တစ်ယောက်တည်း
Vol. 13 Ch. 193
ရှန်မိုက ပြုံးပြီး အရုပ်ကို သူမ၏အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
“မလိုပါဘူး။” သူသည် သူမ၏ခေါင်းကို ထိလိုက်သည်။ “ငါတို့မကြာခင်ပြန်လာပါ့မယ်။ မင်း ပစ္စည်းတွေကို သိမ်းထားလိုက်ပါ။ဒါမှ ဒီမှာတစ်ခုခုဖြစ်ရင် ကိုင်တွယ်ရလွယ်ကူလိမ့်မယ်။”
ပိုင်ယို့ဝေသည် မပျော်မရွှင်ဖြင့် နှုတ်ခမ်းကိုစူနေလေသည်။
ထိုအချိန်တွင် သူမ၏ခြေအောက်တွင် ထပ်မံ၍ တုန်ခါမှုအနည်းငယ်ရှိလာ၏။
ပိုင်ယို့ဝေ၏အမူအရာသည် ပို၍ပင်အရုပ်ဆိုးလာသည်။
သူမက မကောင်းဆိုးဝါးသည် အနီးနားသို့ရောက်လာပြီဖြစ်ကြောင်း၊ ရှန်မိုနှင့် တန်ရှောင်တို့ ထွက်ခွာတော့မည်ဖြစ်ကြောင်း သိနေ၏။
“သွားကြစို့။” ရှန်မိုသည် ပူစီနံသကြားရည်ပုလင်းကြီးတစ်လုံးကို သူမ၏လက်ထဲသို့ ထည့်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ “အထဲမှာ ထားလိုက်ပါ။ ပျို့အန်ချင်ရင် သောက်လိုက်။”
တန်ရှောင်ကလည်းပြောသည်။ “ဝေဝေ၊ အစ်ကိုမိုနဲ့ကျွန်တော် ထွက်ပေါက်ရှာတွေ့တဲ့ အထိစောင့်ပါ။ အဲ့တာဆိုရင် ကျွန်တော်တို့ ထွက်လို့ရပြီ။”
ပိုင်ယို့ဝေ၏မာနကြီးသောအမူအရာသည် နောက်ဆုံးတော့ အနည်းငယ်မှေးမှိန်သွားပြီး သနားစရာကောင်းလာကာ နူးညံ့သွားသည်။ “ရှင်တို့ မြန်မြန်ပြန်လာရမယ်…”
ထို့နောက် ထိုနှစ်ယောက်သည် ဆိုင်ထဲမှ ထွက်လာကြသည်။
တုန်ခါမှုများက ပိုအားကောင်းလာသော်လည်း ဒီလမ်းကလာတာမဟုတ်သလိုပင်။ ရှန်မိုသည် ဦးတည်ရာကိုခန့်မှန်းပြီး တန်ရှောင်ကို တုန်ခါမှု၏အရင်းအမြစ်ဆီသို့ လျင်မြန်စွာ ဦးဆောင်ခေါ် သွားလေသည်။
ပိုင်ယို့ဝေသည် ပြတင်းပေါက်မှ ခဏကြာအောင်ကြည့်နေပြီးနောက် ချန်းဝေခိုင်က မီးဖိုချောင်ထဲသို့ ပြန်ဝင်ရန်ပြောသည်။
သူတို့သည် အသားအလွှာများဖြင့်ပြုလုပ်ထားသော တံခါးကိုပိတ်ကာ အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကို မြင်နိုင်ရန် အကွက်ကျဉ်းလေးတစ်ခုသာချန်ထားခဲ့၏။
တုန်ခါမှုပြင်းအားက အသွားအပြန်ဖြစ်နေပြီး ရှည်လျားသောမြွေသည် အစာကိုအငမ်းမရဖြင့် လမ်းများတစ်လျှောက်ပြေးလွှားရှာနေပုံရသည်။
ခဏအကြာတွင် ၎င်းသည် ပို၍ဝေးသွားကာ ပတ်ဝန်းကျင်ကို ပြန်၍ငြိမ်းချမ်းသွားစေ၏။
ထို့နောက် အရာအားလုံးတိတ်ဆိတ်သွားသည်။
မီးဖိုချောင်ထဲရှိလူတိုင်းသည် သက်ပြင်းချလိုက်ကြ၏။
ပြီးနောက် အပြင်ထွက်သွားသော ထိုလူနှစ်ယောက်အတွက် စိုးရိမ်နေကြသည်။
“သူတို့နှစ်ယောက်စလုံး အဆင်ပြေကြပါစေလို့ မျှော်လင့်ပါတယ်။” ဆရာချန်းက သက်ပြင်းချကာ ဆုတောင်းလိုက်သည်။
ပန်းရှောင်ရှင်းသည် ချန်းဝေခိုင်နှင့် ပိုင်ယို့ဝေကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ ကျန်ခဲ့သောသူများသည် အဖွဲ့၏အိုမင်းသော၊ ငယ်ရွယ်သောနှင့် မသန်စွမ်းသောအဖွဲ့ဝင်များဖြစ်နေသဖြင့် သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေ၏။
ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်ကာ ဘာမှမပြောပေ။
သူမသည် ရေပုလင်းကိုကိုင်ပြီး တစ်ငုံသောက်လိုက်သော်လည်း စိတ်တိုနေသေးသည်။ ရေထဲတွင် ပူစီနံအရွက်အနည်းငယ်မျောနေသည်ကို မြင်သောအခါ သူမ၏သွယ်လျပြီး ဖြူဖွေးသောလက်ချောင်းများကို ဆန့်ကာ အရွက်များကိုထုတ်ပြီး ဝါးစားလိုက်၏။
အေးမြပြီး အနည်းငယ်ဖန်သော အရသာက နှာခေါင်းထဲမှ သွေးညှီနံ့ကို လျော့သွားစေသည့် အတွက် အနည်းငယ်ပိုပြီး နေသာထိုင်သာ ရှိလာလေသည်။
သူမသည် မြေပြင်ပေါ်ရှိ တစ်ပိုင်းသေနေသောသူကို တစ်ချက်ကြည့်လိုက်ပြီးမေးသည်။ “ရှင့်ရဲ့အပေါင်းအဖော်တွေက ဘယ်လိုသေကုန်တာလဲ။”
ထိုလူက ခဏတာကြောင်သွားပြီးဖြေသည်။ “….ငါတို့က ထွက်ပေါက်ရှာဖို့ကြိုးစားရင်း မြွေနောက်ကိုလိုက်ခဲ့တာ။ ဒါပေမယ့် အကွေ့တစ်နေရာမှာ သူတို့ကိုမြင်သွားတယ်။ ထွက်ပြေးဖို့အချိန်မရလိုက်ဘူး… သူတို့ကို စားလိုက်တာ။ ငါက ခြေထောက်ပဲ ဒဏ်ရာရခဲ့တာ။”
ပိုင်ယို့ဝေက သူ့ကို ထပ်မံမေးသည်။ “တခြားသူတွေကို မြင်ခဲ့သေးလား။”
ထိုလူ၏မျက်နှာသည် ပို၍ပင် ရှုပ်ထွေးသွားသည်။ “မသိဘူး… ငါ ဒီမှာ ပုန်းနေတာ။ အပြင်မထွက်ရဲဘူး။ မင်းတို့ ရုတ်တရက်ဝင်မလာခဲ့ရင် တခြားဘယ်သူတွေ ဝင်္ကပါထဲဝင်လာတယ်ဆိုတာ ငါသိမှာမဟုတ်ဘူး။”
ပိုင်ယို့ဝေသည် သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး အပြင်ဘက်ကိုကြည့်ကာ သူမ၏စိတ်ထဲတွင် အချိန်ကို တိတ်ဆိတ်စွာရေတွက်နေသည်။
သူမသည် ရှန်မိုပြောခဲ့ဖူးသည်ကို သတိရသည်။ ဝင်္ကပါထဲသို့ လူငါးဦးဝင်လာပြီး တစ်ဦးဒဏ်ရာရကာ နောက်ဆုံးတွင် လူငါးဦးစလုံး ဝင်္ကပါမှ ထွက်သွားခဲ့သည်။
ဒါက ဝင်္ကပါက မခက်ခဲဘူးဟုဆိုလိုတာဖြစ်သည်။ အကယ်၍ ထိုလူငါးယောက်မှာသာ ထူးခြားတဲ့စွမ်းရည်တွေ မရှိရင်ပေါ့။
ထိုလူငါးယောက်သည် တကယ်ပင် စွမ်းရည်ရှိသူများလား။
ဒေတာအဆင့်မြှင့်တင်မှုရရှိထားသော သူမနှင့် ရှန်မိုသည် အဲဒီလူငါးယောက်ထက် အားနည်းမည်ဟု သူမ မထင်ပေ။
ထို့အပြင် မှန်ဝင်္ကပါတွင် မှန်ကန်သော လမ်းကြောင်းကိုရှာတွေ့သရွေ့ ဝင်္ကပါမှ အလွယ်တကူထွက်နိုင်သည်။ ဝင်္ကပါ၏တည်ရှိမှုက ကစားသမားများကို မကောင်းဆိုးဝါးကြီးများနှင့် တိုက်ခိုက်ရန်အတွက်သာ မဟုတ်နိုင်ပေ။
ပိုင်ယို့ဝေသည် ခေါင်းကိုက်လာပြီး သူမ ပတ်ဝန်းကျင်ရှိ အသားနံ့သည် သူမကို ထပ်မံအန်ချင်စိတ် ပေါက်စေသည်။
သူမသည် ခေါင်းကိုနောက်သို့စောင်းကာ ပူစီနံရေကို နောက်တစ်ငုံသောက်လိုက်၏။ မြင်သာသော ဖန်ပုလင်းမှတစ်ဆင့် စားသောက်ဆိုင်အပြင်ဘက်တွင် အရိပ်မှုန်တစ်ခုလှုပ်ရှားနေသည်ကို သူမ တွေ့လိုက်ရသည်။
ပန်းရှောင်ရှင်းက ထိတ်လန့်တကြား နောက်သို့ဆုတ်လိုက်ပြီး အလွန် အားနည်းသောအသံဖြင့် ပြောသည်။ “အဲဒီ အရေပြားမရှိတဲ့ မကောင်းဆိုးဝါး။”
ဆရာချန်းသည် တံခါးကို လျင်လျင်မြန်မြန်နှင့် တင်းကျပ်စွာ ပိတ်လိုက်ပြီး သူ၏ကျောကို တံခါးနှင့်ကပ်ထားကာ သူ၏အမူအရာက တင်းမာပြီး ကြောက်လန့်နေသည်။
“တစ်ယောက်တည်းပါ။ မကြောက်ပါနဲ့… သူ ငါတို့ကို ရှာမတွေ့နိုင်ပါဘူး။”
သူသည် သူ၏တုတ်ချောင်းကိုကိုင်ပြီး ပိုင်ယို့ဝေနှင့် ပန်းရှောင်ရှင်းတို့ကို တိုးတိုးလေးပြောသည်။ “ဝေးဝေးနေပါ။ မကြောက်ပါနဲ့။ ငါ ဒီမှာရှိနေမယ်။ သူ့ကို ဝင်ခွင့်ပြုမှာမဟုတ်ဘူး။”