← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အပိုင်း ( 517 )

ပဥ္စမအဆင့် အထွတ်အထိပ်၊ ဓာတ်ကြီးငါးပါးနှင့် ယင်ယန်ပေါင်းစည်းမှု

ဟေးလော်တောင်တန်း တပ်စခန်းရှိ ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီးသည် ကြီးမားသောတိုက်ပွဲ အစီအရင် ခုနစ်ခု(သို့) ရှစ်ခုကို ဖွဲ့စည်းထားခဲ့ပြီဖြစ်ကာ အမှတ် ၉ တပ်မကြီးကို ကူညီထောက်ပံ့ရန် ပြင်ဆင်နေကြသည်။

သူတို့က မည်သည့်အတွက် ဤမျှ အလျင်လိုနေရသလဲဆိုသည်ကား သူတို့သည် အမှတ် ၉ တပ်မကြီးထံမှ သတင်းများ ရရှိထားသောကြောင့် ဖြစ်သည်။

ကြယ်ပြာဂြိုဟ်၏ အမှတ် ၂ စစ်တပ်သည် ပြင်းထန်သော ထိုးစစ်များကို စတင်၍ ပြုလုပ်လာခဲ့သည်။

ထိုသတင်းကို ကြားသိလိုက်ရသောအခါတွင် ကမ္ဘာ့ကြယ်၏ အမှတ် ၃ တပ်မကြီးသည် သူတို့၏ တိုက်ပွဲအစီအရင်များကို ဖွဲ့စည်းကာ သွားရောက်ကူညီရန် ပြင်ဆင်နေတော့သည်။

မထင်မှတ်ထားစွာဖြင့် ထိုအချိန်တွင် ကြယ်ပြာဂြိုဟ် သူတို့ကို တားဆီးရန် တပ်ဖွဲ့ကြီးတစ်ခုကို စေလွှတ်လိုက်လေသည်။

ဝမ်ပေ့ဝမ်သည် ဟေးလော်တောင်တန်း နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး၊ စစ်တပ်နှစ်ခုသည် တစ်ဖွဲ့ကိုတစ်ဖွဲ့ အကဲခတ် ကြည့်ရှုနေကြသည်။

ကမ္ဘာ့ကြယ် တပ်မကြီး၏ တပ်မှူးမှာ အလယ်အလတ် သတ္တမအဆင့် ပညာရှင် မာကုကျွမ်ဖြစ်သည်။

ဤအခိုက်အတန့်တွင် မာကုကျွမ်သည် အဝေးရှိ ဝမ်ပေ့ဝမ်ကို ငေးကြည့်ကာ အေးစက်စွာ အော်ပြောလာခဲ့သည် “ မင်းတို့က ကောင်းကင်ဂိတ်ထဲကို ဘယ်လိုတောင် ခြေချရဲနေတာလဲ။ မင်းတို့က တစ်သက်လုံး အိမ်မပြန်နိုင်တော့မှာကို မကြောက်ဘူးလား “

ဝမ်ပေ့ဝမ်သည် အူလှိုက်သည်းလှိုက် ရယ်မော၍ ကျယ်လောင်စွာ ပြန်အော်ပြောလာခဲ့သည် “ မင်းတို့က ၃၈မျဥ်းပြိုင်ကို ဖြတ်နိုင်ပြီးတော့၊ ငါတို့က ဖြတ်လို့မရဘူးလား။ မာကုကျွမ်၊ ဒီနေ့ကတော့ မင်းရဲ့ သေနေ့ပဲ “

“ လူသုံးသောင်းလောက်ပဲပါတဲ့ ပုရွက်ဆိတ်တစ်အုပ်ကများ၊ ဒီလိုစကားမျိုးတွေကို ပြောရဲနေတယ်ပေါ့ “

မာကုကျွမ်သည် မထီမဲ့မြင်ပြုနေသော အမူအရာမျိုးဖြင့် အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။

တပ်ဖွဲ့နှစ်ခု၏ စစ်အင်အားက တူညီနေသော်လည်း၊ မာကုကျွမ်အတွက်မူ ကြယ်ပြာဂြိုဟ်၏ လူအင်အားက သူတို့ထပ် သုံးဆပိုမနေဘူးဆိုပါက၊ ၎င်းတို့မှာ ဟာသကြီးသပ်သပ်သာ ဖြစ်နေမည် ဖြစ်သည်။

ကမ္ဘာ့ကြယ်သည် သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

မာကုကျွမ်သည် သူ၏လက်အောက်ငယ်သား တပ်မှူးသုံးဦးကို ကြည့်ကာ လေးလေးနက်နက် စကားပြောလိုက်သည် “ အမှတ် ၁ တပ်မ၊ အမှတ် ၂ တပ်မ၊ မင်းတို့က အဲ့ကောင်တွေကို ချေမှုန်းဖို့နဲ့ ဒီနေရာကို စောင့်ကြပ်ဖို့အတွက် နောက်မှာ နေခဲ့ကြ။ အမှတ် ၃ တပ်မနဲ့ လွတ်လပ်ရေး တပ်မဟာက အမှတ် ၉ တပ်မကြီးကို သွားကူဖို့ ငါ့နောက်လိုက်ခဲ့ကြ “

“ ဟုတ် “

မာကုကျွမ်၏အမိန့်အောက်တွင် အမှတ် ၁နှင့် အမှတ် ၂ တပ်မတို့၏ တပ်မှမှူးသည် သူတို့၏ တပ်မများကို ဦးဆောင်ကာ ဝမ်ပေ့ဝမ်၏ စစ်တပ်ကို ရင်ဆိုင်ရန် အရှေ့သို့ ချီတက်လာကြသည်။

အမှတ် ၃ တပ်မနှင့် လွတ်လပ်ရေး တပ်မဟာတို့ကမူ မာကုကျွမ်၏ အနောက်သို့ လိုက်ပါ ပျံသန်းသွားကြသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါတွင် မာကုကျွမ်မှ ချက်ချင်း အမိန့်ပေးလာခဲ့သည် “ လီရွှေ၊ တပ်မှူးထန်၊ မင်းတို့က တပ်မဟာ ၁၂နဲ့ ၁၃ကို ဦးဆောင်ပြီးတော့ မာကုကျွမ်တို့ကို ဘေးဘက်ကနေ ကြားဖြတ်တိုက်ခိုက်ကြ။ မှတ်ထားပါ လုံးဝ ထိပ်တိုက်မရင်ဆိုင်နဲ့ “

“ ဟုတ် “

လီရွှေနှင့် တပ်မှူးထန်တို့သည် ချက်ချင်းလှုပ်ရှားလာကြသည်။

သူတို့သည် ဝမ်ပေ့ဝမ်၏ ဒုတပ်မမှူး နှစ်ဦးဖြစ်ပြီး၊ နှစ်ယောက်စလုံးမှာ အလယ်အလတ် သတ္တမအဆင့် ပညာရှင်များ ဖြစ်နေခဲ့သည်။

ဒုတပ်မမှူးနှစ်ဦးသည် တပ်မဟာ ၁၂နှင့် ၁၃တို့ကို ဦးဆောင်ကာ မာကုကျွမ်နောက်သို့ လိုက်ရန် လှည့်ထွက်သွားတော့သည်။

မာကုကျွမ်သည် တပ်မတစ်ခုနှင့် လွတ်လပ်ရေး တပ်မဟာတစ်ခုကို ဦးဆောင်နေလျက်ရှိသည်။

လွတ်လပ်ရေး တပ်မဟာဟုခေါ်ဆိုသော အရာမှာ ကြယ်ပြာဂြိုဟ်၏ သံချပ်ကာ တပ်ရင်းနှင့် တူညီသော တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လူငါးထောင် ဝန်းကျင်ပါဝင်ကာ ကမ္ဘာ့ကြယ်၏ ထိပ်တန်းတပ်ဖွဲ့တစ်ခု ဖြစ်သည်။

ကမ္ဘာ့ကြယ်၏ တပ်မနှင့် တပ်မဟာတစ်ခုတို့၏ ပေါင်းစပ်စွမ်းအားကို ကြယ်ပြာဂြိုဟ်၏ သံချပ်ကာ တပ်မဟာ နှစ်ခုက ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

အလယ်အလတ် သတ္တမအဆင့် ပညာရှင်နှစ်ဦး ပေါင်းထည့်ပေးလိုက်ခြင်းကပင် အခြေအနေကို များစွာပြောင်းလဲစေလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဝမ်ပေ့ဝမ်သည် သူတို့ကို ကြားဖြတ်တိုက်ခိုက်မှုသာ ပြုလုပ်ရန်နှင့် ထိပ်တိုက်မရင်ဆိုင်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။

ဟေးလော်တောင်တန်းအတွင်းတွင် တပ်ဖွဲ့နှစ်ခုလုံးသည် လူအင်အား နှစ်သောင်းကျော်ကို ရုတ်တရက် လက်လွှတ်လိုက်ရသည်။

သို့ရာ၌ နှစ်ဖက်စလုံးထံတွင် အင်အားနှစ်သောင်းစီ ကျန်ရှိနေသေးပြီး၊ တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင် တိုက်ခိုက်နေကြတော့သည်။

တပ်မဟာ ၂၃တွင် ကျုံးချန်သည် ဝမ်ပေ့ဝမ်၏ တပ်ဖြန့်ချထားမှုကို မြင်တွေ့သွားပြီး၊ သက်ပြင်းမချဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ ဒီတပ်မမှူး ဝမ်က ငါတို့တပ်မဟာကို တကယ်ကြီး အလေးအနက် မထားဘူးပဲ “

မည်သည့်အတွက်ကြောင့် တပ်မဟာ ၁၂နှင့် ၁၃တို့ကိုသာ ကြားဖြတ်တိုက်ခိုက်ခိုင်းလိုက်ရသနည်း။

၎င်းမှာ တပ်မဟာ ၂၃က အကြွင်းအကျန် စစ်သည်တော်များဖြင့် ဖွဲ့စည်းထားသောကြောင့်သာလျှင် မဟုတ်ဘဲ၊ သူတို့၏စွမ်းအားကိုပါ ရှင်းရှင်းလင်းလင် မသိရသေးသောကြောင့် ဖြစ်သည်။

ရန်သူ့၏ ပင်မတပ်မှူးကို ကြားဖြတ်တိုက်ခိုက်ရခြင်းမှာ အလွန်တရာ အရေးပါလှသောကြောင့်၊ တပ်ရင်း ၂၃အနေဖြင့် အဆင့်မှီရန် လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် ၁၀၈ တပ်မကို ထောက်ပံ့ရန်အတွက်သာ ကျန်နေခဲ့ရသည်။

ကျန်းယွမ်တုန်မှာလည်း တိတ်တဆိတ် သက်ပြင်းချနေတော့သည် “ လက်မခံလို့ မရဘူး၊ ငါတို့က အကြွင်းအကျန်တွေပဲလေ”

တပ်မဟာ ၂၃ရှိ လူတော်တော်များများက ၎င်းကို သိနေကြသည်၊ သူတို့သည် မကျေမနပ်ဖြစ်နေကြသော်လည်း၊ ၎င်းတို့ကို မျိုသိပ်ထားရုံသာ တတ်နိုင်ကြသည်။

သို့သော် ဝမ်ပေ့ဝမ်က တပ်မဟာ ၂၃ကို နောက်တွင်ချန်ထားခဲ့ရခြင်းမှာ တပ်မှူးဖြစ်သည့် ရှုကျိုး၏နယ်ပယ်က များစွာနိမ့်ပါးနေသောကြောင့် ဆိုသည်ကို မည်သူမှ မသိကြပေ။

သူသည် ထိုကဲ့သို့ အန္တရာယ်များလွန်းလှသော တာဝန်တစ်ခုအား ပဥ္စမအဆင့်နယ်ပယ်တွင်သာ ရှိသည့် တပ်မှူးတစ်ယောက်ထံသို့ လွှဲပြောင်းပေးအပ်လိမ့်မည် မဟုတ်ပေ။

ဝမ်ပေ့ဝမ်သည် ရှုကျိုးကို ကြည့်ကာ တလေးတနက်ဖြစ်နေသည့် လေသံမျိုးဖြင့် စကားပြောလာခဲ့သည် “ ဗိုလ်ချုပ်ရှု၊ လူရှစ်ထောင်ရှိသည့် အစီအရင်ကို ထိန်းချုပ်နိုင်လား။ ကျုပ်ကို လူပေးလို့ရတယ်၊ ကျုပ်က နောက်ထပ် လေးထောင်လောက်အထိတော့ တောင့်ခံနိုင်သေးတယ် “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ခင်ဗျားရဲ့ ကြင်နာတဲ့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ တပ်မမှူးဝမ်။ ကျွန်တော်က ဒီလူရှစ်ထောင်ကို အေးအေးဆေးဆေး ထိန်းချုပ်ပါတယ် “

ဝမ်ပေ့ဝမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ ရှုကျိုးက အင်အားကို ဖြုန်တီးနေသည်ဟု ခံစားနေခဲ့ရသည်။

ရှုကျိုးသည် သူ၏ကမ်းလှမ်းမှုကို အမှန်တကယ် ငြင်းပယ်ခဲ့ပေသည်။

သို့သော် ရန်သူ့တံခါးဝတွင် ရှိနေသောကြောင့် သူသည် များများစားစား ထပ်ပြောမနေတော့ဘဲ၊ ချက်ချင်း အမိန့်ပေးလာခဲ့သည် “ ဒါဆိုရင် နောက်ကျရင် မင်းက ဟေးလော်တောင်တန်းရဲ့ ဘေးဘက်ကို သွားပြီးတော့၊ ရန်သူ့တပ်တွေက ငါတို့ကို ကြားညှပ်တိုက်လာတာမျိုး မဖြစ်ရအောင် တားဆီးပါ “

“ ကောင်းပြီ “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

ဝမ်ပေ့ဝမ်က တစ်ဖက်သို့ လှည့်သွားချိန်တွင် ကျုံးချန်သည် မအောင့်ထားနိုင်တော့ဘဲ ရေရွတ်ပြောဆိုနေတော့သည် “ ဒီတပ်မမှူးဝမ်က ငါတို့ကို တကယ်ကြီး အထင်သေးနေတာပဲ “

“ ငါတို့တပ်တွေကို ယူဖို့ ကြိုးစားတာက ကိစ္စတစ်ခုဆိုပင်မဲ့၊ အခုကျတော့ ငါတို့ကို ဘေးဘက်ကို ပို့နေပြန်ပြီ။ ဟေးလော်တောင်တန်း၏ ဘေးဘက်ဒေသတွေက တော်တော်ကြီးကို အန္တရာယ်များတာလေ၊ ဘယ်သူကမှ အဲ့ဘက်ကို သွားမှာ မဟုတ်ဘူး၊ ငါတို့က ရန်သူတွေကို မသတ်နိုင်တော့ဘူးထင်တယ် “

သူသာလျှင် မဟုတ်ဘဲ ကျန်းယွမ်တုန်မှာလည်း သူ၏ ယူနစ်က ပစ်မှတ်ထား ဘေးဖယ်ခံနေရသည်ဟု ခံစားသွားရကာ ဒေါသတကြီး ဖြစ်နေတော့သည်။

ရှုကျိုးသည် လက်ဝေ့ယမ်းပြကာ စကားပြောလာခဲ့သည် “ အဲ့လို ဖြစ်နေဖို့ မလိုအပ်ပါဘူး၊ တပ်မမှူးဝမ်ကလည်း ရှုထောင့်ပေါင်းစုံကနေ စဥ်းစားနေတာပေါ့ “

ဟေးလော်တောင်တန်း၏ ဘေးဘက်ဒေသများမှာ အလွန်အန္တရာယ်များသောကြောင့်၊ ၎င်းသည် နောက်တွင်ကျန်နေခဲ့သူများကို ချေမှုန်းရန်အတွက် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံးသော နေရာတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

အကယ်၍ ရန်သူကသာ ဘေးဘက်မှ တိုက်ခိုက်ရန်အတွက် တပ်ဖွဲ့ငယ် တစ်ခုကို အမှန်တကယ် စေလွှတ်လာခဲ့မည်ဆိုပါက တပ်မဟာ ၂၃သည် အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားမည် ဖြစ်သည်။

ဝမ်ပေ့ဝမ်သည် ရှုကျိုး၏ နယ်ပယ်က အတော်လေး နိမ့်ကျသည်ဟု ခံစားနေရသောကြောင့် သူတို့ကို ဘေးဖက်သို့ ပို့လိုက်ရခြင်း ဖြစ်သည်။

သို့သော် တပ်မဟာ ၂၃၏စစ်သည်တော်များကမူ ထိုကဲ့သို့ မယူဆခဲ့ပေ။

သူတို့သည် ရန်သူများကို သတ်ဖြတ်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်၊ သို့သော် သူတို့သည် ဘေးဘက်သို့သာ ရောက်သွားခဲ့သည်၊ ၎င်းမှာ ဒေါထွက်ဖွယ်ကောင်းလွန်းလှသည်

“ သွားကြစို့ “ ရှုကျိုးကမူ အကောင်းမြင်နေစဲသာ ဖြစ်သည် “ ရန်သူတွေကလည်း ဒီလိုဖြစ်နိုင်ခြေမျိုးကို တွေးမိနိုင်တယ်၊ ဒါဆိုရင် ငါတို့က အကျိုးအမြတ် ကြီးကြီးမားမား ရသွားတာပဲ မဟုတ်ဘူးလား “

…

မကြာခင် အချိန်မှာပင် တပ်မဟာ ၂၃သည် ဟေးဟော်တောင်တန်း၏ ဘေးဘက်သို့ ရောက်ရှိလာခဲ့သည်။

ဤနေရာ၏ မြေမျက်နှာ သွင်ပြင်အနေအထားသည် အလွန်တရာ အန္တရာယ်များနေခဲ့ပြီး၊ ကောင်းကင်ကို ပိတ်လှောင်ထားသည့် မြူထုနှင့် ထူးဆန်းသော တောင်ကြီးများ ရှိနေခဲ့ကာ မီတာတစ်ထောင်အမြင့်အထိ ပျံသန်းလာလျှင်တောင်မှ လမ်းကိုရှာဖွေနိုင်လိမ့်မည် မဟုတ်ပေ။

…………………………………………………………………………………………………………………………………………

အပိုင်း ( 518 )

ပဥ္စမအဆင့် အထွတ်အထိပ်၊ ဓာတ်ကြီးငါးပါးနှင့် ယင်ယန်ပေါင်းစည်းမှု ၂

၎င်းမှာ ဟေးလော်တောင်တန်း၏ အန္တရာယ်များသော ဘေးဘက်ဒေသဖြစ်သည်။

တပ်မဟာ ၂၃က ဤနေရာသို့ ရောက်ရှိလာသောအခါတွင် ကျုံးချန်သည် ထပ်မံ၍ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဒီသောက်ကျိုးနည်း အမှိုက်လိုနေရာကို၊ ရူးနေတဲ့ လူတွေပဲ ရောက်လာလိမ့်မယ် “

ကျန်းယွမ်တုန်မှာ သူ၏ဘေးဘက်တွင် ရပ်နေခဲ့သည်၊ သူတို့သည် အတော်လေး ရင်းနှီးနေကြပြီ ဖြစ်သည် “ ကောင်းပြီလေ၊ ညီအစ်ကိုတို့၊ ဒီမှာပဲ နေကြတော့၊ ငါတို့အတွက် ရှားပါးတဲ့ နားချိန်လေးပေါ့ကွာ “

“ ဘုမ်းးး “ “ ဝုန်းးးးး “

ထိုအချိန်တွင် ထိတွေ့တိုက်ခိုက်မှု အသံများသည် သိပ်မဝေးသော နေရာမှ ပေါ်ထွက်လာခဲ့သည်။

တပ်မဟာ ၂၃မှ လူများသည် ဝမ်ပေ့ဝမ်က ကမ္ဘာ့ကြယ် တပ်မနှင့် တိုက်ခိုက်နေပြီဆိုသည်ကို သိသွားကြသည်။

တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်၍ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက လူတစ်ဦးသည် စစ်တပ်နှစ်ခု ရင်ဆိုင်တိုက်ခိုက်နေသည်ကို မှုန်ဝါးဝါး မြင်တွေ့ရမည် ဖြစ်သည်။

လူတော်တော်များများသည် စိတ်ဓာတ်များ တက်ကြွသွားတော့သည်။

“ ငါလည်း တကယ် တိုက်ချင်နေပြီကွာ “

“ အဲ့တာက စစ်ပွဲအမှတ်တွေအတွက် ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ “

“ တကယ်လို့ ငါတို့ တပ်မှူးရှုကသာ နည်းနည်းလေး မာဆတ်ဆတ် လုပ်လိုက်မယ်ဆိုရင်၊ ငါတို့က ဒီနေရာမှာ ဖင်ခုထိုင်နေရမှာ မဟုတ်ဘူး “

“ တကယ်လို့ ငါ့ကို လာမေးရင်တော့၊ တပ်မမှူးဝမ်ဆီကို လူလေးထောင် လွှဲပေးလိုက်ရတာက ပိုကောင်းတယ်၊ ငါတို့ တပ်မှူးရှုက လူရှစ်ထောင်ပါတဲ့ တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ပါ့မလား “

တပ်မဟာ ၂၃အတွင်း၌ လူတစ်ချို့သည် တီးတိုးပြောဆိုစပြုလာခဲ့ပြီ ဖြစ်သည်။

လူတစ်ချို့သည် ရှုကျိုး၏ အားနည်းမှုကြောင့် သူတို့က တိုက်ပွဲတွင် ဝင်မပါရဘဲ ဤနေရာသို့ ရောက်လာရသည်ဟုပင် တွေးထင်သွားခဲ့သည်။

သူတို့သည် ရှုကျိုး အပြစ်တင်နေကြခြင်း မဟုတ်ပေ၊ သာမန်စစ်သည်တော်များအတွက် စစ်ပွဲရမှတ်ကို ရရှိရန်မှာ အလွန်တရာ ခက်ခဲလွန်းသောကြောင့်သာ ဖြစ်သည်။

ယခုလက်ရှိ ဖြစ်ပွားနေသည့် အကြီးစား တိုက်ပွဲကြီးသည် စစ်ပွဲရမှတ်များ ရရှိနိုင်မည့် အကောင်းဆုံးသော အခွင့်အလမ်း ဖြစ်သည်။

သို့သော် သူတို့သည် တိုက်ပွဲသို့ မသွားခဲ့ရကြပေ။ ၎င်းမှာ မည်မျှ စိတ်ညစ်ဖွယ်ကောင်းလိုက်သနည်း

“ မင်းတို့က ဘာတွေ စကားများနေကြတာလဲ “ ကျန်းယွမ်တုန်မှ ရုတ်တရက် အော်ငေါက်လာခဲ့သည် “ “ မင်းတို့အားလုံး၊ ပါးစပ်ပိတ်ထားကြ “

အလယ်အလတ် ဆဌမအဆင့်၊ ဗိုလ်မှူးကြီးတစ်ဦး၏ အော်ဟစ်မှုကြောင့် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကျန်းယွမ်တုန်သည် သူ့ကို ဝေ့ကြည့်ကာ လေသံတိုးတိုးလေးဖြင့် မာမာထန်ထန် ပြောလာခဲ့သည် “ တကယ်လို့ မင်းတို့က ပေါက်ပေါက်ဖောက်နေဦးမယ်ဆိုရင်၊ တပ်မှူးက မင်းတို့ကို ဘာမှမလုပ်ဘူးဆိုရင်တောင်မှ၊ ငါက မင်းတို့ကို ကိုင်တွယ်ပေးမယ် “

ထိုစကားလုံးများနှင့်အတူ တပ်မဟာ ၂၃သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့ပြီး၊ မည်သူကမှ စကားမပြောရဲကြတော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် မနေနိုင်တော့ဘဲ ရှုကျိုးကို လှမ်းကြည့်လာခဲ့သည်။

ကိစ္စများက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း၊ သူတို့၏ တပ်မှူးရှုကမူ အေးအေးလူလူဖြင့် အတွေးကောင်းနေစဲပင် ဖြစ်သည်။

ထိုအချိန်တွင် ရှုကျိုးသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်၊ သူက မည်သည့်ကိစ္စများ တွေးတောနေလဲဆိုသည်ကား သူ၏အဆင့်ထိုးဖောက်မှု အကြောင်းသာလျှင် ဖြစ်သည်။

“ အခုဆိုရင် ငါက အဆင့်၅ အထွတ်အထိပ်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်၊ ဆိုတော့ ဒီနေရာမှာ ဘာလို့ အဆင့်မတက်လိုက်ရမှာလဲ “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။

ရက်ပေါင်းများစွာတိုင်အောင် ဆက်တိုက်လေ့ကျင့်လာခဲ့ပြီးသည့်နောက်တွင် သူသည် နှောင်းပိုင်း ပဥ္စမအဆင့်နယ်ပယ်၏ အတားအဆီးက လျော့တိလျော့ရဲ ဖြစ်နေပြီဟု ခံစားနေခဲ့ရသည်။

သူ၏ဓာတ်ကြီးငါးပါး နားလည်မှုမှာလည်း ဩချဖွယ်ကောင်းသည်အထိ ကြည်လင်ရှင်းလင်းလာခဲ့ပြီး၊ အချိန်မရွး အဆင့်ထိုးဖောက်ရန်အတွက် အသင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယခုလက်ရှိ အချိန်မှာ လုပ်စရာမရှိသည့် ပြီးပြည့်စုံသော နားချိန်ဖြစ်နေသောကြောင့် ၎င်းကို အခွင့်ကောင်းယူကာ အဆင့်ထိုးဖောက်ရမည် ဖြစ်သည်။

“ အဆင့်၅ အထွတ်အထိပ်ကို ရောက်သွားရင် ငါ့ရဲ့ တိုက်ပွဲ အစီအရင် ထိန်းချုပ်နိုင်စွမ်းကလည်း ပိုပြီးတော့ တိုးတက်လာမှာပဲ၊ အဲ့အချိန်ကျရင် အဆင့်မြင့် ပညာရှင်နဲ့တောင် ယှဥ်နိုင်သွားလောက်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်းကို ရပ်တန့်ကာ မျက်လုံးများ မှိတ်လိုက်ပြီး စတင်၍ ကျင့်ကြံနေတော့သည်။

သူသည် ရန်သူ့အင်အားစုက အမှန်ကတယ် တိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန်နေခဲ့သည်၊ ထို့ကြောင့်ပင် အစောပိုင်း အချိန်းများအတွင်းက ဖြစ်ပွားခဲ့သည့် စစ်သည်တော်တို့၏ တီးတိုးပြောဆိုမှုများကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

ကျန်ရှိနေသည့် ကိစ္စများကို သူအဆင့်တက်ပြီးမှ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။

သူသည် ဤတစ်ကြိမ် အဆင့်ထိုးဖောက်မှုက မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

…

ရှုကျိုးအဆင့်ထိုးဖောက်နေစဥ် အချိန်တွင်

ဟေးလော်တောင်တန်း အဓိကစစ်မြေပြင်တွင် စစ်တပ်နှစ်ခုစလုံးသည် ပြိုင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေလျက်ရှိသည်။

၁၀၈ သံချပ်ကာ တပ်မသည် ထိပ်တန်း ယူနစ်တစ်ခုဆိုသည့် ၎င်း၏အမည်နှင့် အမှန်တကယ် ထိုက်တန်နေခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်မှာပင် မတုန်မလှုပ် တည်ငြိမ်နေခဲ့သည်။

ထိုကဲ့သို့ ဖြစ်နေရသည့် အရေးအကြီးဆုံးအကြောင်းပြချက်မှာ နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်ဖြစ်သူ ဝမ်ပေ့ဝမ်က ဤတိုက်ပွဲကို ကြီးကြပ်နေသောကြောင့် ဖြစ်သည်။

ကမ္ဘာ့ကြယ် သိုင်းပညာရှင်များသည် နယ်ပယ်တူတွင် အလွန်တရာ အစွမ်းထက်ကြသည်။

သို့သော် သူတို့ထပ် အဆင့်သေးနှစ်ဆင့် မြင့်မားသည့် ဝမ်ပေ့ဝမ်နှင့် ရင်ဆိုင်နေရချိန်တွင် သူတို့သည် သူ၏ပြိုင်ဘက် ဟုတ်မနေခဲ့ပေ။

ကမ္ဘာ့ကြယ် တပ်မနှစ်ခုက လူအင်အားပိုများသောကြောင့်သာလျှင် ဤအချိန်အထိ အချိန်အတော်ကြာ တောင့်ခံနေနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေ့ဝမ်သည် စစ်သည်တော် တစ်သောင်း ပါဝင်သည့် တိုက်ပွဲ အစီအရင်ကိုထိန်းချုပ်ကာ သူ၏ နယ်ပယ်အားသာချက်ကို အသုံးပြု၍ ကမ္ဘာ့ကြယ် တပ်မနှစ်ခုကို ဖြည်းဖြည်းချင်း ဖိနှိပ်နေခဲ့သည်။

ထိုအချိန်မှာပင် ဝမ်ပေ့ဝမ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည် “ တစ်ခုခုတော့ မှားနေပြီ “

“ တပ်မနှစ်ခုမှာ ဘယ်လိုလုပ် လူငါးထောင်စီပဲ ရှိနေရတော့တာလဲဟ “

တိုက်ပွဲ အစီအရင် အလင်းတန်း၏ ကာကွယ်မှု၊ ၎င်းသည် စိတ်ဝိညာဥ် ထောက်လှမ်းခြင်းနှင့် အမြင်အာရုံတို့ကိုပင် တားဆီးပိတ်ဆို့နိုင်ကြသောကြောင့် အစီအရင်အတွင်းရှိ ရန်သူများက မည်သည့်အရာများ ပြုလုပ်နေလဲဆိုသည်ကို တစ်ဖက်လူက မြင်တွေ့ရန်မှာ မဖြစ်နိုင်လှပေ။

သို့သော် သူတို့က တဖြည်းဖြည်း အသာစီးရလာသည့် အချိန်တွင် ဝမ်ပေ့ဝမ်သည် ရန်သူ၏ စစ်အင်အားက လျော့နည်းနေသည်ကို သတိပြုမိသွားခဲ့သည်။

ယခုလေးတင် သူသည် ရန်သူ၏ တပ်မနှစ်ခုတွင် စုစုပေါင်း လူအင်အား တစ်‌သောင်းကျော်မျှသာ ကျန်နေခဲ့သည်ကို သိရှိလိုက်ရသည်။

လူအယောက် တစ်သောင်း ပါဝင်သည့် တိုက်ခိုက်ရေးအစီအရင်ဖြင့် သူအသာစီးရနေခဲ့သည်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ရန်သူ့ဘက်မှ နောက်ထပ် လူအင်အား အယောက် တစ်သောင်းသည် တိုက်ပွဲအတွင်းသို့ မပူးပေါင်းလာသေးပေ။

“ သူတို့က ငါတို့ကို အနောက်ဘက်ကနေ ညှပ်တိုက်ဖို့ စီစဥ်နေကြတာလား “ ဝမ်ပေ့ဝမ်၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။

အရှေ့အနောက် ညှပ်တိုက်ခြင်းသည် ကမ္ဘာနှစ်ခုစစ်ပွဲတွင် အသုံးများသည့် နည်းဗျူဟာတစ်ခု ဖြစ်သည်။

အထူးသဖြင့် ဟေးလော်တောင်တန်းဒေသကဲ့သို့ ရှုပ်ထွေးပွေလီလွန်းသည့် နေရာတွင်ဖြစ်ပြီး၊ လှည့်ကွက်များကို သေချာပေါက် အသုံးပြုနိုင်ပေသည်။

ဝမ်ပေ့ဝမ်သည် ထိုအကြောင်းကို ယခင်ကတည်းက တွေးမိထားခဲ့သည့်အတွက် တပ်မဟာ ၂၃ကို ဟေးလော်တောင်တန်းဒေသ၏ ဘေးဘက်သို့ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် သူသည် ရန်သူက အများဆုံးအနေဖြင့် စစ်အင်အား နှစ်ထောင်၊ သုံးထောင်လောက်ကိုသာ ဘေးဘက်သို့ စေလွှတ်လိုက်မည်ဟု ယုံကြည်နေခဲ့သည်၊ ၎င်းကို ပဥ္စမအဆင့် တပ်မှူး ဦးစီးသည့် တပ်မဟာ ၂၃က ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော် သူသည် ကမ္ဘာ့ကြယ် စစ်တပ်က သူ၊ ဝမ်မေ့ဝမ်ကို အထင်သေးနေကာ လူအင်အား တစ်သောင်းကျော်နှင့်သာ တိုက်ခိုက်နေခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဟေးလော်တောင်တန်းရဲ့ ဘေးဘက် …. “

ဝမ်ပေ့ဝမ်သည် ဘေးဘက်သို့ မကြည့်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်၊ လူတစ်သောင်းပါဝင်သည့် ကမ္ဘာ့ကြယ်တပ်ဖွဲ့က တပ်မဟာ ၂၃ကို မြင်တွေ့သွားသည်နှင့်တစ်ပြိုင်နက် တပ်မဟာ ၂၃တစ်ခုလုံးက အပြတ်ရှင်းခံလိုက်ရမည်ဆိုသည်ကို သိနေခဲ့သည်။

“ ရှေ့က လူတွေကို မြန်မြန်ရှင်းပြီးတော့ တပ်မဟာ ၂၃ကို သွားကူရမယ် “

ထိုအတွေးနှင့်အတူ ဝမ်ပေ့ဝမ်သည် အားကုန်ထုတ်သုံးကာ အရှေ့ဘက်ရှိ ကမ္ဘာ့ကြယ် တိုက်ပွဲ အစီအရင်ကို ဖိနှိပ်နေတော့သည်။

…

ဟေးလော်တောင်တန်း၏ ဘေးဘက်

တပ်မဟာ ၂၃နှင့် မိုင်၅၀အကွာတွင်

စစ်သည်တော် တစ်စုသည် အရှေ့ဘက်သို့ တွားသွားသွားနေလျက်ရှိသည်။

အကယ်၍ အနီးကပ် ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက၊ ထိုလူများက ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီးလက်အောက်မှ အမှတ် ၂ တပ်မဖြစ်နေသည်ကို သိရှိသွားရမည် ဖြစ်သည်။

အမှတ် ၂ တပ်မသည် အရှေ့သို့ တွားသွားသွားနေခဲ့ပြီး၊ ၁၀၈ သံချပ်ကာ တပ်မကို တစ်ချက်တည်း ဖြိုခွဲရန် ကြံရွယ်နေရင်းဖြင့် ဘေးတစ်ဖက်မှ ခိုးဝင်တိုက်ခိုက်ရန် ပြင်ဆင်နေလျက်ရှိသည်။

ဤအခိုက်အတန့်တွင် ထိုလူများ၏ အရှေ့ဘက်တွင် ရှိနေသည့် တပ်မှူးဖြစ်သူ၊ အစောပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်သူ ရွှီကျီပေါ်သည် သူတို့၏ ပတ်ဝန်းကျင်ကို သတိတကြီး စူးစမ်းလေ့လာနေခဲ့သည်။

“ အားလုံးပဲ၊ သတိထားကြ “

ရွှီကျီ‌ပေါ်မှ သူ၏လက်အောက်ငယ်သားများကို ညွှန်ကြားလာခဲ့သည် “ ကြယ်ပြာကောင်တွေက ဘေးဘက်မှာ ကင်းပုန်းချထားနိုင်တယ်။ တကယ်လို့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို အားကုန်သုံးပြီးတော့ ချေမှုန်းပစ်လိုက် “

“ ဟုတ် “

ရွှီကျီပေါ်၏ ဦးဆောင်မှုအောက်တွင် လူတစ်သောင်းပါဝင်သည့် တပ်မတစ်ခုသည် အရှေ့သို့ ဖြည်းဖြည်းချင်း ချီတက်လာနေခဲ့သည်။

ရှေ့တက်လာလေလေ၊ တပ်မဟာ ၂၃နှင့် ပို၍ နီးကပ်လာလေလေပင်

…

တပ်မဟာ ၂၃ဘက်တွင်ကား

ရှုကျိုး၏ အဆင့်ထိုးဖောက်မှုသည် နောက်ဆုံးအဆင့်အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ သူ၏အရှိန်အဝါသည် ဆက်တိုက်အားကောင်းလာခဲ့သည်။

ကျုံးချန်နှင့် တစ်ခြားလူများသည် ရှုကျိုးက အဆင့်ထိုးဖောက်နေသည်ဆိုသည်ကို လျင်မြန်စွာ နားလည်သွားတော့သည်။

ကျုံးချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ ညီအစ်ကိုရှုက ဒီလိုအခြေအနေမျိုးမှာ အဆင့်တက်ဖို့ တကယ်ကြီး လုပ်နေတာလားဟ။ ကြည့်ရတာတော့ သူလည်းပဲ ဖိအားတွေကို ခံစားနေရတဲ့ပုံပဲ “

မလှမ်းမကမ်းရှိ ကျန်းယွမ်တုန်မှာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ တကယ်လို့ သူက အဆင့်၅ အထွတ်အထိပ်ကို အဆင့်တက်သွားခဲ့မယ်ဆိုရင်တောင်မှ အဲ့တာက နှောင်းပိုင်း အဆင့်၅နယ်ပယ်နဲ့ ကြီးကြီးမားမား ကွာဟနေမှာ မဟုတ်ဘူး “

နှောင်းပိုင်း ပဥ္စမအဆင့်နှင့် ပဥ္စမအဆင့် အထွတ်အထိပ်တို့ကြားရှိ ကွာဟချက်မှာ အမှန်ပင် ကြီးမားထင်ရှားနေခဲ့သည်။

သို့သော် ထိုကဲ့သို့ သေးငယ်သော ကွာဟချက်သည် အဆင့်မြင့် ပညာရှင်တို့နှင့် ရင်ဆိုင်ရချိန်တွင် အရေးမပါသည့်အလား ဖြစ်နေခဲ့သည်။

ရှုကျိုးကမူ ထိုလူများ၏ အတွေးများကို လုံးဝမသိပေ။ သူသည် သူက အတားအဆီးကို အပြည့်အဝ ကျော်ဖြတ်ရန်အတွက် ခြေတစ်လှမ်းသာ လိုတော့သည်ဆိုသည်ကို သိနေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

“ အရေးကြီးတဲ့ အချိန်တွေမှာတော့ ငါက ဆေးတွေကို အားကိုးနေရတုန်းပါပဲ “ ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားနေခဲ့သည်။

ပုံမှန် အခြေအနေများအောက်တွင် ပြုလုပ်ရသည့် အဆင့်ထိုးဖောက်မှုတစ်ခုသာဆိုပါက ရှုကျိုးသည် ၎င်းကို လိုအပ်နေမည် မဟုတ်ပေ၊ သို့သော် ယခုလက်ရှိ အချိန်၌ ရန်သူသည် သူတို့၏ တံခါးဝသို့ ရောက်နေပြီဖြစ်ပြီး၊ အန္တရာယ်များမှာလည်း ပတ်လည်ဝိုင်းနေလျက်ရှိသည်။

အရေးအကြီးဆုံး အရာသည် သူသည် ဤနေရာသို့ တဖြည်းဖြည်း ချဥ်းကပ်လာနေသည့် အင်အားစုတစ်ခုကို အာရုံခံမိနေခဲ့ခြင်းပင် ဖြစ်သည်။

ထို့ကြောင့် သူသည် တတ်နိုင်သမျှ အမြန်ဆုံး အဆင့်ထိုးဖောက်ရန်အတွက် ပုလင်းထဲတွင် ရှိနေသည့် ဆေးသုံးလုံးစလုံးကို တပြိုင်နက် သောက်သုံးလိုက်သည်။

“ ဂလု “

“ ဘုမ်းးးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ များပြားလွန်းလှသော သန့်စင်သည့် စွမ်းအင်တစ်ခုသည် ရှုကျိုး၏ခန္ဓာကိုယ်ထဲတွင် ပေါက်ထွက်လာခဲ့သည်။

“ ပေါင်းစည်းလိုက် “

ရှုကျိုးသည် သူ၏ကျင့်ကြံရေး နည်းစနစ်ကို အသက်သွင်းကာ အဆိုပါ စွမ်းအင်များကို ကလီစာငါးခု နတ်သန္ဓေသားဆီသို့ ပေးပို့လိုက်သည်။

မကြာခင် အချိန်မှာပင် ကလီစာငါးခု နတ်သန္ဓေသား၏ မျက်နှာပြင်ပေါ်တွင် ယင်ယန် အရောင်နှစ်ရောင်မှာ တဖြည်းဖြည်း ဖွဲ့စည်း ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ဓာတ်ကြီးကငါးပါး ပေါင်းစည်းမှုက အနေအထားတစ်ခုသို့ ရောက်ရှိသွားပြီး၊ ယင်ယန်ပေါင်းစပ်မှု နယ်ပယ်သို့ ရောက်ရှိသွားပြီဟု ညွှန်းဆိုနေခြင်း ဖြစ်သည်။

“ ဝုန်းးးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ အရှိန်အဝါသည် အရူးအမူး ပွင့်ထွက်လာခဲ့ပြီး၊ သူ၏ချီ-သွေးနှင့် စွမ်းအင်တို့မှာ အချိန်တိုအတွင်း သိသိသာသာအားကောင်း မြင့်တက်လာခဲ့ပြီး၊ ယခင်ကထပ် အဆပေါင်းများစွာ သာလွန်သွားခဲ့သည်။

“ အဆင့်တက်သွားပြီ၊ အဆင့် ၅ အထွတ်အထိပ် “

ရှုကျိုးသည် ပျော်ရွှင်ကြည်နူးနေသည့် အမူအရာမျိုးဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ချီ-သွေးနှင့် စွမ်းအင်တို့က အနည်းအနေဖြင့် သုံးဆတိတိ မြင့်တက်သွားသည်ဟု ခံစားနေခဲ့ရသည်။

၎င်းမှာ ပဥ္စမအဆင့် အထွတ်အထိပ်နှင့် နှောင်းပိုင်း ပဥ္စမအဆင့်တို့၏ ကွာဟချက်ဖြစ်သည်။

၎င်းမှာ အပေါ်ယံမြင်တွေ့ရသည့် ကွာဟချက်တစ်ခုသာ ဖြစ်သည်၊ ဤအဆင့်ထိုးဖောက်မှု၏ အကြီးမားဆုံးသော အကျိုးအမြတ်မှာ ဓာတ်ကြီးငါးပါးအပေါ်တွင် ရှိနေခဲ့သည့် သူ၏နားလည်နိုင်စွမ်းက အဆင့်သစ်တစ်ခုအထိ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

ထို့နောက်တွင် ရှုကျိုးသည် အရပ်မျက်နှာတစ်ဖက်သို့ လှည့်ကြည့်လိုက်ကာ မျက်လုံးများ အေးစက်သွားခဲ့သည်။

“ လူတစ်သောင်းပါတဲ့ တပ်မတစ်ခုလား။ အဲ့တာက ငါလိုချင်နေတဲ့ဟာပဲ “

သူသည် သူက ယခုလက်ရှိအချိန်တွင် မည်ကဲ့သို့‌သော စွမ်းအားမျိုး ထုတ်လွှတ်နိုင်မလဲဆိုသည်ကို သိချင်နေခဲ့သည်။

ရှုကျိုးသည် ချက်ချင်း အော်ပြောလာခဲ့သည် “ တပ်မဟာ ၂၃တစ်ခုလုံး ငါ့အမိန့်ကို နာခံကြ၊ စွမ်းအားကြီး တိုက်ခိုက်ရေး အစီအရင် ဖွဲ့ “

………………………………………………………………………………………………………………………………………

အပိုင်း ( 519 )

ပြီးပြည့်စုံသော အောင်ပွဲ၊ ဂုဏ်ယူခြင်းနှင့် စိတ်သက်သာရာရခြင်း

ရုတ်တရက် ပေါ်ထွက်လာသည့် ရှုကျိုး၏ အမိန့်ကြောင့် တပ်မဟာ ၂၃၏ စစ်သည်တော် အယောက်ရှစ်ထောင်စလုံး တအံ့တဩ ဖြစ်သွားကြသည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့သည် တစ်စုံတစ်ခုကို နားလည်သွားကြသည်၊ ရန်သူ ချဥ်းကပ်လာတာများလား။

စစ်မြေပြင်အတွင်းမှာတောင်မှ သူတို့သည် စွမ်းအားကြီး တိုက်ခိုက်ရေး အစီအရင်ကို ပေါ့ပေါ့ဆဆ မဖွဲ့စည်းကြဘဲ၊ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်မှသာ ၎င်းကို အသက်သွင်း အသုံးပြုလေ့ရှိသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက စွမ်းအင်စားသုံးမှု အလွန်တရာ မြင့်မားသောကြောင့် ဖြစ်သည်။

ကျန်းယွမ်တုန်သည် ကမ္ဘာ့ကြယ်၏ တပ်ဖွဲ့ကို အရင်ဦးဆုံး မြင်တွေ့သွားခဲ့သည်။

“ အဲ့တာက …. လူတစ်သောင်းပါတဲ့ တပ်မတစ်ခုလား “

“ ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီး လက်အောက်က အမှတ် ၂ တပ်မလား “

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါတွင် ကျန်းယွမ်တုန်သည် လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့သည်။

သူသည် ကမ္ဘာ့ကြယ်က ဟေးလော်တောင်တန်း ဘေးဘက်ဒေသဆီသို့ တပ်မတစ်ခုကို အင်အားအပြည့်အစုံဖြင့် စေလွှတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုအခိုက်အတန့်တွင် ကျန်းယွမ်တုန်သည် ရန်သူကို မြင်တွေ့လိုက်ရသည့်အတွက် မပျော်ရွှင်သွားခဲ့ဘဲ၊ စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

“ လူအယောက်တစ်သောင်းပါတဲ့ တပ်မတစ်ခု …….. ငါတို့က အဲ့တာကို ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲဟ။ တပ်မှူးက စွမ်းအားကြီး တိုက်ခိုက်ရေး အစီအရင်ဖွဲ့ဖို့ ပြောနေတာလားဟ “

သူက ဘာတွေ တွေးနေတာတုန်း

ရှုကျိုးက ကမ္ဘာ့ကြယ် တပ်မတစ်ခုကို တကယ်ကြီး ထိပ်တိုက်ရင်ဆိုင်တော့မလို့လား

တွေးကြည့်ရုံဖြင့်ပင် ကျန်းယွမ်တုန်သည် သူတို့၏ အကြွင်းအကျန် စုပေါင်းတပ်ဖွဲ့လေးက ကမ္ဘာ့ကြယ်၏ ထိပ်တန်းအဆင့် တပ်မတစ်ခုအား မည်သို့မျှ မရင်ဆိုင်နိုင်ဘူးဟုသာ ထင်နေခဲ့သည်။

ကျန်းယွမ်တုန်သည် အရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့ကာ ရှုကျိုးကို စကားပြောနေတော့သည် “ တပ်မှူး၊ ကျုပ်တို့နဲ့ ရန်သူ့အင်အားစုကြားက ကွာဟချက်က တော်တော်လေးကြီးနေတယ်၊ ကျုပ်တို့က ……. “

သူ့စကား မဆုံးခင် အချိန်မှာပင် ရှုကျိုးမှ လက်မြှောက်ပြ၍ ပြောလာခဲ့သည် “ ငါ့အမိန့်အတိုင်းသာ လိုက်လုပ်ပါ၊ စွမ်းအားကြီး တိုက်ခိုက်ရေးအစီအရင် ဖွဲ့ပြီးတော့ ရန်သူကို ကြိုဆိုဖို့ ပြင်ထားကြ “

“ ဒါက ….. “

ကျန်းယွမ်တုန်သည် ကြောက်အအ ဖြစ်သွားခဲ့ရသည်၊ သို့သော် စစ်မိန့်ဆိုသည်မှာ ဖြိုဖျက်၍ မရသော တောင်တန်းကြီးတစ်ခုဖြစ်သောကြောင့် သူသည် အံကြိတ်၍ ခေါင်းငြိမ့်ပြလိုက်ရသည် “ သိပါပြီ “

တပ်မဟာ ၂၃တစ်ခုလုံးသည် စတင်၍ လှုပ်ရှားလာကြတော့သည်။

…

ကျန်းယွမ်တုန်က ကမ္ဘာ့ကြယ်၏ အမှတ် ၂ တပ်မကို အာရုံခံမိခဲ့သည့် အချိန်မှာပင်

အမှတ် ၂ တပ်မအတွင်းရှိ ရွှီကျီပေါ်မှာလည်း တပ်မဟာ ၂၃၏ တည်ရှိမှုကို အာရုံခံမိသွားခဲ့သည်။

သူသည် လက်သီးဆုပ်ကို ရုတ်တရက် မြှောက်ကာ တပ်မတစ်ခုလုံးကို ရပ်တန့်ရန် အချက်ပြလိုက်သည်။

ထို့နောက်၌ သူသည် အရှေ့ဘက်ရှိ တပ်မဟာ ၂၃၏ အင်အားကို ချက်ချင်း ထောက်လှမ်းစစ်ဆေးနေတော့သည်။

“ လူရှစ်ထောင်ရှိတဲ့ သံချပ်ကာ တပ်တစ်ခုလား “

ရွှီကျီပေါ်၏ အမူအရာမှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်၊ ၎င်းမှာ သတင်းကောင်း မဟုတ်ပေ။

ဟေးဟော်တောင်တန်းဒေသ၏ ဘေးဘက်မှ ပတ်ကာ ၁၀၈ တပ်မ၏ အနောက်ဘက်သို့ အရောက်သွားရန်အလို့ငှာ အရှေ့ဘက်ရှိ လမ်းကြောင်းကို ဖြတ်သန်းသွားရမည်ဖြစ်ပြီး၊ ၎င်းမှာ တစ်ခုတည်းသော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ထို့ကြောင့်ပင် ဝမ်ပေ့ဝမ်က တပ်မဟာ ၂၃ကို ဤနေရာတွင် တပ်စွဲခိုင်းထားရခြင်း ဖြစ်ပြီး၊ ရန်သူကသာ ချုံခိုတိုက်ခိုက်လာမည်ဆိုပါက သူတို့သည် တပ်မဟာ ၂၃နှင့် အရင်ဦးဆုံး ရင်ဆိုင်ရမည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် အမှတ် ၂ တပ်မနှင့် တပ်မဟာ ၂၃တို့မှာ အမှန်တကယ် တွေ့ဆုံနေကြပြီ ဖြစ်သည်။

ရွှီကျီပေါ်က ရှေ့ဆက်တက်ရမလား၊ နောက်ပြန်ဆုတ်ရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေသည့် အချိန်တွင် သူ့ဘေးတွင် ရှိနေသည့် ဒုတပ်မှူးတစ်ဦးက ရုတ်တရက် စကားစပြောလာခဲ့သည် “ တပ်မှူး၊ အမှတ် ၁ တပ်မရဲ့ အခြေအနေက သိပ်မကောင်းဘူး၊ သူတို့ကို မြန်မြန်သွားကူမှ ဖြစ်မယ် “

“ ဘာဖြစ်တယ် “

ရွှီကျီပေါ်၏ အမူအရာ ပြောင်းလဲသွားသည် “ အမှတ် ၁ တပ်မက ၁၀၈ တပ်မကို မယှဥ်နိုင်ဘူးလား “

ထိုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် သူသည် ဤနေရာတွင် အချိန်ဆက်ဖြုန်းနေစရာ မလိုတော့ပေ။

အစပိုင်းတွင် သူသည် အဆိုပါ သံချပ်ကာ တပ်ဖွဲ့ဝင် ရှစ်ထောင်စလုံးကို သုတ်သင်ကာ ၁၀၈ တပ်မ၏ အနောက်ဘက်သို့ သွားရောက်မည်ဟု စီစဥ်နေခဲ့ခြင်း ဖြစ်သည်။

အင်အား ရှစ်ထောင်ပါဝင်သည့် သံချပ်ကာ တပ်ဖွဲ့က အနည်းငယ် ပြဿနာများသော်လည်း၊ လူအင်အား တစ်သောင်းပါဝင်သည့် ကမ္ဘာ့ကြယ် တပ်မမှာ ၎င်းကို အလွယ်တကူ ချေမှုန်းနိုင်ပေသည်။

သို့သော် ယခုတွင်ကား အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့် သူတို့သည် အမှတ် ၁ကို ထောက်ပံ့ရန်အတွက် ပြန်သွားရတော့မည် ဖြစ်သည်။

ရွှီကျီပေါ်က ပြန်ဆုတ်ရန် အမိန့်ပေးလာတော့မည့် အချိန်တွင်

“ ဘုမ်းးးး “

ကျယ်လောင်သော အသံတစ်သံသည် အရှေ့ဘက်မှ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်၌ ရွှီကျီပေါ်သည် စစ်သည်တော် ရှစ်ထောင် ပါဝင်သည့် အစီအရင်တစ်ခုက ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်ကာ လေထုထဲသို့ မြောက်တက်လာခဲ့ပြီး၊ ထို့နောက်တွင် သူတို့ဆီသို့ ဦးတည်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ချီးပဲ “

ရွှီကျီပေါ်သည် တစ်ဖက်လူက သူတို့၏တပ်မအား ရှာတွေ့သွားပြီဆိုသည်ကို သိသွားခဲ့သည်။

သို့ရာတွင် သူသည် စစ်ကူပေးရန်သာ စိတ်စောနေသောကြောင့် အဆိုပါ တပ်ဖွဲ့နှင့် ထိပ်တိုက်မရင်ဆိုင်လိုခဲ့ပေ။

ထို့ကြောင့် ရွှီကျီပေါ်မှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ ခုခံရေး အစီအရင်ဖွဲ့။ မူလလမ်းကြောင်းအတိုင်း ပြန်ဆုတ်မယ် “

ဆွစ်ရှ် ဆွစ်ရှ် ဆွစ်ရှ်

ချက်ချင်းဆိုသလိုပင် အမှတ် ၂ တပ်မမှ အစီအရင်ကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ရာ၊ ပိတ်ပိတ်ပိန်းအေင် မည်းမှောင်နေသည့် ဒိုင်းကာတစ်ခုသည် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့ပြီး၊ အမှတ် ၂ တပ်မတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

အမှတ် ၂ တပ်မသည် ကမ္ဘာ့ကြယ် အမှတ် ၃ တပ်မကြီး၏လက်အောက်တွင် ရှိနေသည့် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့ကသာ ထွက်သွားချင်သည်ဆိုပါက မည်သူကမှ သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် တပ်မဟာ ၂၃၏ အမြန်နှုန်းက သူထင်ထားသည်ထပ် ပိုမိုမြန်ဆန်နေသောကြောင့် ရွှီကျီပေါ်မှာ အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။

ရှုကျိုးသည် အစီအရင်၏ အထက်တွင် မတ်တပ်ရပ်နေကာ၊ စစ်သည်တော် အယောက်ရှစ်ထောင်စလုံး၏ စွမ်းအားများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသည်ဟု ခံစားနေခဲ့ရပြီး၊ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

အကယ်၍ သတ္တမအဆင့် ပညာရှင်တစ်ဦးဦးကသာ အဆိုပါ အရှိန်အဝါကို အာရုံခံမိသွားမည်ဆိုပါက သူက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည့်အလား ခံစားသွားရမည် ဖြစ်သည်။

ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ကောင်းကင်ကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားကို ပိုမိုကျွမ်းကျင် ပိုင်နိုင်စွာ ထိန်းချုပ်နေနိုင်ပြီ ဖြစ်သည်။

“ အခုဆိုရင် ငါက လူ၈ထောင်ပါတဲ့ ဒီတိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နေနိုင်ပြီ “

ရှုကျိုး၏ အကြည့်သည် အရှေ့ဘက်တွင် လျင်မြန်စွာ ဖြစ်ပေါ်လာသည့် အမှတ် ၂ တပ်မ၏အစီအရင် အပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူ၏လက်ထဲတွင် ရွှေနီရောင် ဓားရှည်တစ်လက် ဖြစ်တည်လာခဲ့သည်။

ဓားအူသံပင် ပေါ်ထွက်လာခဲ့ပြီး၊ ဓားအလင်းတန်းသည် မီတာ ငါးအထောင်အထိ ရှည်ထွက်လာခဲ့ကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်လုမတတ် ဖြစ်နေခဲ့သည်။

၎င်းနှင့်အတူ ကြုံးဝါးသံတစ်သံပါ ပေါ်ထွက်လာခဲ့သည် “ သတ် “

ဝရုန်းးး

မီတာ ငါးထောင်ရှည်လျားသည့် ကြယ်မြစ်ကဲ့သို့သော ဓားအလင်းတန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သယ်ဆောင်ကာ အရှေ့ဘက်ရှိ အမှတ် ၂ တပ်မပေါ်သို့ ကျဆင်းလာခဲ့သည်။

ဓားအလင်းတန်းက အလွန်တရာ ကြီးမားနေခဲ့သော်လည်း လျှပ်စီးကဲ့သို့ မြန်ဆန်နေခဲ့သည်။

၎င်းသည် အမှတ် ၂ တပ်မက ဖွဲ့စည်းထားသည့် အနက်ရောင် ဒိုင်းကာကို ထိမှန်သွားခဲ့သည်။

“ ဝရုန်းးး “

ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာ စွမ်းအင် လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ အရှေ့ဘက်ရှိ တောင်ကို ဆီးနှင်းများ လျှောကျလာသည့်အလား ပြိုကျသွားစေခဲ့သည်။

တပ်မဟာ ၂၃၏ တိုက်ခိုက်ရေး အစီအရင်အတွင်းရှိ ကျန်းယွမ်တုန်သည် အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ တပ်မှူးက အဲ့လိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်တာလားဟ “

အဆိုပါ တိုက်ကွက်၏ စွမ်းအားသည် သတ္တမအဆင့် (သို့) ၎င်း၏အထက်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့် ပညာရှင်များကသာလျှင် ကမ္ဘာမြေကို အလွယ်တကူ ဖျက်ဆီးနိုင်ပေသည်။

ရှုကျိုးက ထိုစွမ်းအားကို ထုတ်လွှတ်လိုက်ခြင်းသည် သူက အဆင့်မြင့် စွမ်းအင်များကို သယ်ဆောင်ထားရသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ပဥ္စမအဆင့် ပညာရှင်တစ်ဦးအတွက် ၎င်းမှာ အံ့ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

၎င်းသည် လူ၈ထောင်ပါဝင်သည့် တိုက်ခိုက်ရေး အစီအရင်အပေါ်တွင် ရှိနေသည့် ရှုကျိုး၏ ထိန်းချုပ်နိုင်စွမ်းက အလွန်တရာ မြင့်မားနေပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

“ ကြည့်ရတာတော့ အရင်က ငါသူ့ကို အထင်သေးမိနေတဲ့ပုံပဲ “

ကျန်းယွမ်တုန်သည် အရှေ့ဘက်ရှိ ရှုကျိုးကို ကြည့်ကာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

…

All Chapters