← Chapters

ဓားတစ်လက်၏အစွမ်း

Vol. 8 Ch. 77

ဓားတစ်လက်၏အစွမ်း

Vol. 8 Ch. 77

"နှလုံးသားလုယူသူဝံပုလွေ" ခေါ် ဝေ့ရှန် ဟုဆိုသူသည် ဝံပုလွေနက်ဂိုဏ်း၏နဝမခေါင်းဆောင်လည်း ဖြစ်သလို ယစ်မူးပျော်မွေ့ ခံတပ်၏သခင်လည်း ဖြစ်ပါ၏။ ထိုသူသည် သူ၏ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်သောသဘာဝနှင့် မတင်းတိမ်နိုင်သောလောဘကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

[ကျင့်ကြံမှုအဆင့် - မွေးရာပါ ချီနှင့်သွေးအဆင့်၊ လက်သီးနှင့် လက်သည်းနည်းစနစ်များတွင် ကျွမ်းကျင်သည်၊ လူ့နှလုံးများအား ထုတ်ယူခြင်းကို နှစ်သက်သည်။]

လုချင်းသည် ဝံပုလွေနက်ဂိုဏ်း၏နဝမခေါင်းဆောင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ဖတ်ရင်း ပြုံးလိုက်သည်။

မာကူးပြောခဲ့သည့်အတိုင်း ဤယစ်မူးပျော်မွေ့ ခံတပ်၏သခင်သည် ချီနှင့် သွေးအဆင့်တွင်သာ ရှိသည်။

ထိုလူသည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ပင် မရောက်ရှိသေးဘဲ လုချင်းကဲ့သို့ပင် ချီနှင့်သွေးအဆင့်၏ အောင်မြင်မှုအသေးစားအဆင့်သို့ ရောက်ရုံမျှသာ ရှိသေးသည်။

ထို့နောက် လုချင်းသည် ထိုလူ့ဘေးမှ လူအနည်းငယ်ကိုလည်း တစ်ချက်ကြည့်လိုက်ရာ ထိုလူအားလုံးကတော့ အဆင့်တစ်ခုကိုတောင်မှ မတတ်လှမ်းနိုင်သေးသော သာမန်သိုင်းသမားများသာ ဖြစ်သည်။

သူတို့၏သတင်းအချက်အလက်များအရတော့ ထိုလူတို့အားလုံးမှာ ဤခံတပ်ရှိ ခေါင်းဆောင်များဖြစ်နိုင်ပြီး ဟန်လောင်ဝူနှင့် ဆင်တူသည်။

"လူတိုင်းဒီမှာရှိနေတာပဲ။ ကောင်းတယ် ၊ ငါလည်း မင်းတို့အားလုံးကို တစ်ယောက်ချင်းစီ လိုက်ရှာစရာမလိုတော့ဘူးပေါ့။"

လုချင်း၏မျက်လုံးများသည် အပေါ်မှ လူများကို ကြည့်ရင်းဖြင့် ထူးဆန်းသောအလင်းတန်းတစ်ခုဖြင့် အရောင်တောက်နေလေသည်။

သူ အစောပိုင်းကသတ်ဖြတ်ခဲ့သော အစေခံအနည်းငယ်သည် သူ၏သတ်ဖြတ်လိုစိတ်ကို မလျော့နည်းစေခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် ပို၍ပင် ပြင်းထန်လာခဲ့ပါ၏။

နှလုံးသားလုယူသူဝံပုလွေသည် လုချင်း၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ အံ့အားသင့်သွားရတော့သည်။

သူသည် မူလကတော့ ဝံပုလွေနက်ဂိုဏ်း၏ရန်သူတစ်ဦးက ပြဿနာလာရှာနေသည်ဟု ထင်ခဲ့တာပင်။

ယခုမူ ပြဿနာလာရှာသူမှာ သူတစ်ခါမှမတွေ့ဖူးသော လူငယ်တစ်ဦးဖြစ်နေသည်ကို မြင်လိုက်ရ၍ သူ မအံ့ဩဘဲမနေနိုင်တော့ပေ။

လုချင်းထံမှ တိုးပွားနေသောသွေးချီစွမ်းအားကို ခံစားလိုက်ရ၍ သူ၏စိတ်နှလုံးတောင်မှ တုန်လှုပ်သွားရရှာသည်။

ထိုလူငယ်လေးမှာ ဤကဲ့သို့အသက်အရွယ်ငယ်ငယ်လေးပဲ ရှိနေသေးတာတောင်မှ ချီနှင့်သွေးအဆင့်သို့ ရောက်ရှိနေပြပေင်။ ထို့ပြင် ထိုမျှလောက်သော များပြားလှသည့်သွေးချီစွမ်းအားရှိနေခြင်းမှာလည်း သူ့ထက်တောင် မနိမ့်ကျနိုင်ပေ။

သူသည်လည်း သူ၏ဆယ်ကျော်သက်အရွယ်တွင် ချီနှင့်သွေးအဆင့်၏ အောင်မြင်မှုအသေးစားအဆင့်ကို ရရှိခဲ့သည်။

ထိုအချက်ကို သဘောပေါက်လိုက်သဖြင့် နှလုံးသားလုယူသူဝံပုလွေ၏မျက်နှာအမူအရာသည် တည်ကြည်သွားတော့၏။

ဤကဲ့သို့ရှားပါးလှသော လူငယ်ပါရမီရှင်တွင် အားကောင်းသောနောက်ခံရှိတတ်ကြောင်းကို သူ သိပါသည်။

သူ၏ယစ်မူးပျော်မွေ့ ခံတပ်သည် ဤသို့သောလူတစ်ဦးကို ဘယ်အချိန်က စော်ကားမိခဲ့သနည်း။

သို့မဟုတ် အဓိကခံတပ်ကများ သူတို့မစော်ကားသင့်သောတစ်စုံတစ်ယောက်ကို ဒေါသထွက်စေခဲ့မိတာလော။

အမျိုးမျိုးသောအတွေးများသည် သူ၏စိတ်ထဲတွင် ပြေးလွှားနေခဲ့လေ၏။

သို့သော် သူက ပြုံးလိုက်သည်။ "သူရဲကောင်းလေး ၊ မင်းက ဘယ်သူများလဲ။ ဘာလို့ ငါ့ယစ်မူးပျော်မွေ့ ခံတပ်မှာ ပြဿနာရှာနေရတာလဲ။ နားလည်မှုလွဲတာများရှိလို့လား။ ငါတို့ တစ်ခုခုအမှားလုပ်ခဲ့မိလို့ရှိရင်လည်း ငါတို့ သေချာပေါက်တောင်းပန်ပါ့မယ်။"

သူ၏စကားများသည် သူ၏ဘေးမှလူများကိုပင် တုန်လှုပ်သွားစေသည်။

သူတို့၏ခေါင်းဆောင် ဤမျှယဉ်ကျေးစွာ ဆက်ဆံသည်ကို သူတို့တွေ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး ထိုသို့ယဉ်ယဉ်ကျေးကျေးဆက်ဆံနေရသည့်သူမှာလည်း လူငယ်လေးတစ်ဦးအပေါ်တွင်ဖြစ်သည်။

ကောင်လေးက ပြဿနာရှာရန်လာပြီး ခံတပ်ရှိလူများကို သတ်နေသော်လည်း သူတို့၏ခေါင်းဆောင်ကတော့ သူ့ကို ပြုံးလျက် နှုတ်ဆက်နေသည်တဲ့လား။

ဒီကောင်လေးက ဘယ်သူမလို့လဲ။

လူတိုင်းသည် လုချင်းကို ထပ်မံမကြည့်ဘဲ မနေနိုင်ကြပေ။

သို့သော် သူတို့၏ခွန်အားသည် ချီနှင့်သွေးအဆင့်သို့ပင် မချိုးဖောက်နိုင်သောကြောင့် လုချင်း၏နောက်ခံကို မမြင်တွေ့နိုင်ကြပေ။

နှလုံးသားလုယူသူဝံပုလွေ၏စုံစမ်းမေးမြန်းမှုကို ကြားလိုက်ရသည့်အခိုက်၌ လုချင်း၏မျက်နှာအမူအရာသည် မပြောင်းလဲခဲ့ပေ။

အမှန်ပင် ခံတပ်သခင်များဖြစ်နိုင်သူများသည် ဘယ်တော့မှဦးနှောက်မဲ့သူများမဟုတ်ကြပေ။

သို့သော် သူသည် သူတို့နှင့် စကားအများကြီးမပြောချင်ပေ။ သူ၏နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်သည် သူ့ကို ဤလူများနှင့် မုသားယဉ်ကျေးမှုများတွင် ပါဝင်ရန် မလိုလားပေ။

ထို့အပြင် သူသည် အပြင်ဘက်တွင် လူအများအပြား ဤဘက်သို့ လာနေသည်ကို ခံစားရသည်။

ရှင်းလင်းစွာပင် ခံတပ်၏အခြားအဖွဲ့ဝင်များ စုရုံးနေကြတာပင်။

လုချင်းသည် ယစ်မူးပျော်မွေ့ ခံတပ်ရှိ မည်သူ့ကိုမျှ အလွှတ်မပေးချင်သော်လည်း သူတို့၏လူတွေ စုစည်းနေတာကိုတော့ စောင့်ဆိုင်းနေမည်မဟုတ်ပေ။

ထို့ကြောင့် နှလုံးသားလုယူသူဝံပုလွေ၏စုံစမ်းမေးမြန်းမှုကို ရင်ဆိုင်ရင်း လုချင်းသည် တိတ်ဆိတ်စွာနေပြီး ခန္ဓာကိုယ်ကို အနည်းငယ်နှိမ့်ချလိုက်ပြီး မြင်းစီးဟန်အနေအထားယူလိုက်ကာ လေးမျက်နှာဓားသိုင်းအကွက်၏အစပုံစံကို ယူလိုက်သည်။

ထို့နောက်၌ သူ၏သွေးချီစွမ်းအားတစ်ခုလုံး ပေါက်ကွဲထွက်လာပြီး သူ၏နှလုံးသားထဲမှသတ်ဖြတ်လိုစိတ်ကိုလည်း မဖိနှိပ်တော့ဘဲ နှလုံးသားလုယူသူဝံပုလွေဆီသို့ ဦးတည်လိုက်တော့သည်။

ထိုပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရ၍ နှလုံးသားလုယူသူဝံပုလွေ၏မျက်နှာမှာလည်း ပြောင်းလဲသွားတော့၏။

သူသည် စကားပြောရန် အကြောင်းမရှိတော့ကြောင်း သိလိုက်သည်။

ထိုကောင်လေး၏ သတ်ဖြတ်လိုသောဆုံးဖြတ်ချက်သည် သူ့ကို အရာအားလုံးပြောပြနေလေ၏။

လုချင်းသည် သူ့အပေါ် ဤမျှပြင်းထန်လှသောသတ်ဖြတ်လိုစိတ်အား အဘယ်ကြောင့်ထားရှိသည်ကို သူ မသိသော်လည်း ၎င်းသည် သူ၏မှန်ကန်သောရွေးချယ်မှုပြုလုပ်နိုင်စွမ်းကိုတော့ မထိခိုက်ခဲ့ပေ။

"တိုက်ခိုက်ကြ ၊ အဲ့ဒီကောင်လေးကို သတ်"

နှလုံးသားလုယူသူဝံပုလွေသည် သူ၏လက်ကို ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

သို့သော် သူ၏အမိန့်ထက် ပိုမြန်သည်မှာ လုချင်း၏လှုပ်ရှားမှုပင်။

ထိုသူ၏ပါးစပ်မှ ပထမစကားလုံး ထွက်သွားသည်နှင့် လုချင်း၏ပုံရိပ်သည်လည်း အရှိန်အဟုန်ဖြင့် အပေါ်သို့ တစ်ရှိန်ထိုးတက်လာကာ ဒုတိယထပ်ဆီသို့ ဦးတည်လာခဲ့သည်။

ထိုလူ စကားပြောခြင်းပြီးဆုံးချိန်တွင်တော့ လုချင်းသည် သူ၏ရှေ့သို့ ခုန်အုပ်လိုက်သည်။ သူ့တိုက်စစ်၏အရှိန်အဟုန်ကို အသုံးပြု၍ လက်နှစ်ဖက်စလုံးသည် ဓားကို ကိုင်စွဲကာ နှလုံးသားလုယူသူဝံပုလွေဆီသို့ ခုတ်ချပစ်လိုက်သည်။

လုချင်းသည် ဤတစ်ချက်သောခုတ်ချက်တွင် သူ၏ခွန်အားအကုန် အသုံးချခဲ့သည်ပင်။

ထိုဓားချက်မှာ သွေးချီစွမ်းအားအပြည့်အဝပေါက်ကွဲမှုအပြင် လုချင်း ယစ်မူးပျော်မွေ့ ခံတပ်သို့ ရောက်ရှိကတည်းက ဖိနှိပ်ထားသော အဆုံးမရှိသည့်သတ်ဖြတ်လိုစိတ်ကိုပါ ဆောင်ကြဉ်းလာခဲ့ပါ၏။

ဓားကို ခုတ်လွှဲလိုက်သောအခါ လုချင်း၏စိတ်ဝိညာဉ်သည် ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရသကဲ့သို့ဖြစ်သွားကာ သူ၏လေးမျက်နှာဓားသိုင်းအပေါ် နားလည်မှုမှာလည်း တစ်ဖန်မြင့်တက်သွားပြန်သည်။

လေးမျက်နှာဓားသိုင်း၏မူလအကဲဖြတ်ချက်ကို ပုံမှန်မဟုတ်သောစွမ်းအင်မှတစ်ဆင့် တွေးတောမိသွားတာပင်။

လေးမျက်နှာဓားသိုင်းမှာ အရှိန်အဟုန်ကို အလေးပေးသည့် သတ်ဖြတ်ခြင်းအတွက် ဖြစ်သည်။]

လေးမျက်နှာဓားသိုင်းသည် ဘယ်တုံးကမှ ရှုပ်ထွေးသောလှုပ်ရှားမှုများ၏နည်းစနစ်တစ်ခုမဟုတ်ခဲ့ပေ။

၎င်းမှာ သူ့ရှေ့ရှိ ရန်သူအားလုံးကို ခုတ်သတ်ဖို့အတွက် တစ်ချက်ချင်းစီတိုင်းတွင် နည်းနည်းလေးတောင်မှ အလျှော့မပေးဘဲ အားအပြည့်သုံးရသောနည်းစနစ်ပင်။

နှလုံးသားလုယူသူဝံပုလွေသည် လုချင်းက ဤမျှလောက်ထိလျင်မြန်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

လုချင်း၏ ဓားအရှိန်အဟုန်ကို ခံစားမိလိုက်သောအခါ၌ သူ၏မျက်နှာအမူအရာသည် သိသိသာသာကို ပြောင်းလဲသွားတော့သည်။

ရုတ်ချည်းပင် သူသည် ထိုဓားချက်တစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်းကို သဘောပေါက်လိုက်၏။

သူသာ မရှောင်လျှင် မရဏကမ္ဘာသို့ သေမင်းနှင့် သွားတွေ့ရတော့မည်ပင်။

ဤအခိုက်တွင်တော့ ဘယ်အတွေးကိုမှ တွေးဖို့အတွက် အချိန်မရှိတော့ဘဲ နှလုံးသားလုယူသူဝံပုလွေသည် သူ၏လက်မောင်းများကို ကြက်ခြေခတ်အနေအထားဖြင့် သူ့ကိုယ်ကို ကာလိုက်ရင်း ခွန်အားဖြင့် နောက်သို့ ဆုတ်လိုက်သည်။

ရွှီး

လုချင်း၏ဓားသည် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ဒုတိယထပ်၏လက်ရန်းနှင့် ကြမ်းပြင်ကို အတားအဆီးမရှိ ခုတ်ဖြတ်သွားပြီးနောက်၌ နှလုံးသားလုယူသူဝံပုလွေ၏ရင်ဘတ်ဆီသို့ တန်းတန်းမတ်မတ်ဆိုက်ရောက်သွားကာ သူ့ကို ကိုယ်နှစ်ပိုင်းခွဲပစ်ဖို့ ရည်ရွယ်ထားသယောင်နှယ်။

သို့သော် ဓားသည် သူ၏ခုခံထားသည့်ဟန်ဖြင့် ကြက်ခြေခတ်ပုံစံထားထားသော လက်မောင်းများသို့ရောက်သောအခါ လုချင်းသည် ပြင်းထန်သောခုခံမှုကို ခံစားလိုက်ရသဖြင့် ချက်ချင်း မဖြတ်တောက်နိုင်ခဲ့ပေ။

ဘုန်း

အားကောင်းသောခွန်အားအချင်းချင်း တိုက်မိခြင်းသည် နှလုံးသားလုယူသူဝံပုလွေ၏တမင်တကာနောက်သို့ဆုတ်လိုက်ခြင်းနှင့် ပေါင်းစပ်ပြီး သူ၏ခန္ဓာကိုယ်ကို နောက်သို့ ပျံဝဲတတ်သွားစေကာ သူ့နောက်မှ တံခါးကိုတောင် ဖောက်ထွက်ပြီး ပျံဝဲတက်သွားသဖြင့် သူ့အရိပ်အယောင်ကိုပင် မမြင်လိုက်ရတော့ပေ။

"အစ်ကိုကြီး"

လုချင်း၏အရှိန်အဝါကြောင့် ခြိမ်းခြောက်ခံနေရပြီးဖြစ်သော အခြားခေါင်းဆောင်များသည် ယခုအခါတွင်တော့ ထိုမြင်ကွင်းကို မြင်လိုက်ရ၍ ထိတ်လန့်တကြား ဖြစ်ကုန်ကြတော့၏။

သူတို့၏အားကောင်းလှသောခေါင်းဆောင်တောင် တစ်ချက်တည်းသောထိုးနှက်မှုဖြင့် ဤမျှလွယ်ကူစွာ ပျံဝဲသွားလိမ့်မည်ကို သူတို့ ဘယ်တုံးကမှ မတွေးဖူးခဲ့ကြပေ။

"ဒီကောင်လေးက ဘယ်ကရောက်လာတာလဲ။ ဒါကြီးက တကယ်ပဲ ချီနဲ့သွေးအဆင့် ဓားသိုင်းနည်းစနစ်လား"

ကြမ်းပြင်ပေါ်တွင်လှိမ့်ရင်း အသက်ရှူရခက်နေသော နှလုံးသားလုယူသူဝံပုလွေသည် အတွင်းဒဏ်ရာ ပြင်းထန်စွာရသွားသောကြောင့် သွေးအန်ချင်နေပါ၏။ သူသည် သူ၏လက်မောင်းများကိုကြည့်လိုက်သည်။

သူ၏အထူးပြုလုပ်ထားသော ဈေးကြီးလှသည့် သံမဏိအကာအကွယ်များမှာ ယခုတွင်တော့ ဓားရာများ နက်ရှိုင်းစွာထင်နေပြီး လုံးဝစုတ်ပြဲနေပြီပင်။ ထိုအချင်းအရာက သူ့ကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေသွားခဲ့လေ၏။

သူသည် အဆင့်တူသော ချီနှင့်သွေးအဆင့် သိုင်းသမားတစ်ဦးအနေဖြင့် လုချင်း၏ထိုးနှက်မှုတစ်ချက်ကိုပင် မခံနိုင်လောက်ကြောင်းကို ဘယ်တော့မှ မမျှော်လင့်ထားခဲ့မိပေ။

"ထွက်ပြေးကြတော့" နှလုံးသားလုယူသူဝံပုလွေသည် ချက်ချင်းတုံ့ပြန်လိုက်သည်။

တစ်ချက်တည်းသောတိုက်ခိုက်မှုအပြီးတွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကာ သူ၏ကာကွယ်ရေးပစ္စည်းများသည်လည်း ပျက်စီးလုနီးပါ ဖြစ်သွားခဲ့ရပါ၏။

အကယ်၍ သူသာ အခုချိန်ထွက်မပြေးပါက ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်တော့မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ သူသည် မတ်တပ်ထရပ်လိုက်ပြီး သူ့နောက်မှ ပြတင်းပေါက်ကို ရိုက်ခွဲကာ အပြင်သို့ ခုန်ချလိုက်တော့၏။

"ထွက်ပြေးဖို့ကြိုးစားနေတာလား။"

လုချင်းမှာလည်း နှလုံးသားလုယူသူဝံပုလွေ၏ရည်ရွယ်ချက်ကို ချက်ချင်း ခံစားမိလိုက်ပါ၏။

ထို့နောက်၌ လုချင်းသည် သူ၏ဓားကို ဝေ့ဝိုက်ကာ ပစ်လွှဲလိုက်သောအခါ၌ လေထဲတွင် ခေါင်းပြတ်တွေအများကြီး ပျံဝဲတတ်သွားတော့သည်။

တစ်ချိန်က မောက်မာခဲ့သော ယစ်မူးပျော်မွေ့ ခံတပ်၏ခေါင်းဆောင်များသည် ယခုအခါတွင်တော့ လုချင်း၏တစ်ချက်တည်းသောထိုးနှက်မှုဖြင့် အားလုံးခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရပြီပင်။

အမှိုက်သရိုက်များကို ရှင်းလင်းပြီးနောက် လုချင်းသည် သူ၏ခွန်အားကို အသုံးပြု၍ ဒုတိယထပ်သစ်သားကြမ်းပြင်ကို ရိုက်ခွဲလိုက်ကာ နှလုံးသားလုယူသူဝံပုလွေနောက်သို့ လိုက်သွားတော့သည်။

All Chapters