← Chapters

ကတ်တစ်ကတ် ပိုလာခြင်း (Chapter – 157)

Vol. 11 Ch. 157

ကတ်တစ်ကတ် ပိုလာခြင်း (Chapter – 157)

Vol. 11 Ch. 157

သူမ မော့မကြည့်ချင်ခဲ့ပေ။ လူတိုင်းက သူမကို မထီမဲ့မြင် ကြည့်ကြလိမ့်မည်ကို သံသယမရှိဘဲ သိနေသည်။

သို့သော်လည်း သူမ ရွေးချယ်စရာမရှိပေ။

သူမ “အမှန်တရား” ကို ရွေးချယ်ခဲ့သောကြောင့် အမှန်တရားကို ပြောရမည်။ မဟုတ်ရင် သူမ သေလိမ့်မည်။

သူမ အဲ့ဒီအရုပ်တွေက ဆွဲခေါ်သွားသည်ကို မလိုချင်ပေ။

ဤအချိန်၌ လူတိုင်း၏ အကြည့်များနှင့်ညှဉ်းပန်းခံနေရလျှင်တောင် အရုပ်တစ်ရုပ် ဖြစ်သွားသည်ကို မလိုချင်ပေ။

တိတ်ဆိတ်မှုက နှစ်စက္ကန့် သုံးစက္ကန့်လောက် ကြာသွားသည်။

သူမသည် စစ်ဆေးရေးမှူးက တည်တည်ငြိမ်ငြိမ် ပြောလာသည်ကို ကြားလိုက်ရသည်။ “ခင်ဗျားအလှည့်ပဲ။ အမှန်တရား ဒါမှမဟုတ် စွန့်စားမှုကို ရွေးမလား။”

ဟင်?

ဘာကြောင့် မည်သူမှ သူမအကြောင်း မပြောကြသနည်း။

ဘာကြောင့် သူမကို အပြစ်မတင်ကြသနည်း။

ပြီးတော့ အဲ့ဒီ ပိုင်ယို့ဝေ။ သူက အမြဲတမ်း လျှာစောင်းထက်သူဖြစ်သည်။ ဘာကြောင့် တိတ်ဆိတ်နေရသနည်း။

ဝူလီလီက ရှုပ်ထွေးစွာ မော့ကြည့်လိုက်သောအခါ မည်သူမှ သူမကိုဂရုမစိုက်နေသည်ကို တွေ့လိုက်ရသည်။

ရှန်မိုနှင့် ပိုင်ယို့ဝေ နှစ်ဦးစလုံးက ကျန်းချီကို ကြည့်နေကြသည်။

ပိုင်ယို့ဝေက ပြောသည်။ “ကျန်းချီ၊ စွန့်စားခန်းကို ရွေးပါ။”

“ဘာလို့လဲ။” ဝူလီလီက တုန်လှုပ်သွားသည်။ “ကျွန်မတို့အားလုံး ‘အမှန်တရား’ ကို ရွေးမယ်လို့ သဘောမတူခဲ့ဘူးလား။”

ပိုင်ယို့ဝေက မျက်လုံးလှန်လိုက်ကြည့်သည်။ “ကျွန်မကို ထပ်ရှင်းပြစေချင်သေးလား။ ဒီမှာ ရေတစ်ခွက်တောင် မရှိဘူး။ ကျွန်မလည်း ရေသောက်ချင်ပြီ။ရပြီလား။ ကျွန်မက ဂိမ်းရှင်းပြရတဲ့ NPC မဟုတ်ဘူး။”

ကျန်းချီက စားပွဲပေါ်က အဖြူရောင်ကတ်ကို လက်ညှိုးထိုးပြပြီး ဝူလီလီကို ပြောသည်။ “ကျူရှောက်ဖန်က ခုနက ကတ်ကို မဖယ်ရှားခဲ့ဘူး။ ဒါကြောင့် အခု ကတ်တစ်ကတ် ပိုနေတယ်။”

ဝူလီလီက ကြောင်သွားသည်။

အမှန်တရား ဒါမှမဟုတ် စွန့်စားမှု။

အမှန်တရားပြောပြီး စွန့်စားမှုများ လုပ်မှသာ သက်ဆိုင်ရာကတ်များကို ဖယ်ရှားနိုင်သည်။

ကျူရှောက်ဖန်က မလုပ်ခဲ့ပေ။ ဒါကြောင့် သူ့ကတ် ကျန်နေခဲ့သည်။ အခု စားပွဲပေါ်မှာ အဖြူရောင်ကတ် နှစ်ကတ် ကျန်နေသည်။ ကျန်းချီ နောက်တစ်ကတ် ထပ်ဖယ်ရှားလိုက်လျှင် စစ်ဆေးရေးမှူး အလှည့်ရောက်သည့်အခါ တစ်ကတ်ပဲ ကျန်တော့မည်။

သူတို့၏ တိုက်ခိုက်ရေးအစီအစဉ်ကို ကျူရှောက်ဖန်က ဖျက်ဆီးခဲ့သည်ပင်။

ကျန်းချီက အဖြူရောင်ကတ်နှင့် အသက်ရှင်ခဲ့လျှင်တောင် နောက်တစ်လှည့်၌ အနက်ရောင်ကတ် ငါးကတ် ဆက်တိုက်က သူတို့ကို စောင့်ကြိုနေလိမ့်မည်။

ဝူလီလီ၏မျက်နှာသည် ဖြူဖျော့သွားပြီး လုံးဝ စကားမပြောနိုင်တော့ပေ။

သူမက မျှော်လင့်ချက် မမြင်တော့ပေ။

ဒီဂိမ်းကို အနိုင်ရဖို့သည်လည်း မဖြစ်နိုင်‌တော့ပေ။

ပိုင်ယို့ဝေက ကျန်းချီ၏မျက်လုံးများကို စိုက်ကြည့်ပြီး ပြောသည်။ “ရှင် အခု အဖြူရောင်ကတ်တွေ ရွေးရင် နောက်တစ်လှည့်မှာ ကျွန်မတို့ သေမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ စစ်ဆေးရေးမှူးက ကတ်တွေ မဆွဲခင် ကျွန်မတို့ လေးယောက်က အနက်ရောင်ကတ်တွေဆွဲပြီး ဖယ်ရှားခံရပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ရှင် အနက်ရောင်ကတ်တွေကို ရွေးရင်တော့ နောက်တစ်လှည့်မှာ ကျွန်မတို့မှာ အခွင့်အလမ်း ရှိနေသေးတယ်။”

ကျန်းချီက ခဏတာ တိတ်ဆိတ်သွားပြီးနောက်မေးသည်။ “ဘယ်လိုအခွင့်အလမ်းလဲ။”

ပိုင်ယို့ဝေက သူ့ကို တိတ်တိတ်ဆိတ်ဆိတ်နှင့်အကြာကြီး ကြည့်နေပြီးမှ ပြန်ဖြေသည်။ “ရှင်နဲ့ ဝူလီလီ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။”

ကျန်းချီက ပထမတော့ ဗလာကျင်းနေသည့် အမူအရာနှင့်ပင်။ ထို့နောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှု၊ မကျေနပ်မှုနှင့် ရူးသွပ်မှု အနည်းငယ်ပါသည့် အပြုံးနှင့် ပြုံးလိုက်သည်၊

“ဒီလိုဆိုရင် အနက်ရောင်ကတ်ကို ရွေးတာက ပိုပြီး အကျိုးရှိတယ်ပေါ့။” သူက စစ်ဆေးရေးမှူးကို ကြည့်ပြီး “ဟေး၊ ရုပ်ဆိုးဆိုးကြီး! ကျွန်တော် စွန့်စားမှုကြီးကို ရွေးပါတယ်! အနက်ရောင်ကတ်!”

စစ်ဆေးရေးမှူးက တည်ငြိမ်နေသည်။“သေခြင်းတရားကို ရင်ဆိုင်ရတဲ့အခါ လူတွေဟာ စိတ်ခံစားမှု အပြောင်းအလဲတွေဖြစ်လွယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးချင်စိတ်နဲ့ စဉ်းစားမဆင်ခြင်ဘဲ စကားပြောတတ်ကြတယ်”

ပိုင်ယို့ဝေက သူ့ကို ရယ်လိုက်သည်။ “ရှင် ဒီကောက်ချက်ကို ရဖို့ ဘယ်နှစ်ခါလောက် အဆူခံရလဲ။ အဆူခံရတာက အကျင့်ဖြစ်နေပြီလား။”

ကြီးကြပ်ရေးမှူး: “…”

ဒါက ပိုင်ယို့ဝေ သူ့ကို ရန်စတာ ပထမဆုံးအကြိမ်လည်းမဟုတ်သလို ဒုတိယအကြိမ် လည်း မဟုတ်ပေ။

အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်သည်။အသက်ရှူဖို့ မလိုသည်တောင်မှပေါ့။ စနစ်၏ ဒေတာတွေက သူ့အတွက် အပြင်းထန်ဆုံး ဒေါသကို ဖန်တီးပေးနေသည်။

ခန့်ညားသည့်မျက်နှာက ဒေါသကြောင့် ကြောက်မက်ဖွယ် ဖြစ်နေသည်။

ပိုင်ယို့ဝေကသူ့ကို လုံးဝ မကြောက်‌ဘဲနှင့် အေးစက်စက် ပြောသည်။ “ဘာလို့ ဒေါသထွက်နေတာလဲ။ ရှင်က ကျွန်မစကားတွေကို ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးတဲ့စကား၊ ဂရုမစိုက်တဲ့စကားလို့လည်း မှတ်ယူလို့ ရတာပဲလေ။”

မဟုတ်ပေ။

သူ ဒေါသတကြီး တွေးလိုက်သည်။

မင်းက စဉ်းစားမဆင်ခြင်ဘဲ ပြောခြင်း မဟုတ်ပေ။

မင်းက ငါ့ကို တမင်တကာ ဒေါသထွက်အောင် လုပ်နေသည်က ထင်ရှား၏။

ပိုင်ယို့ဝေက ခေါင်းလှည့်ပြီး သူ့ဘေးနားက ရှန်မိုကို တီးတိုးပြောသည်။ “ပြောစမ်းပါဦး။ ကျွန်မ သူ့ကို ကစားသမားတွေကို သင်ခန်းစာပေးလောက်အောင် ဒေါသထွက်အောင် လုပ်နိုင်ရင် စနစ်က သူ့ကို သတ်မှာလား။”

ဒေါသထွက်နေသော စစ်ဆေးရေးမှူး: “…”

All Chapters