← Chapters

အခန်း (၁၀၅)

Vol. 12 Ch. 105

အခန်း (၁၀၅)

Vol. 12 Ch. 105

🍼 Chapter 105

“ချင်ချင်၊ ဒီည အဘွားနဲ့အတူ အိပ်မလား?”

ငါးစွပ်ပြုတ်သောက်ပြီးနောက် အဘွားဖူ ပြုံးရွှင်လျက် ချင်ချင့်လက်ကလေးကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

ကလေးမလေးထံမှ နို့နံ့သင်းသင်းလေး ထွက်နေသည်၊ ချိုမြိန်သော်လည်း အီမသွားဘဲ စိတ်ကို ကြည်လူးစေသော ရနံ့မျိုးဖြစ်ကာ နူးညံ့ဖွာလန်နေသော marshmallow လေးနှင့် တူလှသည်။

ဒီညသာ ဒီကလေးမလေးကို ဖက်အိပ်ရရင် သိပ်ပြီး သက်တောင့်သက်သာ ရှိမှာပဲ။

ချင်ချင် ချက်ချင်းပြန်မဖြေဘဲ သူမ၏ မျက်လုံးဝိုင်းလေးများဖြင့် ဖူဟန်အား တုံ့ဆိုင်းစွာ လှမ်းကြည့်လိုက်သည်။

သူမ ဦးဦးနှင့်အတူ အိပ်ချင်သော်လည်း အဘွားအိုအား ငြင်းပယ်ရန်စိတ်မကောင်းဖြစ်နေသည်။ အကယ်၍ ငြင်းလိုက်ရင် အဘွား ဝမ်းနည်းသွားမလား?

ကလေးများမှာ ရိုးသားကြသည်> သူတို့စိတ်ခံစားချက်အားလုံးမှာ မျက်နှာပေါ်တွင် ပေါ်လွင်နေသဖြင့် လူကြီးများ အလွယ်တကူ ရိပ်မိနိုင်ကြသည်။

မားမားဖူ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူr ချွေးမဖြစ်သူမှာ ခန္ဓာကိုယ်သေးငယ်သွားသော်လည်း သားဖြစ်သူနှင့် ဆက်ဆံရေး ကောင်းမွန်နေဆဲဖြစ်ရာ သူမအနေဖြင့် ကြားထဲမှ လူဆိုးအဖြစ်မခံနိုင်ပေ။ ထို့ကြောင့် သူမ ချက်ချင်းပင်

“အဘွား ရုတ်တရက် သတိရလိုက်တယ်၊ အဘွားက အိပ်ရင် ဟိုဘက်ဒီဘက် သိပ်လှိမ့်တတ်တာ၊ ချင်ချင် သမီး အားဟန်နဲ့ပဲ သွားအိပ်လိုက်ပါနော်၊ အဘွားက သမီးကို အိပ်ရင်းဖိမိနေဦးမယ်”

၎င်းမှာ ချင်ချင် အနေမခက်စေရန် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချကာ လမ်းကြောင်းပေးလိုက်ခြင်းသာဖြစ်သည်။

ချင်ချင်လေးမှာ ထိုအချက်အား နားမလည်ဘဲ အဘွား တကယ်ပင် အိပ်မပျော်ဘဲ လူးလိမ့်နေတတ်သည်ဟု ထင်သွားကာ သူမနှင့် အတူမအိပ်နိုင်ခြင်းမှာ ထိုအကြောင်းကြောင့်ဟု ယုံကြည်သွားသည်။

သူမ စိတ်ထဲတွင် အနည်းငယ် တက်ကြွသွားပြီး မျက်နှာလေးမှာ ပျော်ရွှင်မှုကြောင့် နီမြန်းလာသော်လည်း အဘွား စိတ်မကောင်း ဖြစ်မည် စိုး၍ထိန်းထားလိုက်ရသည်။

“ချင်ချင် ဦးဦးနဲ့ အိပ်ပါ့မယ်၊ အဘွား စိတ်မပူနဲ့တော့နော်”

သူမ အရေးကြီးသော တာဝန်တစ်ခုအားလက်ခံရရှိလိုက်သည့်အလား ရင်ဘတ်လေးကိုပုတ်ပြနေပုံမှာ ဖူချန်းသယ်ကိုပင် ရယ်မောမိစေသည်။

“ဒီလူလည်မလေးကတော့”

တကယ်ကို ချစ်စရာကောင်းလွန်းသည်။

ဖူချန်းသယ်မှာ ရုတ်တရက် နောင်တအနည်းငယ် ရမိသွားသည်။ သူ့မှာ သားတစ်ယောက်ပဲ ရှိခဲ့ပြီး ချစ်စရာကောင်းသော သမီးလေးတစ်ယောက် မရှိခဲ့ပေ။ သို့သော်လည်း အမျိုးသမီးများ ကလေးမွေးရသည်မှာ အလွန်ပင်ပန်းလှသည်ကို တွေးမိသောအခါ ထိုစိတ်ကူးအား လက်လျှော့လိုက်တော့သည်။

ပိုင်ချီယွီမှာ အလွန်ပင် အလုပ်တွင်ကျယ်လှသည်။ နောက်တစ်နေ့ မနက်စောစောမှာပင် ဖူဟန်ထံသို့ ဖုန်းခေါ်လာသည်။

“ရှာတွေ့ပြီ၊ သူတို့က ... မှာ နေကြတာ၊ ငါတို့ အချိန်မရွေး သွားလို့ရတယ်”

တစ်ဖက်လူ၏ လေသံထဲမှ ဖုံးကွယ်မရသော နုံးချိမှုကို ကြားလိုက်ရသဖြင့် ဖူဟန် မျက်မှောင်ကြုတ်သွားသည်။

“မင်း မနေ့ညက မအိပ်ဘူးလား?”

ပိုင်ချီယွီ အင်းဟု အသံပြုကာ “အချိန်သက်သာအောင် မအိပ်ဘဲ လုပ်လိုက်တာ”

သူ သက်ပြင်းချလျက် ညည်းတွားလိုက်သည်။

“အခုမှပဲ ငါ တကယ် အိုသွားပြီဆိုတာ နားလည်တော့တယ်၊ အရင်တုန်းက တာဝန်တွေ ထမ်းဆောင်တုန်းက သုံးရက်သုံးည မအိပ်ဘဲ နေနိုင်ခဲ့တာ၊ အခုတော့ တစ်ညလေးနဲ့တင် ငါ မခံနိုင်တော့ဘူး”

“... မင်းရဲ့ ရေနွေးအိုးထဲကို ဂိုဂျီသီးတချို့ ထည့်သောက်ဖို့ မမေ့နဲ့ဦး”

၎င်းမှာ လှောင်ပြောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော အကြံပေးချက်သာ ဖြစ်သည်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်စလုံး လှေတစ်စင်းတည်း စီးနေသူများဖြစ်ပြီး ပြိုင်ဘက်များ ဖြစ်နေစေကာမူ ဒုက္ခရောက်နေသူကို ထပ်ပြီး နှိပ်စက်ရန် မသင့်တော်ပေ။

ပိုင်ချီယွီမှာ ခဏတာ တိတ်ဆိတ်သွားသည်။ ဖူဟန် ပြောလိုသော အဓိပ္ပာယ်ကို နောက်ကျမှ နားလည်သွားသောအခါ

“သွားစမ်းပါကွာ”

“တီ... တီ... တီ...” ဖုန်းကျသွားတော့သည်။

“ဦးဦး?”

ဖူဟန် ဖုန်းပြောသံကြောင့် ချင်ချင် နိုးလာသည်။ ကလေးမလေးမှာ စောင်ထဲတွင် ပိုးတုံးလုံးလေးလို ခွေနေပြီး ကုတင်ပေါ်တွင် နှစ်ချက်၊ သုံးချက် လူးလိမ့်ကာ ပြန်ငြိမ်သွားသည်။

ဖူဟန် တိုးညင်းစွာ ရယ်မောလျက် စောင်ကို လှန်လိုက်သည့်အခါ သူမ မျက်နှာလေး ပေါ်လာသည်။

ထင်ထားသည့်အတိုင်းပင် သူမ ပြန်အိပ်ပျော်သွားပြန်ပြီ။

သို့သော် ယနေ့မှာ အိပ်နေရမည့်နေ့ မဟုတ်ပေ။

မျက်နှာသစ်ပေးခြင်း၊ သွားတိုက်ပေးခြင်း၊ အဝတ်အစား လဲပေးခြင်း၊ ဆံပင်ဖြီးပေးခြင်း... ဤလုပ်ငန်းစဉ်များ အားလုံးပြီးသွားသည့်အခါ အိပ်ချင်မူးတူး ဖြစ်နေသူပင်လျှင် အိပ်ချင်စိတ်များ လွင့်ပြယ်သွားရသည်။

သို့သော် နိုးနေခြင်းမှာ အိပ်မက်ထဲမှ လုံးဝနိုးထလာခြင်းကို မဆိုလိုပေ။

ယောက်ျားလေးဝတ် ဘောင်းဘီတိုနှင့် တီရှပ်အဖြူလေး ဝတ်ပေးကာ ဘေ့စ်ဘောဦးထုပ်အား နောက်ပြန်ဆောင်းပေးထားသဖြင့် အသစ်ဝယ်ထားသော ကလေးထိုင်ခုံပေါ်တွင် ထိုင်နေသည့် ချင်ချင်လေးမှာ ဘာနေ့လဲဆိုသည်ကို မသိဘဲ ဝေဝါးနေဆဲပင်။

“အိုး၊ ဒီက ချစ်စရာကောင်းတဲ့ လူချောလေးက ဘယ်က ရောက်လာတာလဲ?”

အောက်ထပ်သို့ ဆင်းလာသော အဘွားဖူမှာ ချင်ချင့်ယနေ့ဝတ်စုံကို မြင်သောအခါ ပြုံးလျက် စနောက်လိုက်သည်။

သူမ ဝတ်ထားသည်မှာ ဖူဟန် ငယ်ငယ်ကဝတ်ခဲ့သော ယောက်ျားလေးဝတ်စုံပင် ဖြစ်သည်။

အမှန်တကယ်တော့ ဗီရိုထဲတွင် ဂါဝန်တွေ အများကြီးရှိသော်လည်း ထိုဂါဝန်များကိုလည်း ဖူဟန် ငယ်ငယ်က ဝတ်ခဲ့ဖူးပေမည်ဟု တွေးမိလိုက်သည်နှင့် ဖူဟန်မှာ မျက်နှာပျက်ပျက်ဖြင့် ဗီရိုတံခါးအား ဝုန်းခနဲ ပိတ်ပစ်လိုက်မိသည်။

ကလေးတစ်ယောက်အတွက် အရှက်ရဆုံးအရာမှာ ကလေးကိုယ်တိုင်မဟုတ်ဘဲ ရှက်ရကောင်းမှန်းမသိသော မိဘများသာ ဖြစ်ပေသည်။

“ချင်ချင်က ကြည့်လို့ကောင်းလားဟင်?”

ချင်ချင်မှာ ပထမဆုံးအကြိမ် ယောက်ျားလေးဝတ်စုံ ဝတ်ရသဖြင့် အလွန်ထူးဆန်းနေသည်။

“လှတာပေါ့! ငါတို့ ချင်ချင်လေးက သိပ်ကို ခန့်ညားတဲ့ လူချောလေးပဲ!”

အဘွားဖူ အားတက်သရော ချီးကျူးလိုက်သဖြင့် ချင်ချင် မျက်နှာလေး နီမြန်းလာပြီး ပျော်ရွှင်စွာ ပြုံးနေတော့သည်။

အမှန်အတိုင်းပြောရလျှင် ချီးကျူးခြင်းမှာ လွန်ကဲသည်ဟု မဆိုနိုင်ပေ။

ချင်ချင်မှာ မူလကတည်းက ရုပ်ရည်လှပသူဖြစ်ပြီး ကလေးအရွယ်၏ ကျားမခွဲခြားရခက်သော သွင်ပြင်နှင့်ပေါင်းစပ်လိုက်သောအခါ အဒေါ်ကြီးများနှင့် မိန်းကလေးငယ်များအား ဆွဲဆောင်နိုင်လောက်သည့် နုနယ်ခန့်ညားသော ကောင်လေးတစ်ယောက်နှင့် တူနေတော့သည်။

ဖူဟန် ချင်ချင့်အား ဤသို့ခေါ်သွားလျှင် လမ်းသွားလမ်းလာများ လည်ပြန်ကြည့်ရနှုန်းမှာ ၂၀၀ ရာခိုင်နှုန်း သေချာပေါက် ရှိပေလိမ့်မည်။

သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းလိုက်သည့်အခါ ပိုင်ချီယွီမှာ ချင်ချင့်အား မြင်ပြီး ခဏမျှ မှင်တက်သွားကာ ပြုံးလိုက်သည်။

“ချင်ချင် ဒီနေ့ တော်တော်ကြည့်ကောင်းတာပဲ”

“ဟီးဟီး၊ ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးဦးပိုင်”

ချင်ချင်မှာ အကြိမ်ကြိမ် ချီးကျူးခံရဖူးသော်လည်း ကြားရတိုင်း အမြဲတမ်း ပျော်နေတတ်သည်။

“သူ ဘယ်မှာလဲ?”

ပိုင်ချီယွီနှင့် ချင်ချင်တို့ စကားပြောပြီးသည်အထိ စောင့်ကာ ဖူဟန် တိုက်ရိုက်ပင် မေးလိုက်သည်။

“ဟိုဘက်က အဆောက်အအုံထဲမှာ”

ဤနေရာရှိ အိမ်အများစုမှာ ကိုယ်တိုင်ဆောက်ထားသော အိမ်များဖြစ်ပြီး မြို့ကွက်သစ်များကဲ့သို့ စနစ်တကျ မဟုတ်သော်လည်း ထိုကဲ့သို့ ပြန့်ကျဲနေသော အိမ်ပုံစံများကပင် အချိန်ကာလ၏ အလေးချိန်အား ခံစားရစေသည်။ ထိုနေရာတွင် လမ်းလျှောက်ရခြင်းမှာ ရှေးဟောင်းရနံ့သင်းသည့် အတိတ်ကာလဆီသို့ ခရီးသွားနေရသည့်အလား ခံစားရစေသည်။

ပိုင်ချီယွီ စုံစမ်းထားသော ပါဆယ်ပို့သူမှာ သုံးထပ်တိုက် ဗီလာအိမ်လေးတစ်လုံးတွင် နေထိုင်သည်။

ဗီလာ၏ အဖြူရောင်သံတံခါးမှာ တင်းတင်းပိတ်ထားပြီး အိမ်ရှင်ရှိမရှိ မသိရပေ။ ပိုင်ချီယွီ လူခေါ်ဘဲလ် တီးလိုက်သည်။

အိမ်ထဲမှ ဘဲလ်သံအား အပြင်မှပင် ကြားနေရသည်။

သို့သော် ဆယ်ကြိမ်မက တီးသော်လည်း မည်သူမျှ ထွက်မလာပေ။ ဖူဟန်တို့အဖွဲ့မှာ အိမ်ရှင်မရှိသည့် အချိန်မတော်ကြီး ရောက်လာမိပြီဟု ဝန်ခံလိုက်ရတော့သည်။

သို့မဟုတ်လျှင်လည်း အိမ်ရှင်မှာ အထဲတွင် ရှိနေသော်လည်း မသိချင်ယောင်ဆောင်နေခြင်း ဖြစ်ပေမည်။

နေ့ခင်းကြောင်တောင်မှာတော့ ဖူဟန်တို့အနေဖြင့် သူတစ်ပါးအိမ်ထဲကို ဇွတ်အတင်း ဝင်လို့မရသဖြင့် နောက်မှသာ ပြန်လာရန် စီစဉ်လိုက်ကြသည်။

အထဲမှလူမှာ သူတို့မျက်စိအောက်ကနေ လွတ်အောင် ထွက်ပြေးနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ပေ။

“ခင်ဗျားတို့က ဘယ်သူတွေလဲ?”

ကောင်လေးတစ်ယောက်၏ အသံ သူတို့နောက်ကွယ်မှ ထွက်ပေါ်လာသည်။

“ဘာလို့ ငါ့အိမ်တံခါးကို ပိတ်ထားတာလဲ?”

ဖူဟန်နှင့် ပိုင်ချီယွီတို့ ရုတ်တရက် လှည့်ကြည့်လိုက်သဖြင့် ကောင်လေးမှာ လန့်သွားပြီး နောက်သို့ နှစ်လှမ်းဆုတ်သွားသည်။

အရပ်ရှည်ရှည် လူကြီးနှစ်ယောက်အား မော့ကြည့်ရင်း ကောင်လေးမှာ အနည်းငယ် ကြောက်ရွံ့နေသော်လည်း မာန်မာနကြောင့် နောက်မဆုတ်လိုပေ။ သူ အားတင်းကာ “ခင်ဗျားတို့... ဘာလုပ်ချင်လို့လဲ?” ဟု မေးလိုက်သည်။

သူ့အသံ တိုးသွားသည်မှာ ကြောက်နေကြောင်း သိသာလှသည်။

“ကိုကို”

ချင်ချင်မှာ မှတ်ဉာဏ်ကောင်းသူပီပီ ရှေ့မှကောင်လေးအား မှတ်မိသွားသည်။

သူသည် ဟန်ဝေ့လန်မောင်လေးဖြစ်ပြီး၊ ထိုမျက်နှာထားခက်ထန်သော အဘွားကြီး၏အငယ်ဆုံးသား ဖြစ်သည်။

“ညီမလေး... နေကောင်းလား”

ဟန်တိတိမှာ လူကြီးများကို အာခံနိုင်သော်လည်း သူ့ထက်ငယ်သော ကလေးများအား မြင်လျှင်မူ အလိုလိုနူးညံ့သွားတတ်သည်။

ထိုနူးညံ့မှုမှာ မျက်နှာပေါ်တွင် တိုက်ရိုက်မပေါ်သော်လည်း သူ့အပြုအမူများတွင် မြင်နိုင်သည်။

ချင်ချင် ပေါ်လာသည်နှင့် ရှေ့မှကောင်လေးမှာ သူ့ခက်ထန်မှုများ ပျောက်ကွယ်သွားပြီး ယဉ်ယဉ်ကျေးကျေး ဖြစ်သွားသည်ကို ဖူဟန် သတိထားမိလိုက်သည်။

သူ ချင်ချင့်အား သိနေပုံရသည်။

သို့သော် ဖူဟန်ကမူ ထိုကောင်လေးအား မည်သည့်နေရာတွင် မြင်ဖူးခဲ့သည်ကို မမှတ်မိတော့ပေ။

“ဘာလို့ ငါ့အိမ်ရှေ့မှာ ပိတ်ရပ်နေတာလဲဆိုတာ မပြောရသေးဘူးနော်?”

ချင်ချင့်အပေါ် နူးညံ့သော်လည်း တခြားသူများကိုမူ သူ အခွင့်မပေးပေ။

“ဒါ မင်းအိမ်လား?”

ဖူဟန် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ရလိုက်သည်။

“ဟုတ်တယ်”

သူ လူအုပ်ကြားထဲမှ တိုးထွက်သွားပြီး “တံခါးဖွင့်စမ်း” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့၊ အိမ်ပြန်လာတာကို ကြိုဆိုပါတယ်”

စမတ်တံခါးသော့မှာ ကောင်လေး၏ အသံကို မှတ်မိသွားပြီး တံခါးအား အလိုအလျောက် ဖွင့်ပေးလိုက်သည်။

ကျောင်းလွယ်အိတ် လွယ်ထားသော ကောင်လေးမှာ လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး “ခင်ဗျားတို့ အထဲမဝင်ဘူးလား?” ဟု မေးသည်။

ဖူဟန် သူ့အား မမှတ်မိသော်လည်း၊ ထိုလူကြီးမှာ သူ၏ စိတ်တိုတတ်သော အစ်မဖြစ်သူအား သိမှန်း ကောင်လေး သိသဖြင့် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုလူမှာ လူဆိုးမဟုတ်ဟု သူ ထင်သောကြောင့် ဖြစ်သည်။

“လူကြီးတွေ အိမ်မှာ ရှိလား?”

ပိုင်ချီယွီမှာ ဖူဟန်ကဲ့သို့ အများကြီး တွေးမနေဘဲ ကလေးနောက်သို့ လိုက်သွားသည်။

“မရှိဘူး၊ အစ်မက ကားသွားရပ်တာ၊ ခဏနေရင် ပြန်လာလိမ့်မယ်”

ကိုယ်တိုင်ဆောက်ထားသော အိမ်များတွင် ကားရပ်ရန် နေရာ ရှားပါးသဖြင့် နေထိုင်သူများမှာ အိမ်ရှေ့ သို့မဟုတ် လမ်းဘေးတွင် စည်းကမ်းမဲ့ ရပ်ထားလေ့ရှိကြသည်။

သို့သော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စတင်ကတည်းက ထိုသို့ စည်းကမ်းမဲ့ ကားရပ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။ စည်းကမ်းဖောက်ဖျက်သူအား ဒဏ်ငွေ နှစ်ရာ တိတိ ဆောင်ခိုင်းသည်။

ကြာလာသောအခါ မြို့ခံများမှာ ယာဉ်စည်းကမ်း နားလည်လာကြပြီး စည်းကမ်းမဲ့ မရပ်ရဲကြတော့ပေ။ ဤရပ်ကွက်ရှိ သူများအားလုံးမှာ ကားအား အနီးအနားရှိ ကားပါကင်အကျယ်ကြီးတွင် တစ်လကို တစ်ရာကျော်သာ ပေး၍ ရပ်ကြသဖြင့် ကားရပ်ရန် ပြဿနာမှာ ပြေလည်သွားသည်။

တစ်ခုတည်းသော အဆင်မပြေမှုမှာ ကားရပ်ပြီးလျှင် အိမ်သို့ လမ်းလျှောက်ပြန်ရခြင်းပင်။

ယခုမှာ အားလပ်ရက်ဖြစ်ပြီး ဟန်တိတိမှာ အပိုသင်တန်း တက်နေခြင်းဖြစ်သည်။ ယနေ့တွင် ဟန်ဝေ့လန် သူ့အား သွားကြိုခဲ့သည်။

အဆင်ပြေစေရန် ဟန်ဝေ့လန် သူမ မောင်လေးအား အိမ်ရှေ့တွင် ချပေးခဲ့ပြီးမှ ကားရပ်ရန် ထွက်သွားခြင်း ဖြစ်သည်။

အိမ်နီးချင်းများမှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြပြီး ကလေးများကိုလည်း ကူညီစောင့်ရှောက်ပေးတတ်ကြသည်။ ထို့အပြင် အနားတွင် ရဲစခန်းရှိသဖြင့် အလွန်ဘေးကင်းပါသည်။

ဟန်ဝေ့လန် ကားရပ်ပြီး အိမ်ပြန်ရောက်လာသောအခါ အိမ်ထဲရှိ မြင်ကွင်းကြောင့် မှင်တက်သွားရသည်။

တစ်၊ နှစ်၊ သုံး၊ လေး - သူမ ဧည့်ခန်းထဲတွင် လူလေးယောက် ထိုင်နေပြီး လေးယောက်စလုံးအား သူမ မှတ်မိနေသည်။

“ရှင်တို့အားလုံး ကျမအိမ်မှာ ဘာလုပ်နေကြတာလဲ?”

ဟန်ဝေ့လန် နားမလည်နိုင်စွာ မေးလိုက်သည်။

“မင်းနဲ့ သီးသန့်စကားပြောစရာ ရှိလို့ပါ”

ပိုင်ချီယွီနှင့် ဟန်ဝေ့လန်တို့မှာ ချင်ချင့်သူငယ်ချင်းချင်း ဖြစ်ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှု မရှိကြပေ။

သူတို့၏ လူမှုပတ်ဝန်းကျင်ချင်း မတူသည့်အပြင် တစ်ယောက်ကိုတစ်ယောက် သိကျွမ်းရန်လည်း ရည်ရွယ်ချက် မရှိကြပေ။

သို့သော်လည်း တစ်ဖက်လူ ရှိနေကြောင်းကိုမူ သူတို့ သိကြသည်။

၎င်းမှာ သူတို့၏ ပထမဆုံး တရားဝင် တွေ့ဆုံခြင်း ဖြစ်သည်၊ အရင်က လယ်တောအိမ်တွင် ခဏတာသာ မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဟန်ဝေ့လန်အတွက် ပိုင်ချီယွီမှာ လုံးဝ သူစိမ်းတစ်ယောက်သာ ဖြစ်သည်။

ဤလူများ သူမဆီ ဘာလာလုပ်သည်ကို သူမ မသိပေ။

သို့သော် တစ်ဖက်လူ စကားပြောချင်မှတော့...

ဟန်ဝေ့လန် သူမ ဆံပင်ရှည်များကို ခါထုတ်လိုက်ကာ လှည့်ထွက်သွားရင်း တံခါးဝသို့ ရောက်သောအခါ ပြုံးလျက် “ငါ့နောက် လိုက်ခဲ့ကြ”

အိမ်မှာ စကားပြောဖို့ ကောင်းတဲ့နေရာ မဟုတ်ပေ။

ဟန်ဝေ့လန် တစ်ခုခု လုပ်တော့မည်ဟု ထင်နေကြသော ပိုင်ချီယွီတို့အဖွဲ့မှာ သူမ အနားရှိ ခေါက်ဆွဲဆိုင်လေးဆီသို့ ခေါ်သွားသောအခါ အနည်းငယ် ကြောင်သွားကြသည်။

“သူဌေး၊ အမြဲစားနေကျအတိုင်းပဲ၊ အမဲသားလုံး ခေါက်ဆွဲတစ်ပွဲ၊ ဥနီတစ်လုံးနဲ့ ဟင်းရွက်တွေ ထည့်ပေးပါ”

တခြားသူများ ဘာတွေးမလဲ ဂရုမစိုက်ဘဲ ဟန်ဝေ့လန် ဆိုင်ထဲဝင်သည်နှင့် မှာလိုက်တော့သည်။

သူမမှာ အလုပ်များလွန်းသဖြင့် ထမင်းစားရန်ပင် အချိန်မရှိခဲ့ပေ။ မနေ့ကလည်း တစ်နေ့လုံး ဘာမှမစားရသေးသလို ယနေ့မနက်တွင်လည်း သူမ အမေမှာ တိတိအား သွားကြိုခိုင်းသဖြင့် ဘာမှ မစားရသေးချေ။ အခုချက်ချင်း တစ်ခုခု မစားရလျှင် သူမ နေရာမှာတင် လဲကျသွားမည်ကို စိုးရိမ်နေရသည်။

တကယ်လို့ သူမသာ မူးလဲသွားရင် ဒီလူတွေ စိတ်ပြောင်းပြီး လူနာတင်ကား ခေါ်ပေးပါ့မလားဟုပင် သူမ တွေးမိနေသေးသည်။

“ကောင်းပါပြီ!”

ဆိုင်ရှင်မှ ဟန်ဝေ့လန်အတွက် အမဲသားခေါက်ဆွဲ ပန်းကန်အကြီးကြီး အမြန်လုပ်ပေးလိုက်သည်။ ခေါက်ဆွဲပန်းကန်မှာ ရေကန်ငယ်လေးမျှ ကြီးမားလှပြီး အထဲတွင် ပါဝင်ပစ္စည်းများမှာလည်း အံ့သြစရာကောင်းလောက်အောင် များပြားလှသည်။

ဟန်ဝေ့လန်မှာ ဆိုင်၏ဖောက်သည်ဟောင်း ဖြစ်ပုံရပြီး ဆိုင်ရှင်မှ အစာများ အပိုထည့်ပေးထားသည်။

ခေါက်ဆွဲကိုကြည့်ပြီး ဟန်ဝေ့လန် အံ့သြသွားသည်။

"အန်တီ၊ တစ်ခုခု မှားနေတာလား? အမဲသားကလီစာတွေ အများကြီး ပါလာတယ်”

“မဟုတ်ပါဘူး၊ ဒါတွေက အလကား ထည့်ပေးတာ၊ ကြည့်စမ်း ညည်းက ဝါးလုံးလေးလို ပိန်နေတာ၊ မိန်းကလေးဆိုတာ လှတာလည်း အကန့်အသတ် ရှိရမယ်၊ ပိန်ချင်ဇောနဲ့ အစားတွေ လျှော့မနေနဲ့၊ ကျန်းမာရေး ထိခိုက်လိမ့်မယ်၊ အများကြီးစားပြီး အားရှိအောင် နေစမ်းပါ”

ဆိုင်ရှင်အဒေါ်ကြီး တတွတ်တွတ် ပြောနေသော်လည်း စကားလုံးတိုင်းမှာ စေတနာများ ပါဝင်နေသည်။

ဟန်ဝေ့လန်မှာ စိတ်လှုပ်ရှားသွားပြီး ခေါက်ဆွဲကို “အင်း” ဟု အသံပြုကာ အားရပါးရ စားနေတော့သည်။

“လူလေးတို့ ဘာစားမလဲ? ဆန်ပြုတ်၊ ခေါက်ဆွဲနဲ့ ထမင်း ရှိတယ်နော်”

ဟန်ဝေ့လန်ကို ဆူပူပြီးနောက် ဆိုင်ရှင်မှာ ဆိုင်အလယ်တွင် ကလေးတစ်ယောက်နှင့် ပိတ်ရပ်နေသော လူကြီးနှစ်ယောက်အား အသံကျယ်ကြီးဖြင့် မေးလိုက်သည်။

“အမဲသားခေါက်ဆွဲ သုံးပွဲ ပေးပါ”

ပိုင်ချီယွီ အမြန်မှာလိုက်ပြီး ချင်ချင့်ကိုခေါ်ကာ ဟန်ဝေ့လန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ဖူဟန်မှာ နေရာဦးခံလိုက်ရသဖြင့် ဘေးစားပွဲတွင်သာ ထိုင်လိုက်ရတော့သည်။ ခေါက်ဆွဲ တစ်ပန်းကန်ငယ် စားပြီးနောက် ဗိုက်နည်းနည်း ပြည့်သွားသဖြင့် ဆာလောင်မှုဒဏ်မှ သက်သာသွားတော့သည်။ ထိုအခါမှသာ ဟန်ဝေ့လန် စတင်မေးမြန်း လိုက်သည်။

“ကဲ... ဘာကိစ္စနဲ့ ရောက်လာကြတာလဲ?”

All Chapters