← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

ကျုံးရှန် ခေါင်းညိတ်လိုက်၏။ ယခုတစ်ကြိမ်တွင် သူ၌ အချိန်အလုံအလောက် ရှိရာ အပြစ်ငရဲဘုံ၏ မူလဇစ်မြစ်နေရာ၌ ခေတ္တမျှ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ မင်ကျွေ့သည် အချိန်ဆွဲမနေတော့ဘဲ သခင့်စေခိုင်းသည့်အတိုင်း မူလဇစ်မြစ်ရှိရာအရပ်သို့ သွားသည့် လမ်းကြောင်းကို လျင်မြန်စွာ ဖွင့်လှစ်လိုက်၏။

ဤနေရာတစ်ဝိုက်ရှိ မိုင်ပေါင်းသန်းချီကျယ်ဝန်းသောဧရိယာမှာ အစောပိုင်းက သူနှင့် မော်လော့၏တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးနေပြီ ဖြစ်သည်။

ထိုသို့ ပျက်စီးနေသော ဟင်းလင်းပြင်၌ နက်ရှိုင်းသော လမ်းကြောင်းဝင်ပေါက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ ထို့နောက် မင်ကျွေ့သည် ရိုသေစွာ ဦးညွှတ်လျက် ရှေ့မှ ဦးဆောင်၍ ဝင်သွားလိုက်လျှင် ကျုံးရှန်လည်း သူ၏နောက်မှ လိုက်ပါသွားသည်။

မကြာမီဆန်းကြယ်လှသော လမ်းကြောင်းတစ်ခုအတွင်းသို့ ရောက်ရှိလာ၏။

ပတ်ဝန်းကျင် ရှုခင်းများသည် အိပ်မက်ဆန်ဆန် ပြောင်းလဲနေပြီး ဖန်ဆင်းရှင်၏ လက်ရာများကို မြင်တွေ့နေရသကဲ့သို့ ထင်မှတ်မှားစေသည်။ ဤမြင်ကွင်းမှာ ရှီးရွှယ်ငရဲဘုံထက်ပင် ပိုမို ထူးခြားနေပေသည်။ သို့သော်လည်း ကျုံးရှန်မှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။

အတိတ်ကာလက သူသည်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ မူလဇစ်မြစ်တည်ရှိရာနေရာသို့ပင် ဝင်ရောက်ဖူးခဲ့သည် မဟုတ်ပါလော။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာကမ္ဘာပေါင်းသုံးထောင်၏ အထွတ်အထိပ်ဖြစ်ပြီး နတ်ဘုရားပေါင်းများစွာ မွေးဖွားရာ နေရာဖြစ်သည်။ ကမ္ဘာ့သစ်ပင်ပြင်ပမှ ဟင်းလင်းပြင်နတ်ဘုရားများနှင့် မိစ္ဆာများ အကြိမ်ကြိမ် ကျူးကျော်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိခဲ့သည့် ထိုကမ္ဘာကြီး၏ မူလဇစ်မြစ်နေရာမှ မြင်ကွင်းသည် ဤနေရာထက် အဆပေါင်းများစွာ ပိုမို ခန့်ညားထည်ဝါလှပေသည်။

လမ်းကြောင်းအတွင်း၌ အချိန်၏ အတိုင်းအတာမှာ ပျောက်ဆုံးနေသကဲ့သို့ ရှိ၏။ မည်မျှကြာအောင် လျှောက်လှမ်းခဲ့သည် မသိရဘဲ ရုတ်တရက် အလင်းရောင်များ ပေါ်ထွက်လာကာ လင်းထိန်နေသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။ ထို့နောက် လူတစ်ဦး အရွယ်အစားခန့်ရှိသော ကြည်လင်တောက်ပသည့် ပုံဆောင်ခဲနှလုံးသားတစ်ခု ခုန်လှုပ်နေသည်ကို မြင်လိုက်ရ၏။

ဤနေရာရှိကမ္ဘာ့မူလဇစ်မြစ်မှာ အရွယ်အစားအားဖြင့် ရှီးရွှယ်ငရဲဘုံထက် များစွာ သေးငယ်လှသည်။ သို့သော် ထိုသေးငယ်သည့်ပုံဆောင်ခဲနှလုံးသားလေး တစ်ချက်ခုန်လှုပ်လိုက်သည့် အကြိမ်တိုင်း၌ မူလဇစ်မြစ်စွမ်းအားများကို အမြောက်အမြား ထုတ်လွှတ်ပေးနေ၏။ အကြမ်းဖျင်း ခံစားကြည့်လိုက်ရုံနှင့်ပင် ဤကမ္ဘာ့အမြုတေနှလုံးသား၏ စွမ်းအား ထုတ်လွှတ်မှုနှုန်းမှာ အရွယ်အစားကြီးမားသော ရှီးရွှယ်ငရဲဘုံ၏ ကမ္ဘာဦးအမြုတေထက် များစွာ သာလွန်ကြောင်း သိနိုင်ပေသည်။

"သခင်... ဒါကတော့ အပြစ်ငရဲရဲ့ကမ္ဘာဦးအမြုတေနှလုံးသား ပါ..."

"အပြစ်ငရဲဘုံတစ်ခုလုံးရဲ့ စွမ်းအားတွေက ဒီကနေတစ်ဆင့် လည်ပတ်သန့်စင်နေတာပါ..."

မင်ကျွေ့က ရိုသေစွာ ရှင်းပြလိုက်၏။ သူသည် သူ၏ သခင်က ဘာလုပ်မည်ကို မသိသဖြင့် စိတ်ပူနေသော်လည်း မေးမြန်းရန်မူ မဝံ့ရဲချေ။

ကျုံးရှန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

''ဒီအပြစ်ငရဲဘုံရဲ့ ကမ္ဘာ့ဦးအမြုတေက ဘာလို့ ဒီလောက် သေးငယ်နေရတာလဲ...''

သူ၏ မှတ်ဉာဏ်ထဲတွင် ရှီးရွှယ်ငရဲဘုံ၏ကမ္ဘာဦးအမြုတေမှာ ကြယ်ကြီးတစ်လုံးကဲ့သို့ ကြီးမားလှပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာဦးအမြုတေမှာမူ အတိုင်းအဆမရှိ ကျယ်ပြောလှသည်။

ထိုစဉ်ကသူ၏ စိတ်အာရုံမှာ ကမ္ဘာငယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော်လည်း ဝမ်ရှန့်ကုန်းမြေတိုက်၏ ကမ္ဘာဦးအမြု‌တေကိုမူ အပြည့်အဝ မမြင်နိုင်ခဲ့ချေ။ ထိုအဖြစ်နှင့်ယှဉ်ကြည့်လျှင် ဤနေရာရှိ ကမ္ဘာ့အမြုတေမှာ အလွန်ပင် သေးငယ်လွန်းနေ၏။

မင်ကျွေ့က ခေါင်းကို အနည်းငယ် ငုံ့လျက် ပြန်လည် ဖြေကြားလိုက်သည်။

"သခင့်ကို တင်ပြရရင်... ကမ္ဘာဦးအမြု‌တေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဌာန်က ပုံသေမရှိပါဘူး..."

"သူတို့က သူ့အလိုလို ပြောင်းလဲနိုင်စွမ်း ရှိကြပါတယ်..."

"ကျွန်တော် ဒီဘုံရဲ့ အရှင်သခင် စဖြစ်တုန်းက ကမ္ဘာ့အချက်အချာက မိုင်ပေါင်း သန်းချီပြီး ကြီးမားခဲ့တာပါ..."

"ဒါပေမဲ့ နှစ်ပေါင်း သန်းချီ ကြာလာတာနဲ့အမျှ တစ်နှစ်ထက်တစ်နှစ် သေးငယ်လာပြီး... အခုချိန်မှာတော့ လူတစ်ရပ်စာလောက်ပဲ ကျန်တော့တာပါ..."

"ဒါပေမဲ့ ငရဲဘုံမူလစွမ်းအား ထုတ်လွှတ်နိုင်တဲ့ ပမာဏကတော့ လျော့မသွားဘဲ ပိုတောင် တိုးလာပါသေးတယ်..."

မင်ကျွေ့၏ ရှင်းပြချက်ကို ကြားသောအခါ ကျုံးရှန်မှာ သဘောပေါက်သွားလေသည်။ ယခင် အတွေ့အကြုံအရ သူသည် ကမ္ဘာဦးအမြုတေ၏ တိုက်ခိုက်မှုကို ဦးစွာ လှုံ့ဆော်ရန် ပြင်လိုက်၏။ ထို့နောက်မှ ဟင်းလင်းပြင် နတ်ဘုရားတံဆိပ်ပြား၏ စွမ်းအားဖြင့် ထိုတိုက်ခိုက်မှုကို ဝါးမြိုကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်ထဲ၌ အပြစ်ငရဲဘုံ၏ ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

သူသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ကမ္ဘာဦးအမြုတေနှလုံးသား၏ ရှေ့သို့ တိုက်ရိုက် ရောက်သွားကာ လက်ဖြင့် အသာအယာ ထိတွေ့လိုက်၏။ ထိတွေ့လိုက်ရသော ခံစားချက်မှာ အလွန်ပင် နူးညံ့လှပြီး နတ်သမီးတစ်ပါး၏ နူးညံ့သော အသားအရေကို ထိတွေ့ရသကဲ့သို့ပင် ဖြစ်သည်။ ထိုမှလွဲ၍ အခြား တုံ့ပြန်မှု မရှိချေ။

'ထူးဆန်းတယ်... ဒီကမ္ဘာ့အချက်အချာက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာလဲ..'

'မကောင်းတော့ဘူး...'

ကျုံးရှန်သည် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် လက်ကို အမြန် ပြန်ရုပ်သိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူတစ်လှမ်း နောက်ကျသွားခဲ့၏။ သူ ထိတွေ့လိုက်သော ကမ္ဘာဦးအမြုတေ နေရာမှာ သူ၏ လက်ဝါးနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ကပ်ပါလာသည်။ ကျုံးရှန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ဒုတိယအဆင့် အသွင်ပြောင်း နတ်ဘုရားနှင့် ညီမျှနေသော်လည်း ရုန်းထွက်ရန် ခက်ခဲနေလေသည်။

ဤသို့သော အခြေအနေမျိုးကို သူ ဒုတိယအကြိမ် ကြုံတွေ့ရခြင်း ဖြစ်၏။ ပထမအကြိမ်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကမ္ဘာဦးအမြုတေနေရာကို စူးစမ်းစဉ်က ဖြစ်သည်။ ဤလက္ခဏာများအားလုံးက အပြစ်ငရဲဘုံ၏ ကမ္ဘာဦးအမြုတေ၌ မရင့်ကျက်သေးသော အသိစိတ်တစ်ခု ပေါက်ဖွားနေပြီ ဖြစ်ကြောင်း ပြသနေလေသည်။

ကံကောင်းသည်မှာ အပြစ်ငရဲဘုံ၏ စွမ်းအားမှာ ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ တစ်သိန်းပုံပုံလျှင်ပင် တစ်ပုံ မရှိခြင်းဖြစ်၏။ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အတိုင်းအဆမရှိသော စစ်မှန်သောအတ္တ စွမ်းအားများကို စုစည်းကာ သူ၏ လက်ဝါးမှတစ်ဆင့် ကမ္ဘာဦးအမြုတေအတွင်းသို့ ထည့်သွင်းလိုက်လေသည်။

'မင်းက ငါ့ကို ဝါးမြိုဖို့ ကြိုးစားနေတာလား... နဂါးမဲ့ ကျင့်စဉ်ရဲ့ စစ်မှန်သောအတ္တ စွမ်းအားတွေကို မင်းရဲ့ အစာအိမ်က ချေဖျက်နိုင်မလား ဆိုတာ ကြည့်ကြတာပေါ့'

ကျုံးရှန်သည် အလစ်တိုက်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသည်။

ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ အသိစိတ်ကလည်း သူ့ကို ဤကဲ့သို့ပင် ဝါးမြိုသန့်စင်ရန် ကြိုးစားခဲ့ဖူးသည် မဟုတ်ပါလော။

များပြားလှသော စစ်မှန်သောအတ္တ စွမ်းအားများမှာ ကမ္ဘာအမြုတေအတွင်းသို့ စီးဝင်သွားပြီး အတွင်း၌ စတင် ဖျက်ဆီးတော့သည်။ သီအိုရီအရ ကမ္ဘာဦးအမြုတေသည် အတိုင်းအဆမရှိသော စွမ်းအားများကို လက်ခံနိုင်၏။ သို့သော်လည်း နဂါးမဲ့ ကျင့်စဉ်မှာမူ ချွင်းချက် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံဖန်တီးခဲ့သည့် ကျင့်စဉ်အသစ်၏စွမ်းအားများ ဖြစ်ပေသည်။ ထိုကျင့်စဉ်သည် စွမ်းအားတစ်မျိုးကိုသာ ကိုယ်စားပြုသည် မဟုတ်ဘဲ ကျင့်ကြံခြင်း ယဉ်ကျေးမှု အသစ်တစ်ခုလုံးကို ကိုယ်စားပြုနေခြင်း ဖြစ်၏။

ထိုကျင့်စဉ်သည် သက်ရှိအပေါင်း၏ လွတ်မြောက်လိုသော ဆန္ဒကို ကိုယ်စားပြုကာ နိယာမပေါင်း သုံးထောင်၏ ပြင်ပ၌ တည်ရှိနေပြီး ငရဲဘုံရှိ သတ်ဖြတ်ခြင်း စွမ်းအားများနှင့်လည်း လုံးဝ ကွဲပြားခြားနားလှ၏။ ထို့ကြောင့် အပြစ်ငရဲ၏ကမ္ဘာဦးအမြုတေနှလုံးသားပင် ထိုစွမ်းအားကို မချေဖျက်နိုင်ဘဲ အစာမကြေ ဖြစ်နေရလေသည်။ စစ်မှန်သောအတ္တ စွမ်းအားများသည် ကမ္ဘာဦးအမြုတေအတွင်း၌ အပြင်းအထန် လှုပ်ရှားနေသဖြင့် မူလဇစ်မြစ်စွမ်းအား ထုတ်လွှတ်မှုကိုပါ ထိခိုက်လာ၏။ နောက်ဆုံးတွင်မူ အပြစ်ငရဲ၏ကမ္ဘာဦးအမြုတေသည် ကျုံးရှန်၏ လက်ကို ပြန်လည် လွှတ်ပေးလိုက်ရလေသည်။

ကျုံးရှန်သည်ခြေလှမ်းအနည်းငယ်ဖြင့် နောက်သို့ ဆုတ်ခွာလိုက်၏။ ထို စစ်မှန်သောအတ္တ စွမ်းအားများသည် ကမ္ဘာဦးအမြုတေအတွင်း၌ သေးငယ်သောလူသားလေးအသွင် ပြောင်းလဲသွားပြီး ဟိုဟိုဒီဒီ ခုန်ပျံနေကာ ဖျက်ဆီးနေသည်။ ထိုလူသားလေး၏ လှုပ်ရှားမှုတိုင်းက ကမ္ဘာဦးအမြုတေကို အပြင်းအထန် နာကျင်စေရာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ဝမ်းနည်းပူဆွေးဖွယ် ကောင်းသော ငိုရှိုက်သံများ ပဲ့တင်ထပ်လာသည်။

ကျုံးရှန် ပြုံးလိုက်သည်။ မရင့်ကျက်သေးသော အသိစိတ်ဆိုသည်မှာ ကလေးငယ်တစ်ဦးနှင့် တူပေသည်။ အရာအားလုံးကို အသိစိတ်ဖြင့် မဟုတ်ဘဲ ဗီဇအရသာ လုပ်ဆောင်ခြင်း ဖြစ်၏။ ထိုငိုရှိုက်သံမှာ ကမ္ဘာဦးအမြုတေနှလုံးသား၏ နာကျင်စွာ ငိုကြွေးသံပင် ဖြစ် နေချေသည်။ ထိုသို့ ဖြစ်ပျက်လာသောအခါ အပြစ်ငရဲဘုံတစ်ခုလုံး၏ စွမ်းအားများ ရှုပ်ထွေးကုန်ပြီး ငရဲဘုံနှစ်ခုကြား တိုက်ပွဲဝင်နေကြသော သက်ရှိများအားလုံးမှာလည်း ရူးသွပ်ကုန်ကြသည်။ မင်ကျွေ့ပင်လျှင်ထိုဒဏ်ကို ခံစားနေရ၏။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်လာပြီး မြေပြင်ပေါ်၌ ဒူးထောက်လိုက်ရသည်။

"သ... သခင်..."

"ကယ်... ကယ်ပါဦး..."

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက ခဏချင်းအတွင်းမှာပင် အပြစ်ငရဲဘုံရှိ သက်ရှိများအားလုံးမှာ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးကုန်ကြပေလိမ့်မည်။

ထိုစဉ်ပတ်ဝန်းကျင်ရှိ ငိုရှိုက်သံများမှာ အသနားခံသည့် အသံများအဖြစ် ပြောင်းလဲသွား၏။ ကမ္ဘာဦးအမြုတေနှလုံးသားသည် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ လမ်းလျှောက်တတ်စ ကလေးငယ်တစ်ဦးအသွင် ပြောင်းလဲသွားပြီး ကျုံးရှန်၏ ခြေထောက်ကို ဖက်တွယ်လိုက်လေသည်။ ကျုံးရှန်၏ စိတ်အာရုံ လှုပ်ရှားသွားပြီး စစ်မှန်သောအတ္တ စွမ်းအားများ၏ ဖျက်ဆီးမှုကို ရပ်တန့်လိုက်သည်။

ထိုအခါမှသာကမ္ဘာဦးအမြုတေ၏ နာကျင်မှုမှာ သက်သာသွားပြီး ပရမ်းပတာ ဖြစ်နေသော စွမ်းအားများလည်း ငြိမ်သက်သွား၏။ ကျုံးရှန်သည်ယခုအခါ အပြစ်ငရဲဘုံ၏ ကမ္ဘာ့အသိစိတ်မှာ သူ့ကို အလွန်ပင် ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အသိစိတ်ကို သူ မခြိမ်းခြောက်နိုင်သော်လည်း အပြစ်ငရဲဘုံမှာမူ ကမ္ဘာငယ်တစ်ခုသာ ဖြစ်သဖြင့် ဝမ်ရှန့်ကုန်းမြေတိုက်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့အပြင် ဤအသိစိတ်မှာလည်း အသစ်စက်စက် မွေးဖွားလာခြင်းသာ ဖြစ်သဖြင့် လွယ်ကူစွာပင် အညံ့ခံသွားလေသည်။ ကျုံးရှန်သည် အခြေအနေကောင်းကို အသုံးချရန် ဆုံးဖြတ်လိုက်၏။ အသိစိတ်ကိုယ်တိုင်က အညံ့ခံလိုက်ပြီ ဖြစ်ရာ ငရဲဘုံ၏ ပုံရိပ်ယောင်ကို ဖန်တီးနေရန်ပင် မလိုတော့ဘဲ နတ်ဘုရားသန္ဓေသားမျိုးစေ့ချရန် မည်သည့် အဟန့်အတားမျှ ရှိမည် မဟုတ်တော့ပေ။

ကျုံးရှန်သည် အချိန်ဆွဲမနေဘဲ စစ်မှန်သောအတ္တ ပုံရိပ်နှင့် ဆက်သွယ်ကာ နတ်ဘုရားသန္ဓေသား တစ်ခုကို ထုတ်ယူလိုက်ပြီး ကမ္ဘာဦးအမြုတေအတွင်းသို့ ထည့်သွင်းလိုက်၏။ ထိတွေ့လိုက်သည်နှင့် ကမ္ဘာဦးအမြုတေလေးမှာ ဗီဇအရ အနည်းငယ် ရုန်းကန်လိုက်သော်လည်း ချက်ချင်းပင် တုန်တုန်ယင်ယင်ဖြင့် ထိုနတ်ဘုရားသန္ဓေသားမျိုး‌စေ့ကို စုပ်ယူလိုက်သည်။

Thank For Reading.

All Chapters