7 Ch. 70

"လုချင်း"

ရွာသားများသည် မူလကတော့ ဝမ်တာ့အန်းတစ်ယောက် အနက်ရောင်မှဲ့နှင့်လူ၏ ပြင်းထန်စွာရိုက်နှက်ခြင်းကို ခံရတော့မည်ဟု ထင်ခဲ့ကြတာပင်။

မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်သည် ရုတ်တရက်ပေါ်လာပြီး ထိုရိုက်ချက်ကို တားဆီးလိုက်သည်။

သူတို့အား ပို၍အံ့အားသင့်စေခဲ့တာကတော့ ထိုလူက လုချင်းဖြစ်နေခြင်းပင်။

အနက်ရောင်မှဲ့နှင့်လူသည်လည်း အံ့အားသင့်သွားသော်ငြား လှောင်ရယ်လိုက်သည်။ "အော် မင်းပဲကို ကောင်ကလေး။ ငါလည်း မင်းကို ဘယ်မှာရှာရမလဲလို့ စဉ်းစားနေတာ။ မင်းက ငါ့ဆီကို ကိုယ်တိုင်ကိုယ်ကျကို ရောက်လာတာပဲ။"

အဘိုးကျန်းက အလျင်အမြန်အော်လိုက်သည်။ "ဒီကို လာခဲ့ လုချင်း၊ ဒီလူတွေက ရင်ဆိုင်လို့မလွယ်ဘူး"

ထိုစဉ် အနက်ရောင်မှဲ့နှင့်လူ၏မျက်လုံးများတွင် ရက်စက်သောအကြည့်တစ်ခုက လက်ခနဲဖြတ်ပြေးသွားလေပြီပင်။ "အခုမှ ပြေးဖို့စဉ်းစားနေတာလား။ နောက်ကျသွားပြီကွ"

သူသည် ခွန်အားစိုက်ထုတ်လိုက်ပြီး သူ၏လက်မောင်းကို လွတ်မြောက်စေလိုက်ကာ လုချင်းကို ဖမ်းရန် ကြိုးစားလိုက်သည်။

သို့သော် သူ လုချင်းလက်ကနေ လွတ်ရန်ကြိုးစားသောအခါ၌ လုချင်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားမှုသည် သံမဏိညှပ်ကဲ့သို့နှယ် ဖြစ်နေခဲ့ကာ သူ့လက်ကောက်ဝတ်အား မလှုပ်မယှက်ဖြင့်ပင် ဆက်လက်ဆုပ်ကိုင်နေထားသည်ကိုသာ တွေ့ရှိခဲ့ရသည်။

သူသည် လုချင်းလက်ကနေ လွတ်အောင် ရုန်းမထွက်နိုင်ရုံသာမက လုချင်း၏ဆုပ်ကိုင်ထားမှုသည် ပို၍ တင်းကြပ်လာသဖြင့် သူ၏လက်ကောက်ဝတ်ကို နာကျင်စေလာခဲ့၏။

လုချင်းကတော့ သူ့ကို ပြုံးပြလျက်ဖြင့် ခွန်အားကို တဖြည်းဖြည်းတိုးမြှင့်လိုက်သည်။

"ငါ့ကို အခုချက်ချင်းလွှတ်"

တိုးပွားလာသောနာကျင်မှုကို ခံစားလိုက်ရ၍ အနက်ရောင်မှဲ့နှင့်လူ၏မျက်နှာအမူအရာသည် ပြောင်းလဲသွားပြီး မအော်ဟစ်ဘဲမနေနိုင်တော့ချေ။

ထို့နောက် သူသည် သူ့ဘယ်ဘက်လက်မှ ဝမ်တာ့အန်း၏ပေါက်တူးကို လွှတ်ချလိုက်ပြီး လုချင်း၏ခေါင်းကို လက်သီးဖြင့် ထိုးဖို့လုပ်လိုက်သည်။

"လွှတ်စမ်း ၊ ငါ ပြောတာကြားလား"

သို့သော် သူ၏လက်သီးသည် လေထဲတွင်ပဲ ရှိနေစဉ် 'ခွပ်' ဟူသောအသံနှင့်အတူ လုချင်းဆုပ်ကိုင်ထားသော သူ၏လက်ကောက်ဝတ်ကနေ မခံမရပ်နိုင်သောနာကျင်မှုတစ်ခု ထိုးတက်လာသည်။

အနက်ရောင်မှဲ့နှင့်လူသည် နာကျင်စွာမအော်ဟစ်နိုင်မီ ပြင်းထန်သောအားတစ်ခုသည် သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကို ရိုက်ခတ်သွားလေ၏။ အရိုးများကျိုးကြေသွားသောအသံနှင့်အတူ သူ၏လည်ချောင်းထဲတွင် ချိုမြိန်သောအရသာတစ်ခုကိုပါ ခံစားရပြီး သွေးတစ်လုပ်ကို ထွေးထုတ်လိုက်ရသည်။

သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ပျံဝဲသွားကာ သူ လေထဲတွင် ရှိနေဆဲတွင်မှာပဲ သူ မေ့မြောသွားခဲ့လေ၏။

ဘုန်း

ဘုန်းဟူသောအသံနှင့်အတူ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျသွားပြီး ခုနစ်မီတာ၊ ရှစ်မီတာခန့်လောက်အထိ လျှောတိုက်သွားကာ မြေပြင်ပေါ်တွင် အမှတ်အသားရှည်တစ်ကြောင်းကိုသာ ကျန်ရစ်စေခဲ့လေ၏။

လူတိုင်းသည် အံ့အားသင့်မှင်သက်ကာဖြင့် တိတ်ဆိတ်သွားကြသည်။

အထူးသဖြင့် ကျိုးလီရွာ၏ရွာသားများသည် ဤမြင်ကွင်းကို မယုံနိုင်စွာဖြင့် ကြည့်နေကြသည်။

"ဘယ်လိုတောင်…."

အနက်ရောင်မှဲ့နှင့်လူအား လုချင်း ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရ၍ မှုန်ကုပ်နေသောလူ၏မျက်ဆံများသည် မယုံကြည်နိုင်စွာဖြင့် ကျုံ့သွားလျက်ဖြင့် လုချင်းကို ကြည့်လိုက်သည်။

ချီကြီး၏ကျွမ်းကျင်မှုများသည် သူ၏ကျွမ်းကျင်မှုလောက်ထိတော့ မကောင်းသော်လည်း သူတို့ကြား သိပ်မကွာလှပေ။

သို့သော် လုချင်းသည် သူ့ကို တစ်ချက်လောက်ကန်လိုက်ရုံဖြင့်ပင် ချီကြီးမှာ သေလား ၊ ရှင်လား မသိရသောအခြေအနေသို့ ရောက်ရှိသွားခဲ့လေ၏။

ဒီကောင်လေး ဘယ်လိုလုပ်လိုက်တာလဲ

အနက်ရောင်မှဲ့နှင့်လူ၏လက်ကောက်ဝတ်ကို ချိုးပြီး တစ်ချက်ကန်ရုံဖြင့် မသန်မစွမ်းဖြစ်စေပြီးနောက် လုချင်းသည် သူ၏အကြည့်ကို သူ၏ဆန့်ကျင်ဘက်ရှိ ကျန်ရှိနေသောလူအနည်းငယ်ဘက်သို့ လှည့်လိုက်သည်။

လုချင်းသည် ဘေးမှနေ၍ အချိန်အတော်ကြာစောင့်ကြည့်နေခဲ့တာပင်။

အဘိုးကျန်းနှင့် သူတို့၏ စကားပြောဆိုမှုကိုကြားပြီးနောက် ဤအဖွဲ့သည် ရှောင်ယန်၏မိဘများသေဆုံးမှုနောက်ကွယ်မှ တရားခံအစစ်များဖြစ်နိုင်သည်ဟု ယေဘုယျအားဖြင့် လုချင်း နားလည်ခဲ့သည်။

ထိုအကြောင်းကြောင့် သူသည် ဤအဖွဲ့၏သတင်းအချက်အလက်များကို စုံစမ်းရန် သူ၏နတ်မျက်စိစွမ်းရည်ကို အသုံးပြုခဲ့သည်။

ထို့နောက်၌ လုချင်းမှာ သူတို့သည် ဝံပုလွေနက်ဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ဂိုဏ်း၏အဖွဲ့ဝင်များဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သူတို့ထဲတွင် ရှေ့မှ မှုန်ကုပ်နေသောလူသည် ခေါင်းဆောင်ဖြစ်သည်။

[ဟန်လောင်ဝူ - ဝံပုလွေနက်ဂိုဏ်း အပြင်စည်းအဖွဲ့ဝင်၊ ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်သည်၊ လက်စားချေတတ်ပြီး ရက်စက်သည်။]

[သိုင်းပညာကျွမ်းကျင်သည်။ သိုင်းသမားတစ်ဦး၏လမ်းညွှန်မှုကို တစ်ခါရဖူးသည်၊ ချီနှင့်သွေးအဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။]

သူ စုံစမ်းခဲ့သော သတင်းအချက်အလက်များကို ပြန်အမှတ်ရသွားရင်း လုချင်း၏ မှုန်ကုပ်နေသောလူအပေါ် ကြည့်နေသောအကြည့်သည် ပို၍ပင်အေးစက်လာတော့၏။

နတ်မျက်စိစွမ်းရည်ကပင် သူ့ကို ရက်စက်ကြမ်းကြုတ်သည်ဟု အကဲဖြတ်ရန်အတွက် ဤဟန်လောင်ဝူသည် မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့ရမည်ဖြစ်သည်။

လုချင်း၏အကြည့်လေးဖြင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး ထိုးဖောက်ခံရသလို ခံစားလိုက်မိသော ဟန်လောင်ဝူသည် တုန်လှုပ်နေမိစဉ်မှာပဲ ရုတ်တရက်သတိပြန်ဝင်လာသည်။

ထို့နောက် လုချင်းကို ကြည့်ရင်း သူက ရေရွတ်လိုက်သည်။ "မင်းက သိုင်းသမားတစ်ယောက်လား"

လုချင်းက အံ့အားသင့်စွာပြောလိုက်သည်။ "ဪ၊ မင်းမှာ ဗဟုသုတနည်းနည်းတော့ ရှိသားပဲ။ ပြောစမ်း၊ မင်းတို့က ဘယ်လိုလူတွေလဲ။"

လုချင်း၏တိုက်ရိုက်ဝန်ခံမှုကို ကြားလိုက်ရ၍ ဟန်လောင်ဝူ၏နှလုံးသားသည် ထပ်မံတုန်လှုပ်သွားပြန်၏။

လွန်ခဲ့သောတစ်လက သူ လုချင်းကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ကြောင်း သူ သိပါသည်။

ထိုအချိန်က လုချင်းသည် ပိန်လှီပြီး စိတ်ဓာတ်ကျနေကာ အသက်ပင်ထပ်မရှင်နိုင်တော့မည့်ပုံစံမျိုးပင်။

သူသည် ဤမျှတိုတောင်းသောအချိန်အတွင်း သိုင်းသမားတစ်ယောက် မည်သို့ဖြစ်လာခဲ့သနည်း။

အဲ့ကောင်လေး ဘယ်လိုတောင် လုပ်ခဲ့တာလဲ။

ဟန်လောင်ဝူသည် မယုံနိုင်ခဲ့ပေ။

သူသည် သိုင်းသမားတစ်ယောက်ဖြစ်လာဖို့ မည်မျှခက်ခဲသည်ကို ကောင်းကောင်းသိပါ၏။

သူ့ကိုသာ ကြည့်ပါ။ သူသည် သိုင်းပညာကို ဆယ်နှစ်ကျော်လေ့ကျင့်ခဲ့ပြီး သူ့အစ်ကိုကြီး၏လမ်းညွှန်မှုဖြင့်ပင် သိုင်းသမားတစ်ယောက်ဖြစ်လာဖို့အတွက် အဆင့်မတတ်နိုင်ခဲ့သေးပေ။

သူသည် ချီနှင့် သွေးအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းလောက် ကွာဝေးနေဆဲဖြစ်သည်။

ပြီးတော့ လုမင်၏သားဖြစ်သူ ၊ လွန်ခဲ့သောတစ်လက အားနည်းပြီး သေလုနီးပါးဖြစ်နေခဲ့သည့်သူကတော့ ယခု၌ သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပြီပင်။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

လုချင်းသည် ဟန်လောင်ဝူ၏မျက်နှာပေါ်မှ တုန်လှုပ်မှုကို မြင်သော်လည်း ဂရုမစိုက်ခဲ့ပေ။

သူသည် သူ့ကို အေးစက်စွာဖြင့် ဆက်လက်စိုက်ကြည့်နေခဲ့၏။ "မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးနော်။ မင်းတို့က ဘယ်လိုလူတွေလဲ။"

လုချင်း၏အကြည့်ထဲမှ အေးစက်မှုကို ခံစားလိုက်ရသဖြင့် ဟန်လောင်ဝူမှာ တုန်လှုပ်သွားရလေသည်။

ဤအခိုက်တွင်တော့ လုချင်း သိုင်းသမားတစ်ယောက် မည်သို့ဖြစ်လာခဲ့သည်မှာ အရေးမကြီးတော့ပေ။

အရေးကြီးသည်မှာ အကယ်၍ သူသာ ဤသည်ကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက သူတို့ထဲမှ မည်သူမျှ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မည်မဟုတ်ပေ။

ထို့နောက်၌ သူ၏အတွေးတို့သည် လျင်မြန်စွာပြေးလွှားသွားလျက် ဟန်လောင်ဝူသည် လုပ်ပြုံးလေးဖြင့် ပြုံးလိုက်သည်။

"လုသခင်လေး၊ ဒါတွေအားလုံးက နားလည်မှုလွဲတာပါဗှ..."

သူ့စကားမဆုံးမီမှာပဲ အဘိုးကျန်းက နောက်မှအော်လိုက်သည်။ "လုချင်း၊ သူတို့က မင်းရဲ့မိဘတွေသေဆုံးမှုရဲ့တရားခံတွေပဲ"

"ဟုတ်တယ် လုချင်း၊ မင်းရဲ့မိဘတွေက သူတို့တွေ ဖိအားပေးလို့ သေခဲ့ရတာ"

"လုချင်း၊ သူတို့ကို မလွှတ်လိုက်နဲ့"

"ခုနကပဲ သူတို့က ရှောင်ယန်ကို ခေါ်သွားဖို့တောင် ကြိုးစားသေးတယ်"

အခြားရွာသားများသည် လုချင်း၏အစွမ်းကို မြင်လိုက်ရ၍ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လာကြတော့သည်။

ထိုအခါ၌ ချက်ချင်းပင် ဟန်လောင်ဝူ၏နဖူးပေါ်၌ ချွေးစေးချွေးပေါက်များ တသီးသီးဖြင့် ကျလာတော့၏။ "မဟုတ်ဘူး လုသခင်လေး၊ သခင်လေးရဲ့မိဘတွေက ရေနစ်ပြီး သေခဲ့တာပါဗျ။ သူတို့ရဲ့သေဆုံးမှုက ငါတို့နဲ့ ဘာမှမဆိုင်ဘူး..."

အဘိုးကျန်းက ဒေါသတကြီးအော်လိုက်သည်။ "မဟုတ်တာတွေ။ မင်းတို့သာ လုမင်ကို အကြွေးတင်အောင်လို့ မလှည့်ဖြားခဲ့ရင် သူတို့က ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံကြမှာလဲ။ မင်းတို့က သူတို့ကို သတ်သေအောင်လို့ တွန်းအားပေးခဲ့တာလေ။"

"မဟုတ်ဘူး၊ ဒါက မဟုတ်..."

ဟန်လောင်ဝူ၏စကားများသည် အဘိုးကျန်း၏ ထပ်ခါထပ်ခါကြားဖြတ်ပြောဆိုမှုကြောင့် ပြက်တောက်သွားရသဖြင့် သူ၏နှလုံးသားသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သွားတော့၏။

သူသာ ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပါက ထိုအဘိုးကြီးကို ညှဉ်းပန်းသတ်ဖြတ်ပစ်ဦးမည်။ သူ့အလောင်းကိုတောင် သုံးရက်ကြာ ရိုက်နှက်ပစ်ဦးမည်။

ထိုသို့လုပ်ရင်း သူ၏မုန်းတီးမှုကို ဖြေဖျောက်မည်ဟု ကျိန်ဆိုလိုက်သည်။

"လုသခင်လေး၊ ဒါက တကယ်ပဲ နားလည်မှုလွဲတာပါဗျာ။ သခင်လေးရဲ့အဖေက စီးပွားရေးလုပ်ချင်လို့ ငါတို့ဆီက ပိုက်ဆံအများကြီးချေးခဲ့တာ။ စီးပွားရေးမအောင်မြင်တော့ အကြွေးမဆပ်နိုင်တော့မို့ လန့်ဖြတ်သွားတာလေ။ အဲ့တာကြောင့် သခင်လေးရဲ့အမေနဲ့ အတူတူ ရေထဲ ခုန်ချပြီး သတ်သေဖို့ ရွေးချယ်ခဲ့တာပါဗျာ။"

"အစကနေ အဆုံးထိ ငါတို့က သူတို့ကို ဘယ်တော့မှ ဖိအားမပေးခဲ့ဘူး။ ကြည့်၊ ဒီမှာ အကြွေးစာချုပ်၊ သခင်လေးရဲ့အဖေကိုယ်တိုင် လက်မှတ်ထိုးပြီး လက်ဗွေနှိပ်ထားတာလေ။"

ဟန်လောင်ဝူသည် စာရွက်တစ်ရွက်ကို အလျင်အမြန်ထုတ်ယူပြီး လုချင်းကိုပြသလိုက်သည်။

အဘိုးကျန်းသည် စာရွက်ကို မြင်လိုက်ရသောအခါ ဒေါသထွက်သွားသည်။ "မင်း... အရှက်မရှိတဲ့ကောင်။ မင်း ပြောတော့ အကြွေးစာချုပ်ကို ဖျက်ဆီးလိုက်ပြီဆို။ အခုကျ ထုတ်တောင်ပြလာပါလား။ အရှက်မရှိတဲ့ကောင်"

အခြားရွာသားများသည်လည်း ဒေါသထွက်ကုန်ကြလျက် စိတ်ရှုပ်ထွေးနေကြသည်။

သူတို့သည် ဟန်လောင်ဝူကိုယ်တိုင် အကြွေးစာချုပ်အား ဖျက်ဆီးသည်ကို မြင်ခဲ့ကြသည်ပင်။

နောက်တစ်ခု ဘယ်လိုလုပ်ရှိနေရတာလဲ။

လုချင်းသည် အကြွေးစာချုပ်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဒါက ငါ့အဖေရဲ့နာမည်တော့ ပါသားပဲ၊ ဒါပေမဲ့ ဒါက ဘာကို သက်သေပြတာလဲ။"

"ဒါက ဘာမှ သက်သေမပြပါဘူး။ သခင်လေးရဲ့အဖေက ငါတို့ဆီမှာ အကြွေးတင်ခဲ့တယ်ဆိုတာနဲ့ သူတို့ရဲ့သေဆုံးမှုက ငါတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာကိုပဲ ငါက ပြချင်တာပါ။"

"စဉ်းစားကြည့်။ ငါတို့က သခင်လေးရဲ့အဖေကို ပိုက်ဆံအများကြီးချေးပေးခဲ့ပြီး အရင်းတောင်ပြန်မရသေးဘူးလေ။ ဘာလို့ ငါတို့က သူ့ကို သေအောင်ဖိအားပေးရမှာလဲ။ အဲ့လိုဆို ငါတို့က လူရောငွေ ရော ဆုံးရှုံးသွားမှာပေါ့။"

"ဘယ်သူက ဒီလိုရှုံးမဲ့အလုပ်ကို လုပ်ချင်မှာလဲ။"

လုချင်းသည် ထပ်မံခေါင်းညိတ်လိုက်သည်။ "ဒါက နည်းနည်းတော့ အဓိပ္ပာယ်ရှိပုံပဲ။"

"လုချင်း..."

သူ၏နောက်မှရွာသားများမှာတော့ လုချင်းက ဟန်လောင်ဝူ၏လျှောက်လဲချက်ကို ယုံကြည်သွားသည့်ပုံအား မြင်လိုက်ရ၍ စိုးရိမ်လာကြသည်။

သို့သော် ဟန်လောင်ဝူကတော့ လုချင်း၏တုံ့ဆိုင်းနေပုံကို မြင်လိုက်ရ၍ ဝမ်းသာသွားပြီး ရွာသားများကို စကားပြောခွင့်မပေးခဲ့ပေ။

သူက အလျင်အမြန်ပြောလိုက်သည်။ "ဒါပေမဲ့ သူတို့ပြောသလိုပဲ၊ လူသေရင် အကြွေးကျေတယ်။ လုမင်သေသွားပြီဆိုတော့ သူ့ရဲ့အကြွေးက ပျက်ပြယ်သွားပြီ။ ဒီအကြွေးစာချုပ်က ဝံပုလွေနက်ဂိုဏ်းက ခင်ဗျားကို ပေးတဲ့လက်ဆောင်ပဲ။ ပိုင်ရှင်ဆီ ပြန်ရောက်သွားပြီလို့ သဘောထားလိုက်ပါ။"

ထို့နောက် သူသည် ငွေစက္ကူအနည်းငယ်ကို ထုတ်ယူပြီး အကြွေးစာချုပ်နှင့်အတူ ပေးလိုက်သည်။

"ပြီးတော့လည်း သခင်လေးရဲ့မိဘတွေသေဆုံးမှုအတွက် ငါတို့လည်း တော်တော်လေးကို ဝမ်းနည်းမိပါတယ်။ ဒီမှာ ငွေသားသုံးရာပါဗျာ။ ငါတို့ရဲ့စာနာမှုသဘောအဖြစ် ပေးတာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါဗျာ။"

ဟန်လောင်ဝူ၏စကားများသည် စိတ်ရင်းမှန်ဖြင့် ပြောဆိုနေသကဲ့သို့ဖြစ်နေသည့်အပြင် သူပြောသမျှသည် မုသားတစ်စက်မျှမပါဝင်သော အမှန်တရားကဲ့သို့နှယ် ဖြစ်နေလေ၏။

လုချင်းသည် ငွေစက္ကူများနှင့် အကြွေးစာချုပ်ကို ကြည့်လိုက်ပြီးနောက် စိတ်ရင်းမှန်ဖြင့် ပြောဆိုနေသော ဟန်လောင်ဝူကို ကြည့်လိုက်သည်။

အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် သူ ရုတ်တရက်ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ဒါက တော်တော်လေးကို ရက်ရောတဲ့လက်ဆောင်ပဲနော်။"

လုချင်း ပြုံးသည်ကို မြင်လိုက်ရသဖြင့် ဟန်လောင်ဝူမှာလည်း အလွန်ဝမ်းသာသွားရသည်။

"ဒါဆိုရင် လုသခင်လေး..."

သို့သော် သူ့စကားမဆုံးမီမှာပဲ လက်တစ်ဖက်သည် သူ၏နှလုံးတည်ရှိရာနေရာတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။

ထို့နောက်တွင်တော့ ရုတ်တရက် မတွန်းလှန်နိုင်သောအားတစ်ခုသည် သူ၏ရင်ဘတ်မှ ပေါက်ကွဲထွက်လာပြီး သူ၏နှလုံးကို ကြေမွသွားစေတော့၏။

ဟန်လောင်ဝူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီးနောက်၌ သူ့လက်နှင့်ခြေထောက်များသည် အားနည်းသွားကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဖြင့် လဲကျသွားတော့သည်။

သူ၏နောက်ဆုံးအခိုက်အတန့်တွင် သူသည် လုချင်း၏စကားအား အပြီးထိ ကြားလိုက်ရသည်။

"ကံဆိုးချင်တော့ ငါက မင်းရဲ့အကျင့်ကို သိနေတယ်လေ။ အဲ့တော့ မင်းကို နည်းနည်းလေးတောင်မှ ငါ မယုံဘူး။"

All Chapters