← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အပိုင်း ( 520 )

ပြီးပြည့်စုံသော အောင်ပွဲ၊ ဂုဏ်ယူခြင်းနှင့် စိတ်သက်သာရာရခြင်း ၂

ရှုကျိုးကမူ သူ၏အတွေးများကို မသိဘဲ အရှေ့ဘက်ရှိ အမှတ် ၂ တပ်မကိုသာ ငေးကြည့်နေခဲ့သည်။

သူ၏ ပြင်းထန်သော တိုက်ကွက်ကို ပြိုင်ဘက်၏ ခံစစ်က မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ ချက်ချင်းပြိုကွဲသွားခဲ့သည်။

ထိုအချိန်၌ အမှတ် ၂ တပ်မ၏ အပေါ်ဘက်တွင် ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

“ အဆင့်၅ နယ်ပယ်က အငယ်လေး၊ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မောက်မာနေရဲရတာလဲ “

ရွှီကျီပေါ်သည် မည်းမှောင်နေသော အမူအရာမျိုးဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည်။

ရှုကျိုး၏ နယ်ပယ်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိသွားခဲ့သည့်နောက်တွင် သူသည်လည်း တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် ပဥ္စမအဆင့်နယ်ပယ်မှ ဂျူနီယာတစ်ဦးက သူတို့၏ အမှတ် ၂ တပ်မကို လိုက်ဖမ်းနေရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကယ်၍ ထိုစကားသာ ပြန့်သွားမည်ဆိုပါက၊ သူတို့၏ အမှတ် ၂ တပ်မသည် ကမ္ဘာ့ကြယ်၏ ပြက်လုံးတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ရှုကျိုး၏ ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောအခါတွင် ရွှီကျီပေါ်သည် ဤလူများကို အရင်သုတ်သင်ပြီးမှ စစ်ကူပေးရန် ပြန်သွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ပဥ္စမအဆင့် နယ်ပယ် ဂျူနီယာတစ်ဦးမှ ဦးဆောင်သည့် လူရှစ်ထောင်ပါ တိုက်ပွဲအစီအရင်အား သူအလွယ်တကူ ချေမှုန်းနိုင်ပေသည်။

“ ကောင်လေး၊ ဒီနေ့တော့ ဒီကောင်းကင်ဂိတ်နယ်မြေက မင်တို့ ကြယ်ပြာကောင်တွေ ခြေချလို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာကို ပြပေးမယ် “

သူ၏ သတ္တမအဆင့် အရှိန်အဝါသည် အပြည့်အဝ ပေါက်ထွက်လာခဲ့သည်။

တပ်သားတစ်သောင်းပါ အစီအရင်၏ အားဖြည့်ပေးမှုအောက်တွင် သူ၏အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်မျိုးအထိ ရောက်ရှိသွားခဲ့သည်။

ထိုကဲ့သို့သော ဖိအားမျိုးအောက်တွင် တပ်မဟာ ၂၃၏ စစ်သည်တော်များသည် အင်အားကြီး ဆူနာမီတစ်လုံးနှင့် ရင်ဆိုင်နေရသည့်အလား အသက်ရှူကြပ်သွားခဲ့ရသည်။

“ ဟမ့် “

ရှုကျိုးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့ပြီး၊ အဆိုပါ ဖိအားကို ချက်ချင်း ပယ်ဖျက်လိုက်သည်။

သူသည် မထီမဲ့မြင်ပြုနေသော လေသံမျိုးဖြင့် စကားပြန်ပြောလိုက်သည် “ ဒီဟေားလော်တောင်တန်းနားမှာ ခိုးကြောက်ခိုးဝှက်လုပ်နေတာက ခင်ဗျားတို့ ကမ္ဘာ့ကြယ်က အဆင့်မြင့် ပညာရှင်တွေရဲ့ ပုံစံလား၊ အကုန်လုံးက ကြွက်ဖြစ်နေကြတာလား “

ရွှီကျီပေါ်သည် တစ်ခဏခန့်မှင်သက်သွားခဲ့ပြီး၊ ထို့နောက်တွင် ဒေါသတကြီး ရယ်မောနေတော့သည် “ ဘယ်လောက်တောင် မောက်မာလိုက်တဲ့ အငယ်လေးလဲ “

သူသည် ပဥ္စမအဆင့် ပညာရှင်လေးတစ်ဦးက အဆင့်မြင့် ပညာရှင်တစ်ဦး၏ အရှေ့တွင် ထိုကဲ့သို့ မောက်မောက်မာမာ ပြောဆိုရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ လူရှစ်ထောင်လောက်လေးကများ၊ ဒီနေ့မှာ မင်းတို့က ငါ့လက်ခုပ်ထဲကနေ ဘယ်လိုမျိုး လွတ်အောင် လုပ်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ထို့နောက်တွင် သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်၊ ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ ကောင်းကင်ဘုံ အမျက်ဒေါသကဲ့သို့သော စွမ်းအားကို ထုတ်လွှတ်ကာ အရပ်မျက်နှာ ရှစ်ဖက်စလုံးကို လွှမ်းခြုံသွားခဲ့သည်။

၎င်းမှာ စစ်သည်တော် အယောက်တစ်သောင်း ပါဝင်သည့် အစီအရင်က ဖွဲ့စည်းထားသော စွမ်းအင်ဓား ဖြစ်သည်။

အဆိုပါ ဓားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ပင် မှိန်ဖျော့သွားခဲ့ပြီး၊ နေ၊ လနှင့် ကြယ်တို့သည် ဓားအလင်းတန်းကြောင့် အမှောင်ကျသွားပုံရသည်။

ဆွစ်ရှ်

ဓားအလင်းတန်းသည် အနည်းငယ် လှုပ်ခါသွားခဲ့ပြီး၊ တပ်မဟာ ၂၃ဆီသို့ ပြေးဝင်လာခဲ့သည်။

“ ကလေးကွက်တွေ “

ရှုကျိုးမှ လှောင်ပြောင်လိုက်သည်၊ ဤတစ်ကြိမ်တွင် သူသည် ဓားကို အသုံးမပြုတော့ပေ။ ထို့အစား အားကောင်းသော စွမ်းအင်တစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲတွင် လှုပ်ခတ်လာခဲ့သည်။

“ ဝုန်းးးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် စွမ်းအင်တစ်ခုသည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ စွမ်းအင်ငါးမျိုးဖြင့် ဖွဲ့စည်းထားသော အရာဖြစ်ပြီး၊ ငါးရောင်ခြယ်အလင်းတန်းကို ထုတ်လွှတ်ကာ လေထုထဲတွင် ငါးရောင်ခြယ် လက်စွပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ဒြင်စင်ငါးပါး လက်စွပ်

ပဥ္စမအဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဓာတ်ကြီးငါးပါး ပေါင်းစပ်မှုကို ပိုမိုသိရှိ နားလည်သွားခဲ့သည်၊ ထို့ကြောင့် သူသည် ဒြပ်စင်ငါးပါး နတ်နည်းစနစ်ကို ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလာနိုင်ပြီ ဖြစ်သည်။

ဤလက်စွပ်မှာ သူ၏ နောက်ဆုံးပေါ် ပွဲသိမ်းတိုက်ကွက်တစ်ခု ဖြစ်သည်။

ဤလက်စွပ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါး စွမ်းအားကို စုပ်ယူစုစည်းနိုင်ပြီး၊ ၎င်းတို့ကို လက်စွပ်ထဲတွင် ဖြည့်သွင်းထားကာ နောက်ဆုံးတွင် အဆုံးမဲ့ စွမ်းအားကို ထုတ်လွှတ်လာမည် ဖြစ်သည်။

ယခု၌ တပ်မဟာ ၂၃၏ တိုက်ခိုက်ရေး အစီအရင်၏ အားဖြည့်ပေးမှုကြောင့် အဆုံးမဲ့ စွမ်းအင်များသည် ဒြင်စင်ငါးပါး လက်စွပ်အတွင်းသို့ တိုးဝင်လာခဲ့ကာ ၎င်းအား လေပူဖောင်းကဲ့သို့ ဖောင်းကားသွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် မီတာ တစ်ထောင် အချင်းရှိသည့် ဧရာမ လက်စွပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို လှုပ်ခါသွားစေနိုင်သည့် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

ထိုမြင်ကွင်းကို မြင်တွေ့သွားခဲ့သည့် ကျန်းယွမ်တုန်ကပင် ကြောက်လန့်တကြား ဖြစ်သွားခဲ့သည် “ အဲ့တာ ….. အဲ့တာက တပ်မှူးက ထုတ်လွှတ်လိုက်တဲ့ စွမ်းအားလား။ အဆင့်၅ ပညာရှင်တစ်ယောက် ဒီလောက်တောင် အစွမ်းထက်တာလားဟ “

၎င်းမှာသူက အမြင်ကျဥ်းနေသောကြောင့် မဟုတ်ပေ၊ သူ့အရှေ့တွင် ရှိနေသည့် စွမ်းအားကို တစ်စုံတစ်ဦးက သတ္တမအဆင့် အထွတ်အထိပ်ဟု ပြောလာခဲ့မည်ဆိုလျှင်တောင် သူသည် ၎င်းကို ယုံကြည်လိုက်မည် ဖြစ်သည်။

ကျန်းယွမ်တုန် တအံ့တဩဖြစ်နေသည့် အချိန်မှာပင် ဒြပ်စင်ငါးပါး လက်စွပ်သည် ဓားအလင်းတန်းဆီသို့ ပျံသန်းသွားခဲ့သည်။

“ ဘုမ်းးးး “

၎င်းတို့ တိုက်မိသွားသည့် အချိန်တွင် ဓားအလင်းတန်းသည် ချက်ချင်း ပြိုကွဲသွားခဲ့ပြီး၊ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် ဒြပ်စင်ငါးပါး လက်စွပ်သည် ကမ္ဘာ့ကြယ်၏ အမှတ် ၂ တပ်မကို ကြောက်မက်ဖွယ်ကောင်းသည့် အင်အားဖြင့် ဆက်လက်၍ ရိုက်ချသွားခဲ့သည်။

“ ဝုန်းးးး “

ဒြပ်စင်ငါးပါး လက်စွပ်သည် အရာအားလုံးကို ဖျက်စီးသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုအောက်တွင် ရွှီကျီပေါ်သည် ချက်ချင်းပေါက်ကွဲထွက်သွားခဲ့ပြီး၊ သေသည်ထပ်ပင် အဖြစ်ဆိုးသွားခဲ့သည်။

ထို့နောက်တွင် အောက်တွင် ရှိနေသည့် ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက်တစ်ထောင်မှာလည်း သွေးမြူထုအဖြစ် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်နှင့်ချီသော လူများသည် ကြေကွဲဖွယ်ကောင်းသည့် အဆုံးသတ်နှင့် ရင်ဆိုင်လိုက်ရသည်။

လူအုပ်ကြီးကို ချေမှုန်းခဲ့ပြီးသည့်နောက်တွင် ဒြပ်စင်ငါးပါး လက်စွပ်သည် မြေပြင်ကိုပါ ကြမ်းကြမ်းတမ်း ရိုက်ချလာခဲ့သည်။

“ ဘုမ်းးး “

ကြီးမားသော ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာသည့်အလား လက်စွပ်ကျဆင်းရာ လမ်းကြောင်းတစ်လျှောက်ရှိ တောင်ကြီးများသည် တစ်ခုပြီး တစ်ခု ပေါက်ကွဲထွက်ကာ လဲပြိုသွားတော့သည်။

မိုင်ရာပေါင်းစွာ အကွာရှိ ပင်မ စစ်မြေပြင်ကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရသည်။

၁၀၈ တပ်မအထက်တွင် ရှိနေသည့် ဝမ်ပေ့ဝမ်သည် ဟေးလော်တောင်တန်းဒေသ၏ ဘေးဘက်သို့ လှည့်ကြည့်လာခဲ့ကာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာက တပ်မဟာ ၂၃က လုပ်လိုက်တာလား “

နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက် သူ၏စိတ်ဝိညာဥ်စွမ်းအားမှာ သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်နေခဲ့ပြီး၊ တပ်မဟာ ၂၃ရှိရာဘက်သို့ ကြည့်ရှုစစ်ဆေးနေနိုင်ခဲ့သည်။

ထို့ကြောင့် သူသည် ရှုကျိုးထုထ်လွှတ်ခဲ့သည့် စွမ်းအားကို အာရုံခံမိနေခဲ့သည်။

သူကိုယ်တိုင်မှာလည်း ထိုကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်ပေသည်၊ သို့သော် ပဥ္စမအဆင့်တွင် ရှိနေခဲ့သည့် ရှုကျိုးက ထိုကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်လာနိုင်ခြင်းမှာ သူ့ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

“ ကြည့်ရတာတော့ တပ်မဟာ ၂၃က ငါ့ရဲ့ အကူအညီကို မလိုတော့တဲ့ပုံပဲ ”

ဝမ်ပေ့ဝမ်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်၊ သူသည် ယခင်က မှားယွင်းစွာ အကဲဖြတ်မိခဲ့သည်ကို နားလည်သွားခဲ့သည်။

…

ဒြပ်စင်ငါးပါး လက်စွပ်ပေါ်လာခြင်းသည် တိုက်ပွဲ၏ အဆုံးသတ်ကို ပုံဖော်ပေးသွားခဲ့သည်။

ဆယ်မိနစ် အကြာတွင်

အရှေ့နှင့် ဘေးဘက်တွင် ရှိနေသည့် တိုက်ပွဲနှစ်ခုစလုံး ပြီးဆုံးသွားခဲ့သည်။

ရလဒ်ကမူ ကြယ်ပြာဂြိုဟ်၏ အောင်ပွဲကြီးသာ ဖြစ်နေခဲ့သည်။

သို့သော် ၁၀၈ တပ်မသည် တိုက်ပွဲအတွင်းတွင် စစ်သည်တော်တစ်ချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

တပ်မဟာ ၂၃ကမူ မည်သူ့ကိုမှ မဆုံးရှုံးခဲ့ပေ။

ပို၍အရေးကြီးသည့် အရာမှာ တပ်မဟာ ၂၃နှင့် အမှတ် ၂ တပ်မကြားရှိ တိုက်ပွဲကြာချိန်က အလွန်တရာ တိုတောင်းနေခဲ့ပြီး၊ မိနစ်ပိုင်းအတွင်းမှာပင် ရန်သူ့တပ်ဖွဲ့တစ်ခုလုံးကို အပြတ်ရှင်းနိုင်လုနီးပါးအထိ ဖြစ်သွားခဲ့လေသည်။

တပ်မ ၁၀၈နှင့် တပ်မဟာ ၂၃တို့ ပြန်လည်ပေါင်းစည်းသည့် အချိန်တွင် တပ်မဟာ ၂၃ရှိ စစ်သည်တော် တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ စိတ်လှုပ်ရှားစွာဖြင့် လက်သီးများ ဆုပ်နေကြသည်။

ဝမ်ပေ့ဝမ်ကို အံ့ဩတုန်လှုပ်သွားစေခဲ့သည့် အရာမှာ တပ်မဟာ ၂၃၏ အဖွဲ့ဝင်တိုင်း၊ ဗိုလ်မှူးကြီးဖြစ်သော်လည်းကောင်း၊ ဒုဗိုလ်မှူးကြီးသော်လည်းကောင်း၊ သာမန်စစ်သည်တော်သော်လည်းကောင်း၊ အားလုံးသည် တလေးတစားဖြစ်နေသည့် အကြည့်များဖြင့် ရှုကျိုးကို ကြည့်နေကြခြင်း ဖြစ်သည်။

“ တပ်မဟာ ၂၃ရဲ့ စိတ်ဓာတ်က လုံးဝ ညီညွတ်သွားပြီပဲ “

ဝမ်ပေ့ဝမ်သည် ထိုမြင်ကွင်းကို ကြည့်ကာ စိတ်မလှုပ်ရှားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

ငါက တပ်မဟာ ၂၃ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို အရင်တုန်းက ဘာလို့ အသိအမှတ် မပြုမိခဲ့ရတာလဲ

အဘယ့်ကြောင့်ဆိုသော် ယခင်က ထိုတပ်မဟာ၏ စိတ်ဓာတ်က တကွဲတပြားဖြစ်နေသည်ကို သူခံစားမိခဲ့သောကြောင့် ဖြစ်သည်။

၎င်းမှာ ပုံမှန်သာဖြစ်သည်၊ အဆိုပါ တပ်မဟာက ဖျက်စီးခံခဲ့ရသည့် တပ်ဖွဲ့များ၏ အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် မည်သူက စိတ်ဓာတ်မပြိုကွဲဘဲ နေနိုင်မည်နည်း

သို့သော် ယခုတွင်ကား အရာအားလုံး ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

အကြွင်းအကျန်တို့ဖြင့် ဖွဲ့စည်းထားသော ဤတပ်မဟာသည် နောက်ထပ်တစ်ကြိမ် ထပ်မံ၍ စည်းလုံးသွားခဲ့ပြီ ဖြစ်သည်။

ယခင်က သူတို့၏ စိတ်ထဲတွင် ရှိနေခဲ့သည့် အစိုင်အခဲများ ပြိုကွဲပျောက်ကွယ်သွားပြီ ဖြစ်ကာ၊ အားလုံး၏ စိတ်ထဲတွင် တပ်မှူးအသစ်တစ်ဦးသာလျှင် ရှိနေတော့သည်။

၎င်းမှာ ရှုကျိုးသာလျှင် ဖြစ်သည်။

“ ဒီလိုစည်းလုံးညီညွတ်မှုနဲ့ စိတ်ဓာတ်မျိုးနဲ့ဆိုရင် တပ်မဟာ ၂၃က နောင်အနာဂတ်မှာ ထင်ပေါ်ကျော်ကြားလာတော့မှာပဲ “

၎င်းကို တွေးမိသွားသောအခါတွင် ဝမ်ပေ့ဝမ်သည် အရှေ့သို့လျှောက်လှမ်းလာခဲ့ကာ အပြုံးဖြင့် စကားပြောလာခဲ့သည် “ ဗိုလ်ချုပ်ရှု၊ ဒီအောင်ပွဲက ခင်ဗျားတို့ တပ်မဟာ ၂၃ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အများကြီး သက်ဆိုင်တယ်၊ ကျုပ်က ဒီကိစ္စကို စစ်ဌာနဆီကို အမှန်အတိုင်း သတင်းပို့လိုက်မယ် “

တိုက်ပွဲတစ်ခုကို အနိုင်ရခဲ့ပြီးသည့်နောက်တွင် အမြင့်ဆုံး ရာထူးအာဏာကို ကိုင်စွဲထားသည့်လူက ကြီးမားသော ဂုဏ်သတင်းနှင့် အောင်မြင်မှုတို့ကို ရရှိလေ့ရှိသည်။

အဆိုပါ သဘောတရားမှာ စစ်တပ်အတွင်းမှာလည်း အကျုံးဝင်ပေသည်။

ယခုတိုက်ပွဲကဲ့သို့ပင် စစ်ဌာန၏ စီစဥ်ထားမှုအရ ၁၀၈ တပ်မသည် အဓိကတပ်ဖွဲ့ဖြစ်ပြီး၊ ကျန်ရှိနေသည့် တပ်မဟာ သုံးခုကမူ လက်အောက်ခံ တပ်ဖွဲ့များသာ ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စများပြီးဆုံးသွားသည့်နောက် စစ်ပွဲရမှတ်ကို ရေတွက်ခွဲဝေရာတွင် ၁၀၈ တပ်မသည် အကြီးမားဆုံးသော အကျိုးအမြတ် ဝေစုကို ရရှိမည် ဖြစ်သည်။

သို့သော် ယခုတွင်ကား ဝမ်ပေ့ဝမ်၏ စကားလုံးများသည် အဆိုပါ အကျိုးအမြတ်များကို လွှဲပြောင်းပေးမည်ဟု ပြောလာသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်နေခဲ့သည်။

၎င်းမှာ ယခင်က ပေါ့လျော့မှုအတွက် တောင်းပန်သည့်အနေဖြင့် ရှုကျိုးထံသို့ သူ၏စိတ်သဘောထားကို ပြသသည့် လုပ်ရပ်များထဲမှ တစ်ခုပင် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် တပ်မဟာ ၂၃၏ စစ်သည်တော်များသည် ခါးမတ်မတ် ဆန့်တန်းနေကြတော့သည်၊ ရှုကျိုးကို ကြည့်နေကြသည့် သူတို့၏ အကြည့်များထဲတွင် ရိုသေလေးစားမှုများ ပိုမိုများပြားလာခဲ့သည်။

တစ်ခြားယူနစ်၏ အထင်သေးခြင်းကို ခံယူခဲ့ရသည့် သူတို့၏ တပ်မဟာသည် ရှုကျိုး၏ ဦးဆောင်မှုအောက်တွင် သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

ကြည့်လိုက်ကြစမ်း အရှေ့မြောက် အမှတ် ၁ သံချပ်ကာ တပ်မရဲ့ တပ်မမှူးကတောင် ငါတို့တပ်မှူးကို ဒီလိုမျိုး အလေးထားရတယ်

ငါတို့တပ်မဟာ ၂၃၏ စစ်သည်တောင်တိုင်းသည် ဂုဏ်ယူဝမ်းမြောက်သွားကြသည်။

ထိုအချိန်တွင် ရှုကျိုးသည် အပြုံးဖြင့် စကားပြန်ပြောလာခဲ့သည် “ တပ်မမှူးဝမ်က အတော်လေးကို ကြင်နာလွန်းနေပါပြီ၊ ကျုပ်တို့က ဒီကိစ္စကို နောက်မှ ထပ်ပြောလို့ရပါတယ်၊ အခုအတွက်ကတော့ ကျုပ်တို့က အမှတ် ၃ တပ်မကြီးနောက်ကို လိုက်သင့်တယ်မလား “

သို့သော် မထင်မှတ်ထားစွာဖြင့် ဝမ်ပေ့ဝမ်မှ ခေါင်းခါရမ်းပြလာခဲ့သည် “ မလိုပါဘူး၊ ငါတို့က ဒီနေရာကိုပဲ စောင့်ကြပ်ရမှာ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် တအံ့တဩ ဖြစ်သွားခဲ့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 521 )

ဆဌမအဆင့်သို့ တက်လှမ်းခြင်း၊ နတ်ဆေးလုံး နယ်ပယ်

ရှုကျိုးမှ အံ့ဩတကြီးဖြင့် မေးမြန်းလာခဲ့သည် “ တပ်မဟာ ၁၂နဲ့ ၁၃အတွက်ရော ……. “

ဝမ်ပေ့ဝမ်မှ ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ ငါတို့ရဲ့ အဓိကမစ်ရှင်က ကမ္ဘာ့ကြယ်ရဲ့ အမှတ် ၃ တပ်မကြီးကို ကြားဖြတ်တိုက်ခိုက်ရတာလေ။ အခုဆိုရင် ငါတို့က သူတို့ရဲ့ အဓိက တပ်မနှစ်ခုကို အပြတ်ရှင်းနိုင်ခဲ့ပြီ၊ အဲ့တာကြောင့် ငါတို့ရဲ့ မစ်ရှင်က အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရတယ် ”

“ တပ်မဟာ ၁၂နဲ့ ၁၃အတွက်ကတော့ သူတို့ဆီကို ငါအကြောင်းကြားခဲ့ပြီးပြီ “

“ ငါတို့က စစ်ဌာနက အမိန့်တွေကိုပဲ စောင့်နေရတော့မှာ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ရန်သူ၏ ပင်မတပ်မှူးနောက်သို့ လိုက်သွားသည့် တပ်မဟာနှစ်ခုက စစ်ပွဲရမှတ် များများစားစား ရရှိမည် မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ဟေးလော်တောင်တန်းတွင် တပ်စွဲထားသည့် တပ်ဖွဲ့များကမူ စစ်ပွဲရမှတ် ကြီးကြီးမားမား ရရှိမည် ဖြစ်သည်။

အရာအားလုံးက အလှည့်အပြောင်းမြန်သွားသည်ဆိုသည်ကို ဝန်ခံရမည် ဖြစ်သည်။

မကြာခင် အချိန်မှာပင် ဝမ်ပေ့ဝမ်သည် ဟေးလော်တောင်တန်း ပတ်ဝန်းကျင်တွင် တပ်စွဲထားရန် စစ်တပ်တစ်ခုလုံးကို အမိန့်ပေးကာ ဤဒေသကို ထိန်းချုပ်လိုက်သည်။

“ ညီအစ်ကိုတို့၊ ရန်သူ့တပ်စခန်းထဲက ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် လုယက်ကြ။ ဘယ်ဟာကို ရှာတွေ့ပါစေ၊ အဲ့တာက မင်းတို့အပိုင်ပဲ “

ဝမ်ပေ့ဝမ်၏ အမိန့်အောက်တွင် ၁၀၈ တပ်မ၏ စစ်သည်တော်များသည် ချက်ချင်းစိတ်လှုပ်ရှားသွားကြပြီး၊ တဲများအတွင်းသို့ ဝင်သွားကြတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ သို့သော် ကျန်းယွမ်တုန်သည် ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ အလောတကြီး စကားဝင်ပြောလာခဲ့သည် “ တပ်မှူး၊ ဒါကကောင်းကင်ဂိတ်ဒေသလေ၊ ရန်သူ့တပ်စခန်းမှာက ကြယ်ပြာဂြိုဟ်မှာ ရှာမတွေ့နိုင်တဲ့ ပစ္စည်းကောင်းလေးတွေ အများကြီးရှိတယ် “

ထိုအချိန်မှသာလျှင် ရှုကျိုးသည် သဘောပေါက်သွားခဲ့ပြီး ချက်ချင်း လက်ဝေ့ရမ်းပြလာခဲ့သည် “ မင်းတို့လည်း သွားလို့ရတယ် “

“ ဟုတ် “

ထို့နောက်၌ တပ်မဟာ ၂၃၏ စစ်သည်တော်များကပါ လုယက်ပွဲကြီးထဲတွင် ပါဝင်အားဖြည့်နေကြတော့သည်။

ရှုကျိုးသည် သူတို့နောက်သို့ မလိုက်သွားဘဲ၊ တဲတစ်လုံးအတွင်းသို့ ဝင်သွားကာ အနားယူနေတော့သည်။

တိုက်ပွဲများစွာတိုက်ခိုက်ခဲ့ပြီး၊ အနားယူရန် အချိန်ကျလာခဲ့သောကြောင့်၊ သူသည် တိတ်ဆိတ်ငြိမ်းချမ်းမှုကို ပျော်ပျော်ရွှင်ရွှင် ခံစားနေတော့သည်။

ရှုကျိုးသည် တဲအတွင်းတွင် တင်ပျဥ်ခွေထိုင်နေတော့သည်။

“ ရက်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပွားရဲ့ အဆင့်က ဆဌမအဆင့် အဆင့်၅ကို ရောက်တော့မယ် “

ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်လိုက်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : ဆဌမအဆင့် အဆင့်၄ ( ၉၅% )

အသားတင် အလေးချိန် : ၁၄၀၀၀၀၀ ကီလိုဂရမ်

“ ကိုယ်ပွားရဲ့ အဆင့်က အလယ်အလတ် ဆဌမအဆင့်ကို ရောက်သွားရင် မူလကိုယ်ဆီကို ရောက်လာမဲ့ ထောက်ပံ့မှုကလည်း ပိုပြီးတော့ သိသာထင်ရှားလာမှာပဲ “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ကိုယ်ပွားရဲ့ အဆက်မပြတ် ထောက်ပံ့ပေးမှုကြောင့် ငါ့ရဲ့အခြေခံ အုတ်မြစ်က တော်တော်ကြီးကို ခိုင်မာနေပြီ။ ငါက အဆင့်၅ အထွတ်အထိပ်ကို အခုမှ ရောက်လာခဲ့တယ်ဆိုပင်မဲ့၊ ငါက အဆင့်၆ကို အခုချက်ချင်း အဆင့်ထိုးဖောက်လို့ရတယ်လို့ ခံစားနေရတယ် “

သာမန်လူများသာဆိုပါက သူတို့သည် ထိုအရှိန်အဟုန်အတိုင်း လိုက်ပါစီးမျောသွား၍ အဆင့်ထိုးဖောက်ရန်သာ ရွေးချယ်ကြမည် ဖြစ်သည်။

သို့ရာ၌ ရှုကျိုးသည် တစ်ခဏခန့် ဆက်လက်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ပဥ္စမအဆင့် အထွတ်အထိပ်၏ အုတ်မြစ်က အပြည့်အဝ မခိုင်မာသေးသော်လည်း၊ အကယ်၍ သူသာ အလိုရှိမည်ဆိုပါက သူသည် ဆဌမအဆင့်နယ်ပယ် အလွယ်တကူ အဆင့်တက်နိုင်ပေသည်။

သို့သော် ၎င်းသည် နဝမအဆင့် (သို့) ၎င်း၏အထက်သို့ သွားရောက်မည့် သူ၏လမ်းကြောင်းအတွက် အကျိုးရှိမည် မဟုတ်ပေ။

ရှုကျိုးသည် သူ၏အမြင်ကို ဆဌမအဆင့်(သို့) သတ္တမအဆင့်တို့တွင်သာ မကန့်သတ်ထားဘဲ၊ နဝမအဆင့် အထွတ်အထိပ်အထက်ရှိ အမြင့်ဆုံးနယ်ပယ်ကိုသာ ပစ်မှတ်ထားနေခဲ့သည်။

“ ဒါပင်မဲ့ အများဆုံးအနေနဲ့ ဒီငါးရက်အတွင်းမှာပဲ ငါက အဆင့်၆နယ်ပယ်ကို အရောက်သွားမယ် “

ထို့နောက်တွင် ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ စတင်၍ ကျင့်ကြံနေတော့သည်။

…

နေ့တစ်ဝက်အကြာတွင် ပုံရိပ်တစ်ခုသည် ရှုကျိုး၏ တဲအတွင်းသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။

“ တပ်မှူး “

ရှုကျိုးက တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေသည်ကို မြင်လိုက်ရသောအခါတွင် ကျန်းယွမ်တုန်၏ အမူအရာ ပြောင်းလဲသွားသည် “ နှောင့်ယှက်မိသလိုများ ဖြစ် ………. ”

“ အဆင်ပြေပါတယ် “ ရှုကျိုးသည် မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လိုက်သည် “ ဘာကိစ္စလဲ “

ကျန်းယွမ်တုန်မှ ပြန်ပြောလာခဲ့သည် “ ပစ္စည်းကောင်းလေးတွေ ရှာတွေ့ခဲ့လို့ပါ “

“ ဒါတွေကို တပ်မှူးတွေရဲ့ တဲတွေဆီကနေ ရခဲ့တာပါ “

ထို့နောက်တွင် ကျန်းယွမ်တုန်သည် အလံတစ်ခုကို ထုတ်ယူကာ မိတ်ဆက်ရှင်းပြလာခဲ့သည် “ ဒါက ဒြပ်စင်ငါးပါး အစီအရင်အလံပါ၊ ဒါနဲ့ဆိုရင် လူတစ်ယောက်က အလယ်အလတ်အဆင့် ပညာရှင် ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းနဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေး အစီအရင်တစ်ခုရဲ့ စွမ်းအားကို ထုတ်သုံးနိုင်ပါတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။

အစီအရင်အလံလေးတစ်ခုက လူတစ်ထောင်ပါတဲ့ တိုက်ခိုက်ရေး အစီအရင်ရဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်ပါ့မလားဟ

ကျန်းယွမ်တုန်သည် စက်လုံးတစ်လုံးကို ထုတ်ယူကာ ထပ်ပြောလာခဲ့သည် “ ဒါက ကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံးပါ။ ဒီထဲမှာ ကမ္ဘာမြေရဲ့ နှစ်သန်းပေါင်းများစွာ ရှိတဲ့ စိတ်ဝိညာဥ်ရေကန်ရဲ့ အဆီအနှစ်တွေပါပြီးတော့ အဆင့်၅ ပညာရှင်တစ်ယောက်ကို အနည်းဆုံးအနေနဲ့ အဆင့်သေးတစ်ခု မြှင့်တင်ပေးနိုင်တယ်လို့ ပြောကြပါတယ် “

“ ဒါက မီးဝိညာဥ် ယပ်တောင်ပါ။ အမှတ် ၁ တပ်မမှူးရဲ့ မှော်ရတနာ ဖြစ်လောက်ပါတယ်။ တစ်ချက်လောက် ဝေ့ရမ်းလိုက်ရုံနဲ့ မိုင်ထောင်နဲ့ချီပြီးတော့ လောင်ကျွမ်းသွားစေနိုင်ပါတယ်၊ အထွတ်အထိပ် ရတနာတစ်ခုအဖြစ် နာမည်မရှိပင်မဲ့ အဆင့်၇ ပညာရှင်တွေကို အနိုင်ယူခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိပါတယ် “

“ ဒါက ….. “

ကျန်းယွမ်တုန်သည် အချိန်အတော်ကြာ စကားပြောဆိုနေခဲ့ပြီး၊ ပစ္စည်းများကို တစ်မျိုးပြီးတစ်မျိုး မနားမနေ မိတ်ဆက်ရှင်းပြနေခဲ့သည်။

သူက ကမ္ဘာ့ကြယ်၏ ရတနာများအကြောင်းကို နောကြေနေသည်ဆိုသည်မှာ သိသာလှသည်၊ တစ်ချို့သော ပစ္စည်းများသည် ရှုကျိုးက ကြားပင်မကြားဖူးခဲ့သော အရာများဖြစ်ပြီး၊ ကျန်းယွမ်တုန်သည် ထိုပစ္စည်းများအကြောင်းကို အသေအချာ ရှင်းပြလာခဲ့သည်။

ထိုရတနာများအနက် တစ်ချို့သော ပစ္စည်းများသည် ရှုကျိုးကို အနည်းငယ် ဆွဲဆောင်နေခဲ့သည်။

ကျန်းယွမ်တုန်၏ စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးသည် ပစ္စည်းတစ်ချို့ကို ရွေးယူကာ စကားပြောလာခဲ့သည် “ ကျန်တာတွေကိုတော့ တပ်မဟာ ၂၃က ညီအစ်ကိုတွေကို ခွဲပေးလိုက် “

သူသည် တစ်ဖက်လူက ဤပစ္စည်းများကို ယူဆောင်လာခဲ့ခြင်းမှာ သူ့အား မျက်နှာသာပေးခြင်း (သို့) ဖားယားခြင်းဖြစ်သည်ဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။

သို့သော် မှော်ရတနာတစ်ချို့မှအပ ကျန်ရှိနေသောပစ္စည်းများသည် ရှုကျိုးအတွက် မည်သို့မျှ အသုံးမဝင်ပေ။

တပ်မဟာ ၂၃၏ ခွန်အားကို မြှင့်တင်ရန်အတွက် စစ်သည်တော်များဆီသို့ ၎င်းတို့ကို လွှဲပြောင်းပေးလိုက်ခြင်းကသာလျှင် ပိုကောင်းနေမည်ဖြစ်သည်။ ယခုတွင် သူသည် တပ်မဟာ ၂၃ကို ထိန်းချုပ်နေခဲ့ပြီးဖြစ်ပြီး၊ တပ်မဟာ တစ်ခုလုံး၏ စွမ်းအားက မြင့်တက်လာမည်ဆိုပါက၊ သူထုတ်လွှတ်နိုင်သည့် စွမ်းအားမှာလည်း ပိုမိုကြီးမားလာမည် ဖြစ်သည်။

ကျိုးယွမ်တုန်သည် တဟားဟား ရယ်မောနေတော့သည် “ ဒါဆိုရင်လည်း ကျွန်တော်ကပဲ သူတို့ရဲ့ကိုယ်စား တပ်မှူးကို ကျေးဇူးတင်ပါတယ် “

ထို့နောက်တွင် သူသည် ရတနာများကို သိမ်းယူကာ ချက်ချင်း လှည့်ထွက်သွားတော့သည်။

ရှုကျိုးသည် သူရွေးယူထားခဲ့သော ရတနာများဖြစ်သည့် ကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံး၊ ဒြပ်စင်ပါးပါး အစီအရင်အလံနှင့် ဝိညာဥ်ဖိနှိပ်မှု လက်စွပ်တို့ကို ကြည့်နေတော့သည်။

“ ဒီကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံးနဲ့ဆိုရင် ငါက အဆင့်၆နယ်ပယ်ကို ချက်ချင်းတက်လို့ရပြီ “

ကျိုးယွမ်တုန်၏ ရှင်းပြမှုကြောင့် သူသည် ကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံး၏ အထူးခြားဆုံး စွမ်းရည်က လူတစ်ဦး၏ နယ်ပယ်တိုးတက်မှု ဖြစ်စဥ်အား အမြင့်ဆုံးအခြေအနေထိ ရောက်ရှိသွားအောင် ဆွဲထုတ်ခြင်းဆိုသည်ကို နားလည်သွားခဲ့သည်။

ယခင်က ရှုကျိုးက ငါးရက်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူ၏တိုးတက်မှု အခြေအနေက အရှိန်အဟုန် မရသေး/မပြည့်စုံသေးသောကြောင့် ဖြစ်သည်။

ဤကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံးနှင့်သာဆိုပါက သူသည် ချက်ချင်းအဆင့်တက်နိုင်တော့မည် ဖြစ်သည်။

“ ဒီဒြပ်စင်ငါးပါး အစီအရင်အလံက ငါအသစ်နားလည်ထားတဲ့ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ရဲ့ ဒြပ်စင်ငါးပါး လက်စွပ်အတွက် လုံးဝကွက်တိပဲ။ ဒီနှစ်ခုကို တွဲသုံးလိုက်မယ်ဆိုရင် အလံက မြေပြင်ကို ချိတ်ပိတ်မယ်၊ လက်စွပ်က ကောင်းကင်ကို ချိတ်ပိတ်မယ်၊ ကမ္ဘာ့ကြယ်ကကောင်တွေတော့ ပြေးစရာမြေရှာတွေ့မှာ မဟုတ်တော့ဘူး “

………………………………………………………………………………………………………………………………………

အပိုင်း ( 522 )

ဆဌမအဆင့်သို့ တက်လှမ်းခြင်း၊ နတ်ဆေးလုံး နယ်ပယ် ၂

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ဒီဝိညာဥ်ဖိနှိပ်မှု လက်စွပ်ကတော့ ……. “

၎င်းမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်ကာ အနီရောင်သမ်းနေသည့် ပုတီးစေ့ကဲ့သို့သော အရာတစ်ခုဖြစ်သည်။

ကျန်းယွမ်တုန်၏ ပြောစကားများအရ ဤလက်စွပ်သည် အမှတ် ၃ တပ်မကြီး၏ တပ်မှူးဖြစ်သူထံမှ ဆင်းသက်လာသည့် ပစ္စည်းတစ်ခုဖြစ်ပြီး၊ ထူးခြားသော စိတ်ဝိညာဥ်စွမ်းရည်ကို ပိုင်ဆိုင်ထားကာ ၎င်းကို ဝတ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်ရှင်၏ ယင်ယန်စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်သည်ဟု သိခဲ့ရသည်။

ထို့ကြောင့် တပ်မှူးသည် ၎င်းကို တစ်ချိန်လုံး မဝတ်ဆင်နိုင်ခဲ့ပေ၊ ၎င်းက တဲအတွင်းတွင် ကျန်ခဲ့သည့် အချိန်တွင် တပ်မ ၁၀၈သည် တပ်စခန်းကို တိုက်ခိုက်လာခဲ့သောကြောင့် သူသည် ဤလက်စွပ်ကို ချန်ခဲ့ကာ အလောတကြီး ထွက်သွားခဲ့ရသည်။

အဆုံးတွင် တပ်မဟာ ၂၃သည် ကံအားလျော်စွာဖြင့် ၎င်းကို ရရှိခဲ့သည်။

ဤလက်စွပ်က ရှားပါးသော မှော်ရတနာတစ်ခုဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်၊ ကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံးနှင့် ဒြပ်စင်ငါးပါး အစီအရင်အလံတို့ထပ်ပင် ပိုမိုအဖိုးတန်နေလိမ့်မည် ဖြစ်သည်။

သို့ရာ၌ ရှုကျိုးက ဤလက်စွပ်ကို ရွေးချယ်လိုက်ရသည့် အဓိကအကြောင်းအရင်းမှာ အဆိုပါ ပစ္စည်းက သူ၏ ‌ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းနှင့် အပြည့်အဝ ကိုက်ညီနေသောကြောင့် ဖြစ်သည်။

“ ဝိညာဥ် ဖိနှိပ်မှုလက်စွပ်က ယင်ယန်စွမ်းအားကို ဆက်တိုက်စုပ်ယူနိုင်တယ်၊ လူတစ်ယောက်ရဲ့ တွေးနိုင်တာထပ် ပိုပြီးတော့ ထိန်းထားနိုင်တယ် “

“ ဒါက အသက်သွင်းလိုက်ရင်၊ စုစည်းထားတဲ့ ယင်ယန်စွမ်းအားတွေကို တစ်ခါတည်း ထုတ်လွှတ်နိုင်တယ် “

“ နောက်တစ်မျိုးပြောရမယ်ဆိုရင် လက်စွပ်ထဲမှာ စွမ်းအင်ပိုသိုလှောင်နိုင်လေလေ၊ စွမ်းအင်ပေါက်ကွဲမှုက ပိုကြီးလေလေပဲ၊ အဆင့်၈ အထွတ်အထိပ်ကိုတောင် ကျော်သွားလောက်တယ် “

ရှုကျိုးသည် တိတ်တဆိတ် ရင်ခုန်စိတ်လှုပ်သွားခဲ့သည်။

အဌမအဆင့်ထပ်ကျော်လွန်သည့် စွမ်းအင်ကို စုစည်းရန်အတွက် အချိန်အတော်ကြာ ယူ၍အားဖြည့်ပေးရမည် ဖြစ်သည်။

သို့သော် ရှုကျိုး၏ ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းမှာလည်း ဤလက်စွပ်နှင့်တူညီသည့် လုပ်ဆောင်မှုတစ်ခု ရှိနေခဲ့သည်။

ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်းသည် မီးတာအို နတ်စွမ်းရည်၏ စွမ်းအားကို အသုံးပြုကာ ကောင်းကင်ကိုးခု၏ သန့်စင်သော ယန်စွမ်းအင်ကို ဆွဲထုတ်၍ စုစည်းကာ၊ ၎င်းတို့အားလုံးကို တစ်ခါတည်း ထုတ်လွှတ်၍ အရာအားလုံးကို ဖျက်စီးနိုင်ပေသည်။

အကယ်၍ ဤပစ္စည်းနှစ်ခုကို ပေါင်းစည်းလိုက်မည်ဆိုပါက ရှုကျိုးသည် သူက အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်တောင်မှ သူ့ကို သတ်ဖြတ်ရန် ယုံကြည်မှု ရှိနေခဲ့သည်။

“ အဌမအဆင့်က လူက ငါရိုက်တာကို ခံဖို့အတွက် ငြိမ်ငြိမ်နေမှာ မဟုတ်ဘူး …… “

အဌမအဆင့် ပညာရှင်တစ်ဦး၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ကာ မိုင်ထောင်နှင့်ချီသော အကွာအဝေးသို့ ချက်ချင်း အရောက်သွားနိုင်ပေသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးနှင့်ရင်ဆိုင်ရမည်ဆိုပါက ရပ်ကြည့်နေမည် မဟုတ်ဘဲ အလွယ်တကူ ရှောင်တိမ်းသွားမည်သာ ဖြစ်သည်။

သို့သော် အကယ်၍ အဆိုပါ တိုက်ကွက် အဌမအဆင့် ပညာရှင်ကို တိုက်ရိုက်ထိမှန်သွားမည်ဆိုပါက သူမသေဘူးဆိုလျှင်တောင်မှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိသွားမည်ဆိုသည်ကို သံသယဝင်စရာ မလိုပေ။

“ ပြီးတော့ အဆင့်၇ကို ရောက်သွားတဲ့အချိန်ကျရင် ငါ့ရဲ့ ကောင်းကင်ကိုးခု ကြယ်ဖြိုခွင်း ယန်လက်ချောင်း အသုံးပြုနိုင်စွမ်းကလည်း ပိုပြီးတော့ ကျွမ်းကျင်လာပြီး၊ ထိချက်နှုန်းကလည်း သိသိသာသာ မြင့်တက်လာပြီးတော့ အဆင့်၈ ပညာရှင်ရဲ့ အသက်ကိုတောင် ခြိမ်းခြောက်လာနိုင်မှာပဲ “

ရှုကျိုးသည် စိတ်မလှုပ်ရှားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။

သူက ဝိညာဥ်ဖိနှိပ်မှု လက်စွပ်ကို အပြည့်အဝ အားဖြည့်နိုင်ခဲ့သည်နှင့်တစ်ပြိုင်နက် သူသည် အဌမအဆင့် သတ်ဖြတ်ခြင်း/ပွဲသိမ်းတိုက်ကွက်တစ်ခုကို ကျွမ်းကျင်ပိုင်ဆိုင်သွားမည် ဖြစ်သည်။

၎င်းမှာ တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းလှသည်။

တစ်ခဏ အကြာတွင် ရှုကျိုးသည် သူ၏လက်ခလယ်တွင် အဆိုပါလက်စွပ်ကို စွပ်လိုက်သည်။

မည်သည့်အတွက်ကြောင့် လက်ခလယ်တွင် ထားလိုက်ရသလဲဆိုသည်အတွက်ကား …….

ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်နေစဥ် အချိန်တွင် လက်ခလယ်ဖြင့် တိုက်ခိုက်ခြင်းသည် ရန်သူ့ကို ထိခိုက်စေရုံတင်သာလျှင်မဟုတ်ဘဲ စော်ကားရာပါ ရောက်သည့်အတွက် ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင် ဖြစ်သည်။

“ အခုကတော့ အဆင့်၆ကို တက်မယ်ကွာ “

ရှုကျိုးသည် သူ၏စိတ်အခြေအနေကို ထိန်းညှိကာ ကောင်းကင်ဘုံ တေးဝိညာဥ် ပုလဲလုံးကို ကောက်ယူလိုက်ပြီး၊ ချီ-သွေးစွမ်းအင်ကို နှိုးဆွကာ ဆဌမအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေတော့သည်။

ယခင်က အုတ်မြစ်အတွက် စိုးရိမ်နေခဲ့သော်လည်း ယခုတွင် တိုးတက်မှုဖြစ်စဥ်ကို အရှိန်မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခု ရှိလာခဲ့ပြီဖြစ်သောကြောင့် သူသည် ထပ်မံ၍ စောင့်ဆိုင်းနေတော့မည် မဟုတ်ပေ။

စစ်မြေပြင်၌ စွမ်းအားပိုကောင်းလေလေ၊ အောင်ပွဲရနိုင်ခြေ ပိုများများလေလေ ဖြစ်သည်။

…

ရှုကျိုးက ဆဌမအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေစဥ်အချိန်တွင် ……

၃၈မျဥ်းပြိုင် အနီးတစ်ဝိုက်ရှိ တစ်ခြားသော တိုက်ပွဲများမှာလည်း အခြေအနေများ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။

ကြယ်ပြာဂြိုဟ်သည် ၃၈မျဥ်းပြိုင်နားတွင် ရှိနေသည့် အမျိုးမျိုးသော လမ်းကြောင်းများကို ပိတ်ဆို့ရန်အတွက် အမှတ် ၁ စစ်တပ်မှ တပ်မများနှင့် သံချပ်ကာ တပ်ရင်းများကို စေလွှတ်ခဲ့သည်။

တစ်ချို့သော ယူနစ်များက အသာစီးရနေခဲ့ကြသည်၊ သို့သော် ယူနစ်အများစုမှာ ခေတ်နောက်ကျသော အသိဉာဏ်နှင့် စွမ်းအားတို့ကြောင့် အပြင်းအထန် တိုက်ခိုက်နေခဲ့ရပြီး၊ တစ်ချို့ တပ်ဖွဲ့များသည် ရန်သူ၏ အပြတ်ရှင်းခြင်းကို ခံလိုက်ရသည်။

ထိုကဲ့သို့ ဖြစ်လာခဲ့သည့်အတွက် မည်သူကမှ မအံ့ဩသွားခဲ့ပေ။

၃၈မျဥ်းပြိုင်သို့ ခြေချလာခဲ့သ့် အချိန်ကတည်း သူတို့သည် သူတို့ကိုယ်သူတို့ သေလူဟုသာ သတ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

သူတို့အနိုင်ယူခဲ့သည့် တိုက်ပွဲတိုင်းသည် ကွမ်ဟန်နှင့် နောက်တန်းက နဝမအဆင့် ပညာရှင်များအတွက် အချိန်ပိုရသွားစေမည် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ အမှတ် ၂ စစ်တပ်သည် ရှေ့တန်းစစ်မြေပြင်တွင် အောင်ပွဲများ ရရှိလာခဲ့ပြီး၊ ကမ္ဘာ့ကြယ်၏ အမှတ် ၉ တပ်မကြီးကို တွန်းလှန်နိုင်ခဲ့ကာ ၃၈မျဥ်းပြိုင်အတွင်းသို့ ပိုမိုရှေ့တက်လာနိုင်ခဲ့သည်။

ထိုစဥ် စစ်ကူများသည် ရှေ့တန်းစစ်မြေပြင်ကို ထောက်ပံ့ရန် ပြုလုပ်လာကြသည်၊ သို့သော် သူတို့သည် အမှတ် ၁ စစ်တပ်မှ ယူနစ်များ၏ တားဆီးပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

ကြယ်ပြာဂြိုဟ်၏ အမှတ် ၃နှင့် အမှတ် ၄ စစ်တပ်တို့သည် စစ်ပွဲအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး၊ လူအင်အား အားသာချက်ကို မှီခိုကာ ၃၈မျဥ်းပြိုင်ကို ကမ္ဘာ့ကြယ်ဘက်ဆီသို့ တဖြည်းဖြည်း တွန်းပို့နေခဲ့သည်။

အောင်မြင်မှုများ သိသိသာသာ ရရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော် မကြာခင် အချိန်မှာပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

“ ဘာဖြစ်တယ်။ ကမ္ဘာ့ကြယ်ရဲ့ အဆင့်၉ ပညာရှင်တစ်ဝက်က နောက်ဆုတ်သွားပြီ ဟုတ်လား “

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ဝမ်ပေ့ဝမ်သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

ယခုလက်ရှိ အချိန်၌ ၃၈မျဥ်းပြိုင် စစ်မြေပြင်တွင် မီးဟုန်းဟုန်းတောက်နေပြီး၊ ကြယ်ပြာဂြိုဟ် စစ်တပ်သည် မီးထဲသို့ လောင်စာများ အဆက်မပြတ် ထည့်နေလျက်ရှိသည်။

ကမ္ဘာ့ကြယ်သားတွေက ခုခံရမဲ့အစား နောက်ဆုတ်သွားကြတာလား

တစ်ခုခုတော့ မှားနေပြီ

သေချာပေါက်ကို တစ်ခုခုမှားနေပြီ

ဝမ်ပေ့ဝမ်သည် ထူးခြားမှုကို နားလည်သွားကာ အထက်သို့ ဖုန်းဆက်၍ မေးမြန်းနေတော့သည်။

မကြာခင်အချိန်မှာပင် သူသည် အဖြေတစ်ခု ရရှိခဲ့သည်။

“ အဆင့်မြင့် အရာရှိတွေကတောင် အသေးစိတ် မသိဘူးပေါ့။ ဒါပင်မဲ့ ကောင်းတဲ့ကိစ္စတစ်ခုအဖြစ် ယူဆလို့ရတယ်ပေါ့ “

ဖုန်းချလိုက်ပြီးသည့်နောက်တွင် ဝမ်ပေ့ဝမ်သည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားခဲ့သည်။

တစ်ခဏ အကြာတွင် သူသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည် “ ဘာပဲဖြစ်ဖြစ်လေ၊ အဲ့တာက ငါတို့အတွက် သတင်းကောင်းတစ်ခုဆိုတာကတော့ အမှန်ပဲ။ ရန်သူတွေရဲ့ အဆင့်မြင့် ပညာရှင်တွေ မရှိဘူးဆိုရင်၊ ငါတို့စစ်တပ်တွေက စစ်မြေပြင်မှာ အောင်ပွဲတွေကို ဆက်ထိန်းထားနိုင်ဦးမှာပဲ ”

ကမ္ဘာ့ကြယ် အဆင့်မြင့် သိုင်းပညာရှင်တို့၏ စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

သို့သော် အလယ်အလတ်အဆင့် တိုက်ပွဲများတွင်မူ ကြယ်ပြာဂြိုဟ်၏ လူအင်အား အားသာချက်က လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ယခု၌ ကြယ်ပြာဂြိုဟ်သည် ပင်မစစ်တပ် လေးခုကို စေလွှတ်ကာ ရန်သူကို အပြည့်အဝ ဖိနှိပ်ထားခဲ့သည်။

၃၈မျဥ်းပြိုင်ကို ကျော်ဖြတ်ခဲ့သည့် အချိန်မှစ၍ ယခုလက်ရှိ အချိန်အထိ ကြယ်ပြာဂြိုဟ်သည် မိုင်ရာနှင့်ချီ၍ ရှေ့တိုးနိုင်ခဲ့ပြီ ဖြစ်သည်။

“ ဒီစစ်ပွဲက တော်တော်ကြီးကို လွယ်နေသလိုပဲ၊ တစ်ခုခုတော့ မှားနေပြီ “

ဝမ်ပေ့ဝမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်မသက်မသာ ဖြစ်သွားကာ ဂရုတစိုက် တွေးတောစဥ်းစားနေတော့သည်။

“ ဘုမ်းးးးး “

ထိုအချိန်တွင် အစွမ်းထက် အရှိန်အဝါတစ်ခုသည် အနီးအနားမှ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

ဝမ်ပေ့ဝမ်၏ အမူအရာ ပြောင်းလဲသွားပြီး၊ ရှုကျိုးရှိနေသည့် တဲဆီသို့ လှမ်းကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည် “ ဗိုလ်ချုပ်ရှုက အဆင့်တက်ဖို့ လုပ်နေတာလား “

သူသည် ချက်ချင်း မတ်တပ်ထရပ်ကာ တဲအပြင်ဘက်သို့ ထွက်လာခဲ့သည်။

…

ထိုအချိန်တွင် ရှုကျိုးသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးနေခဲ့ကာ၊ သူ၏ ကလီစာငါးခု နတ်သန္ဓေသားအတွင်းပိုင်းတွင် မီးခိုးရောင် ရှေးဟောင်းနတ်ဆေးလုံးတစ်လုံး ဖြစ်တည်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ အဆင့်၆ နတ်ဆေးလုံးနယ်ပယ်၊ နောက်ဆုံးတော့ အဆင့်တက်သွားပြီပဲ “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

မထင်မှတ်ထားစွာဖြင့် အဆင့်ထိုးဖောက်ခြင်း ဖြစ်စဥ်သည် သူထင်ထားသလောက် လွယ်ကူမနေခဲ့ဘဲ နှစ်ရက်တိတိ အချိန်ယူခဲ့ရသည်။

ဆဌမအဆင့်နယ်ပယ်ကို မည်သည့်အတွက်ကြောင့် နတ်ဆေးလုံးနယ်ပယ်ဟု ခေါ်ဆိုရသနည်း

အဘယ့်ကြောင့်ဆိုသော် သိုင်းပညာရှင်တစ်ဦးက ဆဌမအဆင့်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် သူ၏ ကလီစာငါးခု နတ်သန္ဓေသားက နတ်ဆေးလုံးကို စတင်၍ အားဖြည့်ပျိုးထောင်ပေးရသောကြောင့် ဖြစ်သည်။

ကလီစာငါးခု နတ်သန္ဓေသားသည် နတ်ဆေးလုံး၏ ပုခက်ဖြစ်ပြီး၊ တာအိုအချင်းတိုင်ကဲ့သို့ ဓာတ်ကြီးငါးပါးနှင့် ယင်ယန် အစရှိသော အရာအားလုံးသည် ၎င်းထံမှ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။

ပဥ္စမအဆင့်က အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ကလီစာငါးခု နတ်သန္ဓေသားသည် နတ်ဆေးလုံးကို အားဖြည့်ပေးနိုင်ပြီး၊ အချင်းတိုင်ပေါ်တွင် ရှိနေသည့် အသက်ဓာတ်ကဲ့သို့ လူသားခန္ဓာကိုယ်၏ အဆီအနှစ်များကို စုစည်းပေးကာ တာအို၏ အမှန်တရားကို ကိုယ်စားပြုနေခဲ့သည်။

နတ်ဆေးလုံး၏ အစောပိုင်းပုံစံသည် ဖရိုဖရဲကဲ့သို့ မီးခိုးရောင်သာလျှင် ဖြစ်သည်။

ဆဌမအဆင့် ကျင့်ကြံရေးသည် အဆိုပါ နတ်ဆေးလုံးကို ကျင့်ကြံခြင်းဖြစ်ပြီး၊ နတ်ဆေလုံးက ရွှေရောင်တောက်လာသည့် အချိန်တွင် ၎င်းက ရင့်မှည့်ကြီးထွားနေပြီဟု သတ်မှတ်နိုင်ကာ သတ္တမအဆင့်သို့ ထိုးဖောက်ရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။

နတ်ဆေးလုံးက ရွှေရောင်ပိုတောက်လေလေ၊ အခြေခံအုတ်မြစ်က ပိုမိုခိုင်မာလေလေ ဖြစ်သည်။

အကယ်၍ လူတစ်ဦးကသာ ရွှေရောင်သမ်းရုံသာ သမ်းနေသည့် နတ်ဆေးလုံးဖြင့် သတ္တမအဆင့်သို့ တက်လှမ်းမည်ဆိုပါက၊ ကျရှုံးနိုင်ခြေ များပေသည်။

အကယ်၍ အမြင့်ပိုင်း အဆင့်ထိုးဖောက်မှု ကျရှုံးသွားမည်ဆိုပါက၊ သေခြင်းနှင့် ထာဝရပျောက်ကွယ်ခြင်းတို့ပင် ဖြစ်သွားနိုင်ပေသည်။

ထို့ကြောင့် ဆဌမအဆင့် ပညာရှင်အများစုသည် နတ်ဆေးလုံး၏ ဆယ်ပုံတစ်ပုံက ရွှေရောင်ဖြစ်လာသည်အထိ စောင့်ဆိုင်းပြီးမှသာလျှင် အဆင့်ထိုးဖောက်ရန် ကြိုးပမ်းလေ့ရှိကြသည်။

တစ်ချို့သော ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသည့် ပါရမီရှင်များကမူ ငါးပုံတစ်ပုံ ရွှေရောင်ဖြစ်လာသည်အထိသာ လေ့ကျင့်ကြပြီး အဆင့်ထိုးဖောက်လေ့ရှိသည်။

ထို့အပြင် တစ်ချို့သော ပြိုင်ဘက်ကင်း ပါရမီရှင်များကမူ သုံးပုံတစ်ပုံ ရွှေဖြစ်သည်အထိသာ လေ့ကျင့်ကြပြီး၊ အဆင့်ထိုးဖောက်လေ့ရှိသည်။

ဝေးဝေးသွားလေလေ၊ ပိုခက်လာလေလေ ဖြစ်ပြီး၊ ဆယ်စုနှစ်(သို့) ရာစုနှစ်များအထိပင် ကြာရှည်သွားနိုင်လေသည်။

ထို့ကြောင့် ရွှေရောင်ပိုတောက်လာသည်အထိ ဆက်သွားခြင်းမှာ မထိုက်တန်လှပေ။

သို့ရာ၌ ရှေးခေတ်က ဒဏ္ဍာရီများအရ လူတစ်ယောက်သည် အင်မော်တယ် ရွှေအူတိုင်ဟု ခေါ်ဆိုသည့် နတ်ဆေးလုံး တစ်ခုလုံးကို ရွှေရောင်ဖြစ်လုနီးပါး အခြေအနေမျိုးအထိ ရောက်ရှိအောင် ကျင့်ကြံခဲ့သည်ဟု ဆိုကြသည်။

သို့သော် ရွှေအဖြစ် အပြည့်အဝ ပြောင်းလဲသွားရန် အနည်းငယ်မျှ လိုအပ်နေခဲ့သည်။

“ အင်မော်တယ် ရွှေအူတိုင် ……. “

ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အဆင့်၉ကို ကျော်လွန်ဖို့အတွက် လူတစ်ယောက်က အင်မော်တယ် ရွှေအူတိုင်ရအောင် ကျင့်ကြံရမယ် “

သူသည် စိတ်ထဲတွင် ရည်မှန်းချက်တစ်ခု ချမှတ်လိုက်သည်။

သို့သော် ၎င်းတို့မှာ သူ့အတွက် အတော်လေး အလှမ်းဝေးနေစဲပင် ဖြစ်သည်။

“ အခုငါက အဆင့်၆နယ်ပယ်ကို ရောက်လာပြီ၊ ငါ့ရဲ့စွမ်းအားတွေကလည်း အရင်ကထပ် ဆယ်ဆကျော် တိုးတက်လာခဲ့ပြီ “

ရှုကျိုးသည် သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာခဲ့သည့် ပြောင်းလဲမှုများကို ခံစားကြည့်နေရင်းဖြင့် ပြုံးနေတော့သည်။

All Chapters