← Chapters

သူငယ်ချင်းတစ်ယောက်၏ လက်ဆောင် (Chapter – 160)

Vol. 11 Ch. 160

သူငယ်ချင်းတစ်ယောက်၏ လက်ဆောင် (Chapter – 160)

Vol. 11 Ch. 160

စားပွဲပေါ်၌ အနက်ရောင်ကတ် ၃ ကတ်ပဲ ကျန်တော့သည်။

ရွေးချယ်ရမည့် ကတ် ၂ ကတ်နှင့် ရှန်မို စွန့်လွှတ်လိုက်သောကြောင့် ကျန်နေသည့် ကတ် ၁ ကတ် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းဆို ရွေးချယ်ရမည့် အနက်ရောင်ကတ်များ အားလုံးက “ဒီဂိမ်း၏ စစ်ဆေးရေးမှူးကို သတ်ပါ” ဟု ရေးထားစေချင်သည်။

ကျန်းချီက မျက်လုံးမှိတ်လိုက်သည်။ သူ့စိတ်က ဖြည်းဖြည်းချင်း လွတ်သွားသည်။ သူ့ဘေးနားက အမျိုးသမီး၏ငိုသံကို မကြားနိုင်တော့သလိုပင်။ သူ အရုပ်တစ်ရုပ်ကဲ့သို့ လက်လှမ်းပြီး ကတ်တစ်ကတ်ကို ရွေးကာ ဖွင့်လိုက်သည်။

[စွန့်စားမှုကြီး– ဒီဂိမ်း၏ စစ်ဆေးရေးမှူးကို သတ်ရဲလား။]

သူ ကတ်ကို အကြာကြီး ကြည့်နေပြီးမှ ရုတ်တရက် ဝမ်းသာ၀မ်းနည်းနှင့် ပြတ်သားစွာ ပြုံးလိုက်သည်။

လူများဟာ တကယ်တမ်း သေခြင်းကို ရင်ဆိုင်ရသည့်အခါ မကြောက်တတ်ကြဘူးဆိုသည်မှာ ထင်ရှားသည်။

သူ ခေါင်းမော့လိုက်သည်။ စစ်ဆေးရေးမှူး၏ရေခဲပြာရောင် မျက်လုံးများကို စိုက်ကြည့်ပြီး သူတို့ကို တစ်လုံးချင်းစီ ပြောလိုက်သည်။ “မင်းတို့ ရှုံးပြီ!”

စစ်ဆေးရေးမှူးက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ပတ်ဝန်းကျင်က အရုပ်များကတဖြည်းဖြည်း စုဝေးလာပြီး ကျန်းချီဆီ ပိုပိုနီးလာသည်။ သူတို့က သူ့ကို ဆွဲဖို့ လက်လှမ်းကြသည်။ ဧည့်ဝတ်ကျေပွန်သည့် အိမ်ရှင်များက သူတို့၏ အချစ်ဆုံးသူငယ်ချင်းများကို ဧည့်ခံသလိုပင်။

လာခဲ့။

လာခဲ့။

လာ၊ ငါတို့နဲ့ ကစားကြစို့။

ကျန်းချီက သူ့ခန္ဓာကိုယ် ထုံကျဉ်လာသည်၊ တောင့်တင်းလာသည်၊ မလှုပ်ရှားနိုင်တော့သည်များကို ခံစားလိုက်ရသည်။ သူ့ပတ်ဝန်းကျင်၌ အရုပ်များ ပိုပိုများလာသည်။ သူ့ကို ဆွဲသည်။ ဆွဲခေါ်သွားသည်။ ဆွဲခေါ်သွားသည်…

ကုလားထိုင်ကနေ ထွက်သွားသည်။

ကပွဲကြမ်းပြင်ကို ဝင်သွားသည်။

သူက အရုပ်ထဲ၌ ရင်းနှီးသည့် မျက်နှာတစ်ခုကိုတွေ့လိုက်ရသည်။

ဒါက အာရုံထင်ယို့ထင်မှား ဖြစ်ခြင်းလားတော့ မသိပေ။ သို့သော် ဒီထင်ယို့ထင်မှားအတွက် သူ ကျေးဇူးတင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ့ကို သေဆုံးခြင်းမတိုင်ခင် နောက်ဆုံးနှစ်သိမ့်မှုလေး ပေးခဲ့လို့ပဲဖြစ်သည်။

သူသတိမကွယ်ခင် နောက်ဆုံးတစ်စက္ကန့်မှာ သူ ကျန်ရှိနေသည့် အားအင်နှင့် လက်များကို သူ့ဆီဆန့်တန်းပြီး ဖက်ထားချင်ခဲ့သည်။

ဒီအချိန်မှာ အရာအားလုံးက ရပ်တန့်သွားပြီ။

…

အဖြူရောင်ကတ်များ- ဝ ကတ်။

အနက်ရောင်ကတ်များ- ၂ ကတ်။

ဂိမ်းစည်းမျဉ်းများအရ ရွေးချယ်ထားသည့်ကတ်များအားလုံး ကုန်သွားပြီးမှသာ အရင်သုံးခဲ့သည့်ကတ်များကို ရွေးချယ်နိုင်သည်။

စစ်ဆေးရေးမှူးက ကျန်းချီက သူ့အတွက် ချန်ထားခဲ့သည့် နောက်ဆုံး အနက်ရောင်ကတ်ကို လှန်လိုက်သည်။ ဒီဂိမ်း၏စစ်ဆေးရေးမှူးကို သတ်ပါ။

သူမလုပ်နိုင်ပေ။

တကယ်ပင်။

ဂိမ်းစနစ်ကလွဲလို့ သူ့ကိုယ်သူတောင် သူ့ဘဝကို အဆုံးသတ်လို့မရပေ။

“မင်းတို့ နှစ်ယောက်စလုံး ဒီဂိမ်းကိုပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။”

ဆံပင်ရွှေရောင်နှင့် မျက်လုံးပြာစစ်ဆေးရေးမှူးက စားပွဲမှာ ယဉ်ကျေးစွာ ထိုင်နေပြီး သူ့မျက်နှာ၌ သင့်တော်သည့် အပြုံးတစ်ခု ရှိနေသည်။

“ဒီဂိမ်းကို ပထမဆုံး အနိုင်ရတဲ့သူ နှစ်ယောက်က အမျိုးသမီးနှစ်ဦး ဖြစ်နေတာ တကယ် အံ့သြစရာပဲ။ ပါတီကို တက်ရောက်တဲ့ သူငယ်ချင်းတွေအနေနဲ့ မင်းတို့ မထွက်ခွာခင်မှာ ကြွယ်ဝတဲ့ ဆုလာဘ်တွေ ရရှိပါလိမ့်မယ်။”

သူက လက်မြှောက်ပြီး လက်ဖျောက်တီးလိုက်သည်။

မနီးမဝေးမှာ အဖြူရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်ဝတ်စုံဝတ်ထားသည့် အရုပ်စားပွဲထိုး နှစ်ယောက်က ဗန်းများနှင့် လျှောက်လာကြသည်။

ဗန်းတစ်ခုစီ၌ လှပစွာ ထုပ်ပိုးထားသည့် လက်ဆောင်သေတ္တာတစ်ခုစီကို လှပသည့် ကြိုးလေးနှင့် ချည်ထားသည်။

ပိုင်ယို့ဝေက လက်ဆောင်သေတ္တာကို စိတ်ဝင်တစား ယူလိုက်သောအခါ ပေါ့ပါးနေသည်ကို ခံစားရသည်။ သူမ မနေနိုင်ဘဲ စစ်ဆေးရေးမှူးကို တစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။ “အတွင်းက ဆုလာဘ်တွေက ဒီဂိမ်းရဲ့ ခံစားချက်နဲ့ ကိုက်ညီမယ်လို့ မျှော်လင့်ပါတယ်။”

စစ်ဆေးရေးမှူး: “ ဘယ်လိုခံစားချက်လဲ။”

ပိုင်ယို့ဝေက တစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် မြေပြင်ပေါ်က အသားစားပန်းကို ကြည့်လိုက်သည်။ “ကြီးတယ်။”

ထို့နောက် သူ့ပတ်ဝန်းကျင်က အရုပ်များကို ကြည့်လိုက်သည်။ “များတယ်”

ထို့နောက် ခေါင်းမော့ပြီး ပွဲခန်းမပတ်ပတ်လည်ကို ကြည့်လိုက်သည်။ “ကောင်းတယ်”

စစ်ဆေးရေးမှူး: “မင်းဆန္ဒအတိုင်း ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။”

ပိုင်ယို့ဝေက မျက်မှောင်ကြုတ်ပြီး လက်ဆောင်သေတ္တာကို ဖွင့်လိုက်သည်။

အတွင်း၌ ပစ္စည်းသုံးမျိုး ရှိသည်။ ပန်းမျိုးစေ့တစ်ထုပ်၊ အနက်ရောင်နောက်ခံနှင့် ရွှေရောင်အနားသတ်ပါသည့် သူငယ်ချင်းဖိတ်စာကတ်တစ်ခု၊ လက်ဖဝါးအရွယ် အရုပ်တစ်ရုပ်ဖြစ်သည်။

ပန်းမျိုးစေ့များက ပန်းပင်လယ်ထဲက အလှဆုံးပန်းများကို ရွေးခဲ့လို့ဖြစ်မည်။

ဖိတ်စာကတ်က ပါတီအတွက် ငါးနေရာထဲက တစ်နေရာကို သူ ရခဲ့လို့ဖြစ်မည်။

အရုပ်ကတော့ ဒီပါတီဂိမ်း၏အဆုံးစွန်ဆုံးဆုလာဘ် ဖြစ်မည်။

ပိုင်ယို့ဝေက သူတို့၏ တကယ့်ရည်ရွယ်ချက်ကို စစ်ဆေးဖို့ တစ်ခုချင်းစီကို ထိကြည့်လိုက်သည်။

[တိုးတက်စေသော ပန်းမျိုးစိတ်– မြေကြီးနှင့် ထိတွေ့သည်နှင့် ၂၄ နာရီအတွင်း ရာသီဥတုနှင့် ပတ်ဝန်းကျင်အချက်များ မည်သို့ပင်ရှိစေကာမူ ပန်းပင်လယ်အဖြစ် ပေါက်ရောက်လာမည်။ ပန်းပွင့်ချိန်သည် ၂၄ နာရီဖြစ်သည်။ အသက်အာဟာရဓာတ်များ စုပ်ယူနိုင်ပါက ပန်းပွင့်ချိန် ပိုမိုကြာရှည်နိုင်သည်။]

[သူငယ်ချင်းဖိတ်စာကတ်– ဖိတ်စာကတ် ကိုင်ဆောင်သူများသည် ဖိတ်ကြားခြင်းမခံရသော နေရာများ သို့မဟုတ် ပိတ်ဆို့ထားသော နေရာအချို့သို့ ဝင်ရောက်နိုင်သည်။]

[အစားထိုးအရုပ်– အသုံးပြုသူ၏ ဒုတိယကိုယ်ခန္ဓာအဖြစ် ဆောင်ရွက်နိုင်ပြီး ၃၆ နာရီအတွင်း ပျက်စီးသွားသည်အထိ ပျက်စီးမှုအားလုံးကို ခံနိုင်ရည်ရှိမည်။]

All Chapters