← Chapters

နှစ်ကောင်ရောက်လာသည်

Vol. 13 Ch. 194

နှစ်ကောင်ရောက်လာသည်

Vol. 13 Ch. 194

ပိုင်ယို့ဝေနှင့် ပန်းရှောင်ရှင်းတို့သည် စကားတစ်ခွန်းမှမပြောဘဲ တံခါးကိုသာ စိုက်ကြည့်နေကြလေသည်။

လေသည် အေးခဲသွားပုံရ၏။ထို့‌နောက် ပူပြီးစိုစွတ်လာသည်။

ပိတ်ထားသောအကာသည် လေထုကို ပို၍ပင်ဖိနှိပ်စေပြီး လူများကို အသက်ရှူကျပ်သလိုခံစားရစေသည်။

ပိုင်ယို့ဝေသည် သူမ၏ဘီးတပ်ကုလားထိုင်တွင် တိတ်ဆိတ်စွာထိုင်နေသည်။ ပူနွေးသောပတ်ဝန်းကျင်က သူမကို ချွေးအလွန်အကျွံထွက်စေ၏။ သူမ၏လက်ဖဝါးများက စေးကပ်နေပြီး သူမ၏ကျောက စိုစွတ်နေကာ ချွေးများက သူမ၏ပါးပြင်များတစ်လျှောက် ကျနေသည်။ သူမသည် အသက်ရှူသံကို ထိန်းထားပြီး နံရံ၏တစ်ဖက်ခြမ်းတွင် တစ်စုံတစ်ယောက်က အသားအပိုင်းကို ဝါးနေသည့်အသံကို နားထောင်နေသည်။

အသံသည် တဖြည်းဖြည်းပို၍ကျယ်လာပြီး မည်သည့်အချိန်မဆို နံရံကို ထိုးဖောက်ဝင်ရောက် လာနိုင်ပုံပင်။

ခွဲစိတ်စားပွဲအောက်ရှိ ထိုလူသည် ပို၍ပင်မပျော်မရွှင်ဖြစ်လာသည်။ သူသည် အသံလာရာအရပ်ကို စိုးရိမ်တကြီးစိုက်ကြည့်နေပြီး ကြောက်လန့်တကြား အသက်ရှူနေကာ သူ၏ရင်ဘတ်က ထိန်းမရစွာတုန်ယင်နေပြီး ချွေးများကလည်း စီးကျနေသည်။

“မဖြစ်ဘူး…” သူသည် ရေရွတ်လိုက်သည်။ သူ၏နှုတ်ခမ်းများကလည်း ဖြူဖျော့နေသည်။ “သူ့ကို ဖယ်ရှားပစ်ရမယ်… မင်း သွားပြီး သူ့ကို မြန်မြန်ဖယ်ရှားပစ်! မဟုတ်ရင် သူတို့က ပိုများလာလိမ့်မယ်။ သူတို့က မြွေတွေကို ဆွဲဆောင်လိမ့်မယ်! သူတို့က မြွေတွေကို ဆွဲဆောင်လိမ့်မယ်!”

ပိုင်ယို့ဝေသည် သူ့ကို စိတ်မရှည်စွာကြည့်ပြီး အေးစက်စက်ပြောသည်။ “ပါးစပ်ပိတ်!”

ထိုလူသည် အလွန်ကြောက်လန့်သွားပြီး မျက်နှာတွင် မျက်ရည်နှင့် နှာရည်များကလည်း အနည်းငယ် စီးကျကာ ငိုတော့မလိုဖြစ်နေသည်။ “သူတို့က နံရံကို ကိုက်ဖြတ်လိုက်တာနဲ့ အရာအားလုံးပြီးသွားလိမ့်မယ်! ကျေးဇူးပြုပြီး… အဲဒီမကောင်းဆိုးဝါးတွေကို မောင်းထုတ်ပေးပါ! မဟုတ်ရင် ငါတို့အားလုံး ဒီမှာသေကုန်လိမ့်မယ်!”

ဆရာချန်းသည် သူ၏တုတ်ချောင်းကို တင်းတင်းဆုပ်ကိုင်ထားပြီးပြောသည်။ “ဒီမှာနေ… ဆူညံသံမပေးနဲ့။ ဒါကို ငါကိုင်တွယ်မယ်။”

ပိုင်ယို့ဝေသည် သူမဘေးရှိ ပန်းရှောင်ရှင်းကို ကြည့်ပြီးပြောသည်။ “ကောင်လေး။ မင်းကျောင်းအိတ်ထဲမှာ အသုံးဝင်တဲ့အရာ တစ်ခုခုရှိလား။”

ပန်ရှောင်ရှင်းသည် ခဏတာကြောင်သွားပြီးနောက် သူ၏ကျောနောက်ရှိ ကျောင်းအိတ်ကို အမြန်ချပြီး မှောက်လိုက်ရာ အမျိုးမျိုးသောပစ္စည်းများက အပုံလိုက်ဖြစ်သွားသည်။ ရေခွက်တစ်ခွက်၊ နေ့လယ်စာထမင်းဘူး၊ မီးဖိုချောင်သုံး ဓားတစ်ချောင်း၊ သံတူတစ်ချောင်း၊ လျှော်ကြိုးတစ်ချောင်း… နှင့် အုတ်တစ်ချပ်ပင်။ သူသည် နေ့စဉ်ဘဝတွင် အသုံးပြုနိုင်သမျှ အရာအားလုံးနီးပါးကို ယူလာခဲ့၏။

ပိုင်ယို့ဝေက ရွေးချယ်ပြီး သံတူကိုသူကိုယ်တိုင်ယူကာ ပန်းရှောင်ရှင်းကို မီးဖိုချောင်သုံးဓားကို ယူခိုင်းသည်။

“မင်းက ဆရာချန်းရဲ့ညာဘက်ကို သွား၊ ငါကဘယ်ဘက်ကိုသွားမယ်။” ပိုင်ယို့ဝေက ညွှန်ကြားသည်။ “ဆရာချန်း တံခါးဖွင့်တာကိုစောင့်ပြီး တစ်ခုခုဝင်လာရင် ငါတို့ သတ်ပစ်မယ်။ နားလည်လား။”

ပန်းရှောင်ရှင်းသည် သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး ကြောက်လန့်တကြား ခေါင်းညိတ်သည်။

ပိုင်ယို့ဝေသည် ပြုံးလိုက်ပြီး သူ့ကိုချီးကျူးသည်။ “မဆိုးဘူး၊ မင်းမငိုဘူး။”

ပန်းရှောင်ရှင်းသည် ချီးကျူးခံရပြီးနောက် အနည်းငယ် မသက်မသာခံစားရပြီး သူ၏မျက်လုံးများက ဘီးတပ်ကုလားထိုင်တွင် ချိတ်ဆွဲထားသော အိတ်ကို လှမ်းကြည့်လိုက်သည်။

“ငါ့ပစ္စည်းတွေကို ကြည့်ချင်လား။” ပိုင်ယို့ဝေက ပြုံးပြီး သူမ၏ဖောင်းနေသောအိတ်ကို ညင်သာစွာပုတ်လိုက်သည်။ “အခုက အချိန်မဟုတ်သေးဘူး။”

သူမသည် ပို၍ပြောလိုခြင်းမရှိသောကြောင့် ချန်းဝေခိုင်ကိုပြောသည်။ “ဆရာချန်း။ တံခါးဖွင့်ပေးပါ။”

ချန်းဝေခိုင်က ခေါင်းညိတ်ပြီး သူ၏လက်ထဲရှိ တုတ်ချောင်းကို တင်းကျပ်စွာကိုင်လိုက်ကာ တံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ဘန်း!

တံခါးက အက်ကွဲကြောင်းလေးတစ်ခုပွင့်သည်နှင့် အပြင်ဘက်က သွေးနီရောင်မကောင်းဆိုးဝါးက ပြေးလာပြီး အော်ဟစ်ကာ ဝင်လာသည်။

ချန်းဝေခိုင်သည် တံခါးကို အလျင်အမြန်ပိတ်လိုက်သည်!

သွေးနီရောင်တောက်ပနေသော ခေါင်းလုံးကြီးတစ်ခုညပ်နေသည်။

တိုတိုနှင့်ပါးလွှာသည့် ခြေလက်များက ရုန်းကန်နေဆဲပင်။

သူက အသံမထွက်ပေ။ သို့သော် တံခါးမှာညပ်နေတာဖြစ်သည်။ သူ၏သွားချွန်များနှင့် လက်သည်းများကို ဖော်ထုတ်ပြီး အသားများကို တစ်ခုနှင့်တစ်ခု ဖိထားသောကြောင့် ဆံပင်တွေကို ထုံကျင်သွားစေရာမှနာကျင်သည့် အော်သံများ ထွက်လာ၏။

ဆရာချန်းသည် သူ၏တုတ်ချောင်းဖြင့် ခေါင်းကို ထိုးကြည့်သည်။ အပြင်ဘက်သို့ တွန်းထုတ်ရန်ကြိုးစားသော်လည်း သူ၏ခေါင်းက အရမ်းပါးလွှာပြီးကြွတ်ဆတ်သောကြောင့် အားအနည်းငယ်ဖြင့်ပင် ကျိုးသွားလေသည်။ ထို့နောက် အသားနှင့်သွေးများက ချက်ချင်းအရည်ပျော်ပြီး မြေပြင်ပေါ်သို့ စေးကပ်စွာကျလာ၏။

ငါးညှီနံ့က မျက်နှာကို ရိုက်ခတ်လာသည်။

ပိုင်ယို့ဝေသည် ပျို့အန်ချင်စိတ်ပေါက်လာကာ အန်တော့မလိုဖြစ်သွား၏။

ဘန်း!

တံခါးကို ရုတ်တရက် အပြင်မှထပ်ရိုက်သည်။

ချန်းဝေခိုင်သည် တံခါးတစ်ဝက် ပွင့်သွားသည်ကိုတားဆီးရန် အချိန်မရလိုက်ပေ။

သွေးနီရောင်အရေပြားမရှိသောမကောင်းဆိုးဝါးနှစ်ကောင်သည် မီးဖိုချောင်အတွင်းသို့ တွားသွား‌၀င်လာပြီး သူတို့၏သွားချွန်များကို ဖော်ထုတ်ကာ အစာငတ်နေသောခွေးရူးများကဲ့သို့ သူတို့ကို ခုန်အုပ်လိုက်လေသည်။

ချန်းဝေခိုင်သည် သူ၏တုတ်ချောင်းဖြင့် တစ်ကောင်ကို ဖမ်းလိုက်၏။

ကျန်တစ်ကောင်က မျက်နှာကျက်ပေါ်သို့ တက်သွားပြီး အသားတုံးအဖြစ်သို့ ပြောင်းသွားသော ပြွန်ပုံစံမီးချောင်းတစ်လျှောက် ခုန်ချလိုက်သည်။ ၎င်းသည် ပိုင်ယို့ဝေ၏ခြေထောက်ပေါ်သို့ တိုက်ရိုက်ကျသွား၏။

ထိုအခါ ပိုင်ယို့ဝေ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားသည်။

အရေပြားမရှိသောမကောင်းဆိုးဝါးသည် သူမ၏ခြေထောက်ပေါ်တွင် ကုပ်နေပြီး ၎င်း၏ သွေးနီရောင်ခေါင်းကြီးကြီးကို မော့ကာ သွားချွန်များပြည့်နေသော ပါးစပ်ကို ဖွင့်လိုက်သည်။ ပြင်းထန်သောငါးညှီနံ့က သူမကို မျက်လုံးပင် မဖွင့်နိုင်လောက်အောင်ဖြစ်သွားစေသည်။

သူမသည် သွားများကိုကြိတ်လိုက်ပြီး သူမ၏လက်ထဲရှိသံတူကို မြှောက်လိုက်သော်လည်း မရိုက်ရသေးခင် အသံကိုကြားလိုက်ရသည်။

“ဘန်း!”

သူမရှေ့ရှိ ခေါင်းလုံးကြီးက ကွဲသွားပြီး စေးကပ်သောသွေးများသည် သူမ၏စကတ်တစ်ဝက်ကို ချက်ချင်းဖုံးအုပ်သွားသည်။

All Chapters