← Chapters

သူငယ်ချင်းအသစ် ရောက်ရှိလာခြင်း (Chapter – 155)

Vol. 11 Ch. 155

သူငယ်ချင်းအသစ် ရောက်ရှိလာခြင်း (Chapter – 155)

Vol. 11 Ch. 155

“ဒါဆို ရှင့်ညီမ ဘာဖြစ်သွားတာလဲ။” ပိုင်ယို့‌ဝေက ကျူရှောက်ဖန်ကို စိတ်ဝင်တစား မေးသည်။ “ကျွန်မ အကြာကြီး နားထောင်နေတာ။ ဘာလို့ နားမလည်တာလဲ။”

“သူ အဆင်ပြေပါတယ်။ သူက သူ့ရည်းစားနဲ့ တခြားနေရာကို သွားပြီး ကျွန်မထက် အများကြီး ပိုကောင်းတဲ့ ဘဝကို ရနေပါတယ်။” ကျူရှောက်ဖန်က အလျင်အမြန် ရှင်းပြသည်။ “ဒါ့အပြင် ကျွန်မ သူ့ရှေ့မှာ ဒူးထောက်ခဲ့ပါသေးတယ်။ ကျွန်မခင်ပွန်းကို ခွင့်လွှတ်ဖို့ သူကို ဘာတွေလုပ်ပေးရဦးမှာလဲ။ သူက ကျွန်မကို ဘာလို့ ပိုပြီး နားလည်မပေးနိုင်ရတာလဲ။ သူ ကလေးဘဝကတည်းက ကျွန်မက ပြုစုခဲ့တယ်။ ပုံပြင်တွေ ပြောပြခဲ့တယ်။ ဆံပင်ကျစ်ပေးခဲ့တယ်။ သူ ကောလိပ်တက်နိုင်အောင် ကျွန်မ ကျောင်းတက်ခွင့်ကိုတောင် စွန့်လွှတ်ခဲ့တယ်။ သူက ကျွန်မကို ဘာလို့ ပိုပြီး နားမလည်ပေးနိုင်ရတာလဲ။ ကျွန်မကို ဘာလို့ ကွာရှင်းခိုင်းရတာလဲ။ သူက ကျွန်မခင်ပွန်းနဲ့ အကြိမ်အနည်းငယ် အိပ်ခဲ့တာလေးပဲ။ သူ ဘာမှ မဆုံးရှုံးခဲ့ပါဘူး။ ကျွန်မက သူ့ကို ထိခိုက်စေခဲ့တယ်လို့ ဘယ်လိုလုပ် ပြောရတာလဲ။ ဘယ်လိုလုပ် ပြောရတာလဲ။”

အဖြူရောင်ကတ်က ပိုပြီးနီလာသည်။ လောင်ကျွမ်းလုနီးပါး အနီရောင် ဖြစ်နေပြီဖြစ်၏။

ကျူရှောက်ဖန်က နောက်ဆုံးတော့ မီးလောင်သလိုဖြစ်လာတာကြောင့် လွှတ်ချလိုက်သည်။

ကတ်က စားပွဲပေါ်ကျပြီးပြန်ပြီး ဖြူသွားသည်။

စစ်ဆေးရေးမှူးက အပြုံးနှင့် ပြောသည်။ “ကံမကောင်းစွာပဲ။ ဒုတိယအဖြေကလည်း မှားနေတုန်းပဲ။ မင်း ဖယ်ရှားခံရပြီ။”

ကျူရှောက်ဖန်၏ မျက်ဆံတွေ ရုတ်တရက် ကျုံ့သွားသည်။ ပါးစပ်က တင်းတင်းစေ့ထားသည်။ မမြင်ရသည့် လက်တစ်ဖက်က သူ့ပါးစပ်ကို ပိတ်ထားသလိုပင်။ သူမက ခက်ခက်ခဲခဲ ညည်းတွားရုံပဲ တတ်နိုင်သည်။

သူမနောက်မှာ အရုပ်တွေ စတင်လှုပ်ရှားလာကြသည်။ သူတို့မျက်နှာများသည် ပြုံးနေကြသည်။ ပါးစပ်တွေ ကျယ်ကျယ်ပွင့်နေသည်။ မျက်လုံးများလည်း ကျယ်ကျယ်ပွင့်နေ၏။ အချို့က ကျူရှောက်ဖန်၏လက်မောင်းများကို ဆွဲကိုင်ထားသည်။ အချို့က သူ့ခါးကို ဖက်ထားသည်။ အချို့က သူ့ခြေထောက်များကို ဆွဲထားသည်။ တချို့က သူ့ပခုံးပေါ် တက်နေလေ၏။

လက်တွေသည်လည်း အများကြီး ထွက်လာသည်။ ကျူရှောက်ဖန်ကို နစ်ဝင်လုနီးပါးပင်။

“ငါ အရမ်းဝမ်းသာတယ်။ သူငယ်ချင်းအသစ် ရောက်လာပြီ။”

“လာပါဦး။ ငါတို့နဲ့ လာဆော့ပါဦး။”

“အတူတူ ဆော့ကြစို့။”

“လာပါ။ လာပါ။”

ကျူရှောက်ဖန်သည် အသံမထွက်နိုင်တော့ပေ။ ခန္ဓာကိုယ်လည်း မလှုပ်ရှားနိုင်တော့ပေ။ သူမက ကြောက်လန့်တကြားနှင့် မျက်လုံးဖွင့်ထားရုံပင် တတ်နိုင်၏။ ကြီးမားသည့် စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုကို ပြသနေသည်။

လူတိုင်းက သူမကို အရုပ်တွေက ဆွဲခေါ်သွားတာကို ကူညီမပေးနိုင်ဘဲ ကြည့်နေကြသည်။

…

“သူ ဘာဖြစ်သွားမှာလဲ။” ပိုင်ယို့‌ဝေက မေးသည်။

စစ်ဆေးရေးမှူး: “ဒီမှာပဲ ထာဝရ သူငယ်ချင်း ဖြစ်နေရမှာပေါ့။”

ပိုင်ယို့‌ဝေက စဉ်းစားနေပုံရသည်။ “ဖယ်ရှားခံရတယ်ဆိုတာ သူ့ရဲ့ ဒုတိယအဖြေလည်း မှားတယ်ဆိုတဲ့ သဘောပေါ့။ သူ အမှန်တရားကို လုံးဝ မပြောပြခဲ့တာ ဖြစ်နိုင်လား။ သူ ဘာတွေ ထပ်ဖုံးကွယ်ထားသေးတာလဲ။”

ရှန်မိုက ပြောသည်။ “သူက ‘အကြိမ်အနည်းငယ်’ လို့ ပြောလိုက်တာပဲ။ ပထမဆုံးအကြိမ် သူ့ညီမ ဒုက္ခရောက်တာက မတော်တဆဖြစ်ရင် နောက်ပိုင်း အကြိမ်တွေကတော့ သူ့ရဲ့လှည့်စားမှုကြောင့် အိမ်ပြန်ရောက်လာတာ ဖြစ်ရမယ်။”

ပိုင်ယို့‌ဝေက ဒါကို ကြားပြီးနောက် နည်းနည်း စိတ်ပျက်သွားသည်။ “စောစောက ပိုပြင်းပြင်းထန်ထန် ရိုက်လိုက်သင့်တာ။”

“ဘယ်သူ့အလှည့်လဲ။” စစ်ဆေးရေးမှူးက ဝူလီလီကို ကြည့်ပြီး ပြုံးလျက်‌ပြောသည်။ “အဖြူရောင်ကတ် နှစ်ခုပြီးရင် မင်း အနက်ရောင်ကတ်ကို ရွေးရမယ်။ မဟုတ်ရင် အဖြူရောင်ကတ် နှစ်ခုကို သုံးရလိမ့်မယ်။ ဘာကို ရွေးမလဲ။”

ဝူလီလီက အချိန်အကြာကြီး ဘာမှမပြော‌ပေ။

သူမက တစ်ချိန်လုံး တုန်ယင်နေသည်။

ကျန်းချီက သူမဘေးမှာ ထိုင်နေပြီး သူ့တံတောင်ဆစ်နှင့် တွန်းလိုက်သည်။ သူ မတော်တဆ ဝူလီလီ၏ဘောင်းဘီ စိုနေတာကို သတိထားမိလိုက်၏။

ခုနက အရုပ်တွေကြောင့် လန့်သွားတာဖြစ်မည်။

ကျန်းချီက နှုတ်ခမ်းကိုစေ့လိုက်ပြီး သူ့ကို ခေါ်လိုက်သည်။ “မင်းအလှည့်ပဲ။”

ဝူလီလီသည် အိပ်မက်ကနေ နိုးလာသလိုပင်။ ဖြူဖျော့နေသည့် မျက်နှာနှင့် စစ်ဆေးရေးမှူးကို ကြည့်ပြီး‌ပြောလာသည်။ “ကျွန်မ… ကျွန်မ အမှန်တရားကို ရွေးပါမယ်။”

သူမက လက်ကို တုန်တုန်ရီရီ ဆန့်တန်းပြီး စားပွဲပေါ်မှ အဖြူရောင်ကတ်တစ်ကတ်ကို ယူကာ လှန်လိုက်သည်။

[စစ်မှန်သော အမှန်တရား – မင်းရဲ့ အလိုချင်ဆုံး ဆန္ဒက ဘာလဲ။]

ဝူလီလီက မေးခွန်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အများကြီး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

“ကျွန်မရဲ့အကြီးမားဆုံး ဆန္ဒက… အရင်ကတော့ ရှန်ဟိုင်းမှာ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ဖို့ပဲ။ ဒါပေမယ့် အခုတော့… အခုတော့ ကျွန်မ ပြန်သွားချင်ရုံပါပဲ။ ဘာမှ မဖြစ်ခင်တုန်းက အချိန်ကိုပြန်သွားချင်ရုံပဲ။” သူမက မျက်လုံးထဲ မျက်ရည်တွေဝဲရင်း ရိုးသားစွာ ဖြေဆိုလိုက်သည်။

အဖြူရောင်ကတ်က အနီရောင် မပြောင်းဘဲ သူမလက်ထဲမှာပဲ ချက်ချင်းပင် ဖုန်မှုန့်တွေ ဖြစ်သွားသည်။

ဝူလီလီက စစ်ဆေးရေးမှူးကို စိတ်လှုပ်ရှားစွာ မေးသည်။ “ဒါဆို ကတ်က ဖယ်ရှားခံရတာပေါ့။ ဟုတ်တယ်မလား။”

“ဟုတ်တယ်။” စစ်ဆေးရေးမှူးက ပြုံးနေလျက် ပြောသည်။ “ဒါဆို ဒုတိယအဖြူရောင်ကတ်ကို ရွေးချယ်ပေးပါဦး။”

ဝူလီလီသည် နှုတ်ခမ်းကိုကိုက်လျက် ဒုတိယတစ်ခုကို တုန်တုန်ရီရီ ရွေးကာ ဖွင့်လိုက်သည်။

[ရိုးသားစွာပြောပါ – ပွဲခင်းထဲက အဖြူရောင်ဝတ်စုံ ၀တ်ထားသော မိန်းကလေးနှင့် အရပ်ရှည်ပြီး ခန့်ညားသည့် အမျိုးသားက လိုက်ဖက်တယ်လို့ မင်းထင်လား။]

All Chapters