← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 13 Ch. 181-183

ပန်းပွင့် (၁၈၁) - လေစွမ်းအားကျောက်တုံးအား ပေါင်းစည်းခြင်း၊ နတ်ဘုရားမျိုးနွယ်စု၏ ရောက်ရှိလာခြင်း

~'စနစ်... အထူးလက်ဆောင်အိတ် အသေးစားကို ဖွင့်လိုက်'

ယဲ့ဖုန်း စိတ်ထဲမှ အမိန့်ပေးလိုက်၏။

'တီ... ဂိုဏ်းချုပ်ဟာ "လေစွမ်းအားထိန်းချုပ်ကျောက်တုံး" ×၁ ကို ရရှိပါပြီ။'

ထိုပစ္စည်းနာမည်ကို မစိမ်းသော်လည်း၊ ယဲ့ဖုန်းသည် အသေးစိတ် အချက်အလက်များကို နှိပ်ကြည့်လိုက်၏။

[ လေစွမ်းအားထိန်းချုပ်ကျောက်တုံး : အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ]

[ မိတ်ဆက်: နာမည်အတိုင်းပင် လေစွမ်းအားကို ထိန်းချုပ်နိုင်သော ဝိညာဉ်လက်နက် ဖြစ်သည်။ ]

[ ပိုင်ရှင်: ယဲ့ဖုန်း ]

[ မှတ်ချက် (၁): ဝိညာဉ်မူလ နာရီ ကဲ့သို့ပင် ၎င်း၌ "ထိန်းသိမ်းခြင်း" လုပ်ဆောင်ချက် ပါဝင်ပြီး၊ ပိုင်ရှင်မှ ခေတ္တခဏ လွှဲပြောင်းပေးအပ်ထားသူ ကလည်း အသုံးပြုနိုင်သည်။ ]

[ မှတ်ချက် (၂): ၎င်းကို ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲ နှင့် ပေါင်းစပ်လိုက်လျှင် "လေဝိညာဉ်ပုလဲ" အဖြစ် အဆင့်မြှင့်တင်နိုင်ကြောင်း တွေ့ရှိရသည်။ ]

ဒီအချက်အလက်ကို မြင်တော့ ယဲ့ဖုန်း သံသယ ဝင်သွားမိသည်။

"စနစ်... ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲက သူရဲကောင်း ဝိညာဉ်စွမ်းအားရဲ့ တည်နေရာလေ... ဒီကျောက်တုံးနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ သူရဲကောင်း ဝိညာဉ်စွမ်းအားတွေ ပျောက်ကွယ်မသွားဘူးလား"

ဟု ယဲ့ဖုန်း စိုးရိမ်တကြီး မေးလိုက်၏။

"မပျောက်ပါဘူး... လေဝိညာဉ်ပုလဲက နှစ်ခုစလုံးရဲ့ အားသာချက်တွေကို ပြီးပြည့်စုံစွာ ပေါင်းစည်းပေးမှာပါ... ပြီးတော့ အထူးလုပ်ဆောင်ချက်တွေပါ ထပ်တိုးလာနိုင်ပါတယ်"

ဟု စနစ် က ရှင်းပြလာသည်။

"ဒါဆို ပေါင်းလိုက်တော့"

ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်၏။

"ယုံကြည်မှု စွမ်းအား (၁၀၀၀) ကျသင့်ပါမယ်"

စနစ် က သတ်မှတ်ချက်ကို ပြောလိုက်၏။

"အဲ့လောက်တောင်လား"

ယဲ့ဖုန်း အံ့ဩသွားမိပြီး စနစ် မျက်နှာပြင် ကို အမြန်ဖွင့်ကြည့်လိုက်ရာ၊ လက်ရှိတွင် ယုံကြည်မှု စွမ်းအား (၁၀၀၀) ကျော်ကျော်လေးသာ ရှိသည်ကို တွေ့လိုက်ရ၏။

‘ဒါဆိုရင် ပြောင်သလောက် ဖြစ်သွားပြီပဲ’

သို့သော် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ယဲ့ဖုန်းသည် လေစွမ်းအားထိန်းချုပ် ကျောက်တုံး နှင့် ဓာတ်ကြီးငါးပါး ဝိညာဉ်ပုလဲကို ထုတ်ယူလိုက်၏။

တစ်ခုက ရောင်စုံ တောက်နေပြီး၊ နောက်တစ်ခုက ဖြူဖွေးနေလေသည်။

"ဟေ... ဒါ ဘာကြီးလဲ"

အစာစားနေသော လုံထျန်းရှင်းသည် ထိုကျောက်တုံး နှစ်တုံးကို လှမ်းမြင်လိုက်ပြီး စိတ်ဝင်စားသွား၏။

"ခဏနေရင် သိရလိမ့်မယ်"

ယဲ့ဖုန်းသည် ယုံကြည်မှု စွမ်းအား (၁၀၀၀) ကို အသုံးပြုလိုက်ပြီး၊ ထိုကျောက်တုံး နှစ်တုံးကို အတင်း ဖိနှိပ်ကာ ပေါင်းစပ်လိုက်သည်။

“ဖူး..”

ထူးဆန်းသော အသံ တစ်သံ ထွက်ပေါ်လာပြီး၊ ကျောက်တုံး နှစ်တုံးသည် ချက်ချင်း ပေါင်းစပ်သွားကာ ကလေး လက်သီးဆုပ် အရွယ်အစား ရှိသော ကြည်လင်သည့် ပုလဲ တစ်လုံး ဖြစ်သွား၏။

သေချာ ကြည့်လျှင် အတွင်းဘက်၌ ထူးခြားသော စွမ်းအင်စီးကြောင်း (၃) ခု ရှိနေသည်ကို တွေ့နိုင်လေသည်။

"ဘယ်လိုလုပ် ကျောက်တုံး နှစ်တုံးက တစ်တုံးတည်း ဖြစ်သွားတာလဲ"

လုံထျန်းရှင်း မျက်လုံးပြူးသွားပြီး ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွား၏။

ယဲ့ဖုန်း ခပ်ပြုံးပြုံး လုပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"မင်း နားမလည်ဘူးလား... ဒါကို ပေါင်းစပ်ခြင်းလို့ ခေါ်တယ်... အခု ဒီပုလဲ နာမည်က 'လေဝိညာဉ်ပုလဲ' တဲ့... သူ့ရဲ့ အဆင့်အတန်းကတော့... ဟေ... အဆင့်မြင့် အဆင့်ပါလား"

သူသည် မိတ်ဆက် အချက်အလက်များကို ကပျာကယာ ဖွင့်ကြည့်လိုက်၏။

[ လေဝိညာဉ်ပုလဲ: အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက် ]

[ မိတ်ဆက်: လေဓာတ် ဝိညာဉ်စွမ်းအင် (၃) ကြောင်း ပါဝင်ပြီး၊ လေစွမ်းအားကို ထိန်းချုပ်ခြင်း၊ တိုက်ခိုက်ခြင်း၊ အသက်ကယ် ထွက်ပြေးခြင်း နှင့် စွမ်းအားမြှင့်တင်ခြင်း စသည့် လုပ်ဆောင်ချက်များ ပါဝင်သော ဘက်စုံသုံး ဝိညာဉ်လက်နက် ဖြစ်သည်။ လေဓာတ် ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားပါက ပြန်လည်ပြည့်ဝရန် (၆) နာရီ ကြာမြင့်သည်။ ]

[ ပိုင်ရှင်: ယဲ့ဖုန်း (သီးသန့်) ]

လေဝိညာဉ်ပုလဲ၏ အချက်အလက်များကို ဖတ်ပြီးနောက် ယဲ့ဖုန်း အံ့ဩသွားမိသည်။

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် နှစ်ခုနှင့် ယုံကြည်မှု စွမ်းအား (၁၀၀၀) ပေါင်းစပ်လိုက်လျှင် အဆင့်မြင့်အဆင့် ဖြစ်လာသည်မှာ သိပ်မထူးဆန်းသော်လည်း၊ ထိုပုလဲထဲတွင် လေဓာတ် ဝိညာဉ်စွမ်းအင် (၃) ကြောင်း ပါဝင်နေခြင်းက တကယ့် အံ့ဖွယ်ပင်။

ဒါမှ တကယ့် ရတနာအစစ်..

"အ..အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက်လား "

လုံထျန်းရှင်း၏ မျက်လုံးများ ပြူးကျယ် သွား၏။

ဝိညာဉ်လက်နက်များကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့် နှင့် ထိပ်တန်း ဟူ၍ ခွဲခြားထားပြီး၊ အသီးသီးမှာ.. ချီစုစည်းခြင်း အဆင့်၊ ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့်နှင့် ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူများအတွက် သင့်လျော်လေသည်။

ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်များကို ဝိညာဉ်ပင်လယ် အဆင့် ပုဂ္ဂိုလ်ကြီးများသာ ကိုင်ဆောင်နိုင်ကြသည်။ အဆင့်မြင့်အဆင့် လက်နက်များသည်လည်း အလွန် စွမ်းအားကြီးမားလေ၏။ ဆင်းရဲသော ဝိညာဉ်ပင်လယ် အဆင့် ကျင့်ကြံသူအများစုသည် အဆင့်မြင့် အဆင့်ကိုသာ သုံးစွဲကြလေသည်။

အခုတော့ ဂိုဏ်းချုပ်က အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက်ကို ပိုင်ဆိုင်သွားပြီတဲ့လား။

လုံထျန်းရှင်း တွေးလေလေ၊ ပိုပြီး တုန်လှုပ်လေလေ ဖြစ်နေမိသည်။

"ကဲ... ဒီသဲမုန်တိုင်းတွေကို ဖြိုခွင်းပြီး၊ နောက်ကွယ်က ကြိုးကိုင်သူကိုပါ သတ်လိုက်ကြစို့"

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ကိုင်ကာ ညင်သာစွာ အသက်သွင်းလိုက်သည်။

ထူးခြားသော အလင်းလှိုင်း တစ်ခု လှိုင်းထသွားပြီး၊ သဲမုန်တိုင်းများ အားလုံး မြေပြင်ပေါ်သို့ ပြန်ကျသွားကာ အထွက်ပေါက်ကို ဖော်ပြလိုက်

လေတော့သည်။

"ဒါ ဘယ်လို စွမ်းအားလဲ"

သဲပြင်အောက်မှ အံ့ဩ ဒေါသထွက်နေသော အသံကြီး တစ်သံ ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် မရေမတွက်နိုင်သော သဲမည်းများသည် ကောင်းကင်ယံသို့ ပျံတက်လာပြီး၊ ပေ (၁၀၀) ခန့် မြင့်မားသော ဧရာမ သဲဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်း၏ မျက်လုံးများက ပုလဲများကဲ့သို့ တောက်ပနေပြီး၊ ယဲ့ဖုန်းနှင့် လုံထျန်းရှင်းကို အကဲခတ်၍ ကြည့်နေ၏။

"သဲနတ်ဆိုးပဲ... သူ့ကို သတ်ရင် 'မြေကျောက် ဝိညာဉ်ကျောက်တုံး' ရနိုင်တယ်... ဒါလည်း ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းပဲ"

ယဲ့ဖုန်းသည် ဧရာမ သဲဘီလူးကြီးကို ကြည့်ရင်း မသိမသာ ရေရွတ်လိုက်၏။

သူ၏ ဘယ်လက်တွင် လေဝိညာဉ်ပုလဲ၊ ညာလက်တွင် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ကိုင်ထားပြီး၊ တစ်စက္ကန့်လျှင် အချက် (၂၀) နှုန်းဖြင့် ဝှေ့ယမ်းလိုက်လေတော့သည်။

“ရွှပ်..”

ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းသည် မြှား တစ်စင်းကဲ့သို့ သဲဘီလူးကြီး၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဖောက်ထွင်းသွား၏။ သဲဘီလူးကြီးမှာ မီတာပေါင်းများစွာ နောက်ဆုတ်သွားရပြီး၊ ခန္ဓာကိုယ်မှ သဲများ ကွာကျသွားကာ မူလပုံစံ အမှန် ပေါ်ထွက်လာလေတော့သည်။

၎င်းမှာ (၃) မီတာခန့် မြင့်သော ကျောက်တုံး ဘီလူးကြီး တစ်ကောင် ဖြစ်နေပြီး၊ မျက်လုံးအပြူးသားဖြင့် အကြီးအကျယ် ထိတ်လန့်နေ၏။

"သွားပြီ... ငါတော့ တော်တော်ကြမ်းတဲ့ ကောင်နဲ့ တိုးပြီ"

ကျောက်တုံးဘီလူးကြီးသည် ချက်ချင်း နောက်လှည့်ပြေးပြီး၊ အဆုံး မရှိသော သဲပြင်ကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားရန် ကြိုးစားလိုက်သည်။

"မင်း.. ပြေးလို့ မလွတ်ပါဘူးကွာ"

ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ပစ်လွှတ်လိုက်၏။

လေဝိညာဉ်ပုလဲမှ အထူးအလင်းလှိုင်း တစ်ခု ထွက်ပေါ်လာပြီး၊ ကျောက်တုံးဘီလူးကြီးကို လေထဲတွင် ရုတ်တရက် တောင့်ခဲသွားစေလေသည်။ ထို့နောက် ယဲ့ဖုန်းသည် လက်သီး တစ်ချက် ထိုးသွင်းလိုက်ရာ၊ ကျောက်တုံးဘီလူးကြီးသည် အလင်းတန်း အသွင် ပြောင်းလဲသွားပြီး၊ ပန်းကန်လုံးလောက်ရှိသော မြေကျောက် ဝိညာဉ်ကျောက်တုံး အဖြစ် ကျန်ရစ်ခဲ့လေတော့သည်။

"ဂိုဏ်းချုပ်က တကယ် ရှယ်ပဲ.."

လုံထျန်းရှင်းသည် အစမှအဆုံး ပါးစပ်အဟောင်းသားဖြင့် ငေးနေမိပြီး၊ ဝင်ကူညီရန် အခွင့်အရေးပင် မရလိုက်ချေ။

"သွားကြစို့... ငါတို့ (၃) ရက်ကျော် ကြာသွားပြီ... ကျန်တဲ့ နေရာတွေကို အမြန်ဆုံး ရှာရမယ်"

ယဲ့ဖုန်းသည် လုံထျန်းရှင်းကို ဆွဲကာ ထိုအလယ်အလတ်စား ကမ္ဘာငယ်ထဲမှ ထွက်ခွာလာခဲ့၏။

နောက်ပိုင်း.. ခရီးစဉ်မှာ ချောမွေ့သွားလေသည်။

နေ့ဝက်ခန့် ကြာပြီးနောက်၊ ယဲ့ဖုန်းသည် အလယ်အလတ်စား ကမ္ဘာငယ် (၆) ခုကို ဆက်တိုက် ဝင်ရောက်

ရှာဖွေခဲ့သော်လည်း၊ ဒဏ္ဍာရီလာ နတ်ဘုရားကျွန်းကို ရှာမတွေ့သေးပေ။

"တခြားလူတွေရော ဘယ်လို အခြေအနေ ရှိလဲ မသိဘူး"

နယ်မြေ လမ်းကြောင်းတစ်ခု၏ ရှေ့တွင် ယဲ့ဖုန်းသည် တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်ကို ခြေထောက်ဖြင့် နင်းခြေထားရင်း၊ ကမ္ဘာငယ် (၃၀၀၀) ၏ ကောင်းကင်ယံကို မော့ကြည့်ကာ အတွေးနက်နေမိသည်။

အခြားတစ်နေရာတွင်၊ စိတ်မြန်လက်မြန် ရှိသော ဒုတိယအကြီးအကဲ လုံအာသည် နယ်မြေ လမ်းကြောင်းတစ်ခုရှေ့သို့ ရောက်ရှိလာလေသည်။

"ငါက တခြားလူတွေထက် မြန်နေတုန်းပဲ... (၁၃) ခုမြောက် ကမ္ဘာငယ်ရဲ့ အဝင်ဝကို ရောက်နေပြီ... ဒီတစ်ခါတော့ လုံယွမ်ချင်းကို တွေ့ပါစေတော့"

လုံအာသည် လရောင်ကျောက်တုံးကို ထုတ်ယူပြီး တံခါးဖွင့်ရန် ပြင်လိုက်၏။

သို့သော် နယ်မြေ လမ်းကြောင်းက လုံးဝ မပွင့်လာပေ။

"ဘာလို့ မပွင့်တာလဲ"

လုံအာ မျက်မှောင်ကြုတ်လိုက်ပြီး အကြိမ်ကြိမ် ကြိုးစားကြည့်ရာမှ၊ ဤအလယ်အလတ်စား ကမ္ဘာငယ်၏ အဝင်ဝသည် အတွင်းဘက်မှ စည်းချထားခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ဤသို့ ပိတ်ပင်နိုင်သူမှာ သူ့ကဲ့သို့ လရောင်ကျောက်တုံး ပိုင်ဆိုင်ထားသူများ... ဆိုလိုသည်မှာ လုံယွမ်ချင်းနှင့် အဖွဲ့သာ ဖြစ်နိုင်လေသည်။

"တွေ့ပြီဟေ့.."

လုံအာ ဝမ်းသာအားရ ဖြစ်သွားပြီး စက္ကူ ကြိုးကြာရုပ်ကို ထုတ်ယူလိုက်၏။ ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးနောက် လေထဲသို့ လွှတ်တင်လိုက်လေသည်။

နယ်မြေ လမ်းကြောင်းတစ်ခု၏ ရှေ့တွင်၊

တတိယအကြီးအကဲ လုံစန်း သည် ပျံသန်းလာသော စက္ကူ ကြိုးကြာရုပ်ကို မြင်လိုက်ရ၏။

"တည်နေရာက... အနောက်မြောက်ဘက် ရွာရဲ့ အပြင်ဘက်.."

လုံအာ၏ အသံ ရုတ်တရက် ထွက်ပေါ်လာလေသည်။

"အနောက်မြောက်ဘက် ရွာ ဟုတ်လား"

လုံစန်း ချက်ချင်း ထွက်ခွာသွား၏။

မကြာမီ ယဲ့ဖုန်း အပါအဝင် လူအားလုံး သတင်းရရှိသွားကြလေသည်။ သူတို့သည် မြေပုံကို ထုတ်ကြည့်လိုက်ကြပြီး၊ အနောက်မြောက်ဘက် ရွာ၏ တည်နေရာကို ရှာဖွေကာ အမြန်ဆုံး ပြေးသွားကြလေတော့သည်။

_

တစ်ချိန်တည်းမှာပင်၊ အနောက်မြောက်ဘက် ရွာအနီးရှိ အလယ်အလတ်စား ကမ္ဘာငယ် အတွင်း၌၊

လူ (၁၀) ယောက်ခန့်သည် အလင်းအကာအကွယ်လွှာ တစ်ခုကို ဝိုင်းရံထားပြီး၊ အစွမ်းကုန် တိုက်ခိုက်နေကြလေသည်။

ခေါင်းဆောင် လုပ်သူသည် နဂါးမျိုးနွယ် ပုံစံ သို့ ပြောင်းလဲထားပြီး၊ အလွန် အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်နေ၏။ သူ၏ ရုပ်ရည်သည် လုံထျန်းရှင်းနှင့် အနည်းငယ် ဆင်တူသော်လည်း၊ ပိုမို ရင့်ကျက် တည်ငြိမ်လေသည်။

ဤသူကား လုံယွမ်ချင်း ပင် ဖြစ်လေသည်။

ကျန်လူများမှာ နဂါးမျိုးနွယ်စု၏ စစ်သည်တော် အဖွဲ့ဝင်များ ဖြစ်ကြ၏။ တချို့က လက်များအား နဂါးလက်သည်း အဖြစ် ပြောင်းလဲထားကြပြီး၊ တချို့က ကျောဘက်တွင် နဂါးအမြီးများ ထွက်ပေါ်နေကြလေသည်။ သူတို့ တစ်ဦးစီမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း အဆင့် အောက် မလျော့နည်းပေ။

"ခေါင်းဆောင်... နတ်ဘုရားမျိုးနွယ် ရဲ့ အကာအကွယ်လွှာက အရမ်း မာလွန်းတယ်... ကျွန်တော်တို့ လုံးဝ ဖောက်လို့ မရဘူး"

နဂါးဂျို ပါရှိသော လူငယ် တစ်ဦးက စိတ်ဓာတ်ကျဆင်းစွာ ပြောလိုက်၏။

"မရလည်း ရအောင် ဖောက်ရမယ်... မဟုတ်ရင် နတ်ဘုရားမျိုးနွယ်ရဲ့ အဓိက တပ်ဖွဲ့တွေ နေရာကူးပြောင်း ဝင်္ကပါကနေ ရောက်လာရင် ငါတို့အားလုံး သေကုန်ကြလိမ့်မယ်"

လုံယွမ်ချင်း၏ မျက်နှာထား ပိုမို မည်းမှောင်သွားလေသည်။

"ဟူး... အစကတည်းက ဒီကမ္ဘာရဲ့ အဝင်ဝကို မပိတ်လိုက်သင့်ဘူး"

နဂါးဂျို လူငယ်က သက်ပြင်းချရင်း မျက်နှာကို အုပ်ကာ ညည်းတွားလိုက်၏။

"ပြီးတော့ ကျွန်တော် မိန်းမတောင် မရသေးဘူး... ဒီလိုသာ သေသွားရင် ကျွန်တော့်ရဲ့ အလယ်အလတ်အဆင့် သွေးမျိုးဆက်ကြီး ပြတ်တောက်သွားတော့မှာပေါ့"

"အဲ့တုန်းကသာ အဝင်ဝကို မပိတ်ခဲ့ရင် နတ်ဘုရားမျိုးနွယ်ရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေ အပြင်ဘက်ကို ရောက်သွားပြီး၊ ကမ္ဘာငယ် (၃၀၀၀) ရဲ့ အဓိက ကမ္ဘာကြီးမှာ နေရာကူးပြောင်း ဝင်္ကပါ တည်ဆောက်လိုက်ရင်၊ ငါတို့ နဂါးမျိုးနွယ်စုရဲ့ ဘိုးဘေးမြေပါ ထိခိုက်ကုန်မှာကွ"

လုံယွမ်ချင်းက လူငယ်ကို အသေအချာ စိုက်ကြည့် လိုက်၏။

"ပြီးတော့ လုံဖုန်း ... မင်းက ဘာလို့ မဝင်ခင်တုန်းက မိန်းမ မယူခဲ့တာလဲ"

"အိမ်မရှိ၊ ဝိညာဉ်လက်နက် မရှိဘဲနဲ့ ဘယ်သူက ကျွန်တော့်ကို ကြိုက်မှာလဲဗျာ"

ထို့နောက်၊ လုံဖုန်းက သက်ပြင်းချလိုက်ပြီးနောက် မေးလိုက်၏။

"ခေါင်းဆောင်... ခေါင်းဆောင်မှာ သားတစ်ယောက် ရှိတယ်လို့ ကြားတယ်... ဘာလို့ ကျွန်တော်တို့ တစ်ခါမှ မမြင်ဖူးတာလဲဟင်"

"ငါ့ကလေးကို ငါ့လို လမ်းစဉ်မျိုး မလျှောက်စေချင်လို့ သူ့အမေနဲ့အတူ သူ့အမျိုးတွေဆီ ပြန်လွှတ်လိုက်တာပါ... အခုဆို သူ (၁၀) နှစ်ကျော်လောက် ရှိနေလောက်ပြီ"

ပြောရင်းဆိုရင်း လုံယွမ်ချင်း၏ မျက်နှာတွင် လွမ်းဆွတ်သော အရိပ်အယောင်များ ပေါ်လာသည်။

ထိုစဉ်၊ နဂါးအမြီး ပါရှိသော ဝဖြိုးသည့် လူငယ်တစ်ဦးက စနောက်လိုက်လေသည်။

"ခေါင်းဆောင်က ထိပ်တန်းအဆင့် သွေးမျိုးဆက် ပိုင်ရှင်... သေချာပေါက် မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လာမယ့်သူပဲ... ခေါင်းဆောင်ရဲ့ သားကလည်း ထိပ်တန်းအဆင့် သွေးမျိုးဆက် ဖြစ်မှာ သေချာတာပေါ့... ဟုတ်တယ်မလား"

"ငါလည်း မသေချာဘူး... ဒါပေမဲ့ အနည်းဆုံးတော့ အဆင့်မြင့်အဆင့်တော့ ဖြစ်လောက်ပါတယ်"

လုံယွမ်ချင်းသည် နဂါးမျိုးနွယ် ပုံစံမှ လူပုံစံသို့ ပြန်လည် ပြောင်းလဲလိုက်သည်။

သူသည် ငွေရောင်ဆံပင်၊ အပြာရောင်မျက်လုံးနှင့် ခန့်ညားသော ယောက်ျား တစ်ဦး ဖြစ်ပြီး၊ ကျောဘက်တွင် လှံရှည် တစ်လက် လွယ်ထားလေသည်။ ကမ္ဘာငယ် (၃၀၀၀) ၏ ဖိနှိပ်မှု ခံထားရသော်လည်း၊ သူ၏ အရှိန်အဝါသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၁) ဆင့် အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်လေသည်။

“ဝီ..”

လုံယွမ်ချင်းတို့ ဝိုင်းရံထားသော အလင်းအကာအကွယ်လွှာ အတွင်းမှ ထူးဆန်းသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ အားလုံး မမှိတ်မသုန် ကြည့် လိုက်ကြရာ၊ အကာအကွယ်လွှာ အတွင်းရှိ နေရာကူးပြောင်း ဝင်္ကပါသည် လင်းလက်လာသည်ကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက် ရောက်လာတော့မည့် ပုံပင်။

"ဒုက္ခပဲ... အလင်းအကာအကွယ်လွှာကို ဖျက်ဆီးပြီး နေရာကူးပြောင်း ဝင်္ကပါကို အမြန် ဖျက်ဆီးပစ်ကြ... နတ်ဘုရားမျိုးနွယ်ရဲ့ ပါရမီရှင်တွေ ရောက်လာရင် ငါတို့အားလုံး သေကုန်လိမ့်မယ်"

လုံယွမ်ချင်းသည် နဂါးအသွင်ပြောင်းလဲခြင်းသို့ ချက်ချင်း ဝင်ရောက်လိုက်ပြီး၊ လက်သည်းများဖြင့် အလင်းအကာအကွယ်လွှာကို သည်းကြီးမည်းကြီး ကုတ်ဖဲ့ ဖျက်ဆီးလိုက်လေတော့သည်။

အနောက်မြောက်ဘက် ရွာ၏ အပြင်ဘက်တွင်၊

ယဲ့ဖုန်း၊ လုံထျန်းရှင်း၊ လုံကျိုနှင့် အခြား (၈) ယောက်တို့သည် စုရုံးရောက်ရှိနေကြပြီး၊ ပိတ်ပင်ထားသော နယ်မြေ လမ်းကြောင်းကို ကြည့်နေကြ၏။

"ဒီနယ်မြေ လမ်းကြောင်းက လရောင်ကျောက်တုံး (၃) တုံး သုံးပြီး အတွင်းဘက်ကနေ ပိတ်ထားတာ... အပြင်ဘက်ကနေ ပြန်ဖွင့်ဖို့ ဆိုရင် အနည်းဆုံး လရောင်ကျောက်တုံး (၅) တုံး သုံးပြီး ဝင်္ကပါ ဆင်မှ ရမယ်"

ဟု ဒုတိယအကြီးအကဲ လုံအာက ရှင်းပြလာသည်။

"ဒီမှာ ကျွန်တော့် ကျောက်တုံး"

"ဒီမှာလည်း ရှိတယ်"

လုံစန်း၊ လုံစစ်နှင့် တခြားသူများက သူတို့၏ လရောင်ကျောက်တုံးများကို ထုတ်ပေးလိုက်ကြလေသည်။

"ကျေးဇူးပါပဲ ညီအစ်ကိုတို့"

လုံအာသည် ကျောက်တုံး (၅) တုံးလုံးကို ယူလိုက်ပြီး၊ ကြိတ်ချေကာ အထူး ဝိညာဉ်ဆေးရည်နှင့် ရောစပ်ပြီး ငွေဖြူရောင် မင်ရည်တစ်မျိုး ဖန်တီးလိုက်၏။ ထို့နောက် လက်ချောင်းဖြင့် မင်ရည်ကို တို့ယူကာ နယ်မြေ လမ်းကြောင်းပေါ်တွင် လုံးဝကွဲပြားသော ဝင်္ကပါ ပုံစံများကို စတင် ရေးဆွဲလိုက်လေတော့သည်။

"ဝင်္ကပါ ဆရာသခင် လား"

ယဲ့ဖုန်း အံ့ဩသွားမိသည်။

ထိုအခါ၊ လုံကျိုက ယဲ့ဖုန်းနား ကပ်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"ဟုတ်တယ်... အစ်ကိုကြီး လုံအာက ကျုပ်တို့ နဂါးမျိုးနွယ်စုရဲ့ ဒုတိယ အတော်ဆုံး ဝင်္ကပါ ဆရာသခင်ပဲ... အလယ်အလတ်စား ဝင်္ကပါ တွေကိုတောင် တည်ဆောက်နိုင်တယ်"

"အဲ့ဒီလောက်တောင်လား"

ယဲ့ဖုန်း ပိုပြီး အံ့ဩသွားမိရ၏။

အသေးစား ဓာတ်ကြီးငါးပါး ဆက်နွယ်ခြင်း ဝင်္ကပါ တောင်မှ ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၄) ဆင့်ကို တားဆီးနိုင်သည်... အလယ်အလတ်စား ဝင်္ကပါ သာဆိုလျှင်၊ အပြည့်အဝ အသက်သွင်းလိုက်တာနှင့်၊ သာမန် ဝိညာဉ်ပင်လယ် အဆင့်ပုဂ္ဂိုလ်ကြီးကိုတောင် တားဆီးနိုင်သည်၊ သတ်တောင် သတ်ပစ်နိုင်လောက်၏။

ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၇) ဆင့်သာ ရှိသေးသည့် လုံအာက အလယ်အလတ်စား ဝင်္ကပါကို ရေးဆွဲနိုင်သည် ဆိုတာ တကယ်ကို ချီးကျူးစရာပင်။

သူတို့ အပြင်ဘက်မှ တံခါးဖွင့်ရန် ကြိုးစားနေစဉ်၊ အတွင်းဘက် ကမ္ဘာငယ်တွင်ကား၊ နေရာကူးပြောင်း ဝင်္ကပါကို ကာရံထားသော အလင်းအကာအကွယ်လွှာသည် ရုတ်တရက် တောက်ပလာပြီး၊ လူရိပ်နှစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာ၏။

ထိုနှစ်ယောက်စလုံးတွင် ငါးမန်းပါးစပ်ကဲ့သို့ ပါးစပ်များ ပါရှိကြပြီး၊ ဟန်စန်း နှင့် ဟန်အာ တို့နှင့် အမျိုးတူ ဖြစ်ကြသော နတ်ဘုရားမျိုးနွယ် ဝင်များပင် ဖြစ်လေသည်။

သူတို့ ပေါ်လာသည်နှင့် တပြိုင်နက်၊ အလွန် ပြင်းထန်သော ဖိအားနှစ်ခု ထွက်ပေါ်လာပြီး၊ ရှိသမျှ လူအားလုံးကို လွှမ်းမိုးသွားလေတော့သည်။

အခန်း (၁၈၂) - လေဓာတ် ဝိညာဉ်စွမ်းအင်၊ တစ်ကွင်းလုံးကို ရှင်းလင်းခြင်း

~လုံယွမ်ချင်းသည် နဂါးအသွင်ပြောင်းလဲခြင်းသို့ ဝင်ရောက်ပြီး ဖြစ်လေသည်။

သို့သော် နတ်ဘုရားများသဖွယ် ဖြစ်နေသော ပြိုင်ဘက် နှစ်ဦးကို ရင်ဆိုင်ရချိန်တွင်၊ ကြီးမားလှသော ဖိအားကို ခံစားနေရ၏။

ကျန်ရှိနေသော နဂါးမျိုးနွယ် စစ်သည်တော်များမှာမူ အခြေအနေ ပိုဆိုးလေသည်။ သူတို့သည် နဂါးအသွင်ပြောင်းလိုက်သော်လည်း၊ အလယ်အလတ် သို့မဟုတ် အဆင့်မြင့်အဆင့် သွေးမျိုးဆက်များသာ ဖြစ်ကြသဖြင့် စွမ်းအားတိုးတက်မှုမှာ သိသာထင်ရှားခြင်း မရှိပေ။ သူတို့၏ အင်အားသည် ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၁) ဆင့် သို့မဟုတ် (၂) ဆင့် အဆင့်သာ ရှိသဖြင့်၊ နတ်ဘုရားမျိုးနွယ်ဝင် နှစ်ဦး၏ နတ်ဘုရားအာရုံစွမ်းအား ဖိနှိပ်မှုကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြချေ။

"ဒီမှာ ဆူးငြောင့်ခလုတ် တစ်ခု ရှိတယ်လို့ ကြားတယ်... မင်း ဖြစ်ရမယ်"

နတ်ဘုရားမျိုးနွယ်ဝင် တစ်ဦးက လက်ပိုက်လျက် ပြောလိုက်၏။ သူ၏ အကြည့်များက လုံယွမ်ချင်းအပေါ် ကျရောက်နေပြီး၊ မျက်လုံးထဲတွင် လှောင်ပြောင်မှုများ ပြည့်နှက်နေလေသည်။

"သန်မာလိုက်တာ.."

လုံယွမ်ချင်း ရုတ်တရက် ဖိအားများ တိုးလာသည်ကို ခံစားလိုက်ရလေသည်။ ဤနတ်ဘုရားမျိုးနွယ်ဝင် နှစ်ဦးထံမှ ကြီးမားသော ဖိနှိပ်မှုကြီး တစ်ခု ထွက်ပေါ်နေပြီး၊ သူသည် နဂါးအသွင်ပြောင်းထားလျှင်ပင် တစ်ယောက်တည်းကိုသာ မနည်း ယှဉ်ပြိုင်နိုင်မည့် အနေအထား ဖြစ်နေ၏။

"ဒီကောင်က တကယ်ပဲ အစွမ်းအစ ရှိသားပဲ... ငါတို့ အရင်လွှတ်လိုက်တဲ့ အဆင့် (၃) နဲ့ အဆင့် (၄) မျိုးနွယ်ဝင်တွေ အကုန် သေကုန်တာ မဆန်းပါဘူး... ဒါပေမဲ့ ဒီဆူးငြောင့်က အားကုန်နေပါပြီ... အဆင့် (၅) ရှိတဲ့ ငါတို့နှစ်ယောက်အတွက် သူ့ကို သတ်ရတာ မခက်ပါဘူး"

နတ်ဘုရားမျိုးနွယ်ဝင် တစ်ဦးက မဲ့ပြုံးပြုံးရင်း ပြောလိုက်၏။ မျက်နှာပေါ်တွင် ယုံကြည်မှုများ အပြည့် ရှိနေလေသည်။

"နှမြောစရာပဲ... ဒီ နေရာကူးပြောင်း ဝင်္ကပါက ညံ့လွန်းတယ်... ငါတို့ နှစ်ယောက်ကိုပဲ ပို့ပေးနိုင်တယ်... နောက်ထပ် အဆင့် (၅)၊ အဆင့် (၆) စစ်သည်တော်တွေပါ ခေါ်လာလို့ ရရင် အကုန်လုံးကို လောကကို အုပ်စိုး ပြီး သတ်ပစ်လို့ ရမှာ"

နောက်ထပ် နတ်ဘုရားမျိုးနွယ်ဝင် တစ်ဦးက အလွန် ပေါ့ပါးအေးဆေးစွာ ပြောလိုက်၏။ လုံယွမ်ချင်းနှင့် အဖွဲ့ကို လုံးဝ ဂရုမစိုက်သည့် ပုံစံပင်။

"နတ်ဘုရားမျိုးနွယ်လား"

လုံယွမ်ချင်းက အသံနက်ကြီးဖြင့် မေးလိုက်သည်။

သူတို့နှစ်ဦးသည် နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူများ ဖြစ်ကြောင်း သူ ကောင်းကောင်း သိနေသော်လည်း၊ အချိန်ဆွဲရန်နှင့် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်လေသည်။

"ငါက ဟန်ရှီ... သူက ဟန်ကူ... ငါတို့နှစ်ယောက်လုံး နတ်ဘုရားမျိုးနွယ်ရဲ့ အဆင့် (၅) စစ်သည်တော်တွေပဲ"

ဟု နတ်ဘုရားမျိုးနွယ်ဝင် တစ်ဦးက လက်ပိုက်ရင်း မောက်မာသော လေသံဖြင့် မိတ်ဆက်လိုက်၏။

ဒါကို ကြားတော့ လုံယွမ်ချင်း စိတ်ထဲတွင် ခပ်ပြုံးပြုံး ဖြစ်သွားလေသည်။

ဒီကောင်တွေ စကားများနေသမျှ ကာလပတ်လုံး၊ သူ အသက်ရှူချောင်နေဦးမည် မဟုတ်ပါလော။

နောက်တစ်ခဏတွင် ဟန်ရှီနှင့် ဟန်ကူတို့သည် အထူး တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်ပြီး အကာအကွယ်လွှာတွင် အထွက်ပေါက်တစ်ခု ဖွင့်လိုက်ကြ၏။ ထို့နောက် အကာအကွယ်လွှာ အပြင်ဘက်သို့ ထွက်လာကြသည်။ သူတို့ ခန္ဓာကိုယ်မှ နတ်ဘုရားအာရုံစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး၊ လုံယွမ်ချင်းကို ပြင်းထန်စွာ ဖိနှိပ်လိုက်ရာ၊ သူ့ခြေထောက်အောက်ရှိ ကျောက်ပြားကြီးများ ကွဲအက်သွားလေတော့သည်။

"ခေါင်းဆောင်.."

ကျန်ရှိနေသော နဂါးမျိုးနွယ် စစ်သည်တော်များက ကပျာကယာ အော်ဟစ်လိုက်ကြ၏။

"ပုရွက်ဆိတ်လေးတွေ... သေလိုက်ကြစမ်း.."

ဟန်ရှီ၏ အရှိန်အဝါများ မြင့်တက်လာပြီး၊ လုံယွမ်ချင်းမှလွဲ၍ ကျန်ရှိနေသော နဂါးမျိုးနွယ် စစ်သည်တော်များ အားလုံး လွင့်စင်သွားကြကာ၊ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျ ပြီး သွေးများ အန်ထွက်ကုန်ကြလေသည်။

"ရပ်လိုက်စမ်း.."

လုံယွမ်ချင်း ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

ဟန်ကူက ရိသဲ့သဲ့ ပြုံးရင်း ပြောလိုက်လေသည်။

"မင်း ပါးနပ်ချင်မနေနဲ့... မင်း အချိန်ဆွဲနေမှန်း ငါတို့ မသိဘူးများ မှတ်နေလား... အမှန်အတိုင်း ပြောရရင် မင်းတို့ကို မသတ်သေးတာက၊ ဒီအလယ်အလတ်စား ကမ္ဘာငယ်ရဲ့ ပိတ်ထားတဲ့ တံခါးပေါက်တွေကို မင်းတို့ပဲ ဖွင့်နိုင်တယ်လို့ ကြားထားလို့ပဲ"

ပြောရင်းဆိုရင်း ဟန်ကူသည် နတ်ဘုရားအာရုံစွမ်းအားကို အသက်သွင်းလိုက်၏။

ထိုအခိုက်အတန့်၌၊ ကျောက်တုံးကြီး တစ်တုံးသည် လေထဲသို့ ပျံတက်လာ၏။ ဧရာမ ကျောက်လှံကြီး တစ်ချောင်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ၊ "လုံဖုန်း" အမည်ရှိ နဂါးမျိုးနွယ် လူငယ်လေး၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး မြေကြီးပေါ်တွင် စိုက်ချလိုက်ရာ၊ ထိုနေရာမှာပင် သတိလစ်သွားလေတော့သည်။

"မလုပ်နဲ့.."

လုံယွမ်ချင်း အော်ဟစ်လိုက်ပြီး သူ၏ အရှိန်အဝါများ အပြည့်အဝ ပေါက်ကွဲထွက်လာကာ၊ နတ်ဘုရားအာရုံစွမ်းအား၏ ဖိနှိပ်မှုကို ရုန်းထွက်လိုက်၏။

"ဆင်းစမ်း.."

ဟန်ကူက အဝေးမှ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ လုံယွမ်ချင်းသည် မြေကြီးပေါ်သို့ ဖိချခံလိုက်ရပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။

ဟန်ကူက ဆက်ပြောလာ၏။

"တွေ့လား.. တံခါး မဖွင့်ပေးရင် မင်းတို့ မျိုးနွယ်ဝင်တွေကို တစ်ယောက်ပြီး တစ်ယောက် သတ်ပစ်မယ်... ဒီကစားပွဲကို ဘယ်လို သဘောရလဲ"

"ငါ အချိန်လိုတယ်.."

လုံယွမ်ချင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဒေါသတကြီး အော်ပြောလိုက်သည်။

တကယ်တော့ သူ လရောင်ကျောက်တုံးတွေကို အကုန် သုံးပစ်လိုက်ပြီ ဖြစ်သည်။ ဒါက နောက်ဆုံး အသက်ကယ်နည်းလမ်း ဖြစ်ပြီး၊ တံခါးပြန်ဖွင့်ဖို့ အခွင့်အလမ်း လုံးဝ မရှိတော့ပေ။ သို့သော် စစ်သည်တော် အဖွဲ့ဝင်တွေရဲ့ အသက်ကို ကယ်ဖို့အတွက် သူ ဒီလို ပြောရုံသာ ရှိတော့သည်။

"ဘယ်လောက် လိုချင်တာလဲ"

ဟန်ကူ ရယ်မောလိုက်၏။

"တစ်... တစ်ရက်.."

လုံယွမ်ချင်း လက်သီးကို တင်းတင်း ဆုပ်ထားမိသည်။

တစ်ရက် အချိန်ရလျှင် သူ ကျင့်ကြံမှုအဆင့်ကို အတင်းအကျပ် ချိုးဖောက် ဝင်ရောက်နိုင်ဖို့ သေချာသည်။ ထိုအခါမှာ၊ ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး ရှိလာနိုင်သည် မဟုတ်ပါလော။

"နေ့ဝက်ပဲ ရမယ်"

ဟန်ကူက လက်ပိုက်ရင်း ပြောလိုက်၏။

ထိုအချိန်တွင် ဟန်ရှီက ဘေးဘီဝဲယာကို ကြည့်ရင်း ပြောလိုက်လေသည်။

"ကမ္ဘာငယ် (၃၀၀၀) မှာ ကျင့်ကြံမှုအဆင့်ကို ဆယ်ပုံတစ်ပုံလောက်ထိ ဖိနှိပ်ထားတဲ့ အထူး ကန့်သတ်ချက် ရှိတယ်လို့ ကြားဖူးတယ်... ဒါပေမဲ့ ငါတို့ နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားအာရုံစွမ်းအား အပေါ်တော့ သက်ရောက်မှု မရှိဘူးနဲ့ တူတယ်"

"ဟုတ်တယ်... အဲဒါကြောင့် အခု ငါတို့ရဲ့ အင်အားက လူသား ကျင့်ကြံသူတွေရဲ့ ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၉) ဆင့် နဲ့ ညီမျှနေတာပေါ့... အခြေခံအားဖြင့် အဆင့် (၆) အထွတ်အထိပ် စစ်သည်တော်တွေပဲ... စိတ်ဝင်စားစရာ မကောင်းဘူးလား"

ဟန်ကူက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

"ဟုတ်တယ်... အဆင့် (၆) ကျင့်ကြံသူ တစ်ယောက်ကို လက်ညှိုးလေး တစ်ချောင်းတည်းနဲ့ သတ်လို့ ရတယ်ဆိုတာ ဒီနေရာမှာပဲ လုပ်လို့ရတဲ့ အရာပဲ"

ဟန်ရှီက ထူးခြားသော ပျော်ရွှင်မှုကို ထုတ်ဖော် ပြောဆိုလိုက်၏။

“ဘုန်း..”

ထိုအချိန်တွင် ပိတ်ထားသော တံခါးကြီး ပွင့်သွားလေတော့သည်။

"ဟင်.."

လုံယွမ်ချင်း၊ ဟန်ကူ၊ ဟန်ရှီ နှင့် စစ်သည်တော် အဖွဲ့ဝင်များ အားလုံး တောင့်ခဲသွားပြီး၊ နယ်မြေ လမ်းကြောင်းဝဆီသို့ လှည့်ကြည့်လိုက်ကြရာ၊ လူ (၁၀) ယောက် ပျံသန်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

"အစ်ကိုကြီး လုံအာ၊ လုံစန်း... ပြီးတော့ တခြား အကြီးအကဲတွေ၊ လုံကျို နဲ့ ကျန်တဲ့သူတွေ... စုစုပေါင်း (၈) ယောက် ရောက်လာပြီဟေ့.."

"၃ နှစ် ရှိပြီ... နောက်ဆုံးတော့ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာပြီ.."

ခေါင်းဆောင်များကို မြင်လိုက်ရသဖြင့် စစ်သည်တော် အဖွဲ့ဝင်များ အော်ဟစ်လိုက်ကြပြီး၊ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံဖုန်းကို ကြည့်ကာ ငိုယိုကာ တောင်းပန် နေမိကြ၏။

‘အကြီးအကဲတွေသာ စောစော ရောက်လာခဲ့ရင် လုံဖုန်း သေစရာ မလိုဘူးလေ..’

"ငါ... ငါ မသေသေးဘူး.."

လုံဖုန်း ရုတ်တရက် မျက်လုံး ပြူးကျယ်သွားပြီး၊ သူ့ရင်ဘတ်ထဲ စိုက်ဝင်နေသော ကျောက်လှံကို ဆုပ်ကိုင်ကာ အားနည်းသော အသံ ဖြစ်နေသည်။

"ငါ မိန်းမ မရသေးဘူး... ငါ သေလို့ မဖြစ်ဘူး.."

"ဟေ... မသေသေးဘူးလား"

ဟန်ကူ အံ့ဩသွား၏။

"အသက်စွမ်းအား ကောင်းလိုက်တာ"

ဟန်ရှီ မှတ်ချက်ချလိုက်ပြီး၊ အကြီးအကဲ လုံအာနှင့် အဖွဲ့ကို ကြည့်ကာ ပြောလိုက်သည်။

"ကွက်တိပဲ... တစ်ယောက်ယောက်က လမ်းဖွင့်ပေးလိုက်တာနဲ့ တူတယ်... ဒီလူတွေရဲ့ အရှိန်အဝါက သိပ်မပြင်းပါဘူး... အလွယ်တကူ ရှင်းပစ်လို့ ရတယ်"

"အကြီးအကဲတို့... သတိထားကြပါ... သူတို့က နတ်ဘုရားမျိုးနွယ်တွေပါ... ကမ္ဘာငယ် (၃၀၀၀) ရဲ့ ကန့်သတ်ချက်တွေ သူတို့ကို မထိခိုက်ပါဘူး... သူတို့ရဲ့ အင်အားက ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၉) ဆင့် နဲ့ ညီမျှပါတယ်"

လုံယွမ်ချင်းသည် မတ်တတ်ရပ်ဖို့ ကြိုးစားရင်း အော်ဟစ် သတိပေးလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း.."

ဟန်ရှီက လက်ညှိုး တစ်ချက် ထိုးလိုက်ရုံဖြင့် လုံယွမ်ချင်းကို ဖောက်ခွဲပစ်ရန် ပြင်လိုက်၏။

"အဖေ.."

လုံထျန်းရှင်း၏ အကြည့်များသည် နဂါးအသွင် ပြည့်ဝစွာ ပြောင်းလဲထားသော လုံယွမ်ချင်းထံသို့ ရောက်ရှိသွားသည်။ တပြိုင်နက်တည်း၌၊ ပြင်းထန်သော ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသဖြင့် အော်ခေါ်လိုက်ရာ၊ ရှိသမျှ လူအကုန် အံ့ဩသွားကြ၏။

တစ်ချိန်တည်းမှာပင် အကြီးအကဲ လုံအာသည် ဟန်ရှီ၏ အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

“ဘုန်း..”

နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြပြီး၊ လျင်မြန်စွာ ပြန်လည် လူချင်းခွဲလိုက်ကြ၏။

အကြီးအကဲ လုံအာသည် လုံယွမ်ချင်းကို ပွေ့ချီပြီး နောက်ဆုတ်လိုက်သည်။

သူ့ရင်ဘတ်တွင် နတ်ဘုရားအာရုံစွမ်းအားဖြင့် ထိန်းချုပ်ထားသော ကျောက်တုံးကြီး တစ်တုံး ထိမှန်ထားသဖြင့် ချိုင့်ဝင်နေသည်ကို တွေ့ရ၏။ သို့သော် ဟန်ရှီ၏ အခြေအနေမှာလည်း မကောင်းလှပေ။ တစ်ကိုယ်လုံး သွေးများ အန်ထွက်ကာ နောက်သို့ လွင့်စင်သွားပြီး မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

"သူတောင်းစား.."

ဟန်ရှီ ဒေါသတကြီး ကျိန်ဆဲလိုက်၏။

ဟန်ကူက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"မင်း ပေါ့ဆလွန်းတယ်... ပြိုင်ဘက်က ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၇) ဆင့် ရှိတယ်... ပြီးတော့ နဂါးမျိုးနွယ် သွေးမျိုးဆက် ပိုင်ရှင်ပဲ... ငါတို့ အင်အားက (၆၀-၄၀) လောက်ပဲ ကွာတာ"

ဟန်ရှီက တည်ကြည်လေးနက်စွာဖြင့်

"ငါ ဒဏ်ရာရသွားပြီ... ကျန်တဲ့ ကောင်တွေကိုပဲ ရှင်းနိုင်တော့မယ်... မင်း သွားပြီး အသန်မာဆုံး ကောင်ကို သတ်လိုက်... ပြီးရင် ကမ္ဘာငယ် (၃၀၀၀) ရဲ့ အဓိက ကမ္ဘာကြီးထဲ ဝင်ပြီး နေရာကူးပြောင်း ဝင်္ကပါ တည်ဆောက်ပြီးတော့ ငါတို့မျိုးနွယ်က အကြီးအကဲတွေကို ခေါ်လိုက်"

ဟု ပြန်ပြောလိုက်၏။

"မပူပါနဲ့"

ဟန်ကူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ လက်နှစ်ဖက်ကို မြှောက်လိုက်ကာ ကြီးမားသော နတ်ဘုရားအာရုံစွမ်းအားကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် မြေကြီးများကို ထိန်းချုပ်လိုက်သည်။ ထို့နောက် လေးလံသော ကျောက်လှံများအဖြစ် ပြောင်းလဲကာ အကြီးအကဲ လုံအာနှင့် အဖွဲ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်လိုက်လေတော့သည်။

ထိုအချိန်တွင် အကြီးအကဲ လုံအာ၏ ပွေ့ချီခြင်းကို ခံထားရသော လုံယွမ်ချင်းသည် မျက်လုံးများ ပြူးကျယ်သွားပြီး၊ နဂါးအသွင် ပြည့်ဝစွာ ပြောင်းလဲထားသော လုံထျန်းရှင်းကို ကြည့်ကာ အသံများ တုန်ရီလျက် မေးလိုက်၏။

"မင်း... မင်းက ငါ့သား ထျန်းရှင်းလား"

"ခင်... ခင်ဗျားက ကျွန်တော့်အဖေ ယွမ်ချင်းလား"

လုံထျန်းရှင်း စိတ်လှုပ်ရှားစွာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်မိသည်။

"ဟားဟား... ငါ့သားလိမ္မာလေး... မင်းမှာ တကယ်ပဲ ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိတာပဲ... ကမ္ဘာငယ် (၃၀၀၀) ရဲ့ တံခါးကို ဖွင့်ပေးတာ မင်းမလား"

လုံယွမ်ချင်း ဂုဏ်ယူစွာ ရယ်မောလိုက်တော့သည်။

"သားအဖချင်း ပြန်တွေ့တာ နောက်မှ လုပ်ကြပါ... နတ်ဘုရားမျိုးနွယ်တွေကို အရင် ရှင်းရမယ်နော်.."

ယဲ့ဖုန်း၏ အကြည့်များသည် ကောင်းကင်မှ ကျဆင်းလာသော ကျောက်လှံများကို ကျော်ဖြတ်ပြီး၊ ငါးမန်းပါးစပ်နှင့် လူနှစ်ယောက်ထံသို့ ရောက်ရှိသွား၏။

"နတ်ဘုရားမျိုးနွယ်ပါလား... သူတို့ရဲ့ လျှိုဝင်မှုက တကယ် ကြောက်စရာ ကောင်းတာပဲ... ခရိုင်ဘုရင် မြို့တော်တင် မကဘူး... ကမ္ဘာငယ် (၃၀၀၀) ထဲထိ ရောက်နေတာပဲ"

"သတိထား.."

အကြီးအကဲ လုံအာသည် လုံယွမ်ချင်းကို ချပေးလိုက်ပြီး သတိပေးလိုက်သည်။

ဖျတ်လတ်စွာပင်၊ ကောင်းကင်သို့ ပျံတက်သွားပြီး ထက်ရှသော လက်သည်းများဖြင့် ကျောက်လှံများကို ရိုက်ချိုးပစ်လိုက်တော့၏။

တခြား အကြီးအကဲများလည်း လှုပ်ရှားလိုက်ကြလေသည်။

တချို့က လူတွေကို ကယ်ဆယ်နေကြပြီး၊ တချို့က ဟန်ရှီနှင့် ဟန်ကူ၏ တိုက်ခိုက်မှုများကို ခုခံနေကြ၏။

"ဒါ ဘယ်သူလဲ"

မြေပြင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ လဲလျောင်းနေသော လုံယွမ်ချင်းသည် ယဲ့ဖုန်းကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မြူခိုးဂိုဏ်း ဂိုဏ်းချုပ်... ယဲ့ဖုန်းပါ"

သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် ယဲ့ဖုန်းသည် မြေပြင်ပေါ်တွင် လဲနေသော လုံဖုန်းကို ကြည့်လိုက်ပြီး ပြောလိုက်၏။

"ဒီလူက အသက်စွမ်းအား ကောင်းပေမယ့်... သေခါနီးနေပြီ"

"လုံဖုန်း.."

လုံယွမ်ချင်း ရင်ထဲ ထိတ်ပျာသွားပြီး ရင်ဘတ်ပေါက်နေသော လုံဖုန်းကို ပွေ့ဖက်ထားလိုက်၏။ မျက်လုံးများတွင် နာကျင်မှုနှင့် ဒေါသများ ပြည့်နှက်နေပြီး၊ ဟန်ကူနှင့် ဟန်ရှီကို အခုချက်ချင်း သတ်ပစ်ချင်နေမိတော့သည်။

သို့သော် လုံယွမ်ချင်းသည် ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိသော်လည်း၊ အသက် (၃၀) သာ ရှိသေးပြီး ကျင့်ကြံမှုအဆင့် နိမ့်ကျနေသေးသဖြင့် ဟန်ကူနှင့် ဟန်ရှီကို ယှဉ်နိုင်စွမ်း မရှိပေ။

ယခုမူ သူသည် အရာမထင်သော ဒေါသကိုသာ ထုတ်ဖော်နိုင်လေတော့သည်။

"ဂိုဏ်းချုပ်... သူ့ကို ကယ်ပေးပါလားဗျာ"

လုံထျန်းရှင်းက ယဲ့ဖုန်းကို ငိုယိုကာ တောင်းပန် လိုက်၏။

"ဝိညာဉ်စမ်းရေ အရင် သောက်လိုက်ပါ"

ယဲ့ဖုန်းက ကျောက်စိမ်းပုလင်း တစ်လုံး ထုတ်ပေးလိုက်သည်။

အဓိက ပါဝင်ပစ္စည်းက ဝိညာဉ်စမ်းရေ ဖြစ်ပြီး၊ ယန်ရူယွီ၏ အသက်ဝိညာဉ်စွမ်းအားနှင့် ရောစပ်ထားသဖြင့် ကုသမှုအတွက် အတော်လေး ထိရောက်လေသည်။

"ကျေးဇူးတင်ပါတယ်… ဂိုဏ်းချုပ်.."

လုံထျန်းရှင်းသည် ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီး လုံဖုန်းကို တိုက်လိုက်သည်။ ပြီးနောက်၊ အနည်းငယ်ကို ဒဏ်ရာပေါ် လောင်းချလိုက်ရာ၊ လုံဖုန်း နာကျင်စွာ ညည်းတွားလိုက်မိသည်။

သို့သော် မကြာမီ စစ်သည်တော် အဖွဲ့ဝင်များ၏ အံ့ဩသော မျက်လုံးများအောက်တွင်၊ လုံဖုန်း၏ ဒဏ်ရာသည် သက်သာလာသော လက္ခဏာများ ပြသလာ၏။ အပြည့်အဝ မပျောက်ကင်းသော်လည်း၊ အနည်းဆုံးတော့ ပိုမဆိုးသွားတော့ပေ။ နဂါးမျိုးနွယ်၏ ကြံ့ခိုင်သော အသက်စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် သေချာပေါက် အသက်ရှင်နိုင်မည် ဖြစ်လေသည်။

"ကျေးဇူးတင်ပါတယ်.."

လုံဖုန်းက ယဲ့ဖုန်းကို ကျေးဇူးတင်စကား ဆိုလိုက်ပြီး၊ လုံထျန်းရှင်းကို ပြုံးပြလိုက်၏။

"ဒါ ခေါင်းဆောင်ရဲ့ သားလေးကိုး... ငါ ထင်သားပဲ... မင်းမှာ သေချာပေါက် ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိမှာလို့... မင်းက မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လာမယ့်သူပဲကွ"

ဒါကို ကြားတော့ လုံထျန်းရှင်း ရှက်အမ်းအမ်း ဖြစ်သွား၏။

လုံယွမ်ချင်းသည် ယဲ့ဖုန်းကို ကြည့်လိုက်ပြီး၊ လုံထျန်းရှင်း ခေါ်ဝေါ်ပုံကို သတိရသွားကာ သိလိုစိတ်ကို ထုတ်ဖော်လိုက်သည်။

"ဂိုဏ်းချုပ် ဟုတ်လား... ဒါဆို ကျွန်တော့် သား ထျန်းရှင်းက ခင်ဗျားရဲ့ ဂိုဏ်းကို ဝင်လိုက်ပြီပေါ့"

"ဟုတ်ပါတယ်"

ယဲ့ဖုန်း ခေါင်းညိတ်ပြလိုက်၏။

ကျင့်ကြံမှု လက္ခဏာ မရှိဘဲ လေထဲတွင် ရပ်နေသော ယဲ့ဖုန်းကို ကြည့်ပြီး လုံယွမ်ချင်း ကြောင်အသွားမိသည်။

မြူခိုးဂိုဏ်း ဆိုတာ ဘယ်လို ဂိုဏ်းလဲ...

ဘာလို့ ငါ တစ်ခါမှ မကြားဖူးရတာလဲ။

“ဘုန်း.. ဘုန်း.. ဘုန်း..”

ထိုအချိန်တွင် အကြီးအကဲ လုံအာ၊ လုံစန်း၊ လုံကျိုနှင့် အခြား အကြီးအကဲ (၈) ယောက်တို့သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံလိုက်ရပြီး၊ ပါးစပ်ထောင့်များမှ သွေးများ စီးကျလာကာ၊ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိသွားကြ၏။ ဟန်ကူနှင့် ဟန်ရှီကို ယှဉ်နိုင်စွမ်း မရှိကြောင်း ထင်ရှားနေလေသည်။

"အားနည်းလွန်းတယ်"

ဟန်ကူက လှောင်ပြောင်လိုက်၏။

"ပုရွက်ဆိတ် အုပ်စုပဲ"

ဟန်ရှီက ရက်စက်စွာ လှောင်ပြုံး ပြုံး လိုက်သည်။

"အကြီးအကဲ လုံအာတောင် မယှဉ်နိုင်ဘူးလား"

လုံယွမ်ချင်းနှင့် အဖွဲ့ မျက်နှာပျက်ယွင်းသွားကြလေသည်။

နဂါးမျိုးနွယ်စုသည် အရင်ကနှင့် မတူတော့ပေ။

တစ်ခါမှ မလှုပ်ရှားဖူးသော မဟာ အကြီးအကဲကို ဖယ်ထားလိုက်လျှင်၊ အကြီးအကဲ လုံအာသည် အသန်မာဆုံး ဖြစ်လေသည်။

အခုတော့ သူတောင် ရှုံးနိမ့်သွားပြီ ဆိုတော့... ဒီနေ့ သူတို့အားလုံး သေရတော့မှာလား။

"ဂိုဏ်းချုပ်... ဘာလို့ ဝင်မပါတာလဲဗျ"

လူတိုင်း မျက်နှာပျက်နေချိန်တွင် လုံထျန်းရှင်း၏ အသံ ထွက်ပေါ်လာပြီး၊ ကြီးမားသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိုက်၏။

ထိုအခါ၊ လုံကျို နှုတ်ခမ်း တွန့်ကွေးသွားပြီး ပြောလိုက်လေသည်။

"မင်းရဲ့ ဂိုဏ်းချုပ်က ငါ့ထက် နည်းနည်းပဲ သာတာပါကွ... အဲ့ဒီ နှစ်ကောင်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"အိုး... မင်းက ဘာဂိုဏ်းချုပ်လဲ"

ကောင်းကင်ယံတွင် ဟန်ကူသည် လက်ပိုက်လျက် လေထဲတွင် ရပ်နေသော ယဲ့ဖုန်းကို ကြည့်လိုက်သော်လည်း၊ ဝိညာဉ်စွမ်းအင် အတက်အကျ လုံးဝ ရှာမတွေ့သဖြင့် အံ့ဩစွာ မေးလိုက်၏။

"မင်းရဲ့ စွမ်းအားက သိပ်ထူးခြားတာပဲ... ငါတို့ နတ်ဘုရားမျိုးနွယ်နဲ့ ဆင်တူတယ်... ဘာမျိုးနွယ်လဲ"

"စကားမများနေနဲ့... သတ်ပစ်လိုက်စမ်း"

စိတ်မရှည်တော့သော ဟန်ရှီက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်လှံများစွာကို ပစ်လွှတ်လိုက်၏။

ထိုအခါ၊ ယဲ့ဖုန်းသည် "ငှက်ပျောရွက်ယပ်တောင် အသေးစား" ကို ထုတ်ယူလိုက်ပြီး၊ တစ်စက္ကန့်လျှင် အချက် (၂၀) နှုန်းဖြင့် ဝှေ့ယမ်းကာ ထိုကျောက်လှံများကို အလွယ်တကူ ရိုက်ချိုးပစ်လိုက်တော့သည်။

"ဟွန်း... စိတ်ဝင်စားစရာပဲ"

ဟန်ကူ မျက်မှောင်ကြုတ်လိုက်မိသည်။

"အသေးအမွှား လှည့်ကွက်တွေပါ... ကြည့်နေ ငါ သတ်ပြမယ်..."

ဟန်ရှီက အထင်သေးစွာ ပြောပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ယဲ့ဖုန်းသည် "လေဝိညာဉ်ပုလဲ"အား ထုတ်ယူလိုက်ပြီး၊ အတွင်းရှိ လေဓာတ် ဝိညာဉ်စွမ်းအင် (၂) ကြောင်းကို ထုတ်ဖော်လိုက်သည်။ မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရားအလင်းတန်း (၂) ခုအဖြစ် ပြောင်းလဲပစ်လိုက်၏။

ထိုအလင်းတန်းများသည် လောကတွင် ကြောက်မက်ဖွယ် အကောင်းဆုံး ဓားအလင်းများကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားလေတော့သည်။

“ရွှပ်..”

ဟန်ကူနှင့် ဟန်ရှီတို့သည် သူတို့၏ မြင်ကွင်း (၂) ပိုင်း ကွဲသွားသည်ကို ထိတ်လန့်စွာ တွေ့လိုက်ရပြီး၊ နောက်မှ သူတို့၏ ခန္ဓာကိုယ်များ ထက်ပိုင်းပြတ်သွားခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော အဆင့် (၅) စစ်သည်တော် နှစ်ဦးသည် ဤကဲ့သို့ပင် ဇာတ်သိမ်း

သွားကြလေတော့သည်။

လုံယွမ်ချင်း၊ လုံကျိုနှင့် အခြားသူများသည် ထိုမြင်ကွင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့် ငေး နေမိကြလေတော့သတည်း။

အခန်း (၁၈၃) - နတ်ဘုရားမျိုးနွယ်၏ နေရာကူးပြောင်း ဝင်္ကပါ၊ နတ်ဘုရားကျွန်းသို့ တက်ရောက်ခြင်း

~"လေဓာတ် ဝိညာဉ်စွမ်းအင်က တကယ်ပဲ နာမည်နဲ့လိုက်အောင် စွမ်းတာပဲ"

ယဲ့ဖုန်းသည် ဟန်ကူနှင့် ဟန်ရှီ၏ အလောင်းများကို ရှာဖွေရင်း ခပ်ပြုံးပြုံး ဖြစ်သွား၏။ သူတို့၏ သိုလှောင်လက်စွပ်များကို ရိုက်ခွဲလိုက်ရာ၊ ဝါကျင့်ကျင့် ရှေးဟောင်းသိုင်းကျမ်း တစ်အုပ်ကို မြင်လိုက်ရသဖြင့် သူ့မျက်လုံးများ ရိပ်ခနဲ တောက်ပ သွား၏။

၎င်းသည် ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ် - အလယ်ပိုင်း ပင် ဖြစ်လေသည်။

ဟန်စန်းထံမှ ရထားသော အထက်ပိုင်းနှင့် ပေါင်းစပ်လိုက်လျှင် သူသည် ဆဋ္ဌမအဆင့် အထွတ်အထိပ်အထိ တိုက်ရိုက် ကျင့်ကြံနိုင်ပြီ ဖြစ်လေသည်။

ကျင့်စဉ်၏ အောက်ပိုင်းအတွက်မူ သတ္တမအဆင့်အထက် ရှိသော နတ်ဘုရားမျိုးနွယ်ဝင်များထံတွင်သာ ရှိနိုင်မည်ဟု ယဲ့ဖုန်း ခန့်မှန်းမိသည်။ သို့သော် ထိုအဆင့်ရှိ ပုဂ္ဂိုလ်ကြီးများသည် ဝိညာဉ်ပင်လယ် အဆင့် နှင့် ညီမျှသဖြင့်၊ ယခုအချိန်တွင် သူ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။

ထို့ကြောင့် အောက်ပိုင်းသိုင်းကျမ်းကို လက်ရှိတွင် ဦးစားပေး ရှာဖွေရန် မလိုအပ်သေးချေ။

ကျင့်စဉ်အပြင် သိုလှောင်လက်စွပ်ထဲတွင် အခြားပစ္စည်းများစွာ ပါဝင်သေးရာ၊ ယဲ့ဖုန်းသည် မြူခိုးဂိုဏ်းသို့ ပြန်ရောက်မှ တစ်ခုချင်း စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။

ပစ္စည်းသိမ်းပြီးနောက် ယဲ့ဖုန်း နောက်လှည့်ကြည့်လိုက်၏။

လုံထျန်းရှင်း၊ လုံယွမ်ချင်းနှင့် အခြားသူများသည် ပါးစပ်အဟောင်းသားဖြင့် ငေး နေကြဆဲ ဖြစ်ရာ၊ မြင်ရသည်မှာ အတော်လေး ရယ်စရာကောင်းနေလေသည်။

"ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ... တကယ် ကြောက်စရာ ကောင်းတာပဲ"

လုံထျန်းရှင်းသည် ယဲ့ဖုန်းလက်ဖဝါးပေါ်ရှိ လေဝိညာဉ်ပုလဲကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

ယဲ့ဖုန်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ပြောလိုက်လေသည်။

"ကဲ... လူကြီးမင်းတို့... ပြဿနာ ဖြေရှင်းပြီးပါပြီ... အခု (၃) ရက်လောက်ပဲ ကျန်တော့တာမို့ နတ်ဘုရားကျွန်းကို အမြန်ရှာပြီး ပြန်ထွက်ကြရအောင်ဗျ"

ထိုစကားကို ကြားမှ လူတိုင်း သတိပြန်ဝင်လာကြလေသည်။

အထူးသဖြင့် အကြီးအကဲ လုံကျိုသည် ယခုအချိန်တွင် အလွန် ရှက်ရွံ့နေမိသည်။ စောစောက သူ စကားများမိခဲ့သည်ကို ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲနေမိလေသည်။

‘ယဲ့ဖုန်းက မသန်မာဘူးလို့ ပြောလိုက်မိကာရှိသေး၊ ဘာဆက်ဖြစ်သွားသလဲ ၊ အရူးရဲ့။’

‘မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ အလင်းတန်းနှစ်ချက် ပေါ်လာပြီး၊ ဟန်ရှီနဲ့ ဟန်ကူ ပျောက်သွားတာပဲ။

မျက်နှာဖြတ်ရိုက် ခံလိုက်ရသလို နာလိုက်တာ..’

လုံကျို ခေါင်းငုံ့ထားလိုက်ပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေ၏။

တခြားသူများကမူ ယဲ့ဖုန်းကို လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြပြီး၊ သူသည် တကယ်ပင် အလွန် သန်မာကြောင်း ဝန်ခံလိုက်ကြလေသည်။

"ဂိုဏ်းချုပ်ယဲ့ ပြောတာ မှန်တယ်... ငါတို့ နတ်ဘုရားကျွန်းကို အမြန်ဆုံး ရှာပြီး၊ ရင့်မှည့်နေတဲ့ ဝိညာဉ်သစ်သီးတွေကို ခူးရမယ်၊ အချိန်မကုန်ခင် ပြန်ထွက်ရမယ်... မဟုတ်ရင် ငါတို့မှာ ထိပ်တန်းအဆင့် သွေးမျိုးဆက် ရှိရင်တောင်မှ တံခါးပြန်ဖွင့်ဖို့ နောက်ထပ် (၃) လ စောင့်ရလိမ့်မယ်"

ဟု ဒုတိယအကြီးအကဲ လုံအာက ပြောလိုက်၏။

ထူးဆန်းသော ဝိညာဉ်သစ်သီးသည် တစ်နှစ်လျှင် တစ်ကြိမ်သာ သီးလေသည်။

သို့သော် ထိပ်တန်းအဆင့် သွေးမျိုးဆက် ပိုင်ရှင် နဂါးမျိုးနွယ်များသည် (၃) လလျှင် တစ်ကြိမ် တံခါးဖွင့်နိုင်သဖြင့်၊ ပုံသေနည်းအရ တစ်နှစ်လျှင် (၄) ကြိမ် ဝင်ရောက်နိုင်လေသည်။

"နတ်ဘုရားကျွန်း ဘယ်မှာရှိလဲ ကျွန်တော် သိတယ်"

ဒဏ်ရာရထားသော လုံဖုန်းက ပြောလိုက်၏။

"ပြီးခဲ့တဲ့တစ်ခေါက် နတ်ဘုရားကျွန်းကို တွေ့တုန်းက ကျွန်တော် အမှတ်အသား လုပ်ထားခဲ့တာလေ... အခု ဝိုးတဝါး အာရုံခံမိနေတယ်"

လူတိုင်း အံ့ဩသွားကြလေသည်။

လုံယွမ်ချင်းက

"နတ်ဘုရားကျွန်းက အမှတ်အသားတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အထူး ဝင်္ကပါတွေနဲ့ ကာကွယ်ထားတာလေ... မင်း ဘယ်လိုလုပ် အမှတ်အသား လုပ်ခဲ့တာလဲ"

ဟု မေးလိုက်၏။

လုံဖုန်းက အားနည်းစွာ ပြန်ပြောလိုက်သည်။

"ကျွန်တော့် အမှတ်အသားက အရမ်း ထူးခြားတယ်... ကျွန်တော်က 'ဝိညာဉ်အမွှာ မြက်ပင်'ကို နှစ်ခြမ်းခွဲပြီး တစ်ခြမ်းကို နတ်ဘုရားကျွန်းပေါ်မှာ စိုက်ခဲ့တာ"

ပြောရင်းဆိုရင်း သူသည် မြက်ပင်တစ်ပင်ကို ထုတ်ပြလိုက်၏။

အိုးတစ်လုံးထဲတွင် စိုက်ထားပြီး ရှားစောင်းလက်ပပ်ပင်နှင့် တူသော်လည်း၊ အလယ်တည့်တည့်မှ တိတိကျကျ ဖြတ်ထားသဖြင့် ဖြတ်ရာမှ အလင်းရောင်များ ထွက်ပေါ်နေကာ၊ ထူးဆန်းပြီး စူးရှသော အနံ့တစ်မျိုးကို ထုတ်လွှတ်နေလေသည်။

"ဒါ ဘာကြီးလဲ"

ယဲ့ဖုန်းသည် ဒေါင်လိုက်ဖြတ်ထားပြီး အနာမကျက်ဘဲ ရှင်သန်နေသော ဤကဲ့သို့ ထူးဆန်းသည့် မြက်ပင်မျိုးကို တစ်ခါမှ မမြင်ဖူးချေ။

"ဒါက ကျွန်တော် အပြင်လောကမှာ စွန့်စားခန်းထွက်ရင်း ရခဲ့တာ... နာမည်ရင်းကို မသိလို့ 'ဝိညာဉ်အမွှာ မြက်ပင်' လို့ပဲ နာမည်ပေးထားတာပါ... သူ့ကို ဖြတ်လိုက်ရင် ကျန်တဲ့တစ်ခြမ်းကို ပြန်ဆက်ဖို့ အလိုလို ရှာဖွေတတ်တယ်... ပြီးရင် ဆက်ပြီး ကြီးထွားလာတယ်"

လုံဖုန်းက အိုးကို ကိုင်ရင်း ရှင်းပြလိုက်၏။

ဝိညာဉ်အမွှာ မြက်ပင်သည် မမြင်ရသော လေညှင်းတစ်ခု၏ တိုက်ခတ်မှုကြောင့် ဦးတည်ရာ တစ်ဖက်သို့ ယိမ်းညွှတ်သွားသည်ကို မြင်လိုက်ရသဖြင့်၊ လူတိုင်း၏ မျက်လုံးများသည် ထိုဘက်သို့ ရောက်ရှိသွားကြလေသည်။

"ဟားဟား..ဟိုဘက်မှာကိုး.."

လုံဖုန်း တစ်ချက်ရယ်လိုက်၏။

ဒဏ်ရာရထားသော လုံဖုန်းကို သယ်ဆောင်ပြီး၊ အဖွဲ့လိုက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြလေသည်။

"နေဦး... ဒီ နေရာကူးပြောင်း ဝင်္ကပါကို မဖျက်ဆီးရသေးဘူး"

လုံယွမ်ချင်းသည် အလင်းအကာအကွယ်လွှာဖြင့် ကာရံထားသော နေရာကူးပြောင်း ဝင်္ကပါကို ညွှန်ပြလိုက်၏။

"ဒီဝင်္ကပါက နတ်ဘုရားမျိုးနွယ်နဲ့ ချိတ်ဆက်ထားတာ... မဖျက်ဆီးရင် သူတို့ ဆက်ပြီး လာနေကြလိမ့်မယ်"

“ချွင်..”

လုံယွမ်ချင်း၏ နဂါးလက်သည်းသည် အလင်းအကာအကွယ်လွှာကို ရိုက်နှက်လိုက်သော်လည်း၊ ပြန်ကန်ထွက်လာသည်။

ထိုအခါ၊

ယဲ့ဖုန်းသည် ဟန်ရှီ၏ သိုလှောင်လက်စွပ်ထဲမှ ရထားသော တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး၊ အလင်းအကာအကွယ်လွှာပေါ်တွင် ညင်သာစွာ ဖိကပ်လိုက်ရာ ကွဲထွက်သွားလေတော့သည်။

“ဘုန်း..”

နေရာကူးပြောင်း ဝင်္ကပါသည် လုံယွမ်ချင်း၏ ရိုက်နှက်မှုကြောင့် အပိုင်းပိုင်းအစစ ကွဲကြေပျက်စီးသွားပြီး၊ နတ်ဘုရားမျိုးနွယ်၏ လမ်းကြောင်း တစ်ခု ပြတ်တောက်သွားလေတော့သည်။

ထို့နောက် အဖွဲ့သည် အလယ်အလတ်စား ကမ္ဘာငယ်မှ ထွက်ခွာလာပြီး၊ ဝိညာဉ်အမွှာ မြက်ပင် ညွှန်ပြရာ လမ်းကြောင်းအတိုင်း ကမ္ဘာငယ် (၃၀၀၀) ၏ အဓိက ကမ္ဘာကြီးထဲတွင် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းသွားကြ၏။

တစ်နာရီ ကြာပြီးနောက်၊ သူတို့သည် ကမ္ဘာငယ် (၃၀၀၀) ၏ အစွန်း တစ်နေရာသို့ ရောက်ရှိလာတော့သည်။

ထိုနေရာတွင် မိုင် (၁၀) ခန့် ကျယ်ဝန်းသော ရေချိုကန်ကြီး တစ်ခု ရှိလေ၏။ ရေမျက်နှာပြင် အထက် ပေ (၁၀၀) ခန့်တွင် မြူခိုးများ ဖုံးလွှမ်းနေကာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ပေးစွမ်းနေသည်။

"တွေ့ပြီ.."

အဖွဲ့သည် မြူခိုးများထဲသို့ တိုးဝင်ပျံသန်းသွားကြသည်။ ကျောက်သားများဖြင့် အဓိက တည်ဆောက်ထားသော မျောလွင့်ကျွန်း တစ်ခုပေါ်သို့ ဆင်းသက်

လိုက်ကြလေသည်။

"ဒါ နတ်ဘုရားကျွန်းလား"

ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်လိုက်ရာ၊ နတ်ဘုရားကျွန်း၏ ထိပ်ဆုံးပိုင်းတွင် ဝိညာဉ်စမ်းရေတွင်း တစ်ခု ရှိနေသည်။ ၎င်းကို ဗဟိုပြု၍ မီတာ (၅၀) ခန့် ကျယ်ဝန်းသော ဆေးခင်း တစ်ခု ဝန်းရံထားသည်ကို တွေ့ရ၏။ ထိုဆေးခင်းထဲတွင် စတော်ဘယ်ရီသီးနှင့် တူသော ဝိညာဉ်မြက်ပင် တစ်မျိုးကို စိုက်ပျိုးထားလေသည်။

မီတာဝက်ခန့် အကွာအဝေးတိုင်းတွင် ကြက်ဥ အရွယ်အစား ရှိသော ပြည့်ဖြိုးပြီး နီရဲနေသည့် အသီးအနှံများ သီးနေသည်ကို တွေ့ရ၏။

"နှစ်အတော်ကြာ ပိတ်မိနေလို့ ဝိညာဉ်သီးတွေ အများကြီး ရင့်မှည့်နေပြီပဲ... ဆေးစွမ်းကလည်း ပိုကောင်းလာတယ်"

လုံယွမ်ချင်းသည် ကြီးမားပြီး ရင့်မှည့်နေသော ဝိညာဉ်သီး တစ်လုံးကို ခူးလိုက်ပြီး ကိုက်စားလိုက်ရာ၊ ရင်းနှီးကျွမ်းဝင်သော အရသာကို ခံစားလိုက်ရ၏။

ယဲ့ဖုန်းလည်း တစ်လုံး စမ်းစားကြည့်ရာ စတော်ဘယ်ရီသီး အရသာနှင့် တူကြောင်း တွေ့ရှိလိုက်ရသဖြင့်၊ မြေကြီးပါ အပါ ထူးဆန်းသော ဝိညာဉ်သစ်သီးပင် (၁၀) ပင်ကို တူးယူလိုက်တော့၏။ နောင်အခါကျလျှင် မြူခိုးတောင်ထိပ်မှာ စိုက်ပျိုးဖို့ ရည်ရွယ်ချက်ဖြင့်ပါ။

"နတ်ဘုရားကျွန်းရဲ့ အပြင်ဘက် ရောက်ရင် ဒီအပင်တွေက အသီးမသီးတော့ဘူး"

ဒုတိယအကြီးအကဲ လုံအာ ခေါင်းခါလိုက်၏။

တခြားနေရာမှာ စိုက်ပျိုးလို့ ရရင် ကမ္ဘာငယ် (၃၀၀၀) ထဲကို နှစ်တိုင်း လူလွှတ်စရာ လိုပါဦးမလား။

"ကျွန်တော် စမ်းကြည့်ချင်ပါသေးတယ်"

ဟု ယဲ့ဖုန်း ပြန်ပြောလိုက်၏။

မြူခိုးတောင်ထိပ်မှာ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး နှင့် ဝိညာဉ်စမ်းရေတွင်း ရှိသလို၊ နို့ထိန်း ယန်ရူယွီ နှင့် သန့်စင်ခြင်း ကြာပန်းစိမ်းပြာတို့ကလည်း ဝိညာဉ်မြက်ပင်တွေရဲ့ ကြီးထွားမှုကို အထောက်အကူ ပြုပေးနိုင်စွမ်း ရှိလေသည်။

ထို့ကြောင့် ယဲ့ဖုန်း စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

သို့နှင့်၊ အဖွဲ့သားများသည် ဝိညာဉ်သီးများကို စတင် ခူးဆွတ်ကြလေတော့သည်။

ရင့်မှည့်နေသော အသီးများကိုသာ ခူးယူပြီး၊ မရင့်မှည့်သေးသော အသီးများကိုမူ နောက်နှစ်မှ ခူးရန် ချန်ထားခဲ့ကြ၏။

ယဲ့ဖုန်းသည် နတ်ဘုရားကျွန်း၏ အလယ်ဗဟိုသို့ လျှောက်သွားလိုက်သည်။

ထိုနေရာတွင် ဝိညာဉ်စမ်းရေတွင်း တစ်ခု ရှိလေ၏။ အတွင်းဘက်၌ ရှုပ်ထွေးပြီး လက်ရာမြောက်သော ဝင်္ကပါ တစ်ခု ပါဝင်နေသည်။ ၎င်းက အရပ်ရပ်မှ ဝိညာဉ်စွမ်းအင်များကို စုစည်းပြီး ဝိညာဉ်ဆေးရည် အဖြစ် ပြောင်းလဲ၍ ဆေးခင်းကို ရေလောင်းပေးနေသည်ကို တွေ့ရ၏။

သေချာတာကတော့ ဒါ..သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ပါချေ။

ထို့အပြင် ယဲ့ဖုန်းသည် အနီးနားရှိ ကျောက်တိုင်တစ်ခုပေါ်တွင် "မှန်ကန်သော" (Zheng- 正) ဟူသော စာလုံးများစွာ ရေးထွင်းထားသည်ကို တွေ့ရလိုက်ရသည်။ ဘာရည်ရွယ်ချက်လဲ ဆိုတာတော့ မသိချေ။

"ဒါက ခင်ဗျားတို့ရဲ့ လေးစားရတဲ့ ဘိုးဘေးကြီး၊ နဂါးနတ်ဘုရားရဲ့ သားတော် ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ ကောင်းကင်ဘုံ လှိုဏ်ဂူ နိဗ္ဗာန်များ ဖြစ်နေမလား"

ယဲ့ဖုန်း တွေးမိတာကို ထုတ်ပြောလိုက်ရင်း ဘေးနားရှိ ဒုတိယအကြီးအကဲ လုံအာကို မေးလိုက်သည်။

"မဟုတ်ဘူး"

ဟု လုံအာ..ချက်ချင်း ပြန်ဖြေလိုက်၏။

ဘေးနားမှ လုံကျိုက ဝင်ရှင်းပြလေသည်။

"ကျွန်တော်တို့ရဲ့ ဘိုးဘေးကြီး ပြောဖူးတာက နတ်ဘုရားကျွန်းရဲ့ သမိုင်းကြောင်းက သူ့ထက်တောင် ပိုပြီး ရှေးကျသေးတယ် တဲ့... ရှေးဟောင်း မဟာပုဂ္ဂိုလ်ကြီး တစ်ပါးပါး ဖန်တီးခဲ့တာ ဖြစ်နိုင်တယ် တဲ့"

မဟာပုဂ္ဂိုလ်ကြီး..

ထိုစကားလုံး နှစ်လုံးက ယဲ့ဖုန်း၏ အာရုံကြောများကို တုန်လှုပ် သွားစေ၏

ရှန်ကျိုးတိုက်ကြီးတွင် မူလ နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိသူများကိုသာ မဟာပုဂ္ဂိုလ်ကြီးအဖြစ် ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ နတ်ဘုရားမျိုးနွယ် ကဲ့သို့သော မျိုးနွယ်များကြားတွင် မူလ နတ်ဘုရား နယ်ပယ် ဆိုသည်မှာ စစ်မှန်သော နတ်ဘုရားဝိဉာဉ် ဟုပင် သတ်မှတ်ကြလေသည်။

"ရိုင်းတယ်လို့ မထင်ရင် မေးပါရစေ... ခင်ဗျားတို့ ဘိုးဘေးကြီးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ရှိလဲဗျ"

ယဲ့ဖုန်းသည် လုံကျိုနား ကပ်သွားပြီး တိုးတိုးလေး မေးလိုက်၏။

"ကျုပ်တို့ ဘိုးဘေးကြီးက ဝိညာဉ်ပင်လယ် အဆင့် အထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။ မူလ နတ်ဘုရား နယ်ပယ်ကို တက်လှမ်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်၊ ကံဆိုးစွာနဲ့ အကုန် ကျရှုံးခဲ့ရတယ်... နောက်ဆုံးတော့ သူ သေဆုံးပြီး သူ့ရဲ့ တာအိုလမ်းစဉ် ပျောက်ကွယ်သွားခဲ့ရတာပါ"

စကား အဆုံး၌၊ လုံကျို ..

သက်ပြင်းချလိုက်၏။

ဘိုးဘေးကြီးသာ အောင်မြင်ခဲ့လျှင်၊ နဂါးမျိုးနွယ်စုတွင် မူလ နတ်ဘုရား နယ်ပယ် မဟာပုဂ္ဂိုလ်ကြီး တစ်ပါး ရှိလာလိမ့်မည်။

လျှို့ဝှက်ဆန်းကြယ် တိုင်းပြည် တစ်ခုလုံးကို ကြည့်လိုက်လျှင်၊ သူသည် ထူးကဲသော တည်ရှိမှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

ဘာကြောင့်လဲဆိုတော့ ကြယ်သုံးပွင့် အဆင့် အင်အားစုဟု သိကြသော ဆန်းကြယ်သော တိုင်းပြည်၏ တော်ဝင်မိသားစုတွင်ပင် မူလ နတ်ဘုရား နယ်ပယ် ရှိသူများကို လက်ချိုးရေတွက်လို့ ရနေသောကြောင့် ဖြစ်လေသည်။

"ဝိညာဉ်ပင်လယ် အဆင့် အထွတ်အထိပ် ဟုတ်လား... အဲ့ဒါက ကြယ်နှစ်ပွင့်အဆင့် အင်အားစု ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတာပဲ... တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာတောင် အသန်မာဆုံး ဖြစ်နေပြီ... အဲ့ဒီခေတ်တုန်းက နဂါးမျိုးနွယ်စုက တကယ်ပဲ ပြိုင်ဘက်ကင်းခဲ့တာကိုး"

ယဲ့ဖုန်း ရေရွတ်လိုက်မိသည်။

သူသည် ခေါင်းငုံ့ပြီး ကြည်လင်သော ဝိညာဉ်စမ်းရေများကို ကြည့်လိုက်သည်။ ထိုအခါ၊ ရေတစ်ပုံး ခပ်ယူလိုက်ပြီး ဝိညာဉ်မြေဆီလွှာ အနည်းငယ် တူးယူကာ ပြန်ရန် ပြင်ဆင်လိုက်သည်။

တခြားသူများမှာမူ ထူးဆန်းသော ဝိညာဉ်သစ်သီးများကို ခူးဆွတ်ပြီးကြတော့မည် ဖြစ်၏။

လုံယွမ်ချင်းသည် လုံထျန်းရှင်းနှင့် ပခုံးချင်းယှဉ် လျှောက်လှမ်းရင်း၊ ရင့်မှည့်သော ဝိညာဉ်သီးများကို ခူးကာ တစ်ခါတစ်ရံ ‌စကားလက်ဆုံကျ နေကြ၏။

ပျော်ရွှင်နေသော သားအဖ နှစ်ယောက်ကို ကြည့်ရင်း ယဲ့ဖုန်း အလွန် ကျေနပ်အားရသွားမိလေသည်။

'ကြည့်ရတာ ငါ ထင်သလို.. သူတို့ကြားမှာ စိမ်းသက်မှုတွေ မရှိဘူးပဲ... ကောင်းပါတယ်လေ'

နာရီဝက် ကြာပြီးနောက်၊

အဖွဲ့သည် နတ်ဘုရားကျွန်းမှ ထွက်ခွာလာကြလေသည်။

*

ယဲ့ဖုန်းတို့အဖွဲ့ ထွက်ခွာသွားသည်နှင့် တပြိုင်နက်၊ နတ်ဘုရားကျွန်းသည် မှေးမှိန်သွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

နောက်တစ်ခဏတွင် နတ်ဘုရားကျွန်းသည် အလယ်အလတ်စား ကမ္ဘာငယ် တစ်ခု၏ အထက်တွင် ပြန်လည် ပေါ်လာပြီး၊ မြူခိုးများ ဖုံးလွှမ်းနေဆဲ ဖြစ်လေသည်။

ဝိညာဉ်စမ်းရေတွင်း ဘေးတွင်၊

ရွှံ့နွံများ ရုတ်တရက် ဖောင်းကြွလာပြီး၊ အမွှေးပွပွ ဝဖြိုးသော ငန်းကြီး တစ်ကောင် ပေါ်ထွက်လာ၏

၎င်းသည် တစ်ကိုယ်လုံး ရွှေရောင် တောက်ပနေပြီး၊ မျက်စိကျိန်းလောက်အောင် လှပနေလေသည်။ လက်ကို နောက်ပစ်ထားသကဲ့သို့ အတောင်ပံများကို ဟန်ပါပါ ထားကာ၊ မိမိပိုင်နက်ကို စစ်ဆေးနေသော ပညာရှိ တစ်ပါးအလား မတ်မတ် ရပ်နေ၏။

သို့သော် အပင်များပေါ်တွင် မရင့်မှည့်သေးသော ဝိညာဉ်သီးများသာ ကျန်ရစ်သည်ကို တွေ့လိုက်ရသောအခါ၊ ဒေါသထွက်လွန်းသဖြင့် မျက်နှာပေါက် (၇) ပေါက်လုံးမှ မီးခိုးများ ထွက်မတတ် ဖြစ်သွားလေတော့သည်။

"ငါ အခိုးခံလိုက်ရပြန်ပြီ... ထပ်ပြီး အခိုးခံလိုက်ရပြန်ပြီကွ.."

ရွှေရောင် ငန်းဝကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ နေရာတွင် လည်ကာ အတောင်ပံများကို ခတ်၍ ပျံသန်းရန် ကြိုးစားလိုက်၏။ သို့သော် ကိုယ်လေးချိန် များလွန်းသဖြင့် လေထဲတွင် မနေနိုင်ဘဲ ရွှံ့နွံထဲသို့ ဝုန်းခနဲ ပစ်ကျ သွားလေတော့သည်။ ခြေထောက်များ ယက်ကန်ယက်ကန်ဖြင့် မနည်း ပြန်တက်လာရလေသည်။

"နောက်နှစ်ကျရင် ငါ သေချာပေါက် စောစော နိုးထပြီး၊ ဒီသခင်ကြီးရဲ့ အစားအစာတွေကို ခိုးသွားတဲ့ကောင်က ဘယ်သူလဲ ဆိုတာ ကြည့်ရမယ်... ဂတ် ..ဂတ်..ဂတ်.."

မကျေမနပ် အော်ဟစ်ပြီးနောက်၊ ရွှေရောင် ငန်းဝကြီးသည် အနီးနားရှိ ကျောက်တိုင်တစ်ခုဆီသို့ သွားပြီး မျဉ်းတစ်ကြောင်း ထပ်ဆွဲလိုက်ရာ၊ "မှန်ကန်သော" (Zheng- 正) ဟူသော စာလုံးအသစ် တစ်လုံး ဖြစ်ပေါ်လာလေတော့သည်။

အကယ်၍ ထိုနေရာတွင် လူတစ်ယောက်ယောက်သာ ရှိနေခဲ့လျှင်၊ ရွှေရောင် ငန်းဝကြီး၏ ညည်းတွားသံကို ကြားလိုက်ရပေလိမ့်မည်။

"အငြိုးအတေး +၁"

ကမ္ဘာငယ် (၃၀၀၀) ၏ တံခါးပေါက်ရှေ့တွင်၊

လုံယွမ်ချင်းနှင့် လုံဖုန်း အပါအဝင် စစ်သည်တော် အဖွဲ့ဝင်များသည် ကျောက်နံရံပေါ်ရှိ ဧရာမ နယ်မြေ လမ်းကြောင်းကြီးကို ကြည့်ရင်း အိမ်ပြန်ရတော့မည့် ပျော်ရွှင်မှုကို ခံစားလိုက်ကြရလေသည်။

"ငါ ပြန်ရောက်လာပြီဟေ့.."

လုံယွမ်ချင်း အော်ဟစ်လိုက်ရာ သူ၏ အသံသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေ၏။

ကမ္ဘာငယ် (၃၀၀၀) မှ သက်ရှိသတ္တဝါ အပေါင်းတို့သည် နတ်ဘုရားတစ်ပါး၏ ဟိန်းဟောက်သံကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး၊ အားလုံး ဒူးထောက်ကာ ရိုသေစွာ ဦးခိုက်လိုက်ကြလေသည်။

*

ရှောင်လန်ရွာ၌၊

ရွာလူကြီး အဘိုးအိုသည် ကျောက်ပြားတစ်ခုကို အိမ်နီးချင်း ရွာလူကြီးထံ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။

"ခင်ဗျား ဒါကို ကောင်းကောင်း စောင့်ရှောက်ရမယ်... နတ်ဘုရားယပ်တောင် ကိုင်ထားတဲ့ ဒီပုံက ကျွန်တော်ပြောတဲ့ 'မေပယ်နတ်ဘုရား' ပဲ... သူက နတ်ဆိုးဘုရားကို ချိပ်ပိတ်ပြီး သက်ရှိသတ္တဝါ အားလုံးကို ကယ်တင်ခဲ့တာ... ပြီးတော့ ဒီငွေရောင် ပုံရိပ်က သူ့ရဲ့... စီးတော်ယာဉ်ပဲ.."

"စီးတော်ယာဉ် ဟုတ်လား... သေးလိုက်တာ"

အိမ်နီးချင်း ရွာလူကြီးက လုံထျန်းရှင်း၏ ရုပ်ကြွကို ညွှန်ပြရင်း အံ့ဩစွာ မေးလိုက်၏။

ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ရွာလူကြီး အဘိုးအိုက ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်... စီးတော်ယာဉ်ပဲ... သူ ကြီးလာရင် နတ်နဂါးအဖြစ် ပြောင်းလဲနိုင်ပြီး နတ်ဘုရားတွေရဲ့ အစွမ်းထက်ဆုံး အကူအညီ ဖြစ်လာမှာ"

"ဪ.."

အိမ်နီးချင်း ရွာလူကြီးလည်း ခေါင်းညိတ်လိုက်၏။

လုံထျန်းရှင်း တစ်ယောက် ကမ္ဘာငယ် (၃၀၀၀) တစ်ခွင် ကျော်ကြားသွားမည့် ဒဏ္ဍာရီများထဲတွင်... ယဲ့ဖုန်း၏ စီးတော်ယာဉ် အဖြစ် လူသိများသွားတော့မည်ကို မသိရှာပေ။

*

ထိုအချိန်တွင် လူအားလုံး တံခါးပေါက်ကို ဖြတ်သန်းသွားကြပြီ ဖြစ်၏။

မြေအောက် ခန်းမဆောင် အတွင်း၌၊

မဟာ အကြီးအကဲ အဂူဒိုသည် ပြန်ရောက်လာသော အဖွဲ့ကို မြင်လိုက်ရပြီး ဝမ်းသာအားရ ပြုံးပြလိုက်၏။

လုံယွိရှင်းသည် လက်ကို တင်းတင်း ဆုပ်ထားရင်း၊ လုံထျန်းရှင်းနှင့် လုံယွမ်ချင်းတို့ သူမထံသို့ ပျံသန်းလာသည်ကို ကြည့်ကာ၊ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာပြီး သူတို့ဆီသို့ ပြေးသွားလိုက်လေတော့သည်။

ချစ်ခြင်းမေတ္တာ ပြည့်ဝသော မိသားစုလေး နောက်ဆုံးတော့ ပြန်လည် ဆုံစည်းနိုင်ခဲ့ကြပြီ..။

ဘေးတွင် ရပ်နေရင်း ခွေးစာ စားနေရသော (အတွဲများကို ကြည့်ပြီး သဝန်တိုခြင်း/အားကျခြင်းကို ဆိုလို) ယဲ့ဖုန်းသည် တိတ်ဆိတ်စွာ နေလိုက်၏။

သူသည် လေဝိညာဉ်ပုလဲကို ထုတ်ကြည့်လိုက်ရာ၊ ကျန်ရှိနေသော လေဓာတ် ဝိညာဉ်စွမ်းအင် တစ်ကြောင်းသည် နှစ်ကြောင်းအဖြစ် ပြန်လည် ပြည့်ဝလာပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ နောက်တစ်နာရီ ကြာလျှင် အပြည့်အဝ ပြန်ပြည့်လာတော့မည်။

"ယွမ်ချင်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

မဟာ အကြီးအကဲသည် ရေတစ်ပုံး မော့သောက်ပြီးနောက်၊ လုံယွမ်ချင်းကို ပြုံးရွှင်သော မျက်လုံးများဖြင့် ကြည့်ကာ အကဲခတ်လိုက်သည်။

"နှမြောစရာပဲ... ဒီနှစ်တွေအတွင်း မင်းရဲ့ ကျင့်ကြံမှုအဆင့်တွေ တိုးတက်မလာခဲ့ဘူး... မဟုတ်ရင် မင်းရဲ့ ပါရမီနဲ့ဆို အခုလောက်ဆို ဓာတ်ကြီး ငါးပါး စုစည်းခြင်း (၇) ဆင့် ရောက်နေလောက်ပြီ"

ထိုအခါ၊ လုံယွမ်ချင်းသည် ဘေးနားရှိ လုံယွိရှင်းနှင့် လုံထျန်းရှင်းကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"မိသားစု စုံလင်နေသမျှ ကာလပတ်လုံး... ကျင့်ကြံမှုအဆင့် တိုးတက်မလာလည်း ကိစ္စမရှိပါဘူး‌ဗျ"

"နေပါဦး... ကျွန်တော့်ကို ကယ်လို့ ရသေးတယ်လို့ ထင်ပါတယ်.."

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံဖုန်းသည် လက်နှစ်ဖက်ကို မြှောက်ပြီး အော်ပြောလိုက်၏။

စောစောက ဝိညာဉ်စမ်းရေ သောက်ပြီးနောက် ဒဏ်ရာ ပိုမဆိုးလာတော့သော်လည်း၊ သူက ဒဏ်ရာအပြင်းအထန် ရထားပြီး ပြန်မကောင်းသေးပေ။ ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြတာ မြင်တော့ သူ မျက်နှာငယ်လေး ဖြစ်သွားရှာသည်။

"ငါ ကုပေးမယ်"

မဟာ အကြီးအကဲက ပြောလိုက်ပြီး တုတ်ကောက်ကို မြှောက်ကာ အစိမ်းရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်းသည် လုံဖုန်းကို ခေါင်းမှ ခြေအထိ လွှမ်းခြုံသွားပြီး၊ သူ့ဒဏ်ရာများသည် မျက်စိရှေ့မှောက်တွင်ပင် လျင်မြန်စွာ ပျောက်ကင်းလာလေတော့သည်။

"အသက်ဝိညာဉ်စွမ်းအားပါလား.."

ယဲ့ဖုန်း အံ့ဩသွားမိသည်။

All Chapters