← Chapters

အဖွဲ့ဝင်သစ် ခေါ်ယူခြင်း (Chapter – 178)

Vol. 12 Ch. 178

အဖွဲ့ဝင်သစ် ခေါ်ယူခြင်း (Chapter – 178)

Vol. 12 Ch. 178

ပိုင်ယို့ဝေက ကောင်လေး၏အကြည့်နောက်ကို လိုက်ကြည့်သည်။

သူတို့က ရှန်မိုနှင့်တန်ရှောင် ယခုလေးတင် သတင်းစုံစမ်းခဲ့သည့် လူများပင်။

ထိုအချိန်မှာ အဲ့ဒီလူများကလည်း သူတို့ကို စိုက်ကြည့်နေကြတာဖြစ်သည်။ သူတို့က တကယ်ပဲ ကလေးနှင့်ပစ္စည်းများကိုလဲပြီး စီးပွားရေးလုပ်မလားဆိုတာ စူးစမ်းချင်နေပုံရသည်။

“သူတို့ မင်းကို စနောက်နေတာ ဖြစ်နိုင်တယ်။” ပိုင်ယို့ဝေက သူ့နှုတ်ခမ်းထောင့်များကို မြှောက်ပြီး ဆိုးဆိုးဝါးဝါး ပြုံးလိုက်သည်။ “လူကြီးတွေက ကလေး‌တွေကို စနောက်ရတာကို အကြိုက်ဆုံးပဲ။ မင်း အိမ်စာပြီးတာနဲ့ ကာတွန်းတွေ ကြည့်ခွင့်ပေးမယ်လို့ ပြောမယ်။ ဒါပေမယ့် မင်း ပြီးသွားတဲ့အခါ တခြားအကြောင်းပြချက်တွေနဲ့ မင်းကို ဖယ်ထုတ်ပစ်လိမ့်မယ်။ အဲ့လို သူတို့ မင်းကို စနောက်မှာ မကြောက်ဘူးလား။”

ကောင်လေးက မျက်မှောင်ကြုတ်ပြီး လေးနက်စွာ ပြောသည်။ “မဟုတ်ဘူး။ ကျွန်တော်က ငယ်သေးတယ်။ သူတို့ ဂိမ်းထဲ အတူတူ ဝင်ရင် ကျွန်တော့်ကို ဓားစာခံ လုပ်လို့ ရတယ်။ ဒါကြောင့် သူတို့ ကျွန်တော့်ကို သေချာပေါက် ခေါ်သွားလိမ့်မယ်။”

ပိုင်ယို့ဝေက ပြုံးလိုက်သည်။ “မင်းက တော်တော်လေး နားလည်လွယ်သားပဲ။”

တန်ရှောင်လည်း သူပြောတာကို နားလည်သွားပြီး မနေနိုင်တော့ဘဲ မေးသည်။ “သူတို့က မင်းကို ဓားစာခံအဖြစ် ဆွဲခေါ်သွားမှာဆိုတော့ ပစ္စည်းရှိမရှိက အရေးမကြီးတော့ဘူးမလား။ ဘာလို့ မင်းကို မပါခိုင်းတာလဲ။”

“ကျွန်တော့်မှာ ပစ္စည်းမရှိရင် ဓားစာခံ ဖြစ်သွားမှာပဲ။” ကောင်လေးက ပြောသည်။ “ကျွန်တော့်မှာ ပစ္စည်းရှိရင်တော့ သေရမှာ မဟုတ်ဘူး။”

အသက်ဆယ်နှစ်အရွယ် ကလေးတစ်ယောက်၏ ပါးစပ်မှ အသက်ရှင်ခြင်းနှင့် သေခြင်းကဲ့သို့သော စကားမျိုးကို ကြားရသည်က အနည်းငယ်တော့ ဝမ်းနည်းစရာ ကောင်းပါသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခဏတာ တိတ်ဆိတ်သွားကြ၏။

ပိုင်ယို့ဝေနှင့်အခြားသူများက မြေပုံကိုစိတ်မဝင်စားမှန်း သိလိုက်ပုံရတာကြောင့် ကောင်လေးက အခြားပစ္စည်းများကိုထပ်ပြီး ရောင်းဖို့ ကြိုးစားလေသည်။

“မြေပုံတွေအပြင် ကျွန်တော် အစားအသောက်ရှာဖို့လည်း ကူညီနိုင်ပါတယ်။ စားသောက် ကုန်‌ခြောက်ရော။ လတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်တွေရော။ အရေးပေါ်ဆေးဝါးအချို့လည်း ရှိပါတယ်။ ခင်ဗျားမှာ ပစ္စည်းတစ်ခုရှိရင် ဒီအရာတွေကို ကျွန်တော် ရှာပေးနိုင်ပါတယ်။”

ပိုင်ယို့ဝေက ခေါင်းကိုအနည်းငယ် ခါလိုက်ပြီး သူ့ကို အေးစက်စက် ငြင်းပယ်သည်။ “ကောင်လေး။ ငါတို့ ဒီပစ္စည်းတွေကို မဝယ်ဘူး။ ဝင်္ကပါထဲမှာ ပစ္စည်းတွေရဲ့ တန်ဖိုးက အစားအသောက်နဲ့ ဆေးဝါးတွေထက် အများကြီးပိုတယ်။”

ကောင်လေးက စိတ်ပျက်သွားပုံရသည်။ နှုတ်ခမ်းကိုစေ့လိုက်ပြီး လက်လျှော့လိုက်ကာ ခေါင်းငုံ့ပြီး ပြန်လျှောက်သွားတော့သည်။

ချန်းဝေခိုင်က စိုးရိမ်နေပြီဖြစ်သည်။ သူက ဆရာတစ်ယောက်ဖြစ်သည့်အတွက် ကလေးများ ဒုက္ခရောက်တာကို မကြည့်ရက်ပေ။ သူက အလျင်အမြန် ပြေးပြီး ကလေးကို တားလိုက်သည်။

“ဟေး။ ကောင်လေး။ ပစ္စည်းတွေ ထပ်မဝယ်နဲ့တော့။ အဲ့ဒီလူတွေကို မယုံနဲ့။ ဘယ်အဖွဲ့မှလည်း မဝင်နဲ့။ မင်းက ငယ်သေးတယ်။ မင်းကို အသုံးချဖို့ အရမ်းလွယ်တယ်။ နေစရာရှာပြီး ကောင်းကောင်းမွန်မွန်နေပါ။”

“ဆရာချန်း။ ဒီလိုဆိုရင်လည်း ဘယ်နေရာမှာပုန်းပုန်း သူ အဆင်မပြေဘူး။” ပိုင်ယို့ဝေက သူ့ကို လှမ်းခေါ်သည်။ “ဟေး။ ကောင်လေး။ ငါတို့နဲ့ ပူးပေါင်းဖို့ စဉ်းစားမလား။”

ကောင်လေးက ကြောင်သွားပြီး ပိုင်ယို့ဝေကို သံသယမျက်လုံးများနှင့် လှည့်ကြည့်လိုက်သည်။

ပိုင်ယို့ဝေက ပြောလိုက်သည်။ “မင်း စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေတယ်မလား။ ငါတို့ ဝင်္ကပါထဲ ဝင်ရဲတာက ငါတို့က အစ်ကိုဖေးကော်ထက် အများကြီး သန်မာတယ်ဆိုတာကို။”

“ခင်ဗျားတို့… ကျွန်တော့်ကို ဝင်္ကပါထဲ ဆွဲခေါ်သွားပြီး ဓားစာခံလုပ်ဖို့လား။” ကောင်လေးက တုံ့ဆိုင်းစွာ မေးသည်။

သူ သံသယဝင်သင့်သည်။

မဟုတ်ရင် ဘာလို့ သူတို့က သူ့ကို ခေါ်သွားချင်မှာလဲ။ လူကြီးတွေက သူ့ကို အထင်မသေးကြဘူးလား။

ပိုင်ယို့ဝေက အရမ်းပျော်ရွှင်စွာ ရယ်မောလိုက်သည်။ “ဟားဟားဟားဟား!… ဓားစာခံ… အဲ့ဒါက သေဖို့ ကြောက်တဲ့လူတွေပဲ သုံးတာ! ငါ့မှာ ပစ္စည်းတွေ အများကြီး ရှိတယ်။ အကုန်တောင်မသုံးနိုင်ဘူး။ မင်းလို ကောင်လေးတစ်ယောက်ကို ဘာလို့ အသုံးချရမှာလဲ။”

ကောင်လေးက မျက်နှာနီမြန်းသွားသည်။ သို့သော် သူ့မျက်လုံးများက တောက်ပလာပြီး မျှော်လင့်တကြီး မေးသည်။ “ခင်ဗျား တကယ်ပဲ ကျွန်တော့်ကို ပူးပေါင်းစေချင်တာလား။”

“ဟုတ်တာပေါ့။ အကြောင်းမဲ့တော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ခိုလှုံရာနေရာလည်း မဟုတ်ဘူး။” ပိုင်ယို့ဝေက သူ့နှုတ်ခမ်းထောင့်များကို ကွေးလိုက်ပြီး ဂရုမစိုက်စွာ ပြောသည်။ “မင်း ဝင်္ကပါကနေ အသက်ရှင်လျက် ထွက်လာနိုင်သရွေ့ ငါ မင်းကို ပူးပေါင်းခွင့်ပေးမယ်။ ပြီးတော့ မင်းကို ပစ္စည်းတစ်ခု ပေးမယ်။”

ကောင်လေးက ကြောင်သွားသည်။ “….အသက်ရှင်လျက် ဝင်္ကပါကနေ ထွက်လာတာလား။”

“ဟုတ်တယ်။” ပိုင်ယို့ဝေက သူ့ကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။“ငါတို့က တစ်ဖွဲ့တည်းသားတွေ ဖြစ်ကြ‌တော့မှာဆိုတော့ တစ်ယောက်စီရဲ့ စွမ်းရည်တွေကို နည်းနည်းတော့ နားလည်သင့်တယ်မလား။ ဝင်္ကပါထဲ ဝင်ပြီးမှ ငိုနေမယ့်သူမျိုးဆို ငါ လက်ခံမှာ မဟုတ်ဘူး။”

ကောင်လေး: “ကျွန်တော် ဘယ်တော့မှမငိုပါဘူး!”

“ဒါဆို စဉ်းစားကြည့်ပါဦး။” ပိုင်ယို့ဝေက ပျင်းရိစွာ ပြောပြီး ခေါင်းလှည့်ကာ ရှန်မိုကို ကြည့်လိုက်သည်။ “နေ့လယ် ဘယ်အချိန်ဝင်္ကပါထဲ ဝင်ကြမလဲ။”

“၂ နာရီ။” ရှန်မိုက ပြန်ဖြေသည်။

“ကောင်းပြီ။” ပိုင်ယို့ဝေက ကောင်လေးကို ထပ်ကြည့်လိုက်သည်။ “စဉ်းစားပြီးပြီဆိုရင် နေ့လယ် ၂ နာရီမှာ ဒီမှာ ဆုံပြီး ဝင်္ကပါထဲ အတူတူဝင်ကြမယ်။”

All Chapters