← Chapters

အရမ်းချောတယ် (Chapter – 176)

Vol. 12 Ch. 176

အရမ်းချောတယ် (Chapter – 176)

Vol. 12 Ch. 176

ရှန်မိုက ဟိုဘက်ကလူနှင့် စကားပြောနေတာဖြစ်သည်။

အဲ့ဒီလူများ၏သတိကို မနှိုးဆွမိအောင် သူက နည်းနည်း ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေးပဲ နေနေလေသည်။ သူ့ကိုယ်ဟန်က တည့်တည့်မတ်မတ်နှင့် လူအုပ်ထဲမှာ ထင်းရှူးပင်ကဲ့သို့ မြင့်မြင့်မားမား ရှိနေပြီး တိတ်ဆိတ်စွာ ခွန်အားကို ထုတ်လွှတ်နေသကဲ့သို့ပင်။

ပိုင်ယို့ဝေက သူ့ကို ကြည့်ပြီး တကယ်ကိ‌ေချောသည်ဟု မနေနိုင်ဘဲ တွေးမိသည်။

သူမ၏ လက်များကို အဝေးသို့ ဆန့်တန်းပြီး မှန်ဘောင်တစ်ခုကဲ့သို့ လုပ်လိုက်သည်။ သူ့ကို “မှန်ဘီလူး” ထဲမှာ ထည့်လိုက်သည်။

သူ၏ဘေးတိုက်ပုံက ချောမောပြတ်သားနေကာ လူအုပ်ထဲမှာ ရပ်နေသောကြောင့် ပို၍ ခန့်ညားထည်ဝါနေသည်။

ကြည့်လေလေ ကြိုက်လေလေပါပင်။

ရှန်မိုက တစ်ခုခုကို သတိထားမိသကဲ့သို့ ခေါင်းကို အနည်းငယ်လှည့်ပြီး လှမ်းကြည့်လိုက်သည်။

သူတို့ မျက်လုံးချင်းဆုံသောအခါ သူမ၏ရင်ခုန်သံက ပို၍မြန်လာသည်။ သူမက စနောက်သလိုဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။

သူမက သူ၏နှုတ်ခမ်းများ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ သူက တစ်ခုခုကို တိတ်တဆိတ်ပြောလိုက်ပြီးမှ ပြန်လှည့်သွားကာ ဟိုဘက်လူများနှင့် ဆက်ပြောနေ၏။

ထိုအခါ ပိုင်ယို့ဝေက နားလည်သွားသည်။

သူက စကားနှစ်လုံး ပြောလိုက်တာ ဖြစ်သည်။ “ဆူမနေနဲ့။”

ပိုင်ယို့ဝေက မျက်နှာကိုမော့ကာ သူ့ကိုယ်သူ သက်ပြင်းချလိုက်သည်။ “အင်း.. လူတွေနဲ့ စကား‌ပြောနေတာတောင် ဒီလောက်ချောနေပါ့လား။”

“ဝေဝေ။ သူတို့ ပြသာနာတက်နေတယ်လို့ ထင်လား။” ဆရာချန်းက စိုးရိမ်နေသည်။ ဟိုဘက်လူက မကောင်းသည့်သူလို့ပဲ ခံစားနေရသည်။

ပိုင်ယို့ဝေက “နှစ်သက်မှု” ထဲမှာ နစ်မြောနေဆဲနှင့်ပင် ရေရွတ်လိုက်သည်။ “တစ်ခုခုဖြစ်ရင်လည်း အရေးမကြီးပါဘူး… သူက လူတွေကို ရိုက်ရင်လည်း ကြည့်ကောင်းနေမှာပဲ…”

ဆရာချန်း: “???”

…

စကားပြောဆိုမှုက နှစ်မိနစ်၊ သုံးမိနစ်ပဲ ကြာသည်။ ရှန်မိုနှင့်တန်ရှောင်တို့ ပြန်လာပြီး ကားပေါ်တက်လိုက်ကြသည်။

ဆရာချန်းက အလျင်အမြန် မေးသည်။ “ဘယ်လိုလဲ။ ဟန်ကျိုးက အခြေအနေက ဘယ်လိုလဲ။”

“ယန်ကျိုးနဲ့ ဆင်တူပါတယ်။ လူတော်တော်များများက ကယ်ဆယ်ရေးအဖွဲ့ကို မစောင့်ကြဘူး။ မြို့ပြင်ထွက်တဲ့ လမ်းတွေကလည်း မလုံခြုံဘူး။ ဒါကြောင့် သူတို့ နေခဲ့ကြတယ်။” ရှန်မိုက ပြောသည်။

“သူတို့က မြူခိုးနားက နေရာက အလုံခြုံဆုံးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဂိမ်းက ဒီမှာ ဘယ်တော့မှမပေါ်လာဘူး။ ဒါကြောင့် သူတို့က အစားအသောက်နဲ့ရေ လုံလောက်အောင် ရှိရင် အသက်ရှင်နိုင်တယ်တဲ့။ ဟုတ်ပါတယ်။ ဒါက မြူခိုးက မပြန့်လာရင်ပေါ့။ မြူခိုး ပြန့်လာတာနဲ့ သူတို့ရဲ့ နေရာက ပိုပြီး ကျဉ်းမြောင်းလာလိမ့်မယ်။”

ပိုင်ယို့ဝေက မေးသည်။ “အခု ဟန်ကျိုးမှာ လူဘယ်နှစ်ယောက်ရှိလဲ။”

“မသေချာဘူး။” ရှန်မိုက ခေါင်းကို အနည်းငယ်ခါလိုက်သည်။ “လျှပ်စစ်မရှိ။ အင်တာနက်မရှိ။ လူတိုင်းက သတ်မှတ်ထားတဲ့ ဧရိယာတစ်ခုထဲမှာပဲ ရှိနေတယ်။ တခြားဧရိယာက လူတွေကို ရံဖန်ရံခါ မြင်ရတယ်တဲ့။ ဒါပေမယ့် ဘယ်သူမှ သေချာရေတွက်ထားတာ မရှိဘူး။”

ပိုင်ယို့ဝေက ခဏစဉ်းစားပြီး ထပ်မေးသည်။ “ဘာလို့ အဲ့ဒီလူတွေက ကျွန်မတို့ ကားကို မြင်တော့ ဒီလောက်ကြောက်နေကြတာလဲ။ မြို့ထဲမှာ တစ်ခုခု ဖြစ်ခဲ့တာလား။”

“သူတို့ ပြောကြတာတော့ အစားအသောက် ရှာမတွေ့တဲ့ အချို့လူတွေက တခြားလူတွေဆီက ခိုးလိမ့်မယ်။ အဲ့ဒီလူ‌တွေက ပစ္စည်းတွေ ခိုးဖို့ပဲ အာရုံရှိကြတယ်တဲ့။”

ပိုင်ယို့ဝေက မျက်တောင်ခတ်လိုက်သည်။ “ဟိုဘက်မှာ ပစ္စည်းတွေ ရှိတယ်ဆိုတာ သူတို့က ဘယ်လိုသိလဲ။”

“ဟုတ်တယ်။ သူတို့က ဘယ်လိုသိတာလဲ။” တန်ရှောင်က သူ့နဖူးကို ရိုက်ပြီး ဒေါသတကြီး ပြောသည်။ “ခုလေးတင် အဲ့တာကိုမေးဖို့ မေ့သွားတာ။ ကျွန်တော် သွားပြီး ထပ်မေးကြည့်ရမလား။”

ရှန်မိုက ခေါင်းကို အနည်းငယ် ခါယမ်းသည်။ “ပစ္စည်းတွေက အရုပ်တွေလိုပဲ။ ဒီအချိန်မှာ အရုပ်တစ်ရုပ် ဆောင်ထားရင် ဒါဟာ ပစ္စည်းတစ်ခုနဲ့တူတူပဲ။ ဒါ့အပြင် သူတို့က ဂိမ်းဧရိယာတွေနားမှာ ချုံခိုနိုင်တယ်။ တစ်ယောက်ယောက် ဂိမ်းကနေ ထွက်လာတာနဲ့ ဟိုဘက်က လူတွေ သတိလက်လွတ်ဖြစ်တဲ့အခါ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေ အရမ်းမြင့်တယ်။”

ပိုင်ယို့ဝေက စဉ်းစားဟန်ဖြင့် နားထောင်ပြီး သူ့အိတ်ကိုကိုင်ကာ ပြောလိုက်သည်။ “ဘယ်သူများ လာလုမလဲ မသိဘူး။”

တန်ရှောင်က သူ့အမူအရာကိုကြည့်ပြီး စိတ်ဝင်တစား မေးသည်။ “ဝေဝေ။ မင်းက ဒါကို မျှော်လင့်နေသလိုမျိုး ဘာလို့ခံစားရတာလဲ။”

ပိုင်ယို့ဝေက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်သည်။ “ဘာလို့ ငါ့ကို အစ်မလို့ မခေါ်တော့တာလဲ!”

တန်ရှောင်က ချောင်းဟန့်ပြီး စိတ်ပျက်အားငယ်စွာ ပြန်ဖြေသည်။ “အစ်မမျက်နှာကို ကြည့်ရတာ ကျွန်တော် တကယ်မပြောနိုင်ဘူး။”

ပိုင်ယို့ဝေက ခန္ဓာကိုယ်အတော်သေးသည်။

သူမက အသားအရမ်းဖြူပြီး နူးညံ့သည်။ သူမကစိုက်ကြည့်လာလျှင်တော့ စိတ်မကြည်သည့် မင်းသမီးလေးလိုပင်။

ပိုင်ယို့ဝေက သူ့ကို ခဏတာ စိုက်ကြည့်ပြီးနောက် မျက်လုံးလှန်လိုက်သည်။ အံ့သြစရာကောင်းစွာပင်။ သူမ ဒေါသထွက်မလာပေ။ သူမက ၀င့်ဝင့်ကြွားကြွား ပြောသည်။ “ထားလိုက်တော့။ နင့်ကို ငါ အနှောင့်အယှက်မပေးတော့ဘူး။ နင်က ငါ့ရဲ့ ငယ်ရွယ်နုပျိုမှုကို ချီးမွမ်းနေတယ်လို့ပဲ မှတ်ယူလိုက်မယ်။”

တန်ရှောင်က ခေါင်းညိတ်သည်။ “အစ်မက အရမ်းငယ်လို့ပါ။”

“ယောက်ျားတွေအားလုံးက ငယ်ရွယ်တဲ့ ကောင်မလေးတွေကို ကြိုက်ကြတယ်မလား။” ပိုင်ယို့ဝေက ပြုံးပြီး မေးလိုက်သည်။

All Chapters