← Chapters

မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှ သိုင်းပညာရှင်တစ်ဦး၏ နောင်တ

Vol. 9 Ch. 90

မွေးရာပါနယ်ပယ် အထွတ်အထိပ်အဆင့်မှ သိုင်းပညာရှင်တစ်ဦး၏ နောင်တ

Vol. 9 Ch. 90

"ဒီကျောက်စိမ်းပြားက တကယ့်ကို အံ့မခန်းပါပဲလား။ ဒီလိုပစ္စည်းသေးသေးလေးထဲမှာ သတင်းအချက်အလက်တွေ အများကြီးကို သိမ်းဆည်းထားနိုင်တယ်ပေါ့လေ..."

လုချင်း၏ မျက်လုံးများထဲတွင် အံ့ဩမှုများဖြင့် ပြည့်နှက်နေလေသည်။

သူသည် ကျောက်စိမ်းပြားအတွင်းမှ အမွေအနှစ် သတင်းအချက်အလက် အများစုကို ရရှိပြီးဖြစ်လေ၏။

ထိုအချက်အလက်များက သူ့အား အလွန်အံ့အားသင့်စေခဲ့ပါသည်။

၎င်းမှာ သူယခင်က ခန့်မှန်းခဲ့သည်များနှင့် အနည်းငယ် ကွဲလွဲနေခဲ့၏။

ဤကျောက်စိမ်းပြားသည် ကျောက်စိမ်းဂူကို ဖန်တီးခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်မှ ချန်ထားခဲ့ခြင်းမဟုတ်ဘဲ သူ့ရှေ့မှောက်တွင် သေဆုံးနေသော မွေးရာပါနယ်ပယ် သိုင်းပညာရှင်မှ ဖန်တီးထားခြင်း ဖြစ်ပေသည်။

သို့သော် သူသည် ဤအမွေအနှစ် ကျောက်စိမ်းပြားကို ပြုလုပ်စဉ်က ဂူအပြင်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန်များနှင့် ပတ်သက်၍ သူ နားလည်သဘောပေါက်ထားသည်များကို ထည့်သွင်းခဲ့သောကြောင့် ပုံစံနှစ်ခုမှာ အနည်းငယ် ဆင်တူနေခြင်း ဖြစ်လေသည်။

ကျောက်စိမ်းပြားမှတစ်ဆင့် လုချင်းသည် သူသိလိုသော သတင်းအချက်အလက် အများအပြားကိုလည်း သိရှိခဲ့ရ၏။

ပထမဦးစွာ သူ့ရှေ့မှောက်ရှိ မွေးရာပါနယ်ပယ် သိုင်းပညာရှင်အကြောင်း ဖြစ်သည်။

ကျောက်စိမ်းပြားထဲတွင် ချန်ထားခဲ့သော အချက်အလက်များအရ ဤမွေးရာပါနယ်ပယ် သိုင်းပညာရှင်၏ အမည်မှာ လီဝေ့ထျန်း ဖြစ်လေသည်။ သူသည် တစ်ချိန်က ကမ္ဘာလောကကို တုန်လှုပ်စေခဲ့သော ထင်ရှားကျော်ကြားသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ဖူး၏။

မွေးရာပါနယ်ပယ် အဆင့်ရှိသူများကြားတွင်ပင် သူ့ကို ထိပ်တန်းအဆင့်ရှိသူ တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းစွမ်းအားဖြင့် သူသည် အိမ်နီးချင်းတိုင်းပြည်များမှ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်စုကိုတောင် တစ်ယောက်တည်း ဖိနှိပ်နိုင်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ဖူးလေသည်။

ကံမကောင်းစွာဖြင့် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များ၌လည်း သက်တမ်းကုန်ဆုံးမည့် နေ့ရက်ဟူသည် ရှိစမြဲပင်။

အကယ်၍ ပိုမြင့်သော အဆင့်တစ်ခုသို့ မတက်လှမ်းနိုင်ပါက မွေးရာပါနယ်ပယ် သိုင်းပညာရှင်များသည် အများဆုံး နှစ်ပေါင်း သုံးရာသာ အသက်ရှင်နိုင်ကြသည်။

သူ၏ ဘဝနောက်ပိုင်းနှစ်များတွင် လီဝေ့ထျန်းသည် အဆင့်တက်လှမ်းနိုင်မည့် အခွင့်အရေးကို နေရာအနှံ့ ရှာဖွေခဲ့၏။ နောက်ဆုံးတွင် သူ၏သက်တမ်း ကုန်ဆုံးခါနီး၌ ဤလျှို့ဝှက်ဆန်းကြယ်သော နေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းဂူကို စတင်ရှာဖွေတွေ့ရှိချိန်၌ လီဝေ့ထျန်းသည် အလွန်ဝမ်းမြောက်ခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ဂူကို ဖန်တီးပြုလပ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ် ချန်ရစ်ခဲ့သည့် ဂါထာမန္တန်များထဲတွင် ပိုမိုမြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို သူ အရိပ်အမြွက် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။

ထိုအချိန်၌ သက်တမ်းသိပ်မကျန်တော့သဖြင့် သူသည် အဆင့်တက်လှမ်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဂူထဲတွင် မိမိကိုယ်ကို ပိတ်လှောင်ကာ ကျင့်ကြံခဲ့တော့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ လျော့နည်းလာသော သက်တမ်းနှင့် အားနည်းလာသော ဝိညာဉ်စွမ်းအားတို့ကြောင့်သော်လည်းကောင်း၊ ဂူ၏ ကာကွယ်ရေးအစီအရင်များကို ဖျက်ဆီးစဉ်က ရရှိခဲ့သော ဒဏ်ရာများနှင့် စွမ်းအားကုန်ဆုံးမှုများကြောင့်သော်လည်းကောင်း၊ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်၏ အကူအညီကို ရယူခဲ့သော်ငြား သူသည် အဆင့်တက်လှမ်းရန် မအောင်မြင်ခဲ့ရှာပေ။ သူ၏ စွမ်းအင်နှင့် ဝိညာဉ်တို့သည် ထိုမြင့်မားသော နယ်ပယ်သို့ ရောက်ရှိရန် မစွမ်းဆောင်နိုင်တော့ဘဲ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့ချေပြီပင်။

မသေဆုံးမီတွင် သူသည် သူ၏ ထင်ရှားကျော်ကြားခဲ့သော ဘဝအကြောင်းကို နောက်ဆုံးမှတ်တမ်းအဖြစ် ဤကျောက်စိမ်းပြားထဲတွင် ရေးသားခဲ့ပါ၏။

အချက်အလက်များ၏ အဆုံးသတ်တွင် လီဝေ့ထျန်း ရေးသားခဲ့သော စာတစ်ပိုဒ်ကို လုချင်း တွေ့လိုက်ရ၏။

"ဟင်းးးးးးးး... ငါဟာ လူငယ်ဘဝကတည်းက သူများတွေနဲ့ ယှဉ်ပြိုင်ရတာကို နှစ်သက်ခဲ့တယ်။ အရာရာတိုင်းမှာ အနိုင်ယူချင်ခဲ့တယ်။ ကျင့်ကြံခြင်းမှာ အောင်မြင်မှုတွေရပြီးတဲ့နောက်မှာ ငါဟာ နေရာအနှံ့ လျှောက်သွားရင်း တိုက်ခိုက်ခဲ့တယ်၊ နာမည်ကြီး သိုင်းပညာရှင်တွေကိုလည်း စိန်ခေါ်ခဲ့တယ်၊ ရန်သူတွေအများကြီးကို အနိုင်ယူပြီး အဆုံးမဲ့ ဂုဏ်ကျက်သရေတွေကို ရယူခဲ့တယ်။"

"ငါ့ရဲ့ တစ်ဘဝလုံးမှာ ငါ့ဂုဏ်သတင်းက ငါ့ရွယ်တူတန်းတူတွေရဲ့ ဂုဏ်သတင်းကို လွှမ်းမိုးထားခဲ့လို့ သိုင်းပညာ ပါရမီရှင်အများကြီးကလည်း ငါ့ရဲ့ အရိပ်အောက်မှာပဲ မှေးမှိန်ခဲ့ရတယ် ၊ ငါ့ရဲ့ နောက်က ဇာတ်ပို့ဇာတ်ကောင်လေးတွေအဖြစ်ပဲ ကျန်ရစ်ခဲ့ကြရတယ်။"

"ငါ့ဘဝရဲ့ နေဝင်ချိန်ရောက်မှ ငါသဘောပေါက်လိုက်တာက ဂုဏ်ဒြပ်တွေ နောက်လိုက်ရင်း ငါအချိန်တွေ အများကြီး ဖြုန်းမိခဲ့တာပါလား ဆိုတာပဲ။ ခုဆို ငါ့သက်တမ်းက ကုန်လုနီးပါးတောင် ဖြစ်နေပြီလေ။"

"အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ရင်တောင်မှ သက်တမ်းကန့်သတ်ချက်ကြောင့် ငါ မဖောက်ထွက်နိုင်ခဲ့ဘူး။ အဲ့ဒီ အထွတ်အထိပ်အဆင့် လျှို့ဝှက်နယ်ပယ်ကို ငါ မရောက်နိုင်တော့ဘူး။"

"နောင်တတွေ... ပူဆွေးမှုတွေနဲ့ ဝမ်းနည်းမှုတွေပဲ ငါ့မှာရှိတော့တယ်..."

"နောင်လာနောက်သားတွေအနေနဲ့ ငါ့ရဲ့ အတွေ့အကြုံကို သင်ခန်းစာယူကြဖို့ မျှော်လင့်ပါတယ်။ ကျင့်ကြံခြင်း လမ်းစဉ်မှာ ကျင့်ကြံအားထုတ်မှုကိုပဲ အာရုံစိုက်ကြပါ။ ဂုဏ်ဒြပ်နဲ့ စည်းစိမ်ဥစ္စာတွေကို လိုက်စားရင်း အဖိုးတန်တဲ့ အချိန်တွေကို မဖြုန်းတီးမိကြပါစေနဲ့။ ဒါကို ကောင်းကောင်း မှတ်သားထားကြပါ။"

လီဝေ့ထျန်း၏ နောက်ဆုံးစကားများကို ဖတ်ပြီးနောက် လုချင်းသည် တိတ်ဆိတ်သွားလေသည်။

စာသားများမှတစ်ဆင့် လီဝေ့ထျန်း၏ စိတ်မပျော်ရွှင်မှုများနှင့် နောင်တများကို သူ ခံစားနေရ၏။

သေချာသည်မှာ သူသည် ကာလကြာရှည်စွာ တောင့်တခဲ့သော ထိုမြင့်မားသည့် နယ်ပယ်နှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိခဲ့သော်လည်း သက်တမ်းကန့်သတ်ချက်ကြောင့် နောက်ဆုံးတွင် မအောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်၌ လီဝေ့ထျန်း မည်မျှ နောင်တရခဲ့မည်ကို လုချင်းမှာ တွေးကြည့်၍ပင် မရနိုင်တော့ချေ။

သို့သော် သူ၏ စကားများကို ကြည့်ခြင်းအားဖြင့် သူ၏ အကောင်းဆုံး အချိန်များတွင် ဂုဏ်ဒြပ်နှင့် စည်းစိမ်ဥစ္စာများအတွက် ယှဉ်ပြိုင်ရင်း အချိန်ဖြုန်းခဲ့မိသည်ကို လွန်စွာ နောင်တရနေကြောင်း ထင်ရှားနေပါ၏။

လုချင်းက သက်ပြင်းချလိုက်သည်။ "ကျင့်ကြံခြင်းဆိုတာ ကျင့်ကြံအားထုတ်မှုကိုပဲ အာရုံစိုက်သင့်တာပေါ့။ စီနီယာ လီဝေ့ထျန်းက ဒါကို သဘောပေါက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားခဲ့တာကတော့ ဝမ်းနည်းစရာပါပဲလေ"

သို့သော် အခြားတစ်ဖက်မှ တွေးကြည့်လျှင် သူ၏ ခေတ်ပြိုင်များကို ဖိနှိပ်ထားနိုင်သည့် လီဝေ့ထျန်း၏ ပြိုင်ဘက်ကင်း စွမ်းအားသည် သူ၏ ယှဉ်ပြိုင်လိုစိတ်နှင့် မသက်ဆိုင်ဘူးဟု ပြော၍မရပေ။

အကယ်၍ သူသာ ပြိုင်ဘက်များနှင့် ကာလကြာရှည်စွာ မတိုက်ခိုက်ခဲ့ပါက သူ၏ အလားအလာများကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမရှိဘဲ မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့မည် မဟုတ်ချေ။

ထို့ကြောင့် သူ၏ ယှဉ်ပြိုင်လိုစိတ်က သူ့ကို အောင်မြင်စေခဲ့သလား သို့မဟုတ် ပျက်စီးစေခဲ့သလား ဆိုသည်ကို ပြောရန် ခက်ခဲလှပေသည်။

"လီဝေ့ထျန်း... နောင်တစ်ချိန် အခွင့်အရေးရမယ်ဆိုရင် ခင်ဗျားရဲ့ ဘဝအကြောင်းကို ပိုသိရအောင် ကျွန်တော် စုံစမ်းကြည့်ပါ့မယ်။"

ကျောက်စိမ်းပြားထဲတွင် လီဝေ့ထျန်းသည် မိမိကိုယ်ကို အကျဉ်းချုံးသာ မိတ်ဆက်ခဲ့ပြီး သူ၏ လုပ်ဆောင်ချက်များကို အသေးစိတ် မဖော်ပြခဲ့ပေ။

လုချင်း၏ ဤကမ္ဘာအကြောင်း ဗဟုသုတ နည်းပါးမှုကြောင့် ဤသိုင်းပညာရှင်အကြောင်းကို ယခင်က မကြားဖူးခဲ့ချေ။

ကျန်ရစ်သော အရိုးစုကို ကြည့်ခြင်းအားဖြင့် သူသေဆုံးခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာခဲ့ပြီမှန်းတောင် မသိနိုင်တော့ပေ။

ဤလောကရှိ အရာအများစုသည် အချိန်၏ တိုက်စားမှုကို ခံနိုင်ရည်မရှိကြပါချေ။

ဤမျှ ကြာမြင့်သော အချိန်ကာလ ပြီးနောက်တွင် သူ့အကြောင်း ပုံပြင်များ မည်မျှ ကျန်ရစ်နေဦးမည် ဆိုသည်မှာ မသေချာတော့။

ခေတ္တမျှ တွေးတောပြီးနောက် လုချင်းသည် အခြားသော အချက်အလက်များဆီသို့ အာရုံပြောင်းလိုက်လေသည်။

လီဝေ့ထျန်း ချန်ထားခဲ့သော အချက်အလက်များတွင် ဂူ၏ မူလအစအချို့ကိုလည်း ဖော်ပြထား၏။

လီဝေ့ထျန်း၏ အဆိုအရ ဤဂူသည် လွန်စွာ ရှေးကျသော အချိန်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။

သူသည် မတော်တဆ ရရှိခဲ့သော ရှေးဟောင်းစာအုပ်တစ်အုပ်ပါ အပိုင်းအစ မှတ်တမ်းများကို အခြေခံ၍ ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မူလက ဤနေရာတွင် ကာကွယ်ရေး အစီအရင်များ ရှိခဲ့သော်လည်း အချိန်ကာလ ကြာမြင့်စွာ ကုန်ဆုံးသွားမှုကြောင့် သူရောက်ရှိလာချိန်တွင် အစီအရင်များ အားနည်းနေပြီဖြစ်ရာ သူသည် တစ်ခုပြီးတစ်ခု ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေသည်။

သို့တိုင်အောင် အစီအရင်များကို ချိုးဖျက်ခြင်းသည် သူ၏ စွမ်းအင်များစွာကို ကုန်ဆုံးစေခဲ့ပြီး ၎င်းသည် သူ၏ အဆင့်တက်လှမ်းမှု ကျရှုံးရခြင်း အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်ခဲ့ရလေသည်။

ထိုသည်ကို မြင်လိုက်ရသောအခါ၌ လုချင်းမှာ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီပင်။

ထိုသို့ဆိုလျှင် သူနှင့် ရှောင်လီတို့ ဝင်လာစဉ်က မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရခြင်းမှာ အံ့ဩစရာ မရှိတော့။ ဤမျှ အံ့ဖွယ်ကောင်းသော နေရာ၌ အဘယ်ကြောင့် ကာကွယ်ရေးများ မရှိသနည်းဟု သူ တွေးတောခဲ့မိပါ၏။

လက်တွေ့တွင်မူ ဤမွေးရာပါနယ်ပယ် သိုင်းပညာရှင်က သူတို့အတွက် အတားအဆီးများကို ရှင်းလင်းပေးခဲ့ခြင်း ဖြစ်နေသည်။

လီဝေ့ထျန်းက ကျောက်စိမ်းပြားထဲတွင် ဖော်ပြထားသည်မှာ သူ ဂူထဲသို့ ပထမဆုံး ဝင်ရောက်စဉ်က အတွင်းမှ မြင်ကွင်းကြောင့် အံ့အားသင့်ခဲ့ရသည်ဟု ဆိုသည်။

ပထမဆုံးအနေဖြင့် ကျောက်စိမ်းစင်မြင့်ပေါ်တွင် စုစည်းနေသော မြေကမ္ဘာသွေးကြော ဝိညာဉ်အရည် (Earth Vein Spirit Liquid) ဟုခေါ်သည့် ရှေးဟောင်းစာအုပ်များထဲတွင်သာ တွေ့ဖူးသော ရှားပါးရတနာ ဖြစ်သည်။

ဤဝိညာဉ်အရည်သည် သေသူကို အသက်ပြန်ရှင်စေနိုင်ခြင်း၊ သက်တမ်းရှည်စေခြင်းနှင့် ကျင့်ကြံခြင်း ပါရမီကို တိုးတက်စေနိုင်ခြင်းတို့ကြောင့် သိုင်းပညာရှင်များစွာ လိုချင်တပ်မက်ကြသော ရတနာတစ်ပါး ဖြစ်လေသည်။

ဤမျှ ထူးခြားသော ရတနာကို ဤကဲ့သို့ မထင်မရှား တောင်ချိုင့်ဝှမ်းအတွင်း၌ တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့မိပေ။

ကံမကောင်းစွာဖြင့် ထိုရတနာသည် သာမန်လူများနှင့် မွေးဖွားပြီးနယ်ပယ်သိုင်းပညာရှင်များ၊ သာမန် မွေးရာပါနယ်ပယ် သိုင်းပညာရှင်များအတွက်သာ အကျိုးကျေးဇူး များပြားလှသည်။

မွေးရာပါနယ်ပယ်၏ အစွန်းအဖျားကိုတောင် ရောက်ရှိနေသည့် သက်တမ်းကုန်ဆုံးခါနီး ဖြစ်နေသော လီဝေ့ထျန်းအတွက်မူ အသုံးဝင်မှု နည်းပါးလှ၏။

အဘယ်ကြောင့်ဆိုသော် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ သက်တမ်းကန့်သတ်ချက်သည် သဘာဝတရား၏ နိယာမများအရ သတ်မှတ်ထားခြင်း ဖြစ်ရာ မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်ကဲ့သို့သော ရှားပါးရတနာပင်လျှင် ဤနိယာမများကို မချိုးဖျက်နိုင်သောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့် လီဝေ့ထျန်းသည် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ဝိညာဉ်အရည် အားလုံးကို သောက်သုံးလိုက်လျှင်ပင် ဂူထဲသို့ အတင်းဝင်ရောက်စဉ်က ရရှိခဲ့သော ဒဏ်ရာများကို ကုသပေးရုံမှတစ်ပါး အခြား အကျိုးကျေးဇူးများစွာ ရနိုင်မည် မဟုတ်ချေ။

သို့သော် မြေကမ္ဘာသွေးကြော ဝိညာဉ်အရည်အပြင် လီဝေ့ထျန်းကို ပိုမို စိတ်လှုပ်ရှားစေခဲ့သည်မှာ ကျောက်စိမ်းဂူကို ဖန်တီးပြုလုပ်ခဲ့သူ ချန်ရစ်ခဲ့သည့် ဝိညာဉ်အရည်ကို စုစည်းရာတွင် အသုံးပြုသော လျှို့ဝှက်ဆန်းကြယ်သည့် ဂါထာမန္တန်များပင် ဖြစ်သည်။

ထိုဂါထာမန္တန်များမှတစ်ဆင့် လီဝေ့ထျန်းသည် မွေးရာပါနယ်ပယ်အထက်ရှိ နယ်ပယ်အဆင့်မှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ အရိပ်အမြွက်ကို မြင်တွေ့ခဲ့ရလေသည်။

ထိုအချိန်တွင် သူ၏ သက်တမ်း ကုန်ဆုံးခါနီး ဖြစ်နေပြီဖြစ်ရာ သူသည် ကျောက်စိမ်းစင်မြင့်ထဲရှိ နှစ်တစ်ထောင်နီးပါး သက်တမ်းရှိသော ဝိညာဉ်အရည်များကို တစ်ရှိန်ထိုး မော့သောက်လိုက်တော့၏။

ထို့နောက် သူရရှိထားသော ထိုးထွင်းသိမြင်မှုနှင့် ဝိညာဉ်အရည်၏ စွမ်းအားကို အသုံးပြု၍ အဆင့်တက်လှမ်းရန် မျှော်လင့်ချက်ဖြင့် မိမိကိုယ်ကို ပိတ်လှောင်ကာ ကျင့်ကြံခဲ့သည်။

မမျှော်လင့်စွာဖြင့် နောက်ဆုံးတွင်တော့ သူ ကျရှုံးခဲ့ရလေသည်။

သူ၏ စွမ်းအင်နှင့် ဝိညာဉ်တို့ ကုန်ခမ်းသွားပြီး မွေးရာပါနယ်ပယ် အထက်ရှိ ထိုလျှို့ဝှက်ဆန်းကြယ်သော နယ်ပယ်သို့ သူ မရောက်ရှိနိုင်ခဲ့ပေ။

All Chapters