← Chapters

သတင်းစုံစမ်းခြင်း (Chapter – 175 )

Vol. 12 Ch. 175

သတင်းစုံစမ်းခြင်း (Chapter – 175 )

Vol. 12 Ch. 175

ပဟေဠိအားလုံးကိုစုဆောင်းပြီး ဂိမ်းကိုပြီးမြောက်အောင် ကစားပါ။

ဒါက အိပ်မက်ဆိုးဂိမ်းကို ထာဝရ ဖယ်ရှားပစ်ရန် ဆိုလိုသည်ဖြစ်သောကြောင့် ပဟေဠိများက တန်ဖိုးရှိပြီး ရှားပါးသည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။

သို့သော် လူအများစုအတွက်တော့ ပဟေဠိ၏တန်ဖိုးက အဲ့ဒီစွမ်းအား တစ်ခုတည်းမှာပဲ ရှိသည်။

ရှန်မိုကပြောသည်။ “ဒါကို တကယ် အောင်မြင်ချင်ရင် သတင်းဖြန့်တာက ပြဿနာတစ်ခုပဲ။”

“လူတွေ အသက်ရှင်နေသရွေ့တော့ သတင်းကို သေချာပေါက် ဖြန့်နိုင်မှာပဲ။” ပိုင်ယို့ဝေက လုံးဝ စိုးရိမ်မနေပေ။ “ဆရာချန်း ဒီနေ့ တချို့နေရာမှာ မီးရောင်တွေ မတွေ့ခဲ့ဘူးလား။ ဒါဆို မြို့ထဲမှာ လူတွေနေကြတာ သေချာတယ်။ ကျွန်မတို့ သတင်းဖြန့်ပြီး ပစ္စည်းတွေနဲ့ ပဟေဠိအပိုင်းအစတွေကို လဲလှယ်နိုင်ရင် ဘယ်သူမှမလိုချင်ဘူးလို့တော့ ကျွန်မမထင်ဘူး။”

“အာ..” တန်ရှောင်က အံ့သြသွားသည်။ “ပစ္စည်း‌တွေနဲ့ လဲလှယ်တာလား။ နည်းနည်း တွက်ခြေမကိုက်ဘူးမို့လား။”

“ဟုတ်တာပေါ့။ ဒါပေမယ့် တစ်ခုချင်းစီ မဟုတ်ဘူး။” ပိုင်ယို့ဝေက စဉ်းစားလိုက်သည်။ “ကျွန်မ တစ်ခုကို ဆယ်ခုနှင့် လဲလှယ်ချင်တာ။ ဒါပေမယ့် လူနည်းစုပဲ အပိုပဟေဠိအပိုင်းအစတွေ ရှိမယ်လို့ ထင်တယ်။ ဒါကြောင့် တစ်ခုကို ငါးခု ဒါမှမဟုတ် တစ်ခုကို သုံးခုဆိုရင် အဆင်ပြေတယ်။”

သူမက လူတိုင်းကို မော့ကြည့်ပြီး‌ပြောသည်။ “ရှင်တို့ ဘယ်လိုထင်လဲ။”

ရှန်မိုက ခဏစဉ်းစားပြီးပြန်ဖြေသည်။ “ကန့်ကွက်စရာ မရှိပါဘူး။”

ရေတိုမှာ ပစ္စည်းများက အရေးကြီးသော်လည်း ရေရှည်မှာတော့ ပဟေဠိများက ပိုတန်ဖိုးရှိတာ သေချာသည်။

ချန်းဝေခိုင်က သဘောတူသည်။ “ပဟေဠိကို စုစည်းဖို့ ဇွဲနဲ့ လုံ့လဝီရိယ လိုအပ်တယ်။ ငါ ဒီအတွက် ဘာပြဿနာမှမရှိပါဘူး။”

တန်ရှောင်က ရှန်မိုကို ကြည့်လိုက်သည်။ ပြီးတော့ ချန်းဝေခိုင်ကို ကြည့်လိုက်ကာ နားမလည်စွာနှင့် ပြောသည်။ “ကျွန်တော်တို့မှာ လဲလှယ်ဖို့ ပစ္စည်းတွေ အများကြီး ရှိလို့လား… ကျွန်‌တော့်လက်ထဲမှာ ဘာသုံးရမှန်းမသိတဲ့ တံဆိပ်တစ်ခုပဲ ရှိတယ်။”

[မိတ်ဆွေတံဆိပ်- မင်းသမီးလေး ဆုံးရှုံးသွားသည့် ရွှေဘောလုံးကို ရှာတွေ့အောင် ကူညီပေးပါ။ မင်းသမီးလေး၏ သူငယ်ချင်း ဖြစ်လာလိမ့်မည်။]

ဒီပစ္စည်း၏ရည်ရွယ်ချက်ကို မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် မင်းသမီးလေး၏ သူငယ်ချင်း ဖြစ်ရသည့် ရည်ရွယ်ချက်က ဘာလဲဆိုတာ မည်သူမှ မသိသေးလို့ပင်။

ပိုင်ယို့ဝေက သူမ၏ “ကြွယ်ဝသည့်” အိတ်ကို ပုတ်လိုက်ပြီးပြောသည်။ “ကျွန်မမှာ အများကြီး ရှိသေးတယ်။ မလုံလောက်ရင် ဂိမ်းထဲ သွားရှာလို့ ရတယ်။ ဒါက ဝင်္ကပါထဲ အခါခါ ပြေးရတာထက် ပိုကောင်းတယ်။ အရမ်းပင်ပန်းတယ်။”

တန်ရှောင်: “…”

အိုး ဘုရားရေ၊ တကယ်ပဲ ဂိမ်းထဲမှာပြေးလွှားတာက ဝင်္ကပါထဲပြေးတာလောက် သိပ်မလွယ်ဘူးဟု ထင်မိသည်။

ရှန်မိုက အချိန်ကိုကြည့်လိုက်ပြီး လူတိုင်းကို ပြောသည်။ “နောက်ကျနေပြီ။ ကိုယ့်အခန်းကိုယ်ပြန်ပြီး နားကြရအောင်။ မနက်ဖြန် မနက်ကျတော့မှ ပတ်ဝန်းကျင်ရဲ့အခြေအနေကို ကြည့်ရအောင်။ ပြဿနာမရှိရင် မနက်ဖြန် နေ့လည်ကျ ဝင်္ကပါထဲ ဝင်မယ်။”

လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တစ်ညီတည်း ခေါင်းညိတ်ကြသည်။

ပိုင်ယို့ဝေက ရှန်မိုကို သတိပေးသည်။“ဝင်္ကပါထဲ မဝင်ခင် တရုတ်နှင်းသီး ခူးဖို့ မမေ့နဲ့ဦး။”

“…”

ရှန်မိုက သူမကို ဘာမှမတတ်နိုင်စွာ ကြည့်သည်။ “စိတ်မပူပါနဲ့။ မမေ့ဘူး။”

…

နောက်နေ့မနက်။

ရှန်မိုနှင့် သူ့အဖွဲ့က သူတို့အိတ်များကို ထုပ်ပိုးပြီး မောင်းထွက်လာသည်။ မြူခိုးအပြင်ဘက်က လမ်းမများတစ်လျှောက် ဖြည်းဖြည်းချင်း မောင်းသွားလေ၏။

ရံဖန်ရံခါ လမ်းပေါ်၌လူများ တွေ့ရသည်။

ဆိပ်ကမ်းနားမှာ လူအားလုံးနီးပါး ကယ်ဆယ်ရေးကို စောင့်ဆိုင်းဖို့ စုဝေးနေကြသည့် ယန်ကျိုးနှင့်မတူဘဲ ဟန်ကျိုးမှာတော့ လူများက မြို့ထဲမှာ အနှံ့အပြားနေကြသည်။ မြို့လယ်က မြူခိုးများနှင့်တော့ သတိထားပြီး အကွာအဝေးတစ်ခု ထားနေကြတာ ဖြစ်သည်။

ရှန်မို၏ကားကို မြင်တော့ သူတို့အားလုံးက သတိထားလာကြပြီး သတိကြီးသောမျက်နှာပေးနှင့် နေရာမှာ ရပ်နေကြသည်။ ရှန်မိုနှင့် သူ့အဖွဲ့ကို မဖိတ်ခေါ်ထားသည့် ဧည့်သည်များလိုပင်။

“ဒီလူတွေက အရမ်းထူးဆန်းတယ်။” တန်ရှောင်က ကားပြတင်းပေါက်ကနေ လမ်းဘေးမှာ ပစ္စည်းများ စုဆောင်းနေသည့် လူနှစ်ယောက်ကိုကြည့်ပြီး တုံ့ဆိုင်းစွာ ပြောသည်။ “ဆင်းပြီး သူတို့ကို မေးကြည့်သင့်လား။”

“အလျင်မလိုနဲ့။” ရှန်မို၏မျက်လုံးများက တည်တည်ငြိမ်ငြိမ် ဝေ့ကြည့်ပြီးနောက် ရှေ့ကိုသာပြန်ပြီး တန်းတန်းကြည့်နေသည်။ “ဒီလူတွေက အရမ်း စိုးရိမ်နေကြတာ။ ငါတို့ ကားရပ်တာနဲ့ ပြေးသွားမှာ စိုးတယ်။ ရှေ့ဆက်သွားပြီး အရင်ကြည့်ရအောင်။”

SUVကားက ရှေ့ဆက်သွားသည်။

ခဏတာမောင်းပြီးနောက် လမ်းဆုံတစ်ခုကို ဖြတ်သွားသောအခါ ရှန်မိုက လမ်းဘေးမှာ လူဆယ်ယောက်ခန့် စုဝေးနေသည်ကို တွေ့လိုက်ရသည်။ဆိုင်တစ်ဆိုင်က ပစ္စည်းများကို စီပြီး ထုပ်ပိုးကာ သုံးဘီးဆိုင်ကယ်ပေါ် တင်နေကြတာဖြစ်၏။

အားလုံးက ယောက်ျားများပင်။ ဆယ်ကျော်သက်၊ အသက်နှစ်ဆယ်နှင့် သုံးဆယ်၊ လေးဆယ်အရွယ်များ၊ အငယ်ဆုံးကနေ အကြီးဆုံးအထိ အားလုံး အလုပ်လုပ်နေကြသည်။

SUV ကားကို မြင်တော့ သူတို့ သတိထားလာကြသည်။ သို့သော် သူတို့၏ အရေအတွက်က ပိုများနေလို့လားမသိပေ။ မည်သို့သောကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်မှုမှ မပြဘဲ ပစ္စည်းများကို ဆက်ရွှေ့နေကြသည်။

ရှန်မိုက ကားကို လမ်းတစ်ဖက်ခြမ်းမှာရပ်ပြီး ကားထဲက ဆင်းလာသည်။ တန်ရှောင်ကို ခေါ် ပြီး သတင်းစုံစမ်းဖို့ အတူတူ သွားကြ၏။

ဆရာချန်းက သူတို့ ရန်ဖြစ်မှာ စိုးရိမ်သောကြောင့် ကားနားမှာ ရပ်ပြီး စိုးရိမ်တကြီး စောင့်ကြည့်နေသည်။

ပိုင်ယို့ဝေလည်း ပြတင်းပေါက်ကနေ လှမ်းကြည့်နေ၏။

All Chapters