← Chapters

ကျွန်တော်တို့က သေးငယ်ပေမယ့် တောက်ပတယ် (Chapter – 158)

Vol. 11 Ch. 158

ကျွန်တော်တို့က သေးငယ်ပေမယ့် တောက်ပတယ် (Chapter – 158)

Vol. 11 Ch. 158

ရှန်မိုက သူမနဖူးကို ခေါက်လိုက်ပြီးပြောသည်။ “တော်တော့။”

စစ်ဆေးရေးမှူးသည် သူ့စိတ်ခံစားမှု၊ စိတ်ပညာ၊ မျက်နှာအမူအရာ အစရှိသည်တို့ကို အသံတိတ် ညှိယူနေလေသည်။ မိမိကိုယ်ကို တည်ငြိမ်အောင် နေနိုင်ရန်နှင့် ထိုလူ၏ လှည့်ဖြားခြင်းကို မခံရစေရန် တိတ်တဆိတ် ပြောနေ၏။

ပိုင်ယို့ဝေသည် ရှန်မိုနှင့် အပြန်အလှန်ပြောဆိုပြီးနောက် စစ်ဆေးရေးမှူးက တုံ့ပြန်မှု မရှိသည်ကို အံ့သြစွာ မြင်တွေ့ရသည်။

“ဟင်? ဘာလို့ ရှင် ဒေါသမထွက်တော့တာလဲ။ တကယ်တော့ ကျွန်မကို ရိုက်မှာ စိုးလို့ အဲ့ဒီစကားကိုကျွန်မရဲ့အစ်ကိုကို တမင်ပြောခဲ့တာ။ ဘာလို့လဲ။ စစ်ဆေးရေးမှူးက ကစားသမားတွေကို ဒီလိုပဲ တိုက်ခိုက်လို့ မရတာလား။”

ကြီးကြပ်ရေးမှူး: “…”

တကယ်ပင်။

ငါ သည်းမခံနိုင်တော့ဘူး။ ဒီဂိမ်းကို အဆုံးသတ်ကြစို့။

“သက်ဆိုင်ရာ ကတ်ကို ရွေးချယ်ပါ။” သူ၏မျက်နှာက အေးစက်နေပြီး သည်းခံစိတ် မရှိတော့ပေ။

ကျန်းချီ၏ မျက်လုံးများ စားပွဲပေါ်သို့ လေးတွဲ့စွာ ကျရောက်သွားသည်။

အဖြူရောင်ကတ်များက ၂ ကတ် ကျန်သည်။

အနက်ရောင်ကတ်များက ၅ ကတ် ကျန်သည်။

စစ်ဆေးရေးမှူး ပြောခဲ့သလိုပင်။ အနက်ရောင်ကတ် ၅ ကတ်နှင့် ဗုံး ၅ လုံးသည် သေချာပေါက် သေခြင်းဆီ ဦးတည်လိမ့်မည်။

သို့သော် ဒီနတ်ဆိုးကြီးကို ဖယ်ရှားနိုင်ခဲ့လျှင် သူ တန်သည်လို့ ခံစားရသည်။

ကျန်းချီက တည်တည်ငြိမ်ငြိမ်နှင့် အနက်ရောင်ကတ်တစ်ကတ်ကို ဆုပ်ကိုင်ပြီး လှန်လိုက်သည်။

အနက်ရောင်ကတ်က စားပွဲပေါ်သို့ ခလောက်သံဖြင့် ပြုတ်ကျသွားသည်။

[စွန့်စားမှု – သီချင်းတစ်ပုဒ် ဆိုရဲလား။]

ကျန်းချီ: “…”

ပိုင်ယို့ဝေ: “…”

ရှန်မို: “…”

ဝူလီလီက ဝမ်းသာအာရအော်ငိုလိုက်သည်။ “ကောင်းလိုက်တာ! ကျန်းချီ ရှင် သေစရာမလိုတော့ဘူး!”

မျှော်လင့်ထားသည်နှင့်လုံးဝ ကွာခြားသည့် ရလဒ်ကြောင့် ကျန်းချီက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ အတော်ကြာပြီးမှ သူ လှည့်ပြီး ဝူလီလီကို စိုက်ကြည့်ကာ မေးသည်။ “မင်း ဒါကို ရေးတာလား။”

ဝူလီလီက မျက်လုံးထဲ မျက်ရည်တွေဝဲရင်း ခေါင်းညိတ်သည်။ “ကျွန်မ ကိုယ်တိုင် ရွေးခံရမှာ စိုးလို့။ ဒါကြောင့်”

ကျန်းချီ၏အမူအရာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲနေသည်။

သူက ဝူလီလီကို သူမ၏ပရမ်းပတာလုပ်သည့်အပြုအမူအတွက် အပြစ်တင်ချင်သော်လည်း ဒီကတ်ကို သူ မတော်တဆ ရွေးမိသွားသည့်အတွက် ဝူလီလီကြောင့် ကယ်တင်ခံရတာ ဖြစ်သည်။ ကျေးဇူးတင်စကားလည်း မပြောနိုင်သကဲ့သို့ အပြစ်လည်း မတင်နိုင်‌ပေ။ စိတ်ခံစားမှု အမျိုးမျိုး ရောထွေးနေပြီး အတက်အကျ အမျိုးမျိုးနှင့် သူ့ကို ရှုပ်ထွေးစေခဲ့သည်။

သူ သွားကြိတ်လိုက်ပြီး နောက်ဆုံးတော့ပြောသည်။ “မိုက်ရူးရဲဆန်လိုက်တာ။”

ဝူလီလီက ဆက်ငိုနေသည်။

“မင်း ဘယ်သီချင်းဆိုမှာလဲ” စစ်ဆေးရေးမှူးက မေးသည်။ “ငါ့သူငယ်ချင်းတွေကို မင်းအတွက် သီချင်းဖွင့်ခိုင်းလို့ ရတယ်။”

သူ ပြောနေသည့် သူငယ်ချင်းတွေကတော့ အသက်မဲ့နေသည့် အရုပ်တွေပဲပေါ့။

“မလိုပါဘူး။” ကျန်းချီက ခဏစဉ်းစားပြီး “အဲ့ဒီသီချင်းပဲ ဆိုပါမယ်။ နာမည်တော့ မသိဘူး။ ဒါပေမယ့် ကျွန်တော့်ဇနီး မကြာခဏဆိုတဲ့ သီချင်းပါ။”

လူတိုင်းက တိတ်ဆိတ်စွာ သူသီချင်းဆိုတာကို နားထောင်နေကြသည်။

…

သူ့အသံက သိပ်မသာယာပေ။ အသံအတက်အကျ နည်းနည်းလွဲနေသည်။ စာသားများအားလုံးကိုလည်း မမှတ်မိပေ။ သို့သော်လည်း သူကလေးလေးနက်နက်ပဲ သီဆိုနေခဲ့သည်။

“…စကြဝဠာကြီးက ကျယ်ပြောပြီး လျစ်လျူရှုတယ်။

ငါတို့ရဲ့ အချစ်က သေးငယ်ပေမယ့် တောက်ပတယ်။

အတားအဆီးတွေများပေမဲ့ တစ်ကိုယ်ကောင်းမဆန်ခဲ့ပါဘူး

ကံကြမ္မာက ပြဿနာတွေကြားကနေ ငါတို့ကို ဆုံစေခဲ့တယ်။

ကံကြမ္မာက ပြဿနာတွေကြားမှာ ငါတို့ကို ချစ်ကြဖို့ တောင်းဆိုတယ်။

အနာဂတ်က အလင်းနှစ်တွေ ဝေးကွာနေရင်တောင်။

မသိတဲ့အရာတွေထဲမှာ မင်းကိုတော့ ငါ စောင့်ဖို့ ဆန္ဒရှိတယ်။”

…

သီချင်းပြီးသောအခါ အနက်ရောင်ကတ်က ကျန်းချီ၏လက်ဖဝါးထဲမှာ အမှုန်အဖြစ် ပြောင်းသွားသည်။ သူ့မျက်လုံးတွေ နည်းနည်းနီနေပြီး ဘယ်သူမှ မမြင်နိုင်အောင် ခေါင်းငုံ့ထား၏။

စားပွဲပေါ်မှာ…

အဖြူရောင်ကတ်များက ၂ ကတ်ကျန်သည်။

အနက်ရောင်ကတ်များက ၄ ကတ်ကျန်သည်။

“အခု ငါ့အလှည့်လား။” စစ်ဆေးရေးမှူးက ရယ်လိုက်သည်။ “ငါ့ရဲ့ ရွေးချယ်မှုကတော့ အမှန်တရားပဲ။”

ကျူရှောက်ဖန် ချန်ထားခဲ့သည့် အဖြူရောင်ကတ်က မျက်နှာပြင်ပေါ်မှာ ရှိနေသည်။ တခြားအဖြူရောင်ကတ်များအားလုံး ဖယ်ရှားပြီးမှသာ အရင်ကစားသမားများ သုံးခဲ့သည့် ကတ်များကို ရွေးချယ်နိုင်သည်။

စစ်ဆေးရေးမှူးက မရွေးရသေးသည့်ကတ်ကို လှန်လိုက်သည်။

[အမှန်တကယ် ပြောပြပါ– မင်း အရုပ်ဂိမ်းတွေကို ကြိုက်လား။]

“အား… ဒါက ငါ ရေးတာ။” စစ်ဆေးရေးမှူးက ပြုံးပြီး ပြန်ဖြေသည်။ “ဟုတ်တာပေါ့ ကြိုက်တာပေါ့။ ဂိမ်းတိုင်းက ငါ့ရဲ့ အကြိုက်ဆုံး လက်ရာတွေပဲ။ အရမ်းကြိုက်တယ်။”

အဖြူရောင်ကတ်တွေ တစ်ခဏချင်း အမှုန်ဖြစ်သွားသည်။

နောက်တစ်ယောက်အလှည့် ဖြစ်သည်။

“ကျွန်တော် စွန့်စားခန်းကို ရွေးမယ်။” ရှန်မိုသည် တွန့်ဆုတ်မနေဘဲ အနက်ရောင်ကတ်လေးကတ်ထဲမှ တစ်ကတ်ကို တည်တည်ငြိမ်ငြိမ် လှန်လိုက်သည်။

[စွန့်စားမှု – မင်းကလွဲလို့ ကစားကွင်းထဲက ကစားသမားအားလုံးကို သတ်ရဲလား။]

ရှန်မိုကပြုံးလိုက်သည်။

ပိုင်ယို့ဝေ မှန်းထားသလိုပါပင်။

ထို့ကြောင့် ရှီရှန်းကျွန်းပေါ်က လူတွေပဲဖြစ်ဖြစ် ဦးလေးကျောက်က ပို့လိုက်သည့် လူတွေပဲဖြစ်ဖြစ် မည်သူမှမရှင်သန်ခဲ့ပေ။

သူတို့က အလှဆုံးပန်းများ ရခဲ့လျှင်တောင်၊ မှန်ကန်သည့် အဖွဲ့သားများ ရှာတွေ့ခဲ့လျှင်တောင်၊ ဒီလို အမှန်တရား ဒါမှမဟုတ် စွန့်စားခန်း ဂိမ်းမှာ နောက်ဆုံးတော့ သေဆုံးခဲ့ကြရသည်။

All Chapters