← Chapters

သင်လိုချင်သောပန်များ (Chapter – 152)

Vol. 11 Ch. 152

သင်လိုချင်သောပန်များ (Chapter – 152)

Vol. 11 Ch. 152

ပိုင်ယို့ဝေ၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။

သူမက စစ်ဆေးရေးမှူးကို ပြင်းထန်စွာ စိုက်ကြည့်ပြီး မေးသည်။

“အပြင်မှာ ဘာတွေဖြစ်နေတာလဲ။”

“ဒီမှာ ပန်းတွေကလွဲလို့ တခြားဘာတွေရှိသေးလို့လဲ။” စစ်ဆေးရေးမှူးက အနည်းငယ်ပြုံးလိုက်ပြီး သူမမေးခွန်းကို မဖြေခဲ့ပေ။

ပိုင်ယို့ဝေသည် နှုတ်ခမ်းအောက်ပိုင်းကို ကိုက်ပြီး အခြားလူသုံးယောက်ကို မကောင်းဆိုးဝါးမျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ကျွန်မအစ်ကို တစ်ခုခုဖြစ်သွားရင် ရှင်တို့ ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး။ ကျွန်မက စစ်ဆေးရေးမှူးကို မသတ်နိုင်ပေမယ့် ရှင်တို့ကို သတ်ချင်ရင် လုပ်နည်းတွေ အများကြီး ရှိတယ်!”

“အဲ့ဒီကတ်ကို ကျွန်မတို့ မရေးဘူး။” ဝူလီလီက ဘေးနားရှိ ကျူရှောက်ဖန်ကို စိုးရိမ်တကြီး လက်ညှိုးထိုးပြသည်။ “သူ ရေးတာ။ ကျွန်မတို့နဲ့ ဘာမှမဆိုင်ဘူး။ အပြစ်တင်ချင်ရင် သူ့ကိုပဲ အပြစ်တင်။”

“ဒေါသထွက်တယ် ဆိုတဲ့ စကားလုံး ရှိတယ်ဆိုတာ ရှင် မသိဘူးလား။” ပိုင်ယို့ဝေက နှုတ်ခမ်းကိုမဲ့ကာ သူမ၏ မျက်လုံးများက ရေခဲလို အေးစက်နေသည်။ “ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်မကိုယ်တိုင်လည်း အသက်ရှင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး ကျွန်မအစ်ကိုနဲ့အတူ မြှုပ်နှံခံရမှာပါ။”

“ရှင် ဘာဖြစ်နေတာလဲ။ ဖျားနေတာလား။” ဝူလီလီသည် ဒေါသလည်းထွက်သကဲ့သို့ စိုးရိမ်ပူပန်လို့လည်းနေသည်။ “ရူးကြောင်ကြောင်နဲ့”

“ရပြီ။” ကျန်းချီက စိတ်မရှည်စွာ ပြောသည်။ “ပထမဆုံး စည်းကမ်းတွေကို လိုက်နာကြစို့။ ကျန်တဲ့ အနက်ရောင်ကတ်တွေ အဆင်ပြေနေသရွေ့ ၈၀ ရာခိုင်နှုန်း အခွင့်အလမ်း ရှိသေးတယ်။”

တစ်နည်းနည်းနှင့် ဝူလီလီ၏မျက်လုံးထဲမှာတော့ ထိတ်လန့်မှု အရိပ်အယောင်လေး ပေါ်လာသည်။ “ဒါဆို… တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။”

ကျန်းချီသည် ခဏတာ ကြောင်သွားပြီးနောက် ဒေါသထွက်သွားသည်။ “မင်း လိုအပ်သလို မရေးခဲ့ဘူးလား။ မင်း ဘာတွေ လျှောက်ရေးခဲ့တာလဲ”

ဝူလီလီက သူ၏ အော်ဟစ်မှုကြောင့် ပို၍ပင် ငိုလေသည်။ သူမက ငိုယိုကာ ရှင်းပြသည်။“ကျွန်မ မလုပ်ခဲ့ပါဘူး။ လိုအပ်သလို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့ သူ့အစ်ကိုက လိုအပ်သလို မရေးခဲ့တာ ဖြစ်နိုင်တယ်။”

ကျန်းချီက သူမကို မယုံတော့သဖြင့် မေးသည်။ “မင်း တကယ် လိုအပ်သလို ရေးခဲ့လား။”

“ဟုတ်တယ်။ ကျွန်မ ရေးခဲ့တာ။ တကယ်… တကယ်ပါ။” ဝူလီလီက ငိုယိုရင်း ခေါင်းကို အသည်းအသန် ညိတ်လာသည်။

“မင်း သေချာရေးထားတာ ကောင်းမယ်။” ကျန်းချီက ရက်စက်စွာ ပြောသည်။

“မဟုတ်ရင် ငါ သေရင်တောင် မင်းကိုပါ ငါနဲ့အတူ ဆွဲခေါ်သွားမယ်။”

ဝူလီလီသည် တုန်လှုပ်ခြောက်ခြားသွားပြီး သူမမျက်နှာကို ဖုံးအုပ်ကာ ငိုနေ၏။

ဤအချိန်တွင် အပြင်ဘက်မှ ဟိန်းသံများနှင့် တိုက်ခိုက်သံများ ပို၍ ထင်ရှားလာသည်။ ပြင်းထန်သော တိုက်မိသံများသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ မြင်ကွင်းကို မမြင်ရသော်လည်း တိုက်ပွဲ၏ ပြင်းထန်မှုကို ခံစားနိုင်၏။

ပိုင်ယို့ဝေ၏ ရင်ထဲ၌ တင်းကျပ်သွားသည်။

သူမသည် ရှန်မို အဆင်ပြေလိမ့်မည်ဟု ယုံကြည်သော်လည်း သူမ၏ နှလုံးခုန်သံမှာ အလွန်ပြင်းထန်နေသဖြင့် လုံးဝ ထိန်းချုပ်၍မရခဲ့ပေ။

သူမနှင့် ရှန်မိုတို့၏ လက်ထဲတွင် ပဟေဠိအပိုင်းအစများ ရှိနေပြီး ပဟေဠိအပိုင်းအစများ၏ ခုခံအားကြောင့် ဂိမ်းမှ ချက်ချင်း ထွက်နိုင်သည်။

သို့သော်လည်း ယခုတော့ အပြင်ဘက်က ဆူညံသံများ ပိုကျယ်လာနေသည်။ ရှန်မိုက ပဟေဠိကို မသုံးတော့ဘဲ တစ်ခုခုနှင့်တိုက်ခိုက်နေတာ ထင်ရှား၏။

စိတ်ပူနေတုန်းမှာပင် ပန်းရောင်အရိပ်တစ်ခု ရုတ်တရက် သူ့ရှေ့သို့ ပေါ်လာသည်။

ဘန်း!

အဲ့ဒီအရာက dance floor အလယ်မှာ ကျသွားပြီး အရုပ်အချို့ကို လှဲချလိုက်သည်။

ပိုင်ယို့ဝေသည် ရုတ်တရက် ပတ်ဝန်းကျင်က အရမ်းဆူညံနေသည်ဟု ခံစားလိုက်ရသည်။ အရုပ်တွေအားလုံးသည် မလှုပ်မယှက် ရပ်နေသော်လည်း သူတို့၏အသံတွေက မမြင်ရသည့် ဝိညာဉ်တွေလိုပင်။ ပျော့ပျောင်းပြီး ပျံ့လွင့်နေသည့် အသံတွေက လေထဲတွင် ပြည့်နှက်နေပြီး အဆုံးမရှိပေ။

“သူ လုပ်တာ။ သူ လုပ်တာ။”

“သူ အဲဒါကို လုပ်ရဲတယ်။”

“ကြည့်! သူ သူငယ်ချင်းရဲ့ အသားစားပန်းပင်ကို သတ်လိုက်ပြီ။”

“သူ တကယ် လုပ်ခဲ့တယ်။”

စစ်ဆေးရေးမှူးက လက်နှစ်ဖက်ကို မြှောက်ပြီး ဖွဖွလေး လက်ခုပ်တီးလိုက်ရာ အသံတွေက ရေကျသွားသလို ပျောက်ကွယ်သွားသည်။

ရှန်မိုသည် အပြင်ကနေ လျှောက်ဝင်လာသည်။

သူ့မျက်လုံးတွေက မှောင်မိုက်ပြီး တည်ငြိမ်နေသည်။ သူ့တီရှပ်ကို တစ်ခုခုက ဆွဲဖြဲထားသည်။ သူ့လက်မောင်းတွေမှာ သွေးတွေပေကျံနေသည်။ သူ့ဆံပင်တွေက ချွေးများနှင့် စိုရွှဲနေပြီး အနည်းငယ် ရှုပ်ပွနေသည်။သို့ပေမယ့် သူက ဘယ်လိုမှ ရှက်ရွံ့နေပုံမရဘဲ အနိုင်ရသူ၏ ဘုန်းတန်ခိုးနှင့် ရှိနေသည်။

သူက တည်ငြိမ်စွာ ဝင်လာပြီး dance floorပေါ်က တဆတ်ဆတ်လှုပ်နေသည့် အရာကို ကောက်ယူကာ ဖွဖွလေး လွှဲလိုက်ပြီး ကျူရှောက်ဖန် ရှေ့သို့ ပစ်ချလိုက်သည်။

“မင်း လိုချင်တဲ့ပန်းတွေ။” ရှန်မိုက လေသံပျော့ပျော့နှင့် ပြောသည်။

ဒါက ဆင်နှာမောင်းလောက် ထူသည့်ပန်းတစ်ပွင့်ဖြစ်ပြီး အစိမ်းရောင်ပင်စည်နှင့် ပန်းရောင်အပွင့်တွေ ပါဝင်သည်။ ခြံဝင်းထဲသို့ ဝင်လာချိန်က သူတို့ မြင်ခဲ့ရသည့် ပန်းတွေနှင့် အတိအကျ တူနေ၏။

ဒီအချိန်မှာ ပန်းဖူးက တစ်ဝက်လောက် ပွင့်နေပြီး ပုံပျက်နေသည့် စောင်ကဲ့သို့ဖြစ်နေသည်။ သွားစိပ်တွေသည် အလွှာလိုက်ပေါ်နေပြီး စိမ်းဖျော့ဖျော့ အကျိအချွဲများယိုစီးကျနေသည်။

ကျူရှောက်ဖန်သည် အသံပင် မထွက်နိုင်တော့ပေ။ သူမက ခြေထောက်တွေကို အသည်းအသန် ကျုံ့ပြီး ငိုနေခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ အသားစားအပင်ကြီး ရုတ်တရက် ခုန်ထွက်လာကာ သူမအား ကိုက်လိုက်မှာကို ကြောက်နေလို့ဖြစ်သည်။

ရှန်မိုကတော့ သူ့နေရာကို ပြန်ရောက်နေပြီ ဖြစ်သည်။

All Chapters