← Chapters

ခဏတာဘေးကင်းမှု

Vol. 14 Ch. 198

ခဏတာဘေးကင်းမှု

Vol. 14 Ch. 198

မြွေသည် အိမ်ထဲမှ ငါးညှီနံ့ရသောကြောင့် ၎င်း၏ခေါင်းဖြင့် ဝင်ရန်ကြိုးစားသည်။ ဝင်၍ မရသဖြင့် ၎င်း၏ကိုယ်ခန္ဓာဖြင့် အပြင်နံရံကို ပြင်းထန်စွာရိုက်ခတ်လိုက်ရာ ကျယ်လောင်သော အသံများထွက်ပေါ်လာသည်။

ထပ်ခါတလဲလဲရိုက်ခတ်မှုများသည် ပန်းရှောင်ရှင်းနှင့် ချန်းဝေခိုင်တို့ကို မတ်တပ်ရပ်ရန်ခက်ခဲစေသည်။

သူတို့နှစ်ယောက်သည် လူးလှိမ့်ပြီးမှ မီးဖိုချောင်ကို ပြန်ပြေးလာနိုင်ကြပြီး အသက်တောင်မရှူနိုင်ခင်မှာပဲ တံခါးကို အမြန်ပိတ်လိုက်ကြ၏။

တံခါးကိုပိတ်ပြီးသည့်တိုင် သူတို့သည် ပေါ့ပေါ့ဆဆ မနေခဲ့ပေ။ ဆရာချန်းနှင့် ကောင်လေးသည် မြွေတစ်ကောင်‌ကောင်ဝင်လာမည်ကို စိုးရိမ်သောကြောင့် တံခါးကို ကြိုးစားပြီးထိန်းထားကြသည်။

ပိုင်ယို့ဝေသည် မျက်မှောင်ကြုတ်လျက် ထိုင်နေပြီး မြေပြင်ပေါ်ရှိလူကို အေးစက်စွာကြည့်သည်။

ဒီအထိ သူတို့သည် သူ့အကြောင်း ဘာမျှမသိသေးပေ။ သူ၏နာမည်၊ အသက်၊ မည်သူမည်ဝါဖြစ်ကြောင်း… ဘာတစ်ခုမျှ ရှင်းရှင်းလင်းလင်းမသိပေ။ တစ်ဖက်လူသည် ကြောက်လန့်တကြား ဖြစ်နေပုံရသော်လည်း အမှန်တကယ်တော့ သူသည် အလွန်လိမ္မာပါးနပ်ပြီး အရေးကြီးသော သတင်းအချက်အလက်များကို ယခုထိ မပြောပြသေးပေ။

ထိုသို့မဟုတ်လျှင် သူသည် တကယ်ကိုရှုပ်ထွေးနေပြီး ဘာမှမသိတာလည်း ဖြစ်နိုင်သည်။

သို့မဟုတ် သူ့မှာ အခြားရည်ရွယ်ချက်တစ်ခုခု ရှိနေတာလည်း ဖြစ်နိုင်သည်။

သို့ပေမယ့် ယခု လူတိုင်းက ‘လောကမှာ အတူတူလှည့်လည်သွားလာနေသူများ’ ဖြစ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် အန္တရာယ်ပြုရန် အကြောင်းပြချက်ကို သူမ စဉ်းစား၍မရပေ။

ပိုင်ယို့ဝေသည် သူမ၏လက်မောင်းထဲရှိ ယုန်ကိုဖြည်းဖြည်းချင်းပွတ်သပ်ကာ တွေးနေမိသည်။

သူမ “ဆယ်ပုံတစ်ပုံ” ကို ပထမဆုံး အသုံးပြုချိန် မှာတော့ ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။ သို့သော် ဘက်ထရီက တကယ်ပဲ အားနည်းသည်။ မကောင်းဆိုးဝါးသေးသေးလေးများဒါဇင်နှင့် ချီသောတိုက်ခိုက်မှုတွင် ဘက်ထရီတစ်ဝက်ကျော် အသုံးပြုပြီးသွားပြီဖြစ်သည်။ ကျန်သေးသည့် တစ်ဝက်နှင့် အပြင်မှဧရာမမကောင်းဆိုးဝါးကို သတ်နိုင်မည်လားဆိုသည်ကို သူမ မသေချာပေ။

ဤအရာမအောင်မြင်လျှင်တော့ အရုပ်ကိုပဲ သုံးရတော့မည်။

ထိုသို့တွေးလျှင် သူမမှာရှိသည့်ပစ္စည်းအနည်းငယ်က အသုံးမဝင်ဘူးဟု ခံစားရ၏။ ကာကွယ်ရေးအတွက် အလွန်အကျွံ တိုက်ခိုက်မည်ဆိုလျှင် အားနည်းလွန်းသည်။

သူမ စိုးရိမ်နေချိန်တွင် ရိုက်ခတ်နေသောအသံက ရုတ်တရက်ရပ်သွားသည်။

ရပ်သွားသော်လည်း လူတိုင်းက စိတ်လှုပ်ရှားနေကြပြီး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်အချိန်မဆို ပြေးဝင်လာနိုင်သော မြွေများကို သတိထားနေကြသည်။

တိတ်ဆိတ်မှုထဲတွင် အသံကို ရှင်းရှင်းလင်းလင်းကြားနိုင်၏။

ကယောင်ကတမ်းရုန်းကန်သောအသံက ပို၍အားနည်းလာသည်။

တုန်ခါမှုများကလည်း ပို၍ပို၍အားနည်းလာလေ၏။

၎င်းသည် ဝေးရာသို့ရွှေ့သွားသည်။

လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်ကြသည်။

သူတို့သည် ခဏတာ ဘေးကင်းသွားကြပြီဖြစ်သည်။

“ဝေဝေ။” ရှန်မို၏အသံက တံခါးအပြင်ဘက်မှ လာသည်။ “မင်းတို့ဒီမှာ အဆင်ပြေလား။”

ချန်းဝေခိုင်သည် ၎င်းကိုကြားတော့ ချက်ချင်းသက်ပြင်းချလိုက်သည်။ ယခုတော့ သူ တကယ်စိတ်သက်သာရာရသွားပြီ။

သူသည် လက်ကိုဆန့်ပြီး တံခါးဖွင့်လိုက်ရာ ရှန်မိုနှင့် တန်ရှောင်တို့နှစ်ယောက် အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးစလုံးသည် သွေးများဖုံးလွှမ်းနေပြီး တန်ရှောင်၏သွေးက အထူးသဖြင့်ပိုသိသာသည်။ သူ ဒဏ်ရာရထားသလိုပင်။

ရှန်မိုသည် ပိုင်ယို့ဝေ၏စကတ်တစ်ဝက်နီရဲနေသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

“ဘယ်နားမှာ ဒဏ်ရာရထားတာလဲ။” ရှန်မိုက လျှောက်လာပြီးမေးသည်။

“ကျွန်မ အဆင်ပြေပါတယ်။” ပိုင်ယို့ဝေသည် သူမ၏ခေါင်းကို ညင်သာစွာခါပြီးနောက် မျက်မှောင်ကြုတ်ကာ သူ့ကိုမေးသည်။ “ရှင်တို့ရော။ အဲဒီမကောင်းဆိုးဝါးကြီး ခုနကလာတယ်။ သူ ရှင်တို့ကို သတိထားမိ‌သေးလား။”

“သတိမထားမိဘူး။ ငါတို့ မကောင်းဆိုးဝါး သေးသေးလေး တစ်ကောင်ကို ဖမ်းပြီး သူ့ကိုလှည့်စားခဲ့တာ။” ရှန်မိုက သူမကိုကျော်ပြီး စားပွဲအောက်ရှိ ထိုလူကို နှစ်စက္ကန့်လောက် ကြည့်လိုက်သည်။ “ဒီက သွေးနံ့က အရမ်းပြင်းတယ်။ တခြားနေရာမှာ စကားပြောရအောင်။”

ပိုင်ယို့ဝေသည် တစ်ခုခုကိုသိရှိပုံရပြီး ထို‌နေရာသို့ တစ်ချက်ကြည့်လိုက်သည်။ “ဟွန်း...တခြားနေရာကို သွားကြစို့။ ဒီအနံ့က ကျွန်မကို အန်ချင်စိတ် ပေါက်စေတယ်။”

သူတို့သည် စားသောက်ဆိုင်ကနေ ထွက်လာပြီး အဝေးကြီးမသွားဘဲ ဘေးရှိ ဆိုင်ထဲကို ဝင်သွားကြသည်။ ထိုဆိုင်ကလည်း အခြားဆိုင်များနှင့် အသွင်အပြင် ဆင်တူပါသည်။

တန်ရှောင်သည် ဒဏ်ရာရထားသောကြောင့် မသက်မသာခံစားနေရသည်။ သို့သော် သူသည် ဆိုင်ရှိစားပွဲများနှင့်ကုလားထိုင်များက စက်ဆုပ်စရာ ကောင်းသည်ဟု မထင်ဘဲ ထိုင်လိုက်ပြီး သူ၏ အဝတ်တစ်ဝက်ကို မကာ ဒဏ်ရာကို ပြလိုက်၏။

သူ၏ခါးအောက်ပိုင်းမှ ခါးဘေးဘက်ထိ ဒဏ်ရာအကြီးကြီးတစ်ခု ရထားလေသည်။ ဒဏ်ရာက မနက်သော်လည်း ၎င်းက ကြီးပြီး သွေးထွက်နေ၏။ တီရှပ်အစွန်းနှင့်ပွတ်တိုက်မိသောအခါ အလွန်နာကျင်သောကြောင့် သူသည် အင်္ကျီကို ရင်ဘတ်အထိ မထားသည်။

ပိုင်ယို့ဝေက တစ်ချက်ကြည့်ပြီးနောက် ခေါင်းမော့ကာ သူတို့ကိုမေးသည်။ “ဘယ်လိုဖြစ်တာလဲ။”

“ပြေးနေတုန်း အကိုက်ခံရတာ။” တန်ရှောင်က မှိုင်တွေစွာပြောသည်။ “အစ်ကိုမိုနဲ့ ကျွန်တော် အဲဒီမကောင်းဆိုးဝါးနောက်ကို လိုက်နေတာ။ ဒါပေမယ့် သူက ရုတ်တရက်လှည့်ပြီး ကျွန်တော်နဲ့အစ်ကိုမိုကို မြင်သွားတယ်။ ကံကောင်းလို့ ကျွန်တော်တို့မြန်မြန် ရှောင်လိုက်တာ! … ဒါပေမယ့် သူ့သွားတွေနဲ့ ဆွဲခြစ်ခံလိုက်ရတယ်။ အား! ကံမကောင်းလိုက်တာ!”

“ကံမကောင်းတာ။ မင်း အရှင်လတ်လတ် အစားမခံရတာက ကံကောင်းတာမဟုတ်ဘူးလား!” ပိုင်ယို့ဝေက မပျော်မရွှင်ပြောလေသည်။

သူမသည် ရှန်မိုကို ထပ်မံမေးသည်။ “ဘာလို့ ရုတ်တရက်လှည့်လာတာလဲ။ မကောင်းဆိုးဝါးရဲ့လှုပ်ရှားမှုပုံစံတစ်ခုခုရှိလား။”

ရှန်မိုသည် မျက်မှောင်ကြုတ်ပြီးပြန်ဖြေသည်။ “သူက နောက်ထပ် ‘မြွေ’ တစ်ကောင်နဲ့တွေ့လို့ ရုတ်တရက်လှည့်သွားတာ။”

All Chapters