ဆိုးရွားသော ခံတပ်၊ ရုတ်တရက် သတ်ဖြတ်လိုစိတ် တိုးပွားလာခြင်း
Vol. 8 Ch. 75
အချိန်သည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး လုချင်းသည်လည်း သစ်ပင်ထိပ်တွင် ပုန်းအောင်းနေဆဲဖြစ်သည်။
အခြားတစ်ဖက်တွင်တော့ မာကူးသည် ပို၍ပင် စိုးရိမ်ပူပန်လာသည်။
"အခြေအနေဘယ်လိုလဲ။ ညီလေးလုရဲ့သဲလွန်စတစ်ခုခုတွေ့ပြီလား။"
ရှောင်ထျန်းက ပြန်ဖြေလိုက်သည်။ "ဘာမှမတွေ့သေးပါဘူးဗျ။ တာ့ရှားနဲ့ကျွန်တော်က ဒီတစ်ဝိုက်ကို ခဏခဏ ရှာပြီးတာတောင်မှ လုချင်းရဲ့အရိပ်အယောင်ကို တွေ့ကိုမတွေ့တာပါဗျ။"
ထိုအခါ၌ မာကူးခင်ဗျာ ပိုပြီးတော့စိုးရိမ်စိတ်ကြီးလာလျက်ဖြင့် ပြောလိုက်သည်။ "ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ အရမ်းနောက်ကျသွားလို့များ ညီလေးလု အဖမ်းခံလိုက်ရတာများလားကွာ။"
ရှောင်ထျန်းက တုံ့ဆိုင်းသွားသည်။ "ကျွန်တော်တော့ အဲ့လို မထင်ဘူးဗျ။ ကျွန်တော်တို့ ဒီမှာရှိနေတာ တော်တော်ကြာပြီလေ ၊ ဒါပေမဲ့ ယစ်မူးပျော်မွေ့ ခံတပ်ကနေ ဘာအသံမှ မကြားရဘူးလေ။ တကယ်လို့ ညီလေးလုသာ ဝင်သွားခဲ့လို့ရှိရင် ဒီလောက်ထိတိတ်ဆိတ်နေမှာမဟုတ်ဘူး။"
"ကျွန်တော်ထင်တာတော့ ညီလေးလုက တစ်နေရာရာမှာ ပုန်းအောင်းနေလောက်တယ်။ သူ လှုပ်ရှားဖို့ အချိန်ကောင်းကို စောင့်နေတာနေမယ်။"
မာကူးသည်လည်း စဉ်းစားကြည့်လိုက်ပြီးနောက် သူပြောသည်ကို သဘောတူလိုက်သည်။
လုချင်းသည် ချီနှင့် သွေးအဆင့် သိုင်းသမားတစ်ဦးဖြစ်သည်။ အကယ်၍ သူသာ ဝင်သွားခဲ့ပါက ယစ်မူးပျော်မွေ့ ခံတပ်သည် သူ့ကို မည်သည့်အနှောင့်အယှက်မှမရှိဘဲ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ရှောင်ထျန်းပြောသကဲ့သို့ လုချင်းသည် ယခုချိန်တွင် ပုန်းအောင်းနေတာဖြစ်လောက်ပါ၏။ တိုက်ခိုက်ဖို့ အသင့်ဖြစ်သည့်အချိန်ကို စောင့်ဆိုင်းနေခြင်းက ပို၍ဖြစ်နိုင်ဖွယ်ရှိသည်။
ထို့နောက်၌ မာကူးက သူ၏စိုးရိမ်ပူပန်မှုကို ထိန်းချုပ်ရန် ကြိုးစားရင်း ပြောလိုက်သည်။ "ဒါဆိုရင် ငါတို့လည်း စောင့်ကြတာပေါ့။ ညီလေးလုကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်စေရဘူး။"
ရှောင်ထျန်းနှင့် တာ့ရှားတို့မှာလည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
အကယ်၍ ဤသည်မှာ ပုံမှန်ဆရာမာသာဖြစ်ပါက သူသည် ထိုသို့သောအသေးစိတ်အချက်အလက်များကို မျက်ကွယ်ပြုမည်မဟုတ်ပေ။
ဆရာမာသည် လုချင်းကို ဘယ်လောက်တောင်တန်ဖိုးထားကြောင်း ရှင်းလင်းလှပါ၏။ သူ၏ပုံမှန်တည်ငြိမ်မှုကိုပင် ဆုံးရှုံးသွားသည်အထိပင်။
တစ်ဖက်တွင်တော့ လုချင်းမှာ သူ့ကို ကူညီဖို့အတွက် စောင့်နေကြသော မာကူးတို့ ရှိသည်ကိုတောင် မသိဘဲ သစ်ပင်ပေါ်တွင် ပုန်းအောင်းနေလျက် ညအချိန်သို့ ကူးပြောင်းသည်အထိ စောင့်ဆိုင်းနေခဲ့လေ၏။
နောက်ဆုံးတွင်တော့ ညနေပင်စောင်းလာခဲ့ပြီဖြစ်ရာ ကောင်းကင်သည်လည်း တဖြည်းဖြည်းမှောင်မိုက်လာတော့လေ၏။ ထိုအခါ၌ ယစ်မူးပျော်မွေ့ ခံတပ်ကို လင်းထိန်စေရန် မီးများစတင်ထွန်းညှိလိုက်ရာ တောက်ပနေသောမြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
နေ့လယ်ခင်းတစ်လျှောက်လုံး သူ၏မျက်လုံးများကို အနားယူထားသော လုချင်းသည် ယခုတွင်တော့ သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီပင်။ သူ လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
"သတိထားနေတော့။ မကြာခင် ဧည့်သည်တွေ ရောက်လာတော့မယ်"
အောက်မှအစောင့်နှစ်ဦးသည် မတ်တပ်ရပ်လိုက်ကြပြီး ပေါ့ပေါ့တန်တန်မနေတော့ပေ။
လုချင်းသည် ထိုအခါမှ ယစ်မူးပျော်မွေ့ ခံတပ်သည် ညအချိန်မှ လုပ်သောလုပ်ငန်းတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် ဤတစ်လျှောက်လုံး မည်သူမျှဝင်ရောက်လာသည်ကို မမြင်တွေ့ခဲ့သည်မှာ အံ့ဩစရာမရှိတော့။
ယခု မီးများထွန်းညှိလိုက်သောကြောင့် လုချင်းသည် မကြာမီမှာပဲ လူများရောက်ရှိလာသည်ကို တွေ့မြင်ခဲ့ရသည်။
ရိုးရှင်းသောအဝတ်အစားများဝတ်ဆင်ထားသော ရွာသားများသည် လမ်းလျှောက်လာကြပြီး ပိုးထည်များဝတ်ဆင်ထားသော မြေပိုင်ရှင်များကို ဝေါယာဉ်များဖြင့် သယ်ဆောင်လာကြသည်။
ထို့ပြင် ဖာထေးထားသောအဝတ်အစားများ ဝတ်ဆင်ထားသည့် ၊ ကာမဂုဏ်စိတ်ပြင်းပြနေသော အဘိုးအိုတစ်ဦးကိုပင် တွေ့လိုက်ရ၏။
ဤလူများသည် ဤမကောင်းမှုတွင်းနက်ကြီးထဲ၌ သုံးဖြုန်းရန် ငွေကို မည်သည့်နေရာမှ ရရှိလာကြသည်ကို တွေးတောကြည့်ရသည်မှာ ရှုပ်ထွေးဖွယ်ပင်။
လုချင်းသည် ဧည့်သည်များရောက်ရှိလာစဉ်အတွင်း လှုပ်ရှားတော့မည်အပြုတွင် ရုတ်တရက်ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး ခံတပ်၏တံခါးသို့ ချဉ်းကပ်လာသည်။
ထိုအခါ လုချင်းသည် အသက်လေးဆယ်အရွယ်လူတစ်ဦးအား ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ဦးက အတင်းတားနေသည်ကို တွေ့လိုက်ရသည်။
မိန်းကလေး၏ငိုသံများသည် ဝမ်းနည်းစရာကောင်းလှပါ၏။ ထို့နောက် သူမသည် ထိုလူ၏လက်ကို အတင်းဆွဲထားကာ တောင်းပန်နေရှာသည်။
"အဖေ၊ ကျေးဇူးပြုပြီး ဒီငွေနဲ့ လောင်းကစားမလုပ်ပါနဲ့နော်။ ဒီငွေရအောင်လို့ သမီးမှာ ရက်အကြာကြီး ပန်းထိုးခဲ့ရတာပါ။ ဒီငွေက အမေ့ရဲ့ဆေးဖိုးပါ အဖေရယ်။ ကျေးဇူးပြုပြီး လောင်းကစားကို ဒီငွေနဲ့ မလုပ်လိုက်ပါနဲ့နော်။"
ထိုလူက အော်ဟစ်လိုက်သည်။ "မဟုတ်တာတွေလာပြောမနေနဲ့။ မင်းရဲ့ပိုက်ဆံက ငါ့ပိုက်ဆံပဲ။ ခု ငါ လိုနေတယ်၊ ဒါကြောင့် ငါ သုံးမယ်။ မင်းအမေ့ရဲ့ရောဂါက ဘာမှ သောက်အရေးမကြီးနေဘူး။ သူ အလတ်ကြီးရှိသေးတယ်။ ငါသာ နိုင်ရင် ငါတို့ လိုနေတဲ့ပိုက်ဆံတွေအားလုံးကို ပြန်ရမှာပဲဟာ။ အဲ့လိုသာဆို မင်း လိုချင်နေတဲ့ဆေးတွေလည်း ဝယ်လို့ရမယ်။ သမားတော်တွေကိုလည်း စိတ်ကြိုက်ခေါ်လို့ရမှာပဲဟာ။"
"အဖေ ပြောတာ မဟုတ်ဘူး။ အမေ မနေ့ကပဲ သွေးအန်သေးတယ်။ အမေ့ကို သမားတော်နဲ့သာ မပြရင် အမေ သေရတော့မှာ အဖေရဲ့"
မိန်းကလေးသည် သူမ၏အဖေကို စိတ်ပျက်စွာဖြင့် အတင်းဆွဲထားလျက် မျက်ရည်များကလည်း သူမ၏မျက်နှာပေါ်တွင် တသွင်သွင် စီးကျနေလေသည်။
ထိုလူက အော်ငေါက်လိုက်သည်။ "သူ အဆင်ပြေတယ်လို့ ငါ ပြောနေတယ်လေ သောက်ကောင်မရဲ့။ ရက်နည်းနည်းလောက် နားလိုက်ရင် သူ အဆင်ပြေသွားလိမ့်မယ်။ ခု ငါ့ကို လွှတ်စမ်း။ မဟုတ်လို့ကတော့ ငါ မင်းကို အသေကန်မှာနော်"
"အဖေ၊ ကျေးဇူးပြုပြီးတော့ ကျေးဇူးပြုပြီးတော့။ အမေ ဆေးမသောက်ရရင် သေမှာလို့"
မိန်းကလေးသည် ငိုကြွေးရင်း သူ၏လက်မောင်းကိုလည်း မလွှတ်ဘဲ ဆက်ဆွဲထားဆဲပင်။
"အဲ့ဒါဆိုလည်း သူ့ကို သေခိုင်းလိုက်တော့ကွာ။" ထို့နောက် ထိုလူသည် သူ၏သမီးကို ကန်ထုတ်ပစ်လိုက်တော့၏။ "ငါ့အတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလျော့တာပေါ့"
ထိုအခါ မိန်းကလေးသည် သူမအဖေ၏ရက်စက်မှုကြောင့် မှင်သက်သွားရပါ၏။ သို့သော် ခံတပ်ထဲသို့ ဝင်တော့မည့် အဖေဖြစ်သူကို မြင်လိုက်ရသောအခါ၌ သူ၏ခြေထောက်ကို ဖမ်းဆွဲရန် အပြေးအလွှားသွားလိုက်တော့သည်။
"အဖေ၊ ကျေးဇူးပြုပြီး လောင်းကစားမလုပ်ပါနဲ့တော့။ သမီးပိုက်ဆံကို ပြန်ပေးပါ အဖေရယ်..."
"လွှတ်စမ်း ခွေးမ"
ထို့နောက်၌ ထိုလူသည် သူ့ကို အတင်းဆွဲထားသော သူမကို ရိုက်ရန် သူ၏လက်ကို မြှောက်လိုက်တော့၏။
ထိုမြင်ကွင်းကို ကြည့်ရှုနေသူများသည် များသောအားဖြင့် ယစ်မူးပျော်မွေ့ ခံတပ်၏ဧည့်သည်များဖြစ်ပြီး သူတို့အားလုံးမှာ ကရုဏာသက်ရမည့်အစား ပျော်ရွှင်စွာဖြင့် ရပ်ကြည့်နေကြတာပင်။
တံခါးရှိ အစောင့်များကတော့ လှောင်ရယ်လိုက်ကြသည်။ "ကျောက်လောင်စန်း ၊ မင်းရဲ့သမီးကိုတောင် မင်း မဖြေရှင်းနိုင်ဘူးလား။ မင်း မလုပ်နိုင်ရင်လည်း ငါတို့ဆီ ထားခဲ့လိုက်လေ။ ငါတို့ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးလိုက်မယ်"
ထိုအခါ၌ ကျောက်လောင်စန်း၏မျက်လုံးများသည် အစောင့်၏အကြံပြုချက်ကြောင့် အရောင်တောက်သွားတော့၏။
"ဆရာချန်၊ ခင်ဗျား တကယ်ပြောတာလား။ ခင်ဗျား သူ့ကို ယူမှာလား။"
အစောင့်သည် အံ့အားသင့်သွားပြီး ကျောက်လောင်စန်းက သူ့စကားကို အလေးအနက်ထားမည်ဟု မမျှော်လင့်ခဲ့ပေ။
သူသည် မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမတွင် လှပသည့်နေရာတချို့ရှိသည်ကို သတိပြုမိလိုက်သည်။
အစောင့်က သတိပေးလိုက်သည်။ "သေချာစဉ်းစားနော်။ သူ ခံတပ်ထဲ ရောက်သွားရင် သူ့ကို ပြန်ရွေးဖို့က ခက်မှာနော်။"
ကျောက်လောင်စန်းသည် သူ၏လောင်းကစားရန်ပုံငွေများကို စဉ်းစားရင်း စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ "ပြဿနာမရှိပါဘူးဗျာ။ သူက ဒီတိုင်းဝန်ထုပ်ဝန်ပိုးတစ်ခုပဲဟာ။ ဈေးနှုန်းသာ ပြောလိုက်ပါ ဆရာ။"
အစောင့်က ပြောလိုက်သည်။ "ငါ သူ့ကို အကဲဖြတ်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ဦးမယ်။"
ကျောက်လောင်စန်းက ဦးညွှတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာချန်"
"အဖေ" မိန်းကလေးသည် မယုံနိုင်စွာဖြင့် အစောင့်က တစ်ယောက်ယောက်အား သွားခေါ်နေသည်ကို ကြည့်နေရသည်။ ထို့နောက်၌ သူမက ထိတ်လန့်တကြားဖြင့် ထွက်ပြေးဖို့ရန် ကြိုးစားလိုက်တော့သည်။
"ခွေးမ ၊ မင်းကများ ဘယ်ကို သွားမလို့ ကြံနေတာလဲ။"
ကျောက်လောင်စန်းသည် သူမကို ဖမ်းဆွဲလိုက်ပြီးနောက် အနောက်သို့ ဆွဲခေါ်သွားလိုက်သည်။
"မင်း ခုနကပဲ ငါ့ကို အတင်းဆွဲနေတာမလား ၊ မင်း အိမ်မပြန်ချင်ဘူးလေ။ အခုတော့ မင်းဆန္ဒအတိုင်း မင်း မထွက်သွားရတော့ဘူးလေ။ မင်း ဒီမှာနေပြီး ငါ့အတွက် ပိုက်ဆံရှာပေးရမယ်"
မိန်းကလေးသည် ကြောက်လန့်တကြား ငိုကြွေးလိုက်ရှာသည်။ "အဖေ၊ အဲ့လိုမလုပ်ပါနဲ့။ သမီးက အဖေ့ရဲ့သမီးလေ။ အဖေ သမီးကို ရောင်းလို့မရဘူး"
"ငါက မင်းအတွက်ပဲ လုပ်ပေးနေတာ။ မင်း ဒီမှာဆို ကောင်းကောင်းနေရမယ်လေ။ ဒီမှာနေရတာက အိမ်မှာ ပန်းထိုးတာထက်တောင် ပိုကောင်းသေး။ မင်းပဲ မင်းအမေအတွက် ပိုက်ဆံလိုချင်နေတာမလား၊ ဒီမှာ ရှာလိုက်။"
ထို့နောက်၌ ကျောက်လောင်စန်းသည် သူမအား တံခါးသို့ ဆွဲခေါ်သွားတော့သည်။
ထိုအခိုက်တွင် အစောင့်မှာလည်း တစ်ယောက်ယောက်နှင့်အတူ ပြန်ရောက်လာလေ၏။
မိန်းကလေး စိတ်ပျက်စွာ ကြည့်နေစဉ်မှာပဲ သူတို့အချင်းချင်း သဘောတူညီမှုပြုလုပ်ပြီးသွားပြီပင်။
ကျောက်လောင်စန်းသည် ငွေကို ယူလိုက်ကာ မိန်းကလေးကတော့ ငိုကြွေးလျက်ဖြင့် အတွင်းသို့ အတင်းဆွဲခေါ်သွားခြင်းကို ခံနေရသည်။
သူ့သမီး၏တောင်းပန်သံများကို လျစ်လျူရှုရင်း ကျောက်လောင်စန်းသည် သူ၏လောင်းကစားရန်ပုံငွေများကို စဉ်းစားနေလေ၏။ ထို့ပြင် သူ ခုမှရလာသော ပိုက်ဆံအသစ်စက်စက်လေးကို အမြတ်တနိုးတောင်ကြည့်လိုက်သေးပါ၏။
တစ်စုံတစ်ယောက်က လှောင်ရယ်လိုက်သည်။ "ကျောက်လောင်စန်း၊ မင်းကတော့ အရမ်း ရက်စက်တာပဲကွာ။ မင်း အိမ်ပြန်ရောက်ရင် မင်းမိန်းမက မင်းကို သတ်မှာမကြောက်ဘူးလား။"
ကျောက်လောင်စန်းက ထိုလူ့ကို စူးစိုက်ကြည့်လိုက်၏။ "သူလား ငါ့ကို လုပ်ရဲမှာ။ ပြီးတော့ မင်းက ဘယ်သူမို့လို့ လာပြောနေရတာလဲ။ မင်းကော မင်းရဲ့မုဆိုးမယောက္ခမကို မရောင်းခဲ့လို့လား။"
ထိုစကားမှာ ထိုလ့းအား တိတ်ဆိတ်သွားစေပါ၏။
ထိုစဉ် ဝတုတ်နေသော လူတစ်ဦးက မေးလာသည်။ "ကျောက်လောင်စန်း၊ မင်းရဲ့သမီးက အပျိုလား။"
ကျောက်လောင်စန်းကလည်း ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်လေ၊ သူက ခုမှ ၁၆နှစ်ပဲ ရှိသေးတာ။"
ထိုလူက ကျောက်လောင်စန်း၏ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "ကောင်းတယ် ကောင်းတယ်။ ငါ ဒီည သူ့နဲ့ ပျော်လိုက်မယ်နော်။ စိတ်မပူပါနဲ့၊ ငါ သူ့ကို ကောင်းကောင်းဆက်ဆံမှာပါ"
ထိုအခါ တစ်စုံတစ်ယောက်က နောက်ပြောင်လိုက်သည်။ "ဒါဆိုရင် မင်းက ကျောက်လောင်စန်းကို ယောက္ခထီးလို့ ခေါ်ရမှာပေါ့။"
ဝတုတ်က ပြန်ပြောလိုက်သည်။ "တိတ်စမ်း ၊ သူကို့ အဲ့လိုခေါ်ဖို့ တန်တောင်မတန်ဘူးကွ။"
တံခါးဝသည် ရယ်သံများဖြင့် ပြည့်သွားသော်လည်း ကျောက်လောင်စန်း၏မျက်နှာကတော့ မှောင်မိုက်သွားသည်။
ထိုစဉ် သစ်ပင်ပေါ်မှ လုချင်းကတော့ မတ်တပ်ထရပ်လိုက်ပြီပင်။ အရိပ်များထဲတွင် ပုန်းကွယ်နေနေသော်ငြား သူ့ထံမှ ထွက်ပေါ်လာသော အေးစက်လှသည့်အရှိန်အဝါကြီးသည် ရှောင်လီကိုတောင်မှ ကြက်သီးမွှေးညင်းထစေလေ၏။
အောက်မှ မြင်ကွင်းကို ကြည့်ရင်း လုချင်းသည် သူ၏ဒေါသကို မနည်းထိန်းချုပ်ထားလိုက်ရသည်။
အချိန်မတန်သေးပေ။
သူသည် သစ်ပင်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းသက်လိုက်ပြီးနောက် အမှောင်ထုကို အသုံးပြုလျက် ခံတပ်ကာကွယ်ရေးရှိ ဟာကွက်တစ်နေရာကို ရှာဖွေလိုက်ကာ အတွင်းသို့ ခိုးဝင်လိုက်တော့သည်။
ရှောင်လီလေးကတော့ သူ၏ပခုံးပေါ်တွင် တည်ငြိမ်စွာဖြင့် ထိုင်နေလေသည်။
အတွင်းသို့ ရောက်သွားသောအခါ လုချင်းသည် ခံတပ်၏ပုံစံကို အကဲခတ်လိုက်သည်။ ခံတပ်မှာ ကြီးမားလှပြီး အဆောက်အဦးများစွာ ရှိကာ အထင်ရှားဆုံးကတော့ အလယ်ဗဟိုရှိ သစ်သားမျှော်စင်မြင့်ကြီးဖြစ်သည်။
ထိုသည်မှာ သူ၏ပစ်မှတ် ဖြစ်သည်။
လုချင်းသည် မှောင်ရိပ်များထဲတွင် ခိုဝင်လျက်ဖြင့် ခံတပ်အတွင်း၌ လျင်မြန်စွာ လှုပ်ရှားလိုက်လေ၏။ ရှောင်လီကတော့ အနီးအနားတွင် လူများ ရှိပါက လုချင်းကို သတိပေးတတ်သည်။
သူသည် ဖမ်းမိခြင်း မခံရဘဲ အဓိကမျှော်စင်သို့ နီးကပ်လာသောအခါ အော်ဟစ်သံများကို ကြားလိုက်ရတော့၏။
ထောင့်တစ်နေရာကို လှည့်လိုက်သောအခါ သူသည် အဝတ်အစားတောက်တောက်ကို ဝတ်ဆင်ထားသောမိန်းမတစ်ဦးနှင့် လူနှစ်ဦးက သူ အစောပိုင်းက မြင်တွေ့ခဲ့သော မိန်းကလေးအား ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။
မိန်းကလေးသည် ကြိုးဖြင့် ချည်နှောင်ခံထားရကာ ဖြည်းညှင်းစွာ ရွေ့လျားနေသဖြင့် သူမကို ဖမ်းဆီးထားသူများမှာ သူမကို ကျိန်ဆဲနေလေ၏။
သူမ၏စိတ်ပျက်အားငယ်နေပုံကို မြင်လိုက်ရ၍ လုချင်းသည် တုံ့ဆိုင်းသွားသော်ငြား တိတ်ဆိတ်စွာဖြင့် လိုက်ပါသွားလိုက်သည်။
ထိုလူတွေမှာ မိန်းကလေးကို ခံတပ်၏ထောင့်တစ်နေရာရှိ ကျောက်ဖြင့်ဆောက်ထားသော အဆောက်အဦးတစ်ခုထဲသို့ တွန်းထည့်လိုက်ကြ၏။
လုချင်းသည် မည်သူမျှမကြည့်နေကြောင်း သေချာစေပြီးနောက်၌ ထိုအဆောက်အဦးဆီသို့ ချဉ်းကပ်သွားလိုက်တော့သည်။
ထို့နောက်၌ လုချင်းသည် ထိုအတွင်းထဲကနေ စူးရှပြီး ကြမ်းတမ်းသောအသံတစ်ခုကို ကြားလိုက်ရ၏။ "သူ့ကို ဒီထဲမှာ တိုက်ပိတ်ထားလိုက်။ ပြီးတော့လည်း သုံးရက်လောက် အငတ်ထားထား။ အဲ့လိုသာဆို သူ မလိမ္မာလာဘဲမနေဘူးယ်။ ပြီးတော့ တခြားကောင်မလေးတွေ မင်းတို့တွေလည်း ငါ့စကားကို နားထောင်။ အေး ၊ မနားထောင်လို့ကတော့ ဝံပုလွေစာ ကျွေးပစ်မယ် မှတ်ထားကြ ကြားကြားလား"
အတွင်းထဲသို့ ချောင်းကြည့်လိုက်သောအခါ၌ လုချင်းသည် ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသဖြင့် သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ယခုအခါတွင်တော့ သူ၏ကိုယ်အတွင်းမှ ဖိနှိပ်ထားသော သတ်ဖြတ်လိုစိတ်မှာလည်း ထပ်မံ၍မချုပ်တည်းထားနိုင်တော့ဘဲ တိုးပွားလာတော့သည်။