← Chapters

အရပ်ရှည်ပြီး ခန့်ညားသူ

Vol. 11 Ch. 156

အရပ်ရှည်ပြီး ခန့်ညားသူ

Vol. 11 Ch. 156

စကားလုံးများက နည်းနည်း များလွန်းလေသည်။

ဝူလီလီက ခဏတာ ရှုပ်ထွေးသွားပြီးမှ မေးခွန်း၏အဓိပ္ပာယ်ကို နားလည်သွား၏။

သူမက မသိစိတ်ကနေ ပိုင်ယို့ဝေနှင့်ရှန်မိုကို ကြည့်လိုက်သည်။ ပါးစပ်ဖွင့်လိုက်သော်လည်း ဘာပြောရမှန်းမသိပေ။

“ဘယ်လိုလုပ် ရွေးမိသွားတာလဲ။” ပိုင်ယို့ဝေက မကျေမနပ် ရေရွတ်လိုက်သည်။

ရှန်မိုက ရှည်လျားသည့်စာကို ကြည့်လိုက်ပြီး သူ့ကို တည်တည်ငြိမ်ငြိမ်နှင့် မေးသည်။ “မင်း ဒါကို ရေးတာလား။”

“မသိဘူး။” ပိုင်ယို့ဝေက မျက်တောင်မခတ်ဘဲ ပြန်ဖြေသည်။ “ခုနက ဘာရေးခဲ့လဲဆိုတာ ကျွန်မ မမှတ်မိဘူး။”

ရှန်မို: “…”

ကျန်းချီ: “…”

စစ်ဆေးရေးမှူး: “…”

သူ သေသေချာချာ စီစဉ်ခဲ့သည့် ဂိမ်းကို စော်ကားခံရသည်လို့ ခံစားလိုက်ရသည်။

သူလိုချင်တာသည် အသက်သေဆုံးတော့မည့်အချိန်၌ ပေါက်ထွက်လာသည့် ဇီဝိန်ချွေမှုနှင့်စိတ်ဝိညာဉ် ရှုပ်ထွေးပြီး နောင်တရသည့်အခါ ပေါ်လာသည့် အလင်းရောင်ပင်။ ဒီလို အသေးအမွှားကိစ္စများ မဟုတ်ပေ။

ကောင်းပြီ။ ဤအရာကလည်း ဒေတာနမူနာအသစ်တစ်ခုပင်။

စစ်ဆေးရေးမှူးက ပိုင်ယို့ဝေကို ကြည့်ပြီး တိတ်ဆိတ်နေသည်။

ထိုအချိန် ဝူလီလီက ရှုပ်ထွေးသည့် အမူအရာနှင့် ပြန်ဖြေသည်။ “လိုက်ဖက်ပါတယ်။”

အဖြူရောင်ကတ်က ရုတ်တရက်ဆိုသလို အနီရောင်ပြောင်းသွားသည်။

ပိုင်ယို့ဝေ: “???”

စစ်ဆေးရေးမှူး၏စိတ်ဓာတ်ကျနေသည့် စိတ်အခြေအနေမှာ အလျင်အမြန် ကောင်းမွန်လာပြီး သူသတိပေးသည်။ “မှားယွင်းပြီးဖြေဆိုရင်၊ ဆက်တိုက် နှစ်ခါ မှားရင် ဖယ်ရှားခံရလိမ့်မယ်။”

ပိုင်ယို့ဝေက စစ်ဆေးရေးမှူးကို အံ့အားသင့်စွာ ကြည့်ပြီးမေးသည်။ “ဒီအဖြေက ဘယ်လိုလုပ်မှားနိုင်တာလဲ။ ဂိမ်းစနစ်မှာ တစ်ခုခု မှားနေတာလား!”

စစ်ဆေးရေးမှူးက ပြုံးပြီး ပြောသည်။ “အမှန်တရားရဲ့ အဖြေ မှန်မမှန်ကို ဘယ်တော့မှ ဓမ္မဓိဌာန်ကျကျ ဆုံးဖြတ်တာ မဟုတ်ဘူး။ အဖြေပေးသူရဲ့ စိတ်နှလုံးနဲ့ ကိုက်ညီလားဆိုတာနဲ့ပဲ ဆုံးဖြတ်တာ။ ဥပမာအနေနဲ့ရိုးရိုးလေးတစ်ခု ပြောပြပါမယ်။

မေးခွန်းက ‘၁+၁ ဘယ်လောက်လဲ’ ဆိုရင် ဖြေဆိုသူက ၁+၁=၃ လို့ ထင်တယ်ဆိုရင် သူ တကယ်ပဲ အဲ့ဒီလို ယုံကြည်နေသရွေ့ အဖြေကို စနစ်က မှန်တယ်လို့ သတ်မှတ်လိမ့်မယ်။”

ပိုင်ယို့ဝေသည် နားလည်သွားသည်။

သူမက ခေါင်းလှည့်ပြီး ဝူလီလီကို ကြည့်လိုက်သည်။ နှုတ်ခမ်းများက နည်းနည်းအေးစက်နေသည်။ “ဒါဆို ရှင်က ကျွန်မအစ်ကိုနဲ့ ကျွန်မကို လိုက်ဖက်တယ်လို့ မထင်ဘူးပေါ့။”

“ဘာလို့ မင်းအစ်ကိုလဲ” စစ်ဆေးရေးမှူးက မနေနိုင်ဘဲ ပြောသည်။ “ကွင်းထဲက အရပ်ရှည်ပြီး ခန့်ညားတဲ့လူဆိုတာ စာသားအတိုင်းယူရင် ကျွန်တော့်ကို မဆိုလိုဘူးလား။”

လူတိုင်း: “…”

“ဘာလို့ အဲ့လို မျက်နှာပေးတွေ ဖြစ်နေကြတာလဲ” စစ်ဆေးရေးမှူးက သူ့အပြုံးကို ဖယ်လိုက်ပြီး ထူးထူးခြားခြား လေးနက်သည့် လေသံနှင့် ပြောသည်။ “ကျွန်တော့် ပုံပန်းသဏ္ဍာန်ကို ဒေတာအများအပြား တွက်ချက်ပြီးမှ ဖန်တီးထားတာ။ အရပ်ရှည်ပြီး ခန့်ညားတဲ့ လက္ခဏာရပ်‌တွေနဲ့ ကိုက်ညီသင့်တယ်။”

“ရှင် ‘ခန့်ညားတယ်’ ဆိုတဲ့ စကားလုံးကို နားလည်မှု လွဲနေတယ်လို့ ကျွန်မထင်တယ်။” ပိုင်ယို့ဝေက ရယ်လိုက်သည်။ “အရပ်ရှည်ပြီး ခန့်ညားတာလား။ ဟားဟားဟားဟား… အရပ်ရှည်ပြီး ရွံဖို့‌ကောင်းတာပဲရှိတယ်။”

စစ်ဆေးရေးမှူး၏မျက်နှာက ချက်ချင်း ညိုမှိုင်းသွား၏။ သူ့နှုတ်ခမ်းထောင့်မှာ အမြဲရှိနေသည့် အပြုံးတောင် လုံးဝပျောက်ကွယ်သွားသည်။

“ဪ။ အခု သတိရပြီ။ စစ်ဆေးရေးမှူးကို တိုက်ခိုက်တာက ချိုးဖောက်မှုပဲ။” ပိုင်ယို့ဝေက သူ့ကို လှောင်ပြောင်စွာ ကြည့်သည်။ “ဘာလဲ။ ဂိမ်းစနစ်က နှုတ်အားဖြင့် တိုက်ခိုက်တာကို ထည့်မတွက်ဘူးလား။ ဘာသာစကားက အနုပညာတစ်ခုဆိုတာ ရှင် မသိဘူးလား။ သွေးမထွက်ဘဲ လူသတ်တာ‌လေ။”

ကြီးကြပ်ရေးမှူး:“…”

“ဂိမ်းဆက်ကစားရအောင်။ ဝူလီလီက မေးခွန်းတွေကို မဖြေရသေးဘူး။” ရှန်မိုက ပိုင်ယို့ဝေ၏ လက်ကိုကိုင်ပြီး လက်ဖဝါးကို ညှစ်လိုက်သည်။ နောက်တစ်ခါ ပြဿနာမရှာစေရန် အကြံပြုခြင်းဖြစ်သည်။

ထိုအခါ ပိုင်ယို့ဝေသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး မျက်လုံးများကို လျှော့ချလိုက်သည်။ စိတ်ငြိမ်သွား၏။

စစ်ဆေးရေးမှူးက သက်ပြင်းချလိုက်သည်။ အဆုံးမှာတော့ ဂိမ်းက ချောမွေ့စွာ ဆက်သွားနိုင်ပြီဟု တွေးလိုက်သည်။

သို့သော် သူ့၏ တုံ့ပြန်မှု မှားနေသည်ဟု ခံစားလိုက်ရ၏။

ဘာလို့ စိတ်သက်သာရာ ရတာလဲ။ ပိုင်ယို့ဝေက သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လိမ့်မည်ဟု စိတ်ဆုံးဖြတ်လိုက်တာလား။ ဒါမှမဟုတ် နှောင့်ယှက်မှု ဖြစ်စေမှာလား။ သူက စစ်ဆေးရေးမှူးလေ။ ဘာအတွက်ဖြင့် ကစားသမားများကြောင့် စိတ်သက်သာရာ ရရမည်နည်း။

ဒါက ရိုးရိုးလေးပဲ! …အရှက်ရစရာပဲ!!!

သူ့စိတ်ထဲ၌ ဂယက်ထနေသော်လည်း စစ်ဆေးရေးမှူးက သူ၏မျက်နှာပေါ်မှာ မည်သို့‌သော အရိပ်အယောင်မျှ မပြပေ။ သူသည်ဒေါသကို ဖိနှိပ်ပြီး မျက်နှာသေနှင့် ပြောသည်။ “ဒုတိယအမှန်တရား ဒါမှမဟုတ် အမှန်တရားဂိမ်းကို စတင်ပေးပါ။”

ဝူလီလီက နှုတ်ခမ်းကို ကိုက်ပြီး ခေါင်းငုံ့ကာ ဖြေသည်။ “ကျွန်မ လိုက်ဖက်တယ်လို့တော့ မထင်ပါဘူး။ သူက အရမ်းခန့်ညားတယ်။ ယောကျ်ားပီသတယ်။ တည်တည်ကြည်ကြည် ပြောဆိုတယ်။ တခြားယောက်ျား‌တွေလို လျှာဖျားမှာတင် မချောဘူး။ သူက လိုက်ဖက်တယ်ဆိုရင်… ကျွန်မနဲ့ပဲလိုက်ဖက်သင့်တယ်။ ဒီလိုပြောတာ ရုပ်ဆိုးတယ်။ ရှက်စရာကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကျွန်မ မပြောနိုင်ဘူး။ ဒါပေမယ့်… ဒါက ကျွန်မစိတ်ထဲမှာ တကယ် ထင်မြင်ချက်ပဲ!”

All Chapters