← Chapters

အမှန်တရား (Chapter – 154)

Vol. 11 Ch. 154

အမှန်တရား (Chapter – 154)

Vol. 11 Ch. 154

ကျူရှောက်ဖန်က မနေနိုင်ဘဲ ပြောသည်။ “ရှင်က ဆယ်ကျော်သက်လေးပဲ ရှိသေးတာ။ သူများကို သွားပြီး လှည့်စားဖို့ ဒီလောက်ရက်စက်တဲ့ နည်းလမ်းကို ဘယ်လိုများ စဉ်းစားရတာလဲ။ ဆရာဝန်က ရှင့်ကို ဘာမှရန်ငြိုးမရှိဘဲ။ ရှင့်အမေလည်း ရှိနေသေးတာကို။ကိုယ့်အမေကိုတောင် ဘယ်လိုလုပ် ရက်ရက်စက်စက် လုပ်ရက်တာလဲ။ ကျွန်မ ဆယ်ကျော်သက်ဘဝတုန်းကဆို အိမ်အလုပ်တွေတောင် ကူလုပ်နေပြီ။ ကလေးတွေကို အလိုမလိုက်သင့်ဘူး။ မဟုတ်ရင် အကျင့်ဆိုးတွေ ရကုန်လိမ့်မယ်။”

ပိုင်ယို့ဝေက သူ့ကို အေးစက်စက်ကြည့်ပြီး နွေးထွေးမှုမရှိသည့် အပြုံးနဲ့ ပြုံးလိုက်သည်။

“ဝူလီလီ။ အဲဒီပေါ်က ပန်းက အရမ်းလှတယ်လို့ ကျွန်မထင်တယ်။ ကျွန်မကို ပေးပါဦး။”

ဝူလီလီက ကြောက်လန့်တကြား ခေါင်းခါသည်။“…ကျွန်မ၊ ကျွန်မ၊ ကျွန်မ၊ ကျွန်မ မကောက်ရဲဘူး။”

ပိုင်ယို့ဝေက ပြောသည်။ “ကောင်းပြီ။ မကောက်ရင် အစ်ကို့ကို ရှင့်ကို ရိုက်ခိုင်းလိုက်မယ်။”

ရှန်မို: “…”

ဝူလီလီက မျက်လုံးထဲ မျက်ရည်တွေဝဲကာ ကုန်း၍မြေပြင်ပေါ်မှ ပန်းကို တုန်တုန်ရီရီဖြင့် ကောက်လိုက်သည်။

တိတိကျကျပြောရမည်ဆိုလျှင် ကောက်လိုက်တာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခူးထားထားသည့် ပန်းအပိုင်းအစက ဆင်နှာမောင်းလောက် ထူပြီး ဖောင်းနေ၏။ ပန်းဖူးက ဘောလုံးကြီးသကဲ့သို့ဖြစ်နေပြီး လေးလေးပင်ပင် တွဲကျနေသည်။

သူမ၏ လက်ထဲ အရောက်မှာ ရှန်မိုက လက်ကို ဆန့်တားလိုက်သည်။

သူကလှည့်ပြီး ပိုင်ယို့ဝေကို မေးသည်။ “မင်း မ နိုင်လို့လား။”

ပိုင်ယို့ဝေ: “ကျွန်မ အခု အများကြီး သန်မာလာပြီ။”

ရှန်မို စဉ်းစားကြည့်လိုက်သည့်အခါ ဒီလူက လက်စားမချေရလျှင် ဘယ်သောအခါမှ အလျှော့ပေးမှာ မဟုတ်ဘူးဆိုတာ သိလိုက်သည်။ ထို့ကြောင့် လက်လွှတ်ပေးလိုက်ပြီး ပြန်ထိုင်နေလိုက်၏။

ထို့နောက် ပိုင်ယို့ဝေက ပင်စည်၏အစွန်းတစ်ဖက်ကို ညှပ်ပြီးသည်နှင့် စက္ကန့်၀က်တောင် မစောင့်ဘဲ ကျူရှောက်ဖန်၏မျက်နှာဆီ တိုက်ရိုက် ပစ်ပေါက်လိုက်တော့သည်။

ဘန်း!

ထိုအရာက ပါးရိုက်တာထက်တောင် ပိုပြင်းသေးသည်။

ကျူရှောက်ဖန်က နာကျင်စွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးသည် နောက်ပြန်လဲကျသွားသည်။ ကုလားထိုင်နှင့် သူမသည် မြေပြင်ပေါ်သို့ ကျယ်လောင်သည့် အသံနဲ့ ကျသွားသည်!

သူမ၏ခင်ပွန်းဆီက အနိုင်ကျင့်ခံရသည့် အခြေအနေကို ပြန်ရောက်သွားသလိုပင်။ မျက်နှာကိုပဲ ထိမှန်သည့်တိုင်အောင် မြေပြင်ပေါ်မှာ ကွေးကောက်နေပြီး တုန်ယင်စွာနှင့် အားအင်မရှိစွာ တောင်းပန်နေသည်။ “မရိုက်ပါနဲ့… မရိုက်ပါနဲ့။ ကျွန်မ မှားပါတယ်။”

ဝူလီလီသည် ကြည့်မနေရဲတော့ပေ ။

ပိုင်ယို့ဝေ၏မျက်လုံးများက မည်သို့မျှသနားစရာ မပြဘဲ အေးစက်စက် ပြောသည်။“ရှင် ကလေးရှိလား။ မရှိတာ ပိုကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်တဲ့ လူကြောက်တစ်ယောက်ပဲ။ ကလေးမယူပါနဲ့။ ရှင့်ဆီကနေ ကလေးတွေ မွေးဖွားလာတာကို မလိုချင်ဘူး။”

စစ်ဆေးရေးမှူးက ခဏကြည့်ပြီး ပြုံးသည်။“ခင်ဗျားတို့ကို အနှောင့်အယှက်မပေးချင်ပေမယ့် ကျွန်တော်တို့ ဂိမ်းဆက်ကစားသင့်တယ်မလား။”

သူက မြေပြင်ပေါ်က ကျူရှောက်ဖန်ကို ကြည့်ပြီး ယဉ်ကျေးစွာ မေးသည်။ “မဒမ်။ အမှန်တရားလား ဒါမှမဟုတ် စွန့်စားမှုလား။”

ကျူရှောက်ဖန်က မြေပြင်ပေါ်မှာ ကွေးကောက်နေပြီး အချိန်ခဏလောက် မထသေးပေ။

စစ်ဆေးရေးမှူး: “အလျှော့ပေးချင်လား။ ကောင်းပြီ။ အလိုအလျောက် ဖယ်ရှားခံရတာက….။”

‘ဖယ်ရှားခံရ’ ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ကျူရှောက်ဖန်က ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။ သူမ မျက်နှာပေါ်မှာ မျက်ရည်တွေနှင့် ထရပ်ကာ စားပွဲပေါ်မှ အဖြူရောင်ကတ်တစ်ကတ်ကိုယူလိုက်၏။

“ကျွန်မ အမှန်တရားကို ရွေးပါတယ်။”

သူမ ကတ်များကို လှန်လိုက်သည်။

[အမှန်အတိုင်း ပြောပြပါ– မင်း တစ်ယောက်‌ယောက်ကို ထိခိုက်အောင်လုပ်ဖူးလား။]

ကျူရှောက်ဖန်က ကြောင်သွားသည်။

ပိုင်ယို့ဝေက သူ့ဘေးမှာ ထိုင်ပြီး ပြောလာသည်။ “ဒီလိုမျိုး ပျင်းစရာကောင်းတဲ့ မေးခွန်းနောက်တစ်ခု။ ဘာမှအသစ်အဆန်း မရှိတော့ဘူးပဲ။”

ကျူရှောက်ဖန်က ပါးရိုက်ခံထားရသည့် မျက်နှာကို ဖုံးအုပ်ပြီး မလှမပ ပြောသည်။ “ကျွန်မ မရှိပါဘူး။ ကျွန်မ ဘယ်သူ့ကိုမှ မထိခိုက်ဖူးပါဘူး။”

သူမ ပြောပြီးသည်နှင့် လက်ထဲမှ အဖြူရောင်ကတ်က ရုတ်တရက် အနီရောင် တောက်လာသည်။ အချက်ပေးဥဩသံလို လင်းလက်လာသည်။

“အား… ကတ်က အနီရောင် ပြောင်းသွားပြီ။” စစ်ဆေးရေးမှူးက ပြုံးပြီး ပြောလိုက်သည်။“ဒါက မင်း မှားယွင်းစွာ ဖြေဆိုခဲ့ကြောင်း အချက်ပြတာပဲ။ ဆက်တိုက် နှစ်ကြိမ်မှားရင် မင်း ဖယ်ရှားခံရလိမ့်မယ်။”

“ဒါပေမယ့် ကျွန်မ!…” ကျူရှောက်ဖန်က မသိစိတ်ကနေ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည်။ ပါးစပ်ကလည်း ပွင့်လိုက်ပိတ်လိုက်လုပ်နေသည်။ ဆက်ပြီး အနီရောင်တောက်နေသည့် ကတ်များကို စိုက်ကြည့်နေသည်။ သူမမျက်နှာက ပိုဖြူဖျော့လာပြီး နှုတ်ခမ်းတွေလည်း တုန်ယင်နေသည်။

သူမ မရှိဘူးဟု ပြောလိုက်သည်ကို ဂိမ်းစနစ်က မှားယွင်းသည့် အဖြေဟု သတ်မှတ်လိုက်သည်။

ဆက်ပြီး ငြင်းဆိုနေလျှင် သေချာပေါက် ဖယ်ရှားခံရလိမ့်မည်!

သို့သော်…

သို့သော် သူမ တကယ် မည်သူ့ကိုမှ မထိခိုက်ဖူးပေ!

တစ်ခါပဲ…

အဲ့ဒီတစ်ခါတည်းပဲ…

ကျူရှောက်ဖန်က ခေါင်းကို ဝေခွဲမရစွာ မော့ပြီး သူမရှေ့က ကစားသမားများကို ကြည့်လိုက်သည်။ သူတို့အားလုံးက သူမအဖြေကို စောင့်နေကြ၏။

“ကျွန်မ…” သူမ ပါးစပ်ဖွင့်လိုက်သည်။ အသံက ထိုင်းမှိုင်းနေသည်။ “ကျွန်မညီမ… တစ်ခါ ကျွန်မကို လာတွေ့တုန်းက ကျွန်မခင်ပွန်းက အခန်းထဲ ပိတ်ထားတယ်။ သူ… သူက အတွင်းကနေ တံခါးခေါက်ရင်း တံခါးဖွင့်ပြီး ကယ်ဖို့ တောင်းဆိုတယ်။ ရဲကို ဖုန်းခေါ်ဖို့လည်း တောင်းဆိုတယ်။ ဒါပေမယ့် ကျွန်မ မလုပ်ရဲဘူး။ ရဲကို ဖုန်းမခေါ်နိုင်ဘူး။ မဟုတ်ရင် ကျွန်မခင်ပွန်းက ကျွန်မကို သေအောင် ရိုက်လိမ့်မယ်!… နောက်ပိုင်း သူက ကျွန်မခင်ပွန်းကို တရားစွဲမယ်လို့ ပြောတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မလဲ။ ကျွန်မတို့က မိသားစုတွေပဲ။ တရားရုံးသွားရင် ဘယ်လောက်ရှက်စရာကောင်းမလဲ။ ပြီးတော့ သူက မိန်းကလေးပဲ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုများ ပြောရဲရတာလဲ။ နောင်တချိန်မှာ သူ ဘယ်လိုများ အိမ်ထောင်ပြုမလဲ။ ကျွန်မက သူ့အကျိုးအတွက် လုပ်ပေးနေတာ!”

All Chapters