← Chapters

ကျွန်မ ငယ်လွန်းခဲ့တယ် (Chapter – 153)

Vol. 11 Ch. 153

ကျွန်မ ငယ်လွန်းခဲ့တယ် (Chapter – 153)

Vol. 11 Ch. 153

ပိုင်ယို့ဝေသည် သူ့မျက်နှာပေါ်က သွေးများကို သုတ်ပေးဖို့ လက်လှမ်းလိုက်သည်။

ရှန်မို၏ မျက်နှာပေါ်မှာ ဓားနှင့်လှီးထားသကဲ့သို့ အနီရောင်အမှတ်အသား အများအပြားရှိနေသည်။ အနာဖေးများ တင်နေပြီဖြစ်သော်လည်း သွေးစက်လေးများကတော့ သူ့မျက်နှာပေါ်မှာ ရှိနေဆဲပင်။

သူမသည် အကြိမ်အနည်းငယ် သုတ်လိုက်သည့်အတွက် သူ့လက်များပါ သွေးများပေကုန်သည်။ ရှန်မိုက သူမလက်များကို ဆုပ်ကိုင်ပြီး ဆက်မသုတ်တော့ရန် တားမြစ်လိုက်သည်။

“မင်းလက်တွေ ညစ်ပတ်သွားမယ်။”

ပိုင်ယို့ဝေက သူ့အဝတ်များကို ဒီအတိုင်း နှစ်ချက်ပွတ်လိုက်သည်။

ရှန်မို: “…”

ဒါဆို မင်း ငါ့ကို သုတ်ပေးဖို့ ကူညီသည်က မည်သို့အဓိပ္ပာယ်ရှိမည်နည်း။

သူမ၏ လက်ကလေးနှစ်ဖက်သည် သူ့ခန္ဓာကိုယ်ကို မငြိမ်မသက် ထပ်ထိနေသည်။ “ဘယ်နေရာ နာသွားသေးလဲ။”

ရှန်မိုက ဘာမှမဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။ “ငါ့ပခုံးကို ကိုက်လိုက်တာ။ ဒါပေမယ့် အခုတော့ သိပ်မနာတော့ဘူး။”

ပိုင်ယို့ဝေသည် ချက်ချင်းပင် သူ့အဝတ်များကို ဆွဲဖွင့်လိုက်သည်။

ဘယ်ဘက်ပခုံးမှာ တကယ်ပင် အကိုက်ရာကြီးတစ်ခု ရှိနေသည်။ အသားစားအပင်၏ သွားများက ငါးမန်းသွားများလိုပင်။ တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ပြီး ရှန်မို၏ ပခုံးကို ကိုက်လိုက်သည်။ပန်းတစ်ပွင့်လို သွားရာများ တစ်ပတ်လည်လုံး ကျန်နေခဲ့ကာ သွေးများနှင့် ရဲရဲနီနေသည်။

ကံကောင်းစွာပင်။ ဒဏ်ရာက တဖြည်းဖြည်း ကုစားနေပြီဖြစ်သည်။

ဝင်္ကပါခရီးက တကယ်ကို တန်ဖိုးရှိပုံရသည်။ ကိုယ်ကာယ ကြံ့ခိုင်မှုက ယခုအတိုင်း ဆက်လက် တိုးတက်နေမည်ဆိုလျှင် ပြင်းထန်သည့် ဒဏ်ရာမရလျှင် ဖားရွှံ့နွံများတောင် မလိုအပ်တော့‌ပေ။

ပိုင်ယို့ဝေသည် ခေါင်းလှည့်၍ ကျူရှောက်ဖန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

“ဒါဆို သူတို့က ဝင်္ကပါထဲကနေ ထွက်လာတဲ့ ကစားသမား‌တွေပေါ့။” စစ်ဆေးရေးမှူးက ဘေးမှာထိုင်ပြီး သူတို့ကို ပြုံးပြုံးလေး ကြည့်နေသည်။ “ရှားရှားပါးပါးပဲ။ ဝင်္ကပါထဲကနေ အသက်ရှင်ရက် ထွက်လာတာကို ကျွန်တော် မမြင်ရတာ ကြာပြီ။”

ပိုင်ယို့ဝေက ဒေါသတကြီး ပြန်ဖြေသည်။ “ရှင် ဒီထောင့်မှာပဲ နေ့တိုင်းနေပြီး အပြင်မှမထွက်နိုင်တာ ဘယ်နှစ်ယောက်ကိုမြင်နိုင်မှာလဲ။ ဒါကို ရှားပါးတာ‌တွေဆိုပြီး လာအံ့သြနေသေးတယ်”

ကြီးကြပ်ရေးမှူး: “…”

“တော်ပြီ။” ရှန်မိုက သူမကို စစ်ဆေးရေးမှူးကို ရန်စတာ ရပ်စေကာ ပြောလိုက်သည်။ “မင်း ကတ်‌တွေရွေးပြီး ဂိမ်းမြန်မြန်ပြီးအောင် လုပ်။”

ပိုင်ယို့ဝေသည် နှုတ်ခမ်းကို မဲ့လိုက်သည်။ စားပွဲပေါ်မှ အဖြူရောင်ကတ်များကို ကြည့်လိုက်ပြီး တစ်ခုကိုကျပန်းရွေးကာ လှန်လိုက်သည်။

[အမှန်အတိုင်း ပြောပြပါ – မင်း လုပ်ခဲ့ဖူးသည့် မကောင်းသည့်အရာတစ်ခု ပြောပြပါ။]

“ဝိုး… ဘယ်သူရေးတာလဲ။ တကယ့်ကို မထူးဆန်းဘူး။” ပိုင်ယို့ဝေက မထေမဲ့မြင် ပြောသည်။

စားပွဲမှာ ဘယ်သူမှ စကားတစ်ခွန်းမှ မပြောကြ‌ပေ။

ပိုင်ယို့ဝေလည်း ဂရုမစိုက်ဘဲ မျက်နှာကိုမော့ကာ စဉ်းစားနေသည်။

“ဘာလို့ စကားမပြောတာလဲ။ အဖြေမပေးနိုင်ဘူးလား။” စစ်ဆေးရေးမှူးက မကောင်းဆိုးဝါးဆန်ဆန် ပြောသည်။ “ဒီအမှန်တရားကိုဖျက်ဖို့ စွန့်စားမှု နှစ်ခုကို ရွေးချယ်လို့ရတယ်။”

ပိုင်ယို့ဝေက သူ့ကို ကြည့်လိုက်ပြီး‌ပြောသည်။ “ရှင့် ခြံထဲက ပန်းတွေအားလုံးကို ကျွန်မ ခူးပစ်မှာကို မကြောက်ဘူးလား။”

“အိုး” စစ်ဆေးရေးမှူးက မေးသည်။“မင်း လုပ်နိုင်လား။”

“ဟွန်း…” ပိုင်ယို့ဝေက မျက်လုံးမှိတ်လိုက်သည်။“ကျွန်မ အရင်စဉ်းစားပါရစေဦး။ မကောင်းတာတွေ အများကြီး လုပ်ခဲ့တာ ဘယ်တစ်ခုကို ပြောရမှန်းတောင် မသိတော့ဘူး။”

လူတိုင်း: “…”

ရှန်မို: “ဒါဆို အဆိုးဆုံးတစ်ခု ပြောပြ။”

ပိုင်ယို့ဝေက သူ့ကို မကျေမနပ် စိုက်ကြည့်သည်။ “ကျွန်မတို့ ခုထိ အဖွဲ့တူနေသေးလား။”

“ဟုတ်တယ်။” ရှန်မိုက ပြုံးသည်။“ဒါကြောင့် ငါ စိတ်ထဲမထားဘူး”

ထိုအခါ ပိုင်ယို့ဝေက ကျေနပ်သည့် အပြုံးကို ဖော်ပြကာ ရက်ရောစွာ ပြောသည်။ “ကောင်းပြီ။ ဒါဆို ကျွန်မ တစ်ခုပြောပြမယ်။”

“ကျွန်မ အသက် ၁၄ နှစ်လောက်တုန်းက ဒါမှမဟုတ် ၁၃ နှစ်လောက်တုန်းကလား မမှတ်မိဘူး။ ကျွန်မအမေက အရမ်းစိတ်ပျက်စရာကောင်းတဲ့ မိသားစုဆရာဝန် တစ်ယောက်ကို ခေါ်ထားတယ်။ တစ်ပတ်ကို နှစ်ခါ ကျွန်မကို လာကြည့်တယ်။ အမေ့ကို သူ့ကို ထုတ်ပစ်ခိုင်းတယ်။ဒါပေမယ့် အမေက အရူးပဲ။ အဲ့ဒီလူကို ထုတ်ပစ်ပြီးတော့ ငွေအများကြီး ပေးလိုက်သေးတယ်။ အဲဒါက လျော်ကြေးတဲ့။ ကျွန်မ အရမ်းဒေါသထွက်တယ်။

အဲ့ဒါကြောင့် ကျွန်မက အမေ့ဖုန်းကို လျှို့ဝှက်ယူပြီး သူ့ကို မက်ဆေ့ခ်ျဆိုးလေးတွေ အများကြီး ပို့လိုက်တယ်။

‘ကျွန်မ ပို့လိုက်တဲ့ ပိုက်ဆံ ရပြီလား။ အဲ့ဒီမိန်းမကို ထားခဲ့ရင် ရှင့်ကို ပိုကောင်းတဲ့ဘဝ ပေးနိုင်တယ်’~

ကျွန်မက မိသားစုဆရာဝန် အလုပ်လုပ်တဲ့ ဆေးရုံကို အမည်မဖော်လိုတဲ့ တိုင်စာတစ်စောင် ပို့လိုက်တယ်။

ပြီးတော့ ကိစ္စတွေက တကယ်စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့တယ်။ အဲ့ဒီလူရဲ့ ဇနီးက ဒါကို သိသွားပြီး သူ့ယောက်ျားကို ကျွန်မအမေက ကာကွယ်ထားတယ်လို့ ထင်သွားတယ်။ သူက ကျွန်မအမေရဲ့ ကုမ္ပဏီကို သွားပြီး သတင်းထောက်တွေပါ ရောက်လာကြတယ်။ ကျွန်မအမေ အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ တော်တော်လေး ကြိုးစားခဲ့ရတယ်။

မိသားစုဆရာဝန် ကျွန်မအမေဆီက ရခဲ့တဲ့ ပိုက်ဆံအားလုံးကို သူ့ဇနီးက ပြန်ယူသွားပြီး သူ့ရဲ့ ဆေးကုသခွင့်လိုင်စင်လည်း ပြန်ရုပ်သိမ်းခံလိုက်ရတယ်။ အင်း။ ကျွန်မအမေလည်း နောက်ပိုင်း ကျွန်မကို သံသယဝင်ခဲ့ပေမယ့် သက်သေမရှိခဲ့ဘူး၊၊ အဲ့ဒီလောက်ပါပဲ။”

ပိုင်ယို့ဝေက အတိတ်ကို စိတ်လှုပ်ရှားစွာ ပြန်ပြောင်းကြည့်သည်။ “အခု စဉ်းစားကြည့်တော့ သိပ်မဆိုးပါဘူးနော်။ ဘာပဲဖြစ်ဖြစ် ကျွန်မ အဲ့ဒီတုန်းက ငယ်သေးတာပဲ။ အခုသာဆိုရင် ပိုကောင်းအောင် လုပ်နိုင်မှာပါ။”

All Chapters