← Chapters

ကျွန်းသို့ ပြန်ရောက်ခြင်း (Chapter – 164)

Vol. 11 Ch. 164

ကျွန်းသို့ ပြန်ရောက်ခြင်း (Chapter – 164)

Vol. 11 Ch. 164

ဝူလီလီသည် စိတ်မရှည်စွာ ကမ်းစပ်သို့ အပြေးအလွှားသွားကာ ဆန်းဝေကို ဆွဲကိုင်ပြီး အားလုံးကို တစ်ထိုင်တည်း ပြောလိုက်သည်။

“အခြေစိုက်စခန်းဆိုတာ ဘယ်မှာမှမရှိဘူး။ ကျောက်ကျင့်ထောင်းက ကျွန်မတို့ကို လိမ်ညာနေတာ။ ရှီရှန်းကို ပို့လိုက်တဲ့လူတွေ အားလုံး သေကုန်ပြီ။ သူတို့အားလုံးကို ဒီအိုနေတဲ့လူယုတ်မာက သတ်ခဲ့တာ။ ကျန်းချီလည်း သေပြီ။”

ဆန်းဝေသည် ထိုနေရာတွင် ကြောင်အမ်းစွာ ရပ်နေပြီး သူ့မျက်နှာ ပြောင်းလဲသွားသည်။ “လီလီ မင်း… ဘာတွေပြောနေတာလဲ။ ကျန်းချီ ဘာဖြစ်တာလဲ။”

သူသည် ကျောက်ကျင့်ထောင်းကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ “ဦးလေးကျောက် လီလီပြောတာ မှန်လား။”

ကျောက်ကျင့်ထောင်းက တည်ငြိမ်စွာပင်ပြောလိုက်သည်။ “ဆန်းဝေ လူတိုင်းကို စုစည်းလိုက်ပါ။ ငါပြောစရာရှိတယ်”

“ရှင်က ဒီမှာ အမိန့်ပေးရဲတယ်လား။” ဝူလီလီက ဆူပူလိုက်သည်။ “ရှင် ခေါင်းငုံ့ပြီး တောင်းပန်ရင်တောင် ဘယ်သူမှ ခွင့်မလွှတ်ဘူး။”

ဆန်းဝေ မျက်မှောင်ကြုတ်လိုက်သည်။ “…ကောင်းပြီ။ လူတိုင်းကို သွားခေါ်လိုက်မယ်”

သူ လှည့်ထွက်သွားသည်။

ဝူလီလီသည် ဒေါသထွက်လွန်း၍ အော်လိုက်သည်။ “ဆန်းဝေ ရှင် ဘာလို့ သူ့စကားကို နားထောင်နေသေးတာလဲ။ နားမကြားဘူးလား။ ကျောက်ကျင့်ထောင်းက လူတိုင်းကို သတ်ခဲ့ပြီးပြီ။ အနှေးနဲ့အမြန် သူ ကျွန်မတို့ကိုလည်း သတ်မှာပဲ။”

ဆန်းဝေသည် ရပ်မနေဘဲ တဖြည်းဖြည်း ဝေးရာသို့ လျှောက်လှမ်းသွားသည်။

ဝူလီလီက နှုတ်ခမ်းကိုကိုက်ပြီး ခြေဆောင့်လိုက်သည်။ ထို့နောက် စိုးရိမ်တကြီး၊ ဒေါသတကြီးဖြင့် သူ့နောက်သို့ ပြေးလိုက်သွား၏။

ပိုင်ယို့ဝေသည် ကျောက်ကျင့်ထောင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြုံးလျက် ပြောသည်။ “ဟုတ်တာပေါ့ ဦးလေးကျောက် လမ်းတစ်လျှောက်လုံး ဒီလောက် တည်ငြိမ်နေတာ အံ့ဩစရာ မရှိပါဘူး။ လူတိုင်းကို ကောင်းကောင်း လေ့ကျင့်ပေးထားတာကိုး။”

ကျောက်ကျင့်ထောင်းသည် သူ့ကော်လာကို ပြင်လိုက်ပြီး ဘောင်းဘီပေါ်မှ ဖုန်မှုန့်များကို ခါလိုက်သည်။ သူ့မျက်နှာတွင် နက်ရှိုင်းစွာ တွန့်လိမ်နေသော အရေးအကြောင်းများသာ ရှိပြီး မည်သည့်အမူအရာမျှ မပြပေ။

သူက တည်ငြိမ်စွာ ပြောသည်။ “ဒါက လေ့ကျင့်တာ သင်ကြားတာမျိုး မဟုတ်ပါဘူး။ ငါကပိုပြီး သိတာတွေ ရှိလို့ လူတိုင်းကို နည်းနည်း ပိုပြီးခရီးဝေးဝေးရောက်အောင် ဦးဆောင်ပေးတာပါ”

ပိုင်ယို့ဝေသည် ဤစကားကိုကြားသောအခါ ရယ်ချင်သွားသည်။ “ရှင်က ဒီလောက်ကြာအောင် လိမ်ညာခဲ့တာ ကိုယ့်ကိုယ်ကိုယ်ပါ လှည့်စားမိနေပြီလား။ ရှင် ကိုယ်ကိုယ်တိုင်က ကယ်တင်ရှင်လို့ တကယ်ထင်နေတာလား။ ဟားဟားဟား”

ကျောက်ကျင့်ထောင်း၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ထိုလူနှစ်ဦးကို ကြောက်ရွံ့သောကြောင့် သူ တိုက်ခိုက်ခြင်း မပြုပေ။ သူ အဝတ်အစားများကို ခါပြီး သာထွက်ခွာသွားသည်။

ပိုင်ယို့ဝေသည် သူ့နောက်မှ တခစ်ခစ်ဖြင့် ရယ်မောနေသည်။

ရှန်မိုက ကျောက်ကျင့်ထောင်း ထွက်သွားသည်ကို ကြည့်နေသည်။ သူ၏ မျက်လုံးများက မှောင်မိုက်နေသည်။ ခဏကြာအောင် ကြည့်ပြီးနောက် ဘီးတပ်ကုလားထိုင်၏ လက်ရန်းကိုကိုင်ပြီး ပြောလိုက်သည်။ “သွားရအောင်။”

…

ဟိုတယ်သို့ ပြန်ရောက်သောအခါ လူတိုင်း အပြင်သို့ အပြေးအလွှား ထွက်နေကြသည်။ တန်ရှောင်နှင့် ချန်းဝေခိုင်လည်း လူအုပ်ထဲတွင် ပါဝင်နေသည်။ ရှန်မိုနှင့် ပိုင်ယို့ဝေ ပြန်လာသည်ကို မြင်သောအခါ သူတို့ အံ့ဩသွားကြသည်။

“မင်းတို့ ဒီလောက် မြန်မြန် ပြန်လာတာလား။” တန်ရှောင် အံ့ဩစွာ မေးလိုက်သည်။

မထွက်ခွာမီ ရှန်မိုနှင့် ပိုင်ယို့ဝေက အခြေစိုက်စခန်းသို့ ခဏသွားပြီး သင်္ဘောဖြင့် ပြန်လာမည်ဟု ရှင်းပြခဲ့ကြသည်။

တန်ရှောင်သည် အနည်းဆုံး နေ့တစ်ဝက်ခန့်ကြာမည်ဟု ထင်ခဲ့သော်လည်း သူတို့ နေ့လယ်ပိုင်းတွင် ပြန်ရောက်လာမည်ဟု မထင်ခဲ့ပေ။

“အစ်ကိုမို ဆန်းဝေ ခုနက ဦးလေးကျောက်ရဲ့ နေရာကို သွားဖို့ လာအသိပေးတယ်…” တန်ရှောင်က ပြောလိုက်သည်။

ရှန်မိုက ပေါ့ပေါ့ပါးပါး ပြောသည်။ “အခန်းထဲကို အရင်ပြန်ရအောင်။” ထို့နောက် ပိုင်ယို့ဝေကို အခန်းဘက်သို့ တွန်းသွားသည်။

တန်ရှောင် ကြောင်သွားပြီး ဆရာချန်းနှင့် အကြည့်ချင်း ဆုံလိုက်ရာ ဆရာချန်းလည်း ကြောင်နေသည်။

တန်ရှောင်သည် တဖြည်းဖြည်း ထွက်သွားသော လူအုပ်ကို ကြည့်လိုက်ပြီး ခေါင်းကုတ်ကာ အမြန်ပြေးလိုက်၍ ပိုင်ယို့ဝေနား ကပ်ကာမေးလိုက်သည်။ “ဝေဝေ ဘာဖြစ်ခဲ့တာလဲ။”

ပိုင်ယို့ဝေ: “အစ်မလို့ ခေါ်”

“ဟေး~” တန်ရှောင်လည်း လိုက်နာပြီး ပြောသည်။ “အစ်မ ဝေဝေ အစ်မနဲ့ အစ်ကိုမို ဘာတွေဖြစ်ခဲ့တာလဲ။”

ပိုင်ယို့ဝေ မျက်လုံး‌စွေကာ သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ “နှစ်လုံးတည်းပါ”

တန်ရှောင်: “အာ”

ပိုင်ယို့ဝေ: “အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်~”

တန်ရှောင် : “…”

သူမ ကြောင်နေတုန်း ရှန်မိုက ပိုင်ယို့ဝေကို တွန်းလှည်းဖြင့် တွန်းလာပြီးဖြစ်သည်။

တန်ရှောင် သတိပြန်ဝင်လာပြီး သူ့နောက်တွင် ရပ်ကာ ရှုပ်ထွေးစွာဖြင့် အော်လိုက်သည်။ “ဒါက စကားလုံးသုံးလုံး မဟုတ်ဘူးလား။”

ပိုင်ယို့ဝေက ခေါင်းပင်မလှည့်ဘဲ ပြောလိုက်သည်။ “ရှင်မရေတွက်တတ်ဘူးလား။”

“…” တန်ရှောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဆယ်ဂဏန်းအောက်ကို ‌မရေတွက်တတ်လောက်အောင်တော့မမိုက်မဲပါဘူး”

“သွားရအောင်” ဆရာချန်းက သူ့ပခုံးကို ပုတ်လိုက်သည်။ “သူတို့ပြောတာကို နားထောင်လိုက်။ တစ်ခုခုတော့ ဖြစ်ထားတာ သေချာတယ်”

All Chapters