← Chapters

ပိုင်ယို့ဝေ၏ ဂိမ်း (Chapter – 180 )

Vol. 12 Ch. 180

ပိုင်ယို့ဝေ၏ ဂိမ်း (Chapter – 180 )

Vol. 12 Ch. 180

လူတိုင်း အံ့အားသင့်သွားကြတော့သည်။

ရက်ပေါင်းများစွာ အတူနေလာပြီးနောက် သူတို့အားလုံးက ပိုင်ယို့ဝေကို သိလာကြပြီ။ သူမက အရမ်းမဆိုးသော်လည်း တကယ်လည်းကောင်းသည့်သူတော့ မဟုတ်ပေ။ ယခု သူမက ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို လက်ခံဖို့ ဆန္ဒရှိနေတာလား။

…ပူးပေါင်းကြံစည်မှု မရှိတော့ဘူးလား။

“ဘာလုပ်နေတာလဲ။” ပိုင်ယို့ဝေက မျက်မှောင်ကြုတ်လိုက်သည်။ “ရှင်တို့ ကျွန်မကို ကြည့်နေတဲ့ပုံက ကျွန်မကို စိတ်မပျော်‌အောင်လုပ်နေတယ်။”

“အဟွတ်ဟွတ်…” တန်ရှောင်နှင့်ဆရာချန်းက သူတို့၏အကြည့်များကို ရုတ်သိမ်းလိုက်ကြသည်။

ရှန်မိုက တိုက်ရိုက်ပဲ သူမကို မေးသည်။ “အကြောင်းပြချက်။”

ပိုင်ယို့ဝေက လက်ဝါးဖြန့်ပြသည်။ “ဘာလို့လဲဆိုတော့ အဲ့ဒီကောင်လေးမှာ အလားအလာရှိတယ်လို့ ကျွန်မ ထင်လို့ပဲ။ သူ့မှာ ကောင်းမွန်တဲ့ လေ့လာစူးစမ်းနိုင်စွမ်း ရှိတယ်။ ကျွန်မတို့ ရည်ရွယ်ချက်က ဝင်္ကပါထဲကို ဝင်ဖို့ဆိုတာ ခန့်မှန်းနိုင်တယ်။ သူက ဆယ်နှစ်အရွယ်နဲ့ လူကြီးတွေနဲ့ စီးပွားရေးလုပ်ဖို့ ဒီကိုလာရဲတယ်။ သူက ခေါင်းရှင်းရှင်းနှင့် အစ်ကိုဖေးကော်က သူ့ကို ဓားစားခံလုပ်နေတာကို သိတယ်။ ဟုတ်တာပေါ့။ သူ့မှာ အားနည်းချက်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက ဆယ်နှစ်ပဲ ရှိသေးတာ။ ကျွန်မ အများကြီး မျှော်လင့်လို့ မရဘူးမလား။”

“ဒါတွေက အကြောင်းပြချက်လား။” ရှန်မိုက ပိုင်ယို့ဝေကို သံသယမျက်လုံးများနှင့် ကြည့်သည်။

ကောင်လေး၏အားသာချက်များက ထင်ရှားသည်။ သို့သော် သူ၏အားနည်းချက်များက ပိုလို့တောင် ထင်ရှားသေး၏။

သူက ကောင်လေးတစ်ယောက်။ အရွယ်ရောက်သူများထက် အရာအားလုံးမှာ အားနည်းသည်။ ဂိမ်းထဲမှာဆိုလျှင် သံသယဖြစ်ဖွယ်မရှိဘဲ သေချာပေါက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။ ဥပမာအားဖြင့် “သူငယ်ချင်းများ စုဝေးခြင်း” ၏ ပထမဆုံး ပန်းခူးခြင်း အစီအစဉ်မှာ တစ်ယောက်ယောက်က သူ့ပန်းများကို လုချင်လျှင် ကောင်လေးက ခုခံနိုင်စွမ်းမရှိပေ။

အတိုချုပ်ပြောရလျှင် သူတို့က သူ့ကို လက်ခံလိုက်သည်နှင့် သူတို့အဖွဲ့တစ်ခုလုံးက သူ့ကို ကာကွယ်ဖို့ အများကြီး ကြိုးစားရလိမ့်မည်။

“တကယ်တော့… ကျွန်မ နောက်ဆုံးတစ်ခါ ဂိမ်းကနေ ထွက်လာကတည်းက တစ်ခုခု လိုနေသလို ခံစားရတယ်။” ပိုင်ယို့ဝေက ပြောသည်။

ရှန်မိုက မေးသည်။ “ဘာက လိုနေတာလဲ။”

“စကားလုံးနဲ့ ဖော်ပြဖို့ ခက်တယ်။ ပိုရိုးရှင်းတဲ့၊ ပိုစစ်မှန်တဲ့ တွေးခေါ်မှုလို့ ရှင်ထင်နိုင်တယ်။” ပိုင်ယို့ဝေက သူ့တူများကို ချလိုက်ပြီး ခဏတာ တိတ်ဆိတ်နေပြီးမှ ထပ်ပြောသည်။ “ကျွန်မ ထင်တယ်။ အရုပ်ဂိမ်းက မခက်ဘူး။ ခက်တာက ပြဿနာဖြေရှင်းဖို့ နည်းလမ်းရှာတာပဲ။ ကျွန်မတို့ အများစုရဲ့ တွေးခေါ်ပုံစံတွေက ဘဝအတွေ့အကြုံနဲ့ကြီးပြင်းရာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကနေ ပုံသွင်းခံရတယ်။ ကျွန်မလည်း တူတူပါပဲ။”

သူမက တန်ရှောင်နှင့်ချန်းဝေခိုင်ကို ကြည့်ပြီး‌ပြောသည်။ “ရှင်တို့ မသိနိုင်ပေမယ့် Truth or Dare ဂိမ်းတုန်းက ကျွန်မကတ်တွေပေါ် မေးခွန်းတွေ ရေးနေတုန်း စစ်ဆေးရေးမှူးက လူသားတွေကို ရေ။ ပရိုတင်း။ အော်ဂဲနစ်ဒြပ်ပေါင်းတွေ ပေါင်းစပ်ထားတာလို့ လှောင်ပြောင်တာကို ရုတ်တရက် သတိရသွားလို့ မေးခွန်းတွေကို နောက်ဆုံးကျမှ ပြောင်းလိုက်တာ။ ဒါပေမယ့် နောက်တော့ အဆင့်ကျော်ဖို့ ပိုလွယ်တဲ့ နည်းလမ်းရှိတယ်ဆိုတာ တွေ့လိုက်ရပေမယ့် အဲဒီတုန်းက လုံးဝ မတွေးမိခဲ့ဘူး။”

တန်ရှောင်နှင့် ချန်းဝေခိုင်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပိုင်ယို့ဝေကို မေးသည်။ “ဘယ်နည်းလမ်းလဲ။”

ပိုင်ယို့ဝေက နှုတ်ခမ်းကို ညင်ညင်သာသာ စေ့လိုက်သည်။

“စစ်ဆေးရေးမှူးက သူ့ကိုယ်သူ မသတ်နိုင်ဘူး။ ဒါကြောင့် ကျွန်မ လူတိုင်းကို ‘စစ်ဆေးရေးမှူးကို သတ်’ ဆိုပြီး ကတ်ပေါ်မှာ ရေးခိုင်းတာ။ ဒါပေမယ့် တကယ်တော့ စစ်ဆေးရေးမှူး မလုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်။ သူ့ကိုယ်သူ သွေးထွက်အောင် မလုပ်နိုင်ဘူး။ အလားတူပဲ။ သူ နားဖာချေး ဒါမှမဟုတ် နှာခေါင်းကို မကုတ်နိုင်ဘူး။ ဦးရေပြားက ဗောက်ကို မပွတ်ထုတ်နိုင်ဘူး။ ဒါမှမဟုတ် တံတွေးမထွေးနိုင်ဘူးလို့ ကျွန်မ ထင်တယ်။ ဒီနည်းလမ်းတွေက ရွံစရာကောင်းပြီး အရမ်းရိုးတယ်။ ဒါပေမယ့် တကယ် အလုပ်ဖြစ်နိုင်တယ်မလား။”

ရှန်မိုက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းဆိုလိုတာက အဲ့ဒီကောင်လေးက ငါတို့ရဲ့ တွေးခေါ်မှုမှာ လစ်ဟာနေတာတွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့လား။”

“မသေချာဘူး…” ပိုင်ယို့ဝေက ခဏစဉ်းစားပြီးပြောသည်။ “ဒီလိုဆိုရင်ရော ကျွန်မတို့ အခု ဂိမ်းတစ်ခု ကစားရအောင်။ ရှင်တို့ ကျွန်မကို စစ်ဆေးရေးမှူးလို သဘောထားပြီး အဆင့်ကျော်နိုင်မလား ကြည့်ရအောင်။ ဘယ်လိုထင်လဲ။”

ယောက်ျားသုံးယောက်က သူတို့ပန်းကန်များကိုကိုင်ပြီး ခဏတာ တိတ်ဆိတ်စွာ ကြည့်နေကြသည်။

“မေးခွန်းတစ်ခု ပေးပါ။” ရှန်မိုက ပြောသည်။

ညစာစားပွဲ ဂိမ်းတစ်ခုလိုပဲ သဘောထားလိုက်ကြသည်။

ပိုင်ယို့ဝေက သူ့ပါးစပ်ထောင့်ကို မြှင့်လိုက်သည်။ “မင်္ဂလာပါ လူကြီးမင်းတို့။ ကျွန်မက ဒီဂိမ်းရဲ့ စစ်ဆေးရေးမှူးပါ။ အရုပ်ဂိမ်းမှ ကြိုဆိုပါတယ်။”

ရှန်မို: “…”

တန်ရှောင်: “…”

ဆရာချန်း: “…”

ပိုင်ယို့ဝေကပြုံးပြီး သူမလက်များကို ဆန့်တန်းလိုက်သည်။ လက်ဖဝါးများကိုဖြန့်ထားလေ၏။

“ဒီဂိမ်းရဲ့ ခေါင်းစဉ်က ‘ဝေဝေ၏ သကြားလုံး’ ပါ။ ကျွန်မလက်ထဲမှာ အနီရောင်သကြားလုံးတစ်ခုနဲ့ အစိမ်းရောင်သကြားလုံးတစ်ခု ရှိတယ်လို့ မှတ်ယူပါ။ အနီရောင်သကြားလုံးက ဖရဲသီးအရသာရှိတယ်။ အစိမ်းရောင်သကြားလုံးက ဘာအရသာရှိလဲ။”

All Chapters