← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အပိုင်း ( 523 )

ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်း၊ ကံကြမ္မာကို တွက်ချက်ခြင်း၊ သတ္တမအဆင့်ကို ရင်ဆိုင်ခြင်း

တစ်ချိန်တည်းမှာပင် ရှုကျိုးသည် သူ၏အဆင့်ထိုးဖောက်မှုကြောင့် အားရကျေနပ်နေခဲ့သည်။

ကမ္ဘာ့ကြယ်

အလယ်ပိုင်းဒေသသည် တိုက်ကြီးခုနစ်တိုက်အနက် အကြွယ်ဝဆုံးဖြစ်သည်။

အနက်ရောင် နန်းတော်တစ်ခုအတွင်း၌ မြင့်မားသော ပုံရိပ်ကြီးများသည် စက်ဝိုင်းပုံသဏ္ဍာန် စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေလျက်ရှိသည်။

အဆိုပါ ပုံရိပ်အားလုံးသည် မည်းနက်နေကာ၊ လှုပ်ရှားမှုကင်းမဲ့နေခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ထုတ်လွှင့်နေကြသည်။

“ ဘုတ် ဘုတ် ဘုတ် ……. “

ထိုအချိန်တွင် ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် နန်းတော်အပြင်ဘက်မှ လျှောက်လှမ်းလာခဲ့သည်။

သူထုတ်လွှင့်နေသည့် အရှိန်အဝါကို ခံစားကြည့်ရုံဖြင့် သူက ကမ္ဘာ့ကြယ် သိုင်းပညာရှင်များကြား၌ အထွတ်အထိပ်နေရာတွင် ရပ်တည်နေသည့် နဝမအဆင့်ရှင် တစ်ဦးဖြစ်သည်ကို သိရှိနိုင်မည် ဖြစ်သည်။

သို့ရာ၌ နန်းတော်ထဲသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် သူသည် စားပွဲဝိုင်းတွင် ထိုင်နေသည့် ပုံရိပ်များကို ရိုသေလေးစားစွာဖြင့် ဦးညွတ်ဂါဝရပြုကာ တလေးတစား ပြောဆိုလာခဲ့သည် “ ရှေ့တန်းမှာ ရှိနေခဲ့တဲ့ နဝမအဆင့် ပညာရှင်တွေက ညွှန်ကြားချက်အရ ကမ္ဘာ့ကြယ်ကို ပြန်ရောက်လာကြပါပြီ “

စားပွဲတွင် ထိုင်နေသည့် ပုံရိပ်တစ်ခုထံမှ အက်ရှရှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ အမိန့်ပေးလိုက်၊ သူတို့အားလုံးကို အမှောင်နယ်မြေထဲ ဝင်ဖို့ ပြင်ဆင်ခိုင်းလိုက် “

ခရမ်းရောင် ဝတ်စုံနှင့်လူသည် အနည်းငယ် မှင်သက်သွားကာ မေးမြန်းလာခဲ့သည် “ အဆင့်၉ ပညာရှင်တွေကို အမှောင်နယ်မြေထဲ ဝင်ခိုင်းမယ်ဆိုတော့၊ ကောင်းကင်ဂိတ်က တိုက်ပွဲကိုရော ဘယ်လိုလုပ်ရမလဲဗျ “

အက်ရှရှ အသံနှင့် ပုံရိပ်မှ ပြန်ပြောလာခဲ့သည် “ ရှေ့တန်းက စစ်တပ်ကို ဖြည်းဖြည်းချင်း ရုတ်သိမ်းလိုက်။ ကြယ်ပြာကောင်တွေက အဲ့တာကို သိမ်းချင်နေတယ်ဆိုရင်လည်း သူတို့ကို သိမ်းခွင့်ပေးလိုက် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ခရမ်းရောင်ဝတ်စုံနှင့်လူသည် အနည်းငယ် စိတ်ဖိစီးသွားပုံရပြီး၊ တွန့်တွန့်ဆုတ်ဆုတ်ဖြင့် မေးမြန်းလာပြန်သည် “ အဲ့တာ … အဲ့တာက အခက်တွေ့နိုင်တယ်ဗျ၊ ရှေ့တန်းက စစ်တပ်တွေက သဘောမတူလောက်ဘူး။ တကယ်လို့ အဲ့လိုသာ လုပ်လိုက်မယ်ဆိုရင် နှစ်ရာနဲ့ချီပြီးတော့ စီစဥ်ခဲ့ရတဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံးက အချည်းနှီးဖြစ်သွားသလို ဖြစ်မနေဘူးလားဗျ “

အက်ရှရှအသံနှင့်ပုံရိပ်မှ ပေါ့ပေါ့တန်တန် ပြောဆိုလာခဲ့သည် “ ထောင်မြင်ရင် ရာစွန့်ရမယ်။ ခြောက်လအတွင်းမှာပဲ အမှောင်နယ်မြေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ‌ ရှိလာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ဆုံးရှုံးသွားတာတွေကို နှစ်ဆတိတိ ပြန်ရလိမ့်မယ်လို့ သူတို့ကို ပြောလိုက် “

ခရမ်းရောင် ဝတ်စုံနှင့်လူသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

“ နားလည်ပါပြီ၊ အခုချက်ချင်း ကိုင်တွယ်လိုက်ပါ့မယ် “

ခရမ်းရောင် ဝတ်စုံနှင့်လူသည် နန်းတော်ထဲမှ ထွက်သွားတော့သည်။

သူထွက်သွားသည့်နောက်တွင်

အမျိုးသမီးတစ်ဦး၏ ချိုသာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ ဒီလိုဆုံးဖြတ်ချက်မျိုးက ရှေ့တန်းက တပ်ဖွဲ့တွေအတွက် တကယ်ကို မမျှမတဖြစ်နေတယ် “

“ မင်ကျိ “ အက်ရှရှအသံနှင့်လူသည် တဟားဟား ရယ်မောနေတော့သည် “ နင်က ဒီလိုကိစ္စမျိုးတွေကို ဘာလို့ ဂရုစိုက်နေရတာလဲ။ ရှလော် တော်ဝင်မိသားစုနဲ့ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုတွေက အမှောင်နယ်မြေလမ်းကြောင်းကို တည်ဆောက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေကြပြီ၊ အဲ့ကိစ္စ အောင်မြင်သွားတာနဲ့ ကြယ်ပြာဂြိုဟ်တစ်ခုလုံးက ငါတို့လက်ခုပ်ထဲကို ရောက်လာလိမ့်မယ် “

ရှလော် တော်ဝင်မိသားစုသည် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုနှင့် ဆက်စပ်နေပြီး၊ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုကမူ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့နှင့် ဆက်စပ်နေခဲ့သည်။

အစပိုင်းတွင် ထိုအဖွဲ့နှစ်ဖွဲ့သည် အမြဲလိုလို သဘောထား ကွဲလွဲနေခဲ့သည်။

ထို့ကြောင့်ပင် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုတို့၏ ဆက်ဆံရေးမှာ တင်းမာလာခဲ့ရသည်။

သို့သော် မကြာသေးခင် အချိန်ကမှ အဆိုပါ မိသားစုနှစ်ခုသည် အမှောင်နယ်မြေ လမ်းကြောင်းကို ပူးပေါင်းတည်ဆောက်ရန်အတွက် ဆုံးဖြတ်ခဲ့ကြသည်။

အစပိုင်းတွင် အဆိုပါ လမ်းကြောင်းကို ရှလော် တော်ဝင်မိသားစုက ဖန်တီးနေခဲ့ခြင်း ဖြစ်သည်၊ သို့သော် ယခုတွင်ကား တော်ဝင်မိသားစု နှစ်ခု ပူးပေါင်းသွားခြင်းအတူ ကမ္ဘာ့ကြယ်မှ နဝမအဆင့် ပညာရှင်တို့၏ အကူအညီများပါ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

တစ်နှစ်ခန့် အချိန်ယူ တည်ဆောက်ရမည့် လမ်းကြောင်းကို ခြောက်လအတွင်း တည်ဆောက်နိုင်တော့မည် ဖြစ်သည်။

စားပွဲဝိုင်းတွင် ထိုင်နေသည့် မင်ကျိဟု အမည်ရသည့် အမျိုးသမီးမှာလည်း ခေါင်းငြိမ့်ပြကာ ပြန်ပြောလာခဲ့သည် “ တော်ဝင်မိသားစုနှစ်ခုရဲ့ ပူးပေါင်းမှုက ပြဿနာ တော်တော်များများကို ပျောက်ကွယ်သွားစေခဲ့တယ် “

အက်ရှရှ အသံနှင့်လူသည် တဟားဟား ရယ်မောနေတော့သည် “ ကြယ်ပြာဂြိုဟ်အတွက်တော့ အချိန်ခြောက်လပဲ ကျန်တော့တယ်ဟေ့။ နှစ်ဝက်အကြာမှာ အမှောင်နယ်မြေရဲ့ ပုဂ္ဂိုလ်ကြီးတွေက နယ်မြေဖိနှိပ်မှုကို လျစ်လျူရှုပြီးတော့ ကြယ်ပြာဂြိုဟ်ပေါ်ကို ဆင်းသက်နိုင်တော့မယ် “

“ အဲ့ဒီအချိန်ကျရင် ကြယ်ပြာလေးကို လက်နဲ့တောက်ပြီး ဖျက်စီးလို့ရပြီ “

“ အခု သူတို့ရထားတဲ့ အားသာချက်လည်း ပျောက်သွားလိမ့်မယ်၊ အဲ့အချိန်ကျရင် သူတို့က ငါတို့ရဲ့ ကျွန်ဖြစ်ဖို့ကလွဲပြီး ဘာမှရွေးလို့ရတော့မှာ မဟုတ်ဘူး “

ထိုစကားလုံးများသည် စားပွဲဝိုင်း၏ လေထုကို ပေါ့ပါးသွားစေခဲ့သည်။

“ သိပ်ပြီးတော့ ကျေနပ်မနေကြနဲ့ “

ထိုအချိန်၌ စားပွဲဝိုင်း၏ ထိပ်တွင် ထိုင်နေသည့် ပုံရိပ်မှ တည်တည်ငြိမ်ငြိမ်ဖြင့် စကားဝင်ပြောလာခဲ့သည် “ ကြယ်ပြာဂြိုဟ်က ငါတို့ကို နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာ၊ သူတို့ဆီမှာလည်း ဝှက်ဖဲလေးတွေ ရှိနေဦးမှာပဲ။ မင်ကျိ၊ ကံကြမ္မာအတွက် ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို သုံးခဲ့တာက ဘာရလဒ် ထွက်ခဲ့လဲ “

ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းဆိုသည်မှာ အလွန်ရှေးကျသော ပစ္စည်းတစ်ခုဖြစ်ပြီး၊ ၎င်းသည် အချိန်နှင့်အာကာသ ဒိုင်မန်းရှင်းများကို ကျော်ဖြတ်ကာ ကောင်းကင်ဘုံ ကံကြမ္မာကို တွက်ချက်နိုင်သည့် ကမ္ဘာ့ကြယ်၏ မြင့်မြတ် ရတနာဆယ်ပါးအနက် နံပါတ် တစ်နေရာတွင် ရပ်တည်နေသည့် ရတနာတစ်ခုဖြစ်သည်။

၎င်းသည် လူတစ်ဦးတစ်ယောက်နှင့် နိုင်ငံတစ်ခု၏ ကံကြမ္မာကိုသာလျှင် တွက်ချက်နိုင်ခြင်း မဟုတ်ဘဲ၊ ကမ္ဘာနှစ်ခုကြားရှိ စစ်ပွဲများကိုပါ အတိုင်းအတာတစ်ခုအထိ မှန်းဆတွက်ချက်နိုင်ပေသည်။

သူတို့သည် ထိုပစ္စည်းကို အားကိုး၍ အကြပ်အတည်းပေါင်းများစွာကို ယခင်က ကျော်ဖြတ်ခဲ့ဖူးသည်။

မင်ကျိမှ ပြန်ပြောလာခဲ့သည် “ ခေါင်းဆောင်၊ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းက နောင်အနာဂတ်မှာ ကျွန်မတို့ မျိုးနွယ်စုရဲ့ ရှင်သန်ရေးကို သက်ရောက်မှုရှိစေမဲ့ စစ်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ပြသခဲ့ပါတယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ကမ္ဘာ့ကြယ် ခေါင်းဆောင်ဖြစ်သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ရလဒ်ကရော “

မင်ကျိမှ ခေါင်းခါပြလာခဲ့သည် “ အခုအချိန်မှာ ရလဒ်ကို မခန့်မှန်းနိုင်သေးပါဘူး။ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့ပင်မဲ့ ကျွန်မရဲ့ အာရုံကို ပိတ်ဆို့တားဆီးနေတဲ့ မြူထုတစ်ခုကိုပဲ မြင်ခဲ့ရပါတယ် “

အက်ရှရှ အသံနှင့် လူမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ မဖြစ်နိုင်တာ၊ အမှောင်နယ်မြေက နှစ်ဝက်အတွင်း ဆင်းသက်လာတော့မှာလေ၊ အဲ့တာကို ကြယ်ပြာဂြိုဟ်က ဘယ်လိုနည်းလမ်းမျိုးနဲ့ တားဆီးနိုင်မှာမို့လို့လဲ “

“ ခြောက်လအတွင်းမှာ တစ်ယောက်ယောက်က အဲ့ဒီနယ်ပယ်ကို တက်သွားနိုင်မယ်ဆိုရင်ကော “

ထိုစကားလုံးများသည် စားပွဲဝိုင်းတွင် ထိုင်နေကြသည့် လူများကို လေးလေးနက်နက် ဖြစ်သွားစေခဲ့ပြီး၊ သူတို့သည် အပူတပြင်း ဆွေးနွေးနေကြတော့သည်။

ကမ္ဘာ့ကြယ်ခေါင်းဆောင်သည် တလေးတနက် ပြောဆိုလာခဲ့သည် “ အားလုံးက စိတ်အေးလက်အေး နေနေလို့ရပါတယ်။ ကြယ်ပြာဂြိုဟ်က အဲ့အဘိုးကြီးတွေက နောက်လာမဲ့ နှစ်တစ်ရာအတွင်းမှာ အဆင့်တက်ဖို့ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး၊ နောက်ခြောက်လအတွင်းမှာဆိုရင်တော့ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး “

အက်ရှရှ အသံနှင့်လူမှ ဆက်ပြောလာခဲ့သည် “ တကယ်လို့ သူတို့က အခွင့်အလမ်း တစ်ခုခု ရသွားမယ်ဆိုရင်ရော “

ခေါင်းဆောင်သည် တွေးတွေးဆဆဖြင့် ပြန်ပြောလာခဲ့သည် “ ကောင်းကင်ဘုံကနေ အခွင့်အလမ်းတစ်ခု ပို့ပေးလိုက်မယ်ဆိုရင်တောင်မှ၊ နှစ်ဝက်အတွင်း အဆင့်ထိုးဖောက်ဖို့က မဖြစ်နိုင်ဘူး။ အဆင့်၉နယ်ပယ်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ အဆင့်သေးတစ်ခု တိုးတက်အောင် လုပ်ဖို့ကတင် နှစ်အတော်ကြာ တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်တယ်၊ အဆင့်ကြီးတစ်ခုဆိုရင်တော့ ပိုဆိုးမှာ သေချာတယ် “

“ အဆိုးဆုံး ဖြစ်လာမယ်ဆိုရင်တောင်မှ၊ တကယ်လို့ ကြယ်ပြာက လူက အဲ့အဆင့်သို့ ရောက်သွားမယ်ဆိုရင်တောင်မှ သူက အဲ့အဆင့်ကို ရောက်ခါစ လူတစ်ယောက်ပဲ ဖြစ်နေမှာ။ အမှောင်နယ်မြေရဲ့ ဧကရာဇ်တွေ အဲ့နယ်ပယ်ကို ရောက်နေတာက နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ၊ လူသစ်လေးကို ဖိနှိပ်ဖို့က လုံလောက်တာထပ်တောင် ပိုနေသေးတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် အနည်းငယ် စိတ်လေးလက်အေး ဖြစ်သွားကြသည်။

ထို့နောက်တွင် အက်ရှရှ အသံနှင့်လူသည် မင်ကျိကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ အဲ့ဒီမြူထုက ဘယ်သူ့ကြောင့် ဖြစ်လာတာလဲဆိုတာကိုရော ကြည့်လို့ရလား “

မင်ကျိသည် အရူးတစ်ယောက်ကို ကြည့်နေသာ အကြည့်မျိုးဖြင့် သူ့ကို ပြန်ကြည့်လာခဲ့သည်။

“ အကုန်လုံးကို မြူထုက ဖုံးထားပါတယ်ဆိုမှတော့ ငါက ဘယ်လိုလုပ် ကြည့်နိုင်မှာလဲ “ မင်ကျိသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြန်ပြောလာခဲ့သည်။

………………………………………………………………………………………………………………………………………..

အပိုင်း ( 524 )

ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်း၊ ကံကြမ္မာကို တွက်ချက်ခြင်း၊ သတ္တမအဆင့်ကို ရင်ဆိုင်ခြင်း ၂

ထို့နောက်တွင် သူမသည် စကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ အဲ့လူအိုကြီးတွေထဲမှာ အဆင့်ထိုးဖောက်နိုင်မဲ့လူရှိလားဆိုတာကို ငါတွက်ကြည့်လိုက်မယ်။ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်ကို မြူတွေ ဖုံးနေမယ်ဆိုရင်၊ အဲ့ကိစ္စက သူနဲ့ သေချာပေါက် ဆိုင်နေလိမ့်မယ် “

၎င်းမှာ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်း၏ အံ့ဖွယ်ကောင်းသော အသုံးဝင်ပုံဖြစ်သည်။

အကယ်၍ ကိစ္စကြီးတစ်ခုလုံးက မြူဆိုင်းနေမည်ဆိုပါက အပိုင်းအစလေးများကို တွက်ချက်နိုင်ပေသည်။

ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်း၏ စွမ်းအားနှင့်ဆိုပါက လူတစ်ဦး၏ ကံကြမ္မာကို တွက်ချက်ခြင်းမှာ လုံလောက်သည်ထပ်ပင် ပိုနေမည် ဖြစ်သည်။

အကယ်၍ မှန်းဆတွက်ချက်၍ မရသော အခြေအနေတစ်ခုခု ပေါ်လာမည်ဆိုပါက ၎င်းမှာ ထိုလူ့ထံတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု တည်ရှိနေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

မင်ကျိမှ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ ကျွန်မတို့က သံသယဖြစ်ဖွယ်ကောင်းတဲ့ လူတစ်ယောက်ယောက်ကို ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင်၊ အားလုံးက အဲ့လူကို သတ်ဖို့အတွက် အတူတူ လှုပ်ရှားပေးကြမယ်လို့ ကျွန်မမျှော်လင့်ပါတယ် “

“ သေချာတာပေါ့ “

အဖွဲ့ခေါင်းဆောင်မှ ခေါင်းငြိမ့်ပြလာခဲ့ပြီး စားပွဲဝိုင်းတွင် ရှိနေသည့် တစ်ခြားလူ အကုန်လုံးမှာလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

သူတို့သည် ကမ္ဘာ့ကြယ်၏ အဆင့်အတန်း အမြင့်မားဆုံးသော ပုဂ္ဂိုလ်များဖြစ်ပြီး၊ တိုက်ခိုက်ရေး စွမ်းအား အကောင်းဆုံးသော လူများလည်း ဖြစ်သည်၊ အကယ်၍ သူတို့ကသာ အတူတကွ လှုပ်ရှားလာမည်ဆိုပါက၊ နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

…

ရှုကျိုးကမူ ထိုဖြစ်ရပ်များကို မသိဘဲ အဆင့်တက်သွားသောကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပျော်ရွှင်မှုများထဲတွင် နစ်မြုပ်နေစဲဖြစ်သည်။

“ ဗိုလ်ချုပ်ရှု “

ထိုအချိန်တွင် အော်သံတစ်သံသည် တဲအပြင်ဘက်မှ ပေါ်လာခဲ့သည်။

ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းမတ်တပ်ထရပ်ကာ တဲအပြင်ဘက်သို့ ထွက်လာခဲ့သည်။

“ တပ်မှူးဝမ် “

“ ဗိုလ်ချုပ်ရှု၊ ဂုဏ်ယူပါတယ်ဗျာ “ ဝမ်ပေ့ဝမ်မှ အပြုံးဖြင့် ပြောလာခဲ့သည် “ တစ်မနက်တည်းနဲ့ နတ်ဆေးလုံးနယ်ပယ်ကို ရောက်သွားတယ်၊ ကိုယ့်ကိုယ်ကို အစိုးရတဲ့ ခင်ဗျားက အဆင့်၇ကို ရောက်လာတာကို ကျွန်တော်မြင်ချင်နေပြီဗျာ “

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ တပ်မှူး၊ ခင်ဗျားကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော်က အဆင့်၆ကို အခုမှ ရောက်လာတာပါဗျာ။ လမ်းအရှည်ကြီးကို လျှောက်ရဦးမှာပါ “

ဝမ်ပေ့ဝမ်မှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်သိရသလောက်အရဆိုရင်တော့ ဗိုလ်ချုပ်ရှုက အခုနှစ်အပါဆိုမှ အသက်၁၇ပဲ ရှိနေသေးတာမလား။ ၁၇နှစ်မှာတင် ဒီလိုအောင်မြင်မှုမျိုးတွေ ရထားတာက တကယ် ရှားတယ် “

စစ်ဆင်ရေး ပြီးဆုံးခဲ့သည့် အချိန်တွင် ဝမ်ပေ့ဝမ်သည် ရှုကျိုး၏ မှတ်တမ်းများကို ဂရုတစိုက် လေ့လာကြည့်ရှုခဲ့သည်။

၎င်းကို ကြည့်ရှုခဲ့ပြီးသည့်နောက်တွင် အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့ရသည်။

ရှုကျိုးသ်ည အသက်ဆယ့်ခြောက်နှစ်အရွယ်မှာပင် ပထမအဆင့်နယ်ပယ်သို့ ရောက်ရှိခဲ့ပြီး၊ ဘခု နောက်တစ်နှစ် မပြည့်ခင် အချိန်မှာပင် သူသည် ဆဌမအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤကာလအတွင်းတွင် သူသည် အံ့ဖွယ်ကောင်းသော စစ်ရေးဆိုင်ရာ အောင်မြင်မှုအမြောက်အများကို ရယူထားခဲ့နိုင်သည်။

အလယ်အလတ်သုံးဆင့် တိုက်ပွဲနယ်မြေတွင် အချိန်အတော်ကြာနေခဲ့သည့်၊ တပ်မှူးတစ်ဦးဖြစ်သည့်သူ၊ ဝမ်ပေ့ဝမ်ကပင် ထိုကိစ္စများကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

“ အဆင့်၆ကို ရောက်လာပြီးတော့ ဘယ်လို ခံစားနေရလဲ “ ဟုဝမ်ပေ့ဝမ်မှ မေးမြန်းလာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ခဏခန့် တွေးတောစဥ်းစားခဲ့ပြီးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ အဆင့်၆၊ ဒါက အရင်တုန်းကနဲ့ တကယ်ကြီးကို မတူတော့ဘူး “

ကွာခြားနေရုံတင် မဟုတ်ဘဲ၊ ရှုကျိုးသည် ဆဌမအဆင့်နှင့် ပဥ္စမအဆင့် အထွတ်အထိပ်ကြားရှိ ကွာဟချက်မှာ ကမ္ဘာမြေ လှုပ်ခါသွားစေနိုင်သည်ဟု ခံစားနေခဲ့ရသည်။

ဤအချိန်၌ သူ၏ လက်ချောင်းလေးတစ်ချောင်းကပင် တန်ချိန်သောင်းနှင့်ချီသော အင်အားကို လှုပ်ရှားသွားစေနိုင်ကာ နည်းနည်းလေးဖြင့် သက်ရောက်မှုကြီးသည်ဆိုသည့် စကားကို အပြည့်အဝ ကိုယ်စားပြုနေခဲ့သည်။

တစ်နည်းဆိုရသော် ယခုလက်ရှိ ရှုကျိုး၏ လက်ချောင်းတစ်ချောင်းကပင် ယခင်ကရှုကျိုးကို အမှောက်သိပ်ရန် လုံလောက်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလာခဲ့သည် “ တပ်မှူးဝမ်၊ ကျွန်တော်တို့က လက်ရည်စမ်းလို့ရလား “

“ အို့ “ ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်ပေ့ဝမ်မှာလည်း အလွန်တရာ အံ့အားသင့်သွားပုံရသည် “ ငါနဲ့ လက်ရည်ယှဥ်ချင်တာလား။ မင်းကို သတိပေးရဦးမယ်၊ ငါက နှောင်းပိုင်း အဆင့်၇ ပညာရှင်တစ်ယောက်နော် “

သူ၏ အမူအရာသည် အနည်းငယ် ထူးဆန်းနေခဲ့သည်၊ ဆဌမအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ဒီကလေးက ဒီလောက်တောင် သတ္တိကောင်းသွားတာလား

ရှုကျိုး၏ အစီအရင် ထိန်းချုပ်နိုင်စွမ်းက အလွန်တရာ အားကောင်းလွန်းနေခဲ့ပြိး၊ အဆင့်မြင့် ပညာရှင်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားမျိုး ထုတ်လွှတ်နိုင်သည်ဆိုသည်ကို သူသိနေခဲ့သော်လည်း၊ ၎င်းသည် ပြင်ပအကူအညီကို မှီခိုနေရသည့် အခြေအနေမျိုး ဖြစ်သည်။

တိုက်ပွဲ အစီအရင်၏ ထောက်ပံ့မှုသာ မရှိဘူးဆိုပါက ရှုကျိုးသည် အလယ်အလတ်အဆင့် ပညာရှင်တစ်ဦးအဖြစ်သာ ရှိနေဦးမည်ဖြစ်ပြီး၊ အဆင့်မြင့် ပညာရှင်များကို မည်သို့မျှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ရှုကျိုးသည် ယုံကြည်မှု ရှိရှိ ထပ်ပြောလာခဲ့သည် “ တပ်မှူး၊ ကြွပါ “

“ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဂရုစိုက် “

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ဝမ်ပေ့ဝမ်သည် ဆက်လက်၍ ဖြောင်းဖျမနေတော့ပေ။

ဤကာလအတွင်းတွင် လူအများ အာရုံစိုက်ရာ ဗဟိုချက်သည် ရှုကျိုးသာ ဖြစ်နေခဲ့ပြီး၊ သူတို့၏ တပ်မ ၁၀၈ကမူ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုများကို ချမပြနိုင်ခဲ့ပေ။ သတင်းများ ပျံ့နှံ့သွားမည်ဆိုပါက လူများသည် တပ်မ ၁၀၈က ယခင်ကလောက် ကြီးမြတ်မနေတော့ဘူးဟု ထင်သွားနိုင်ပေသည်။

ယခုတွင်ကား သူ၊ ဝမ်ပေ့ဝမ်က မအိုဘေးဘူးဆိုသည်ကို ပြသနိုင်မည့် အခွင့်အလမ်းတစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝမ်ပေ့ဝမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ ချက်ချင်း ခုန်တက်သွားတော့သည်။

ရှုကျိုးမှာလည်း အနီးကပ် ပြေးလိုက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တပ်စခန်းအတွင်းရှိ လူတော်တော်များကလည်း ဤနေရာရှိ လှုပ်ခတ်မှုကို သတိပြုမိသွားသည်။

အရင်ဦးဆုံး သတိပြုမိခဲ့သည့် လူများကမူ ဝမ်ပေ့ဝမ်၏ ဒုတပ်မမှူးများဖြစ်သည့် လီရွှေနှင့် ထန်ရွှေပင် ဖြစ်သည်။

“ အဲ့တာက တပ်မဟာ ၂၃ရဲ့ တပ်မှူး ရှုကျိုးမလား။ သူက ငါတို့တပ်မှူးကို တကယ်ကြီး စိန်ခေါ်လိုက်တာလား “

လီရွှေနှင့် ထန်ရွှေတို့နှစ်ဦးစလုံး အံ့ဩတုန်လှုပ်သွားကြသည်။

သူတို့သည် ယခင်က တိုက်ပွဲကို မမြင်တွေ့ခဲ့ရသော်လည်း တစ်ခြားလူများဆီမှတစ်ဆင့် ရှုကျိုးက မည်မျှအစွမ်းထက်လဲဆိုသည်ကို သိရှိထားခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် သူတို့သည် ၎င်းကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

အစောပိုင်း ဆဌမအဆင့် ပညာရှင်က နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ယောက်ကို စိန်ခေါ်နေတာလား။ ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးလား

တစ်ချိန်တည်းမှာပင် ကျန်းယွမ်တုန်နှင့် ကျုံးချန်တို့မှာလည်း ၎င်းကို သတိပြုမိသွားကြသည်။

“ ရှုကျိုးက နှောင်းပိုင်း အဆင့်၇ ပညာရှင်ကို တကယ်ကြီး စိန်ခေါ်လိုက်တာလား “ ကျန်းယွမ်တုန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရေရွတ်ပြောဆိုနေတော့သည် “ တပ်မှူးဝမ်က သာမန် အဆင့်၇ ပညာရှင်တစ်ယောက် မဟုတ်ဘူး၊ သူက အဆင့် ၇နယ်ပယ်မှာတောင် တော်တော်လေးကြမ်းတဲ့ နှောင်းပိုင်း အဆင့်၇ ပညာရှင်တစ်ယောက်လေ “

“ ညီအစ်ကိုရှု ….. သူက ယုံကြည်မှု လွန်ကဲလွန်းနေတာတော့ မဟုတ်ဘူးမလား “ ရှုကျိုးကို အမြဲလိုလို ယုံကြည်နေခဲ့သည့် ကျုံးချန်ကပင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းယွမ်တုန်မှ ပြောလာခဲ့သည် “ လာလေ၊ အပေါ်တက် ကြည့်လိုက်ရအောင် “

ထိုအခိုက်အတန့်တွင် ပိုမိုများပြားသော လူများသည် ထိုသတင်းကို ကြားသိသွားကာ ကောင်းကင်ထက်သို့ ပျံသန်းလာကြသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ကျုံးချန်သည် အပြုံးဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့သည် “ ဆိုးဆိုးရွားရွား အရှုံးပေးလိုက်ရပြီးတဲ့နောက်မှာ ညီအစ်ကိုရှုရဲ့ မျက်နှာက ဘယ်လိုကြီး ဖြစ်သွားမလဲဆိုတာကို ငါတကယ် မြင်ချင်မိတယ် “

ထို့နောက်တွင် သူနှင့် ကျန်းယွမ်တုန်တို့မှာလည်း ကောင်းကင်ထက်သို့ ပျံတက်လာကြသည်။

…

ကောင်းကင်ယံ၌

ရှုကျိုးနှင့် ဝမ်ပေ့ဝမ်တို့သည် ဆယ်ကီလိုမီတာခြား၍ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေလျက်ရှိသည်။

“ မိတ်ဆွေလေး ရှု၊ တိုက်ကွက်ထုတ်ပါ “

ဝမ်ပေ့ဝမ်သည် လက်တစ်ဖက်ကို သူ၏နောက်ကျောဘက်သို့ ပို့ကာ ရှုကျိုးကို ပြုံးပြလိုက်သည်။

လက်ရည်ယှဥ်ရမည် ဖြစ်သောကြောင့် ရှုကျိုးကို ခေါ်ဆိုသည့် သူ၏အသုံးအနှုန်းသည် ဗိုလ်ချုပ်ရှုအဖြစ်မှ မိတ်ဆွေလေး ရှုအဖြစ် အလိုအလျောက် ပြောင်းလဲသွားခဲ့သည်။

ရှုကျိုးကမူ အပြုံးဖြင့် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အမူအရာ လေးနက်သွားတော့သည် “ တပ်မှူးဝမ်၊ သတိထားပါ “

“ ဘုမ်းးးး “

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူသည် လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းအလား အရှေ့သို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

အားပါပြင်းထန်သော လှုပ်ရှားမှုကြောင့် ကောင်းကင်ထက်ရှိ တိမ်သားတိမ်စိုင်များပင် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ရှုကျိုး၏ လက်ထဲတွင် ဆေဘာရှည်တစ်လက် ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ နဂါးမီးလျှံ ဆေဘာမဟုတ်ဘဲ၊ ချီ-သွေးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဆေဘာတစ်လက်သာ ဖြစ်သည်။

ယခုတွင် ရှုကျိုး၏ ဆေဘာနည်းစနစ်သည် အလွန်တရာ နက်ရှိုင်းသော နယ်ပယ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး၊ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း ပညာရပ်မှာလည်း အရာအားလုံးက ဓားတစ်လက်ဖြစ်လာနိုင်သည့် အခြေအနေမျိုးအထိ ရောက်ရှိနေပြီ ဖြစ်သည်။

မြက်ပင်သော်လည်းကောင်း၊ ဆံချည်မျှင် တစ်မျှင်သော်လည်းကောင်း၊ ၎င်းတို့သည် ရှုကျိုး၏ လက်ထဲသို့ ရောက်ရှိလာမည်ဆိုပါက အထက်မြက်ဆုံး ဆေဘာအလင်းတန်း ဖြစ်လာမည် ဖြစ်သည်။

ချီ-သွေးစွမ်းအင်တို့ဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း၊ ရှုကျိုးထုတ်ဖော်ထားသည့် ဆေဘာသည် စစ်မှန်သည့် ဆေဘာဆန္ဒကို သယ်ဆောင်ထားပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

၎င်းတို့သာလျှင် မဟုတ်ဘဲ ရှုကျိုး၏ လက်ချောင်းနှစ်ချောင်းသည် ဓားတစ်လက်အလား ဖြစ်နေခဲ့ကာ အဆက်မပြတ် ခုတ်ပိုင်းနေခဲ့သည်။

ဝှစ် ဝှစ်

ငါးရောင်ခြယ် အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး၊ ဆေဘာအလင်းတန်းနှင့် ပေါင်းစည်းသွားခဲ့ရာ၊ ဆေဘာ၏အရှိန်အဝါသည် ချက်ချင်းမြင့်တက်လာခဲ့ပြီး၊ ကမ္ဘာဖျက် စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

“ ကောင်းကင်ထိန်းချုပ် ဆေဘာ “

ကြောက်မက်ဖွယ်ရာ စွမ်းအားကို ခံစားလိုက်ရသောအခါတွင် ရှုကျိုးသည် ပျော်ရွှင် ပြုံးပျော်သွားခဲ့သည်။

ဤကောင်းကင်ထိန်းချုပ် ဆေဘာသည် သူ၏ အစွမ်းအထက်ဆုံးသော ဆေဘာနည်းစနစ်များအနက်မှ တစ်ခုဖြစ်ပြီး၊ အလွန်တရာ နက်ရှိုင်း၊ ရှုပ်ထွေးနေခဲ့သည်။

ဤနည်းစနစ်သည် ဓာတ်ကြီးငါးပါး စွမ်းအားကို စုစည်းနိုင်ပြီး၊ ဓာတ်ကြီးငါးပါးက ဆေဘာဆေဘာဆန္ဒနှင့် ပေါင်းစည်းသွားသည့် အချိန်တွင်၊ ၎င်းသည် ကောင်းကင်ဘုံကို ဖြိုချကာ စကြာဝဌာကိုပင် ဖိနှိပ်နိုင်ပေသည်။

ဤဖြစ်ရပ်မတိုင်ခင် အချိန်အထိ ရှုကျိုးသည် အစပျိုးသည့် အဆင့်တွင်သာ ရှိနေခဲ့သည်။

ဆဌမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သူ၏ ဓာတ်ကြီးငါးပါး နားလည်မှုမှာလည်း အံ့ဖွယ်ကောင်းသည့် အမြင့်တစ်နေရာအထိ ရောက်ရှိသွားခဲ့သည်။

ကောင်းကင်ထိန်းချုပ် ဆေဘာမှာလည်း သေးငယ်သော အောင်မြင်မှုနယ်ပယ်အထိ အဆင့်တက်သွားခဲ့သည်။

“ သွား “

ထိုအခိုက်အတန့်တွင် ရှုကျိုးသည် အရှေ့ဘက်ရှိ ဝမ်ပေ့ဝမ်ကို ဆေဘာဖြင့် ခုတ်ပိုင်းလာခဲ့သည်။

ဆေဘာတစ်ချက်ဖြင့် အရာအားလုံး လှုပ်ခတ်သွားမည်

“ ဝုန်းးးးး “

ဆေဘာအလင်းတန်း ဖြတ်သန်းသွားရာ နေရာတစ်လျှောက်ရှိ အရာအားလုံး ယိမ်းနွဲ့သွားခဲ့ပြီး၊ တိမ်သားတိမ်စိုင်တို့လည်း ပြန့်ကျဲသွားကာ လေဟာနယ်ကပင် တဝီဝီ အော်မြည်သံများ ထုတ်လွှတ်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ဝမ်ပေ့ဝမ်၏ အရှေ့ဘက်တွင် ပလက်တီနမ်ရောင် တောက်နေသည့် ဓားတစ်လက် လျင်မြန်စွာ ဖြစ်တည်လာခဲ့သည်။

“ ဗွီ “

ထို့နောက်တွင် သူသည် သူ၏ချီ-သွေးစွမ်းအင်များကို အဆိုပါ ဆေဘာအတွင်းသို့ ထိုးသွင်းလိုက်ပြီး၊ ဓားထံမှ နဂါးဟိန်းသံများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

“ ဝှစ် “

ဝမ်ပေ့ဝမ်မှ သူ၏လက်ကို လှုပ်ရှားလိုက်ရာ ပလက်တီနမ်ရောင် ဓားအလင်းတန်းသည် ဟိန်းဟောက်သံနှင့်အတူ ခုတ်ပိုင်းလာခဲ့ပြီး၊ ဝုန်းခနဲဟူသည့်အသံနှင့်အတူ နှစ်ခြမ်းကွဲထွက်သွားသည်။

“ အထင်ကြီးဖို့ကောင်းတဲ့ စွမ်းအားပဲ၊ ဒါပင်မဲ့ နည်းစနစ်က သိပ်ပြီးတော့ မရင့်သန်သေးဘူး၊ အခုမှ အဆင့်တက်ထားတာမလား “

ဝမ်ပေ့ဝမ်သည် လက်တစ်ဖက်နောက်ပစ်ထားသော အမူအရာဖြင့် အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ အပြုံးဖြင့် ပြောလာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အမှန်ပါပဲ၊ အခုလေးတင်မှ အဆင့်တက်သွားခဲ့တာပါ “

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲတွင် သတိတကြီး ဖြစ်သွားခဲ့သည်၊ နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်ကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ အကုန်လုံးကို မြင်နေနိုင်တာပဲ

ဝမ်ပေ့ဝမ် ပြောလာခဲ့သည့်အတိုင်းပင် ရှုကျိုး၏ ကောင်းကင်ထိန်းချုပ်ဆေဘာသည် ယခုမှ ‌သေးငယ်သော အောင်မြင်မှုနယ်ပယ်ကို ရောက်ရှိထားခဲ့ခြင်း ဖြစ်ပြီး၊ အဆင့်တက်ခါစသာ ရှိသေးသောကြောင့် ၎င်း၏ တကယ့်စွမ်းအားကို အပြည့်အဝ မဖမ်းဆုပ်နိုင်သေးပေ။

ယခုတွင် ရှုကျိုးသည် အမြင့်ပိုင်းအဆင့်များနှင့် အလယ်အလတ်အဆင့်များကြားရှိ ကွာဟချက်က မည်မျှကြီးမားလဲဆိုသည်ကို နားလည်သွားခဲ့သည်။

သေးငယ်သော အောင်မြင်မှုနယ်ပယ်သို့ အဆင့်တက်လာခဲ့သော ဤကောင်းကင်ထိန်းချုပ် ဆေဘာနှင့်သာဆိုပါက ရှုကျိုးသည် သူက နယ်ပယ်တူ ပြိုင်ဘက်များကို ချက်ချင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိနေခဲ့သည်။

သို့သော် ဝမ်ပေ့ဝမ်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ၎င်းမှာ မည်သည့်အကျိုးသက်ရောက်မှုမှ ရှိမနေခဲ့ပေ။

၎င်းမှာ နယ်ပယ်ကွာခြားခြင်း၏ရလဒ်ပင် ဖြစ်သည်။

“ အဆင့်၇ကို လှုပ်ခါစေနိုင်ဖို့ဆိုတာက မဖြစ်နိုင်သေးဘူးပဲ “

ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်သည် ဝမ်ပေ့ဝမ်ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

“ တပ်မှူးဝမ်၊ ဒီတစ်ကွက်ကို သတိထား “

………………………………………………………………………………………………………………………………………

အပိုင်း ( 525 )

အဆင့်အတန်း မြင့်တက်ခြင်း၊ အမှန်တကယ် အသိအမှတ်ပြုခံရခြင်း

ကောင်းကင်ထက်၌ ရှုကျိုးနှင့် ဝမ်ပေ့ဝမ်တို့၏ တိုက်ခိုက်မှုပြီးဆုံးသွားသည့်နောက်တွင် အားကောင်း၊ ပြင်းထန်သော စွမ်းအင်မုန်တိုင်းတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့သည်။

အဆိုပါ စွမ်းအင်မုန်တိုင်းကို ခံစားမိသွားသောအခါတွင် ကျုံးချန်နှင့် ကျမ်းယွမ်တုန်တို့သည် အံ့ဩမှင်သက်သွားကြသည်။

“ ဒီလို စွမ်းအင် အတက်အကျလှိုင်းမျိုးက …. “

“ ညီအစ်ကိုရှုက ထပ်ပြီးတော့ သန်မာလာပြန်ပြီပဲ “

ကျုံးချန်၏ မျက်နှာပေါ်တွင် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရှုကျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် စတွေ့ခဲ့သည့် အချိန်တွင် သူသည် နှောင်းပိုင်း ပဥ္စမအဆင့်နယ်ပယ်တွင်သာ ရှိနေခဲ့သည်။

သို့သော် ယခုတွင်ကား ရှုကျိုးသည် ဆဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး၊ ယခုလေးတင် သူထုတ်လွှတ်ခဲ့သည့် စွမ်းအားသည် သူ့ကိုပင် အလွန်တရာ စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

ကျန်းယွမ်တုန်၏ မျက်နှာပေါ်တွင်လည်း လေးစားမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည် “ တပ်မှူးရှုကတော့ ထင်ထားတဲ့အတိုင်းပါပဲ၊ အဆင့်၆မှာတင် တပ်မှူးဝမ်နဲ့ ဒီလိုမျိုး တိုက်ခိုက်နေနိုင်ပြီ “

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းရှိ လီရွှေမှ စကားဝင်ပြောလာခဲ့သည် “ ငါတို့တပ်မှူးက စတောင် မတိုက်ရသေးဘူး။ တကယ်လို့ သူသာ အလေးအနက်ထားတိုက်မယ်ဆိုရင် မင်းတို့တပ်မှူးက တစ်ကွက်တည်းနဲ့ မှောက်သွားလောက်ပြီ “

“ ဒါပင်မဲ့ သူက အဆင့်၆နယ်ပယ်မှာပဲ ရှိနေသေးတာလေ၊ ငါတို့တပ်မှူးကို ဒီလိုမျိုး တိုက်ခိုက်နိုင်ခဲ့တာကတင် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ “

လီရွှေသည် ရှုကျိုးကို နှိမ့်ချပြောဆိုနေခြင်း မဟုတ်ဘဲ၊ အမှန်တရားကိုသာ ထုတ်ပြောနေခြင်းဖြစ်သည်။

ကျုံးချန်နှင့် ကျန်းယွမ်တုန်တို့မှာလည်း ၎င်းကို နားလည်နေခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ရှုကျိုးနှင့် ဝမ်ပေ့ဝမ်တို့၏ တိုက်ပွဲက မည်သည့်အတိုင်းအတာအထိ ရောက်ရှိသွားမလဲဆိုသည်ကို သိချင်သွားကြသည်။

“ ကြည့်၊ သူတို့က ထပ်တိုက်နေကြပြန်ပြီ “

ထိုအခိုက်အတန့်တွင် ဒုတပ်မမှူးထန်မှ ရုတ်တရက် အော်ပြောလာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် ကောင်းကင်ထက်သို့ ထပ်မံ၍ အာရုံစိုက်လာကြပြန်သည်။

“ ဘုမ်းးး “ “ ဝုန်းးး “

အရှေ့ဘက်ရှိ တိုက်ပွဲနယ်မြေ၌ ပုံရိပ်တစ်ခုသည် မြန်မြန်ဆန်ဆန် ရွေ့လျားနေခဲ့ပြီး၊ ဝမ်ပေ့ဝမ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေလျက်ရှိသည်။

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများ ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားသည် မိုင်တစ်ထောင်အတွင်းရှိ နယ်မြေကို လေဟာနယ်အခြေအနေသို့ ရောက်ရှိလုနီးပါးအထိ ဖြစ်ပေါ်သွားစေခဲ့ကာ၊ တိမ်များ ကင်းစင်သွားစေခဲ့သည်။

ထိုကဲ့သို့ အားပါးပြင်းထန်သော တိုက်ကွက်များကို ရင်ဆိုင်နေရသော်လည်း ဝမ်ပေ့ဝမ်၏ အနေအထားမှာ မည်သို့မျှ ပြောင်းလဲမသွားခဲ့ပေ။

“ နှောင်းပိုင်း အဆင့်၇က တကယ်ကို ကြမ်းတာပဲ။ အထူးတိုက်ကွက်တွေ မသုံးဘူးဆိုရင်၊ သူ့ရဲ့ခံစစ်ကိုတောင် ချိုးဖျက်ဖို့ခက်တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

တိုက်ကွက် အနည်းငယ်မျှ ဖလှယ်ခဲ့ပြီးသည့်နောက်တွင် သူသည် သတ္တမအဆင့်နယ်ပယ်၏ စွမ်းအားကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ သာမန် အစောပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးဖြစ်နေမည်ဆိုပါက၊ ရှုကျိုးသည် သူက ထိုလူ့ကို ဒဏ်ရာရရှိသွားအောင် ပြုလုပ်နိုင်မည်ဟု ယုံကြည်မှုရှိနေခဲ့သည်။

သို့သော် နှောင်းပိုင်း သတ္တမအဆင့်နှင့် ယှဥ်လိုက်မည်ဆိုပါက ကွာဟချက်မှာ အလွန်တရာ ကြီးမားကျယ်ဝန်းနေလေသည်။

နောက်ထပ်တိုက်ကွက်တစ်ခုကို ဖလှယ်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အကြည့်သို့ ကြည့်ကာ အော်ပြောလာခဲ့သည် “ တပ်မှူး၊ ခင်ဗျားက ခုခံရုံပဲ ခုခံနေတယ်၊ အဆင့်မြင့် ပညာရှင်က ဘယ်လိုမျိုးလဲဆိုတာကို ကျွန်တော်သိအောင် ပြပါဦး “

“ အို့ “

ထိုစကားကိုကြားလိုက်ရသောအခါတွင် ဝမ်ပေ့ဝမ်သည် အသာအယာပြုံးကာ စကားပြောလာခဲ့သည် “ မင်းမှာ သတ္တိရှိတာပဲ၊ ကောင်းပြီလေ၊ မင်းဆန္ဒအတိုင်းပဲပေါ့ “

အမှန်တိုင်းပြောရမည်ဆိုပါက သူသည် ရှုကျိုးက ထိုစကားကို ပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။

နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦးက ရှုကျိုးကို တက်တက်ကြွကြွ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဆိုသည်မှာ လူကြားကောင်းမည် မဟုတ်ပေ။

ယခုတွင် ရှုကျိုးကိုယ်တိုင်က ၎င်းကို တောင်းဆိုလာခဲ့ပြီဖြစ်သောကြောင့် သူသည် ထပ်မံ၍ ယဥ်ကျေးနေတော့မည် မဟုတ်ပေ။

“ မိတ်ဆွေလေး၊ ဂရုစိုက် “

ဝမ်ပေ့ဝမ်မှ တိုးညှင်းစွာ ဟိန်းဟောက်လာခဲ့သည်၊ သူ့လက်ထဲတွင် ရှိနေသည့် ပါးလွှာသော ပလက်တီနမ်ရောင် ဓားထံမှ အဆုံးမဲ့ စွမ်းအင်များ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။

“ ဝေါင်းးး “

ချက်ချင်းဆိုသလိုပင် ဓားသည် ယူနီကွန်းဦးခေါင်းနှင့် ပလက်တီနမ် ဦးချိုကို ပိုင်ဆိုင်ထားသည့် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဟိန်းဟောက်လာခဲ့သည်။

ယခင်ကထပ် အဆပေါင်းများစွာ သာလွန်သည့် ဖိအားတစ်ခု ပွင့်ထွက်လာခဲ့သည်။

ပလက်တီနမ်ဦးချို နဂါးပေါ်လာသည်နှင့်တစ်ပြိုင်နက် အနီးအနားရှိ ဟင်းလင်းပြင်သည် မိုင်တစ်သောင်း အကွာမှ လေထုက တဟုန်ထိုး ပြေးဝင်လာသည့်အလား ဖြစ်နေသည့် လေထု၏ ပြောင်းပြန်တိုက်ခတ်မှုကို ခံစားလိုက်ရသည်။

၎င်းမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားအပေါ်တွင် သက်ရောက်နေသည့် နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦး၏ ကြောက်မက်ဖွယ်ရာ ထိန်းချုပ်မှုစွမ်းရည် ဖြစ်သည်။

တစ်ကွက်တည်းဖြင့် ကမ္ဘာမြေတစ်ခုလုံးကို လှုပ်ခါသွားစေနိုင်သည်။

“ တပ်မှူးက တကယ်ကြီး လှုပ်ရှားတာလား “

ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါတွင် ဒုတပ်မှူးထန်သည် အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်။

အဝေးရှိ သူကပင် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ စွမ်းအားကို ခံစားမိနေခဲ့သည်။

လီရွှေကမူ တည်တည်ငြိမ်ငြိမ် ရှိနေသေးပြီး၊ အပြုံးဖြင့် ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ တပ်မှူးရဲ့ စွမ်းရည်နဲ့ဆိုရင် သူက တပ်မှူးရှုကို ပေါ့ပေါ့ပါးပါး သတိပေးရုံလောက်ပဲ လုပ်မှာပါ၊ တကယ်ထိခိုက်သွားအောင် လုပ်မှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ တပ်မှူးက အဲ့အကွက်ကို သုံးလာပြီဆိုတော့ ဒီတိုက်ပွဲကလည်း သက်ဆိုးရှည်နေတော့မှာ မဟုတ်ဘူး “

လီရွှေသည် သူဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်၊ သူသည် ယခခုထပ်ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

ထိုစဥ် ကျုံးချန်နှင့် ကျန်းယွမ်တုန်တို့သည် လက်သီးတဆုပ်ဆုပ်ဖြစ်နေကြကာ၊ ဝမ်ပေ့ဝမ်က ရှုကျိုးက ထိခိုက်ဒဏ်ရာရရှိသွားအောင် မတော်တဆ ပြုလုပ်မိသွားမည်ကို တွေးပူနေကြသည်။

…

ထိုစဥ်

ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားလိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာ ပြောင်းလဲသွားသည်။

“ ရှာတွေ့ပြီ “

ရှုကျိုး၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ယခင်က ဝမ်ပေ့ဝမ်က လှုပ်ရှားမှု မရှိဘဲ မတ်တပ်ရပ်နေခဲ့သည့် အချိန်တွင် သူသည် အပြစ်အနာအဆာ မရှိသည့် ကြေးဝါခေါင်းလောင်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သို့သော် ယခုတွင်ကား ပြိုင်ဘက်က လှုပ်ရှားလာခဲ့ပြီဖြစ်ပြီး၊ ၎င်းမှာ သူ၏ အားနည်းချက်များလည်း ပေါ်လာပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ရှုကျိုးသည် သူ့ကို တိုက်ခိုက်ရန်အတွက် ဝမ်ပေ့ဝမ်ကို အားတက်သရော တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

သိုင်းပညာရှင်တစ်ဦးက အမြင့်ပိုင်းအဆင့်များသို့ ရောက်ရှိလာသည့် အချိန်တွင် သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုတို့နှင့် ပေါင်းစည်းသွားပြီး၊ အပြစ်အနာအဆာ ကင်းစင်သွားကာ၊ အားနည်းချက်များမှာလည်း တဖြည်းဖြည်း လျော့ပါးသွားမည် ဖြစ်သည်။

ထို့ကြောင့်ပင် ဆဌမအဆင့် ပညာရှင်ဖြစ်သည့် သူက နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦး၏ အားနည်းချက်များကို ရှာရခက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် အရာအားလုံးတွင် အားနည်းချက် ရှိပေသည်။

နှောင်းပိုင်း သတ္တမအဆင့်နယ်ပယ်မှာလည်း ချွင်းချက် မဟုတ်ပေ။

“ ဆွစ်ရှ် “

ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး၊ ရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေ့ဝမ်မှ လက်ညှိုးညွှန်လာခဲ့ရာ၊ ပလက်တီနမ်ဦးချို နဂါးသည် ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။

သို့သော် ရှုကျိုးသည် ၎င်းကို မရှောင်တိမ်းလိုက်ဘဲ ရှေ့တည့်တည့်သာ ပြေးဝင်လာခဲ့သည်။

ဝမ်ပေ့ဝမ်နှင့် မီတာတစ်ထောင်မျှသာ ကွာဝေးသော နေရာဆီသို့ ရောက်ရှိလာခဲ့သည်နှင့်တစ်ပြိုင်နက် ရှုကျိုးမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ ဒြပ်စင်ငါးပါး အစီအရင်အလံ ပျံထွက်လာခဲ့ပြီး၊ ဝမ်ပေ့ဝမ်ကို အနောက်၊ တောင်၊ မြောက်၊ အရှေ့ဟူ၍ အရပ်မျက်နှာလေးဖက်မှ ဝိုင်းရံလိုက်သည်။

“ ဇွီ “

အလံများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ခြောက်ထောင့်ကြယ် ပုံသဏ္ဍာန် ရုန်များသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါးဖြင့် ပေါင်းစည်းသွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ချိတ်ပိတ်နိုင်သည့် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဝမ်ပေ့ဝမ်သည် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ချိတ်ပိတ်ခံလိုက်ရကာ သူသည် အချိန်တိုအတွင်းတွင် ဤနေရာမှ မထွက်သွားနိုင်တော့ဘူးဆိုသည်ကို ခံစားသိရှိသွားခဲ့သည်။

“ အို့ “

ဝမ်ပေ့ဝမ်သည် မပြုံးဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်၊ ဒီကောင်လေးက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ

ဒြပ်စင်ငါးပါး အစီအရင်အလံက သူ့ကို ချိတ်ပိတ်နိုင်သော်လည်း၊ ၎င်းမှာ တစ်ခဏခန့်သာဖြစ်ပြီး၊ အကယ်၍ သူသာ အလိုရှိမည်ဆိုပါက၊ သူသည် အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဤချုပ်နှောင်မှုကို ချိုးဖျက်နိုင်ပေသည်။

All Chapters