← Chapters

ဝင်္ကပါထဲသို့ ဒုတိယအကြိမ် ဝင်ရောက်ခြင်း (Chapter – 185)

Vol. 13 Ch. 185

ဝင်္ကပါထဲသို့ ဒုတိယအကြိမ် ဝင်ရောက်ခြင်း (Chapter – 185)

Vol. 13 Ch. 185

ရှန်မိုသည် သူတို့ကို နောက်လှည့်ကြည့်ပြီး ဘာမှမပြောပေ။

မြူခိုးများထဲသို့ ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့် ဆက်လျှောက်လာပြီးနောက် ပတ်ဝန်းကျင် ပြောင်းလဲလာသည်ကို ဖြည်းဖြည်းချင်း ခံစားလိုက်ရသည်။

လူတိုင်းက ဤအရာသည် ဝင်္ကပါထဲသို့ ဝင်ရောက်ခြင်း၏လက္ခဏာဖြစ်သည်ကို သိသောကြောင့် မည်သူမျှ စကားမပြောကြပေ။

လေထုသည် ပို၍ ပို၍ ပိတ်လှောင်ပြီး ပူလာလေသည်။

ခြေထောက်အောက်တွင်...

ခြေထောက်အောက်ရှိ မြေပြင်သည် ပျော့လာပြီး အားနည်းလာ၏။

ဤပျော့ပျောင်းမှုမျိုးသည် "ဖား၏ ရွှေဘောလုံး" ဂိမ်းထဲမှ ရွှံ့ကဲ့သို့ ပျော့ပျောင်းမှုမျိုးမဟုတ်ဘဲ လူများကို အလွန်မသက်မသာ ဖြစ်စေသော အခြားပျော့ပျောင်းမှုမျိုး ဖြစ်သည်။

ပိုင်ယို့ဝေသည် ဘီးတပ်ကုလားထိုင်က ဖြည်းဖြည်းချင်း ရွေ့လျားနေသည်ကို သတိပြုမိသည်။ မြေပြင်သည် မညီညာတော့ဘဲ စေးကပ်နေကာ ပျော့အိအိနှင့် ထိုင်းမှိုင်းနေသည်။

သူမသည် ပြင်းထန်သော သွေးနံ့ကိုပင် ရလိုက်သည်။

ထို့နောက်...

မြူခိုးများ ကင်းစင်သွားသည်။

မြို့အဆောက်အအုံများ၏မြင်ကွင်းက လူတိုင်း၏အော့အန်ချင်စိတ်အားထိန်းချုပ်ရန် ပါးစပ်နှင့် နှာခေါင်းကို မသိလိုက်ပါဘဲ အုပ်ထားစေခဲ့သည်...

မြို့သည် သွေးထွက်သံယို အသားစများဖြင့် ဖုံးအုပ်ထားသည်။ အရွတ်များဖြစ်စေ၊ အမြှေးပါးများဖြစ်စေ ၎င်းသည် အရာအားလုံးကို ဖုံးအုပ်ထားလေ၏။ အထက်ရှိကောင်းကင်ကိုပင် ဖုံးလွှမ်းထားသဖြင့် ၎င်းတို့သည် မကောင်းဆိုးဝါးတစ်ကောင်၏ကိုယ်ခန္ဓာအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရသည်။ သူတို့ရှေ့ရှိ လမ်းသည် ခန္ဓာကိုယ်၏လေပြွန်၊ အူလမ်းကြောင်း သို့မဟုတ် အခြားတစ်ခုခုနှင့်တူသည်။

ပိုင်ယို့ဝေ၏မျက်နှာသည် အလွန်ရှုံ့မဲ့နေ၏။

အဆင့်ကို ဖြတ်ကျော်ရခြင်း၏စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်အားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

သူမသည် ဂိမ်းကို ပျော်ရွှင်စွာ ဆော့ကစားရန် ရည်ရွယ်ချက်ဖြင့် မူလက ဝင်ရောက်လာခဲ့သော်လည်း ယခုအခါ တစ်စက္ကန့်မျှပင် နေချင်စိတ်မရှိတော့ပေ။ သူမသည် ထွက်သွားချင်မိသည်။

"ရွံစရာကောင်းလိုက်တာ" သူမသည် နှာခေါင်းကို အုပ်ကာ အလွန်အမင်းမပျော်ရွှင်စွာဖြင့် စကားနှစ်ခွန်းထွက်ကျလာသည်။

ဆရာချန်းသည် သူ၏ဘေးရှိ နံရံကို ထိဖို့ ကြိုးစားသည်။ နူးညံ့ပြီး အနည်းငယ် တောင့်တင်းသော ထိတွေ့မှုသည် အသားအရည်ကို ခွာထားသော ကြွက်သားကဲ့သို့ ခံစားရသည်။ သူ၏လက်ဖဝါးဖြင့် ကာလိုက်သောအခါ အသား၏အောက်တွင် တုန်ခါနေမှုကိုပင် ခံစားနိုင်သည်။

သွေးစီးဆင်းနေသကဲ့သို့ဖြစ်သည်။

ဆရာချန်းက စဉ်းစားဟန်ဖြင့် တီးတိုးပြောသည်။ "အရင်တစ်ခါက ဝင်္ကပါက ငါတို့ရဲ့ စိတ်အကြောင်း နားလည်မှုကို စမ်းသပ်ခဲ့တယ်။ ဒီတစ်ခါတော့ ငါတို့ရဲ့ ခန္ဓာကိုယ်အကြောင်း နားလည်မှုကို စမ်းသပ်ချင်တာများလား။"

"မဖြစ်နိုင်ဘူး" ပိုင်ယို့ဝေက ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားပြီး အသံပိတ်ကာ ပြောသည်။ "ကျွန်မတို့က ဟန်ကျိုးကို ရုတ်တရက် ရောက်လာတာ။ ဂိမ်းစနစ်က ကျွန်မတို့ ဘယ်ဝင်္ကပါကို သွားမယ်ဆိုတာ မသိဘူး"

သူမ၏ မျက်နှာတွင် နာကျင်သော အမူအရာရှိနေပြီး အသက်ကို မနည်းရှူလိုက်သည်။ ထို့နောက် အော့အန်ချင်လာသဖြင့် အသက်အောင့်ထားသည်။ ဝမ်းနည်းပြီး ဒေါသထွက်နေသည်။ "ဒီနေရာက ရွံစရာကောင်းလိုက်တာ"

တန်ရှောင်သည် ဘယ်ညာကြည့်ကာ ရှုပ်ထွေးစွာ မေးလိုက်သည်။ "ကျွန်တော်တို့... မကောင်းဆိုးဝါးကြီးတစ်ကောင်ရဲ့ ကိုယ်ထဲရောက်နေတာများလား။"

ရှန်မိုသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ အသားစများဖြင့် ဖုံးအုပ်ထားသော နံရံဆီသို့ လျှောက်သွားပြီး သူ၏လက်ဖြင့်ထိုးလိုက်လေသည်။

ဒဏ်ရာတစ်ခု ထွက်ပေါ်လာပြီး သွေးများ စီးကျလာ၏။

သူ၏လက်ကို သွေးအနည်းငယ်တွင် တို့လိုက်ပြီး နှာခေါင်းအောက်တွင်ထားလျက် နမ်းကြည့်လိုက်ကာ မျက်မှောင်ကြုတ်သည်။ "ဒီဝင်္ကပါက အသက်ရှင်နေပုံရတယ်"

အသက်ရှိသောအရာများသာ သွေးထွက်နိုင်သည်။

လူတိုင်း ခဏမျှ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏ ခြေထောက်အောက်ရှိ အရာသည် အသက်ရှင်နေသည်ဟု တွေးလိုက်သည်နှင့် သူတို့၏ ခြေထောက်များ ထုံကျဉ်လာသည်ကို မရပ်နိုင်တော့ပေ။

ရှန်မို ခဏစဉ်းစားပြီး လူတိုင်းကို ပြောလိုက်သည်။ "အရင်ဆုံး ရှေ့ဆက်သွားကြရအောင်"

ပိုင်ယို့ဝေသည် ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကောင်လေးကို လက်ညှိုးထိုးပြသည်။ "မြေပုံကိုထုတ်ပြီး လိုက်သွားဖို့ သူ့ကို ပြောလိုက်"

ထို့နောက် လူတိုင်းက ကောင်လေးတွင် ဝင်္ကပါမြေပုံရှိသည်ဟု ယခင်က ပြောခဲ့သည်ကို သတိရသွားကြသည်။

ဝင်္ကပါထဲသို့ တစ်ခါမျှ မရောက်ဖူးသူတစ်ဦးက၎င်း၏မြေပုံကို မည်သို့ရေးဆွဲနိုင်မည်နည်း ။ မြူခိုးများအတွင်းရှိ မြို့အဆောက်အအုံများကို ပုံတူကူးခြင်းမျှသာ ဖြစ်သည်။

ကောင်လေးသည် နှုတ်ခမ်းကိုစေ့ပြီး မြေပုံကို ရှန်မိုဆီသို့ ပေးလိုက်ကာ အလေးအနက် ပြောသည်။ "ကျွန်တော်တို့ အခု ဂန်ရှန်းအနောက်လမ်းမပေါ် ရောက်နေပြီ။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ရှေ့ဆက်သွားတာနဲလမ်းကူးတံတားကြီးတစ်ခုကို တွေ့လိမ့်မယ်"

ရှန်မိုသည် မြေပုံကိုစစ်ဆေးပြီး ကောင်လေး၏မျက်နှာကို ကြည့်လိုက်သည်။ "မင်းက ဟန်ကျိုးကလား။"

"ဟုတ်ပါတယ်" ကောင်လေးက ခေါင်းညိတ်သည်။ "ကျွန်တော့်နာမည် ပန်းရှောင်ရှင်းပါ။ ဟန်ကျိုးဗဟို မူလတန်းကျောင်းက ပဉ္စမတန်းကျောင်းသားတစ်ယောက်ပါ"

"အသက်ဘယ်လောက်လဲ။"

"၁၁ နှစ်"

ရှန်မို ညင်သာစွာ ခေါင်းညိတ်ပြီး မြေပုံကို ပြန်ပေးလိုက်သည်။ "ဒီအချိန်ကစပြီး ငါတို့သွားခဲ့တဲ့ လမ်းကြောင်းကို မှတ်တမ်းတင်ဖို့ မင်းက တာဝန်ယူရလိမ့်မယ်"

ပန်းရှောင်ရှင်းသည် ထိုသို့သော အရေးကြီးသော အလုပ်ကို ရုတ်တရက် တာဝန်ပေးခံရသဖြင့် ခဏမျှ ကြောင်သွားသည်။ ထို့နောက် လျင်မြန်စွာ မြေပုံကို ယူပြီး ပြောသည်။ "...ကောင်းပါပြီ ကောင်းပါပြီ။"

All Chapters